အခန်း (၉၃၁-၉၃၂)
Vol. 56 Ch. 931-932
အပိုင်း (၉၃၁)
ရှမ့်လန်က လှောင်ပြောင်သည့် အပြုံးတစ်ခုဖြင့် သူတို့ကို အေးစက်စွာ ကြည့်နေ၏။ “ခင်ဗျားတို့က သိပ်တော်တယ်။ ဒီလို သိပ်တော်တဲ့အတွက် မြားတွေကို ဆက်ပြီး ကာကွယ်ကြတော့။ ဒါပေမဲ့ ခင်ဗျားတို့ ဘယ်လောက်ပဲ တော်နေပါစေ ခင်ဗျားတို့ရဲ့ အတွင်းအားက နောက်ဆုံးတော့ ကုန်သွားမှာပဲ။”
အမေဇုန်အမျိုးသမီး စစ်သည် ထောင်ပေါင်းများစွာတို့က မြားများကို ဆက်လက်ပစ်ခတ်၏။ လီချင်းချိုးနှင့် အခြားသော မဟာပညာရှင်များက မလှုပ်မယှက်နှင့် ရပ်လို့နေ၏။ ရန်နန်းဖေးက ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ ရှမ့်လန်က တကယ်ပင် ယုတ်မာလွန်းသည်။
လီချင်းချိုးနှင့် အခြားသောသူများက အနိုင်ရလုနီးပါး ဖြစ်သော်လည်း ရှမ့်လန်က ထိုသူတို့ကို လှုပ်ရှားခွင့် မပေးချေ။ သူက မြားမိုးများကို အသုံးပြု၍ သတ်ဖြတ်လို၏။
နောက်ဆုံး ရန်နန်းဖေး၏ လက်အောက်ရှိ မဟာပညာရှင်တစ်ဦးက အတွင်းအား ကုန်ခမ်းသွား၏။ သူ မြားများကို ဆက်လက်မကာကွယ်နိုင်တော့ချေ။
“ဇွိ...”
သူ၏ ခန္ဓာကိုယ်က ထွင်းဖောက်ခြင်းကို ခံရ၏။ မြေကြီးပေါ်သို့ တစ်ခါတည်း စိုက်ဝင်သွား၏။ ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ။ ၁၀ မိနစ်ကြာပြီးနောက် ရန်နန်းဖေးနှင့် မဟာပညာရှင် ၂၀ ကျော်တို့ အားလုံးက မြေကြီးပေါ် လဲကျသွား၏။ သူတို့က ပစ်ခတ်ခံထားရသည့် ဖြူကောင်များကဲ့သို့ပင် ဖြစ်လို့နေ၏။ မဟာပညာရှင်များက အံ့မခန်း ဖြစ်သော်လည်း ထိုသူတို့၏ အတွင်းအား ကုန်ခမ်းသွားသည်နှင့် ကြေကွဲဖွယ်ရာ ဇာတ်သိမ်းပင်။
ရှမ့်လန်က နှာခေါင်းကို အုပ်ပြီး ဖြည်းညင်းစွာ လျှောက်လိုက်၏။ မြေပြင်တစ်ခုလုံး မြားများဖြင့် ဖုံးလွှမ်းနေ၏။ ခဏအတွင်း မြားပေါင်း ၂ သိန်းကျော် ပစ်ခတ်ခဲ့ခြင်းပင်။
တပ်မှူးလန်ဖုန်းက မျက်နှာ အနည်းငယ် ရှုံ့မဲ့သွား၏။ အရှင်က တကယ့်ကို ဖြုန်းတီးလွန်း၏။ သို့သော်ငြား မြင်ကွင်းက ခမ်းနားထည်ဝါ၏။ မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာတို့က မြားမိုးအောက်တွင် နိဂုံးချုပ်ခြင်းကို ခံရသည်။
“အား...”
ရုတ်တရက် ပုံရိပ်တစ်ခုက မြေကြီးအောက်မှ ခုန်ထွက်၏။ သူက ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ရှမ့်လန်ထံသို့ ခုန်ဝင်လာ၏။ ရန်နန်းဖေး၏ ခန္ဓာကိုယ်တွင် မြားပေါင်းများစွာ စိုက်ဝင်နေသော်လည်း ထိုသူက အသက်ရှင် နေသေး၏။
“ရှမ့်လန်... ငါ မင်းကို သတ်မယ်။ ငါ မင်းကို သတ်မယ်။”
သူ၏ ခန္ဓာကိုယ်က သွေးများနှင့် အသားစများက ထွက်နေ၏။ ရှမ့်လန်နှင့် အတူတူ သေဆုံးလိုသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် သရဲတစ္ဆေကြီးနှင့်တူ၏။
စစ်သည်တစ်ယောက်က မြှားဖြင့် လှမ်းပစ်သည်။
ရန်နန်းဖေးက မြေကြီးပေါ် လဲကျသွား၏။ တစ်ဖက်လူ၏ ဒူးခေါင်းက ထွင်းဖောက်ခြင်း ခံရ၏။ “ရှမ့်လန်... ခွေးကောင်... ငါမင်းကို သတ်မယ်။” ရန်နန်းဖေးက နာကျင်စွာ အော်ဟစ်၏။ သူက လက်နှစ်ဖက်ဖြင့် ရှမ့်လန်ဆီသို့ တွားသွားလာ၏။ မျက်လုံးထဲမှာလည်း အမုန်းတရားများနှင့် ပြည့်နှက်နေ၏။
ချောင်ယောင်းအာက ရှေ့ကိုတိုးပြီး ရန်နန်းဖေး၏ ခေါင်းနောက်ပိုင်းကို ခပ်ဖွဖွ ပုတ်၏။ ချက်ချင်းပဲ သတိလစ် သွားသည်။
..............
ရန်နန်းဖေး ပြန်နိုးလာချိန်မှာတော့ လောကကြီးတစ်ခုလုံး ဇောက်ထိုးဖြစ်နေ၏။ သူ၏ ခြေထောက်များကို ကြိုးများဖြင့် ဇောက်ထိုးဆွဲထား၏။ သူတစ်ယောက်တည်း မဟုတ်ပေ။ မဟာပညာရှင် အဆင့် ၂၀ ကျော် တို့ကလည်း ဇောက်ထိုးဆွဲခံထား၏။ သူတို့၏ ခန္ဓာကိုယ်မှ အဝတ်အစားများကို ချွတ်ထား၏။
မဟာပညာရှင် ၃၀ အနက် ထက်ဝက်က သေဆုံးသွားခဲ့ပြီး ကျန်ထက်ဝက်က အသက်ရှင်နေဆဲပင်။ မဟာပညာရှင် ဆိုသည်က မဟာပညာရှင်ပင်။ သူတို့၏ အသက်စွမ်းအားက တကယ့်ကို အားကောင်းလွန်း၏။ ဖြူကောင် တစ်ကောင်လို မြားများဖြင့် အပစ်ခံရလျှင်တောင်မှ မသေနိုင်ကြသေးပေ။ သို့သော်ငြား ရှေ့တွင်ရှိနေသည့် မြင်ကွင်းက သားသတ်ရုံတစ်ခုနှင့် တူနေသည်။
ခဏကြာမှာပဲ ရှမ့်လန်က လမ်းလျှောက်ဝင်လာ၏။ ပြီးနောက် ရန်နန်းဖေးနှင့် မလှမ်းမကမ်းတွင် ထိုင်ချ၏။
“သခင်ကြီးရန်.. မသေသေးဘူးလား။ ခင်ဗျားရဲ့ အသက်စွမ်းအားကတော့ တကယ့်ကို အားကောင်းလွန်းတယ်။ ခင်ဗျား သိပ်တော်တာပဲ။” ရှမ့်လန်က ပြောလိုက်သည်။
ရန်နန်းဖေးက နားကန်းနေပြီဖြစ်၏။ ရှမ့်လန် ဘာပြောနေသည်ကို မကြားရသော်လည်း နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီး ခန့်မှန်းနိုင်၏။
“ရှမ့်လန်... မင်းဘာလုပ်ချင်တာလဲ။”
ရန်နန်းဖေးက အော်ဟစ်လိုက်သည်။ “ငါ့ကို သတ်စမ်း။ ငါ့ကို သတ်လိုက်စမ်းပါ။ မင်း ဘာလိုချင်သေးလို့လဲ။”
ရှမ့်လန်က ပြော၏။ “သခင်ကြီးရန်... ကျုပ်ရဲ့နာမည်ပြောင်ကို သိလား။ ကျုပ်က စိတ္တဇ ဂွေးဖြတ်သမားပဲ။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျုပ်လက်ထဲ ရောက်လာတဲ့ ရန်သူတိုင်းက ဂွေးဖြတ်ခံရလိမ့်မယ်။”
“လူတွေ... သခင်ကြီးရန်နန်းဖေးရဲ့ ခြေထောက်တွေကို ဆွဲကားထားကြစမ်း။” အမေဇုန်အမျိုးသမီး စစ်သည်တစ်ဦး က ရုတ်တရက် ဆွဲလိုက်၏။ တွဲလောင်းကျနေသည့် ရန်နန်းဖေး၏ ခြေထောက်များက ကားထွက်သွား၏။ သူက ချက်ချင်းပဲ လုံခြုံမှု မရှိသလို ခံစားရသည်။
ရှမ့်လန်က မျက်မှောင်ကြုတ်လိုက်၏။ ရန်နန်းဖေးက အမွေးအမျှင်များ ထူထပ်လွန်း၏။ ရှမ့်လန်က ကြည့်မရပင် ဖြစ်မိ၏။ ရှမ့်လန်က ရန်နန်းဖေး၏ ရှေ့သို့သွားပြီး ဓားကောက်လေးတစ်လက်ကို ထုတ်ယူ၏။ “သခင်ကြီး ရန်နန်းဖေး... ကျေးဇူးပြုပြီး သည်းခံလိုက်ပါအုံး။”
ရန်နန်းဖေးက တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူက တစ်သက်လုံး သူရဲကောင်းတစ်ဦး ဖြစ်ခဲ့၏။ ဤသို့ အရှက်ကွဲခံရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“ရှမ့်လန်... ငါ့ကို သတ်လိုက်စမ်းပါ။ ငါ့ကို မြန်မြန်သေခွင့်ပေးစမ်း။ ဒါမှမဟုတ်ရင် ငါသေသွားတဲ့ အချိန်ကျရင် ငရဲပြည်ကနေ မင်းကို ကျိန်စာတိုက်နေမယ်။”
ရှမ့်လန်က လေးလေးနက်နက် ပြောသည်။ “သခင်ကြီး ရန်နန်းဖေး... ဟို ဆူနာမီလှိုင်းလုံးတွေ ဖြစ်တုန်းက ခင်ဗျား သေသွားခဲ့ရင် သိပ်ကောင်းမှာပဲ။ ဒါဆိုရင် အခုလိုမျိုး ခံစားရမှာ မဟုတ်ဘူး။”
ပြီးနောက် သူက လက်ထဲရှိ ဓားကောက်ကို ဝှေ့ယမ်း၏။ ရန်နန်းဖေးက အောင်မြင်စွာပင် မိန်းမစိုးတစ်ယောက် ဖြစ်သွားခဲ့၏။
“အား... အား...” သူက စူးရှသည့် အော်ဟစ်သံများကို ဆက်တိုက်ပြုလုပ်၏။ သူက တောင်ပင်လယ်ဓားဂိုဏ်း၏ ခေါင်းဆောင်၊ ဝူအန်းမြို့စားကြီး ဖြစ်၏။ ယခု သူက တိရစ္ဆာန်တစ်ကောင်ကဲ့သို့ သင်းကွပ်ခံလိုက်ရ၏။ ဤသည်က ကြီးမားသည့် အရှက်တကွဲ ဖြစ်ခြင်းပင်။ “ရှမ့်လန်... ငါ့ကို သတ်စမ်း။ သတ်လိုက်စမ်း။”
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ခင်ဗျားကို သတ်မယ် ဟုတ်လား။ မဟုတ်ဘူး မဟုတ်ဘူး။ အဲဒါက သိပ်ပြီး ဖြုန်းတီးလွန်းရာ ကျလိမ့်မယ်။ သခင်ကြီး ရန်နန်းဖေး... ခင်ဗျားက မဟာပညာရှင်တစ်ယောက်လေ။ ကျုပ် သုတေသန တစ်ခု လုပ်ဖို့ရှိတယ်။ အဲဒီအတွက် မဟာပညာရှင်တွေရဲ့သွေးတွေ အများကြီး လိုအပ်တယ်။ ကျုပ်ရဲ့ စမ်းသပ်မှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိလား။ ခင်ဗျား ကျုပ်ရဲ့ စမ်းသပ်ခံ ကြွက်လေး လုပ်ချင်လား။”
ပြီးနောက် ရှမ့်လန်က မတ်တတ်ထရပ်လိုက်၏။ “မဟာပညာရှင်တို့... ဘယ်လိုသဘောရလဲ။ ခင်ဗျားတို့ ဘာမှမပြောဘူး ဆိုရင်တော့ သဘောတူတယ်လို့ မှတ်ယူလိုက်မယ်။ လာကြ လာကြ။ ဆန္ဒပြုလွှာမှာ လက်မှတ်ထိုးကြတော့။”
သို့နှင့် ရှမ့်လန်က တကယ်ပဲ လူတစ်ယောက်ကို စေခိုင်းပြီး ဆန္ဒပြုလွှာ ဒါဇင်ပေါင်းများစွာကို ယူဆောင် လာ၏။ အသက်ရှင် ကျန်ရစ်သည့် မဟာပညာရှင် အားလုံးကို လက်ဗွေနှိပ်စေသည်။
“မဟာပညာရှင် အားလုံးတို့က သိပ္ပံပညာအတွက် ကိုယ့်ကိုယ်ကို စတေးဖို့ ဆန္ဒရှိနေကြတယ်။ အံ့မခန်းပဲ။ အံ့မခန်းပဲ။ ကျုပ် တကယ့်ကို ချီးကျူးမိပါတယ်။” ရှမ့်လန်က လက်ခုပ်တီးလိုက်၏။
အသက်ရှင်ကျန်ရစ်ခဲ့သည့် မဟာပညာရှင်များက စိတ်ထဲတွင် ကျိန်ဆဲနေခဲ့၏။ ‘ကျုပ်လက်ကို အတင်းဆွဲပြီး လက်ဗွေနှိပ်ခိုင်းခဲ့တာ။ ကျုပ်က ဘာကို ဆန္ဒရှိရမှာလဲ။’
ပြီးနောက် အမျိုးသမီးစစ်သည် ၁၀ ယောက်ကျော်တို့ ဝင်လာပြီး ဓားများကို ကောက်ကိုင်လိုက်ကြသည်။
“ရွှမ်း ရွှမ်း ရွှမ်း” ရန်နန်းဖေး၏ လက်အောက်မှ အသက်ရှင်ကျန်ရှိခဲ့သည့် အားကောင်းသူများ၏ ထက်ဝက်က သင်းကွပ်ခြင်းကို ခံလိုက်ရ၏။
ရှမ့်လန်၏ အဆိုအရ ဝက်များက သင်းကွပ်ခံရပြီးနောက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာလေ့ရှိ၏။ ထို့ကြောင့် သူ၏ လက်တွေ့စမ်းသပ်မှုကို နှစ်သုတ်ခွဲထား၏။ တစ်သုတ်ကို သင်းကွပ်ပြီး အခြားတစ်သုတ်ကို သင်းမကွပ်ပေ။ ကံဆိုးစွာဖြင့် သခင်ကြီး ရန်နန်းဖေးကတော့ ပထမအသုတ်တွင် ပါဝင်သည်။
“ရွှမ်း ရွှမ်း”
အမေဇုန် အမျိုးသမီးစစ်သည် ၁၀ ယောက်ကျော်တို့က ဓားကိုမြှောက်ပြီး အသက်ရှင်ကျန်ရစ်နေသည့် ရန်သူများ၏ ခြေကြော၊လက်ကြောများကို ဖြတ်၏။ ပြီးနောက် ဒဏ်ရာများကို ပြန်ချုပ်ပြီး ပတ်တီးစီး၏။
“သွေးဖောက်မယ်။” ရှမ့်လန်က အမိန့်ပေးသည်။
ပြီးနောက် သွေးပျက်စေလောက်သည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ အပ်များက ထိုသူတို့၏ သွေးကြောထဲသို့ ထိုးသွင်းပြီး သွေးများကို တကယ်ပင် စုပ်ယူ၏။ ၅၀၀ မီလီလီတာခန့် စုပ်ယူခြင်းပင်။
“ရပ်လိုက်ကြ။ နောက်တစ်ဆင့်အနေနဲ့ ကျုပ်တို့ ခင်ဗျားတို့အားလုံးကို ကောင်းကောင်း ဂရုစိုက်ပေးမယ်။ သွေး ၈၀၀ မီလီလီတာထက် ပိုပြီးတော့ ထုတ်ယူလို့ မဖြစ်ဘူး။ ပြီးတော့ အာဟာရ ပြည့်ဝအောင် လည်း လုပ်ပေးရမယ်။ ၁၀ ရက် တစ်ကြိမ် သွေးယူရမယ်။”
သူ ထိုသို့ ပြောလိုက်သဖြင့် လူပေါင်းများစွာတို့က ကြောက်လန့်တကြား ဖြစ်သွား၏။ သူတို့ မသေရသော်လည်း သေသည်ထက်ပင် ပိုမိုနာကျင်ရ၏။ သူတို့က ရှမ့်လန်၏ သုတေသနသစ်အတွက် သွေးထောက်ပံ့ရန် မွေးမြူခံထားရသည့် ဝက်များကဲ့သို့ပင်။
“သခင်ကြီး ရန်နန်းဖေး... ခင်ဗျား။ အဲ ခင်ဗျားကတော့ မရဘူး။”
ရှမ့်လန်က ပြော၏။ “ကျုပ်ကို ယုံပေးပါ။ ခင်ဗျားလို စမ်းသပ်ခံ ပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးရတာ ကျုပ်ရဲ့ နှလုံးသားကို နာကျင်စေတယ်။ ဒါပေမဲ့ ဘယ်သူက ခင်ဗျားကို ကျုပ်ရဲ့ရန်သူ ဖြစ်ခိုင်းတာလဲ။ ကျုပ်ရဲ့ ရည်မှန်းချက်က လောကကြီးမှာ ရန်ငြိုးမရှိစေဖို့ပဲ။ ခင်ဗျားကို အသက်ရှင်ခွင့် ပေးလိုက်မယ်ဆိုရင် ကျုပ်ရဲ့ မူဝါဒနဲ့ ဆန့်ကျင်ရာ ရောက်နေလိမ့်မယ်။ လူတစ်ယောက်က ကိုယ့်ရဲ့ မူလရည်ရွယ်ချက်ကို မမေ့သင့်ဘူးလေ။”
“တစ်ယောက်လောက်... သခင်ကြီး ရန်နန်းဖေးကို အပြင်ဘက်ကို ထုတ်ပြီး လူအားလုံးရဲ့ ရှေ့မှာ ကွပ်မျက်လိုက်ကြ။”
............
ဧရာမ ရဲတိုက်ကြီး၏ အပြင်ဘက်၊ အပျက်အစီးများကြားထဲတွင် လူသောင်းချီ ရပ်နေ၏။
ထိုသူအားလုံးတို့က လေ့ကျိုးကျွန်းမှ ပြောင်းရွှေ့နေထိုင်ကြသူများပင်။ သူတို့အားလုံးက တစ်ချိန်က ကျင်းမိသားစုဝင်များ ဖြစ်ခဲ့၏။ နုရှောင့်မြို့ တိုက်ပွဲကြီး ပြီးဆုံးပြီးနောက် သူတို့က အောက်ဘက်ရှိ ကျေးရွာများမှ အလိုအလျောက် ထွက်လာကြပြီး ရဲတိုက်ကြီး၏ ရှေ့မှောက်ဆီသို့ ရောက်ရှိလာကာ ခေါင်းမော့၊ ရင်ကော့လျက် စောင့်ဆိုင်းနေ၏။
တော်တော်များများက စောင့်နေကြသော်လည် ရှမ့်လန် ပေါ်လာသည်ကို မတွေ့ရဘဲ အခြားသော လူတစ်ယောက် ကိုသာ တွေ့ရသည်။
“သူလာပြီ သူလာပြီ။”
“ဘယ်သူလဲ။”
“ရန်နန်းဖေး...”
“တကယ်ကြီး ရန်နန်းဖေး ပါလား။ ဘာလို့ သူ့အောက်ပိုင်းမှာ ဘာမှ မရှိတာလဲ။”
“ရန်နန်းဖေးက သိပ်ပြီး တောင့်တင်းသန်မာတယ်။ အဝတ်မပါရင် သူ့ကို တကယ် မမှတ်မိနိုင်ဘူး။”
မရေတွက်နိုင်သည့် လူများက ရန်နန်းဖေးကို လက်ညှိုးထိုးပြနေ၏။ ရန်နန်းဖေးက ရှက်လွန်းသောကြောင့် ဒေါသထွက်ကာ သေလုမတတ်ပင်။ ဤလူများသည် ယခင်က ပုရွက်ဆိတ်ကဲ့သို့ ဖြစ်တည်သည့် လူများပင်။ လက်ချောင်းလေး တစ်ချောင်းဖြင့် ထိုပုရွက်ဆိတ်လူများကို ခြေမှုန်းပစ်နိုင်၏။ သူ၏ စကားတစ်ခွန်းတည်းနှင့် ထိုသူအားလုံးတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်၏။ သို့ပေမည့် ယခု သူက လူရွှင်တော် တစ်ယောက်ကဲ့သို့ အကြည့်ခံနေရ၏။
“သောက်ကျိုးနည်း ရန်နန်းဖေး.. သူ ငါတို့ကို ဒုက္ခ အများကြီး ပေးခဲ့တာလေ။”
“ကောင်းကင်ဘုံက တကယ့်ကို မျက်စိရှိပါပေတယ်။ ဒီခွေးကောင် ရန်နန်းဖေးက နောက်ဆုံးတော့ ဝဋ်လည်ပြီ။”
ဦးခေါင်းခွံဂိုဏ်းမှ ကွပ်မျက်သူက ထပ်မံ ထွက်ပေါ်လာခဲ့၏။ သူက ကြည့်ရှုနေသည့် လူသောင်းချီကို လက်အုပ်ချီကာ ပြော၏။
“လူကြီးမင်းတို့... ဒါ ကျုပ် ဒုတိယအကြိမ် စွမ်းဆောင်ရည် ပြတာပဲ။ နည်းနည်းတော့... ဒီနေရာမှာ စိုစွတ်သွားနိုင်တယ်။ လူတိုင်း ကျုပ်ကို မရယ်ကြဖို့ မျှော်လင့်ပါတယ်။”
“လာကြ။ သူ့ကို ဂျင်ဆင်းဟင်းရည် တိုက်လိုက်ကြ။ သခင်ကြီး ရန်နန်းဖေးကို အသေခံလို့ မဖြစ်ဘူး။ အာဟာရ ပြည့်ဝနေမှ ဒါမှမဟုတ်ရင် ဓားချက်တစ်ထောင်ဒဏ် ကို သူ ခံနိုင်မှာ မဟုတ်ဘူး။ သခင်ကြီးရန်... ကျုပ် ခင်ဗျားကို ပြုစုဖို့ ရောက်လာပါပြီ။” ကွပ်မျက်သူက ရန်နန်းဖေးကို ဦးညွှတ်လိုက်သည်။
ပြီးနောက် ပထမဦးဆုံး ဓားချက်က ရန်နန်းဖေး၏ နှာခေါင်းဆီသို့ ဦးတည်၏။ မြေအောက်ခန်းထဲသို့ ရောက်ရှိလာသောကြောင့် ပျော်ရွှင်နေသည့် အချိန်မျိုးတွင် အောက်၌ ငရဲကြီး ၁၈ ထပ် ရှိနေသေးသည်ဟု သိလိုက်ရသည့် အခိုက်အတန့်မျိုးကဲ့သို့ပင်။ ထိုအရာက ရန်နန်းဖေး ခံစားနေရသည့် ခံစားချက်ပင်။
သင်းကွပ်ခံရခြင်းက အကြီးမားဆုံးသော အရှက်ကွဲမှု ဖြစ်၏။ နာကျင်မှုက ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ သေချင်လျှင်တောင် သေလို့ ရနိုင်မည် မဟုတ်ချေ။ ရှမ့်လန်က တကယ်ပင် ထိုသူကို ဓားချက် တစ်ထောင်ဖြင့် ကွပ်မျက်သည့် ပြစ်ဒဏ် ပေးခဲ့၏။ လူတစ်သိန်းတို့၏ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်းပင်။
...............
ရှမ့်လန်က လေ့ကျိုးကျွန်းရှိ လူတစ်သိန်းတို့၏ ရှေ့မှောက်သို့ မထွက်လာသေးသော်လည်း နယ်စားကြီး ကျင်းကျိုးက မြို့ရိုးပေါ်တွင် ပေါ်လာ၏။ သူက အလွန် စိတ်လှုပ်ရှားပြီး မျက်လုံးအိမ်ထဲတွင် မျက်ရည်များပင် ဝိုင်းနေ၏။ သူက လူပေါင်း တစ်သိန်းကို ဦးညွှတ်ကာ ပြော၏။
“ကျုပ်ရဲ့ မိသားစုဝင်အပေါင်းတို့.. ကျုပ် ကျင်းကျိုး ပြန်လာခဲ့ပြီ။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ အိမ်တွေအားလုံးက ခင်ဗျားတို့ အပိုင်ပဲ။ လယ်ယာသုံး ကိရိယာတွေ အားလုံးကလည်း ခင်ဗျားတို့ အပိုင်ပဲ။ ကျွဲ၊ နွားတွေကလည်း ခင်ဗျားတို့ အပိုင်ပဲ။ ခင်ဗျားတို့က နှစ်စဉ် သီးနှံရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ပေးသွင်းရလိမ့်မယ်။”
ထိုစကားကို ပြောလိုက်သည်နှင့် လူပေါင်း တစ်သိန်းကျော်တို့က မြေကြီးပေါ်တွင် ဒူးထောက်ပြီး သည်းထန်စွာ ငိုကြွေးနေကြသည်။
“နယ်စားကြီးက အရမ်းကို သဘောကောင်းပါတယ်။ ကျုပ်တို့ ကျင်းမိသားစုအပေါ် မျိုးဆက် တစ်ခုပြီး တစ်ခု သစ္စာစောင့်သိပြီး မျိုးဆက် တစ်ခုပြီး တစ်ခု အလုပ်အကျွေး ပြုပါ့မယ်။”
“နယ်စားမင်း အသက်ရာကျော် ရှည်ပါစေ။ အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။” နောက်ဆုံး လူတစ်ယောက်က အော်ဟစ်လိုက်၏။
မကြာခင် လူပေါင်းများစွာတို့က အော်ဟစ်သည်။ “အရှင်ရှမ့်လန်.. သက်တော်ရာကျော် ရှည်ပါစေ။”
xxx
အပိုင်း (၉၃၂)
ကြီးမားလှသည့် ရဲတိုက်ကြီးထဲတွင် ရှမ့်လန်က ဘယ်ဘက်လက်ဖြင့် ယောင်ယောင်၊ ညာဘက်လက်ဖြင့် ရှမ့်မီကို ပွေ့ဖက်ထား၏။ အပြင်ဘက်မှ ဩဘာပေးသံများကို ကြားနေရသည့် အချိန်တွင်တော့ သူက ကြက်သီးမထဘဲ မနေနိုင်ချေ။ ဤခံစားချက်က တကယ့်ကို ထူးဆန်း၏။ အလွန်လည်း ရယ်စရာကောင်း၏။
ယောင်ယောင်က ကြီးကျယ်ခမ်းနားသည့် ဖန်တီးမှု တစ်ခုကို ပြုလုပ်ခဲ့၏။ သူမက မြေပုံတစ်ခုကို ဆွဲခဲ့ပြီး အရှေ့လောကမှ အနောက်လောကထိ ကမ္ဘာ့တစ်ဝက်၏ မြေပုံပင်။ ရှမ့်လန်နှင့် ယောင်ယောင်တို့က တကယ်ပင် ရင်းနှီးသည့် သားအဖများ ဖြစ်ကြ၏။
ယောင်ယောင်က ထက်မြက်လွန်းလှချေ၏။ ရှမ့်လန် မည်သည့်အချက်ကို ပြောသည်မဆို ယောင်ယောင်က ဆွဲနိုင်ပြီး အလွန်လည်း တိကျ၏။ ထို့အပြင် သူမ၌ ထက်သန်လွန်းသော ဖန်တီးလိုစိတ် ရှိ၏။ လောကပေါ်ရှိ အရာအားလုံးကို သူမ၏ စုတ်တံပေါ်တွင် ဖော်ပြရန် မစောင့်နိုင်အောင်ပင်။
ယောင်ယောင်က ပုံဆွဲပြီး ရှမ့်မီက အရောင်ချယ်၏။ သူမက သူမ၏အစ်မလောက် ဉာဏ်မကောင်းသော်လည်း သေချာပေါက် ထူးချွန်ထက်မြက်ပြီး စေ့စပ်သေချာသူ ဖြစ်၏။ သူ၏သမီးနှစ်ယောက်က ရှမ့်လန်အတွက် စိတ်ပါလက်ပါ မြေပုံဆွဲပေးနေ၏။ ဖခင်တစ်ယောက် အနေနှင့် သူက မည်မျှ ကံကောင်းကြောင်းကို အထူးတလည် လိုက်လံ ပြောနေစရာတောင် မလိုအပ်ချေ။
“လေ့ကျိုးကျွန်းရဲ့ လယ်မြေအထွက်နှုန်းက ဘယ်လိုလဲ။” ရှမ့်လန်က မေးလိုက်၏။
“ဆန်ကျင်း ၃၀၀ ပါ။”
ကျန်းချွင်းဟွာက ပြောသည်။ “ဒါက တော်တော် များနေပြီ။ ဘာလို့လဲဆိုတော့ ဒီကျွန်းပေါ်က လယ်မြေတွေကို အခုမှ ဖော်ထုတ်ထားတာဆိုတော့ မြေဆီလွှာတွေရဲ့ ဩဇာက ကောင်းနေတုန်းမို့လို့ပဲ။ နောက်နှစ် နည်းနည်းကြာရင်တော့ အထွက်နှုန်းက လျော့ကျသွားရမှာ စိုးရတယ်။”
“အဲလို ဖြစ်လာမှာ မဟုတ်ဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “နောက်တစ်ဆင့်အနေနဲ့ မျိုးစေ့တွေကို တိုးတက်အောင် လုပ်ရမယ်။ ပြီးတော့ ယမ်းစိမ်းကျွန်းမှာ ယိမ်းစိမ်း အများအပြား ရှိရုံသာမက ဖော့စဖရပ် အများပြားလည်း ရှိတယ်။ အဲဒါဆိုရင် မြေဆီလွှာတွေရဲ့ မြေဩဇာကို ထိန်းသိမ်းထားနိုင်ပြီး သီးနှံတွေကို ရိတ်သိမ်းနိုင်လိမ့်မယ်။ ပြောနေစရာ မလိုဘူး။ အဓိကအချက်က မျိုးစေ့တွေကို တိုးတက်အောင် လုပ်ဖို့ပဲ။ ရှေးဟောင်းယဉ်ကျေးမှုက သီးနှံတွေက လက်ရှိထက် အများကြီး သာလွန်ခဲ့တယ်။”
“နောက်ထပ် ဘယ်နေရာကို တိုက်မှာလဲ။” ကျန်းချွင်းဟွာက မေးသည်။။
“အင်း.. ချောင်ဟောင်ရဲ့ ကျွန်းပေါ့။ အဲဒီမှာ ကြီးမားတဲ့ သတ္တုတွင်း ရှိတယ်။ သင်္ဘောကျင်း ရှိတယ်။ ကျုပ်တို့ တိုက်ရိုက် အသုံးချနိုင်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဦးခေါင်းခွံဂိုဏ်းရဲ့ စစ်သင်္ဘောတွေက မဆိုးဘူးဆိုပေမဲ့ လုံလောက်ဖို့တော့ လိုသေးတယ်။
ကျုပ်တို့က အမြောက်တင် စစ်သင်္ဘော အမျိုးအစား တန်ချိန် ၅၀၀၀။ ဒါမှမဟုတ် တန်ချိန် ၈၀၀၀ ကျော်တဲ့ အထူးသင်္ဘောကြီးတွေကို တည်ဆောက်ဖို့ လိုအပ်သေးတယ်။ မှတ်ထား။ ကျုပ်တို့ အဲဒီကျွန်းကို သိမ်းပိုက်တဲ့ အခါမှာ သင်္ဘောကျင်းတွေကို ဘာမှ ထိခိုက်မှု မရှိစေတာ အကောင်းဆုံးပဲ။ မင်း ချောင်ဟောင်နဲ့ ရင်းနှီးတယ် မဟုတ်လား။ အဖွဲ့ကို ဦးဆောင်ပြီး အဲဒီကျွန်းကို တိုက်ခိုက်လိုက်။”
“ကောင်းပါပြီ။”
ကျန်းချွင်းဟွာက ပြောသည်။ “အဲဒီကျွန်းကို တိုက်မယ်။ ပြီးတော့ရော။”
“ပြီးတော့ ကျင်းချန်ကျွန်းပေါ့။ အဲဒီမှာ သံသတ္တုတွင်းတွေနဲ့ ကြီးမားတဲ့ သတ္တုသန့်စင် စက်ရုံတွေ ရှိတယ်။”
ရှမ့်လန်က ပြော၏။ “အဲဒီ သတ္တုသန့်စင်စက်ရုံတွေကို ကျုပ်ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက်ခဲ့တာ။ အခုအချိန်မှာ အဲဒါတွေက ခေတ်နောက်ကျနေပြီ။ နောက်တစ်ဆင့်အနေနဲ့ ကျုပ်တို့က သံမဏိ ပမာဏ အများအပြား ကို ထုတ်လုပ်ဖို့ လိုအပ်လိမ့်မယ်။ အမြှောက်အသစ်တွေ၊ အမြှောက်ဆံအသစ်တွေနဲ့ စစ်သင်္ဘော အသစ်တွေ တည်ဆောက်ရမယ်။ နောက်ထပ် အရာတစ်ခု ရှိသေးတယ်။ ဒါကို ခင်ဗျား မှတ်တမ်းတင်ထားဖို့ လိုတယ်။”
ကျန်းချွင်းဟွာက ချက်ချင်းပဲ မှတ်စုစာအုပ် တစ်ခုကို ထုတ်ယူပြီး အထူးလျှို့ဝှက်ကုတ်ဖြင့် စတင် မှတ်တမ်း တင်၏။
“ဝပ်စီမံကိန်းကို တရားဝင် စတင်လိုက်ပြီ။”
ရှမ့်လန်က ပြော၏။ “ကျုပ်တို့ ရေနံ အမြောက်အများကို ရှာတွေ့ထားခဲ့ပြီ။ ဝပ်စီမံကိန်းသာ အောင်မြင်သွားရင် လောကကြီးကို တုန်လှုပ်စေမယ့် အပြောင်းအလဲတွေကို ယူဆောင်လာလိမ့်မယ်။ ဒီစီမံကိန်းက မဟာဗျူဟာမြောက် စီမံကိန်းဖြစ်ပြီး ကျုပ်တို့ အသက်ရှင် ရပ်တည်သွားဖို့တောင် ဆုံးဖြတ်ပေးနိုင်လိမ့်မယ်။”
“ကောင်းပါပြီ။”
ဝပ်စီမံကိန်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ သေချာပေါက် ရေနွေးငွေ့စက်ပင်။ ရေနွေးငွေ့စက် ရှိလာပါက သူက ကြီးမားလွန်းသည့် လေသင်္ဘောကြီးများ၊ စစ်သင်္ဘောသစ်ကြီးများကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး အမြှောက်သစ်များနှင့် အမြှောက်ဆံများကို အများအပြား ထုတ်လုပ်နိုင်ပေလိမ့်မည်။
အဘယ်ကြောင့် ဆိုသော် ရေနွေးငွေ့စက်က စက်ပစ္စည်းများကို လူ့စွမ်းအားအရင်းအမြစ် အစားထိုး အသုံးပြုစေနိုင်မှာ ဖြစ်ပြီး ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်ပေးမှာ ဖြစ်သောကြောင့်ပင်။
..................
ကောင်းကင်လေကျွန်း - ဤကျွန်းသည် မူလက တန်ဖိုးမရှိဘဲ သင်္ဘောကျင်း အနည်းငယ် သာလျှင် ရှိ၏။ သို့သော်ငြား သင်္ဘောကျင်းကြီးများ ဖြစ်လာသည့်အချိန်မှာတော့ အရေးပါဆုံးသောနေရာ ဖြစ်လာ၏။
ချောင်ဟောင် က တကယ့်ကို အံ့မခန်းဖြစ်သည်။ သူ၏ ကောင်းကင်လေကျွန်းက အပြောင်းအလဲ များစွာကို ကြုံတွေ့ခဲ့ရသော်လည်း သူက ကြံ့ကြံ့ခံ ရပ်တည်နေနိုင်၏။ သူက သင်္ဘော တစ်သောင်း ပါဝင်သည့် ရေတပ်ကို ဦးဆောင်ပြီး ခန့်ညားထည်ဝါစွာ ရှိနေသည်။
ကျန်းချွင်းဟွာက စစ်သင်္ဘော အစီး ၃၀ နှင့် ဦးခေါင်းခွံ ပင်လယ်ဓားပြ စုစုပေါင်း ၅၀၀၀ ကို ဦးဆောင်ပြီး ကောင်းကင်လေကျွန်းကို တိုက်ခိုက်ရန် မြောက်ဘက်သို့ ချီတက်၏။
ကောင်းကင်လေကျွန်း၏ ရေပိုင်နက်၊ ချောင်ဟောင်က သင်္ဘော တစ်သောင်း ပါဝင်သည့် ရေတပ်ကို ဦးဆောင်ပြီး ခန့်ညားထည်ဝါစွာဖြင့် ရပ်တည်နေ၏။ သူ၏ ရေတပ် အတိုင်းအတာက ရန်နန်းဖေး၏ ရေတပ်လောက် မကြီးမားသော်လည်း ၁၀ မိုင်ကျော်အထိ ရှည်လျားသည်။
ကျန်းချွင်းဟွာက စစ်သင်္ဘော အစီး ၃၀ ကို ဦးဆောင်ပြီး မြောက်ဘက်သို့ ချဉ်းကပ်၏။ သူတို့က ချောင်ဟောင်၏ ရေတပ်နှင့် မီတာ ၅၀၀၀ အကွာ၊ မီတာ ၃၀၀၀ အကွာ၊ မီတာ ၁၀၀၀၊ မီတာ ၆၀၀ အကွာအဝေးဆီသို့ ရောက်ရှိ၏။
“အသင့်ပြင်ကြ။” အမြှောက်များ အားလုံးကို ချိန်ရွယ်ပြီး ပစ်ခတ်ရန် အသင့်ပြင်နေသည်။
ထိုအချိန်မှာပဲ ချောင်ဟောင်က လက်များကို ဝှေ့ယမ်းကာ အော်ဟစ်၏။ “ဒါ သခင်မလေး ကျန်းချွင်းဟွာ လား။ ခင်ဗျား ကျုပ်ကို သတ်ချင်နေတာလား။ အရှင်ရှမ့်လန် ဘယ်မှာလဲ။ အရှင်ရှမ့်လန် ဘယ်မှာလဲ။ ကျုပ်ကို ခေါ်သွားပြီး ဂါရဝပြုခွင့်ပေးပါ။”
ချောင်ဟောင်က ကုန်းပတ်အား ခေါင်းဖြင့် တိုက်ကာ အော်ဟစ်၏။ “ပင်လယ်ဓားပြ ချောင်ဟောင်က အရှင်ရှမ့်လန်အပေါ် သစ္စာစောင့်သိပါ့မယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ကျန်းချွင်းဟွာသည် သူမ၏လှပသည့် ပါးစပ်ကို ဟကာဖြင့် စကားလုံးတစ်လုံးကိုသာ ရေရွတ်လိုက်မိသည်။ “သောက်ကျိုးနည်း ခွေးကောင်...”
ချောင်ဟောင်က ဤနှစ်ပိုင်းအတွင်း ဤကဲ့သို့နည်းဖြင့် အသက်ရှင်ခဲ့သည်လား။
“ရှင်က တကယ့်ကို အံ့မခန်းပဲ။” မတိုက်ရသေးခင်မှာပဲ လက်နက်ချနေ၏။ အနည်းဆုံး ခုခံဖို့ပင် မကြိုးစားခဲ့ပေ။
....................
ချောင်ဟောင် လက်နက်ချခဲ့သော်လည်း လက်နက်မချနိုင်သည့် လူတချို့ ရှိသေး၏။ ဥပမာ ကျိုးကျောင်းရန် ကဲ့သို့ပင်။ သူမက ရွှမ်ဝူနယ်စား၏ စံအိမ်ကြီးကို သိမ်းပိုက်ထားသည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၍ ထျန်းနန်ပြည်နယ်တွင် တန်ခိုးအာဏာ ကြီးမားပြီး လွှမ်းမိုးနိုင်ခဲ့၏။ ယခု သူမက နုရှောင့်မြို့မှ ရင်ကွဲပက်လက် သတင်းဆိုးကို လက်ခံရရှိခဲ့၏။ သူမ၏ ကမ္ဘာပျက်မည့်နေ့က ရောက်ရှိလာပေတော့မည်။
........
ပင်လယ်ပြင်က ရှမ့်လန်၏ အပြည့်အဝ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သောကြောင့် နုရှောင့်မြို့ တိုက်ပွဲကြီး၏ အခြေအနေကို သိရှိရန် လုံးဝ ခက်ခဲ၏။ သို့သော်ငြား ပိုက်ကွန်ပိတ်၍ ဖမ်းဆီးသည့်ကြားမှ လွတ်မြောက်သွားခဲ့သူ တချို့တော့ ရှိသေး၏။
ဥပမာအားဖြင့် တိုက်ပွဲစတင်ပြီး မကြာမီ ထွက်ပြေးသွားခဲ့သည့် ကုန်သည်များကဲ့သို့ပင်။ သူတို့က နုရှောင့်မြို့မှ ထွက်ပြေးလာခဲ့ပြီးနောက် လယ်ကွင်းပြင် ၊ ကျွန်းမြေများဘက်သို့ ဆက်လက် ထွက်ပြေးပြီး လူသူကင်းမဲ့သည့် ကမ်းခြေတစ်ခုကို ရှာဖွေတွေ့ရှိ၏။ ထိုနေရာမှ လှေငယ်လေးတစ်စင်းဖြင့် နုကျန့်စီရင်စုဆီသို့ ထွက်ပြေးခဲ့ခြင်းပင်။
သေချာတာပေါက် ကုန်သည်အများအပြားက ကျရှုံးခဲ့၏။ အဘယ်ကြောင့်ဆိုသော် လှေငယ်အများစုက ပင်လယ်ပြင်တွင် ရွက်လွှင့်ရန် မသင့်တော်သောကြောင့်ပင်။ သို့သော်ငြား ရာသီဥတု သာယာနေချိန်တွင် သူတို့ထဲမှ အများအပြားက ရွှဲ့ပြည်နယ်၏ ကုန်းမြေပေါ်သို့ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည်။
နုရှောင့်မြို့မှ ကုန်သည်တစ်ဦးက ကျိုးကျောင်းရန်၏ ရှေ့တွင် ဒူးထောက်ပြီး ငိုကြွေးနေ၏။ “ဆိုးဝါးလွန်းတယ်။ အရမ်းကို ဆိုးဝါးလွန်းပါတယ်။”
ကျိုးကျောင်းရန်က အေးစက်စက်နှင့် ပြော၏။ “ငိုနေတာကို ရပ်ပြီး အသေးစိတ် အကုန်ပြောပြစမ်း။ ပုံကြီးချဲ့မနေနဲ့။”
နုရှောင့်မြို့မှ ကုန်သည်က ပြောသည်။ “ရှမ့်လန်က ဧရာမ ဘောလုံးကြီးနဲ့ ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ ပြီးတော့ နုရှောင့်မြို့ပေါ်ကို ဆီမဲတွေကို ပစ်ချတယ်။ မီးက ရက်အနည်းငယ်ကြောင့် လောင်ကျွမ်းခဲ့တယ်။ မြို့တစ်ခုလုံးက ပြာကျတယ်။ ကျောက်တုံးတွေ၊ အုတ်ခဲတွေတောင် ပျက်စီးကုန်တယ်။ လူပေါင်း တစ်သိန်းကျော်လောက်က မီးလောင်ပြီး သေဆုံးခဲ့တယ်။ ရာဂဏန်းလောက်ပဲ ထွက်ပြေး လွတ်မြောက်ခဲ့တယ်။
သိပ်ကို ဆိုးလွန်းတယ်။ မရေတွက်နိုင်တဲ့ လူတွေက မီးထဲမှာ သေဆုံးတယ်။ ဒါကို ကျုပ် မျက်စိနဲ့ သေချာမြင်ခဲ့ရတာ။ ပြီးတော့ မီးခိုးတွေက အဆိပ်ပြင်းတယ်။ လူတွေအများကြီးက ပြင်းပြင်းထန်ထန်နဲ့ လဲကျပြီး သေဆုံးကုန်ကြသေးတယ်။”
ထိုနေရာသို့ ရောက်ရှိချိန်မှာတော့ နုရှောင့်မြို့မှ ကုန်သည်သည် ငိုကြွေးရင်း မြေကြီးပေါ်သို့ လဲကျပြီး တက်မတတ် ဖြစ်လို့နေ၏။
ကျိုးကျောင်းရန်က မေးမြန်းလိုက်သည်။ “ရန်နန်းဖေးကရော... ရဲတိုက်ကြီးကရော..။”
“ကျုပ် မသိဘူး။ ကျုပ်ထွက်ပြေးလာတုန်းက မီးလောင်နေတုန်းပဲ။ ဒါပေမဲ့ ရဲတိုက်ကြီးကတော့ ရှိနေသေးတယ်။ သခင်ကြီး ရန်နန်းဖေးကို မတွေ့ခဲ့ပါဘူး။”
ကျိုးကျောင်းရန်က မျှော်လင့်ချက် ရှိနေဆဲပင်။ နုရှောင့်မြို့ အလယ်ရှိ ရဲတိုက်ကြီးအကြောင်းကို သူမက သိ၏။ ထိုအရာက လိပ်ခွံကဲ့သို့ပင် အလွန်တရာ ခိုင်မာ၏။ မည်သည့်မီးမှ လောင်ကျွမ်းခြင်း မရှိချေ။ ထို့ပြင် ရန်နန်းဖေးတွင် စစ်သည်ပေါင်း ၁ သိန်း၊ ယင်ယွမ်အဖွဲ့အစည်း၌ သံမဏိသွေး စစ်သည် ၁ သောင်းနှင့် စေတီတောင်မှ ကူပိုးကောင်မြား ၃ သောင်းလုံး ရှိသေး၏။ နုရှောင့်မြို့ မီးလောင်ပြာကျသွားသည် ဆိုလျှင်တောင် ရန်နန်းဖေးက ဤတိုက်ပွဲကို အနိုင်ရရှိသင့်၏။
ကျိုးကျောင်းရန်က ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းလျက် ရှိ၏။ ပြီးနောက် သူက သူ့ကိုယ်သူ နှစ်သိမ့်နေသည်။ “ရန်နန်းဖေးက သေချာပေါက် နိုင်မှာပဲ။ စိတ်မပူနဲ့။”
ထိုအချိန်မှာပဲ သူမ၏ စစ်သည်တစ်ဦးက ရှေ့သို့ တိုးလာ၏။ “သခင်မ... ရွှမ်ဝူမြို့တော်ဝန် ကျူးဝမ်ဟွာ တွေ့ခွင့်တောင်းနေပါတယ်။”
ကျိုးကျောင်းရန်က မျက်မှောင်ကြုတ်လိုက်၏။ သူမက ဤကျူးဝမ်ဟွာကို မနှစ်သက်ပေ။ မကြာသေးခင်ကတင် နုရှောင့်မြို့ဆီသို့သွားပြီး ပိုးထည်လုပ်ငန်း၏ ဝေစုကို ရယူရန် ကြိုးစားခဲ့သေး၏။ ထို့တင်သာ မကသေးချေ။ ရှစ်ချင်းချင်းကိုပါ ကိုယ်လုပ်တော်အဖြစ် ယူချင်နေသေး၏။ သူမဆီမှ လုယူသွားရန် ကြိုးစားနေခြင်း မဟုတ်ပါလား။ သို့သော်ငြား ယခု ရှမ့်လန် ရောက်ရှိလာပြီ ဖြစ်သောကြောင့် လူတိုင်းက တူညီသည့်ရန်သူ ရှိနေ၏။ ထို့ကြောင့် စည်းလုံးရန် လိုအပ်နေသည်။ “သူ့ကို ဝင်ခွင့်ပေးလိုက်။”
……………
ခဏအကြာမှာပဲ ကျူးဝမ်ဟွာ ဝင်လာ၏။ မျက်နှာက ဖြူဖတ်ဖြူလျော်နှင့်ပင်။
“နုရှောင့်မြို့မှာ အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်နေတယ်လို့ ကြားတယ်။”
ကျူးဝမ်ဟွာက ပြော၏။ “နုရှောင့်မြို့က ကုန်သည်တချို့က ကျုပ်ရဲ့ မြို့တော်ဝန်အိမ်တော်ကို ထွက်ပြေးလာခဲ့တယ်။ ရှမ့်လန်က နုရှောင့်မြို့ကို ကောင်းကင်ကနေ တိုက်ခိုက်လို့ မြို့တစ်ခုလုံး ပြာကျသွားပြီလို့ ပြောနေတယ်။”
ကျိုးကျောင်းရန်က လှောင်ပြောင်လိုက်သည်။ “ကျူးဝမ်ဟွာ.... ရှင် ဘာဖြစ်ချင်နေတာလဲ။”
ကျူးဝမ်ဟွာက ခဏမျှ တိတ်ဆိတ်သွား၏။ “သခင်မကျိုး... ခင်ဗျား ကျုပ်ကို အမြင်စောင်းနေမှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ကျုပ်တို့က တစ်လှေတည်း စီးနေကြတယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ရိုးရိုးသားသား ပူးပေါင်းကြဖို့ လိုအပ်ပါတယ်။”
ကျိုးကျောင်းရန်က ပြောသည်။ “ကျွန်မတို့ ထွက်ပြေးသွားသင့်လားလို့ မေးချင်နေတာလား။”
ကျူးဝမ်ဟွာက ခေါင်းညိတ်၏။ “ဟုတ်ပါတယ်။”
ဤအရာက တကယ့် ဆိုလိုရင်းပင်။ ရှမ့်လန်က နုရှောင့်မြို့ကို သိမ်းပိုက်ပြီးသည်နှင့် ကောင်းကင်လေကျွန်းနှင့် ကျင်းချန်ကျွန်း ကို ဆက်လက် တိုက်ခိုက်ပေလိမ့်မည်။ မကြာခင် ရွှမ်ဝူမြို့ကို ကမ်းတက်ပြီး ရွှမ်ဝူနယ်စားစံအိမ်ကို ပြန်လည် သိမ်းပိုက်မှာ ဖြစ်သည်။
အကယ်၍ ရှမ့်လန်၏ တပ်တော် ကမ်းတက်လာသည်အထိ စောင့်နေသည် ဆိုပါက နောက်ကျသွားပေလိမ့်မည်။ နုရှောင့်မြို့ ကျဆုံးသွားသည်နှင့် လူတိုင်းက ထွက်ပြေးကြရပေတော့မည်။
ကျိုးကျောင်းရန်က ပြောလိုက်၏။ “ကျွန်မတို့ ထွက်ပြေးမယ်ဆိုရင် ဘယ်ကို ထွက်ပြေးသင့်တယ်လို့ ရှင်ထင်လဲ။”
“ကောင်းကင်ပင်လယ် နန်းဆောင် ဒါမှမဟုတ် တော်ဝင်ရန်မြို့တော်ရဲ့ မီးတောက်မြို့တော်ဆီပေါ့။” ကျူးဝမ်ဟွာ က ပြော၏။
ကျိုးကျောင်းရန်က ပြောလိုက်သည်။ “ရှင်သိထားတဲ့ သတင်းအချက်အလက်တွေ အားလုံးကို ကျွန်မလည်း သိပြီးသား။ ရှမ့်လန်က ဘောလုံးကြီးကို သုံးပြီး လေကြောင်းတိုက်ခိုက်မှုကို လုပ်ခဲ့တယ်။ နုရှောင့်မြို့ပေါ်ကို ဆီမဲတွေ ကီလိုဂရမ် သန်းပေါင်းများစွာ ပစ်ချပြီး မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါပေမဲ့ ရဲတိုက်ကြီးက ရှိနေသေးတယ်။ ရန်နန်းဖေးရဲ့ တပ်တော်က ရှိနေသေးတယ်။ ရှင် နုရှောင့်မြို့ကို ရောက်ဖူးတယ်ဆိုတော့ မေးပါရစေ။ အဲဒီရဲတိုက်ကြီးက မီးရှို့ဖျက်ဆီးလို့ ရနိုင်လို့လား။”
ကျူးဝမ်ဟွာက ခဏမျှ စဉ်းစား၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ “မီးရှို့ဖျက်ဆီးလို့တော့ မရပါဘူး။”
ကျိုးကျောင်းရန်က ထပ်မေးသည်။ “ဒါဆိုရင် မေးပါရစေအုံး။ နုရှောင့်မြို့ရဲ့ ရဲတိုက်ကြီးက ကျွန်မတို့ ရဲတိုက်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။”
ကျူးဝမ်ဟွာက ဖြေ၏။ “အများကြီး... အများကြီး ပိုပြီးတော့ ခိုင်ခံ့ပါတယ်။”