← Chapters

အခန်း (၉၃၇-၉၃၈)

Vol. 56 Ch. 937-938

အခန်း (၉၃၇-၉၃၈)

Vol. 56 Ch. 937-938

အပိုင်း (၉၃၇)

ကျူးဝမ်ဟွာက ပြော၏။ “ကောင်းပြီ ကျုပ် သေချာပေါက် စကားပါးပေးပါ့မယ်။”

ရှမ့်လန်က ပြောသည်။ “ပထမ.... ကျေးဇူးပြုပြီး နင်ယွမ်ရှန်း၊ နင်ကျန်း၊ မိဖုရားကြီးပျံ့၊ နင်ကန်၊ နင်ချီ၊ ပျံ့ရှောင်း တစ်မိသားစုလုံး၊ ကျန်းချုံးတစ်မိသားစုလုံး ..... အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပါ။ အတိုချုပ် ပြောရရင် ကျုပ်ကြောင့် ဖမ်းခံထားရသူ အကုန်လုံးကို ပြန်လွှတ်ပေးရမယ်။”

“ဒုတိယ.. နင်ယီကို ခြွင်းချက်မရှိ ကျုပ်ဆီ လွှဲပေးဖို့ပဲ။ ကျုပ်သူ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ် သတ်ဖြတ်ချင်တယ်။ တတိယ... ကျူးနင်နဲ့ နင်ချီ လက်ထပ်ပြီးပြီလား။”

ကျူးဝမ်ဟွာက ခေါင်းခါယမ်းကာ ပြောလိုက်၏။ “ဟင့်အင်း... သူတို့ စေ့စပ်ပွဲ ပျက်သွားပြီ။”

ရှမ့်လန်က ပြောသည်။ “အခု နင်ချီက ကျူးနင်ကို မျက်နှာလို မျက်နှာရတောင် လုပ်လို့မရတော့ဘူးပေါ့။”

ကျူးဝမ်ဟွာက ပြော၏။ “အဲဒီ သဘောပါပဲ။”

ရှမ့်လန်က ပြောသည်။ “တတိယ အနေနဲ့ ကျူးနင်ကို ခြွင်းချက်မရှိ လွှဲပေးရမယ်။ ကျင်းမူကုန်းရဲ့ ကိုယ်လုပ်တော် အဖြစ် လက်ထပ်ပေးမယ်။ အကယ်၍ ဘုရင်နင်ရှောင် သဘောမတူရင် ကျုပ် ချက်ချင်း တပ်ကို လွှတ်ပြီး ထျန်းရွှဲ့မြို့ကို တိုက်ခိုက်မယ်။ ကျူးမိသားစုရဲ့မျိုးကို ဖြုတ်ပစ်မယ်။ နင်ရှောင်ရဲ့ နန်းပုလ္လင်ကို တစ်ခါတည်း စုတ်ပြတ်အောင် လုပ်ပစ်မယ်။”

ကျူးဝမ်ဟွာက မေး၏။ “တခြား ရှိသေးလား။”

“မရှိတော့ဘူး အဲစကားသုံးခွန်းပဲ။” ရှမ့်လန်က ပြောသည်။

ကျူးဝမ်ဟွာက ပြောလိုက်၏။ “ကောင်းပါပြီ။”

.....................

နောက်တစ်ရက်မှာတော့ ဒဏ်ရာ အပြင်းအထန်ရထားသည့် ကျူးဝမ်ဟွာက ရထားလုံးဖြင့် ရွှမ်ဝူမြို့မှ ထွက်ခွာသွားပြီး ထျန်းရွှဲ့မြို့တော်ဆီသို့ သွား၏။ ဤအတွက်ကြောင့် ရှမ့်လန်က လမ်းခရီးတွင် ပိုးဝင်ပြီး မသေဆုံးစေရန် ပင်နီစလင် တစ်ပုလင်းကိုပင် ထိုးပေးခဲ့သေး၏။

ဤအချိန်မှာတော့ ရှမ့်လန် ပြန်လာသည့် သတင်းကို ဖုံးကွယ်၍ မရနိုင်တော့ချေ။ ချက်ချင်းပဲ ရွှဲ့ပြည်နယ် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ နုကျန့်စီရင်စု၏ အုပ်ချုပ်ရေးမှုး ထန်ယွင်က နုကျန့်မြို့ကို တိုက်ရိုက် စွန့်ခွာပြီး လက်အောက်ငယ်သားများကို ဦးဆောင်ကာဖြင့် ထျန်းရွှဲ့မြို့ဆီသို့ ပြန်သွားသည်။

ချက်ချင်းပဲ ရွှဲ့ပြည်နယ်၏ စစ်ဘက်ဆိုင်ရာ စစ်ရေးဗျူရို လျှို့ဝှက်ကောင်စီ ဒုတိယအကြီးအကဲ ထျန်းနန်ပြည်နယ် ၏ အုပ်ချုပ်ရေးမှူး ကျူးကျွင်း ကလည်း ထျန်းနန်မြို့ကို စွန့်ခွာပြီး ထျန်းရွှဲ့မြို့ကို ပြန်သွား၏။ ထျန်းနန်ပြည်နယ် တစ်ခုလုံးနှင့် ထျန်းနန်မြို့ အပါအဝင် မရေမတွက်နိုင်သည့် အရာရှိ၊ အရာခံများ အားလုံးက ထွက်ပြေးကြ၏။ တပ်ဖွဲ့ဝင်များ အားလုံးက ထျန်းရွှဲ့မြို့သို့ ဆုတ်ခွာကြ၏။

ရွှမ်ဝူအိမ်တော်ကို ဗဟိုပြု၍ လီပေါင်းတစ်ထောင် ပတ်လည်တွင် ရွှဲ့ပြည်နယ်၏ အရာရှိ သို့မဟုတ် တပ်ဖွဲ့ တစ်ခုမှ မရှိတော့ချေ။ ရှမ့်လန်တွင် တကယ်ပဲ တပ်ဖွဲ့အင်အား မလုံလောက်သောကြောင့် ဝင်ရောက်သိမ်းပိုက်ရန် တပ်မလွှတ်နိုင်ပေ။ မဟုတ်ပါက သူက ပြည်နယ်တစ်ဝက်လောက်ကိုပင် ပိုင်ဆိုင်နေလောက်ပြီဖြစ်၏။

သို့သော်ငြား ထျန်းနန်နှင့် ထျန်းနန်ပြည်နယ်များ၏ အခြေအနေက ထူးဆန်း၏။ အရာရှိနှင့် အရာခံများ အားလုံး ဆုတ်ခွာသွားခဲ့ပြီး လီပေါင်းတစ်ထောင် နယ်မြေအတွင်း အမိန့်အာဏာက တည်ရှိနေဆဲပင်။ အားလုံးက တံခါးပိတ်ထားခဲ့ကြပြီး သရဲမြို့ကြီး တစ်မြို့ ကဲ့သို့ပင် မည်သူမှ ထွက်မလာကြချေ။

‘ရှမ့်လန် အသက်ရှည်ပါစေ။ သို့မဟုတ် ဧကရာဇ်ကျန်းလီ အသက်ရှည်ပါစေ။’ ဟု အော်ဟစ်ခြင်းလည်း မရှိကြချေ။ ဧကရာဇ်၏ တပ်တော်ကို ကြိုဆိုခြင်းနှင့် ရှမ့်လန်ကို ထောက်ခံခြင်းအကြောင်း ဆိုသည်က ပြောနေစရာပင် မလိုအပ်ချေ။

ရွှမ်ဝူမြို့က အလွန်ကို နီးကပ်၏။ ကျူးဝမ်ဟွာ ထွက်ခွာသွားခဲ့ပြီးနောက် ဤနေရာတွင် အရာရှိ သို့မဟုတ် တပ်ဖွဲ့ဝင် မရှိတော့ချေ။ ရှမ့်လန်ကလည်း မြို့ကို စောင့်ရှောက်ရန် တပ်ဖွဲ့ မလွှတ်ခဲ့ပေ။ ရွှမ်ဝူမြို့ရှိ မည်သည့် တော်ဝင်မျိုးနွယ်ကမှ ရွှမ်ဝူနယ်စားစံအိမ်သို့ လာပြီး ရှမ့်လန်ကို ဂါရဝ မပြုကြချေ။ သူတို့ မလာရုံသာမက သာမန် ပြည်သူများပင် မလာကြချေ။

လူတိုင်းက မကြုံစဖူး ထိတ်လန့်နေကြသော်လည်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေ၏။ သူတို့က ငှက်ကုလားအုပ်များ ကဲ့သို့ ခေါင်းကို မြေကြီးထဲ ဝှက်ပြီး တုန်ယင်နေကြ၏။

တော်ဝင်ရန်အင်ပါယာက တကယ့်ကို အင်အားကြီးမားသည်ဟု ရှမ့်လန်က နားလည်၏။ ရှမ့်လန် အနိုင်ရမည်ဟု မည်သူမှ မထင်ကြချေ။ အနိုင်ရရန် အခွင့်အရေး မရှိဟုလည်း ခံစားရ၏။ အကယ်၍ သူတို့က ယခု ထွက်လာပြီး ရှမ့်လန်ကို ထောက်ခံခဲ့ပါက အနာဂတ်တွင် ဆိုးဆိုးရွားရွား သေဆုံးရပေလိမ့်မည်။

တကယ်တော့ မရေတွက်နိုင်သည့် လူများက ကျန်းလီကို စိတ်နှလုံးထဲမှာ ထောက်ခံကြပြီး ရှမ့်လန်ကိုလည်း ထောက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်နှစ်က သူ ပင်လယ်ရပ်ခြားသို့ ထွက်ခွာသွားစဉ်မှာပင် လူတိုင်းကို ကာကွယ်ပေးခဲ့ပြီး မည်သူမှ မသေဆုံးရမည့် အံ့ဖွယ်ရာ အမှုကိစ္စတစ်ခုကို ဖန်တီးခဲ့သောကြောင့်ပင်။

သို့သော်ငြား နောက်ပိုင်း တော်ဝင်ရန်အင်ပါယာနဲ့ ဘုရင်နင်ရှောင်တို့၏ လက်စားချေမှုက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ရှမ့်လန်ကို ထောက်ခံသူ အားလုံး မည်သည့်အဆင့်အတန်း၌ ရှိစေကာမူ ဖမ်းဆီးခံရ၏။

ရွှဲ့ပြည်နယ်တွင် လူပေါင်းတစ်သိန်းကျော် ဖမ်းဆီးခံရပြီး တစ်သောင်းကျော် သတ်ဖြတ်ခံရသည်။ ရှမ့်လန်ကို လူသိရှင်ကြား ထောက်ခံသူများက မင်းသားကျင်းနှင့် အတူတူပင် သဲကန္တာရ လူရိုင်းမျိုးနွယ်များထံ ရောက်ရှိသွားသည်။ သို့မဟုတ် နင်ရှောင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြသည်။ ဤကဲ့သို့ သွေးချောင်းစီး နေသည့် သင်ခန်းစာများကြောင့် ကျန်ရစ်သူများက ဘာမှမပြောရဲကြတော့ချေ။

ရှမ့်လန်က ထိုသူတို့ကို အပြစ်မတင်ချေ။ သူက တပ်တော်အား ပြည်သူများကို မနှောင့်ယှက်ရန်၊ အစားအစာ ဝယ်ယူရန် သို့မဟုတ် စစ်သည် စုဆောင်းရန်ပင် အမိန့်ပေးခဲ့၏။ ပြည်သူများက သူတို့ကို ကြောက်ရွံ့နေ သောကြောင့် သူတို့အပေါ် အေးစက်နေစရာ မလိုအပ်ချေ။

..................

ရွှဲ့ပြည်နယ်နန်းတော်၏ စာကြည့်တိုက်တွင် လူအနည်းငယ်သာ ရှိ၏။ ဘုရင်နင်ရှောင်၊ ဝန်ကြီးချုပ် ကျူးဟုန်ကျူး၊ လျှို့ဝှက်ကောင်စီ ဒုတိယအကြီးအကဲ ကျူးကျွင်း၊ အိမ်ရှေ့စံမင်းသားဟောင်း နင်ယီ၊ မင်းသမီး နင်လော့၊ မိဖုရားကြီးကျူး၊ မြို့စားနင်ချီနှင့် အခြားသူများပင်။

သင်းကွပ်ခံထားရသည့် ကျူးဝမ်ဟွာက မြေကြီးပေါ်တွင် မလှုပ်မယှက်နှင့် ဒူးထောက်နေ၏။

“နုရှောင့်မြို့ ကျဆုံးသွားခဲ့ပြီ ဆိုတာ သေချာလား။” နင်ယီက မေးသည်။

ကျူးဝမ်ဟွာက ပြောလိုက်၏။ “ဟုတ်ပါတယ်။ ရန်နန်းဖေးက ဓားချက်တစ်ထောင်နဲ့ အသတ်ခံလိုက်ရပါတယ်။ ကျိုးမိသားစု တစ်ခုလုံးက မျိုးဖြုတ်ခံလိုက်ရတယ်။ နုရှောင့်မြို့က သိမ်းပိုက်ခံလိုက်ရပါပြီ။”

နင်ယီက မေးသည်။ “ရှမ့်လန်မှာ တပ်ဖွဲ့ ဘယ်လောက်ရှိလဲ။”

ကျူးဝမ်ဟွာက ပြော၏။ “ငါးသောင်းထက် မပိုပါဘူး။ မြေပြင်တပ်ဖွဲ့ သက်သက်ဆိုရင် တစ်သောင်းလောက်ပဲ ရှိတယ်။”

လူတိုင်း၏ မျက်ခမ်းများက လှုပ်ခါသွားခဲ့၏။ ထင်မှတ်ထားသည့်အတိုင်းပင် ဤမျှသေးငယ်သည့် တပ်ဖွဲ့ဖြင့် ဧကရာဇ်တစ်ပါး ပြန်လာခြင်းကို ပြသနေ၏။ ရှမ့်လန် ရူးသွပ်သွားသည်လား။

နင်ယီက ပြောသည်။ “ရှမ့်လန်က မင်းကို လွှတ်လိုက်တယ်။ ဘာစကားပါးခိုင်းလိုက်တာလဲ။”

ကျူးဝမ်ဟွာက ပြော၏။ “သူက သတင်းစကား သုံးခုကို ပါးလိုက်ပါတယ်။ ပထမ… အရှင်မင်းကြီး နင်ယွမ်ရှန်း၊ နင်ကျန်း၊ မိဖုရားကြီးပျံ့၊ နင်ကန်၊ နင်ချီ၊ ပျံ့ရှောင်း၊ ကျန်းချုံး၊ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို ပြန်ပြီး လွှတ်ပေးဖို့ ပြောတယ်။ အတိုချုပ်ပြောရရင် ရှမ့်လန်ကြောင့် ဖမ်းဆီးခံရတဲ့ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်။

ဒုတိယ... မင်းသားနင်ယီကို ခြွင်းချက်မရှိ လွှဲပေးဖို့ တောင်းဆိုတယ်။ ရှမ့်လန်က သူ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ် သတ်ဖြတ်ချင်တယ်တဲ့။

တတိယ... ဝန်ကြီးချုပ် ကျူးဟုန်ကျူးကို ပြောတာပါ။ ကျူးနင်ကို လွှဲပေးရမယ် ပြောတယ်။ ကျင်းမူကုန်းရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပေးဖို့ တောင်းဆိုတယ်။ သဘောမတူရင် ရှမ့်လန်က ချက်ချင်း တပ်ကို လွှတ်ပြီး ထျန်းရွှဲ့မြို့ကို တိုက်ခိုက်မယ်။ ကျူးမိသားစုကို မျိုးဖြုတ်ပစ်မယ်။ အရှင်မင်းကြီး နင်ရှောင်ကို သတ်ပစ်မယ်တဲ့။”

ကျူးဝမ်ဟွာက ရှမ့်လန်၏ စကားများကို ပြန်ပြောပြသည်။

ချက်ချင်း နင်ယီက ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။ သူက ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး ကျူးဝမ်ဟွာကို ခေါင်းဖြတ်သတ်ရန် ပြင်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဒေါသဖြေချင်လိုသောကြောင့်ပင်။ ထိုစကားလုံးများက ကျူးဝမ်ဟွာ၏ ပါးစပ်မှ ထွက်ပေါ်လာသောကြောင့်ပင်။

“ရပ်လိုက်။”

ကျူးဟုန်ကျူးက အေးစက်စက် အော်ဟစ်လိုက်၏။ “သူက သတင်းပို့သူ သက်သက်ပဲ။”

နင်ယီက ဒေါသတကြီးဖြင့် ဓားကို ပြန်သိမ်း၏။ ပြီးနောက် အေးစက်စက် ပြောသည်။ “အရှင်မင်းကြီး... ရှမ့်လန်က သိပ်ပြီး မောက်မာလွန်းတယ်။ သူ့ကို အပြင်းထန်ဆုံး တုံ့ပြန်မှုပေးပြီး ကျုပ်တို့ရဲ့ ဆန္ဒကို ပြသရမယ်။ ဒါက ရွှဲ့ပြည်နယ်နဲ့ တော်ဝင်ရန်အင်ပါယာ တစ်ခုလုံးကို စိန်ခေါ်လိုက်တာပဲ။”

ဘုရင်နင်ရှောင်က မျက်နှာသေဖြင့် ရိုးရှင်းစွာ ပြော၏။

“ကောင်းပြီ။ ရှမ့်လန်က ထျန်းရွှဲ့မြို့ကို တိုက်ချင်ရင် ကြိုဆိုတယ်။ ဒါပေမဲ့ သူ ငါ့ကို ဒေါသထွက်စေခဲ့ပြီ။ ငါ သူ့ကို ပြန်ပြီး တုံ့ပြန်ရတော့မယ်။ ရှမ့်လန်ရဲ့ ကိစ္စကြောင့် လူဘယ်လောက် အဖမ်းခံထားရလဲ။” ဘုရင်နင်ရှောင်က မေးမြန်းသည်။

“တစ်သိန်းခွဲပါ။” ကျူးကျွင်းက ပြော၏။

ဘုရင်နင်ရှောင်က ပြောသည်။ “သူတို့အားလုံးကို လူသိရှင်ကြား ကွပ်မျက်လိုက်။ လူတစ်သောင်းကို ခေါင်းဖြတ်ပြီး သူတို့ရဲ့ ခေါင်းတွေကို ရှမ့်လန်ဆီ ပို့လိုက်။”

နင်ယီက စိတ်လှုပ်ရှားလွန်း၍ တုန်ယင်သွားခဲ့၏။ “ကောင်းပါပြီ အရှင်မင်းကြီး။”

ဘုရင်နင်ရှောင်က ပြောသည်။ “အဲဒါ မလုံလောက်သေးဘူး။ နင်ကျန်းရဲ့ လက်တစ်ဖက်ကို ဖြတ်ပြီး ရှမ့်လန်ဆီ ပို့လိုက်။ ပြီးတော့ ထျန်းရွှဲ့မြို့မှာ အဆုံးအဖြတ် တိုက်ပွဲအတွက် ပြင်ဆင်ထား။ ကောင်းကင်ပင်လယ် နန်းတော်ကို လက်ပိုက်ကြည့်မနေဖို့ ပြောလိုက်။ လှုပ်ရှားရမယ့် အချိန် ရောက်လာခဲ့ပြီ။”

.....................

လွန်ခဲ့သည့် ရက်အနည်းငယ်က နုရှောင့်မြို့တွင် ....

ရှမ့်လန်က ပြုံးကာ ပြော၏။ “ခင်ဗျားရဲ့ စွမ်းရည်က တော်တော်ကြီးကို ကောင်းတာပဲ။ ရန်နန်ဖေး မသေခင်မှာ ခင်ဗျားက အချက်ပေါင်း တစ်ထောင်ကျော်လောက် လှီးဖြတ်နိုင်ခဲ့တယ်။”

ထိုကွပ်မျက်သူက လက်သီးကို ဆုပ်ကာ အရိုအသေ ပြုလိုက်သည်။ “ကျုပ် ရှက်မိပါတယ်။ တခြားသူတွေရဲ့ အဆင့်ကိုတော့ မမှီသေးပါဘူး။ ရန်နန်ဖေးက အချက်တစ်ရာကျော်လောက်နဲ့ စောပြီး သေဆုံးသွားခဲ့ပါတယ်။ အရှင်.... ကျုပ်ကို ခွင့်လွှတ်တော်မူပါ။”

ရှမ့်လန်က ထိုကွပ်မျက်သူကို စူးစိုက်ကြည့်၏။ အပြစ်ကင်းစင်သည့် မျက်နှာထားကြောင့် တစ်ဖက်လူ၏ အသက်အရွယ်ကို ခန့်မှန်းရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ အမှန်တကယ်တွင် ထိုသူ၏ မျက်နှာက ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး ရှမ့်လန်က တစ်ဖက်လူ၏ ရုပ်ရည်ကို သေချာမမြင်ရပေ။ မျက်နှာတစ်ခုလုံး ပျက်စီးနေရုံသာမက ခန္ဓာကိုယ် တစ်ဝက်လောက်ကလည်း ပျက်စီးနေချေ၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာက ဘာတွေဖြစ်တာလဲ။”

ထိုကွပ်မျက်သူက ဖြေ၏။ “အရှင်... မီးကျွန်းကို မှတ်မိသေးလား။ အဲဒီပေါ်မှာ မီးတောင်ကြီးတစ်ခု ရှိပြီး အဲဒီထဲမှာ အက်ဆစ်ကန်တွေ ရှိနေတယ်။ ကျုပ်က မတော်တဆနဲ့ အဲဒီထဲကို ပြုတ်ကျသွားခဲ့တာပါ။”

ရှမ့်လန်က ထိုနာကျင်မှုကို ခံစားမိသည့်အလားပင် အံကိုပင် ကြိတ်ထားလိုက်မိ၏။ နေဒဏ်၊ လေဒဏ်ကို ခံရပြီးနောက် မီးတောင်ဝရှိ အက်ဆစ်ကန်တချို့က ပြင်းအား အလွန်မြင့်မားနေတတ်သည်။

ကွပ်မျက်သူက ဆက်ပြော၏။ “အဲဒီအချိန်တုန်းက ကျုပ်ရဲ့လှေက မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရတယ်။ ဒါကြောင့် အနီးဆုံးကျွန်းကို ရေကူးသွားခဲ့ရတယ်။ အဲဒီကျွန်းက မီးတောင်ကျွန်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ။ ပြီးတော့ မီးတောင်က ပေါက်ကွဲလာလိမ့်မယ်လို့ ဘယ်ထင်မိမှာလဲ။

မီးတောင်ပြာတွေ အများကြီးကြောင့် ကျုပ် အသက်ရှူ ကျပ်ခဲ့ရတယ်။ အက်ဆစ်ကန်ထဲကို ပြုတ်ကျသွားတဲ့ အချိန်မှာ အချိန်ကာလ တစ်ခုကြာတဲ့အထိ ကျုပ်က သတိလစ် မေ့မြောနေခဲ့တာပဲ။ အရှင်ဂျက်ထန်က ကျုပ်ကို ကယ်တင်ပေးခဲ့တယ်။ ကျုပ်ရဲ့ ဓားသိုင်းစွမ်းရည်ကလည်း မဆိုးတာကြောင့် သူက ကျုပ်ကို ဦးခေါင်းခွံဂိုဏ်းထဲကို ဝင်ခွင့်ပေးခဲ့တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဓားသိုင်းပညာက တော်တော်ကောင်းတာ သေချာတယ်။ ဒါမှမဟုတ်ရင် ခင်ဗျားက အဲဒီ အသားတစ်ခုချင်းစီကို လွှာပြီး ကွပ်မျက်တဲ့ လုပ်ငန်းစဉ်ကို ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီ ကွပ်မျက်မှုရဲ့ အခက်အခဲဆုံးအပိုင်းက ဘာလဲဆိုတော့ ဘယ်လိုလှီးဖြတ်ရမယ်ဆိုတာ မဟုတ်ဘဲနဲ့ ခန္ဓာကိုယ် အကြောင်းကို နားလည် သဘောပေါက်မှုပဲ။ ဘယ်နေရာကို အရင်လှီးရမယ်၊ ဘယ်နေရာကို နောက်ဆုံးမှ လှီးရမယ် ဆိုတာကို သိထားရမယ်။ မှားလို့ မဖြစ်ဘူး။ ခင်ဗျားသာ မှားသွားရင် အသားလွှာပြီး ကွပ်မျက်ခံရတဲ့ လူက စောစောစီးစီး သေဆုံးသွားလိမ့်မယ်။”

ကွပ်မျက်သူက ပြော၏။ “အရှင်... နောက်နေပါပြီ။ ကျုပ် အခုထိ ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ရန်နန်ဖေး က စောပြီးတော့ သေသွားခဲ့တာပါ။”

ရှမ့်လန်က ပြောသည်။ “ခင်ဗျား တမင်လုပ်လိုက်တာပါ။ ရန်နန်ဖေးကို အချက်တစ်ရာကျော်လောက် စောပြီး သေဆုံးအောင် ခင်ဗျား တမင်ရည်ရွယ်ပြီး လုပ်လိုက်တာပဲ။”

ထိုစကားကို ကြားချိန်မှာတော့ ကွပ်မျက်သူ၏ မျက်နှာထားက ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက် ထိုင်ချ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဓားသိုင်းစွမ်းရည်က ထိပ်တန်းအဆင့်မှာ ရှိနေတာ သေချာသလို အသားလွှာ ကွပ်မျက်ခြင်း နည်းစနစ်ကလည်း မမှားယွင်းဘူး။ ဒါက ခင်ဗျားရဲ့ ဒုတိယအကြိမ် အသားလွှာ ကွပ်မျက်ခြင်းပဲ။ ခင်ဗျားက သိပ်ပြီး ပြည့်စုံလွန်းနေမှာကို ကြောက်တာကြောင့် နောက်ဆုံး တစ်ချက်မှာ အားနည်းနည်းပိုစိုက်ပြီး သုံးခဲ့တာပဲ။ ဒါကြောင့် ရန်နန်ဖေးကို စောစောစီးစီး သေဆုံးစေခဲ့တာ။”

ကွပ်မျက်သူက နဖူးနှင့်မြေပြင်ကို ထိကပ်ပြီး မလှုပ်မယှက် ရှိနေ၏။ “ကျုပ် အပြစ်ရှိပါတယ်။ ကျုပ်မှာ အပြစ်ရှိပါတယ်။”

ရှမ့်လန်က ခေါင်းကို ခါယမ်းကာ ပြောသည်။ “မဟုတ်ဘူး။ ခင်ဗျားမှာ အပြစ်မရှိဘူး။ ဒါနဲ့ နေပါအုံး။ ခင်ဗျားက ဦးခေါင်းခွံဂိုဏ်း ထဲကို ဘယ်တုန်းက ဝင်ခဲ့တာလဲ။”

ကွပ်မျက်သူက တုန်ယင်စွာဖြင့် ဖြေ၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ နှစ်ကပါ။”

ရှမ့်လန်က ပြောလိုက်သည်။ “ဪ... ဒါက တော်တော်လေး ဆန်းကြယ်တဲ့ နှစ်တစ်နှစ်ပဲ။ ခင်ဗျား ကျုပ်ကို ပြောပြချင်တဲ့ အကြောင်းအရာ တစ်ခုခုများ ရှိနေသေးလား။”

ကွပ်မျက်သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး သူက ဦးတိုက်ကာဖြင့် ပြောလိုက်၏။ “ကျုပ်... ကျုပ် အပြစ်ရှိပါတယ်။ ကျုပ်မှာ အပြစ်ရှိပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားက ရုပ်ရည်ပျက်စီးအောင်လို့ အက်ဆစ်ကို အသုံးပြုခဲ့တယ်။ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်ဆိုပေမဲ့ မဟာပညာရှင် တစ်ယောက်ရဲ့ အရှိန်အဝါတွေက ကျန်နေတုန်းပဲ။ အထူးသဖြင့် ခင်ဗျား ဓားကို ကိုင်လိုက်တဲ့ အချိန်မှာ အဲဒီ မဟာပညာရှင် အရှိန်အဝါကို ဖုံးကွယ်လို့ မရတော့ဘူး။ မဟာပညာရှင် ဟုန့်နန်... ခင်ဗျားက မဟာပညာရှင် တစ်ယောက်ပါပဲ။

ကျုပ်ရဲ့ အဒေါ်ရွှယ်ရင်က ကျန်းလီရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတာကြောင့် လူတစ်ယောက်ကို ဓာတ်ပုံရိုက် ထားသလိုမျိုး မှတ်မိနိုင်တဲ့ မှတ်ဉာဏ်စွမ်းရည်တွေ ရှိတယ်။ သူက ခင်ဗျားရဲ့စိတ်နေသဘောထားနဲ့ ခင်ဗျားရဲ့ ကျောပြင်ကို သိရှိနားလည်ထားခဲ့တယ်။ အထူးသဖြင့် ခင်ဗျားရဲ့ ဓားကိုင်ပုံ ကိုင်နည်းပေါ့။ ဒါမျိုးကို သူ က အရမ်းရင်းနှီးတယ်လေ။”

xxx

အပိုင်း (၉၃၈)

ကွပ်မျက်သူက ဆက်လက်ကာ ဦးတိုက်နေပြီး သူက တုန်ယင်သည့် အသံဖြင့် ပြောလိုက်သည်။ “ကျုပ်.. ကျုပ်မှာ အပြစ်ရှိပါတယ်။ ကျုပ်မှာ တကယ့်ကို အပြစ်ရှိပါတယ်။”

ရှမ့်လန်က မေး၏။ “ခင်ဗျားမှာ ဘာအပြစ်ရှိလို့လဲ။ မဟာပညာရှင် ဟုန့်နန်... ခင်ဗျားက ကျုပ်အဖေပေါ်မှာ အချိန်အကြာကြီး သစ္စာစောင့်သိခဲ့သလို သူ့ရဲ့ကျောင်းက သိုင်းနည်းပြတောင် ဖြစ်ခဲ့သေးတယ်။ ခင်ဗျားမှာ ဘာအပြစ်ရှိတာလဲ။”

ကွပ်မျက်သူက အားကုန်သုံးပြီး ဆက်လက်ကာ ဦးတိုက်နေသည်။ “ကျုပ်မှာ အပြစ်ရှိပါတယ်။ ကျုပ်မှာ အပြစ် ရှိပါတယ်။”

ရှမ့်လန်က ဆက်ပြော၏။ “ခင်ဗျားက ကျုပ်အဖေ ကျန်းလီအပေါ် သစ္စာစောင့်သိခဲ့ပေမဲ့ ကျန်းလီ ရုတ်တရက် သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ ခင်ဗျားက အနောက်လောကကို ထွက်ပြေးခဲ့တယ်။ ဒါက ပုံမှန်ပဲ။ ဘာကိစ္စ ခင်ဗျားရဲ့ရုပ်ရည်ကို ဖျက်ဆီးပစ်ခဲ့ရတာလဲ။ ပြီးတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတောင် ဘာလို့ ဖျက်ဆီးပစ်ခဲ့ရတာလဲ။”

“ကျုပ်မှာ အပြစ်ရှိပါတယ်။ ကျုပ်မှာ တကယ့်ကို အပြစ်ရှိပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “မဟာပညာရှင် ဟုန့်နန်... ကျုပ် ထပ်ပြောမယ်။ ခင်ဗျားမှာ အပြစ်မရှိဘူး။ ဒါပေမဲ့ ကျုပ်ကို ခန့်မှန်းခိုင်းတဲ့ ပုံစံမျိုးတွေ မလုပ်ဘဲနဲ့ ခင်ဗျားကိုယ်တိုင် ပြောပြချင်တဲ့ အကြောင်းအရာလေးများ မရှိဘူးလား။ အနည်းဆုံး အခုချိန်ထိ ခင်ဗျားကို ကျုပ် ယုံကြည်မှု အပြည့်ပေးထားသေးတယ်။”

ကွပ်မျက်သူ ဟုန့်နန်က မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တုန်ယင်စွာဖြင့် ငိုကြွေးနေ၏။ ဟုန့်နန်က ငိုယိုကာဖြင့် ပြော၏။

“အရှင်... ကျုပ်... ကျုပ်... ကျုပ်နာမည်က ဟုန့်နန် မဟုတ်ပါဘူး။ ကျုပ်ရဲ့ နာမည်ရင်းက ကျူးယောင်ပါ။ ပြီးတော့ ကျုပ်က ကျူးမိသားစုရဲ့ တရားမဝင် သားတစ်ယောက်ပါ။

ကျူးမိသားစုမှာ တရားမဝင်ကလေးတွေ ရှိနေတယ် ဆိုတာ ပုံမှန်ကိစ္စပဲ။ ဂုဏ်ယူစရာ ကောင်းတာမျိုး မဟုတ်ပေမယ့် အနာဂတ်မရှိဘူးလို့လည်း ပြောလို့မရဘူး။ ကျုပ်ရဲ့အမှားကတော့ ပါရမီ အရမ်းကောင်းလွန်း နေတာပဲ။ ဒါကြောင့် ကျူးမိသားစုက ကျုပ်ရဲ့ အသုံးဝင်ပုံကို ရှာဖွေတွေ့ရှိခဲ့တယ်။

အဲဒီနောက်ပိုင်း ကျုပ်က ဘယ်တော့မှ မျက်နှာမပြရတော့ဘဲ ကျူးမိသားစုရဲ့ လျှို့ဝှက် လေ့ကျင့်မှုတွေကို နေ့တိုင်း ခံယူခဲ့ရတယ်။ မဟာပညာရှင်အဆင့်တစ်ယောက်ထိ ဖြစ်လာခဲ့ရတယ်။ ကျုပ် ထင်ထားခဲ့တာက မိသားစုဆီကို ပြန်ပြီး ကျုပ်ရဲ့ ဘဝလမ်းကြောင်းကို တည်ဆောက်ရမယ်ပေါ့။

ဒါပေမဲ့ တစ်နေ့မှာတော့ မိသားစုက ကျုပ်ကို ဆင့်ခေါ်ပြီး တစ်စုံတစ်ယောက်နဲ့ လျှို့ဝှက်လက်ထပ်ပေးခဲ့တယ်။ ပြီးတော့ ကျုပ်မှာ မိန်းမရှိလာခဲ့တယ်။ မကြာခင်မှာပဲ ကလေးတစ်ယောက် ရခဲ့တယ်။ ပြီးတော့ အရှင်ကျန်းလီရဲ့ အနားကို သူလျှိုလုပ်ဖို့ မိသားစုက ကျုပ်ကို စေလွှတ်ခဲ့တယ်။”

တော်တော်လေး ရင်းနှီးနေသည့် မြင်ကွင်းပင်။ ရွှယ်ရင်က ဤနည်းလမ်းအတိုင်းပင် ကျန်းလီ၏ အနားသို့ သူလျှိုလုပ်ရန် ရောက်ရှိခဲ့ဖူး၏။ ကျူးမိသားစု အနေနှင့် ထိုသို့ ပြုလုပ်ခြင်းက လုံးဝမဆန်းကြယ်တော့ပေ။

ကျူးယောင်က ဆက်ပြောသည်။ “ဒီလိုနဲ့ ကျုပ်က အရှင်မင်းကြီးကျန်းလီရဲ့ အနားမှာ သိုင်းနည်းပြ တစ်ယောက် ဖြစ်လာခဲ့တယ်။ အစတုန်းကတော့ သူ့ရဲ့ကိုယ်ရံတော်ပေါ့။ နောက်တော့ လျှို့ဝှက်ကျောင်းကို အပို့ခံရပြီး သိုင်းနည်းပြ ဖြစ်လာခဲ့တာပါ။ အရှင့်အတွက် သက်တော်စောင့်တပ်ကို လေ့ကျင့်ပေးရတဲ့ ဒုတိယ ကျောင်းအုပ်လည်း ဖြစ်လာခဲ့တယ်။

အရှင့်ဆီမှာ သိပ်ပြီးထူးခြားတဲ့ ဆွဲဆောင်မှုမျိုးတွေ ရှိတယ်။ သူက သူ့အနားမှာရှိတဲ့ ဘယ်သူ့ကိုမဆို လွှမ်းမိုးနိုင်စွမ်း ရှိနေတာပဲ။ ကျုပ်က အရင်တုန်းက သူ့ဘေးနားကို သူလျှိုအဖြစ် ရောက်ရှိလာခဲ့တာ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကိုယ်ဘယ်သူ ဖြစ်တယ်ဆိုတဲ့ ဝိသေသတွေ အကုန်လုံးကို မေ့လျော့သွားခဲ့ပြီး အရှင့်ရဲ့ အနားမှာ စိတ်ခံစားချက်အပြည့်နဲ့ အလုပ်အကျွေး ပြုမိခဲ့တယ်။ ကျူးမိသားစုကလည်း ကျုပ်ကို မေ့သွားပုံရပြီး ဘာအမိန့်မှ မပေးခဲ့ဘူး။”

ရွှယ်ရင်ကလည်း ထိုနည်းလည်းကောင်းပင်။ သူမ မူလက တော်ဝင်ရန်အင်ပါယာနှင့် စေတီတောင်တို့မှ သူလျှိုလုပ်ရန် ကျန်းလီအနားဆီသို့ စေလွှတ်ခံရသည့် လူတစ်ယောက် ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့် အမျှ ကျန်းလီ၏ လွှမ်းမိုးမှုကို ခံရပြီး တိုက်ရိုက်ဆိုသလိုပင် သူ၏ မူရင်းဌာနေကို ပုန်ကန်ခဲ့၏။

“အဲဒီနောက် အရှင်ကျန်းလီနဲ့ တော်ဝင်ရန်အင်ပါယာတို့ရဲ့ စစ်ပွဲက စတင်လာခဲ့တယ်။ ဒါပေမဲ့ အဲဒါက ကျုပ်နဲ့ မသက်ဆိုင်ဘူး။ ကျုပ်က ဝေးလံခေါင်သီတဲ့ တောင်ကြားတစ်ခုမှာ ထူးခြားတဲ့ သွေးမျိုးဆက် ရှိတဲ့သူတွေကို ဆက်လက် လေ့ကျင့်ပေးနေတယ်။ တပ်တော်အသစ်ရဲ့ အခြေခံတွေကို တည်ဆောက်ပေးနေခဲ့တာပဲ။

ဒါပေမဲ့ တစ်နေ့မှာတော့ တုန်လှုပ်စရာ ကောင်းလွန်းတဲ့ သတင်းတစ်ခု ရောက်လာခဲ့တယ်။ အရှင်ကျန်းလီ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ ပြီးနောက် ချက်ချင်းပဲ ကျုပ်ဆီကို ကျူးမိသားစုဆီက အမိန့်စာ ရောက်လာတယ်။ အဲဒီ ထူးခြားတဲ့ သွေးမျိုးဆက် ပိုင်ရှင်တွေ အကုန်လုံးကို တော်ဝင်ရန်အင်ပါယာဆီ ဆက်သရမယ်တဲ့။

ဒါကို ကျုပ် သဘောမတူခဲ့ဘူး။ ကျူးမိသားစုက ကျုပ်ရဲ့ မိန်းမနဲ့ ကလေးရဲ့ အသက်နဲ့ ခြိမ်းခြောက်ခဲ့ပေမယ့် ကျုပ် သဘောမတူခဲ့ဘူး။ အဲဒီနောက် ကျောင်းက ကလေးတွေအားလုံးကို သတ်ပစ်ဖို့။ ကြူပင်ခုတ် ကြူငုတ်မကျန် အကုန်လုံးကို ရှင်းပစ်ဖို့နဲ့ ထူးခြားတဲ့ သွေးမျိုးဆက် ပိုင်ရှင်တွေကိုတော့ လောကကြီးရဲ့ ကျန်တဲ့နေရာတွေ ဆီ ထွက်ပြေးခွင့် လုံးဝမပေးဖို့ အမိန့်ရလာခဲ့တယ်။

ကျုပ်က အားနည်းပြီး အစွမ်းသတ္တိ မရှိတဲ့လူပါပဲ။ အရှင်ကျန်းလီကို သစ္စာမဖောက်နိုင်သလို ကလေးတွေကို သတ်ပစ်ဖို့လည်း မရက်စက်နိုင်ပါဘူး။ ဒါပေမဲ့ အရှင်ကျန်းလီအတွက် တိုက်ခိုက်ပေးဖို့ဆိုတော့လည်း ကျုပ် မရဲပြန်ဘူး။ စစ်မြေပြင်မှာ တစ်ယောက်ယောက်က ကျုပ်ကို မြင်သွားခဲ့ရင် ကျူးမိသားစုက ကျုပ်ရဲ့ မိန်းမနဲ့ ကလေးကို သတ်ပစ်မှာ စိုးရိမ်ခဲ့မိတယ်။ ဒါကြောင့် ကျုပ် ထွက်ပြေးခဲ့တယ်။ အနောက်လောကကို ထွက်ပြေး ခဲ့တယ်။ စိတ်မလုံခြုံသလို ခံစားရတာကြောင့် ကျုပ်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးပစ်ခဲ့တာပါပဲ။”

စကားဆုံးချိန်မှာတော့ ကွပ်မျက်သူက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး အကြီးအကျယ် အော်ဟစ်ငိုကြွေးနေမိသည်။

ရှမ့်လန်က ထိုသူကို မယုံကြည်နိုင်သလို ကြည့်နေ၏။ ဤကဲ့သို့သော အတိတ်မျိုး ရှိလိမ့်မည်ဟု သူတကယ် မမျှော်လင့်ခဲ့ပေ။

အမှန်တကယ်မှာတော့ အနောက်လောကတွင်ရှိတည်းက ရှမ့်လန်က ဤကွပ်မျက်သူကို အထူးဂရုပြုမိသည်။ ဘာကြောင့်ဆိုသော် ထိုသူက အပိုင်းပိုင်း ခုတ်ဖြတ် သတ်ဖြတ်သည့်နည်းကို သိရှိထားပြီး မျက်နှာကလည်း ပျက်စီး နေသောကြောင့်ပင်။

ထို့ကြောင့် သူက ထိုသူ၏ အကြောင်းကို စုံစမ်းကြည့်၏။ လွန်ခဲ့သည့် ၂၆ နှစ်ထဲက ဦးခေါင်းခွံဂိုဏ်းထဲကို ဝင်ရောက်ခဲ့ကြောင်းကိုလည်း သိရှိတော့ အံ့အားသင့်မိသည်။ အချိန်က ကိုက်လွန်းနေသည် မဟုတ်ပါလား။

ထို့ကြောင့် ဤအချိန်ထဲက ဤကွပ်မျက်သူက ကျန်းလီ၏ လက်အောက်ငယ်သား ဖြစ်နေမည်ဟု သူ သုံးသပ်မိ၏။ သို့ပေမည့် ဤသို့ ဖြစ်နေသည်ဆိုလျှင်တောင် အဘယ်ကြောင့် မိမိ၏ ဝိသေသကို ဖုံးကွယ်ထားရသနည်း။ တခြားအချက်မှာတော့ မဟုတ်တော့ချေ။ ဦးခေါင်းခွံဂိုဏ်း ဆိုသည်ကလည်း ကျန်းလီ ဖန်တီးခဲ့သည့် အရာပင်။

အရှေ့လောကသို့ ပြန်ရောက်ပြီးနောက် ရွှယ်ရင်က ကွပ်မျက်သူကို အစပိုင်း ဂရုမစိုက်မိခဲ့ချေ။ သို့သော်ငြား ထိုသူက ဓားကိုင်လိုက်သည့် ချိန်တွင် ထွက်ပေါ်လာခဲ့သည့် ထူးခြားသည့် အရှိန်အဝါမျိုးကို သူမက အာရုံခံမိသွား၏။ ထို့ကြောင့် ဤလူက တစ်စုံတစ်ယောက်နှင့် အလွန်တူကြောင်း ရှမ့်လန်ကို ပြောပြခဲ့ခြင်းပင်။

သို့သော်ငြား သူက ကျူးမိသားစု၏ တရားမဝင် ရရှိထားခဲ့သည့် သားတစ်ယောက် ဖြစ်နေသည် ဆိုသည့် အချက်ကိုတော့ ရှမ့်လန်က လုံးဝတွေးမထားမိခဲ့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကျူးမိသားစုက ခင်ဗျားကို အချိန်အကြာကြီး ဘာအမိန့်မှ မပေးခဲ့ဘူး ဆိုတာက အရှင်ကျန်းလီက အင်အားကြီးလွန်းတာကြောင့် သူတို့ရဲ့အမှားကို အကောင်းဆုံး အသုံးချပြီး ခင်ဗျားကို ကျူးမိသားစုရဲ့ လှည့်ကွက်တစ်ခုအဖြစ် ဖြစ်လာစေချင်လို့ များလား။”

ဤလောကကြီးရှိ မိသားစုများက သူတို့၏ ဝှက်ဖဲများကို ခြင်းတောင်းတစ်ခုတည်း၌ ထည့်ထားလေ့ မရှိချေ။ ကျန်းလီ အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်တွင် အနာဂတ်၌ ကျန်းလီသာ လောကကြီး တစ်ခုလုံးကို ပိုင်ဆိုင် သွားလျှင် မည်သို့လုပ်မည်နည်းဟု ကျူးမိသားစုက တွေးကောင်းတွေးမိပေလိမ့်မည်။

ထိုအချိန်သို့ ရောက်လျှင် ဤကျူးယောင်က သူလျှိုတစ်ယောက် မဟုတ်တော့ဘဲ ကျန်းလီအပေါ် သစ္စာစောင့်သိရန် ကျူးမိသားစုက ကြိုတင်စီစဉ်ထားခဲ့သည့် ဝှက်ဖဲတစ်ခု ဖြစ်လာမှာဖြစ်ပြီး အရေးကြီးသည့် အခိုက်အတန့်၌ ကျူးမိသားစု၏ ကြွယ်ဝချမ်းသာမှုကို ကာကွယ်ပေးကောင်း ကာကွယ်ပေးနိုင်ပေလိမ့်မည်။ ဤအခြေအနေက တကယ်ကို ပုံမှန်ဖြစ်ပြီး ဤကျူးယောင်က ကျူးမိသားစု၏ တစ်ခုတည်းသော ဝှက်ဖဲ မဟုတ်ကြောင်း ရှမ့်လန်က သံသယဝင်မိ၏။

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင် ကျူးမိသားစုက ခင်ဗျားကို လျှို့ဝှက်ပေးစာတွေ ဒါမှမဟုတ် သက်သေအဖြစ် အသုံးပြုလို့ရမယ့်အရာတွေ ပေးထားသေးလား။”

ကွပ်မျက်သူက ခေါင်းခါယမ်းလိုက်၏။ “လုံးဝ မရှိပါဘူး။”

ရှမ့်လန်က ပြောပြန်သည်။ “ဒါဆိုရင် ကျူးမိသားစုမှာ သိုင်းပညာရှင်တွေကို အထူးပြုလေ့ကျင့်ပေးတဲ့ လျှို့ဝှက် စစ်စခန်းတွေ ရှိလား။”

ကွပ်မျက်သူက ဖြေ၏။ “ရှိပါတယ်။ ကျုပ်က အဲဒီ လျှို့ဝှက်စခန်းကနေ ထွက်လာခဲ့တာပါပဲ။”

ရှမ့်လန်က မေးမြန်းသည်။ “အဲဒီ လျှို့ဝှက်စခန်းက ဘယ်မှာလဲ။”

ကွပ်မျက်သူက ပြော၏။ “ကျုပ် မသိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီကနေ ထွက်လာတဲ့ အချိန်မှာ မျက်လုံးတွေကို စည်းနှောင်ထားတယ်။ နားတွေကို ပိတ်ဆို့ထားတယ်။ ဒါပေမဲ့ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်မှာ ရှိနေတာတော့ သေချာတယ်။ ဘာလို့လဲဆိုတော့ ထွက်လာခဲ့တုန်းက လှေစီးခဲ့ရလို့ပဲ။”

ရှမ့်လန်က ပြောသည်။ “ကျွန်းပေါ်ကနေ ကုန်းမြေကို ရောက်တဲ့အထိ အချိန်ဘယ်လောက်ကြာအောင် ရွက်လွှင့်ခဲ့ရလဲ။”

ကွပ်မျက်သူက ဖြေ၏။ “ငါးရက်နဲ့ ငါးညပါ။”

ရှမ့်လန်က မေးသည်။ “အဲဒီအချိန်တုန်းက သူတို့က ခင်ဗျားကို လုံးဝသတိမေ့အောင် လုပ်ထားတာ။ ဘာလို့ ခင်ဗျားက ဒီလောက် ရှင်းရှင်းလင်းလင်း သိနေရတာလဲ။”

ကွပ်မျက်သူက ပြောလိုက်၏။ “လပြည့်၊ လကွယ်ကို ကြည့်ပြီး သိတာပါ။”

အံ့မခန်းပင်။ ရှမ့်လန်က မေးသည်။ “ဒါဆိုရင် ခင်ဗျား ဘယ်နေရာမှာ ကမ်းတက်ခဲ့တာလဲ။”

ကွပ်မျက်သူက ခဏလောက် တွေးဝေသွား၏။ “အင်း.. ဝူပြည်နယ်လောက် ဖြစ်လောက်တယ်။”

ရှမ့်လန်က ပြောသည်။ “ကမ်းတက်ပြီးတဲ့နောက်မှာ ခင်ဗျားရဲ့ မျက်လုံးနဲ့ နားတွေကို လုံးဝပိတ်ဆို့ထားမှာပဲ။ လကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။ ပြီးတော့ ဝူပြည်နယ်ကနေ ကမ်းတက်မှန်း ခင်ဗျားဘယ်လိုသိလဲ။”

ကွပ်မျက်သူက ရှင်းပြ၏။ “ဘာလို့လဲဆိုတော့ အစတုန်းက လေက ငန်ပေမဲ့ နောက်ပိုင်းမှာတော့ လေက နွေးထွေးလာတယ်။ လှေရဲ့ အမြန်နှုန်းက နှေးသွားတယ်။ ဒါကြောင့် ပင်လယ်ထဲကနေ မြစ်ဝကို ရောက်နေတာ ဖြစ်ရမယ်။ တောင်ဖက်ပင်လယ် တစ်ခုလုံးမှာ ပင်လယ်ထဲကို စီးဝင်တဲ့ မြစ်သုံးစင်း ရှိတယ်။ ရွှဲ့ပြည်နယ်ရဲ့ နုကျန့်မြစ်၊ ဝူပြည်နယ်ရဲ့ လန်မြစ်နဲ့ တော်ဝင်ရန်အင်ပါယာရဲ့ လောင်ကျန်းမြစ်တို့ပဲ။ နုကျန့်မြစ်က ရေစီးကြမ်းပြီး ကျဉ်းတယ်။ လောင်ကျန်းမြစ်က အေးတယ်။ လန်မြစ်တစ်ခုကပဲ ငြိမ်သက်ပြီး နွေးထွေးတယ်။”

အံ့မခန်းပင်။ ဤကွပ်မျက်သူက ဆံချည်မျှင် တစ်မျှင်စာလေက်အထိ အသေးစိတ်ကျအောင် နားလည်နေ၏။ ကွပ်မျက်သူက ဆက်ပြောသည်။

လျန်ပြည်နယ်ကို ရောက်တဲ့ အချိန်မှာ မျက်လုံးစီးကို ဖြေပေးတယ်။ အဲဒီအချိန်မှာ လျှို့ဝှက်စခန်းကနေ ထွက်ပြီး ၁၅ ရက်တိတိ အချိန်ကြာမြင့်သွားခဲ့ပြီ။ ဘာလို့လဲဆိုတော့ လပြည့်ည ဖြစ်နေလို့ပဲ။ ဝူပြည်နယ်ကနေ လျန်ပြည်နယ်ထိ ခရီးကွာဝေးက ၁၀ ရက်လောက် ကြာတယ်။ ဒါကြောင့် ရွက်လွှင့်ချိန်က ၅ ရက်နဲ့ ၅ ညလောက် ရှိပါလိမ့်မယ်။”

ရှမ့်လန်က မြေပုံပေါ်သို့ လျှောက်သွားပြီး သူပြုလုပ်ထားသည့် သံလိုက်အိမ်မြောင်ကို ထုတ်ယူပြီး ဝူပြည်တောင် လန်မြစ်ဝကို ဗဟိုပြု၍ စက်ဝိုင်း တစ်ခုကို ဆွဲလိုက်၏။ ဆိုလိုသည်က ကျူးကလန်၏ လျှို့ဝှက်စခန်းက ဤစက်ဝိုင်း အတွင်း၌သာ ရှိနေပြီး တောင်ဘက်နှင့် သိပ်မနီးလောက်ပေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ ရေတပ်က နုရှောင့်မြို့၏ အရှေ့ဘက်ကို စူးစမ်းရှာဖွေခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။

ထို့နောက် ရှမ့်လန်က အသေးစိတ် အချက်အလက်များကို ဆက်လက်မေးမြန်း၏။ အထူးသဖြင့် ပင်လယ်လေ၊ ရေစီးကြောင်းနှင့် အရေးကြီးဆုံးက ရာသီဥတု အကြောင်းပင်။ ဝူပြည်နယ်မှ ကမ်းတက်ခဲ့စဉ်က ဆောင်းဦးရာသီ ဖြစ်သောကြောင့် အကယ်၍ ထွက်ခွာစဉ်က ရာသီဥတု ပူနွေးခဲ့လျှင် ကျွန်းက မြောက်ဘက် ပိုကျသည်ဟု ဆိုနိုင်၏။ အကယ်၍ ရာသီဥတု တူညီနေလျှင် ဝူပြည်နယ်၏ လန်မြစ်ဝနှင့် မြောက်ဘက်ပိုင်းတွင် ရှိနေသည်ဟု ဆိုလို၏။ သိသိသာသာ ပူနွေးနေပါက တောင်ဘက် ပိုကျမည်။

“အပူချိန်က အတူတူလောက်ပဲ။ အားလုံးက ဆောင်းဦးရာသီပဲ။ ကျုပ် ဒါကို ကောင်းကောင်း မှတ်မိတယ်။ ဝူပြည်နယ်ထဲကို ဝင်သွားတဲ့ အချိန်မှာ ပန်းနှမ်းရနံ့ကို ရတယ်။ လျှို့ဝှက်ကျွန်းပေါ်မှာတုန်းကလည်း ပန်းနှမ်းပင် တွေက ပွင့်လုဆဲဆဲ ပုံစံမျိုးပဲ။” ကွပ်မျက်သူက ဆို၏။

ထိုအချိန်မှာတော့ ရှမ့်လန်က ပိုမိုတိကျ သေချာသွားပြီး မြေပုံပေါ်တွင် စက်ဝိုင်းတစ်ခုကို ဆွဲ၏။ ထိုဧရိယာအတွင်း အချင်းဝက်က မိုင် ၂၀၀၀ ထက် မပိုသလို နုရှောင့်မြို့နှင့် အကွာအဝေးက မိုင် ၄၀၀၀ ထက် မပိုချေ။ ချက်ချင်းပဲ ရှမ့်လန်က ဤဧရိယာအတွင်းရှိ ကျူးကလန်၏ လျှို့ဝှက်စခန်းကို ရှာဖွေရန် ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်သားများကို မြောက်ဘက်သို့ ဦးတည် စေလွှတ်လိုက်သည်။

ယခင်တုန်းကဆိုလျှင် ဤလျှို့ဝှက်စခန်းကို ရှာတွေ့ရန်က အခြေခံအားဖြင့် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် ကျွန်းပေါင်းများစွာ ရှိနေပြီး ထူးဆန်းသော ကျောက်ဆောင်နှင့် သစ်တောများက နေရာတိုင်းတွင် ပေါက်ရောက်နေသောကြောင့်ပင်။ ကျွန်းတိုင်းကို သွားရောက် စူးစမ်းခြင်း မပြုပါက သဲလွန်စ တစ်ခုကိုမှ တွေ့ရှိရန် မဖြစ်နိုင်ပေ။

ရှမ့်လန်က နိဗ္ဗာနကျွန်းပေါ်တွင် လျှို့ဝှက်စခန်းတစ်ခု ရှိနေပြီး ထိုအရာက မည်သည့်ပင်လယ်နှင့် ရေကြောင်း၏ အတိုင်းအတာအတွင်းမှ ဘယ်မှမရှိချေ။ သင်္ဘောတစ်စင်း ဖြတ်သွားလျှင်ပင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်းပေါ်တွင် လူသားတို့၏ လှုပ်ရှားမှု ခြေရာများ မရှိသောကြောင့်ပင်။

သို့သော်ငြား ရှမ့်လန်တွင် မီးပုံးပျံရှိ၏။ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည့် တပြိုင်နက် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။

“ဟိုမှာ…. ဟိုမှာ…”

ဟီလာက မှန်ပြောင်းကို အသုံးပြု၍ ကျွန်းကို သေချာကြည့်၏။ အလွန်ထူထပ်သော သစ်တော၏ အလယ် ဗဟိုတွင် မြေကွက်လပ်တစ်ခု ဖြစ်နေပြီး ခုတ်ထွင်ရှင်းလင်းထားသည့် မြေပြန့်တစ်ခုပင်။ မြေအောက်လှိုဏ်ဂူ တချို့၏ ဝင်ပေါက်ကို မြင်ရ၏။ ထို့အပြင် ကျွန်း၏အလယ်၌ ထူးဆန်းသော ရုပ်တုများ ရှိနေပြီး ရှေးဟောင်းဆန်သည့် စေတီပုထိုး တစ်ဆူလည်း ရှိသည်။

“ဒီနေရာပဲ။” ကွပ်မျက်သူ ကျူးယောင်က ပြော၏။

ဤအချိန်မှာတော့ လျှို့ဝှက်စခန်းထဲမှ လူများက ကောင်းကင်ပေါ်မှာ မီးပုံးပျံကို တွေ့ရှိသွားခဲ့၏။ ပျားအုံကို တုတ်နှင့် ထိုးလိုက်သကဲ့သို့ပင် တစ်ဖွဲ့ဖွဲ့ ထွက်ပေါ်လာခဲ့ကြ၏။ ရာနှင့်ချီသော လူများပင်။

“ရွှမ်း... ရွှမ်း...” ဤလူစုက ကောင်းကင်ပေါ်ရှိ မီးပုံးပျံကို မြားများနှင့် ပစ်ခတ်ကြသည်။

ပိုမို၍ တုန်လှုပ်စရာကောင်းသည်က ထိုမြားများ၏ အမြီးပိုင်းတွင် အလင်းရောင်များ တောက်ပနေပြီး ကောင်းကင်ပေါ်သို့ မီတာ ၁၀၀၀ အထိ ရောက်အောင် ပစ်ခတ်နိုင်ခြင်းပင်။ ထိုအရာက ရှေးဟောင်းစွမ်းရည် မြားများသာ ဖြစ်၏။ ကျူးကလန်၏ လျှို့ဝှက်စခန်းတွင် ဤလိုမျိုး အရာများ တကယ်ရှိနေသည်လား။

“ဒါ ရှေးဟောင်းအပျက်အစီး တည်နေရာ တစ်ခုပဲ။” ဟီလာက သုံးသပ်လိုက်၏။

“ရွှမ်း... ရွှမ်း...”

လျှို့ဝှက်စခန်းပေါ်တွင်တော့ ဧရာမ ဒူးလေးကြီး တချို့ကို တွန်းထုတ်လာပြီး ကောင်းကင်ပေါ်သို့ ရူးသွပ်စွာ ပစ်ခတ်ကြ၏။ ကောင်းကင်ပေါ်သို့ မီတာ ၁၀၀၀ ထိ တက်လာသည့် ဧရာမ မြားကြီး တစ်စင်း ရှိနေပြီး ပြင်းထန်စွာ ပေါက်ကွဲ၏။

ဟီလာ စီးနင်းလာခဲ့သည့် မီးပုံးပျံ၏ ခြင်းတောင်းတွင် ကြီးမားသည့် အပေါက်ကြီး တစ်ခုပင် ဖြစ်သွားစေသည်။

ဟီလာက လုံးဝ တုန်လှုပ်သွားသလို ကွပ်မျက်သူ ကျူးယောင်ကလည်း လုံးဝ ကြောင်အသွား၏။ ယခင်တုန်းက ဤကဲ့သို့သော လက်နက်မျိုး မရှိခဲ့ဖူးချေ။ ယခု အဘယ်ကြောင့် ဤမျှ ပြင်းထန်သည့် လက်နက်မျိုး ရှိနေရသနည်း။

All Chapters