← Chapters

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မ

Vol. 1-5 Ch. 55

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မ

Vol. 1-5 Ch. 55

အခန်း (၅၅) : အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မ

ကျန်းယွင်ရှီး၏ မေးခွန်းကြောင့် ရှန်ထျန်းမှာ ကြောင်အသွားသည်။

ဟုတ်သားပဲ… ငါ ဘာလို့ ကျိုးအာကို မေ့နေတာပါလိမ့်…

သူမ ဘဝမကူးပြောင်းနိုင်ဘူးလို့တောင် အထင်မှားမိတော့မလို့…

အရင်တုန်းက ကျိုးအာသည် ကလေးသရဲလေးတွေ လူပြန်ဝင်စားဖို့က ဘယ်လောက်အထိ အရေးကြီးကြောင်း ပြောခဲ့ဖူးသည်။

ထို့ကြောင့် သူမလည်း လူပြန်ဝင်စားနိုင်သည်ဆိုသော အကြောင်းကို ရှန်ထျန်း မေ့နေခဲ့မိသည်။

ရှန်ထျန်းနှင့် ကျန်းယွင်ရှီး ခဏလောက် စကားပြောနေသည့် အချိန်တိုအတွင်း ကျိုးအာက အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်ဝက်ကို စုပ်ယူပြီးနေပြီ ဖြစ်တာကြောင့် သူမ လူပြန်ဝင်စားသွားမှသာ သူ ချမ်းသာလာတော့မည်ဟု ရှန်ထျန်း တွေးမိလိုက်သည်။

ဒီလိုသာဆိုရင် သူ ပိုက်ဆံတွေအများကြီး စုမိမှာပဲ…

“နတ်မိမယ်ကျန်း ကျွန်တော့်ကို အခုလို သတိပေးလို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် မေ့နေခဲ့တော့မလို့… အဆင်ပြေရင် ကျိုးအာကိုလည်း လူပြန်ဝင်စားအောင် လုပ်ပေးပါဦးနော်” ရှန်ထျန်းက ကျန်းယွင်ရှီးကို ပြောလိုက်သည်။

ကျန်းယွင်ရှီးက ရှန်ထျန်း၏ တုံ့ပြန်မှုမှာ တွေဝေခြင်းပါနေမလားဟု တစ်ချိန်လုံး အကဲခတ်နေသည်။

သူသာ တွေဝေနေပါက ဟာရီတီပုတီးကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ယူထားကြောင်း၊ သရဲအမေလို လှလှပပ အမျိုးသမီးကို တပ်မက်နေခြင်း ဖြစ်နေကြောင်း ကောက်ချက်ချလို့ ရသည်။

သို့သော် ကျန်းယွင်ရှီး တွေးထားသလို ဖြစ်မလာခဲ့ပေ။

ရှန်ထျန်း၏ အကြည့်တွေက လုံးဝရိုးသားနေပြီး ကျိုးအာနှင့် လမ်းခွဲရမှာ တွေဝေနေသည့်ပုံ လုံးဝမပေါ်ပေ။

ကျန်းယွင်ရှီးက ဤဆက်ဆံရေး ပြေပြစ်သော အမျိုးသားလေးကို အထင်ကြီးသွားမိပြန်သည်။

အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲရှိ ကောလဟလတွေထဲမှာ အမှန်တရားအချို့လည်း ကိန်းအောင်းပါဝင်နေနိုင်သည်။

ဒီလူက တကယ်ပဲ ဆရာနတ်မင်း ဖြစ်နေနိုင်တယ်…

ယနေ့ မြင်တွေ့လိုက်ရသည့် အမြင်အရတော့ ဤလူဆီမှာ အထင်ကြီးစရာကောင်းသော ကိုယ်ကျင့်တရား ရှိနေသည်။

ထိုအခိုက်အတန့်မှာ ကျိုးအာ၏ ပါးပေါ်မှာ မျက်ရည်စတို့ လိမ့်ဆင်းလာရသည်။ သူမက ရှန်ထျန်းရှေ့တွင် ဒူးထောက်ကာ ငိုရင်း ပြောလိုက်သည်။

“ဟင့်အင်း… ကျိုးအာ ဘဝမကူးပြောင်းချင်ဘူး သခင်။ ကျွန်မ သခင့်အနားမှာပဲ နေချင်တာပါ…

သခင် သွေးနက်ဆီကနေ ကျွန်မကို ကယ်ခဲ့ကတည်းက ကျွန်မရဲ့အသက်က သခင်ရဲ့အပိုင်ပါ။ သခင်သာ ကျွန်မကို ပြန်လည်ဝင်စားစေချင်တယ်ဆိုရင် ကျွန်မကတော့ ကျွန်မရဲ့ဝိညာဉ် ပျောက်ပျက်သွားတာမှ ပိုပြီးကောင်းလိမ့်ဦးမယ်”

ကျိုးအာ ပြောလိုက်သော စကားကြောင့် ကျန်းယွင်ရှီး အတော်လေး ထိတ်လန့်သွားသည်။

ဘာ… ဟာရီတီပုတီးစေ့ရဲ့ အငြိုးကြီး ဝိညာဉ်ကလည်း ချောမောတဲ့သူဆိုရင် စိတ်ယိမ်းယိုင်တတ်တာလား…

သခင်အသစ်က သခင်အဟောင်းထက် ရုပ်ချောနေတာနဲ့ပဲ လူဝင်စားဖို့ အခွင့်အရေးကို လက်လျှော့ပြီးတော့ သူ့ဘေးမှာပဲ နေတော့မှာလား…

ရှန်ထျန်းကတော့ ကျိုးအာ ပြောသော စကားတွေကို ကြားပြီး ခေါင်းပင် ကိုက်လာရသည်။ ယခု လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဘာလုပ်ရမည်မှန်းပင် မသိတော့ပေ။

မိန်းကလေ… မင်း ငါ့နောက်ကို တစ်သက်လုံး တကောက်ကောက်လိုက်ဖို့ ကြံစည်ထားတာလားကွာ…

ငါ မင်းအတွက် ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်အထိ သုံးထားပေးရလဲဆိုတာကို မင်း မသိဘူးလား…

သိရင်တော့ ဒီလိုမျိုး မလုပ်သင့်ဘူးနော်။ ငါက မင်းကို သွေးနက်ဆီကနေ ကယ်ထားရတာလေ။ မင်း ငါ့ကို ဒီလိုမျိုးတော့ မခြိမ်းခြောက်သင့်ပါဘူး…

“မိန်းကလေးကျိုးအာ ဘာလို့ သရဲအဖြစ်ကနေ ကျွတ်လွတ်ပြီး လူဝင်စားဖို့ မသွားရတာလဲ။ အဲဒါက မင်းအတွက် အများကြီး ပိုကောင်းတယ်လေ”

ကျိုးအာက ဆက်ပြီး ငိုနေရင်း ပြောသည် “သခင်… ကျွန်မကို အဲဒီလောက်ထိတောင် မုန်းနေတာပဲလားဟင်။ ကျိုးအာက သခင်နဲ့ မလိုက်ဖက်ပေမဲ့ ကျွန်မ တစ်ဘဝလုံးနဲ့ရင်းပြီး သခင်ကို ကာကွယ်ပေးချင်လို့ပါ။ ကျိုးအာ သခင်ကို တောင်းဆိုပါတယ်… ကျွန်မကို စွန့်မပစ်ပါနဲ့နော်”

ရှန်ထျန်းကို ကျိုးအာက ဖျောင်းဖျနေသည်ကို ကျန်းယွင်ရှီးက ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

“ကျိုးအာလိုမျိုး အငြိုးကြီးတဲ့ ဝိညာဉ်မှာလည်း ဒီလိုမျိုး ကျေးဇူးသိတတ်တဲ့စိတ် ရှိမယ်လို့ မထင်ထားဘူး။

ထားလိုက်ပါတော့ ရောင်းရင်း… ကျိုးအာကို ရှင့်ဘေးမှာ ခေါ်ထားမယ်ဆိုရင်လည်း ရပါတယ်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ တစ္ဆေကျင့်ကြံနည်းတွေလည်း ရှိတယ်။ အရင်ဆုံး အဲဒီကျင့်စဉ်အကြောင်း သရဲအမေကို ပြောပြလိုက်မယ်။  ပြီးမှ ကလေးသရဲတွေကို ဘဝကူးဖို့ လုပ်ပေးလိုက်ပါမယ်။

မိန်းကလေးကျိုးအာအနေနဲ့ သေချာကြိုးစားလေ့ကျင့်ပြီးတော့ သူမရဲ့ ယင်ဓာတ်ကို ထိန်းသိမ်းဖို့ လိုတယ်။ ဒီလိုဆိုရင် သူမရဲ့ကိုယ်ပိုင် ဝိညာဉ်ချီလည်း အဆင့်တက်လာမှာ ဖြစ်သလို သူတို့ကို သူမရဲ့ အစားအစာဖြစ်တဲ့ သွေးအဆီအနှစ်နဲ့ အစားထိုးလို့ ရတယ်။

အချိန်တစ်ခုရောက်တဲ့အခါ မိန်းကလေးကျိုးအာက တစ္ဆေကျင့်ကြံသူ ဖြစ်သွားလိမ့်မယ်။

ဒါပေမဲ့ တစ်ခု သတိပေးထားစရာတော့ ရှိတယ်။ အခုကစပြီးတော့ မကောင်းတဲ့ ပြစ်မှုတွေ မကျူးလွန်တော့နဲ့နော်။ အငြိုးကြီးတဲ့ ဝိညာဉ်ဖြစ်ပြီး အပြစ်ကျူးလွန်မိရင်တော့ မိုးကြိုးစွမ်းအားရဲ့ အမျက်ဒေါသကို ပြစ်ဒဏ်အနေနဲ့ လက်ခံရလိမ့်မယ်။ ငါတို့က အပြစ်ကျူးလွန်တဲ့သူတွေကို လွယ်လွယ်နဲ့ ခွင့်လွှတ်မပေးဘူး”

ကျိုးအာက ကျန်းယွင်ရှီး၏ လုပ်ဆောင်ချက်တွေကို သဘောကျ ကျေနပ်နေတာကြောင့် ချက်ချင်းပြန်ဖြေလိုက်သည်

“ကျိုးအာ အငြိုးကြီးတဲ့ ဝိညာဉ်မလုပ်တော့ပါဘူး။ သူတော်စင်မရဲ့ ကြင်နာမှုကို အမြဲတမ်း သတိရနေပါမယ်။

အခုကစပြီးတော့ ကျိုးအာ ကျင့်ကြံရေးမှာ သေချာ အားအပြည့်ထည့်ပြီး အာရုံစိုက်ထားပါ့မယ်။ ကောင်းမှုတွေလည်း အများကြီးလုပ်ပြီးတော့ ပြစ်မှုလည်း မကျူးလွန်ဘူးလို့ ကတိပေးပါတယ်”

ကျိုးအာ၏ ကတိပေးမှုကို ကြားတော့ ကျန်းယွင်ရှီးက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

တစ်ချိန်တည်းမှာလည်း တိတ်တိတ်လေး သက်ပြင်းချမိသွားသည်။

အရိုးသားဆုံးပြောရလျှင် ကျန်းယွင်ရှီးက ကျိုးအာကို ဘဝကူးပြောင်း မပေးဖို့ သဘောတူလိုက်ခြင်းက သူမကြောင့် စိတ်လှုပ်ရှားမိသွားသလို သူမအနေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဘဝကူး ဓမ္မဂါထာတွေကို သေချာမသိတာကြောင့်လည်း ပါဝင်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မ တစ်ဦးအနေဖြင့် ယခုလို အခြေအနေမျိုးတွေကို အင်အားသုံးပြီး ဖြေရှင်းတာက မှန်ကန်သည်ဟု ကျန်းယွင်ရှီး ယူဆမိသည်။

ယခင်တုန်းက မိစ္ဆာဝိညာဉ်၏ နောက်လိုက်များနှင့် တွေ့ဆုံပါက အပျောက် ရှင်းထုတ်ပစ်လေ့ရှိသည်။

ဘဝကူးဖို့ လိုအပ်နေသော သနားစရာကောင်းသည့် ဝိညာဉ်အနည်းစုကိုတော့ သူမ၏ အစ်ကိုကို တာဝန်ယူ ဖြေရှင်းခိုင်းလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ နဂါးနက်၊ ကျားဖြူနှင့် ရွှေရောင်ချီလင် မောင်နှမတို့အနက် ကျားဖြူဝတ်ရုံ သံချပ်ကာကို ဝတ်ဆင်ထားသော သူတော်စင်မသည် သွားမရှုပ်သင့်သည့် နောက်ဆုံးသူ ဖြစ်သည်။

ထို့အပြင် ဟာရီတီလိုမျိုး မိစ္ဆာလက်နက်က သန့်စင်ရန် ခက်ခဲလှသည်။

သူမကို အောင်မြင်စွာ သန့်စင်ပေးနိုင်မည်ဟု ကျန်းယွင်ရှီး အာမမခံနိုင်ပေ။ အထူးသဖြင့် ယင်ဓာတ်ဖြစ်ပေါ်သော အချိန်မှာ မွေးဖွားသည့် အမျိုးသမီးများ၏ အငြိုးတေးက အားအကောင်းဆုံး ဖြစ်၏။

ထို့ကြောင့် ကျန်းယွင်ရှီးက ကျိုးအာ၏ အငြိုးအတေးကို ဖယ်ထုတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိပေ။

သူမ၏ အစ်ကို ကျန်းယွင်ထင် သို့မဟုတ် သူမ၏ ဂိုဏ်းတူ အစ်ကိုကြီး ဖန်ချန်းသာ ဤနေရာ၌ ရှိနေလျှင် ဤကိစ္စက အောင်မြင်နိုင်ချေ ပိုမို များပြားသည်။

ဟင်း… ငါ ဘာလို့ သူတောင်းဆိုတာကို လက်ခံလိုက်ရတာလဲ… ဝိညာဉ်တွေကို သန့်စင်ပေးရတာက အလုပ်အရှုပ်ဆုံးပဲ… ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံမယ်သာ သိခဲ့ရင် ငါ့အစ်ကိုကိုပါ ခေါ်လာခဲ့ပါတယ်…

ကျန်းယွင်ရှီးက တိတ်တိတ်လေး သက်ပြင်းချကာ သူမ ရှန်ထျန်းကို ကူညီဖို့ သဘောတူပြီးပြီဆိုတော့ ဂါထာရွတ်ရတော့မည်ပေါ့။

ငါ ဘာလို့ သူ့ကို လွယ်လွယ်နဲ့ သဘောတူလိုက်ရတာလဲ… ဟင်း……

ထိုအချိန်မှာ အခန်းတံခါး ပွင့်လာကာ အနီရောင် အရိပ်တစ်ခုက ကျန်းယွင်ရှီးနားသို့ အမြန်ရောက်လာသည်။

“အရှင့်သား မကြောက်ပါနဲ့။ စည်းကမ်းကိုင်အဖွဲ့နဲ့ ချိတ်ဆက်ဖို့အတွက် ကျွန်တော်မျိုး အခုပဲ ချင်ကောင်းကို လွှတ်လိုက်ပါပြီ။ မိစ္ဆာဝိညာဉ်ရဲ့ အစေခံကများ အရှင့်သားကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ။ အရှင့်သား ကျွန်တော်မျိုး တားပေးထားမှာမလို့ အခု ချက်ချင်း ထွက်သွားပါတော့”

ကွေ့ကုန်းကုန်းက အချိန်တိုအတွင်းမှာ စကားတွေ အများကြီးပြောပြီးနောက် များပြားသော ဓားသွားအငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။

ဓားသွားအရိပ်တွေက ထူးဆန်းသည့် နေကြာပန်း ပုံသဏ္ဌာန်ဖြစ်သွားကာ အခန်းတစ်ခုလုံး ဖုံးလွှမ်းသွားသည်။ လေထဲမှာ ပန်းတွေပွင့်သွားကာ ကြောက်စရာကောင်းသော အငွေ့အသက်တွေကို ထုတ်လွှတ်နေသည်။

“ဝိုး… နေကြာဓားသွား အငွေ့အသက်လား။ ရှင်က ၈ ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ အခုလိုမျိုး အားပြင်းတဲ့ ဓားသွားအငွေ့အသက်တွေကိုတောင် ထုတ်လွှတ်တတ်နေပြီလား”

ကျန်းယွင်ရှီးက အတွေးများစွာဖြင့် ကွေ့ကုန်းကုန်းကို စိုက်ကြည့်လိုက်သည်။

“စိတ်ဝင်စားစရာပဲ… အရှေ့ပိုင်းလွင်ပြင်က နတ်ဆိုးဟရူးဂါဆီကနေ အမွေအနှစ် လက်ခံရရှိခဲ့တာလား။ ဒါပေမဲ့ ရှင့်ရဲ့ ကျင့်ကြံရေး စွမ်းအားက ကျွန်မကို မှီဖို့ အများကြီး လိုသေးတယ်”

သူမ ပါးစပ်မှ ထိုစကားများ ပြောလိုက်ပြီးနောက် ပိန်ပိန်ပါးပါး ကျန်းယွင်ရှီး၏ ပုံရိပ် နောက်၌ ခရမ်းနီရောင် မိုးကြိုးတစ်ခု ပေါက်ကွဲထွက်သွားသည်။ ထို့နောက် မိုးကြိုးပစ်သွားသော နေရာတွင် ခန့်ညားထည်ဝါသော ကျားဖြူတစ်ကောင် ချက်ချင်း ထွက်ပေါ်လာသည်။

ကျန်းယွင်ရှီးက သူမ၏ လက်နုနုလေးဖြင့် လက်ဝါးချင်း ရိုက်လိုက်သည့်အခါ သူမ၏ နောက်မှာ ရှိသော ကျားဖြူက ကျယ်လောင်စွာ ဟိန်းလိုက်သည်။

ကျားဖြူရဲ့ ဟိန်းလိုက်ပုံက ကျန်းယွင်ရှီး၏ လက်သွားရာအတိုင်း ဟန်ချက် ညီနေသည်။

ချွင်….

ထိုခဏလေးအတွင်းမှာပဲ ဓားသွားအငွေ့အသက်တွေ ပျောက်ကွယ်သွားရသည်။ တစ်ချိန်ထဲမှာ ကျန်းယွင်ရှီးက ကွေ့ကုန်းကုန်း၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော ခရမ်းရောင် ငှက်မွေးဓားပျော့ကို ခိုင်မြဲစွာ ချုပ်ကိုင်ထားလိုက်သည်။

ကွေ့ကုန်းကုန်းက သူမ၏ လက်ထဲက ဓားကို ပြန်ရဖို့အတွက် ဝိညာဉ်ချီကို ဘယ်လောက်ပဲ ဆင့်ခေါ်နေပါစေ တှုပ်တှုပ်ပင် မလှုပ်ပေ။

“ရှင့်သခင်အတွက် စိတ်ပူနေတာမလို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်”

ကျန်းယွင်ရှီး လက်ဖြောက်တီးလိုက်တော့ မိုးကြိုးထပ်ပစ်သွားသည်။

ထိုအခါ ဈေးကြီးသော ခရမ်းရောင် ငှက်မွေးဓားပျော့မှာ အစိတ်စိတ်အမြွာအမြွာ ဖြစ်သွားလေသည်။ ထို့အပြင် ဓားကိုင်ထားသော ကွေ့ကုန်းကုန်းကိုပါ မိုးကြိုးထိသွားသည်။

ကွေ့ကုန်းကုန်း၏ ဆံပင်တွေလည်း ထောင်သွားသလို မျက်နှာလည်း မည်းတူးသွားသည့်အပြင် အခန်းထဲမှာလည်း ညှော်နံ့တို့ ပျံ့နှံ့သွားသည်။

“နတ်မိမယ်ကျန်း… ဦးလေးကွေ့ကို သက်ညှာပေးပါ။ ဒါတွေအကုန်လုံးက အထင်လွဲနေတာပါဗျာ။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”

ရှန်ထျန်းက ကွေ့ကုန်းကုန်းကိုယ်စား တောင်းပန်လိုက်သော်လည်း ကျန်းယွင်ရှီးဆီမှ အေးစက်သော တုံ့ပြန်မှု တစ်ခုကိုသာ ရရှိလိုက်သည်

“ကျွန်မ သိပါတယ်။ အဲဒါကြောင့်ပဲ သူက အခု ကျွန်မတို့ရှေ့မှာ ရှိနေသေးတာပေါ့”

ထို့နောက် ကျန်းယွင်ရှီးက ပုတီးကို ထပ်မံ စစ်ဆေးနေတော့သည်။

ရှန်ထျန်းက ကွေ့ကုန်းကုန်းကို တွဲပေးကာ ပြောလိုက်သည်

“ဦးလေးကွေ့… အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ် အရှင့်သား။ ကျွန်တော်မျိုး နည်းနည်းလေး ခေါင်းမူးရုံတင်ပါ”

ရှန်ထျန်းလည်း ဤအခြေအနေမှာ ဘာဆက်ပြောရမယ်မှန်း မသိတော့တာကြောင့် အခြေအနေတွေကိုသာ ရှင်းပြဖို့ ဆုံးဖြတ်လိုက်သည်

“ဒီမိန်းကလေးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မပါ။ သူမက မကောင်းတဲ့သူ မဟုတ်ပါဘူး”

ထိုစကားကို ကြားလိုက်သည်နှင့် ကွေ့ကုန်းကုန်းက တောက်ပစွာ ပြုံးလိုက်သည်။

“အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မတောင် အရှင့်သားရဲ့ အခန်းကို ညဘက်ကြီး လာလည်တာလား။ အရှင့်သားက တကယ် ချောမောလို့ ဖြစ်မယ်။ ဒါကို သခင်မကြီးလည်း သိသင့်တယ်။ သူမသာ သိရင် အရမ်းကျေနပ်သွားမှာပဲ”

All Chapters