← Chapters

အခန်း (၉၄၃-၉၄၄)

Vol. 57 Ch. 943-944

အခန်း (၉၄၃-၉၄၄)

Vol. 57 Ch. 943-944

အပိုင်း (၉၄၃)

ရှမ့်လန်က ပြောလိုက်၏။ “မင်းအဖေအကြောင်း ငါ တော်တော်လေး နားလည်ထားတယ်။ သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ပေမယ့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ ပတ်သက်ရင်တော့ စည်းကမ်းရှိတယ်။ သူ အာဏာရခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ဘယ်နန်းတွင်းအပျိုတော်ကိုမှ တွေ့ရာခေါ်ပြီး မအိပ်တတ်ဘူး။ ဒါဆိုရင် ဘာလို့ နင်ရှောင်ရဲ့အမေက ခြွင်းချက် ဖြစ်နေတာလဲ။ ပြီးတော့ အချစ်ခံရပြီးရင် ကိုယ်လုပ်တော် အဖြစ်တော့ ရာထူးတိုးပေးသင့်တယ်။ ဘာလို့ မတိုးပေးရတာလဲ။”

မင်းသမီးနင်ယန်က ပြောသည်။ “ကြားဖူးတာကတော့ အဲဒီနန်းတွင်းအပျိုတော်က အဖေ့ကို မြူဆွယ်ခဲ့တာပဲ။ အဲဒီနန်းတွင်း အပျိုတော်က သိပ်ပြီး ညှို့ဓာတ်ပြင်းတယ်။ အဘွားက သူ့ကို မကြိုက်ဘူး။ ကျွန်မအဖေကလည်း သူ့ကို မကြိုက်ဘူး။ တစ်ကြိမ်ပဲ ထိတွေ့ခဲ့တာပါ။”

ရှမ့်လန်က ပြော၏။ “ကောလာဟလဖြစ်နေမှတော့ ပိုပြီးရယ်စရာကောင်းတာတွေ ကောလာဟလတွေထဲမှာ ရှိမှာပေါ့။ ကဲ ပြောပြစမ်းပါအုံး။”

မင်းသမီးနင်ယန်က ခေတ္တမျှ စဉ်းစားသည်။ “တချို့က ပြောတယ်။ သူ့ကို တော်ဝင်ကပ်ဘေးဘုရားကျောင်းက ကျွန်မအဖေနားကို ပို့လိုက်တာတဲ့။ ပုံမှန်အားဖြင့် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံပြီး ယောက်ျားတွေကို ဆွဲဆောင်တတ်တယ်။ ဒါကြောင့် ကျွန်မအဖေက သူ့ကို တစ်ခါချစ်မြတ်နိုးခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီနောက်ပိုင်း အဲဒီမိန်းမက အရမ်းအန္တရာယ်များတယ်လို့ ခံစားရပြီး အကျဉ်းချထားလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်း ဘာလို့ သေဆုံးသွားလဲ ဆိုတာတော့ မသိဘူး။ အဖေက သူ့ကို သတ်မယ်လို့တော့ မထင်ဘူး။”

ရှမ့်လန်က သဘောတူညီစွာ ခေါင်းညိတ်မိ၏။ နင်ယွမ်ရှန်းက သူ၏ အမျိုးသမီးများအပေါ် အရမ်းကောင်း၏။ စုဖေးက ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ခဲ့သည် ဆိုလျှင်တောင် နင်ယွမ်ရှန်းက သူမကို မသတ်ရုံမက တခြား ဘာမှလည်း မလုပ်ခဲ့ချေ။ ထိုသို့ဆိုလျှင် ကောလာဟလ က ကောလာဟလ မဟုတ်နိုင်တာ သေချာသွား၏။

ထိုအချိန်တုန်းက တော်ဝင်ကပ်ဘေးဘုရားကျောင်းက အရှေ့လောကတွင် အင်အားကုန်ဆုံးလုနီးပါး ဖြစ်နေ၏။ သို့ပေမည့် သူတို့ အကျွမ်းကျင်ဆုံးအရာက ချမ်းသာကြွယ်ဝပြီး ဂုဏ်ရှိန်ကြီးမားသည့် မိသားစုတွေထဲ အမျိုးသမီးများက လျှို့ဝှက် ထည့်သွင်းထားခြင်းပင်။ ထို့အပြင် ထိုသူတို့က တကယ့်ကို စွမ်းဆောင်ရည်မြင့်သည့် အမျိုးသမီးများလည်း ဖြစ်သည်။

ထိုသို့ဆိုလျှင် နင်ရှောင်ကို တုံ့ကျန်းဘုရားကျောင်းဆီသို့ ပို့လွှတ်လိုက်တာက အဓိပ္ပာယ်ရှိသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမ၏အမေက တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ အမျိုးသမီးတပည့်တစ်ယောက် ဖြစ်ကောင်း ဖြစ်နေနိုင်သောကြောင့်ပင်။ တော်ဝင်ကပ်ဘေးဘုရားကျောင်း ပျက်စီးသွားခဲ့ပြီးနောက် တုံ့ကျန်း ဘုရားကျောင်းက အစားထိုးနေရာယူလိုက်၏။

နင်ယွမ်ရှန်းက နင်ရှောင်ကို ဆုံးမသွန်သင်ဖို့၊ သူ့အမေ၏ ဝိသေသကြောင့် အန္တရာယ်မဖြစ်ရအောင် တုံ့ကျန်း ဘုရားကျောင်းသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ပုံရသည်။ တကယ်တော့ ထိုအချိန် အခြေအနေများက ပို၍ ရှုပ်ထွေးကောင်း ရှုပ်ထွေးနေနိုင်သည်။

ဤအချိန်မှာတော့ ရှမ့်လန်က လူများကို တိတ်ဆိတ်စေလွှတ်ပြီး နင်ရှောင်၏ အကြောင်းကို စုံစမ်းခြင်း၊ တုံ့ကျန်းဘုရားကျောင်း အကြောင်းကို စုံစမ်းခြင်း၊ အထူးသဖြင့် ကျူးဟုန်ကျူး မြေပုံပေါ်တွင် ဝှက်ထားခဲ့သည့် ငှက်ပျောက်မြို့အကြောင်းကို စုံစမ်းခြင်းများ ပြုလုပ်နေ၏။ ထိုအရာက တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ခြေကုပ်စခန်းဟောင်း တစ်ခုလည်း ဖြစ်၏။

...............................

“ကျွန်မတို့ ထျန်းရွှဲ့မြို့ကို ဘယ်တော့ တိုက်မှာလဲ။” မင်းသမီး ဒိုဟာက မေးသည်။

ရှမ့်လန်က ဖြေ၏။ “မကြာခင်မှာပဲ။”

ထျန်းရွှဲ့မြို့ကို မတိုက်ခိုက်ခင် ရှမ့်လန်က ပြင်ဆင်မှုများကို ပြုလုပ်ရပေမည်။ ပထမဦးဆုံးအချက်အနေနှင့် နုရှောင့်မြို့တော်၏ လုံခြုံရေးနှင့် အရှေ့ဘက်ပင်လယ်ကို အကြွင်းမဲ့ထိန်းချုပ်မှုရရန် သူက အာမခံနိုင် ရပေလိမ့်မည်။

ဒုတိယအချက်အားဖြင့် ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်တော်ကို အနိုင်ယူနိုင်မည့် ဝှက်ဖဲတစ်ခု သူ့၌ ရှိရပေမည်။

တတိယအချက် သူ့တွင် နောက်တိုက်ပွဲ၌ အနိုင်ရရန် ယုံကြည်မှု ရှိရမည်။ ဤသုံးချက်က မပြည့်စုံဘဲ ထျန်းရွှဲ့မြို့ ကို အလျင်စလို တိုက်ခိုက်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။ ထျန်းရွှဲ့မြို့က ရှမ့်လန်အတွက် တကယ့်ကို အရေးကြီး၏။ ထိုအရာက အရှေ့လောကရှိ သူ၏စစ်အောင်ပွဲဖြစ်ပြီး တော်ဝင်ရန်အင်ပါယာ ကို စစ်ကြေညာမည့် အချက်ပေးခရာတစ်ခုလည်း ဖြစ်လာပေမည်။

ချောင်ဘုရင်သစ်က တော်ဝင်ရန်အင်ပါယာအပေါ် မုန်းတီးမှုများနှင့် ပြည့်နှက်နေ၏။ အဘယ်ကြောင့်ဆိုသော် ချောင်ဘုရင်ဟောင်းက စေတီတောင်နှင့် တော်ဝင်ရန်အင်ပါယာ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရ သောကြောင့်ပင်။

ဝူဘုရင်က တော်ဝင်ရန်အင်ပါယာကို ဒေါသထွက်နေသော်လည်း ဘာမှမပြောရဲချေ။ အကယ်၍ တော်ဝင်ရန် အင်ပါယာကသာ ဤလောကကြီးကို စုစည်းချင်သည်ဆိုလျှင် ဝူနိုင်ငံက ပထမဦးဆုံး ခံရမည့် နိုင်ငံဖြစ်သည်။

သို့သော်ငြား ဤအချိန်မှာတော့ မည်သည့်နိုင်ငံကမှ တော်ဝင်ရန်အင်ပါယာကို မခုခံရဲကြချေ။ အမှန်တကယ်တွင် သူတို့က တော်ဝင်ရန်အင်ပါယာကို အာခံရန်မဆိုနှင့် မော့ပင် မကြည့်ရဲကြချေ။ ဤအချိန်၌ သူတို့က အာဇာနည် တစ်ယောက်ကို လိုအပ်နေ၏။ တော်ဝင်ရန်အင်ပါယာကို လူသိရှင်ကြား ဆန့်ကျင်မည့် အလံတော်တစ်ခု ဖြစ်လာမည့် အာဇာနည်တစ်ယောက်ပင်။

သံသယဖြစ်စရာမလိုအောင်ပင် ရှမ့်လန်က ထိုအာဇာနည်ပင်။ သူ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အင်ပါယာ ကျန်းလီ၏ အရိုက်အရာကို ဆက်ခံရပေမည်။ ထျန်းရွှဲ့မြို့က ရွှဲ့ပြည်နယ်၏ မြို့တော်ဖြစ်၏။ အကယ်၍ ရှမ့်လန်သာ သိမ်းပိုက်လိုက်လျှင် လောကကြီးတစ်ခုလုံးက တုန်လှုပ်သွားပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် ချောင်ဘုရင်သစ်၊ ဝူဘုရင်နှင့် အားလုံးတို့က ချက်ချင်း အာဏာမပုန်ကန်နိုင်ရင်တောင် အနည်းဆုံး သတ္တိရှိလာပြီး တော်ဝင်ရန်အင်ပါယာကို တိတ်တဆိတ် ခုခံလာပေလိမ့်မည်။

လူတိုင်း၏ မျက်လုံးများက ရှမ့်လန်အပေါ် ရောက်နေသည်ဟု ပြောနိုင်၏။ သူတို့က အကန့်အသတ်မဲ့ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသော်လည်း တစ်ချိန်တည်းမှာပဲ လုံးဝ အဆိုးမြင်မှုများလည်း ရှိ၏။ မရေမတွက်နိုင်သည့် လူများက ရှမ့်လန် အနိုင်ရရှိပြီး အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ရန် မျှော်လင့်နေ၏။ သို့သော်ငြား မည်သူကမှလည်း ထိုသို့လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ကြချေ။ သစ်ပင်ကို လှုပ်နေသည့် ပုရွက်ဆိတ်တစ်ကောင် သာ ဖြစ်မည်ဟု ခံစားနေရသောကြောင့်ပင်။

အမှန်တကယ်တွင် ချောင်ဘုရင်သစ်နှင့် ဝူဘုရင်တို့က ရှမ့်လန် အနိုင်ရပြီး နင်ကျန်းကို ရွှဲ့ပြည်နယ် ပြန်လည် ထူထောင်ရာ၌ အကူအညီပေးနိုင်ရန် နေ့တိုင်း ဆုတောင်းနေကြကြောင်း ရှမ့်လန် သေချာသိ၏။ သူတို့က တော်ဝင်ရန်အင်ပါယာ၏ အလံတော်ကို မြှုပ်နှံရန်လည်း မျှော်လင့်နေသည်။

ထျန်းရွှဲ့မြို့က မြို့တစ်မြို့ သက်သက်မဟုတ်ပေ။ ထိုအရာက သင်္ကေတတစ်ခုလည်း ဖြစ်၏။ ထျန်းရွှဲ့မြို့ကို သိမ်းပိုက်နိုင်ခြင်းက အရေးကြီးသော်လည်း ထိုအရာက ရွှဲ့ပြည်နယ်ကို ကာကွယ်ခြင်း ဆိုသည်ထက် ပို၍ အရေးကြီး ၏။ ရှမ့်လန်က ထျန်းရွှဲ့မြို့ကို မတိုက်ခိုက်မီ နောက်ဆုံးတိုက်ပွဲကို အနိုင်ရရန် ပြင်ဆင်ထားရမည်။ သို့မဟုတ်ပါက သူက ပေါက်ပန်းလေးဆယ်များကို လျှောက်ကာ လုပ်နေသည့် မျောက်တစ်ကောင်ကဲ့သို့ ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် နောက်တိုက်ပွဲက မည်သို့ဖြစ်မည်နည်း။ ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်၊ ချန်နိုင်ငံသစ်၊ အထူးသဖြင့် ကောင်းကင်ပင်လယ်နန်းဆောင်က ထျန်းရွှဲ့မြို့ကို ဘယ်တော့မှ မျက်ကွယ်ပြုလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ရွှဲ့ပြည်နယ်က သူတို့၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိနေသည်ဟု ယူဆထားသောကြောင့်ပင်။

ထိုအချိန်တုန်းက ရှမ့်လန်၏ ဝိသေသကို စုံစမ်းစစ်ဆေးခြင်းကို ကောင်းကင်ပင်လယ်နန်းဆောင်က ဦးဆောင် ခဲ့၏။ ထို့ကြောင့် ပို၍ အခြေခံကျသည်က သူ ကောင်းကင်ပင်လယ်နန်းဆောင်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ရှိရပေမည်။

သာမန်သိုင်းပညာအင်အားဖြင့် ကောင်းကင်ပင်လယ်နန်းဆောင်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ ကောင်းကင် ပင်လယ်နန်းဆောင်က ရှမ့်လန်အတွက် ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။ ထိုသူတို့တွင် အလွန်အစွမ်းထက်သည့် အထူးတပ်ဖွဲ့တစ်ခုနှင့် မရေတွက်နိုင်သည့် ထိပ်တန်းသိုင်းတပ်ကြီးတစ်ခု ရှိနေကြောင်း သိ၏။

ထိုသူတို့တွင် ဆန်းကြယ်ပြီး စွမ်းအားပြင်းထန်သည့် ရှေးဟောင်းစွမ်းအင်လက်နက်များလည်း ရှိ၏။ ထို့ကြောင့် သူက ကောင်းကင်ပင်လယ် နန်းဆောင်ကို အနိုင်ယူချင်ပါက ယခုထက် ပို၍ လုပ်ဆောင်ရပေလိမ့်မည်။ သေချာရပေ လိမ့်မည်။

“ထျန်းရွှဲ့မြို့တိုက်ပွဲမှာ ငါတို့ စစ်သည်သိန်းဂဏန်းလောက်ကို ရင်ဆိုင်ရမှာ မဟုတ်ဘူး။”

ရှမ့်လန်က ပြော၏။ “ပိုပြီး အရေးကြီးမားတာက ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်တော်က ငါတို့ရဲ့ အဓိက ရန်သူတွေပဲ။ ဒါတင်မကသေးဘူး၊ တုံ့ကျန်းဘုရားကျောင်းနဲ့ စေတီတောင်တို့ကလည်း ထျန်းရွှဲ့မြို့ကို အတိုင်းအတာတစ်ခုအထိ ကူညီကြလိမ့်မယ်။ ဒီတိုက်ပွဲက အရမ်းအရေးကြီးတယ်။ လောကကြီးတစ်ခုလုံးက ကျုပ်တို့ကို စောင့်ကြည့်နေတယ်။ ထျန်းရွှဲ့မြို့တိုက်ပွဲမစခင် ကျုပ်တို့ အောင်ပွဲကို သေချာအောင် လုပ်ရမယ်။”

ရုတ်တရက် မင်းသမီးနင်ယန်က ပြောသည်။ “ဒါဆိုရင် ဘာလို့ အရင်မတိုက်တာလဲ။ အစွမ်းထက်တဲ့ ရန်သူတွေ အားလုံး ထျန်းရွှဲ့မြို့မှာ စုပုံရောက်တဲ့အထိ စောင့်ပြီးမှ တိုက်ခိုက်တာက ဒုက္ခကို ဖိတ်ခေါ်တာနဲ့ မတူဘူးလား။”

ရှမ့်လန်က ပြော၏။ “အခုပဲ သွားပြီး သိမ်းပိုက်လိုက်နိုင်တယ်။ ပြီးရင် အဲဒါကို ကာကွယ်ရလိမ့်မယ်။ ဒါက တပ်ဖွဲ့ဝင် နည်းနည်းပဲရှိတဲ့ ငါတို့အတွက် အရမ်းကို ပင်ပန်းလိမ့်မယ်။ ငါတို့က ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ် တပ်တော်ကို ရင်ဆိုင်ရမှာမို့ ဒီကိစ္စကို တစ်ခါတည်း အပြတ်ရှင်းလိုက်တာ ပိုကောင်းတယ်။

ဒါမှမဟုတ်ရင် တပ်ဖွဲ့ဝင်အင်အား နည်းနေတာနဲ့ ထျန်းရွှဲ့မြို့၊ ရွှမ်ဝူနယ်စားအိမ်တော်၊ ကျင်းချန်းကျွန်းနဲ့ နုရှောင့်မြို့တော်၊ အားလုံးကို ဘယ်လို ကာကွယ်နိုင်မလဲ။ ပြီးတော့ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အင်အားကို ဖျက်ဆီးရမယ်။ ရွှဲ့ပြည်နယ်အတွင်းက ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အင်အားကို ဖျက်ဆီးတာကလည်း ငါတို့ရဲ့ အန္တိမ ရည်မှန်းချက်ပဲ။ ဘယ်မြို့ကိုမှ သိမ်းပိုက်ဖို့ မလိုဘူး။”

နင်ယန်က ဇဝေဇဝါ ဖြစ်သွားမိသည်။

တပ်မှူးလန်ဖုန်းက ပြော၏။ “အရှင်ဆိုလိုတာက ထျန်းရွှဲ့မြို့ အဆုံးအဖြတ် တိုက်ပွဲရဲ့ ရည်ရွယ်ချက်က အာဏာသိမ်းယူဖို့၊ နယ်မြေသိမ်းယူဖို့ မဟုတ်ဘူး။ နယ်မြေသိမ်းပိုက်ချင်ရင် ကျုပ်တို့က ထျန်းနန် စီရင်စု တစ်ဝက်နဲ့ ထျန်းနန်မြို့ကို သိမ်းပိုက်လို့ ရတယ်။

အာဏာသိမ်းယူချင်ရင် ထျန်းနန်မြို့မှာ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ တပ်တော်နဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ်။ ဒါမှသာ လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်ပြီးတော့ တခြားနိုင်ငံတွေကို ကိုယ့်ရဲ့ အင်အား ပြသနိုင်လိမ့်မယ်။ အဲဒီအချိန်ကျမှ တော်ဝင်ရန်အင်ပါယာကို ဆန့်ကျင်ဖို့ မျှော်လင့်ချက် ရှိလာလိမ့်မယ်။ ဒါမှ လူအများအပြားက အရှင့်အလံတော်အောက်ကို စုရုံးရောက်ရှိလာလိမ့်မယ်။”

…….

ရက်အနည်းငယ် ကြာပြီးနောက် အရှေ့မြောက်ဘက်ရေတပ်မှ နောက်ဆုံးရသတင်းများ ရောက်ရှိလာ၏။ ကျူးကလန်၏ လျှို့ဝှက်စခန်းရှိ လူအားလုံးက သေဆုံးခဲ့ကြ၏။ သူတို့၏ စစ်သင်္ဘော တစ်ဒါဇင်ကျော်တို့က ပင်လယ်ပြင်မှ အတင်းထိုးဖောက်ပြီး သတင်းပို့ရန် ကုန်းမြေသို့ ပြန်ရန် ကြိုးစားခဲ့ကြသော်လည်း ဦးခေါင်းခွံ ရေတပ်၏ နစ်မြှုပ်ခြင်းကို ခံခဲ့ရ၏။

ဟီလာ၏ အစီရင်ခံစာထဲတွင် ကျူးကလန် လျှို့ဝှက်စခန်း၏ ရေတပ်က တကယ့်ကို အင်အားကြီးမားကြောင်း၊ အထူးသဖြင့် အပြာရောင် မီးတောက်များ ထုတ်လွှတ်ကာဖြင့် ပေါက်ကွဲစေနိုင်သည့် သူတို့၏ လေးမြားက တကယ့်ကို အစွမ်းထက်ကြောင်း၊ ထိုအရာများက မီတာ ၅၀၀ မှ ၆၀၀ အထိ ပစ်ခတ်နိုင်ပြီး တိကျမှု အတိုင်းအတာတစ်ခုထိကို ထိန်းသိမ်းထားနိုင်ကြောင်းကို ဖော်ပြ၏။ ဟီလာက ဤသည်မှာ သူမ၏ ပင်လယ်ပြင်တွင် ကြုံတွေ့ခဲ့သမျှ ရန်သူများထဲတွင် အစွမ်းထက်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျူးကလန်၏ လျှို့ဝှက်ရေတပ်ကို နစ်မြှုပ်ပစ်ရန် သူမက ပေါက်ကွဲစေတတ်သည့် ဗုံးအများအပြားကို အသုံးပြုခဲ့ရ၏။ ယခုအချိန်မှာတော့ ကောင်းကင်ပေါ်ရှိ မီးပုံးပျံများမှတဆင့် ကြည့်ရှုစစ်ဆေးချက်များအရ လျှို့ဝှက်စခန်းအတွင်းရှိ ထောင်နှင့်ချီသည့် လူအားလုံးက သေဆုံးကုန်ကြ၏။ သို့သော်ငြား စိတ်ချရစေရန် ကျွန်းပေါ်သို့ မတက်ရောက်မီ နောက်ထပ် ၅ ရက်ခန့် စောင့်ဆိုင်းရန် သူမက ဆုံးဖြတ်ခဲ့၏။

.....................

ထိုည၌ပဲ ရှမ့်လန်က လျှို့ဝှက်ဧည့်သည်တစ်ဦးနှင့် တွေ့ဆုံသည်။ “မတွေ့တာ ကြာပြီ ဆရာကြီး။”

ဧည့်သည်က ပြန်လည်နှုတ်ဆက်၏။ “မတွေ့တာကြာပြီ သခင်လေးရှမ့်လန်။”

ရှမ့်လန်က အာလာပသလာပ စကားများကို မဖလှယ်တော့ပေ။ သူက မြေပုံတစ်ချက်ကို ခင်းကာဖြင့် နေရာတစ်ခုကို စက်ဝိုင်းဝိုင်းပြ၏။ ပြီးနောက် မေးသည်။ “ဒီငှက်ပျောက်တောင်က တော်ဝင်ရန်ပြည်နယ်၊ ချောင်နဲ့ လျန်နယ်စပ်မှာ တည်ရှိနေပြီး လူသူရောက်ပေါက် နည်းတဲ့ နှင်းဖုံးတောင်တန်းတစ်ခုပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒါက တုံ့ကျန်းဘုရားကျောင်းရဲ့ ခြေကုပ်စခန်းဟောင်း တစ်ခု ဖြစ်ခဲ့ဖူးတယ်။ အရှင်ကျန်းလီ က လူတွေကို ဦးဆောင်ပြီး တုံ့ကျန်းဘုရားကျောင်းကို ဖျက်ဆီးပြီးတဲ့နောက် အဲဒီ လျှို့ဝှက်ခြေကုပ် စခန်းက စွန့်ပစ်ခံခဲ့ရတယ်။ ဒါက တုံ့ကျန်းဘုရားကျောင်းနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်မှု ရှိနေလဲ မေးပါရစေ။”

“ပတ်သက်မှု ရှိပါတယ်။”

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါက ရှေးဟောင်းအပျက်အစီးနေရာ တစ်ခုလား။”

တစ်ဖက်လူက ဖြေသည်။ “မဟုတ်ပါဘူး။ ရှေးဟောင်းအပျက်အစီးနေရာ တစ်ခုလို့တော့ ယူဆလို့ရတယ်။ အထဲမှာ ရှေးဟောင်းကျမ်းစာတွေနဲ့ စွမ်းအင်ဗဟိုချက်တွေ မရှိဘူး။ ဒါပေမဲ့ ဖောင်းကြွရုပ်တုတွေနဲ့ ရွှေတွေ အများကြီး ရှိတယ်။ အထူးသဖြင့် အထူးသတ္တုတွေ ရှိနေတာပဲ။”

ရှမ့်လန်က မတုန်လှုပ်ဘဲ မနေနိုင်ချေ။ အထူးသတ္တုများ ရှိနေသည်လား။ ဘာကို ဆိုလိုသနည်း။

ရှမ့်လန်က မေး၏။ “ဒါဆိုရင် တုံ့ကျန်းဘုရားကျောင်းရဲ့ ရပ်တည်ချက်က ဘာလဲ။”

တစ်ဖက်လူက အချိန်အကြာကြီး တိတ်ဆိတ်နေ၏။ ပြီးမှ ဖြေကြားသည်။ “မောင်းမဆောင်တစ်ခု၊ ပြီးတော့ မိစ္ဆာပညာရပ် အခြေခံစခန်းတစ်ခုပဲ။”

ရှမ့်လန်က တုန်လှုပ်သွား၏။ တုံ့ကျန်းဘုရားကျောင်းက ဘုန်းကြီးများနှင့် ပြည့်နှက်နေ၏။ အဘယ်ကြောင့် သူတို့၌ မောင်းမဆောင်တစ်ခု ရှိနေရသနည်း။

တစ်ဖက်လူက ပြောသည်။ “တော်ဝင်ကပ်ဘေးဘုရားကျောင်းက မိစ္ဆာပညာရပ်တွေကို ကျွမ်းကျင်တယ်။ အရှင်ကျန့်လီက သိုင်းတပ်တော်ကို ဦးဆောင်ပြီး အဲဒီလူတွေကို သုတ်သင်ရှင်းလင်းပြီးတဲ့နောက်မှာ တချို့လူတွေက တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ မိစ္ဆာပညာရပ်တွေ ပျောက်ကွယ်သွားမှာကို မလိုလားကြ ဘူး။

တော်ဝင်ကပ်ဘေးဘုရားကျောင်းက မွေးထုတ်လိုက်တဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကို လက်လွှတ်ဖို့က ပိုတောင် မလိုလားဘူး။ ဒါကြောင့် သူတို့က ငှက်ပျောက်တောင်မှာ ပုန်းအောင်းနေခဲ့ကြတယ်။ တချို့လူတွေက သာမန်ကျင့်စဉ်တွေကို ကျင့်ကြံခဲ့ပြီး အဆင့်မတက်နိုင်ဘူးလို့ ခံစားရတဲ့အတွက် မိစ္ဆာပညာရပ်တွေကို ကျင့်ကြံဖို့ ငှက်ပျောက်တောင်ကို ရောက်လာခဲ့တယ်။ ဒါဆိုရင် အဆင့်တက်နိုင်ကောင်း တက်နိုင်လိမ့်မယ်လို့ ထင်ကြတယ်။”

ရှမ့်လန်က ပြော၏။ “ပါးနပ်တဲ့ ယုန်တစ်ကောင်မှာ တွင်းပေါက် သုံးပေါက် ရှိတယ်ဆိုတာမျိုးပေါ့။ ငှက်ပျောက်တောင် က အဲဒီထဲက တစ်ခု ဖြစ်နေရမယ်။”

တစ်ဖက်လူက ခေါင်းညိတ်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “နင်ရှောင်ရဲ့ မိသားစုဝင်တွေ ငှက်ပျောက်တောင်မှာ ရှိနေတာလား။”

တစ်ဖက်လူက ပြန်ဖြေသည်။ “တုံ့ကျန်းဘုရားကျောင်းရဲ့ အထက်ပိုင်း ခေါင်းဆောင်တွေအားလုံးမှာ နေရာအနှံ့ ဖြန့်ပြီး ကိုယ်ယောင်ဖျောက်ထားတဲ့ အမျိုးသမီးတွေ ရှိတယ်။ နင်ရှောင်က အလေးထားခံရသူမို့ သူ့မှာ မိန်းမ ခုနစ်ယောက်နဲ့ သားငါးယောက်တောင် ရှိပါတယ်။”

“အားလုံးက သားတွေချည်းလား။” ရှမ့်လန်က ကြောင်အသွား၏။

တစ်ဖက်လူက ရှင်းပြသည်။ “တော်ဝင်ကပ်ဘေးဘုရားကျောင်း အနေနဲ့ အထက်တန်းလွှာတွေကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်းက သားယောက်ျားလေး မွေးဖွားပေးနိုင်လို့ပဲ။”

ရှမ့်လန်က မှင်သက်သွားမိ၏။ ဤအရာက အဓိက ကမ္ဘာမြေ၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ထိုသူတို့က ဖန်ပြွန်သန္ဓေသားများ ဖြစ်၏။ အကယ်၍ အမျိုးသားနှင့် အမျိုးသမီး သဘာဝတိုင်း ကိုယ်ဝန်ဆောင် ပါက ယောက်ျားလေး သို့မဟုတ် မိန်းကလေး ရွေးချယ်မွေးဖွားရန် ဆိုသည်က မဖြစ်နိုင်သေးပေ။

ရှမ့်လန်က မေးမြန်းလိုက်၏။ “နင်ရှောင်ရဲ့ ကလေးတွေက အသက်ဘယ်လောက်ရှိပြီလဲ။”

“၁၅ နှစ်ကနေ ၁၇ နှစ် ကြားပါပဲ။”

ရှမ့်လန်က တုန်လှုပ်သွားသည်။ “ဒီလောက်တောင် ကြီးပြီလား။ နင်ရှောင်က အခုမှ ၃၄ နှစ်ပဲ ရှိသေးတယ်။”

xxx

အပိုင်း (၉၄၄)

တစ်ဖက်လူက ဆို၏။ “နင်ရှောင်က ကလေး တစ်ဒါဇင်လောက် ရှိပေမယ့် ၅ ယောက်ကပဲ ငှက်ပျောက်တောင်မှာ ရှိတယ်။ အဲဒီနေရာက အရမ်းအေးပြီး အရမ်းမြင့်တော့ ကလေးငယ်တွေ အသက်ရှင်ဖို့ ခက်ခဲတယ်။ သူ့ရဲ့ တခြား ကလေးတွေက တုံ့ကျန်းဘုရားကျောင်းနဲ့ ပန်းပွင့်တောင်ကြားမှာ ရှိတယ်။ အထူးကျင့်စဉ်တွေကို ကျင့်ကြံထားတဲ့သူတွေ ကသာ ငှက်ပျောက်တောင်မှာ နေကြတာ။ ဘာလို့လဲဆိုတော့ အဲဒီနားက ပတ်ဝန်းကျင်က ထူးခြားလို့ပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလိုပြောလို့ ရမလား။ အရင်တုန်းက တုံ့ကျန်းဘုရားကျောင်းကို တော်ဝင် ကပ်ဘေးဘုရားကျောင်းက ဖိနှိပ်ထားခဲ့ပေမယ့် အရှင်ကျန်းလီက တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ဖယ်ရှားပြီးတဲ့နောက်မှာ တုံ့ကျန်းဘုရားကျောင်းက ကိုယ့်ကိုယ်ကိုယ် တော်ဝင်ကပ်ဘေးဘုရားကျောင်းအဖြစ် ပြောင်းလဲပြီး နေထိုင်လိုက်တာပေါ့။”

တစ်ဖက်လူက ဆို၏။ “အဲလိုပြောလို့ရတယ်။ လောကကြီးမှာ လမ်းပေါင်းထောင်ချီ ရှိပေမယ့် တချို့လမ်းတွေ ကတော့ ဖြတ်လမ်းတွေပါပဲ။”

ရှမ့်လန်က တစ်စုံတစ်ခုကို မစဉ်းစားဘဲ မနေနိုင်တော့ချေ။ ရှန့်ကုန်းဘုရားကျောင်းကျတော့ကော မည်သို့ ဖြစ်မည်နည်း။ ထိုသူတို့က မည်သည့်လမ်းကို ရွေးချယ်ခဲ့ကြသနည်း။

..............

ငှက်ပျောက်တောင်

ဤနေရာက ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၆၀၀၀ မြင့်သည့် နှင်းဖုံးတောင်ကြားတစ်ခုတွင် တည်ရှိ၏။ နေရာအနှံ့တွင် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ အငွေ့အသက်များ ရှိနေ၏။ ထူးဆန်းသည့် မိန်းမရုပ်၊ ယောက်ျား၊ မိန်းမ ရုပ်တုများနှင့် လူတစ်ယောက်၏မျက်နှာကို နီရဲသွားစေနိုင်သည့် ဆန်းကြယ်သော စာလုံးများ ရှိ၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်းက ကြီးမားသည့် တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသောကြောင့် နေရာ အများစုက အပျက်အစီးများဖြစ်ခဲ့၏။ နှိုင်းယှဉ်ရမည်ဆိုလျှင် တခြားအပျက်အစီးနေရာများထက်တော့ ပိုမို၍ ပြည့်စုံနေသေး၏။ ဤနေရာက ဝေးလံခေါင်သီသောကြောင့် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ခြေကုပ်စခန်းတစ်ခု ဖြစ်လာခြင်း မဟုတ်ဘဲ ဤနေရာရှိ စမ်းရေကြောင့် ဖြစ်၏။

ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော်လည်း ဤလောကကြီးထဲတွင် နီညိုရောင်စမ်းရေက ပူနွေးသည့် အငွေ့များကို ထုတ်ဖော်၏။ ထူးဆန်းသည်က မီတာ ၁၀၀ ကျော် မြင့်မားသည့် ဧရာမ အမျိုးသမီး ရုပ်ထုကြီးတစ်ခု ရှိနေခြင်းပင်။ စမ်းရေက သူမ၏ ခြေထောက်ကြားမှ စီးဆင်းလာခဲ့ပြီး ရေကန်တစ်ခု ဖြစ်ပေါ်နေ၏။ ထိုအရာက နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။

ရေထဲတွင် စိမ်နေသမျှ မိမိ၏စွမ်းအင်များကို အကြီးအကျယ် တိုးတက်လာစေလိမ့်မည်ဟု တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှလူများက သတိထားမိခဲ့၏။ ထာဝရနုပျိုဆေး ... ထိုသို့ပင်။ မသေမျိုးဖြစ်ခြင်း မဟုတ်သော်လည်း သာမန်လူများထက် ပို၍ နုပျို၏။

ချက်ချင်းပဲ တော်ဝင်ကပ်ဘေးဘုရားကျောင်းက သူတို့၏ ရတနာတစ်ပါးကဲ့သို့ သဘောထားပြီး ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်ကြ၏။ သူတို့က ရဲတိုက်တစ်ခုကိုပင် တည်ဆောက်ခဲ့ကြသည်။

သို့သော်ငြား ရေထဲတွင် မကြာခဏ စိမ်၍ မရကြောင်း သူတို့ သိရှိလာ၏။ အချိန်ကြာမြင့်စွာ စိမ်မိသော သူတို့က ဓာတ်မတည့်ခြင်းကြောင့် သေဆုံးခဲ့၏။ ထို့ကြောင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းက သူတို့၏ ကျင့်ကြံခြင်း နည်းစနစ်များကို ပြောင်းလဲရန် နည်းလမ်းများကို အစဉ်တစိုက် စဉ်းစားသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့က မိစ္ဆာပညာရပ်များကို အတွဲလိုက် ဖန်တီးနိုင်ခဲ့၏။

............................

“အား”

ငှက်ပျောက်တောင် အတွင်းရှိ အခန်းတစ်ခုထဲမှာတော့ ဆယ်ကျော်သက် လူငယ်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်နေသည်။

“ဖောင်း... ဖောင်း... ဖောင်း...” ပြီးနောက် ဗျောက်အိုးဖောက်သကဲ့သို့ ပေါက်ကွဲသံများက သူ၏ ခန္ဓာကိုယ်မှ ဆက်တိုက်ထွက်ပေါ်လာ၏။

ခဏအကြာမှာတော့ အခန်းထဲမှ ထိုသူ ထွက်လာ၏။ အပူချိန်က အနှုတ် ၂၀ ဒီဂရီ စင်တီဂရိတ် အနည်းဆုံး ရှိသော်လည်း ထိုသူ၏ ခန္ဓာကိုယ်က နီရဲနေဆဲဖြစ်ပြီး မည်သည့် အဝတ်အစားမှ ဝတ်ဆင်မထားပေ။ သူ၏ဘေးရှိ မိန်းကလေးတစ်ဦးက ဒွါရကိုးပေါက်မှ သွေးများ ယိုစီးလျက် ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်က အစိမ်းရောင်နှင့် ခရမ်းရောင်ပြင်တို့ ဖြစ်နေ၏။

ခြံဝင်းထဲသို့ လျှောက်သွားပြီးနောက် ထိုလူငယ်က လက်သီးကို ဆုပ်၏။ ဧရာမ ကျောက်တောင်ကြီးကို လက်သီးနှင့် ထိုးနှက် လိုက်၏။ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ကျောက်စိုင်ကျောက်ခဲများက နေရာအနှံ့သို့ လွင့်ပျံသွားသည်။

“ဘုန်း...”

နားကွဲလုမတတ် ကျယ်လောင်လှသည့် အော်သံကြီးနှင့်အတူ ကျောက်တောင်ထုကြီး တစ်ခုလုံးက နှစ်ပိုင်း ကျိုးကျေသွား၏။ ခဏအကြာမှာတော့ လှပသည့်အမျိုးသမီးကြီးက ပြေးဝင်လာပြီး ကြိမ်းမောင်း၏။ “ဘာလို့ အဝတ်အစားတွေ ဝတ်မထားရတာလဲ။”

ဆယ်ကျော်သက်လူငယ်က မေးသည်။ “အမေ... သား ထျန်းရွှဲ့မြို့ကို ဘယ်တော့သွားရမှာလဲ။ ထီးနန်းကို ဘယ်တော့ ဆက်ခံရမှာလဲ။”

အမျိုးသမီးက ပြန်ပြော၏။ “ဒီမှာ အမေ့ကို အဖော်ပြုမေးနေတာ ပိုမကောင်းဘူးလား။ ထျန်းရွှဲ့မြို့ကို သွားတာ ဘာများကောင်းလို့လဲ။”

ဆယ်ကျော်သက်လူငယ်က ပြောသည်။ “ဒီနေရာက အရမ်းခြောက်ကပ်တယ်။ မိန်းမလိုချင်ရင်တောင် ဖမ်းဖို့ မိုင်ရာချီ လမ်းလျှောက်ရတယ်။ ထျန်းရွှဲ့မြို့မှာ အလှအပမိန်းကလေးတွေ အများကြီး ရှိတယ်။ ကျုံးရှစ်ရှစ်က ရွှဲ့ပြည်နယ်ရဲ့ ထိပ်တန်းအလှအပ တစ်ယောက်လို့ ကြားဖူးတယ်။ ကျုပ် သူ့ကို လိုချင်တယ်။

ကျုပ်သာ ဘုရင်ဖြစ်လာရင် ရွှဲ့ပြည်နယ်က အလှအပတွေအားလုံးက ကျုပ်အပိုင် ဖြစ်လာမှာ။ ပြီးတော့ ကျုပ်ရဲ့ အဒေါ်နင်ယန်က ထူးခြားပြီး သူ့ရဲ့ဖင်ကလည်း အကြီးကြီးပဲဆို သူ့ကို ကြိုက်တယ်။”

အမျိုးသမီးက ပြောလိုက်၏။ “သားမှာ ဒီလိုရည်မှန်းချက်ရှိတာ ကောင်းတယ်။ ဒါပေမဲ့ အခုအချိန် မဟုတ်သေးဘူး။ သား ထျန်းရွှဲ့မြို့ကို သွားလို့မရသေးဘူး။ ထီးနန်းကို တည်ငြိမ်အောင် သိမ်းပိုက်ဖို့ သားရဲ့အဖေက ကျူးမိသားစုရဲ့သမီးကို လက်ထပ်ရအုံးမယ်။ သူ အာဏာကို ဆုပ်ကိုင်နိုင်တဲ့အထိ သား စောင့်ရမယ်။ အဲဒီအချိန်ကျမှ သား ပေါ်ထွက်လာလို့ ရမယ်။ အခု သားရဲ့ တစ်ခုတည်းသောတာဝန်က ပိုပြီးသန်မာလာဖို့၊ ပိုပြီး သန်မာလာဖို့နဲ့ ပိုပြီး သန်မာလာဖို့ပဲ။”

ဆယ်ကျော်သက်လူငယ်က ဆိုသည်။ “တုံ့ကျန်းဘုရားကျောင်းရဲ့ သိုင်းပညာတွေက သိပ်မကောင်းဘူး။ တော်ဝင် ကပ်ဘေးဘုရားကျောင်းရဲ့ ယင်ယန်ပညာရပ်က အကောင်းဆုံးပဲ။ အမေ... သိုင်းပညာ ပိုတော်တဲ့ မိန်းမ တစ်ယောက်ကို သားလိုချင်တယ်။ ဖြူစင်ပြီး အပြစ်ကင်းစင်ရင် အကောင်းဆုံးပဲ။ ဒါမှ သား နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ အကူအညီပေးနိုင်လိမ့်မယ်။”

................................

ဆယ်ကျော်သက်လူငယ်က မိစ္ဆာနဂါးကို အနိုင်ယူရန် သွားရောက်ခဲ့ပြီးနောက် ကိုယ်တိုင် မိစ္ဆာနဂါး ဖြစ်လာခဲ့၏။ ထိုကဲ့သို့သော ဇာတ်လမ်းများက ထပ်တလဲလဲ ဖြစ်ပျက်နေ၏။ တုံ့ကျန်းဘုရားကျောင်းက သူတို့ကိုယ်တိုင်ပင် တော်ဝင်ကပ်ဘေးဘုရားကျောင်းအဖြစ် ပြောင်းလဲခဲ့၏။

ရှမ့်လန်က ကိုယ်ကျင့်တရား မြင့်မားဟန်ဆောင်ကာ ထိုသူတို့ကို ဝေဖန်ခြင်း မပြုလိုပေ။ သဘာဝလွန် အင်အားကြီး ခြောက်ခုအနက် မည်သည့်အဖွဲ့က တကယ်တမ်း သန့်ရှင်းနေသနည်း။ ပြောဖို့ ခက်လှ၏။ ကောင်းကင်ပင်လယ် နန်းဆောင်က အသိပညာဗိမာန်တစ်ခု ဖြစ်သည်ဟု ထင်မှတ်ခဲ့ဖူးသည်။

ဤအချိန်မှာတော့ မီးပုံးပျံအနည်းငယ်တို့က ငှက်ပျောက်မြို့၏ အထက်တွင် လွင့်မျောနေ၏။ ကောင်းကင်မှ ငုံ့ကာကြည့်မည်ဆိုလျှင် တောင်ကြားထဲ၌ ပုန်းအောင်းနေသည့် ရဲတိုက်ကြီးကို ရှင်းလင်းစွာ မြင်တွေ့ရ၏။

အထူးသဖြင့် မီတာ ၁၀၀ မြင့်သည့် ရုပ်ထုကြီးနှင့် ရုပ်ထု၏ ရှေ့ရှိ ထူးခြားသော ရေကန်ကြီးကိုပင်။ ရေကန်ထဲတွင် စိမ်နေသည့် လူ ၁၀၀ ကျော်ကို မြင်ရ၏။ အမျိုးသားများသာမက အမျိုးသမီးများလည်း ရှိ၏။ အားလုံးက ကိုယ်လုံးတီးများနှင့် ဖြစ်ပြီး ကြည့်ရဆိုးသည့် မြင်ကွင်းတစ်ခုပင်။

“ဒါက တုံ့ကျန်းဘုရားကျောင်းက လူတွေလား။”

မဟာပညာရှင် ပန်ရော့က မယုံကြည်နိုင်အောင် ဖြစ်နေ၏။ “မသိတဲ့ လူတွေဆိုရင် ဒါ တော်ဝင်ကပ်ဘေး ဘုရားကျောင်းလို့ ထင်ကြမှာပဲ။”

သဘာဝလွန်အင်အားကြီး ခြောက်ခုအနက် တုံ့ကျန်းဘုရားကျောင်းက နာမည်ကောင်း ရရှိထားသည်။ သို့ပေမည့် သူတို့က အဘယ့်ကြောင့် ဤမျှထိ အောက်တန်းကျနိုင်ကြသနည်း။

ရွှယ်ရင်က အေးစက်စက်နှင့် ရေရွတ်လိုက်သည်။ “ဒီငှက်ပျောက်မြို့ ဒါမှမဟုတ် ငှက်ပျောက်ကျောင်းလို့ ခေါ်ရမလား။ အနည်းဆုံးတော့ အပေါ်ယံမှာ သူတို့က တုံ့ကျန်းဘုရားကျောင်းနဲ့ မပတ်သက်ဘူး။ သူတို့ထဲက ထက်ဝက်လောက် က တော်ဝင်ကပ်ဘေးဘုရားကျောင်းက လူတွေပဲ။”

ပြီးနောက် နတ်မိမယ်ရွှယ်ရင်က သူ၏ မှန်ပြောင်း နှင့် ပုံတူပန်းချီကားကို ထုတ်ယူ၍ လူအုပ်ထဲတွင် ရှာဖွေနေ၏။ “တွေ့ပြီ။ ရွှဲ့ဘုရင်နင်ရှောင်ရဲ့ သားအကြီးဆုံး… ဘုရားရေ။ သူ ဘာလုပ်နေတာလဲ။ နင်ရှောင်ရဲ့ ဒုတိယ၊ တတိယ၊ စတုတ္ထ။”

ရုတ်တရက် မဟာပညာရှင်ပန်ရော့က ပြောသည်။ “ရွှယ်ရင်... ကျွန်မ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ နည်းစနစ်အချို့ကို မြင်ဖူးတယ်။ အရင်တုန်းက ကျွန်မတောင်မှ မနေနိုင်ဘဲ ကျင့်ကြံလုနီးပါး ဖြစ်ခဲ့တယ်။ သာမန် နည်းစနစ်နှင့်ယှဉ်ရင် သူ့ရဲ့ တိုးတက်မှုနှုန်းက မြန်တယ်။ သာမန်အတိုင်း ငါးနှစ်လေ့ကျင့်ရတာကို သူတို့က သုံးနှစ်ပဲ ကျင့်ဖို့လိုတယ်။ ဒါပေမဲ့ ကျင့်ကြံတဲ့လုပ်ငန်းစဉ်က လောကကြီးရဲ့ သယံဇာတဖြစ်မှုနဲ့ ဆန့်ကျင်နေတယ်။”

ရွှယ်ရင်က မေးမြန်းလိုက်၏။ “အဲဒါက ယင်နဲ့ ယန် ဓာတ်ပေါင်းစပ်ရတဲ့ မိစ္ဆာပညာရပ်လား။”

ပန်ရော့က ဆိုသည်။ “ကျွန်မဘဝမှာ ယောက်ျား ဘယ်တော့မှ ရှိမှာမဟုတ်ဘူး ဆိုတာ ရှင်သိသားပဲ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ နည်းစနစ်တွေက ဒီကဏ္ဍတင် မဟုတ်ဘူး၊ သူတို့မှာ မရေတွက်နိုင်တဲ့ မိစ္ဆာ ပညာရပ်တွေ ရှိသေးတယ်။”

ရွှယ်ရင်က ပြောလိုက်၏။ “ဒီအကြောင်း ကျွန်မ ရှင့်ထက်ပိုသိတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အနောက်ဘက်ဒေသက တော်ဝင်ကပ်ဘေးဘုရားကျောင်းနဲ့ ကျွန်မ အဆက်အသွယ် ရှိခဲ့ဖူးတယ်။ အခု ကျွန်မဆီမှာ နည်းစနစ် အများအပြားတောင် ရှိနေသေးတယ်။ ရှင်လိုချင်ရင် ကျွန်မ ငှားပေးလို့ရတယ်။”

နတ်မိမယ်ရွှယ်ရင်က ပြောသည်။ “တောင်အောက်ဆင်းတဲ့ လမ်းတွေအားလုံးကို ပိတ်ဆို့လိုက်ပြီ။ ငှက်ပျောက်မြို့ ကို ချေမှုန်းဖို့ ပြင်ဆင်ကြတော့။”

ပန်ရော့က ရုတ်တရက် ပြော၏။ “ဒါပေမဲ့ အဲလိုသာလုပ်လိုက်မယ်ဆိုရင် တုံ့ကျန်းဘုရားကျောင်းကို လုံးဝ ရန်စသလို ဖြစ်သွားလိမ့်မယ်။”

နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “ဒီအချိန်ရောက်မှတော့ တုံ့ကျန်းဘုရားကျောင်းကို ရန်စမိမှာကို ကြောက်နေသေးတာလား။ ယင်ယွမ်အဖွဲ့အစည်းရဲ့ နောင်တမြို့နဲ့ ကောင်းကင်ကွပ်မျက်စံအိမ်ရဲ့ ပြန်လမ်းမဲ့မြို့ ကိုတောင် ကျွန်မတို့ ဖျက်ဆီးခဲ့ပြီးပြီ။ နောက်ထပ် တုံ့ကျန်းဘုရားကျောင်း တစ်ခုလောက်ကို ဘာဂရုစိုက်နေ သေးတာလဲ။

လွန်ခဲ့တဲ့ ၂ နှစ်တုန်း .. တော်ဝင်ရန်အင်ပါယာ ရှမ့်လန်ကို ဝိုင်းပြီး တိုက်ခိုက်တဲ့အချိန်တုန်းက တုံ့ကျန်း ဘုရားကျောင်းက ရေတပ်ကြီးကြီးတစ်ခုကို စေလွှတ်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက သူက အင်ပါယာ ကျန်းလီကို ချက်ချင်းသစ္စာဖောက်ခဲ့တယ်။ အရှင်ကျန်းလီက တော်ဝင်ကပ်ဘေးဘုရားကျောင်းကို မဖျက်ဆီးခဲ့ရင် တုံ့ကျန်းဘုရားကျောင်းက ဘယ်တော့မှ ထကြွနိုင်မှာ မဟုတ်ဘူး။”

ပြီးတော့ ရွှယ်ရင်၊ ချောင်ယောင်းအာနှင့် ပန်ရော့တို့က ဂဏန်းနှစ်လုံးပါ ကုတ်များကို အသီးသီးလှည့်ပြီးနောက် ကုဒ်အပြည့်အစုံကို ဖြစ်ပေါ်စေသည်။ သို့နှင့် သူတို့က အနက်ရောင်သေမင်းဗုံးများကို ထုတ်ယူလိုက်ကြ၏။

“တိရစ္ဆာန် စမ်းသပ်ချက်တွေအရ ဒီမျိုးတုံးသတ်ဖြတ်ရေးဗုံးက အရမ်းကို အေးတဲ့ဒေသတွေမှာဆိုရင် သေစေနိုင်စွမ်း အရမ်းကို မြင့်မားကြောင်း ပြသထားတယ်။ ဘာလို့လဲဆိုတော့ အခုလို အေးတဲ့ဒေသတွေမှာ အဆုတ်ရောဂါ က ပိုပြီး အားကောင်းစေနိုင်စွမ်းရှိလို့ပဲ။ ငှက်ပျောက်မြို့ကို မျိုးတုံး သတ်ဖြတ်ရေး တိုက်ခိုက်မှု ပြုလုပ်ဖို့ သဘောတူတယ်။”

“သဘောတူတယ်။”

“သဘောတူပါတယ်။”

“မျိုးတုံးသတ်ဖြတ်ရေးဗုံးကို ပစ်ချမယ်။”

“ပစ်ချမှုအောင်မြင်တယ်။ ဝင်ပေါက်ထွက်ပေါက်တွေအားလုံးကို ပိတ်ဆို့ထားကြ။ ရှစ်ရက်ကြာရင် ငှက်ပျောက်မြို့ထဲ ဝင်ပြီး နောက်ဆုံးသတ်ဖြတ်မှု ပြုလုပ်ကြမယ်။”

...............

ရှစ်ရက်ကြာပြီးနောက် နတ်မိမယ်ရွှယ်ရင်၊ ချောင်ယောင်းအာနှင့် မဟာပညာရှင်ပန်ရော့တို့က သိုင်းပညာရှင် ရာပေါင်းများစွာကို ဦးဆောင်ပြီး ငှက်ပျောက်မြို့ထဲသို့ ဝင်ရောက်၏။ ဤနေရာက ငရဲဘုံကဲ့သို့ ဖြစ်နေပြီး မျိုးတုံးသတ်ဖြတ်ရေးဗုံးက မြင့်မားပြီး အေးစက်သောဒေသ၌ ပိုမိုသေစေလိုကြောင်း လက်တွေ့ အချက်အလက်များက သက်သေပြခဲ့၏။

ကူးစက်ခံရသူအားလုံးက သုံးရက်မပြည့်မီ သေဆုံးကြ၏။ သေဆုံးသူများစုက လေပြွန်ရောင်ရမ်းခြင်းနှင့် အဆုတ် သွေးယိုခြင်းတို့ကြောင့် သေဆုံးကြခြင်းပင်။ သူတို့က ငှက်ပျောက်မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ကံကောင်း ထောက်မစွာ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကို လုံးဝသတ်ပစ်ကြသည်။

ပြီးတော့ သူတို့က နင်ရှောင်၏ အမျိုးသမီးများနှင့် သားငါးယောက်ကို ခေါင်းဖြတ်ပြီး သေတ္တာများထဲတွင် ထည့်၏။ ပြီးနောက် ငှက်ပျောက်မြို့၏ ထောင်နှင့်ချီသော မြို့သူမြို့သားများကို ခေါင်းဖြတ်ပြီး ကြီးမားသည့် သေတ္တာကြီးခြောက်လုံးထဲတွင် ထည့်၏။ ရွှယ်ရင်က အလောင်းများထဲမှ အရည်များကို ထုတ်ယူပြီး ဂရုတစိုက် သေချာလေ့လာကြည့်ရှု၏။ ပိုးအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း ကူးစက်နိုင်ခြင်း မရှိတော့ကြောင်း အတည်ပြု၏။

“စိတ်ချရအောင် နောက်ထပ် သုံးရက်လောက် ပိတ်ထားပြီးမှ ရွှဲ့ပြည်နယ်မြို့တော်က ဘုရင်နင်ရှောင်ဆီကို သွားပို့ရအောင်။”

.....................

ရွှဲ့ပြည်နယ်၏ နန်းတော်အတွင်း...

နင်ရှောင်၏ နန်းဆောင်တွင် မည်သူမှ ရှိမနေပေ။ သူခေါ်လာသည့် မိန်းမစိုးအားလုံးက တုံ့ကျန်းဘုရားကျောင်းမှ ဖြစ်၏။ ထိုသူတို့က မူလက မိန်းမစိုးများ မဟုတ်ကြသော်လည်း သင်းကွပ်ကိုခံရပြီးနောက် မိန်းမစိုးများ ဖြစ်လာကြသည်။

နင်ရှောင်က အခန်းထဲမှ ထွက်လာ၏။ သူ၏ သန်မာသည့် ခန္ဓာကိုယ်က အားကောင်းသည့် စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်မဟုတ်ဘဲ နီရဲနေ၏။ သူက ကြီးမားလွန်းသည့် သစ်ပင်ကြီး တစ်ပင် ရှေ့သို့သွားပြီး ဖြည်းညင်းစွာ ပြော၏။

“ဒီသစ်ပင်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။ ကျုပ်ထွက်သွားတုန်းက ဒါက ဒီလောက်မထူဘူး။ အခု စားပွဲလုံး တစ်ခုလုံးနီးပါးလောက် ထူနေပြီ။”

ပြီးနောက် သူ၏ လက်ဝါးကို ဆန့်ထုတ်၍ အချင်း တစ်မီတာခန့်ရှိသည့် သစ်ပင်ကို ဖွဖွပုတ်သည်။

“ဘုန်း... ဘုန်း...”

အသံက မကျယ်လောင်သလို သစ်ပင်ကလည်း လှုပ်ခါသွားခြင်း မရှိချေ။ သစ်ခေါက်များ ကလည်း ပျက်စီးခြင်း မရှိချေ။ သို့သော်ငြား မောကြည့်လိုက်ချိန်မှာတော့ မူလက သက်ရှိစွမ်းအားနှင့် ပြည့်စုံနေသည့် ဒီသစ်ပင်ကြီးက လုံးဝ ညှိုးခြောက်သွားခဲ့၏။ ထို့အပြင် မမြင်ရသည့် ပင်စည်အတွင်း၌ နေရာများစွာက အပိုင်းပိုင်းအစစ ကြေမွသွား၏။

All Chapters