← Chapters

နတ်ဆိုးသုံးကောင်နှင့် တစ်ကိုယ်တော်တိုက်ပွဲ

Vol. 27 Ch. 262

နတ်ဆိုးသုံးကောင်နှင့် တစ်ကိုယ်တော်တိုက်ပွဲ

Vol. 27 Ch. 262

ကောင်းကင်ယံတွင် ရင်းနှီးခြင်းမရှိသော နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာသည့်အချိန်တွင် ယူနီကွန်းကျားနတ်ဆိုး၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာခဲ့သည်။

နတ်ဆိုးတစ်ဂူအပြင် အခြားသောနတ်ဆိုးများလည်း ‌ဤဂူဗိမာန်ထဲသို့ ဝင်ရောက်လာကြသည်လော။

သို့သော် ချက်ချင်းပင် သူ၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၏။

ထိုလှိုင်းထနေသော သတ်ဖြတ်လိုစိတ်များက သူ့ထံသို့ တည့်တည့် ဦးတည်နေခြင်းကြောင့်ပင်။

"မင်း ဘယ်လိုတောင် သတ္တိရှိတာလဲ"

အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ယူနီကွန်းကျားနတ်ဆိုး၏နဖူးပေါ်ရှိ ရွှေရောင်ဦးချိုသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ ညာဘက်လက်ဝါးထဲသို့ စုစည်းသွားပြီး လွှမ်းမိုးမှုရှိသော ရွှေရောင်ဆေဘာကြီးတစ်လက်အဖြစ် ဖွဲ့စည်းလိုက်သည်။

သူသည် သူ၏ဆေဘာကြီးကို ကောင်းကင်သို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။

နတ်ဆိုးများအတွက် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးခြားသောအရာများကို လက်နက်များအဖြစ် သန့်စင်ခြင်းမှာ သာမန်နည်းလမ်းတစ်ခု ဖြစ်သည်။

ယူနီကွန်းကျားနတ်ဆိုး၏ ဦးချိုမှာ နာမည်ဆိုးဖြင့် အလွန်ကျော်ကြားပြီး မှော်ရတနာတစ်ခုနှင့်ပင် ယှဉ်နိုင်လေသည်။

၎င်းသည် မရေမတွက်နိုင်သော ဝိညာဉ်များကို နှုတ်ယူခဲ့ဖူးသဖြင့် သူ့အား ရွှေရောင်ဆေဘာ

နတ်ဆိုးဘုရင်ဟူသော ဘွဲ့အမည်ကို ရရှိစေခဲ့သည်။

ချွင်

ချန်းယွမ်ဆေဘာဓားရှည်ပေါ်ရှိ အနက်ရောင် မြူခိုးများမှာ ချက်ချင်းပင် ကွယ်ပျောက်သွား၏။

ဆန့်ကျင်ဘက်အနေဖြင့် ရွှေရောင်ဆေဘာကြီးမှာ တောက်ပစွာ လင်းလက်နေပြီး ကြီးမားသော စွမ်းအားဖြင့် မှင်ရောင်ဓားပေါ်တွင် အက်ကွဲကြောင်း အချို့ပင် ပေါ်လာစေခဲ့သည်။

အရည်အသွေး ကွာခြားမှုမှာ ချက်ချင်းပင် သိသာထင်ရှားလာ၏။ သို့သော် လက်နက်နှင့် မတူသည်မှာ ရွှေရောင်ဆေဘာကြီးကို ကိုင်ဆောင်ထားသော ကျားနတ်ဆိုး၏တောင်ငယ်လေးများပမာ ဖောင်းကြွနေသော လက်မောင်းများမှ အရိုးကျိုးသံများ ထွက်ပေါ်လာပြီး အသက်တစ်ရှူစာမျှပင် မတောင့်ခံနိုင်လိုက်ဘဲ ကြီးမားသော စွမ်းအားတစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရကာ မြေပြင်သို့ တိုက်ရိုက် ဖိချခံလိုက်ရခြင်းပင်။

သူ၏ဒူးခေါင်းများသည် မြေပြင်ပေါ်သို့ ဘုန်း ခနဲ ထောက်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော အက်ကွဲကြောင်းများသည် ချက်ချင်းပင် ပြန့်နှံ့သွားကာ ပတ်ဝန်းကျင်ရှိ တောင်တန်းများပင် တုန်ခါသွားသကဲ့သို့ ဖြစ်သွားသည်။

လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာသော မြင်ကွင်းမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။

ချောမောသော လူငယ်တစ်ဦးသည် လက်တစ်ဖက်တွင် ဆေဘာဓားကို ကိုင်ထားပြီး အခြားတစ်ဖက်တွင် ကြောင်တောင်တောင်ဖြစ်နေသော လူငယ်ပညာရှိတစ်ဦးကို သယ်ဆောင်ထားသည်ကို မြင်လိုက်ရသည်။

သူက လက်တစ်ဖက်တည်းနဲ့ နတ်ဆိုးဘုရင်တစ်ပါးကို ဒူးထောက်သွားအောင် ဖိချနိုင်ခဲ့တာလား။

ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးလဲ။

ထို့နောက် လူငယ်သည် လူငယ်ပညာရှိကို ချန်ကျုန်းရှိရာဘက်သို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။

သူ၏အကြည့်သည် အက်ကွဲကြောင်း အနည်းငယ် ဖြစ်ပေါ်နေသော ချန်းယွမ်ဆေဘာဓားပေါ်သို့ ကျရောက်သွားပြီးနောက် ကျားနတ်ဆိုးထံသို့ လှည့်ကြည့်လိုက်၏။

မှင်ရောင်ဝတ်ရုံအောက်မှ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် နီရဲသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြန်သည်။

ထိုအခါမှသာ ကျားနတ်ဆိုးသည် ထိုနတ်ဆိုးအရှိန်အဝါမည်နေရာမှ ရောက်လာကြောင်း သဘောပေါက်သွားတော့သည်။

နတ်ဆိုးစွမ်းအားနဲ့ တာအိုဝိညာဉ်ကို ဖွဲ့စည်းထားတာလား... ဒါ ဘယ်လို လူသတ်သမားမျိုးလဲ။

လွှမ်းမိုးမှုရှိသော ရွှေရောင်ဆေဘာကြီးသည် ချက်ချင်းပင် အောက်သို့ ထပ်မံ နိမ့်ဆင်းသွားကာ ၎င်း၏ဓားနှောင့်သည် လည်ပင်းကို တိုက်ရိုက် ဖိထားသဖြင့် ကျားနတ်ဆိုးမှာ ချွေးစေးများ ပြန်လာပြီး ညည်းညူသံဖြင့် အကူအညီတောင်းရန်သာ တတ်နိုင်တော့သည်။

"သွားစမ်း"

ကျားနတ်ဆိုး၏ ဘေးမှ ပုံရိပ်နှစ်ခုအနက် ကြွက်နတ်ဆိုးသည် ပါးစပ်ကို ဟကာ အနံ့ဆိုးထွက်နေသော မီးခိုးရောင် မြူခိုးများကို မှုတ်ထုတ်လိုက်၏။ ၎င်းမြူခိုးများထဲတွင် မီးစလေးများ တောက်ပနေပြီး ထက်မြက်သော မြှားများကဲ့သို့ လူငယ်၏ မျက်နှာဆီသို့ ပစ်လွှတ်လိုက်သည်။

ရှန်းယီသည် ဘေးသို့ ရှောင်တိမ်းလိုက်သော်လည်း သူ၏ မျက်လုံးများတွင် ပူလောင်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏အနက်ရောင် မျက်ဆန်များမှ အနီရောင် မြူခိုးများ ထွက်ပေါ်လာ၏။

သူသည် ရုတ်တရက် ဆေဘာဓားကို ဆွဲထုတ်လိုက်ပြီး ကျားနတ်ဆိုး သက်ပြင်းချလိုက်ချိန်မှာပင် ထက်မြက်သော ဓားသွားသည် ၎င်း၏လည်ပင်းကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။

စွပ်

အနံ့ဆိုးထွက်နေသော သွေးများ ပန်းထွက်လာ၏။

အခြားတစ်ဖက်ရှိ မျက်နှာမည်း အမျိုးသားသည် လက်ဝါးဖြင့် ရိုက်နှက်လိုက်ရာ ရှန်းယီကလည်း သူ၏ ဘယ်ဘက်လက်ဖြင့် ပြန်လည် ရိုက်နှက်လိုက်သည်။

လက်ဝါးချင်း ထိတွေ့သွားသည့်အခါ ပြတ်သားသော အရိုးကျိုးသံများကိုသာ ကြားလိုက်ရ၏။

မျက်နှာမည်း အမျိုးသား၏ လက်မောင်းတစ်ခုလုံးသည် တိုက်ရိုက် စုတ်ပြဲသွားပြီးအရိုးကျိုးစများ ထွက်ပေါ်လာသည်။

သို့သော် လက်ဝါးရိုက်ချက်မှာ အာရုံလွှဲခြင်းသာ ဖြစ်သည်။

သူ့နောက်ကျောမှ ထွက်ပေါ်လာသော ကင်းမြီးကောက်အမြီးသည်သာ အစစ်အမှန် သတ်ကွက်ဖြစ်သည်။

အဆိပ်ဆူးသည် ထူးဆန်းသော အလင်းရောင်များ တောက်ပနေပြီး ရှန်းယီ၏ ပခုံးထဲသို့ ရွှီ ခနဲ ထိုးစိုက်သွားသည်။

မျက်နှာမည်း အမျိုးသား၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း သူ၏ မျက်လုံးများက လူငယ်၏ပခုံးကို စိုက်ကြည့်နေပြီး ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာ၏။

သို့သော် မျက်စိတစ်မှိတ်အတွင်း ထိုဝမ်းသာမှုမှာ ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ အမြဲတမ်း အောင်မြင်ခဲ့သော ကင်းမြီးကောက် အဆိပ်ဆူးသည် သူ၏ အစွမ်းကုန် အားစိုက်ထုတ်မှုနှင့် ပေါင်းစပ်လိုက်သော်လည်း ပြိုင်ဘက်၏ အရေပြားကိုသာ ဖောက်ထွင်းနိုင်ခဲ့သည်။

အဆိပ်ဆူးထဲတွင် တာအိုဝိညာဉ်ကိုပင် မလှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်သော ပြင်းထန်‌သောအဆိပ်များ ပါဝင်၏။

သို့သော် ၎င်းသည် တာအိုဝိညာဉ်ဆီသို့ ရောက်ပင် မရောက်နိုင်ခဲ့ပေ။

"ဘာကြီးလဲဟ"

ပြိုင်ဘက်၏ လက်သည် သူ့အမြီးဆီသို့ လှမ်းလာသည်ကို မြင်လိုက်ရသဖြင့် ကင်းမြီးကောက်နတ်ဆိုးသည် ၁၀ ပေခန့် အမြန် နောက်ဆုတ်လိုက်ပြီး လုပ်ကြံသတ်ဖြတ်မှုကို လက်လျှော့လိုက်သည်။

တာအိုဝိညာဉ် ဆိုသည်မှာ ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် တစ်ဦး၏ ခန္ဓာကိုယ်အစစ် ဖြစ်သော်လည်း...

မည်သူမျှ လိုအပ်သော အခြေအနေ မဟုတ်လျှင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စွန့်လွှတ်ရန် ဆန္ဒမရှိကြပေ။

ထို့အပြင် ပြိုင်ဘက်မှာ ဟွမ်ယွမ် ကနဦးပိုင်းအဆင့်သာ ရှိသေးပြီး သူ၏တာအိုဝိညာဉ်မှာခန္ဓာကိုယ်ကို စွန့်ခွာ၍ လွတ်လပ်စွာ လှုပ်ရှားနိုင်သော အဆင့်သို့ မရောက်သေးပေ။

အဆိပ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ရာ သူ့ကို လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်ရန် ခဏတာသာ လိုတော့သည်။

အနည်းဆုံးတော့ သူသည် ရွှေရောင်ဆေဘာ နတ်ဆိုးဘုရင်ကို ကယ်တင်နိုင်ခဲ့၏။

"..."

ရှန်းယီသည် ဓားလက်ကိုင်ကို သပ်ရပ်စွာ လွှတ်လိုက်သည်။

ရွှေရောင်ဆေဘာနတ်ဆိုးဘုရင်သည် ဤအချိန်တွင် သူ၏ကျားလက်သည်းကြီးနှစ်ခုဖြင့် မှင်ရောင်ဆေဘာဓား၏ ဓားသွားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏လည်ပင်းထဲမှ နောက်ဆုံးတွင် ဆွဲထုတ်နိုင်လိုက်သည်။

သူသည် အားစိုက်၍ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သူ့ရှေ့မှ လူငယ်က လက်ကိုမြှောက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်ကို မြင်လိုက်ရ၏။

"အူးးး"

သူသည် ဒေါသတကြီးဖြင့် အသံအုပ်အုပ် ဟိန်းဟောက်လိုက်ပြီး မြေပြင်ပေါ် ကျနေသော ရွှေရောင်ဆေဘာကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏နဖူးပေါ်သို့ ပြန်ရောက်လာပြီး ယူနီကွန်းဦးချို တစ်ခုအဖြစ် ပြန်လည် ဖြစ်ပေါ်လာသည်။

သူသည် ထိုတောက်ပနေသော ရွှေရောင်ဦးချိုဖြင့် ရှေ့သို့ ပြင်းထန်စွာ ဝင်ဆောင့်လိုက်၏။

ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ၊ အသွေးအသားနဲ့လုပ်ထားတာပဲလေ။ နှစ်ပေါင်းတစ်သောင်းကြာ သန့်စင်ထားတဲ့ သူ့ရဲ့ ရွှေရောင်ဦးချိုကို ဘယ်လိုလုပ် ခံနိုင်မှာလဲ။

ထိုအချိန်မှာပင် သူသည် အေးစိမ့်မှုတစ်ခု လွှမ်းခြုံလာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ရှန်းယီ၏ဖြူဖျော့သော လက်များကြားတွင် အေးစက်သော အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်း ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲဂူထဲ ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။

အဝေးမှ ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင်များပင်လျှင် သူတို့၏တာအိုဝိညာဉ်များ ထိုင်းမှိုင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

ဤလက်သီးချက်ကို တိုက်ရိုက်ရင်ဆိုင်နေရသော ကျားနတ်ဆိုးမှာမူ ယခုအချိန်တွင် မျက်လုံးပြူးနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပူနွေးသော နတ်ဆိုးသွေးများပင် ခဲသွားသကဲ့သို့ ဖြစ်နေသည်။

ဘုန်း

ရှန်းယီ၏ လက်သီးသည် ယူနီကွန်းဦးချိုပေါ်သို့ ကျရောက်သွား၏။

ရေခဲမြူခိုးများ၏လွှမ်းခြုံမှုအောက်တွင် ရွှေရောင်ဦးချို၏တောက်ပမှုမှာ လျင်မြန်စွာမှေးမှိန်သွားပြီးနောက်ကြီးမားသော စွမ်းအားဖြင့် တိုက်ခိုက်ခံရမှုအောက်တွင် ရုတ်တရက်အက်ကွဲသွားကာ လှိုင်းထနေသောစွမ်းအားများသည် ကျားနတ်ဆိုး၏ နဖူးပေါ်သို့ အပြည့်အဝ စီးဝင်သွားတော့သည်။

ကွပ် ကွပ်

ရွှေရောင်ဆေဘာနတ်ဆိုးဘုရင်၏ တစ်ကိုယ်လုံး လွင့်စင်ထွက်သွား၏။ ကြွက်နတ်ဆိုးက သူ့ကို ကူညီထိန်းပေးရန် ကြိုးစားသော်လည်း အကြမ်းပတမ်းဝင်ဆောင့်ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားကာ အသက်ရှူမဝဖြစ်ပြီး သွေးများအန်ထွက်လာသည်။

ကြီးမားသော ဟိန်းဟောက်သံကြီးကြားတွင်...

ကျားနတ်ဆိုး၏ရွှေရောင်ဦးချို ကျိုးသွားပြီး နဖူးတစ်ခုလုံး ကြေမွသွား၏။ သူ၏တစ်ကိုယ်လုံးမှာ ရေခဲရိုက်ထားသော ကျောက်တုံးအက်ကွဲစများကဲ့သို့ ဖြစ်နေပြီး ခြေလက်များ တဆတ်ဆတ်တုန်နေကာထရပ်ရန် ကိစ္စအသေးအဖွဲလေးကိုပင် မလုပ်နိုင်တော့ပေ။

"..."

ဓားတစ်ချက်၊ လက်ဝါးတစ်ချက်၊ လက်သီးတစ်ချက်။ အစမှ အဆုံးထိ အချိန် အသက် ၂၀ ရှူစာလောက်ပင် မကြာလိုက်ပေ။

အဆင့်မြင့် နတ်ဆိုးဘုရင်နှစ်ပါး၏ ရှေ့မှောက်တွင်ပင် ရွှေရောင်ဆေဘာနတ်ဆိုးဘုရင်ကို သပ်ရပ်ပြတ်သားစွာ မသေမရှင် ဖြစ်အောင် လုပ်ပစ်လိုက်ခြင်း ဖြစ်သည်။

အခြားသော ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင်များကို ထားလိုက်ဦး၊ ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်ကြသော ချန်ကျုန်းနှင့် ကျန်းဇီရှန့်တို့ပင်လျှင် အနည်းငယ် ထိတ်လန့်သွားကြ၏။

ဒီလိုခွန်အားမျိုးက ဟွမ်ယွမ်အဆင့်မှာ နှစ်ပေါင်းများစွာစုဆောင်းလာခဲ့တဲ့ ထိပ်တန်းကျွမ်းကျင်သူတွေနဲ့မှ ယှဉ်နိုင်လိမ့်မယ်။

လူငယ်ပညာရှိ သည် ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်ပြီး သူ၏ခါးကို ကိုးရိုးကားရား ပွတ်သပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

သူ၏အကြည့်သည် ကျန်းဇီရှန့်၏ ဝတ်ရုံရှည်ပေါ်တွင် ခဏမျှ ရပ်တန့်သွား၏။ သူ၏ မျက်လုံးထဲတွင် ပုံမှန်မဟုတ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ထို့နောက် သူသည် အကြည့်ကို အမြန်ရုပ်သိမ်းလိုက်ပြီး ချန်ကျုန်း၏ ဘေးတွင် လိမ္မာစွာ ရပ်နေလိုက်၏။

အကြီးအကဲရှန်းက သူ့ကို ဤလူဆီ ပစ်ပေးခဲ့သည် ဆိုတော့ ဤအဖိုးအိုက ယုံကြည်ရသူ ဖြစ်ရပေမည်။

"ဟူး..."

ရှန်းယီသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး သူ၏ ပခုံးကို စောင်းကြည့်လိုက်၏။

ကင်းမြီးကောက် အဆိပ်ဆူးမှ အဆိပ်များကို ဖားပြုတ်အရှင်က အများစု စားသုံးပြီး ဖြစ်သည်။

နာကျင်မှု အနည်းငယ် ရှိသော်လည်း ကြီးကြီးမားမား ထိခိုက်မှု မရှိပေ။

သူသည် ချင်းဟွာကို အမိန့်ပေးလိုက်ရာ သူမက ချန်းယွမ်ဆေဘာဓားကို ကောက်ယူပြီး ကျားနတ်ဆိုးဆီသို့ ပျံသန်းသွားကာ ကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်ပြီး ခေါင်းကိုဖြတ်ယူလိုက်၏။

【ဟွမ်ယွမ်အဆင့် ယူနီကွန်းကျားနတ်ဆိုးကို သတ်ဖြတ်ပြီး၊ စုစုပေါင်း သက်တမ်း ၁၆၇၀၀ နှစ်၊ လက်ကျန် သက်တမ်း ၆၃၀၀ နှစ်၊ စုပ်ယူခြင်းပြီး ဆုံး】

"ဒါက..."

အခြားသော အရှင်သခင်သိုင်းပညာရှင်များသည် ဆေဘာဓားရှည် ဓားအိမ်ထဲသို့ပြန်ဝင်သွားသည်ကို ကြည့်ပြီး သူတို့၏နှလုံးသားများ နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။

ဒီလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ ပြိုင်ဘက်က အနည်းဆုံး မှော်ရတနာနှစ်ခုကို ထုတ်သုံးပြသွားတယ်။ ပြီးတော့ ဒီလောက် ငယ်ရွယ်သေးတာ... ဘယ်အင်အားကြီး ဂိုဏ်းက သခင်လေးခရီးထွက်လာတာများလဲ။

သိုင်းဘုံကျောင်း သို့မဟုတ် ရွှမ်ကွမ်းဂူတော့ သေချာပေါက် မဖြစ်နိုင်ပေ။

သူတို့သည် ထိုလူနှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။

ချန်ကျုန်း မျက်မှောင်ကြုတ်လိုက်ပြီး လူငယ်၏ ခါးကြားမှ မှင်ရောင်ဆေဘာဓားကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာ၏။

ဒါက ဘာလို့ ယင်ဝိညာဉ်ရဲ့တိုက်ခိုက်မှုနဲ့ ဒီလောက်တောင် တူနေရတာလဲ။

သို့သော် စောစောက လူငယ်ကောင်းကင်မှ ဆင်းသက်လာပြီး ရွှေရောင်ဆေဘာနတ်ဆိုးဘုရင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်စဉ်းစားလိုက်သောအခါ ဤအတွေးကို သူကိုယ့်ကိုယ်ကိုယ် သရော်ရင်း ဖယ်ရှားလိုက်သည်။

တာအိုဝိညာဉ်တောင် ထုတ်ပြပြီးပြီပဲလေ၊ သူက ဘယ်လိုလုပ် ယင်ဝိညာဉ် ဖြစ်နိုင်မှာလဲ။

All Chapters