← Chapters

ဆုံးဖြတ်ချက်ချခြင်း

Vol. 27 Ch. 261

ဆုံးဖြတ်ချက်ချခြင်း

Vol. 27 Ch. 261

မူလက ဤသည်မှာ ပျော်ရွှင်စရာကောင်းသော အခြေအနေတစ်ခု ဖြစ်ခဲ့သင့်သည်။

ပြဿနာမှာ ရွှမ်ကွမ်းဂူမှ ကျန်းဇီရှန်းကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။

သူသည် အပြင်ပန်းတွင် ပြုံးရွှင်နေသော်လည်း ရုတ်တရက်ဆိုသလို ယွီယွဲ့လုံကို အလစ်တိုက်ခိုက်ခဲ့သည်။ သူ၏နက်ရှိုင်းသော အခြေခံစွမ်းအားကို အသုံးချကာ ယွီယွဲ့လုံကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီးနောက် ထိုကျင့်စဉ်ကျမ်းလိပ်ကို လုယူသွားခဲ့၏။

ဤနေရာရှိ ဟွမ်ယွမ်အရှင်သခင်သိုင်းပညာရှင်များထဲတွင် သူနှင့် အခြားတစ်ဦးသာလျှင် အဆင့်မြင့်ကျင့်ကြံခြင်းသို့ ရောက်ရှိထားကြခြင်းဖြစ်လေ၏။

ကျန်းဇီရှန့်၏ အစီအစဉ်မှာ ပြိုင်ဘက်ကို ရက်စက်သောတိုက်ကွက်ဖြင့် အပြတ်အသတ် ဖယ်ရှားပစ်ရန်နှင့် ရွှမ်ကွမ်းဂူ၏ဂုဏ်သတင်းကို အသုံးပြုကာ အခြားသူများကို ခြိမ်းခြောက်ရန် ဖြစ်လေ၏။

သူ မမျှော်လင့်ထားခဲ့သည်မှာ ဤလုပ်ရပ်ကြောင့် လူအများ၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခြင်းပင်။

ငါးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရင်း သူသည် ယွီယွဲ့လုံကို နေရာတင် အသေသတ်ရန် ကြိုးစားခဲ့သော်လည်း ရလဒ်အနေဖြင့် သူကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

"အခု ငါတို့ဘာမှမလုပ်ရင်..." ဟွမ်ယွမ်အရှင်သခင်သိုင်းပညာရှင်တစ်ဦးက အေးစက်စွာ ပြောလိုက်၏။

"ဒီနေ့ ငါတို့ထဲက ဘယ်သူမှ ဟင်းရည်တစ်စက်တောင် သောက်ရမှာ မဟုတ်ဘူး"

အခြားသူတစ်ဦးက ပစ္စည်းကို ရရှိထားပြီးဖြစ်ကာ ကတိကဝတ်လည်း ပြုထားပြီးဖြစ်သော်လည်း သူသည် အလစ်တိုက်ခိုက်ကာ အဓမ္မလုယူခဲ့သည်။

သူကိုယ်တိုင်က စည်းမျဉ်းများကို လျစ်လျူရှုခဲ့မှတော့ အခြားသူများအနေဖြင့်လည်း စည်းမျဉ်းများကို လိုက်နာနေရန် မလိုတော့ပေ။

"ဟမ့်"

ကျန်းဇီရှန့်က သူတို့ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

"မင်းတို့လို အဆင့်မရှိတဲ့ ဂိုဏ်းငယ်လေးတွေက လူတွေ၊ငါ ဒီဂူဗိမာန်ထဲက ထွက်သွားတာနဲ့ ငါ့ရဲ့ဂိုဏ်းတူညီအစ်ကိုတွေကို ခေါ်ပြီး မင်းတို့ဆီ လာလည်ခိုင်းလိုက်မယ်။ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်ကျန်မှာ မဟုတ်ဘူး"

ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အေးစက်စွာ တုံ့ပြန်လိုက်၏။

"ဒါဆိုရင် မင်း ဒီနေရာကနေ ထွက်မသွားနိုင်အောင် ငါတို့ လုပ်လိုက်ရုံပဲပေါ့"

တစ်ဦးတစ်ယောက်၏အမွေအနှစ်ကို ခိုးယူခြင်းမှာ မိဘကို သတ်ခြင်းနှင့် တူညီ၏။

ထို့အပြင် ထိုကျင့်စဉ်ကျမ်းလိပ်မှာ ယခု ကျန်းဇီရှန့်၏ လက်ထဲတွင် ရှိနေသည်။ မည်သူရရ ၎င်းမှာ ထိုသူ၏အပိုင်ဖြစ်သွားပေလိမည်။

ရွှမ်ကွမ်းဂူ ဟုတ်လား

ဤဂူဗိမာန်ထဲက ထွက်သွားပြီးနောက် အတွင်းထဲမှာ မည်သည့်အရာဖြစ်ခဲ့ကြောင်း မည်သူသိမည်နည်း။

လေးစားမှုဂုဏ်အရခေါ်ချင်လျှင် သူ့ကို အစစ်အမှန်ပုဂ္ဂိုလ်ဟုခေါ်နိုင်ပြီး ထိုသို့မဟုတ်လျှင်တော့ သူသည် ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် တစ်ဦးသာ ဖြစ်သည်။

သူ ဘယ်လောက်တောင် စွမ်းနိုင်မှာမို့လို့လဲ။

"တိုက်ကြစမ်း ငါ အဲဒီကျင့်စဉ်ကို မလိုချင်တော့ဘူး၊ ဒီနေ့ သူ့အသက်ကိုပဲ လိုချင်တယ်"

ယွီယွဲ့ဟူက ဟိန်းဟောက်ကာ ပထမဆုံး စတင် တိုက်ခိုက်လိုက်၏။

အခြားသူများကလည်း တွန့်ဆုတ်မနေဘဲ လိုက်ပါတိုက်ခိုက်ကြ၏။ ရန်ငြိုးက စတင်ခဲ့ပြီးပြီဖြစ်ရာ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုက်ခြင်းက အကောင်းဆုံးပင်။

အကယ်၍ ရွှမ်ကွမ်းဂူမှ အခြားသူများ ရောက်လာပါက သူတို့ထဲမှ မည်သူမျှ အသက်ရှင်လိမ့်မည် မဟုတ်ပေ။

"မင်းတို့ ဘယ်လိုတောင် လုပ်ရဲတာလဲ"

ကျန်းဇီရှန့်၏ မျက်ခုံများ တုန်ရီသွား၏။ သူ၏ အမူအရာမှာ တည်ငြိမ်နေပုံရသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် ထိတ်လန့်သွားမိ၏။

ယခင်က ယွီယွဲ့လုံ၏အသေခံ တုံ့ပြန်မှုကြောင့် သူသည်လည်း အတော်လေး အထိနာထားခဲ့သည်။

ထိုအချိန်မှာပင် သူသည် မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်၏။

"ချန်ကျုန်း အခုချက်ချင်း ထွက်လာခဲ့"

သူ့အသံ မဆုံးမီမှာပင် လူတိုင်း၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွား၏။

သူတို့သည် အလိုအလျောက် အနောက်သို့ လှည့်ကြည့်လိုက်ကြလေသည်။

အဝေးတစ်နေရာတွင် မီးခိုးရောင်ဝတ်ရုံနှင့် အဖိုးအိုတစ်ဦးမှာ တိတ်ဆိတ်စွာ ရပ်နေ၏။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အဆင့်မြင့် ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် တစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။

ချန်ကျုန်းက သက်ပြင်းချလိုက်၏။

"..."

အတွင်းသို့ ဝင်လာပြီးနောက် သူသည် အခြားသူများနှင့် ကွဲကွာသွားခဲ့ကာ တိုက်ခိုက်သံများ ကြားရသောကြောင့်သာ လာကြည့်ခြင်းပင်။

ကျန်းဇီရှန့် ဖြစ်နေသည်ကို မြင်သောအခါ သူသည် လှည့်ထွက်သွားရန် ကြံရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ အတွေ့ခံလိုက်ရခြင်း ဖြစ်သည်။

"ဟင်း"

ဒေါသထွက်နေသော ယွီယွဲ့ဟူပင်လျှင် ဤအချိန်တွင် အသက်ကို ပြင်းပြင်းရှူကာ ရပ်တန့်လိုက်ရသည်။ စွမ်းအားအပြည့်ရှိနေသော ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် တစ်ဦးမှာ တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပစ်ရန် လုံလောက်လှသည်။

"ငါ့ကို သတ်မလို့လား ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ကျန်းဇီရှန့်က အံကိုကျစ်ကျစ်ပါအောင် ကြိတ်ကာ ရက်စက်စွာ ပြောလိုက်၏။ နောက်ဆုံးတွင် သူ၏ တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ဘဲ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ မာန်တက်စွာ အော်ဟစ်လိုက်သည်။

"တိုက်ကြ တစ်ယောက်မှ အသက်မချန်နဲ့"

ဤစကားကို ကြားသောအခါ ဟွမ်ယွမ် အရှင်သိုင်းပညာရှင် လေးဦးလုံးမှာ အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ တင်းမာသွားကြသည်။

နောင်တရခြင်းမှာမူ သူတို့၏ စိတ်ထဲတွင် မရှိပေ။

၎င်းမှာ ကံဆိုးမှု တစ်ခုသာ ဖြစ်သည်။

သူတို့အားလုံးမှာ သွေးချောင်းစီးသည့် တိုက်ပွဲများကို ဖြတ်ကျော်လာခဲ့ကြသော ကျင့်ကြံသူများ ဖြစ်ကြရာ မည်သူက အသက်စွန့်ရန် ပြင်ဆင်မထားဘဲ ရှိပါ့မည်နည်း။

ထို့အပြင် ရလဒ်မှာလည်း မသေချာသေးပေ။

ယွီယွဲ့ဟူက မျက်မှောင်ကြုတ်ကာ အကြံပြုလိုက်၏။

"အဖိုးကြီး၊ ခင်ဗျားက ရွှမ်ကွမ်းဂူက မဟုတ်ဘူးလေ၊ ဝင်မပါပါနဲ့ သူ့ကို ငါတို့ ကိုင်တွယ်ပြီးရင် ခင်ဗျားကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး"

"မင်း သတ္တိရှိလှချည်လား" ကျန်းဇီရှန့်က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"မင်း သိထားသင့်တာက ငါသာ ဒီဂူဗိမာန်ထဲမှာ သေသွားရင် မင်းတို့ တာဝန်ကနေ လွတ်လိမ့်မယ် ထင်နေလား၊ မင်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မမေ့နဲ့ဦး..."

"ဟွန်း"

ချန်ကျုန်းက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ အကြည့်ကို နှိမ့်ချလိုက်ကာ ဇရပ်လေးဆီသို့ နောက်ဆုံးတွင် လျှောက်လှမ်းလာခဲ့၏။

ရိုးရိုးသားသား ပြောရလျှင် သူသည် စွန့်စားမှု မလုပ်နိုင်ပေ။

ဤတစ်ကိုယ်တော်ကျင့်ကြံသူများနှင့် မတူဘဲ သူ၏နောက်ကွယ်တွင် မဟာချန်မင်းဆက် ရှိနေသည်။

"ဘာလို့ ဒီလောက်တောင် နှေးနေတာလဲ အမြန်လုပ်လို့ ငါပြောနေတယ်လေ"

စိတ်မရှည်ဖြစ်နေသော ကျန်းဇီရှန့်က သူ့ကို နောက်ထပ် နှစ်ခွန်း၊ သုံးခွန်းခန့် ဆဲဆိုလိုက်ပြန်၏။

"အဖိုးကြီး၊ ခင်ဗျား သေသေချာချာ စဉ်းစားသင့်တယ်"

ယွီယွဲ့ဟူသည် လေထဲတွင် ပျံဝဲလျက် အဖိုးအို တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှာများ ပိုမို ပြင်းထန်လာ၏။

"သူ့စကားအရ ဆိုရင် ခင်ဗျားက မဟာချန်က လူတစ်ယောက်လား တစ်ချိန်က ထိပ်တန်း အင်အားစုတစ်ခုက အခုတော့ တခြားသူရဲ့ခွေးတစ်ကောင် ဖြစ်ဖို့ တကယ်ပဲ ဆန္ဒရှိနေတာလား"

အခြားသော အရှင်သခင်သိုင်းပညာရှင် သုံးဦးကလည်း ကျယ်လောင်စွာ ဆဲဆိုလိုက်ကြသည်။

"သိုင်းဘုံကျောင်းက ရွှမ်ကွမ်းဂူကို မဟာမိတ်လို့ သတ်မှတ်ထားပေမဲ့ သူက ခင်ဗျားကို လူတစ်ယောက်လို ဆက်ဆံဖူးလို့လား၊ ခုနက ရှစ်မျက်နှာ စားသောက်ခန်းမ မှာတုန်းက ငါတို့ ခင်ဗျားကို မျက်နှာသာပေးပြီး မလှောင်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ ခင်ဗျားက တကယ်ပဲ အရှက်မရှိတော့ဘူးပဲ၊ ဂိုဏ်းကြီးတစ်ခုရဲ့ အရှိန်အဝါ လုံးဝ မရှိတော့ဘူး"

"ခင်ဗျားကို တစ်ချိန်က ငါတို့ အလေးအမြတ် ထားခဲ့ရတာ တကယ်ကို အလဟဿပဲ"

သိုင်းဘုံကျောင်းမှာ တစ်ချိန်က အလွန်လေးစားခံရသော အင်အားစုတစ်ခု ဖြစ်ခဲ့သည်။

၎င်းကို ကျင့်ကြံသူ မြောက်မြားစွာက တောင့်တခဲ့ကြဖူးသည်။

ယခုအချိန်တွင် အဖိုးအိုသည် အကြောင်းပြချက် မမေးဘဲ ရွှမ်ကွမ်းဂူ၏ ခိုင်းစေမှုကို ခံနေရကာ အရှင်သခင်သိုင်းပညာရှင် တစ်ဦး၏ ဂုဏ်သိက္ခာ လုံးဝမရှိတော့ဘဲ ကျွန်တစ်ယောက်ကဲ့သို့ ပြုမူနေသည်ကို မြင်သောအခါ...

လူအတော်များများမှာ စိတ်ပျက်မှုများဖြင့် ကြည့်နေကြသည်။

အဓိက အင်အားစု သုံးခုထဲမှ တစ်ခုမှာ ဤမျှအထိ မည်သို့ နိမ့်ကျသွားရသနည်း။

"ရယ်စရာကောင်းလိုက်တာ"

ကျန်းဇီရှန့်သည် ထိုလူများ အဆက်မပြတ် ဟောင်နေကြသည်ကို ကြည့်ကာ စိတ်သက်သာရာ ရသွား၏။

"အခုတော့ မင်းတို့ ကြောက်တတ်သွားပြီပေါ့၊ ဒါပေမဲ့ နောက်ကျသွားပြီ"

ထို့နောက် သူသည် ချန်ကျုန်းကို လှည့်ကြည့်လိုက်၏။

အဖိုးအိုသည် အလယ်ဗဟိုသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ မည်သည့်ဘက်၏ စကားကမျှ သူ၏ အမူအရာကို မပြောင်းလဲစေခဲ့ပေ။

ချန်ကျုန်း၏ ခေါင်းမှာ အနည်းငယ် ငိုက်ကျနေပြီး သူ၏ မီးခိုးရောင် ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။

သူ၏ အသံမှာလည်း အားနည်းနေ၏။

"အားလုံးပဲ ထွက်သွားကြပါ။ ဒီနေ့ သူ့ကို မင်းတို့ သတ်လို့ မရဘူး"

ဤစကားကို ကြားသောအခါ လူအုပ်ကြီးမှာ ခဏမျှ မှင်တက်သွားပြီးမှ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ယွီယွဲ့ဟူသည် အဖိုးအိုကို ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် သေလုမျောပါး ဖြစ်နေသော သူ၏အစ်ကိုကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သဖြင့် အရိုးသံများပင် ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် သူသည် အားကိုးရာမဲ့စွာဖြင့် လက်သီးဆုပ်လိုက်သည်။

"အဖိုးကြီးရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့... အား"

"ဘယ်သူက သူတို့ကို လွှတ်ပေးခိုင်းလို့လဲ?"

ကျန်းဇီရှန့်၏ မျက်နှာမှာ မယုံနိုင်သကဲ့သို့ တောင့်တင်းသွားပြီးနောက် ပြင်းထန်စွာ ငေါက်ငမ်းလိုက်၏။

"မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ မေ့နေပုံရတယ်၊ငါ မင်းကို သူတို့ကို သတ်ခိုင်းတာလေ၊ မင်း ငါ့စကားကို နားမထောင်ရဲဘူးလား"

"တောက်"

အရှင်သခင်သိုင်းပညာရှင် အချို့မှာ မအောင့်နိုင်ဘဲ ဆဲဆိုလိုက်ကြပြီး သူတို့၏ ဖိနှိပ်ထားသော သတ်ဖြတ်လိုစိတ်များမှာ နောက်တစ်ကြိမ် ပြန်လည် ထကြွလာ၏။

ချန်ကျုန်းက သူတို့၏ ဒေါသကို တားဆီးရန် လက်ဝါးကို ဖြန့်ပြလိုက်ပြီး ကျန်းဇီရှန့်ကို လှည့်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ငါတို့ မူလက ဖွဲ့ခဲ့တဲ့ မဟာမိတ်ဟာ နတ်ဆိုးတစ်ထောင်ကို စုပေါင်းခုခံဖို့ ဖြစ်တယ်၊ မင်းအတွက်နဲ့ လူတွေကို လျှောက်သတ်ပေးဖို့ မဟုတ်ဘူး"

"ငါက မဟာချန်ရဲ့စစ်ဆေးရေးမှူး တစ်ယောက်ပဲ၊ ရွှမ်ကွမ်းဂူရဲ့ လက်ထဲက ဓားတစ်လက် မဟုတ်ဘူး"

"မင်း မကျေနပ်ရင် ဝူထုံတောင်ကို သွားပြီး ဆုံးဖြတ်ချက် ခံယူနိုင်တယ်"

ဝူထုံတောင်ဟူသော အမည်ကို ကြားသောအခါ ကျန်းဇီရှန့်သည် ပါးစပ်ဟသွားသော်လည်း ဘာမှ ထပ်မပြောတော့ဘဲ တစ်ဖက်လူကိုသာ မကျေမချမ်း စိုက်ကြည့်နေတော့သည်။

ထိုအချိန်မှာပင် အဝေးမှ ရယ်မောသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ဆုံးဖြတ်ချက် ခံယူမယ် ဟုတ်လား"

"ဝူထုံတောင်ကို သွားနေဖို့ ဘာလို့ ဒုက္ခခံမှာလဲ ဒီဘုရင်ကပဲ ဆုံးဖြတ်ပေးပါရစေ"

အရပ်ရှည်သော ကျားနတ်ဆိုးတစ်ကောင်သည် သူ၏လက်နှစ်ဖက်ဖြင့် ခေါင်းကို ထောက်ကာ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ၏ နဖူးပေါ်တွင် ရွှေရောင်ဦးချိုတစ်ခု ရှိနေပြီး ထက်မြက်ကာ ကြောက်မက်ဖွယ် ကောင်းလှ၏။

သူ့နောက်တွင် အခြားသော ပုံရိပ်နှစ်ခုလည်း ပြုံးလျက် ချဉ်းကပ်လာကြ၏။

ထိုသုံးဦးလုံးထံမှ ထွက်ပေါ်နေသော နတ်ဆိုးစွမ်းအားမှာ ချန်ကျုန်းထက် မနည်းရုံသာမက အနည်းငယ်ပင် သာလွန်နေသေးသည်။

"..."

ကျန်းဇီရှန့်၏ မျက်ဆန်များ ကျုံ့သွား၏။

စကားပုံရှိသကဲ့သို့ ရန်သူချင်းတွေ့လျှင် မျက်လုံးချင်း တောက်သည် ဟူသော်လည်း... ယခုအချိန်တွင်မူ သူသည် ထိတ်လန့်မှုကိုသာ ခံစားနေရသည်။

နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးဘုရင်များ ဤဂူဗိမာန်ထဲသို့ မည်သို့ရောက်လာကြသနည်း။ သူတို့သည် အပြင်ဘက်တွင် ဂိုဏ်းတူညီအစ်ကိုတစ်ယောက်အား စောင့်ကြပ်ခိုင်းထားခဲ့သည် မဟုတ်ပါလော။

ထောင်ချောက်လား။

ဟွမ်ယွမ် အရှင်သိုင်းပညာရှင် အချို့မှာ တိတ်ဆိတ်စွာ ရပ်နေကြ၏။ သူတို့ အချင်းချင်း စကားမပြောကြသော်လည်း အလျင်အမြန်ပင် ကာကွယ်ခြင်းအနေအထားသို့ ပြင်လိုက်ကြ၏။

ချန်ကျုန်း၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း ကျန်းဇီရှန့်တွင် မည်မျှအထိ အင်အား ကျန်ရှိနေသေးသနည်း ဆိုသည်ကို သိလိုသဖြင့် တစ်ဖက်လူကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

ထိုအချိန်မှာပင် သူ၏မျက်နှာပေါ်တွင် အံ့သြသွားသော အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာ၏။

သူ၏အာရုံခံစားမှုထဲတွင် အခြားသော အလွန်အမင်း ပြင်းထန်သည့် နတ်ဆိုးစွမ်းအားတစ်ခု ကောင်းကင်ယံ၌ ပေါက်ကွဲထွက်လာ၏။

နောက်တစ်ခဏတွင် အနီရောင် နတ်ဆိုးတိမ်တိုက်တစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။

ပုံရိပ်တစ်ခုသည် ထိုတိမ်တိုက်ထဲမှ လျှင်မြန်စွာ ထွက်ပေါ်လာ၏။

လွင့်ပျံနေသော ဝတ်ရုံနက်အောက်မှ ထိုသွယ်လျသောရတနာဓားသည် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများကို သယ်ဆောင်လာကာ တိုက်ရိုက် ပိုင်းချလိုက်တော့သည်။

စကားတစ်ခွန်းမှ မပြောဘဲ သူ၏ ပထမဆုံး လှုပ်ရှားမှုမှာပင် သတ်ဖြတ်ကွက် ဖြစ်နေလေ၏။

"နောက်ထပ် နတ်ဆိုးကြီးတစ်ကောင် ရှိနေသေးတာလား"

လူတိုင်း ချက်ချင်းပင် ထိတ်လန့်သွားကြပြီး သူတို့၏စိတ်များ လေးလံသွားကြတော့သည်။

All Chapters