အခန်း (၉၃၃-၉၃၄)
Vol. 56 Ch. 933-934
အပိုင်း (၉၃၃)
ကျိုးကျောင်းရန်က ပြောလိုက်သည်။ “ဒါကြောင့် ရှမ့်လန်က မြို့ကို တိုက်ခိုက်တော့မယ်။ သခင်ကြီး ရန်နန်းဖေး ဆီမှာ လူ ၆ သောင်း၊ ၇ သောင်းလောက် ကျန်နေသေးတယ် ဆိုရင်တောင် ရှမ့်လန်က သူတို့ကို ယှဉ်ဖို့ အဝေးကြီး လိုသေးတယ်။
ပြီးတော့ ဒီတစ်ခါ သူပြန်လာတာ လူဘယ်နှစ်ယောက် ခေါ်လာခဲ့လို့လဲ။ မြို့ကို တိုက်ဖို့ လူဘယ်လောက် သုံးနိုင်မှာလဲ။ အများဆုံး ၁ သောင်း၊ ၂ သောင်းပေါ့။ ၁ သောင်း၊ ၂ သောင်းလေးနဲ့ ၆ သောင်း၊ ၇ သောင်းကို တိုက်မှာလား။”
“သခင်ကြီး ရန်နန်းဖေးမှာ ဒီလောက် ခိုင်မာတဲ့ ရဲတိုက်ကြီး ရှိနေတယ်။ သူက အဲလောက်တောင် အသုံးမကျတဲ့ လူတစ်ယောက်လို့ ရှင်ထင်နေတာလား။ ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိသွေး တပ်တော်ကို ကျွန်မ မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ဖူးတယ်။ သူတို့က ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော်ထက် အများကြီး ပိုပြီးသန်မာတယ်။ စေတီတောင်ရဲ့ ကူပိုးကောင်မြားတွေကလည်း ရှိသေးတယ်။ ရှမ့်လန်ရဲ့ တပ်တော်က ရဲတိုက်နားကို ကပ်သွားတာနဲ့ အကုန်သေမယ်ဆိုတာ ကျွန်မ ရဲရဲကြီး အာမခံတယ်။”
ဤစကားကို ကြားချိန်မှာတော့ ကျူးဝမ်ဟွာက ခေါင်းမညိတ်ဘဲ မနေနိုင်ချေ။
ကျိုးကျောင်းရန်က ပြောလိုက်၏။ “အခု ရှင် ထွက်ပြေးသွားမယ်ပေါ့။ ဒါဆိုရင် ရှင့်ရဲ့ အသက်မွေးဝမ်းကျောင်းက အဆုံးသတ်သွားပြီ။ ကျွန်မတို့ ကျိုးမိသားစုက အရာရာကို ဆုံးရှုံးခဲ့ရပြီးပြီ။ ဒီရဲတိုက်နဲ့ ဒီမြေကို ရရှိထားတယ်။ အခု အရာအားလုံးကို စွန့်ပစ်ပြီး ကျွန်မ ထွက်ပြေးမယ်လို့ ရှင်ထင်နေတာလား။ လုံးဝ မဖြစ်နိုင်ဘူး။ ရှင်ပြေးချင်ရင်လည်း ပြေး။ ဒါပေမဲ့ ကျွန်မကို လာမခေါ်နဲ့။ ရှင်ထွက်ပြေးသွားပြီးတာနဲ့ ကျွန်မ လူတွေကို နန်းမြို့တော်ဆီ စေလွှတ်ပြီး ရှင့်ကို စွပ်စွဲအပြစ်တင်ခိုင်းမယ်။”
ကျူးဝမ်ဟွာက အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။ “ကျုပ် ဘယ်လိုလုပ် ထွက်ပြေးလို့ရမှာလဲ။ ကျုပ်မှာ အဲလို ရည်ရွယ်ချက်မျိုး မရှိပါဘူး။ လုံးဝ မရှိပါဘူး။”
...............
ကျူးဝမ်ဟွာက ထွက်ခွာသွား၏။ ကျိုးကျောင်းရန်က တိတ်ဆိတ်ငြိမ်သက်လို့နေ၏။ သူမက ရဲတိုက်၏ အမြင့်ဆုံးနေရာဆီသို့ တက်သွားပြီး စိုးရိမ်စိတ်နှင့် ငုံ့ကြည့်၏။ သူမက နုရှောင့်မြို့၏ အခြေအနေကို ကြည့်ချင်သော်လည်း မိုင်ထောင်ချီ ဝေးကွာနေ၏။ အဘယ်သို့ မြင်ရမည်နည်း။
ပြီးနောက် သူမက ယခင် ရွှမ်ဝူနယ်စား အိမ်တော်၏ စံအိမ်ဟောင်းဖြစ်သော အန့်တင်းမြို့စား အိမ်တော်ကြီး တစ်ခုလုံးကို လောဘတကြီးနှင့် ငုံ့မိုးကြည့်၏။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ကံဆိုးမိုးမှောင်ကျမှုကြောင့် သူမ၏ ကျိုးမိသားစုက ဘေးဒုက္ခအန္တရာယ်ကို ကြုံတွေ့ခဲ့ရ၏။ ဂုဏ်ထူးဂုဏ်ပုဒ်များနှင့် မြေယာများကို ဆုံးရှုံးခဲ့ရပြီး၏။ ထိုကဲ့သို့သော နေ့ရက်များက တကယ့်ကို ငရဲခန်းသဖွယ်ပင်။
ကျိုးမိသားစု အထွတ်ထိပ် ရောက်သည့်အချိန်တွင်ပင် ဤမျှကြီးမားသည့် မြေယာနှင့် ရဲတိုက်ကြီးကို မပိုင်ဆိုင်ခဲ့ဖူးချေ။ လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမက ဤရဲတိုက်ကြီး၏ ပိုင်ရှင် ဖြစ်လာခဲ့၏။ ယခု သူမ ပြန်လည် ဆုံးရှုံး ရတော့မည်လား။ မဟုတ်ပေ။ လုံးဝ မဖြစ်နိုင်ပေ။
ဤနေရာက တစ်ချိန်က ကျိုးမိသားစု၏ ရာစုနှစ်ချီသော အခြေခံအုတ်မြစ်များ ဖြစ်ခဲ့ဖူး၏။ ယခုအခါမှာတော့ သူမ ကျိုးကျောင်းရန် ပိုင်ဆိုင်နေ၏။ မည်သူမှ လာကာ လုယူ၍ မဖြစ်နိုင်ပေ။ သို့သော်ငြား နုရှောင့်မြို့သာ ကျဆုံးသွားသည် ဆိုပါက မည်သို့လုပ်မည်နည်း။ ရှမ့်လန်၏ တပ်တော်က ဤရဲတိုက်ကို ပြန်လည်သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားပေလိမ့်မည်။ သူမ၏ ကျိုးမိသားစုက ရှမ့်လန်ကို ခုခံနိုင်ပါမည်လား။ ထိုအရာက နေ့ခင်းကြောင်တောင် အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဒီရဲတိုက်က ငါ့ဟာ... ဟိုခွေးမ ကျင်းမူလန် လက်ထဲကို နောက်တစ်ကြိမ် အရောက်ခံလို့ မဖြစ်ဘူး။ သူ သေအောင် မနည်းကြိုးစားထားခဲ့ရတာ။ ပြန်ထလာလို့ မဖြစ်ဘူး။”
ကျိုးကျောင်းရန်က အဆိပ်ပြင်းသည့် အသံမျိုးဖြင့် ရေရွတ်နေ၏။ သူက အံကိုကြိတ်ကာ ပြော၏။ “ငါသာ မပိုင်ရဘူးဆိုရင် ဘယ်သူမှ မပိုင်ရဘူး။”
သူမက ရဲတိုက်ထဲသို့ ပြန်ဝင်ပြီး အော်ပြော၏။ “ဆရာကြီးရွှီကို ငါ့ဆီလာခဲ့ဖို့ ပြောလိုက်။”
ခဏအကြာမှာပဲ ပညာရှင်ဆန်သည့် လူတစ်ယောက်က သူမ၏ ရှေ့သို့ ရောက်ရှိလာ၏။ ထိုသူက အဂ္ဂိရတ်ဆရာ တစ်ဦး ဖြစ်ပြီး ကျိုးကျောင်းရန်၏ ယုံကြည်စိတ်ချမှုကို ရရှိထားသူပင်။ သူက သူမအား နည်းပညာတစ်ခုကို ပေးခဲ့၏။ ထိုအရာက ယမ်းမှုန့်နည်းပညာပင်။
ရွှဲ့ပြည်နယ်တွင် ရှမ့်လန်က ယမ်းမှုန့်ကို အကြိမ်ကြိမ် သုံးခဲ့ဖူး၏။ အထူးသဖြင့် ကျိုးမိသားစုကို တိုက်ခိုက်စဉ် ကပင် ယမ်းမှုန့်၏ တဝက်တပြက်ကို ထုတ်ဖော်ပြသခဲ့သော်လည်း မည်သူကမှ နည်းပညာကို မသိကြချေ။ အဂ္ဂိရတ် ဆရာအများအပြားက ကြိုးစားခဲ့သော်လည်း အချည်းနှီးပင် ဖြစ်သည်။
ဤတာအိုပညာရှင်ရွှီက ယမ်းမှုန့်မဲများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ကျိုးကျောင်းရန်ကို ဆက်သ၏။ ထိုနည်းဖြင့် သူမ၏ ယုံကြည်မှုကို ရရှိခဲ့၏။
“အခု ကျွန်မတို့ဆီမှာ ယမ်းမှုန့် ဘယ်လောက်တောင် ရှိလဲ။” ကျိုးကျောင်းရန်က မေးသည်။
“ယမ်းစိမ်းကို ရဖို့က သိပ်ခက်လွန်းပါတယ်။ အိမ်သာဟောင်းတွေကနေ လိုက်ပြီးတော့ ခြစ်ယူရတာ။ ယမ်းမှုန့် ၁ သိန်းခွဲကျင်းကို ရဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။”
၁ သိန်းခွဲကျင်း - ဤမျှကြီးမားသည့် ပမာဏတစ်ခုကို ကြားရ၏။
“ဒီယမ်းမှုန့်ပမာဏနဲ့ ရှမ့်လန်ရဲ့တပ်တော်ကို ဖျက်ဆီးပစ်နိုင်မလား။ ဒီရဲတိုက်ကို ကာကွယ်နိုင်မလား။” ကျိုးကျောင်းရန် က မေး၏။
“သိပ်ပြီး ခက်ခဲပါလိမ့်မယ်။ နုရှောင့်မြို့ကို ကာကွယ်လို့ မရရင် ယမ်းမှုန့် ၁ သိန်းခွဲကျင်းရှိလည်း ကျုပ်တို့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။”
ကျိုးကျောင်းရန်၏ အကြည့်များက အေးစက်သွားသည်။ “ဒီလိုဆိုလျှင် ဤယမ်းမှုန့် ၁ သိန်းခွဲကျင်းက စံအိမ်တစ်ခုလုံး ကို ဖောက်ခွဲပစ်ဖို့ရော လုံလောက်လား။”
တာအိုပညာရှင်ရွှီက မယုံကြည်နိုင်သလို တုန်လှုပ်သွားမိ၏။ “အားလုံးကိုလား။”
ကျိုးကျောင်းရန်က ခေါင်းညိတ်သည်။ “ဟုတ်တယ်။ အားလုံးကို။”
တာအိုပညာရှင်ရွှီက ပြော၏။ “စံအိမ်တစ်ခုလုံးကို ဖောက်ခွဲပစ်ဖို့ဆိုတာ တော်တော်ကြီး ခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုတော့ သိပ်ပြီး ကြီးလွန်းလို့ပဲ။ ဒါပေမဲ့ အဓိက အဆောက်အအုံ တော်တော်များများကို ဖောက်ခွဲပစ်လို့တော့ ရနိုင်တယ်။”
ကျိုးကျောင်းရန်က မေးသည်။ “ဒါဆိုရင် ဆီဘယ်လောက်ရှိသေးလဲ။”
“ငါးဆီ ကျင်း ၈ သောင်းနဲ့ တခြားဆီ ၁ သိန်း ၃ သောင်းကျင်းလောက် ရှိပါတယ်။”
ကျိုးကျောင်းရန်က မေး၏။ “ဒါတွေအကုန်လုံး ပေါင်းလိုက်ရင် ရွှမ်ဝူနယ်စားစံအိမ်ကို လုံးဝ ဖျက်ဆီးပစ် နိုင်လား။”
တာအိုပညာရှင်ရွှီက ဖြေသည်။ “ဒီလောက်ဆိုရင် ရပါပြီ။”
ကျိုးကျောင်းရန်က မေးလိုက်၏။ “ရှမ့်လန်ရဲ့ တပ်တော်သာ ဒီရဲတိုက်ထဲကို ဝင်လာရင် သူတို့ပါ အတူတူ ပေါက်ကွဲသွားမှာလား။”
တာအိုပညာရှင်ရွှီက ပြောသည်။ “ဟုတ်ပါတယ်။”
ကျိုးကျောင်းရန်က ထပ်ပြော၏။ “ဒါဆိုရင် ပြင်ဆင်လိုက်တော့။ ယမ်းမှုန့် ၁ သိန်းခွဲကျင်း၊ ငါးဆီ ၈ သောင်း ကျင်းနဲ့ တခြား ဆီ ၁ သိန်းခွဲကျင်းကို အိမ်ရဲ့နေရာတွေမှာ မြှုပ်ထားလိုက်။ ကျွန်မ အမိန့်ပေးတာနဲ့ ရွှမ်ဝူအိမ်တော် တစ်ခုလုံးက မြေပြင်နဲ့ တစ်သားတည်း ဖြစ်သွားစေရမယ်။ ဒီမှာရှိတဲ့ လူတိုင်းကလည်း အစအနမကျန် ဖြစ်သွားရမယ်။”
တာအိုပညာရှင်ရွှီက ပြောသည်။ “ကောင်းပါပြီ။”
ပြီးနောက် သူက ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ထွက်ခွာသွား၏။
ကျိုးကျောင်းရန်က နောက်တစ်ကြိမ် အံကြိတ်လိုက်ပြန်သည်။ “ငါသာ မပိုင်ရရင် ဘယ်သူမှ မပိုင်စေရဘူး။ ကျင်းမူလန်... နင် ဒီစံအိမ်ကြီးကို ပြန်ပြီး မရစေရဘူး။ ကျင်းမိသားစု ပြန်မယူနိုင်အောင် အရာအားလုံးကို ဖျက်ဆီးပစ်မယ်။”
..............
ချောင်ဟောင်က ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ပြီး ဦးတိုက်၏။ “ဓားပြကြီး ချောင်ဟောင်က အရှင်ရှမ့်လန်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ရှမ့်လန်က ဤလူကို ကြည့်ရင်း လုံးဝ စကားမပြောနိုင်အောင်ပင် ဆွံ့အနေ၏။ သူ၏ ရန်သူအများအပြားတို့က အလောင်းများ ပုပ်ပွသွားခဲ့ပြီ ဖြစ်သော်လည်း ဤလူတစ်ယောက်တည်းကတော့ အသက်ရှင်နေဆဲပင်။ နုရှောင့်မြို့က ပိုင်ရှင် ၃ ကြိမ် ပြောင်းလဲသွားခဲ့သော်လည်း ချောင်ဟောင်က ကောင်းကင်လေကျွန်းကို ထိန်းချုပ်ထားနိုင်ဆဲပင်။
ရှမ့်လန်က ပြောသည်။ “ခင်ဗျားက တစ်ချိန်တုန်းက ဝူပြည်နယ်နဲ့ ပူးပေါင်းပြီး ကျုပ်ရဲ့ကျင်းမိသားစုကို တိုက်ခိုက်ခဲ့ဖူးတယ်။ ပြီးတော့ ရွှဲ့ပြည်နယ်နဲ့ ပူးပေါင်းပြီး ကျုပ်ကို ရေကြောင်းကနေ ပိတ်ဆို့ရာမှာလည်း ပါဝင်ခဲ့ဖူးတယ်။ ခင်ဗျားရဲ့ ရေတပ်ကို ကျုပ် မတွေ့ခဲ့ပေမဲ့ ခင်ဗျား ပါဝင်ခဲ့တယ် ဆိုတာကတော့ အမှန်ပဲ။”
ထိုအချိန်က ရှမ့်လန်ကို ဝန်းရံခဲ့သည့် ရေတပ်များက တကယ့်ကို များပြား၏။ သိန်းနှင့်ချီ၏။ ချောင်ဟောင်၏ သင်္ဘောအစီးရေ ထောင်ဂဏန်းက မထင်ရှားခဲ့ပေ။
ချောင်ဟောင်က ဦးတိုက်၏။ “ဒီလူယုတ်မာမှာ အပြစ်ရှိပါတယ်။ အပြစ်ပေးပါ။”
ရှမ့်လန်က ပြောသည်။ “ခင်ဗျားက သန်မာတဲ့သူတိုင်းကို ဒူးထောက်ပြီး လက်နက်ချတာလား။ ကိုယ့်မိသားစုကို အရင်ဆုံး ကာကွယ်တဲ့သဘောလား။”
“ဟုတ်ပါတယ်။” ချောင်ဟောင်က ပြော၏။
ရှမ့်လန်က ပြောလိုက်သည်။ “နောင်အနာဂတ်မှာ တော်ဝင်ရန် အင်ပါယာ ကျူးကျော်လာတဲ့အခါ၊ ဒါမှမဟုတ် ကောင်းကင်ပင်လယ် နန်းဆောင်၊ စေတီတောင်တို့ ကျူးကျော်လာတဲ့အခါမျိုးမှာ ခင်ဗျား ကျုပ်ကို သစ္စာဖောက်ပြီး သူတို့ဆီ လက်နက်ချအုံးမှာလား။”
ချောင်ဟောင်က မြေကြီးပေါ်တွင် ဒူးထောက်ကာဖြင့် တုန်ယင်စွာ ပြောလိုက်၏။ “မလုပ်ပါဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဘာလို့လဲ။ ကျုပ်အပေါ်မှာပဲ သစ္စာရှိတာမျိုးလား။”
ချောင်ဟောင်က ခေါင်းခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ပင်ပန်းနေပါပြီ။”
ရှမ့်လန်က အံ့အားသင့် မင်သက်သွားမိသည်။
ချောင်ဟောင်က ခေါင်းပြန်မော့လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အရှင်... ကျုပ်က ယောက်ျားရော မိန်းမရော နှစ်မျိုးလုံးကို ကြိုက်တာ အရှင်သိပါတယ်။ အချိန်အကြာကြီး ကျုပ် ယောက်ျားတွေကို ကြိုက်ခဲ့တယ်။ နောက်တော့ ယောက်ျားနဲ့တူတဲ့ မိန်းမတစ်ယောက်ကို တွေ့တယ်။ အိမ်ထောင်ကျပြီး ကလေးတွေ ရလာတယ်။”
ရှမ့်လန်က ပြောသည်။ “မိသားစု ရှိလာပြီးတဲ့ နောက်မှာ လူတစ်ယောက်က လုံးဝ ပြောင်းလဲသွားတတ်တယ်။ ဒီအကြောင်းပြချက်က သိပ်ကောင်းပေမဲ့ ကျုပ် မယုံဘူး။”
ချောင်ဟောင်က ပြောလိုက်၏။ “အရှင်... ကျုပ် တကယ့်ကို ပင်ပန်းနေပါပြီ။ အရင်တုန်းက ကျုပ်မှာ ရည်မှန်းချက် ကြီးကြီးမားမား ရှိခဲ့တယ်။ မင်းသား နင်ယီဆီမှာ လက်နက်ချခဲ့တယ်။ ပြီးတော့ ဝူပြည်နယ်၊ ပြီးတော့ နင်ရှောင်၊ နောက်ဆုံး ယင်ယွမ်အဖွဲ့အစည်းဆီမှာ လက်နက်ချခဲ့တယ်။ ဘိုးဘေးတွေ ဂုဏ်ယူနိုင်ဖို့ နယ်စားဘွဲ့ကို ရချင်ခဲ့တယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျုပ်က အင်အားရှိတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ ကျုပ် ချောင်ဟောင်က အရေးမပါတဲ့ လူတစ်ယောက်ပဲ။ ကျုပ်က အမြဲတမ်း သူများကြိုးဆွဲရာကို ကရတဲ့ ရုပ်သေးရုပ်ပဲ။ ဒီရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ကျုပ်က သင့်တော်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ကျုပ်က တော်လွန်းတဲ့ လူတစ်ယောက်လည်း မဟုတ်ဘူး။ ကျုပ်က အရည်အချင်း မရှိပါဘူး။”
ရှမ့်လန်က မင်သက်သွားမိ၏။ ချောင်ဟောင်၏ နားလည်သဘောပေါက်မှုက အလွန့်ကို နက်ရှိုင်းလို့နေသည်။
“ကျုပ်က အရည်အချင်း မရှိလို့ လူတွေက စိတ်ချနေကြတာပါ။”
ချောင်ဟောင်က ပြော၏။ “လောကကြီးက သိပ်ကို ပြောင်းလဲလွန်းတယ်။ ဒါပေမဲ့ ကျုပ်က ရေလိုက်ငါးလိုက် နေတတ်တယ်။ ဒီနေ့ တစ်ယောက်ဆီကို လက်နက်ချမယ်။ မနက်ဖြန် နောက်တစ်ယောက်ဆီ လက်နက်ချမယ်။ ကျုပ်က မျိုးရိုးနာမည် သုံးမျိုးရှိတဲ့ ကျွန်တစ်ယောက်နဲ့ တူနေမယ်။
သေချာတာပေါ့ ဒါက အမှန်တရားပဲ။ ဒါပေမဲ့ အခြေခံအရမှာတော့ နေ့တိုင်း မရေရာတဲ့ အခြေအနေမှာ ကျုပ်က နေနေရတယ်။ ကျုပ် တကယ့်ကို ပင်ပန်းနေပါပြီ။ ကျုပ်က အရည်အချင်း မရှိတဲ့ လူတစ်ယောက်ပါ။ အရင်တုန်းက ကျုပ်က ဆင်းချင်ရင်တောင် သင်္ဘောတွေပေါ်ကနေ ဆင်းလို့ မရဘူး။
အခု အရှင် ရောက်လာပြီ။ အရှင့်ရဲ့ ရေတပ်ကလည်း အရမ်းကို အင်အားကြီးလွန်းတော့ ကျုပ်မယှဉ်နိုင်ပါဘူး။ ဒါကို သွားပြီး တိုက်ခိုက်မယ်ဆိုရင် သေလမ်းရှာတာနဲ့ အတူတူပါပဲ။ နောင်အနာဂတ်မှာ အရှင်ရှုံးမလား ဆိုတာ ကျုပ်မသိပါဘူး။ အရှင်နိုင်မယ်လို့လည်း တွေးတောင် မတွေးရဲပါဘူး။ ဘာလို့လဲဆိုတော့ တော်ဝင်ရန် အင်ပါယာ က အရမ်းကို အင်အားကြီးလို့ပါ။
ဒါပေမဲ့ အနည်းဆုံးတော့ ဒီအချိန်မှာ ကျုပ် လက်နက်ချချင်တယ်။ ကျုပ် လက်လွှတ်လိုက်ချင်တယ်။ ကောင်းကင်လေကျွန်းကို ကျုပ် မလိုချင်တော့ဘူး။ သင်္ဘော တစ်သောင်းကိုလည်း မလိုချင်တော့ဘူး။ ကျွန်းပေါ်က သင်္ဘောကျင်းကြီးကိုလည်း ကျုပ် မဖျက်ဆီးခဲ့ဘူး။ ဒါကြောင့် အရှင့်ဆီကို လွှဲပေးလို့ ရပါတယ်။
ဒီနှစ်တွေအတွင်း ကျုပ် ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ်။ ကျုပ်ရဲ့ မိသားစု ဇိမ်ကျကျ နေနိုင်လောက်တဲ့ အထိပါပဲ။ ဒါကြောင့် ကျုပ် ကောင်းကင်လေကျွန်းရယ်၊ ကျုပ်ရဲ့ ရေတပ်ရယ်၊ သင်္ဘောကျင်းတွေကို လွှဲပေးချင်ပါတယ်။ ကျုပ် ရွှေဒင်္ဂါး ၃ သိန်း ၉ သောင်းလောက်ပဲ သိမ်းထားချင်ပါတယ်။ ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်မလား အရှင်ရှမ့်လန်...။”
ချောင်ဟောင်က မြေကြီးပေါ်တွင် ဒူးထောက်ပြီး ရိုးသားသည့် မျက်ဝန်းအစုံဖြင့် ရှမ့်လန်ကို မျှော်လင့်တကြီး မော့ကြည့်သည်။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒါဆိုရင် ခင်ဗျား ဘယ်သွားချင်တာလဲ။”
ချောင်ဟောင်က အချိန်အကြာကြီး တိတ်ဆိတ်နေ၏။ ပြီးမှ ပြောလိုက်၏။ “ကျုပ်.. ကျုပ်မသိပါဘူး။”
သူ တကယ် မသိချေ။ လောကကြီးက တကယ့်ကို ကျယ်ဝန်း၏။ သူ သွားစရာနေရာ မရှိချေ။ အဘယ်ကြောင့် ဆိုသော် အရှေ့လောကကြီးက တော်ဝင်ရန်အင်ပါယာ ပိုင်ဆိုင်သောကြောင့်ပင်။ သူ ရှမ့်လန်ထံ လက်နက်ချလိုက်ပါက တော်ဝင်ရန်အင်ပါယာ၏ ရန်သူ ဖြစ်လာပေမည်။ မည်သည့်နေရာကို သွားသွား အလိုရှိသည့် တရားခံပြေး ဖြစ်ပေလိမ့်မည်။
အနောက်လောကမှ နိုင်ငံများဆီ သွားရမည်လား။ သို့သော်ငြား ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ် တပ်တော်က အနောက်လောကမှ နိုင်ငံပေါင်း ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ကြားရ၏။ ဤနိုင်ငံများက မကြာမီ တော်ဝင်ရန် အင်ပါယာ၏ လက်အောက်ခံ ဖြစ်လာကောင်း ဖြစ်လာနိုင်သေးသည်။ အနောက်လောကဆီ သွားရမည်လား။ ထိုသို့သွားရန်အတွက် မိုင်ပေါင်းသောင်းချီသည့် သမုဒ္ဒရာကြီးကို ဖြတ်သန်း သွားရပေမည်။ ချောင်ဟောင်၌ ထိုသို့လုပ်ရန် သတ္တိမရှိချေ။
“ကျုပ်.. ကျုပ် နုရှောင့်မြို့မှာပဲ ယာယီနေလို့ မရဘူးလား။” ချောင်ဟောင်က မေး၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရတာပေါ့။”
....
အပိုင်း (၉၃၄)
ဤအဆင့်မှာတော့ ရှမ့်လန်က ကောင်းကင်လေကျွန်းကို အပြည့်အဝ သိမ်းပိုက်လိုက်ပြီး ချောင်ဟောင်၏ သင်္ဘော အစီးရေ တစ်သောင်းက လုံးဝ လက်နက်ချ အညံ့ခံ၏။ သို့သော်ငြား ရှမ့်လန်က ရေတပ်ကို ဂရုမစိုက်ချေ။ ထိုအရာကို သူ့၏ ရေတပ်သို့ မထည့်သွင်းဘဲ လျှော့ချရန်၊ ခွဲထုတ်ရန်နှင့် ပြန်လည် လေ့ကျင့်ရန် ဆုံးဖြတ်ထား၏။
အဓိကအချက်အားဖြင့် သင်္ဘောလုပ်သား ၉ သောင်းရှိသည့် သင်္ဘောကျင်း အနည်းငယ်က ရှမ့်လန်၏ လက်ထဲသို့ ရောက်ရှိလာခြင်းပင်။ ဤအချက်တစ်ခုတည်းကြောင့်ပင် ရှမ့်လန်က ချောင်ဟောင်ကို မသတ်နိုင်ပေ။ သူတို့၏ ယခင်ရန်ငြိုးများ အားလုံးကိုလည်း ပယ်ဖျက်ပေးနိုင်သည်။
တကယ်တော့ ချောင်ဟောင်နှင့် ရှမ့်လန်တို့ကြား မည်သည့်ရန်ငြိုးမှ မရှိခဲ့ချေ။ ရှမ့်လန်၏ သေးနုတ်သည့် ရန်သူစာရင်း၌ ဤလူ၏ နာမည်ပင် မရှိခဲ့ပေ။ အကယ်၍ ချောင်ဟောင်ကသာ ရှမ့်လန်ကို စိတ်ပျက်အောင် လုပ်ပါက အလွန်ရိုးရှင်း၏။ သင်္ဘောကျင်းများကို တိုက်ရိုက် မီးရှို့ပစ်ပြီး သင်္ဘောလုပ်သား ထောင်ပေါင်းများစွာ ကိုလည်း တစ်ခါတည်း ခေါ်ဆောင်သွားနိုင်၏။ သို့မဟုတ် အားလုံးကို သတ်ပစ်ခဲ့နိုင်၏။ ထိုသို့ဆိုလျှင် ကြီးမားသည့် ဆုံးရှုံးမှုပင်။
အကယ်၍ ရှမ့်လန်က သင်္ဘောကျင်းတစ်ခုကို အစမှ စတင်ကာ တည်ဆောက်လိုပါက အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် ကြာမြင့်ပေလိမ့်မည်။ ချောင်ဟောင် လက်နက်ချခြင်းအားဖြင့် လူအင်အား၊ ပစ္စည်းအင်အားနှင့် ငွေကြေးအရင်းအမြစ် အများအပြားကို သက်သာစေခဲ့၏။
ကျန်းချွင်းဟွာက ကောင်းကင်လေကျွန်းကို သိမ်းပိုက်လိုက်သည့် တစ်ချိန်တည်းမှာပင် နယ်စားကြီး ကျင်းကျိုးက ဦးခေါင်းခွံဂိုဏ်း၏ တခြားရေတပ်တစ်ခုကို ဦးဆောင်ပြီး ကျင်းချန်ကျွန်းကို တိုက်ခိုက်၏။ ဤကျွန်း၏ အရေးပါမှုက ကောင်းကင်လေကျွန်းထက် မနည်းပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ကြီးမားသည့် သံသတ္တုတွင်းကြီး ရှိနေ၏။ သံသတ္တုတွင်းသာမက တခြားသော သတ္တုသိုက်အများအပြားလည်း ရှိသည်။
ကျင်းချန်ကျွန်း မရှိလျှင် ရှမ့်လန်၏ ကြီးကျယ်သည့် လုပ်ငန်းစဉ်များကို ပြုလုပ်ဆွေးနွေးနိုင်လိမ့်မည် မဟုတ်ချေ။ စစ်သင်္ဘောအသစ်များ ဖြစ်စေ၊ အမြှောက်အသစ်များ ဖြစ်စေ၊ ရေနွေးငွေ့စက်များ ဖြစ်စေ။ အားလုံးက သံမဏိ ပမာဏ အများအပြားကို လိုအပ်၏။
ယခုတစ်ကြိမ် အနောက်လောကမှ ရှမ့်လန် ခေါ်ဆောင်လာခဲ့သည့် လူအများစုက ပန်းပဲဆရာများ ဖြစ်ကြ၏။ သူတို့က လူ လေး၊ ငါးထောင်ပင် ကျော်၏။ ကျင်းချန်ကျွန်း၌ သတ္တုတွင်းလုပ်သား ၂ သောင်းနှင့် ပန်းပဲဆရာပေါင်း ၅ ထောင်၊ ၆ထောင်ခန့် ရှိ၏။ ဤလူများက ဤနေရာတွင် ရှိနေသည်မှာ ကြာပြီဖြစ်၏။ သူတို့က ယခင်က ထျန်မိသားစုကို လုပ်ကျွေးပြုစုခဲ့ကြပြီး ... ပြီးနောက် ကျင်းမိသားစုကို လုပ်ကျွေးပြုစုခဲ့ရသည်။
နယ်စားကြီး ကျင်းကျိုးကို မြင်ချိန်မှာတော့ သူတို့က အစပိုင်းတွင် အနည်းငယ် ကြောင်အသွား၏။ ပြီးနောက် သူတို့က သပ်သပ်ရပ်ရပ်နှင့် ဒူးထောက်ကာ သူတို့၏ သခင်အသစ်အပေါ် သစ္စာရှိကြောင်း ထုတ်ဖော်ပြသ ကြသည်။ အနည်းဆုံးတော့ သူတို့ လုပ်ကျွေးပြုခဲ့ဖူးသည့် သခင်အနည်းငယ်အနက် ကျင်းကျိုးက အကောင်းဆုံး ဖြစ်၏။
ကျင်းချန်ကျွန်းကို အုပ်ချုပ်စဉ်က သူတို့ကို အမြင့်ဆုံးသော လုပ်ခလစာနှင့် အစားအစာ အများဆုံး ပေးခဲ့၏။ ထို့အပြင် သူတို့မိသားစုများအတွက် ကောင်းမွန်သည့် အစီအစဉ်များကိုပါ ဖန်တီး ပေးခဲ့သေးသည်။
နယ်စားကြီး ကျင်းကျိုးက မြေကြီးပေါ်တွင် ဒူးထောက်နေသည့် သတ္တုတွင်း လုပ်သားများနှင့် ပန်းပဲဆရာများကို ကြည့်၏။ သူ့၏ နှလုံးသားထဲတွင် ခံစားချက်များနှင့် ပြည့်နှက်နေ၏။ ကျင်းချန်ကျွန်းက ကျင်းမိသားစု၏ လက်ထဲသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိခဲ့၏။ သေချာပေါက် သူက ပြင်ပလောက၏ ပြောင်းလဲများ အပေါ်တွင် စိတ်လှုပ်ရှားလွန်းနေ၏။
လက်တွေ့တွင်တော့ သတ္တုတွင်း လုပ်သားများနှင့် ပန်းပဲဆရာများက ဤအရာများနှင့် မသက်ဆိုင် သကဲ့သို့ပင်။ သခင်ပြောင်းသွားလျှင်တောင် သူတို့က နေ့တိုင်း အလုပ်လုပ်ရပြီး အသက်ရှင် ရပ်တည်ရရန် ရုန်းကန်နေရဆဲပင်။ သို့တိုင်အောင် ဤလူများက အရာအားလုံးကို ထုတ်လုပ်ပေးသူများ ဖြစ်သည်။
ချက်ချင်းပဲ နယ်စားကြီး ကျင်းကျိုးက ရှိနေသည့် လူပေါင်းသောင်းချီကို ဦးညွှတ်၏။ “ခင်ဗျားတို့ အားလုံး ပင်ပန်းခဲ့ရပါပြီ။”
…………….
အန့်တင်းမြို့စားအိမ်တော်...
ယခင် ရွှမ်ဝူနယ်စားစံအိမ်အတွင်းမှာတော့ ကျိုးကျောင်းရန်က လုံးဝမျှော်လင့်ချက် မဲ့နေ၏။ ယခင်က နုရှောင့်မြို့၏ တိုက်ပွဲအတွက် သူမ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ရန်နန်းဖေး၏ တပ်တော်က ရှမ့်လန်ကို အနိုင်ယူရန် လုံလောက်အောင် အင်အားကြီးမားသောကြောင့်ပင်။ သို့သော်ငြား နောက်ဆုံးရရှိသည့် သတင်းများအရ ရန်နန်းဖေးက ရှုံးနိမ့်သွားကြောင်း သက်သေပြနေသည်။
ရှမ့်လန်က နုရှောင့်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်၏။ သတင်းဆိုးများက တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။ ပထမဦးဆုံး ရှမ့်လန်၏ရေတပ်က ကောင်းကင်လေကျွန်း၏ ရေပိုင်နက်ထဲတွင် ပေါ်လာ၏။ ဘာကို သက်သေပြ နေသနည်း။ ရှမ့်လန်၏ ရေတပ်က နုရှောင့်မြို့တိုက်ပွဲပြီးမှသာ ကောင်းကင်လေကျွန်းကို သွားမှာဖြစ်၏။
ပြီးနောက် ရှမ့်လန်၏ ရေတပ်က ကျင်းချန်ကျွန်းရေပိုင်နက်ထဲတွင် ပေါ်လာပြန်၏။ နောက်ဆုံး လေ့ကျိုးကျွန်းရှိ ရွှေ့ပြောင်းနေထိုင်သူများကြားထဲ၌ ပုန်းအောင်းနေသည့် သူလျှိုအနည်းငယ်က ရန်နန်းဖေး၏ တပ်တော် လုံးဝ သုတ်သင်ခံလိုက်ရကြောင်း သတင်းလာပို့၏။ ရန်နန်းဖေးက သင်းကွပ်ခံလိုက်ရပြီး ဓားချက်တစ်ထောင်ဖြင့် ကွပ်မျက်ခံရ၏။ သက်သာခဲ့သည့် ခန္ဓာကိုယ်မှ နေရာဟူ၍ မရှိခဲ့ချေ။
ကျိုးကျောင်းရန်က အချိန်အကြာကြီး နာကျင်နေမိ၏။ အဘယ်ကြောင့် အခြေအနေများက ဤကဲ့သို့ ဖြစ်လာသည်ကို သူမ လုံးဝနားမလည်ပေ။ ရန်နန်းဖေး၏ တပ်တော်က ရှင်းလင်းစွာဖြင့် အလွန်အင်အား ကြီးမား၏။ အဘယ်ကြောင့် ဤမျှထိ စောစောစီးစီး ရှုံးနိမ့်ခဲ့ရသနည်း။
ရှမ့်လန်၏ အသက်က အဘယ်ကြောင့် ဤမျှထိ တည်မြဲနေရသနည်း။ အဘယ်ကြောင့် မသေနိုင်ရသနည်း။ တကယ်ပဲ ဧကရာဇ်တစ်ပါးအဖြစ် ပြန်လာခဲ့သည်လား။ သို့သော်ငြား သူမ၌ နာကျင်နေရန် အချိန်မရှိချေ။ ချက်ချင်းကို ဆုံးဖြတ်ချက်ချရပေမည်။
“ထွက်သွား။ ချက်ချင်း ထွက်သွားရမယ်။”
သူမက ကျိုးမိသားစုတစ်စုလုံးနှင့်အတူ ရွှမ်ဝူနယ်စားအိမ်တော်မှ ထွက်ခွာရပေလိမ့်မည်။ သို့သော်ငြား ရွှဲ့ပြည်နယ်၏ မြို့တော်ကို ပြန်ရမည်လား။ သို့မဟုတ် ကောင်းကင်ပင်လယ် နန်းဆောင်ကို ပြန်ရမည်လား။ ကောင်းကင်ပင်လယ်နန်းဆောင်က အလုံခြုံဆုံးဖြစ်သော်လည်း ကျိုးကျောင်းရန် တစ်ယောက်တည်းသာ ခိုလှုံနိုင်၏။ သူမ၏ မိသားစုတစ်စုလုံးကို ခေါ်ဆောင်သွားရန် အခွင့်အာဏာ သူမ၌ မရှိပေ။
ထို့အပြင် ရွှဲ့ပြည်နယ်၏ မြို့တော်ကလည်း လုံခြုံသည်ဟု မဆိုနိုင်ပေ။ ရှမ့်လန်က နုရှောင့်မြို့မှ ထွက်ခွာပြီး ကမ်းတက်ပေတော့မည်။ သူပြန်လာသည့် သတင်းကို ဖုံးကွယ်၍ မရတော့ချေ။ နောက်တစ်ဆင့် ကောင်းကင်ပင်လယ်နန်းဆောင်က ရွှဲ့ပြည်နယ်၏ မြို့တော်ကို ကာကွယ်ရန် နည်းလမ်းရှာပေတော့မည်။ နုရှောင့်မြို့တိုက်ပွဲ၏ နောက်တစ်ဆင့်က ရွှမ်ဝူမြို့တွင် ဖြစ်မည်မဟုတ်သလို နုကျန့်စီရင်စုတွင်လည်း ဖြစ်မည် မဟုတ်ဘဲ နန်းမြို့တော်တွင် ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က သံယောဇဉ်ကို တန်ဖိုးထားသူပင်။ နင်ယွမ်ရှန်း၊ နင်ကျန်း၊ ပျံ့ရှောင်း၊ ကျန်းချုံး၊ နင်ကန်နှင့် အခြားသောသူများ ကို သူသေချာပေါက် ကယ်တင်ပေလိမ့်မည်။ ရှမ့်လန်အတွက် ထျန်းရွှဲ့မြို့ကို သိမ်းပိုက်နိုင်သမျှ ကာလပတ်လုံး သူက နင်ကျန်းအား ရာထူးပြန်ရအောင် ကူညီပေးပြီး ရွှဲ့ပြည်နယ်ကို လွှဲပြောင်းရယူစေနိုင်၏။
သို့သော်ငြား တော်ဝင်ရန်အင်ပါယာ ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်တို့က ရှမ့်လန် အလိုရှိတိုင်း ဖြစ်လာစေရန် ဘယ်သောအခါမှ ခွင့်ပြုမည့် လူမျိုးမဟုတ်ပေ။ ရှမ့်လန်၏ တပ်တော်တွင် လူလေးသောင်း၊ ငါးသောင်းထက် မကျော်ပေ။ ထျန်းရွှဲ့မြို့ကို သိမ်းပိုက်ရန်က အခြေခံအားဖြင့် မဖြစ်နိုင်ချေ။
ကောင်းကင်ပင်လယ်နန်းဆောင်က အင်အားကြီးမားလွန်း၏။ ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်သား ၂ သောင်း ကပင်လျှင် အနောက်ဒေသ၏ သန်းနှင့်ချီသည့် မဟာမိတ်များကို ချေမှုန်းခဲ့၏။ ထို့ကြောင့် ထျန်းရွှဲ့မြို့က လုံခြုံ၏။ ကျိုးကျောင်းရန်က သူမ၏လူများနှင့်အတူ ထျန်းရွှဲ့မြို့သို့ ထွက်ပြေးရန် ချက်ချင်းဆုံးဖြတ်လိုက်၏။ အဆိုးဆုံးအနေ နှင့် သူမက နင်ယီ၏ ကိုယ်လုပ်တော် ထပ်ဖြစ်လာပေလိမ့်မည်။
သူမက အန့်တင်းမြို့စားဟု ခေါ်သော သူမ၏ မောင်ငယ် ကျိုးရီရှင်းကို ရှာသည်။ “အဆင်သင့်ပြင်ထား။ ငါတို့ ထျန်းရွှဲ့မြို့ကို ချက်ချင်းထွက်ခွာရမယ်။”
ကျိုးရီရှင်းက မင်သက်သွား၏။ “ဘာလို့လဲ။ ဒီလောက်ကြီးမားတဲ့ ရဲတိုက်နဲ့ အရင်းအမြစ်တစ်ခုလုံးကို ရဖို့ ကျုပ်တို့ မနည်းလုယူခဲ့ရတာ။ ဒီအတိုင်းလက်လွှတ်ပြီး သူများရဲ့ အရိပ်အယောင်အောက်မှာ ခိုလှုံရတော့မှာလား။”
ကျိုးကျောင်းရန်က အေးစက်စက် ပြောသည်။ “ဘာလို့လဲဆိုတော့ ရှမ့်လန်က မကြာခင်ရောက်လာတော့မယ်။ နောက်ကျရင် ငါတို့ ထွက်ပြေးလို့တောင် ရမှာမဟုတ်ဘူး။ သတိထားရမှာက လူတွေအများကြီး လန့်ဖျပ်အောင် မလုပ်နဲ့။ ကျိုးမိသားစုဝင် အယောက် ၁၀၀ လောက်ကိုပဲ ခေါ်ပြီး ထွက်သွားရမယ်။”
ကျိုးရီရှင်းက တုန်လှုပ်နေ၏။ “နုရှောင့်မြို့ ရှုံးသွားပြီလား။”
ကျိုးကျောင်းရန်က ပြောသည်။ “ရန်နန်းဖေးက ဓားချက်တစ်ထောင်နဲ့ အသတ်ခံလိုက်ရပြီ။ ရှမ့်လန်က နင့်ကို လွှတ်ပေးမယ် ထင်နေတာလား။”
အန့်တင်းမြို့စား ကျိုးရီရှင်းက ချက်ချင်းပြေးထွက်သွား၏။ သူက ထွက်ပြေးရန် စတင်ပြင်ဆင်လေတော့၏။
.............
သူတို့ ထွက်ပြေးရပေတော့မည်။ သူတို့ နှစ်နှစ်ကြာ နေထိုင်ခဲ့သည့် ရဲတိုက်ကြီးက ပျောက်ကွယ်သွားပေတော့မည်။ ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝသည့် နှစ်နှစ်တာ ကာလက အဆုံးသတ်ပေတော့မည်။
“သောက်ကျိုးနည်း ရှမ့်လန် .. ခွေးကောင်...”
ကျိုးကျောင်းရန်က ရွှမ်ဝူနယ်စားအိမ်တော်ထဲတွင် တွန့်ဆုတ်စွာ လျှောက်လှမ်းနေ၏။ ဤနေရာက တစ်ချိန်က သူမ ပိုင်ဆိုင်ခဲ့သည့် နေရာပင်။ သို့ပေမည့် ကျိုးမိသားစုဝင် ၁၀၀ ကျော်တို့က ထွက်ပြေးရန် အဆင်သင့် ဖြစ်နေကြ၏။ သန်းခေါင်ယံအချိန် ဖြစ်၏ အသံမထွက်ဘဲ ထွက်ပြေးရန် အကောင်းဆုံးအချိန်ပင်။
သူမက တာအိုပညာရှင်ရွှီ ကို ထပ်မံရှာဖွေ၍ မေးသည်။ “အားလုံး အဆင်သင့်ဖြစ်ပြီလား။”
တာအိုပညာရှင်ရွှီက ပြော၏။ “အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ။ ယမ်းမှုန့် တစ်သိန်းခွဲကျင်း၊ ငါးဆီ ရှစ်သောင်း ပိသာကျင်း၊ ပြီးတော့ တခြား ဆီ တစ်သိန်းခွဲကျင်းတို့ကို မြေအောက်မှာ မြှုပ်နှံထားခဲ့ပြီ။ ဖောက်ခွဲလိုက်တာနဲ့ ရွှမ်ဝူနယ်စားစံအိမ် တစ်ခုလုံးက မြေပြင်နဲ့ တစ်သားတည်း ဖြစ်သွားပါလိမ့်မယ်။ ရှမ့်လန်ရဲ့ တပ်တွေ ဝင်လာရင် အကုန်သေမယ်လို့ ကျုပ် အာမခံပါတယ်။”
ကျိုးကျောင်းရန်က ပြောသည်။ “ယမ်းမှုန့်ကို မီးရှို့မယ့်လူတွေကို ရှာတွေ့ပြီလား။ သူတို့က စိတ်ချရရဲ့လား။”
တာအိုပညာရှင်ရွှီက ပြော၏။ “တစ်ဒါဇင်လောက်တော့ ရှိပါတယ်။ အားလုံးက စိတ်ချရပါတယ်။ သူတို့ရဲ့ မိဘတွေနဲ့ မိသားစုတွေက ကျုပ်ရဲ့လက်ထဲမှာ ရှိနေတယ်။ သူတို့သာ မနာခံရင် သူတို့ရဲ့ မိသားစု တစ်ခုလုံး သေရလိမ့်မယ်။ အမိန့်ပေးလိုက်တာနဲ့ သူတို့က ယမ်းမှုန့်ကို မီးရှို့ကြလိမ့်မယ်။ ပြီးတော့ ယမ်းမှုန့်တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ တစ်ယောက်က မီးရှို့လိုက်တာနဲ့ ပေါက်ကွဲသွားမှာပါ။”
ကျိုးကျောင်းရန်က ခေါင်းညိတ်သည်။ “ကောင်းပြီ။ ရှင်လုပ်တာ ကောင်းတယ်။ ဒီမှာ ခဏနေခဲ့အုံး။ ဖောက်ခွဲပြီးတာနဲ့ ကျွန်မနဲ့ဆုံဖို့ ထျန်းရွှဲ့မြို့ကို အမြန်ဆုံးလိုက်ခဲ့တော့။ ရှင့်ကို စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ရှိန်တွေ ဆုချပါ့မယ်။”
တာအိုပညာရှင်ရွှီက ခေါင်းညိတ်၏။ “ကျေးဇူးတင်ပါတယ် သခင်မ။ တကယ်တော့ ကျုပ်က စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ရှိန်တွေ ကို မလိုချင်ပါဘူး။”
ပြီးနောက် သူက ကျိုးကျောင်းရန်ကို ရမက်ဆန္ဒပြင်းထန်သည့် အကြည့်ဖြင့် ကြည့်သည်။
ကျိုးကျောင်းရန်က ပြော၏။ “ရှင်ဘာတွေ တွေးနေလဲဆိုတာ ကျွန်မသိတယ်။ ဒီကိစ္စကို ကောင်းကောင်း လုပ်နိုင်သမျှ ကာလပတ်လုံး ရှင်လိုချင်တာ ရစေရမယ်။”
ကျိုးရီရှင်း၏ အသံက ပြင်ပမှ ထွက်ပေါ်လာသည်။ “အစ်မ... ကျုပ်တို့သွားဖို့ အဆင်သင့် ဖြစ်ပြီ။”
ကျိုးကျောင်းရန်က အပြင်ဘက်သို့ ထွက်ကြည့်၏။ လူပေါင်း ၁၀၀ ကျော်တို့က မြင်းပေါ်သို့ ရောက်ရှိနေ၏။ လူတစ်ယောက်လျှင် မြင်းနှစ်ကောင်၊ တချို့က သုံးကောင်ပင် ပါ၏။ ဤအဆင့်မှာတော့ လူများကို မလန့်ဖျပ်သွားစေရန် မဖြစ်နိုင်သော်လည်း စံအိမ်ရှိ လူ ၂၀၀၀၊ ၃၀၀၀ ခန့်တို့က ဘာတစ်ခုကိုမှ မတုံ့ပြန်ကြချေ။ တိတ်ဆိတ် ငြိမ်သက်နေ၏။
“အားလုံးကို ဆေးခပ်ပြီး သတိမေ့အောင် လုပ်ထားကြတယ်။” ကျိုးရီရှင်းက ပြောလိုက်၏။ ဟုတ်ပေ၏။ သူတို့က တကယ့်ကို ရက်စက်ပြီး ယုတ်မာသောလူများပင်။
ကျိုးကျောင်းရန်က ပြောလိုက်သည်။ “သွားကြရအောင်။”
သူမ၏ အမိန့်ပေးသံနှင့်အတူ ကျိုးမိသားစုဝင် ၁၀၀ ကျော်တို့က ရွှမ်ဝူနယ်စားစံအိမ်မှ တိတ်တဆိတ် ထွက်ခွာပြီး ခြေရာလက်ရာမကျန် ထွက်ပြေး၏။ ဤအမျိုးသမီးက တကယ့်ကို ပြတ်သား၏။ နုရှောင့်မြို့ ရှုံးနိမ့်ကြောင်း သတင်းကြားသည်နှင့် ချက်ချင်း ထွက်ပြေးသည်။
သို့သော်ငြား ဤအချိန်မှာတော့ စစ်သည်အနည်းငယ်တို့က တုန်ယင်စွာ ပြေးဝင်လာ၏။ “သခင်မ... သခင်မ... သတင်းကောင်း၊ သတင်းကောင်းပါပဲ။”
ကျိုးကျောင်းရန်က ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။ ဤအချိန်မျိုးတွင် မည်သည့်သတင်းကောင်း ရှိမည်နည်း။
စစ်သည်က ပြောသည်။ “ကျုပ်တို့ ဟိုအဘွားကြီးကို တွေ့ပြီ။ သူ့ကို ဖမ်းမိထားပြီ။ သူ ဘယ်မှာရှိနေလဲ သိလား။ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး သူက မြေအောက်လျှို့ဝှက်ခန်းထဲမှာ ပုန်းနေတာပဲ။ အဲဒီမှာ အစားအစာလည်း မရှိဘူး။ ရေလည်း မရှိဘူး။ သူက အပြင်ကိုလည်း မထွက်ဘူး။ အဲဒါက ကျင်းမိသားစုရဲ့ လျှို့ဝှက်စခန်းပဲ။”
ကျိုးကျောင်းရန်က ထိတ်လန့်သွား၏။ ပြီးနောက် အလွန်ဝမ်းသာသွား၏။ “ရှမ့်လန်ရဲ့ အမေကို ရှာတွေ့ပြီလား။”
တကယ်ကြီး ရှာတွေ့ခဲ့သည်လား။ ရှမ့်လန်၏ မွေးစားအမေက ထိုအချိန်က ကျင်းမူလန်နှင့် အတူ ပင်လယ်ပြင်သို့ မလိုက်ပါသွားခဲ့သည်က အမှန်ပင်။ ရွှယ်ရင်၏ အစီအစဉ်အရ လူစားထိုး မှန် က လူအားလုံး၏ ရှေ့တွင် ယုတ္တိကျစွာ သေဆုံးသွားစေရန်ပင်။ လက်တွေ့ကျစေရန် ကျင်းမိသားစု တစ်ခုလုံးကို ထိုသူနှင့်အတူ မြှုပ်နှံစေလိုသည်။
ရှမ့်လန်က မုန့်တိုင်းပြီးချိန်ကို စောင့်ဆိုင်းရင်း လျှို့ဝှက်မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေခဲ့၏။ ရှမ့်လန်၏ မွေးစားမိခင်က နေ့စဉ် ဆေးထိုးပေးခြင်းနှင့် ရှမ့်လန်ကို ပြုစုစောင့်ရှောက်ရန် တာဝန်ရှိခဲ့၏။ သေချာပေါက် ရှမ့်လန်၏ မွေးစားမိခင်က ရှမ့်လန်နှင့်အတူ ထွက်ခွာသွားခြင်း ရှိ၊ မရှိ မည်သူမှ မသေချာပေ။
သို့သော်လည်း ကျင်းမူလန်၏ သင်္ဘောကြီး မိစ္ဆာတြိဂံနယ်မြေသို့ ဝင်မည့်အချိန်တွင် ရှမ့်လန်၏ မွေးစားမိခင်ကိုမူ မည်သူကမှ မတွေ့ရချေ။ မင်းသမီးနင်ဟန်က ထိုအချက်ကို တွေ့ရှိခဲ့ပြီး နုကျန့်စီရင်စု တစ်ခုလုံးတွင် ရှမ့်လန်၏ မွေးစားမိခင် ခြေရာများကို ရှာဖွေရန် အမိန့်ထုတ်ခဲ့၏။ နင်ဟန်၏ အမိန့်က မရေတွက်နိုင်သည့် လူများအတွက် တော့ ဧကရာဇ်၏ အမိန့်ထက်ပင် ပိုမိုကာ အရေးကြီး၏။
နုကျန့်စီရင်စု၏ အုပ်ချုပ်ရေးမှူး ထန်ယွင်၊ ရွှမ်ဝူမြို့တော်ဝန် ကျူးဝမ်ဟွာနှင့် ကျိုးမိသားစုတို့ အားလုံးက ရှမ့်လန်၏ မွေးစားအမေကို အစွမ်းကုန် ရှာဖွေခဲ့ကြသည်။ နှစ်နှစ်တိတိ ကြာပြီးနောက် သူတို့က ဘာမှ မတွေ့ခဲ့ချေ။ ယနေ့ ရှာတွေ့လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သို့သော်ငြား ဤသည်က တကယ့်ကို ပုံမှန်ကိစ္စပင်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်ပြန်လာသည့် သတင်းက တောမီးပမာ ပြန့်နှံ့နေပေလိမ့်မည်။ တစ်စုံတစ်ယောက်က မြေပြင်ပေါ်တွင် လမ်းလျှောက်ရင်း ထိုအကြောင်းကို ပြောဆိုသည်ကို သူမ ကြားကောင်း ကြားနိုင်၏။ ထို့ကြောင့် နောက်ဆုံး သူမ မနေနိုင်တော့ဘဲ လျှို့ဝှက်မြေအောက်ခန်း ထဲမှ ထွက်လာခြင်း ဖြစ်နိုင်၏။
“သူဆိုတာ သေချာရဲ့လား။” ကျိုးကျောင်းရန်က ဝမ်းသာလွန်းသောကြောင့် တုန်ယင်လျက်ရှိနေသည်။
“သူဆိုတာ သေချာပါတယ်။”
ထိုစစ်သည်က ပြော၏။ “သူက မေပယ်ရွာက လယ်သမား ဖြစ်ခဲ့ဖူးတယ်။ လူအများကြီးက သူ့ကို မြင်ဖူးတယ်။ ဒါကြောင့် အတု မဟုတ်ဘူးဆိုတာ ကျုပ်သေချာပေါက် ပြောရဲတယ်။ ပြီးတော့ အဲဒီ လျှို့ဝှက်မြေအောက်ခန်းထဲမှာ အရာအားလုံး ရှိနေတယ်။ သခင်မလေး မသိပါဘူး ... မှန်ချပ်ကြီး တစ်ချက်တောင် ရှိတယ်။ ရှမ့်လန်ရဲ့ မွေးစားမိခင်သာ မဟုတ်ရင် ဘယ်သူက အဲဒီမှာ နှစ်နှစ်လောက် နေမှာလဲ။”
ကျိုးကျောင်းရန်က လက်ကို ဝှေ့ယမ်းပြသည်။ “သူ့ကို ခေါ်လာခဲ့။”
ခဏကြာမှတော့ ဆံပင်တစ်ဝက်လောက် ဖြူနေသည့် အဘွားအိုတစ်ဦးကို ခေါ်ဆောင်လာ၏။ မေပယ်ရွာမှ ရွာသားနှစ်ဦး လည်းပါ၏။
“ဒါ ရှမ့်လန်ရဲ့ မွေးစားအမေဆိုတာ သေချာလား။” ကျိုးကျောင်းရန်က မေးသည်။
“ဟုတ်ပါတယ်။ သူပါပဲ။”
ရွာသားတစ်ဦးက ဖြေ၏။ “ဒါပေမဲ့ သူက အများကြီးပိန်ပြီး အိုစာသွားခဲ့ပြီ။”
ကျိုးကျောင်းရန်က ခေါင်းညိတ်၏။ အိုစာသွားသည်က ပုံမှန်ပင်။ စိတ်ရောဂါကိုယ်ပါ ပင်ပန်းနွမ်းနယ်လျှင် မည်သူက မအိုဘဲ နေမည်နည်း။
“ရှင်တို့ ဆုတွေ ယူကြတော့။” ကျိုးကျောင်းရန်က ပြောသည်။
ရွာသားနှစ်ဦးက ဝမ်းသာအားရဖြင့် ဒူးထောက်ပြီး ဦးတိုက်၏။ “ကျေးဇူးတင်ပါတယ် သခင်မလေး... ကျေးဇူးတင်ပါတယ်။”
ကျိုးကျောင်းရန်က ခေါင်းညိတ်၏။ စစ်သည်နှစ်ဦးက ရွာသားနှစ်ဦးကို ဓားဖြင့် ခုတ်ကာ နှုတ်ပိတ်လိုက်သည်။