အခန်း (၉၄၅-၉၄၆)
Vol. 57 Ch. 945-946
အပိုင်း (၉၄၅)
“သူ့ကို ခေါ်ခဲ့တော့။” နင်ရှောင်က အမိန့်ပေး၏။
မကြာခင်မှာပဲ သန်မာသည့် စစ်သည်တစ်ဦးကို ခေါ်ဆောင်လာခဲ့၏။ ထိုသူက မူလက ထျန်းရွှဲ့မြို့စောင့်တပ်မှ ပညာရှိတပ်မှူး တစ်ဦးဖြစ်ပြီး ရှမ့်လန်နှင့် အတူတူ ယှဉ်တွဲကာ တိုက်ခိုက်ခဲ့ဖူးပြီး နင်ကျန်းအပေါ် သစ္စာစောင့်သိခဲ့သူပင်။
နင်ရှောင်က လေပူတစ်ချက်ကို မှုတ်ထုတ်၏။ ပြီးနောက် ဝါဂွမ်းကို ပုတ်သကဲ့သို့ ထိုပညာရှိတပ်မှူး၏ ရင်ဘတ်ကို ပုတ်သည်။
ခဏအကြာမှာပဲ ထိုတပ်မှူး၏ အရိုးများက လုံးဝကြေမွသွား၏။ ကိုယ်တွင်းအင်္ဂါများက ပျော့ဖတ်သွားခဲ့ပြီး အော်သံတစ်ချက်မှ မထွက်ဘဲ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွား၏။ အချိန်အကြာကြီးနေမှ မရေတွက်နိုင်သည့် ကိုယ်တွင်းအင်္ဂါ အပိုင်းအစများနှင့်တူ မဲနက်နေသည့် သွေးများက ပါးစပ်ထဲမှ စီးထွက်လာ၏။
တစ်ချိန်တည်းမှာပင် မိန်းမစိုးအချို့တို့က နန်းတော်မှ အမျိုးသမီးတစ်ဦး၏ အလောင်းကို သယ်ထုတ်လာကြ၏။ သူမကလည်း ဒွါရကိုးပေါက်မှ သွေးများယိုစီးလျက် သေဆုံးနေသည်။
မိန်းမစိုးနန်က စိတ်မပူဘဲ မနေနိုင်တော့ချေ။ ဥယျာဉ်တစ်ခုလုံးက အလောင်းများနှင့် ပြည့်နှက်နေ၏။ ဤအလောင်းကို မည်သည့်နေရာတွင် မြှုပ်ရမည်နည်း။ အဆုံးမှာတော့ နံရံထောင့်၌ ကြီးမားသည့် တွင်းကြီး တူးပြီး မြှုပ်နှံလိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
......................
စာကြည့်ဆောင်၏ အတွင်း၌ ...
“ထျန်းရွှဲ့မြို့ရဲ့ အဆုံးအဖြတ်တိုက်ပွဲက စတော့မယ်။ တုံ့ကျန်းဘုရားကျောင်းရဲ့ တပ်တော် ဘယ်မှာလဲ။ ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ် တပ်တော် ဘယ်မှာလဲ။”
နင်ရှောင်က ဂရုမစိုက်ဟန် ပြော၏။ “နှေးကွေးမနေကြနဲ့။ နည်းနည်းလောက် နှောင့်နှေးသွားရင် အင်ပါယာက ကျုပ်တို့ရဲ့ စွမ်းရည်ကို သံသယဝင်လိမ့်မယ်။”
“အမိန့်တော်အတိုင်းပါပဲ။”
ရွှဲ့ဘုရင် နင်ရှောင်က မေးသည်။ “ဒါနဲ့ နေအုံး။ ရှမ့်လန်နဲ့ ရွှမ်ဝူမြို့ဘက်ကနေ တုံ့ပြန်မှု တစ်ခုခုရှိလား။”
နင်ယီက ပြောလိုက်၏။ “ရှမ့်လန်က သတင်းစကား ပါးလိုက်ပါတယ်။ ကျုပ်တို့က ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးပြီး လူငါးရာကို သတ်ဖြတ်ခဲ့တဲ့အတွက် သေချာပေါက် လက်စားချေပါမယ်တဲ့။ အဲဒီနေ့ကစပြီး နောက်ထပ် လူတစ်ယောက်ကို သတ်တာ၊ နာကျင်တာမျိုး မလုပ်ရပါဘူး။ မဟုတ်ရင် အကျိုးဆက်ကို ဆက်ပြီး ခံစားရမယ်လို့ ကြေညာလိုက်ပါတယ်။”
“သြော်...”
နင်ရှောင်က ပြောသည်။ “ခေါင်းငါးရာကို ရွှမ်ဝူမြို့ဆီ ပို့ပြီးပြီလား။”
နင်ယီက ဖြေ၏။ “ပို့လိုက်ပါပြီ။ ရောက်တောင် ရောက်နေလောက်ပါပြီ။”
နင်ရှောင်က ပြောလိုက်သည်။ “ရှမ့်လန်က အဲလိုပြောပြီး ငါ့ကို ခြိမ်းခြောက်ထားမှတော့ ဘာလို့ ငါက ငြိမ်ခံနေရမှာလဲ။ နောက်ထပ် လူတစ်ထောင်သတ်ပြီး သူတို့ရဲ့ ခေါင်းတွေကို ရွှမ်ဝူမြို့ဆီကို ပို့လိုက်မှာပေါ့။ ငါ့ရဲ့ ဆိုလိုရင်းက ရှင်းတယ်။ ပုန်ကန်သူတွေနဲ့ လုံးဝညှိနှိုင်းမှာ မဟုတ်ဘူး။ လုံးဝ နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ ဝန်ကြီးချုပ်ကျူး... ခင်ဗျား ဘယ်လိုထင်လဲ။”
ဝန်ကြီးချုပ်ကျူးက ပြော၏။ “အခုလာမယ့် ထျန်းရွှဲ့မြို့ရဲ့တိုက်ပွဲပေါ်မှာပဲ အာရုံစိုက်ထားသင့်တယ်လို့ ဒီအဘိုးကြီး ခံစားမိပါတယ်။ ကျန်းလီကို အားပေးတယ်ဆိုပြီး ဖမ်းထာတဲ့သူတွေကို လောလောဆယ် လျစ်လျူရှု ထားလို့ရပါတယ်။”
နင်ရှောင်က ခေါင်းညိတ်သည်။ “ဝန်ကြီးချုပ်ကျူး ပြောတာ မှန်တယ်။ မြို့စားကြီးနင်ယီ... ဒါဆိုရင် နောက်ထပ် ရှမ့်လန်ရဲ့ အကြွင်းအကျန် လူနှစ်ထောင်ကို သတ်ပြီး ရွှမ်ဝူမြို့ဆီကို ပို့လိုက်။ ဝန်ကြီးချုပ်ကျူး… အင်ပါယာက ကျုပ်တို့ကို စောင့်ကြည့်နေတယ်။”
နင်ယီ၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် အရိုင်းဆန်သွား၏။ “ကောင်းပါပြီ။ ကျုပ်အခုပဲ သွားလုပ်လိုက် ပါ့မယ်။”
“ငါလည်း လိုက်မယ်။” မင်းသမီးနင်လော့က ပြော၏။ သူမက ယခု သတ်ဖြတ်ရခြင်းကို အနှစ်သက်ဆုံး ဖြစ်နေသည်။
သို့သော်ငြား ဤအချိန်မှာပဲ မိန်းမစိုးနန်က ရုတ်တရက် ပြေးဝင်လာပြီး အသံသီးတိုးနှင့် ပြော၏။
“အရှင်... ရှမ့်လန်က အရှင်ဆီကို လက်ဆောင်တစ်ခု ပေးပို့လိုက်ပါတယ်။ နန်းတော်အပြင်ဘက်မှာ ရောက်နေပါ တယ်။”
နာရီဝက်ကြာပြီးနောက် ရှမ့်လန်၏ လက်ဆောင်က ရွှဲ့ဘုရင်နင်ရှောင်၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ ခေါင်းပေါင်း ၅၀၀ က ပြွတ်ကျပ်သိပ်သည်းစွာ ရှိနေပြီး ဆိုးဝါးကြောက်မက်ဖွယ်ရာ ကောင်း၏။ ထိုသူတို့ကို တောင်ကုန်းငယ်လေး အဖြစ်သို့ ပုံထား၏။ ထို့အပြင် အရှေ့ဆုံးတွင် နင်ရှောင်၏ အမျိုးသမီးနှင့် သားငါးယောက် ရှိ၏။ ထိုထဲတွင် သူအချစ်ဆုံး သားကြီး ... သူ၏ အထူးချွန်ဆုံး သားကြီးလည်း ပါဝင်၏။
“အရှင်မင်းကြီး... ကျုပ်တို့ တုံ့ကျန်းဘုရားကျောင်းရဲ့ ငှက်ပျောက်မြို့တစ်မြို့လုံးက သေဆုံးကုန်ပါပြီ။”
ရွှဲ့ဘုရင်နင်ရှောင်၏ မျက်လုံးများက လျှပ်စီးလက်သကဲ့သို့ပင် သူက ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို မယုံရဲသလို ဖြစ်နေ၏။ ရှမ့်လန်၏လက်စားချေမှုက တကယ့်ကို စေ့စပ်သေချာလွန်းသည်။
မိသားစု တစ်ခုလုံးနှင့် မြို့တစ်မြို့လုံးကို သတ်ပစ်လိုက်၏။
....................
အမှန်တကယ်တွင်တော့ နင်ရှောင်နှင့် ရှမ့်လန်တို့က များများစားစား ထိတွေ့ဆက်ဆံဖူးခြင်း မရှိသလို တစ်ဖက်လူ၏ နည်းလမ်းများက မည်မျှကြမ်းတမ်းကြောင်းကိုလည်း မသိခဲ့ချေ။ သို့သော်ငြား သူက ယခု အမှန်တကယ် ခံစားလိုက်ရ၏။ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်လို့ ပြောလျှင် တကယ်ပင် မိသားစုတစ်ခုလုံးကို သတ်သည်။
နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သူမှ အသံမထွက်ရဲကြချေ။ အထူးသဖြင့် ကျူးဟုန်ကျူးပင်။ သူ၏ မျက်လုံးများက နှာခေါင်းကို ကြည့်၏။ နှာခေါင်းက နှလုံးသားကို ကြည့်၏။ နှလုံးသားက ခြေမကို ကြည့်၏။ သို့သော်ငြား မည်သည့်အရာကိုမှ မမြင်ရသကဲ့သို့ပင်။
ရှမ့်လန်နှင့် ပတ်သက်ပြီး တစ်ခုခုဖြစ်တော့မည်ဟု ဤလောကကြီးထဲတွင် ပထမဦးဆုံး သိသူမှာ မည်သူ ဖြစ်သနည်း။ ကျူးဟုန်ကျူးပင်။ ရှမ့်လန်၏ ဝိသေသ မပေါ်ပေါက်မီ တစ်နှစ်အလိုတည်းက ကျူးဟုန်ကျူးသည် ရှမ့်လန်အပေါ် လေးစားသမှု ပြသခဲ့ရဖူး၏။ သူ ထပ်ကာတလဲလဲ ပြောခဲ့သည့် တစ်ခုတည်းသော စကားက ‘ရှမ့်လန်ကို ရန်မစနဲ့။ ဒါပေမဲ့ ရင်းရင်းနှီးနှီးလည်း မနေနဲ့’ ဖြစ်၏။
ရှမ့်လန် တစ်စုံတစ်ခု ဖြစ်သွားပြီးနောက် သူ အထောက်ခံချင်ဆုံးသူက နင်ယီ ဖြစ်နေဆဲပင်။ အဘယ်ကြောင့် ဆိုသော် ဤလူက ထိန်းချုပ်ရလွယ်ကူသောကြောင့်ပင်။ သို့သော်လည်း နင်ယီ၏ နာမည်ဂုဏ်သတင်းက ဆိုးဝါးသွားခဲ့၏။ နင်ချီကို ထောက်ခံခြင်းက ရွေးချယ်မှုကောင်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နင်ချီက ဉာဏ်ကောင်းပြီး မည်သို့ရွေးချယ်ရမည်ကို သိသောကြောင့်ပင်။ အုပ်စိုးသူနှင့် ဝန်ကြီးချုပ်တို့ ကောင်းစွာ ပူးပေါင်း ဆောင်ရွက်နိုင်ပေလိမ့်မည်။
သို့သော်ငြား နင်ချီက နင်ယွမ်ရှန်းနှင့် ရှမ့်လန်၏ လွှမ်းမိုးမှုကို ခံနေရမည်ဟု သူ မထင်မှတ်ခဲ့ချေ။ အရေးကြီးသော အခြေအနေမျိုးတွင် ထီးနန်းကို စွန့်လွှတ်ခဲ့၏။ နင်ရှောင်နှင့် တုံ့ကျန်းဘုရားကျောင်းကို အခွင့်ကောင်းယူခွင့် ပေးခဲ့၏။
ကျူးဟုန်ကျူး၏ မျက်လုံးထဲတွင်တော့ နင်ယီကဲ့သို့သော အရည်အချင်း မရှိသည့် အုပ်စိုးသူ သို့မဟုတ် နင်ချီ ကဲ့သို့သော ပညာရှိအုပ်စိုးသူမျိုးကို မကြောက်ပေ။ သို့သော်ငြား နင်ရှောင်ကဲ့သို့သော လူမျိုးက သူ့ကို ခေါင်းကိုက် စေသည်။
အပေါ်ယံတွင် နင်ရှောင်က အေးစက်ပြီး တိတ်ဆိတ်ငြိမ်သက်သည့် လူတစ်ယောက်ကို ထင်ရ၏။ သို့သော်ငြား ဤလူ၏ နှလုံးသားက ရူးသွပ်ပြီး အမှန်တကယ်ပင် ရှုပ်ထွေးကြောင်း ကျူးဟုန်ကျူးက နားလည်သွားခဲ့သည်။ ဤသည်က ကြီးပြင်းခဲ့ရသည့် နောက်ခံအခြေအနေနှင့် ဆက်စပ်နေ၏။ နင်ရှောင်၏မိခင်က နန်းတော်ထဲတွင် ပုန်းအောင်းနေသည့် တုံ့ကျန်းဘုရားကျောင်းမှ နန်းတွင်းအပျိုတော်တစ်ဦး ဖြစ်၏။ ငယ်ရွယ်စဉ်က သူ၏ မိခင် ဆုံးပါးသွားခဲ့ပြီးနောက် တုံ့ကျန်းဘုရားကျောင်းသို့ ဘုန်းကြီးဝတ်ရန် စေလွှတ်ခြင်းခံရ၏။
တခြားသူများက တုံ့ကျန်းဘုရားကျောင်း၏ လျှို့ဝှက်ချက်ကို မသိရှိသော်လည်း ကျူးဟုန်ကျူးက ကောင်းစွာ သိ၏။ သဘာဝလွန်ဂိုဏ်း ခြောက်ခုတွင် အောက်ဆုံးမရောက်စေရန် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ မိစ္ဆာလမ်းစဉ်ဟူသော အရာအား ဆက်လက် လျှောက်လှမ်းထားကြသည်။
အချိန်အတော်ကြာသည်အထိ နင်ရှောင်က ငှက်ပျောက်မြို့တွင် နေထိုင်ခဲ့၏။ ယခု တုံ့ကျန်းဘုရားကျောင်းကို အုပ်စုနှစ်ခု အဖြစ် ဖွဲ့ထား၏။ အုပ်စုတစ်စုက ဖြောင့်မတ်သည့်လမ်းစဉ်ဟု လူသိများသော တုံ့ကျန်းဘုရားကျောင်း ၏ မူလသိုင်းပညာကို ကျင့်ကြံ၏။
တခြားသောအုပ်စုတစ်စုကတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ မိစ္ဆာပညာရပ်များကို ကျင့်ကြံ၏။ နင်ရှောင်၏ မိခင်က တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဖြစ်သောကြောင့် သူကလည်း မိစ္ဆာပညာရပ်များကို ကျင့်ကြံခဲ့သည်မှာ သေချာသည်။
၁၀ နှစ်ခန့် သူက ငှက်ပျောက်မြို့တွင် နေထိုင်၏။ အသက် ၂၀ ကျော်မှသာ ထွက်ခွာခဲ့ပြီး တုံ့ကျန်း ဘုရားကျောင်း၏ တခြားသောတည်နေရာဆီသို့ သွားရောက်ခဲ့ရ၏။ အသက် ၃၀ ကျော်မှ တုံ့ကျန်း ဘုရားကျောင်း ၏ ဌာနချုပ်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့၏။
ငှက်ပျောက်မြို့၏ ဖရိုဖရဲအခြေအနေများက ကြည့်ရှုရန်ပင် မသင့်တော်ချေ။ ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသည့် နင်ရှောင်က အဘယ်သို့သော စရိုက်လက္ခဏာမျိုး ရှိနေမည်နည်း။ ထိုအရာက ပြေးမကြည့်ဘဲ တွေးကြည့်လိုက်ရုံနှင့်ပင် သိသာနိုင်သည့် အရာပင်။ ထို့ကြောင့် ကျူးဟုန်ကျူးက နင်ရှောင်နှင့် ပတ်သက်ပြီး တကယ့်ကို ခေါင်းကိုက်ခဲ့၏။ သူက တကယ့်ကို မဲမှောင်ပြီး ရူးသွပ်လွန်းခဲ့၏။ နင်ရှောင်ကို ဖယ်ရှားပစ်ရန် တွေးခဲ့ဖူးသော်လည်း နင်ရှောင်က သူ၏ အာဏာကို အမှန်တကယ် ထိပါးခြင်း မရှိခဲ့ပေ။
ထို့အပြင် နင်ရှောင်ကို ဖယ်ရှားရန် ကောင်းကင်ပင်လယ်နန်းဆောင်က အရေးယူဆောင်ရွက်ရပေမည်။ ယခုတစ်ကြိမ်တွင် နင်ရှောင်က ကျူးဟုန်ကျူး၏ အာဏာကို ချိုးဖောက်ခဲ့၏။ ဤသည်က သည်းခံနိုင် လောက်သော ကိစ္စမျိုး မဟုတ်ပေ။
ကျူးဟုန်ကျူးက ချက်ချင်းလှုပ်ရှား၏။ ရှမ့်လန်၏ လက်ကို အသုံးပြုပြီး ရွှဲ့ဘုရင်နင်ရှောင်၏ မျက်နှာကို ရိုက်သည်။
သို့သော်ငြား ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို မြင်ချိန်မှာတော့ ကျူးဟုန်ကျူးက လေအေးတစ်ချက်ကို ရှူသွင်းမိ၏။ ရှမ့်လန်က သူ ထင်ထားသကဲ့သို့ပင် ကြမ်းတမ်းရက်စက်နေဆဲပင်။ ဤကဲ့သို့သော လက်စားချေမှုမျိုး က တကယ်ကို တုန်လှုပ်စရာကောင်း၏။ ထို့အပြင် အရမ်းလည်း ပြင်းထန်လွန်း၏။
.............
နင်ရှောင်က ဆောင့်ကြောင့်ထိုင်ချပြီး သားကြီးဖြစ်သူ၏ခေါင်းကို ကောက်ကိုင်၏။ သေချာကြည့်၏။ နာကျင်စွာ သေဆုံးခဲ့ရခြင်းပင်။ ချောမောသည့် မျက်နှာက လုံးဝတွန့်လိမ် ရှုံ့တွနေ၏။ မျက်လုံးများတွင် သွေးချင်းချင်း နီနေ၏။ မျက်နှာပေါ်ရှိ သွေးကြောများက အပြာရောင်နှင့် ခရမ်းရောင် သန်းသည်။
ပြီးနောက် သူက အမျိုးသမီးတစ်ဦး၏ ခေါင်းကို ကောက်ယူ၏။ ဤသည်က သူ၏ ပထမဆုံး မိန်းမဖြစ်ပြီး သားသုံးယောက်၏ မိခင်ပင်။ ဤအမျိုးသမီးက သူ့ထက် အသက်ကြီး၏။ သူမ၏ အသက်က ပဟေဠိ တစ်ခု ကဲ့သို့ပင်။ သူမက အမြဲတမ်း နုပျိုနေ၏။ သို့သော်ငြား ယခု သေဆုံးသွားချိန်မှာတော့ သူမ၏ အမှန်တကယ် အသက်အရွယ်ကို ဖော်ပြလိုက်သကဲ့သို့ပင်။
“ရှမ့်လန်... မင်း တကယ့်ကို ရက်စက်တာပဲ။” နင်ရှောင်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက မျက်လုံးကို မှိတ်ပြီး ဤအမျိုးသမီးနှင့်အတူ ပြုလုပ်ခဲ့သည့် အရာရာများကို ပြန်လည်ကာ တွေးတောနေမိ၏။ သားများနှင့် အကြောင်းအရာများကို ပြန်လည်တွေးတောမိ၏။
မျက်လုံးပြန်ဖွင့်ချိန်မှာတော့ ခေါင်းနှစ်လုံးစလုံးကို လက်ဖြင့် ဖိညှစ်ကာ ဖောက်ခွဲပစ်လိုက်သည်။
“အားလုံးကို မီးရှို့လိုက်။” နင်ရှောင်က တည်ငြိမ်စွာ အမိန့်ပေး၏။
ပြီးနောက် သူက လှည့်ထွက်ပြီး နန်းတော်ထဲသို့ ဝင်သွား၏။ မထွက်ခင်မှာပင် သူက ကျူးဟုန်ကျူးကို တစ်ချက်ကြည့်လိုက်သည်။
ဝန်ကြီးချုပ်ကျူးဟုန်ကျူးကတော့ မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ ဤအရာအားလုံးက သူနှင့် မသက်ဆိုင် သကဲ့သို့ပင်။
.....................
အိမ်သို့ ပြန်ရောက်ပြီးနောက် ကျူးဟုန်ကျူးက စာကြည့်ခန်းထဲသို့ ဝင်ပြီး ငေးငိုင်နေမိ၏။
ကျူးနင်က သူ့အတွက် အမွှေးတိုင်ထွန်းပေးပြီး လက်ဖက်ရည် ဖျော်ပေး၏။ ပြီးနောက် သူမက ထွက်သွားရန် ပြင်၏။ သူမက ပိုမိုတိတ်ဆိတ်လာ၏။ သူမက တစ်ချိန်က နင်ချီနှင့် လက်ထပ်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော်ငြား အဆုံးမှာတော့ ဤလက်ထပ်ပွဲက မရေမရာနှင့် ပြီးဆုံးသွားသည်။
“အဖေ... အင်ပါယာက ဘာအမိန့်မှ မပေးဘူးလား။” ကျူးကျွင်းက မေးမြန်း၏။
“အင်း”
ထိုအရာက တကယ့်ကို ထူးဆန်း၏။။ ရှမ့်လန် ပြန်လာပြီးနောက် ကြီးမားသည့် လှုပ်ခတ်မှုမျိုး ဖြစ်ပေါ်သင့်၏။ သို့သော်ငြား တော်ဝင်ရန်အင်ပါယာ တစ်ခုလုံးက အထူးတလည် တိတ်ဆိတ်လွန်းနေ၏။ ရန်မျိုးနွယ်၏ အထွတ်အထိတ် ခေါင်းဆောင် တစ်ယောက်ကမှ စကားတစ်ခွန်းမှ မဟခဲ့ချေ။ သူ၏လက်အောက်ရှိ သီးခြားဘုရင်များကလည်း ဘာမှမဖြစ်ခဲ့သလို ပြုမူနေသည်။
ကျူးကျွင်းက ဆို၏။ “တစ်ခါတစ်လေ အမိန့်မရှိခြင်းက အကောင်းဆုံး အမိန့်ပဲ။”
မှန်ပေ၏။ အမိန့်ပြန်တမ်းမရှိခြင်းက အရှင်းလင်းဆုံး အမိန့်ပြန်တမ်းပင်။ ဤအချိန်၌ ရှမ့်လန်၏ မျက်လုံးများက လောကရှိဘုရင်များကို စောင့်ကြည့်နေသည့် သိန်းငှက်တစ်ကောင် ကဲ့သို့ပင်။ သူက ဝူဘုရင်နှင့် ချောင်ဘုရင်တို့ကို စိုက်ကြည့်နေ၏။ လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမည်လား။ ရှမ့်လန်က လမ်းတစ်လျှောက် သတ်ဖြတ်ပြီး ပြန်လာခဲ့၏။ ထိုသူတို့ စိတ်လှုပ်ရှားကြမည်လား။
ကျူးကျွင်းက ပြောလိုက်သည်။ “အရင်တုန်းက အင်ပါယာက ရှမ့်လန်ကို ဖျက်ဆီးဖို့ လောကတစ်ဝက် လောက်ရှိတဲ့ စစ်သည်တွေကို စုစည်းခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်ကျတော့ အဲဒါက ရှမ့်လန်အတွက် မဟုတ်ဘူး။ အဲဒီအစား လောကတစ်ခုလုံးကို ရှင်းလင်းပစ်ဖို့ ဖြစ်ခဲ့တယ်။
ချောင်ဘုရင်နဲ့ ဝူဘုရင်တို့က အန္တရာယ်ကို အာရုံခံမိပြီး အင်ပါယာရဲ့ ခြေလှမ်းတွေအတိုင်း ငြိမ်ငြိမ်သက်သက်နဲ့ လိုက်လျှောက်ခဲ့ရတယ်။ သူတို့က ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရပြီး ဝန်ကြီးတွေအားလုံးကို ဖယ်ရှားပြီး အစိုးရသစ်ကို ပြန်ဖွဲ့ခဲ့ရတယ်။ ပြီးတော့ ဝန်ကြီးချုပ်ကို တော်ဝင်ရန်အင်ပါယာက စေလွှတ်ခဲ့တယ်။”
အောင်မြင်သည်ထက် ပို၏။ ရှမ့်လန်က တော်ဝင်ရန်အင်ပါယာကို အချိန် ၁၀ နှစ်နီးပါး သက်သာစေရန် ကူညီပေးခဲ့၏။ မူလက တော်ဝင်ရန်အင်ပါယာ၏ မူဝါဒ အောင်မြင်ခဲ့ပြီးနောက် အရေးကြီးဆုံး အရာက အင်ပါယာ၏ အာဏာစက်ကို ပြန်လည်ရယူရန်ပင်။ ထို့ကြောင့် သူတို့က လောကကြီးတစ်ခုလုံးကို စုစည်းခြင်း လုပ်ငန်းစဉ်ကို စတင်၏။
အဆုံးမှာတော့ ကျန်းလီ၏သားအဖြစ် ရှမ့်လန်၏ ဝိသေသ အမည်ပေါ်ပေါက်လာခဲ့ပြီးနောက် အင်ပါယာ၌ လောကတစ်ဝက်၏ စစ်အင်အားများကို စုဆောင်းရန် အကြောင်းပြချက် ရခဲ့၏။ ရှမ့်လန်ကို ဖျက်ဆီးမည့် အမည်ခံဖြင့် သူက နိုင်ငံအားလုံးကို ခြိမ်းခြောက်ခဲ့ပြီး အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ဖိအားပေးနိုင်ခဲ့သည်။
ယခုအချိန်မှာတော့ နိုင်ငံအားလုံး၏ အစိုးရအဖွဲ့များက တော်ဝင်ရန်အင်ပါယာ၏ လက်ထဲတွင် ရှိနေ၏။ ထို့အပြင် တော်ဝင်ရန်အင်ပါယာက ရှမ့်လန်၏ ပျက်စီးခြင်းကို အသုံးပြုပြီး လောကရှိဘုရင်များကို ဘွဲ့ထူးဂုဏ်ထူးများ အောင်မြင်စွာ ပေးအပ်နိုင်ခဲ့သည်။ ထို့ကြောင့် လက်ရှိ ရွှဲ့ဘုရင်နင်ရှောင်ကို တော်ဝင်ရန်အင်ပါယာ၏ ရွှဲ့ဘုရင်ဟု ခေါ်ဆိုသင့်၏။
အင်ပါယာ၏ အန္တိမ ရည်မှန်းချက်က ဘုရင်များကို လက်အောက်ခံ နယ်စားများအဖြစ် ပြောင်းလဲရန်နှင့် နိုင်ငံ အားလုံးတို့၏ တပ်တော်များကို ဖျက်သိမ်းရန်ပင်။ သူက နိုင်ငံအားလုံးတို့၏ ပြည်တွင်းအာဏာကို ပြန်ယူရုံ သာမက စစ်အာဏာကိုပါ ပြန်လည်ရယူ၏။ နိုင်ငံအားလုံး၏ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ဘုရင်များကို ဂုဏ်ထူးဘွဲ့ထူး ပေးသည့်အချိန်က ၁၀ နှစ်ခန့် အချိန် ကြာမြင့်သင့်သည်။
သို့သော်ငြား ရှမ့်လန်ပေါ်ပေါက်လာခဲ့မှုကြောင့် အင်ပါယာက ထိုကိစ္စရပ်ကို တစ်ဝက်လောက် လျှော့နည်းသည့် အချိန်တွင်း ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့၏။ တစ်ခါတစ်ရံ မိမိ၏လူကို သုံးသည်ထက် ရန်သူကို သုံးခြင်းက ပိုပြီးကောင်း၏။
xxx
အပိုင်း (၉၄၆)
ကျူးကျွင်းက ဆို၏။ “ဒါကြောင့် ဒီတစ်ချိန်မှာ အင်ပါယာဆီမှာ အကြံအစည်နှစ်ခုပဲ ရှိတော့တယ်။ ပထမအကြံက ရှမ့်လန်ကို နောက်တစ်ကြိမ် ဖျက်ဆီးပစ်ဖို့ လောကတစ်ဝက် တပ်မတော်ကို အသုံးပြုမယ်။ ပြီးတော့ နိုင်ငံအားလုံးမှာ တပ်စွဲပြီး နိုင်ငံအားလုံးရဲ့ စစ်အာဏာကို ပြန်လည်ရယူဖို့ အခွင့်အရေးယူလိမ့်မယ်။”
“ဒီအကြံအစည်က သိပ်ပြီး မက်မောဖို့ကောင်းတယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူက ဒီအကြံအစည်ကို လက်လွှတ် လိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်နှစ်ရဲ့ ရလဒ်က လုံလောက်နေပြီ မို့လိုပဲ။ သူက နိုင်ငံအားလုံးရဲ့ ပြည်တွင်းအာဏာကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးဘူး။ စစ်အာဏာကိုပါ ပြန်ယူဖို့ ကြိုးစားရင် ထမင်းတစ်လုတ် တုတ်တစ်ချက် ဖြစ်ကုန်လိမ့်မယ်။”
ကျူးဟုန်ကျူးက ပြောသည်။ “ဆက်ပြောပါအုံး။”
ကျူးကျွင်းက ပြော၏။ “အရင်တုန်းက ရှမ့်လန်က အရမ်းအားနည်းတယ်။ အဆုံးကျတော့ အင်ပါယာက သူ့ကို ကျန်းလီလို ဆက်ဆံပြီး ရိုက်နှက်ခဲ့တယ်။ ရှမ့်လန်က လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေမဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်ခဲ့သလိုပေါ့။
ဒီတစ်ချိန် ရှမ့်လန်ပြန်လာတာ ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် တော်ဝင်ရန်မြို့တော်ရဲ့ မျက်နှာကို ရိုက်လိုက်သလိုပဲ။ အရင်တုန်းက လောကတစ်ဝက် တပ်တော်နဲ့ တိုက်ခိုက်ခဲ့တာတောင်မှ ရှမ့်လန်ကို အပြီးတိုင် မသတ်နိုင်ခဲ့ဘူး။ တစ်စုံတစ်ယောက်က သူ့ကို ဧကရာဇ် တစ်ပါးပြန်လာသလိုမျိုး ဟန်ဆောင်ခွင့်ပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ဒါကြောင့် ဒီတစ်ချိန်မှာ အင်ပါယာက မထီမဲ့မြင် သဘောထားမျိုး ပြသလိမ့်မယ်။ သူက ပုရွက်ဆိတ် တစ်ကောင် ကို လက်ချောင်းလေးနဲ့ ချေမွပစ်မယ့်သဘောမျိုးလို ရှမ့်လန်ကို ကိုင်တွယ်ဖို့ လိုအပ်တယ်။ အရေးမပါတဲ့ လူတစ်ယောက် လို ဆက်ဆံလိမ့်မယ်။ ဒီနည်းနဲ့ ရှမ့်လန်ပြန်လာခြင်းရဲ့ သက်ရောက်မှုကို တုန့်ပြန်ရလိမ့်မယ်။ မဟုတ်ရင် ရှမ့်လန်အပေါ် အရမ်းကြီး အလေးထားနေသလို ဖြစ်လိမ့်မယ်။ ဒါက တော်ဝင်ရန်အင်ပါယာရဲ့ ဂုဏ်သိက္ခာ ကို ကျဆင်းစေလိမ့်မယ်။”
ကျူးဟုန်ကျူးက ပြောသည်။ “သိပ်မှန်တယ်။”
ကျူးကျွင်းက ဆက်ပြော၏။ “ဒါကြောင့် အင်ပါယာက ဘာအမိန့်မှ မပေးတာပဲ။ ဆိုလိုတာက ဒီကိစ္စကို ရွှဲ့ပြည်နယ် အတွင်းမှာပဲ ဖြေရှင်းရမယ်။ တစ်နည်းအားဖြင့် ရှမ့်လန်ကို အပြီးတိုင်ဖျက်ဆီးဖို့ ကျုပ်တို့က ရွှဲ့ဘုရင်ရဲ့ နာမည်ကို သုံးဖို့လိုတယ်။ တော်ဝင်ရန်အင်ပါယာရဲ့ နာမည်ကို သုံးစရာ မလိုဘူး။ ဒါမှမဟုတ်ရင် အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရှမ့်လန်က စစ်သည် သောင်းဂဏန်းလောက်နဲ့ ပြန်လာခဲ့တာ။ သူက အင်ပါယာရဲ့ ရန်သူဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး။”
ကျူးဟုန်ကျူးက မေးသည်။ “ဒါဆိုရင် ပြောပါအုံး။ နုရှောင့်မြို့ ဒါမှမဟုတ် ရွှမ်ဝူနယ်စားအိမ်တော်ထဲကို ဝင်ရောက်ပြီး ရှမ့်လန်ကိုသတ်ဖို့ တို့တွေ လုပ်ကြံရေး သတ်ဖြတ်ရေးသမားတွေကို သုံးလို့ရလား။”
“မရဘူး။”
ကျူးကျွင်းက ဖြေ၏။ “အနည်းဆုံးတော့ အခုမရဘူး။ ဘာပဲဖြစ်ဖြစ် ရှမ့်လန်က ကျန်းလီရဲ့သွေးမျိုးဆက်ပဲ။ ဓားပြခေါင်းဆောင် မဟုတ်ဘူး။ တော်ဝင်ရန်အင်ပါယာအနေနဲ့ သူ့ကို ချေမွန်းဖို့ အကြွင်းမဲ့ အာဏာကို ပြသဖို့ လိုအပ်တယ်။ ဒါအပြင် ဖြောင့်မတ်မှန်ကန်ခြင်းကိုလည်း ပြဖို့လိုတယ်။ ဒါမှသာ အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ပြသနိုင်လိမ့်မယ်။
လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းတွေ သုံးရင် လောကကြီးရဲ့ ရှုံ့ချမှုကို ခံရမယ်။ အင်ပါယာက အရည်အချင်း မရှိလို့ ရှမ့်လန်ရဲ့ စစ်သည် သောင်းဂဏန်းလောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ ဖြစ်မယ်။ ဘာကိစ္စ လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းတွေကို သုံးတာလဲလို့ လောကကြီးက ပြောဆိုလိမ့်မယ်။ မိုးကြိုးပစ်သလို တိုက်ခိုက်မှုမျိုး၊ ခြင်္သေ့က ယုန်တစ်ကောင် ဖမ်းသလိုမျိုး လုပ်ရမယ်။ အဲလိုလုပ်ရမှာက လာမယ့် ထျန်းရွှဲ့မြို့ တိုက်ပွဲပဲ။”
ကျူးဟုန်ကျူးက ပြောသည်။ “ဒီတိုက်ပွဲကို လောကကြီးတစ်ခုလုံးက စောင့်ကြည့်နေလိမ့်မယ်။ ရှမ့်လန်ကို ဖြစ်နိုင်သမျှ အတိုတောင်းဆုံးအချိန်အတွင်းမှာ ဖျက်ဆီးပစ်ရမယ်။ တစ်ရက်အတွင်း ဖျက်ဆီးနိုင်ရင် ကောင်းကျိုးရမယ်။ သုံးရက်အတွင်း ဖျက်ဆီးနိုင်ရင် အပြစ် မရှိသေးဘူး။ ရှမ့်လန်ရဲ့ တပ်တော်တစ်ခုလုံးကို ငါးရက်အတွင်း မဖျက်ဆီးနိုင်ရင်တော့ ငါတို့သားအဖ ကံဆိုးပြီပဲ။”
ကျူးကျွင်းက ပြော၏။ “ရှမ့်လန်ကို တိုက်ခိုက်ဖို့ ရွှဲ့ပြည်နယ်ရဲ့နာမည်ကို သုံးမယ်။ ဒါပေမဲ့ အင်ပါယာရဲ့ အင်အားကိုလည်း ကျုပ်တို့ ကိုယ်စားပြုရမယ်။”
“ဟုတ်တယ်။”
ကျူးကျွင်းက ဆက်ပြောသည်။ “ဒါကြောင့် ဒီကိစ္စမှာ နိုင်ငံရေးပရိယာယ်ကို ကျုပ်တို့ ဆုပ်ကိုင်ထားရမယ်။ သတင်းဖြန့်တဲ့အခါမှာ အရေးမပါတဲ့ ပုန်ကန်သူတစ်ယောက်ကို ရှင်းလင်းနေသလိုမျိုး လေသံကို နှိမ့်ထားရမယ်။ ဒါပေမဲ့ ကျုပ်တို့က အပြည့်အဝ ပြင်ဆင်ထားရမယ်။ ရှမ့်လန်ကို ဖျက်ဆီးဖို့ ဆယ်ဆ၊ အဆ ၂၀၊ အဆ ၃၀ အင်အားကို သုံးရမယ်။ မိုးကြိုးပစ်သလို တိုက်ခိုက်မယ်။ အဲလို တိုက်ခိုက်မှုမျိုးကို လုပ်ရမှာဖြစ်သလို အရေးမကြီးသလိုလည်း လုပ်ပြရအုံးမယ်။”
“အမှန်ပဲ။”
ကျူးကျွင်းက ဆက်ပြောပြန်၏။ “ဒါဆိုရင် တုံ့ကျန်းဘုရားကျောင်းနဲ့ စေတီတောင်တို့ကို အသိပေးဖို့ လိုမလား။”
“မလိုဘူး။ ဘာမှမပြောနဲ့။”
ကျူးဟုန်ကျူးက ပြောသည်။ “ရွှဲ့ပြည်နယ်က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ နယ်မြေပဲ။ ဒီတိုက်ပွဲမှာ အဓိက အင်အားစုက ကောင်းကင်ပင်လယ်နန်းဆောင် ဖြစ်နေတုန်းပဲ။ စေတီတောင်ကသာ အသိတရားရှိရင် သူတို့ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ တုံ့ကျန်းဘုရားကျောင်းကတော့ ပြောနေစရာ မလိုဘူး။ ကျူးဟုန်ရွှဲ့က ဘယ်တော့ပြန်လာမှာလဲ။”
“မကြာခင်ပါ ... အနောက်ဘက်ဒေသက စစ်ပွဲက ပြီးခါနီးပါပြီ။”
ကျူးကျွင်းက ဖြေ၏။ “ဒါပေမဲ့ မင်းသမီးနင်ဟန်ဆီက ဘာသတင်းမှ မရသေးပါဘူး။ လုံးဝ ပျောက်ကွယ်နေပါတယ်။”
“နင်ဟန်အကြောင်း မပြောနဲ့။”
ကျူးဟုန်ကျူးက ပြောသည်။ “ပြီးရင် တပ်တော်ကို စတင်စုစည်းကြတော့။ ငါတို့ ထျန်းရွှဲ့မြို့က တိုက်ပွဲကို နိုင်ရုံတင် မကဘူး။ လှလှပပ နိုင်ရမယ်။ မဟုတ်ရင်တော့ ငါတို့တွေ ကံဆိုးတော့မယ်။”
..........
နန်းတော်အတွင်းမှာတော့ .....
နင်ရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာမျိုး ထွက်ပေါ်နေ၏။ သူက အချိန်မရွေး ပေါက်ကွဲတော့မည့် အဆိပ်ဗုံးကြီးတစ်လုံး ကဲ့သို့ပင်။ နင်ယီနှင့် နင်လော့တို့က ဘေးတွင် မလှုပ်မယှက် ရပ်နေကြ၏။
နင်ယီက လျှောက်တင်သည်။ “အရှင်မင်းကြီး... ကျုပ်တို့ ဒီအတိုင်း လွှတ်ထားတော့မှာလား။ ဒီလိုသာဆိုရင် ကျုပ်တို့ ဘယ်လို မျက်နှာပြဝံ့တော့မှာလဲ။”
နင်လော့က အေးစက်စက်နှင့် ပြော၏။ “အသက်ကို အသက်နဲ့ တုံ့ပြန်တာ လုပ်ရမယ်။ ကျွန်မတို့က လူငါးထောင်ကို သတ်ရင် ရှမ့်လန်က ငါးသောင်းပြန်သတ်မယ်။ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး။”
နင်ရှောင်က ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “သူက ငါ့ရဲ့ သားငါးယောက်ကို သတ်ခဲ့တယ်။ ငါ့မှာ နောက်ထပ် သားတစ်ဆယ့်တစ် ယောက် ကျန်သေးတယ်။ သူ ငါ့ကို ချိန်းခြောက်နေတာပဲ။ ငါသာ သူ့လူတွေကို ဆက်သတ်ရင် သူက ပန်းပွင့်တောင်ကြားကို ဖျက်ဆီးပစ်လိမ့်မယ်။ အဲဒီမှာ ငါ့ရဲ့ သားတွေ ရှိသေးတယ်။”
နင်ယီက မေး၏။ “ဒါဆိုရင် ကျုပ်တို့ ဒီအတိုင်း လွှတ်ထားတော့မှာလား။”
နင်ရှောင်က ခေါင်းကို ခါယမ်းလိုက်သည်။ “ဒီအတိုင်း လွှတ်ထားမယ် ဟုတ်လား။ ငါ့မှာ သားတွေ မရှိတော့ရင်တောင် ထပ်မွေးလို့ ရသေးတယ်။ ငါကတော့ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး။ လုံးဝပဲ။”
ထိုစကားကို ကြားရချိန်မှာတော့ နင်ယီနှင့် နင်လော့တို့က စိတ်လှုပ်ရှားသွား၏။
ရွှဲ့ဘုရင် နင်ရှောင်က ပြောသည်။ “ငါ့မှာ မိန်းမတွေ အများကြီး ရှိတယ်။ ငါက အသက် ၃၀ ကျော်ပဲ ရှိသေးတာမို့ ဒါဇင်နဲ့ချီတဲ့ သားတွေ ထပ်မွေးလို့ ရသေးတယ်။ ဒါပေမဲ့ မင်းတို့က ငါ့ကို ရှမ့်လန်နဲ့ ပြေလည်အောင် ညှိနှိုင်း စေချင်တာလား။ အိပ်မက်မက်နေတာပဲ။”
နင်လော့နှင့် နင်ယီတို့က ချက်ချင်း မတ်တပ်ထရပ်၍ နင်ရှောင်၏အမိန့်ကို စောင့်ဆိုင်းနေ၏။
နင်ရှောင်က အမိန့်ပေးလိုက်သည်။ “ရှမ့်လန်က ငါ့ရဲ့ လူငါးထောင်ကို သတ်လိုက်တာကြောင့် ငါက တစ်သောင်း ပြန်သတ်ပြမယ်။ ကျန်းချုံးက အရမ်းကို အရေးပါတယ် မဟုတ်လား။ သူ့ရဲ့ ခေါင်းနဲ့ ခြေလက်တွေကို ဖြတ်ပြီး ရှမ့်လန်ဆီကို ပို့လိုက်။
ပြီးတော့ နင်ကျန်းရဲ့ လက်တွေ ၊ ခြေထောက်တွေကို ဖြတ်၊ မျက်လုံးတွေကို ကလော်ထုတ်ပြီး ရှမ့်လန်ဆီ ပို့လိုက်စမ်း။ တစ်ချိန်တည်းမှာပဲ ရှမ့်လန်ကို စကားတစ်ခွန်း ပါးလိုက်။ သူ လက်စားချေချင်သေးလားလို့။ ဘာပဲဖြစ်ဖြစ် ငါ့မှာ သားတွေမရှိတော့ရင်တောင် ထပ်မွေးလို့ ရတယ်လို့ ပြောလိုက်။ သတ်လိုက်။ သတ်ကြစမ်း။”
နင်ရှောင်က မိန်းမစိုးတစ်ယောက်ကို အတင်းဖမ်းချုပ်ပြီး လက်ကောက်ဝတ်ကို ဓားနှင့်လှီးဖြတ်၏။ သွေးများကို မင်အိုးထဲသို့ စီးကျစေပြီး ပြီးနောက် သွေးစွန်းနေသည့်စုတ်တံဖြင့် သူက သတ်ဆိုသည့် စကားလုံးကို ရေးချလိုက်၏။
ရွှဲ့ဘုရင် နင်ရှောင်က အမိန့်ပြန်တမ်းကို ပစ်ပေးသည်။
“နင်ယီ... မင်းက ကျန်းချုံးနဲ့ နင်ကျန်းကို သွားသတ်။ နင်လော့... မင်းက ရှမ့်လန်ရဲ့ အကြွင်းအကျန်တွေကို သွားသတ်။ ရေနက်တပ်ဖွဲ့က လူတွေကို သုံးပြီး သွားသတ်လိုက်။ တစ်သောင်းလောက် သတ်ပစ်စမ်း။”
နင်ယီနှင့် နင်လော့တို့က သတ်ဖြတ်လိုစိတ်များဖြင့် ထွက်ခွာသွား၏။ “အမိန့်တော်အတိုင်းပါ။”
ဤအရာက နင်ရှောင်ပင် ဖြစ်၏။ ဤလူက အရိုးထဲထိ ရူးသွပ်နေမှန်း ကျူးဟုန်ကျူးက ကောင်းကောင်းကြီး မြင်လိုက်ရ၏။ နင်ယီနှင့် နင်လော့တို့ ထွက်ခွာပြီးနောက် နင်ရှောင်က တိုးညှင်းသည့်အသံဖြင့် ရေရွတ်လိုက်သည်။
“ရှမ့်လန်... မင်းက ငါ့သားတွေနဲ့ မိန်းမတွေပေါ်ထားတဲ့ ငါ့ရဲ့ သံယောဇဉ်ကို အထင်ကြီးလွန်းနေတယ်။ ငါ့ရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေ၊ သံယောဇဉ်တွေ ရှိနေမယ်လို့ မင်း တကယ်ထင်နေတာလား။ ရယ်စရာ ကောင်းလိုက်တာ။ ဒီလောကကြီးထဲမှာ ငါမသတ်ရဲတဲ့လူဆိုတာ မရှိဘူးကွ။”
......................
နင်ယီက ကျန်းချုံးအား သတ်ဖြတ်ရန် စစ်သည်တစ်ရာကျော်ကို ဦးဆောင်ပြီး ရေနက်တပ်ဖွဲ့၏ အကျဉ်းထောင် ဆီသို့ သွား၏။
နင်လော့ကလည်း ရှမ့်လန်၏ အကြွင်းအကျန်များကို သတ်ဖြတ်ရန် လူတစ်ထောင်ကျော်ကို ဦးဆောင်ပြီး မြောက်ဘက် အမဲလိုက်ကွင်းပြင်ဆီသို့ သွားသည်။
လူဦးရေက များပြားလွန်းသောကြောင့် အထူးတရားရုံး၏ အကျဉ်းထောင်တွင် မဆံ့ချေ။ ထို့ကြောင့် သူတို့အား မြောက်ဘက် အမဲလိုက်ကွင်းပြင်၌ ထိန်းသိမ်းထား၏။ ကျန်သူအများစုက ရွဲ့ပြည်နယ်၏ ဆားတွင်းနှင့် သတ္တုတွင်းများတွင် အကျဉ်းချ ခံထားရသူများ ဖြစ်၏။ ထိုသူတို့က ဝက်များ၊ ခွေးများပမာပင် အလုပ်လုပ်ရင်း အကျဉ်းချခံထားရ၏။
မြောက်ဘက်အမဲလိုက် ကွင်းပြင်၌ ရှမ့်လန်၏ အဆင့်အတန်းမြင့်မားသည့် နောက်လိုက်များကို ထိန်းသိမ်း ထား၏။ အရေအတွက်အားဖြင့် တစ်သောင်းကျော်သာ ရှိသည်။
သို့သော်ငြား နင်လော့က လူများကိုခေါ်ပြီး မြောက်ဘက်အမဲလိုက်ကွင်းပြင်သို့ ရောက်ရှိချိန်မှာတော့ ထိုနေရာ၌ တပ်မကြီးတစ်ခု ဝန်းရံထားပြီး ဖြစ်ကြောင်းကို မြင်ရ၏။
ထိုတပ်ကို ဦးဆောင်သူက ထျန်းရွဲ့ကာကွယ်ရေးတပ်မှူး ကျန်ကျောင်း ဖြစ်၏။ ထိုသူက တောင်ပိုင်းနိုင်ငံ၏ စစ်မြေပြင်တွင် စစ်သူကြီးကျူးလင်း၏ နောက်လိုက်ဖြစ်ခဲ့ပြီး ကျူးမိသားစုအပေါ် သစ္စာရှိခဲ့သူပင်။ ယခုချိန်မှာတော့ သူက ရွှဲ့ပြည်နယ်၏ အရေးကြီးသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။
မင်းသမီးနင်လော့က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကာကွယ်ရေးမှူး ကျန်ကျောင်း... ဖယ်ပေးပါ။ ကျွန်မက အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ရှမ့်လန်ရဲ့ အကြွင်းအကျန်တွေကို သတ်ဖို့ လာခဲ့တာပဲ။”
ကျန်ကျောင်းက ပြောသည်။ “မင်းသမီး.. ကျုပ်က အစိုးရအဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာဗျူရိုရဲ့အမိန့်အရ ရှမ့်လန်ရဲ့ လူတွေကို စောင့်ကြည့်နေပါတယ်။ အမိန့်မရှိဘဲ ဘယ်သူမှ မြောက်ဘက်ကွင်းပြင် အကျဉ်းထောင်ထဲကို ဝင်ထွက်ခွင့် မရှိပါဘူး။”
နင်လော့က မေးလိုက်၏။ “ကာကွယ်ရေးတပ်မှူး ကျန်ကျောင်း... ရှင်က အမိန့်တော်ပြန်တမ်းကိုတောင် ဖီဆန်ချင် နေတာလား။”
ထိုသို့ပြောပြီးနောက် နင်လော့က ရွှဲ့ဘုရင်၏အမိန့်တော်ပြန်တမ်းကို ဖွင့်ပြ၏။ မြောက်ဘက်ကွင်းပြင် အကျဉ်းထောင်ရှိ ရှမ့်လန်၏ နောက်လိုက်အားလုံးကို ခေါင်းဖြတ်သတ်ဖြတ်ရန် ရှင်းလင်းစွာ ရေးသားထားသည်။
ကျန်ကျောင်းက ရွှဲ့ဘုရင်၏ အမိန့်တော်ပြန်တမ်းကိုယူပြီး အချိန်ကြာမြင့်စွာ ကြည့်ရှု၏။ ပြီးနောက် သူက ပြော၏။ “မင်းသမီး... ဒီအမိန့်တော်ပြန်တမ်းမှာ အစိုးရအဖွဲ့ရဲ့ တံဆိပ်တုံး မပါပါဘူး။”
တော်ဝင်ရန်အင်ပါယာ၏ မူဝါဒသစ်ကို ချမှတ်ခဲ့ပြီးနောက် နိုင်ငံအသီးသီးရှိ အစိုးရအဖွဲ့များ၏ အာဏာက များစွာ မြင့်တက်လာ၏။ ဘုရင်၏ အမိန့်တော်ပြန်တမ်းတွင် အစိုးရအဖွဲ့၏ တံဆိပ်တုံးပါမှသာ အမြင့်ဆုံးအာဏာ သက်ရောက်၏။ သို့မဟုတ်ပါက သာမန်အမိန့်စာများသာ ဖြစ်ပြီး မလိုက်နာဘဲ ငြင်းဆန်ခွင့် ရှိသည်။
မင်မင်းဆက်လက်ထက်တွင်လည်း ထိုကဲ့သို့ပင်။ မှူးမတ်များက ဘုရင်၏ အမိန့်တော်ကို ပယ်ဖျက်ရသည်ကိုပင် ဂုဏ်ယူလေ့ရှိ၏။ အကယ်၍ မှူးမတ်တစ်ဦးက အစိုးရအဖွဲ့၏ တံဆိပ်တုံးမပါသော အမိန့်တော်ကို လက်ခံ လိုက်ပါက မှူးမတ်လောက၏ အမှိုက်သရိုက်အဖြစ်ပင် သတ်မှတ်ခံရပေမည်။ တော်ဝင်ရန်အင်ပါယာက ဘုရင်အသီးသီး တို့၏ အာဏာကို တစ်စတစ်စ လျှော့ချရန် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းပင်။
မင်းသမီးနင်လော့က ပြော၏။ “ကျွန်မက ရှမ့်လန်ရဲ့ အကြွင်းအကျန်တွေကို သတ်ပစ်မလို့။ ရှင်က တားချင်နေ တာလား။ ရှင်က ရှမ့်လန်ရဲ့ ပုန်ကန်မှုကို အားပေးထောက်ခံနေတာလား။ ဒီကိစ္စ တော်ဝင်ရန် မြို့တော်ဆီကိုသာ ရောက်သွားရင် ရှင် ခံနိုင်ရည် ရှိပါ့မလား။”
ကျန်ကျောင်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောသည်။ “မင်းသမီး... ဒီအမိန့်တော်ပြန်တမ်းကို တံဆိပ်တုံးထုဖို့ အစိုးရအဖွဲ့ဆီ အရင်ပို့လိုက်ပါ။ မဟုတ်ရင် ကျုပ်က ဘယ်ဘက်ကိုမှ မျက်နှာလိုက်ဖို့ မဝင့်ရဲပါဘူး။”
ပြီးနောက် သူက ရုတ်တရက် အသံကုန်ဟစ်ကာ အော်ဟစ်၏။ “တပ်ဖွဲ့မှူးတို့ အကုန်လုံး နားထောင်ကြစမ်း။ ငါ့ရဲ့အမိန့်မရှိဘဲ မြောက်ဘက်ကွင်းပြင် အကျဉ်းထောင်ထဲကို ဘယ်သူမှ ဝင်ခွင့်ထွက်ခွင့် မရှိစေရဘူး။ အမိန့်ဖီဆန်တဲ့သူ ဘယ်သူ့ကိုမဆို သတ်ပစ်လိုက်။”
စစ်သည်သုံးသောင်းက တညီတညွတ်တည်း အော်ဟစ်သည်။ “အမိန့်တော် အတိုင်းပါ။”
နင်လော့က ကျန်ကျောင်းကို တင်းမာခက်ထန်သည့် အကြည့်ဖြင့် ကြည့်ကာ လှောင်ပြောင်လိုက်၏။ “ကောင်းပြီ။ ကောင်းပြီ။ သစ္စာဖောက် မှူးမတ်တွေ။ သစ္စာဖောက် မှူးမတ်တွေပဲ။”
ပြီးနောက် မင်းသမီးနင်လော့က ဒေါသတကြီးဖြင့် ထွက်ခွာသွားသည်။
ကျန်ကျောင်းက ထွက်ခွာသွားသည့် မင်းသမီးနင်လော့၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲ၌ သက်ပြင်းချမိ၏။ နင်ယွမ်ရှန်းက ရယ်စရာကောင်းသည့် ကိစ္စရပ်များစွာကို လုပ်ခဲ့သော်လည်း သူ၏ ရပ်တည်ချက်က ဖြောင့်မှန်၏။ နင်ကျန်းကလည်း ထိုနည်းလည်းကောင်းပင်။ သို့သော်ငြား နင်ရှောင် နန်းတက်လာခဲ့ပြီးနောက် ရွှဲ့ပြည်နယ်တစ်ခုလုံး၏ စနစ်က ကြီးမားစွာ ပြောင်းလဲသွားခဲ့၏။
တကယ့်ကိုကွဲပြားသွားခဲ့ချေ၏။ ဤအချိန်မှာတော့ “သစ္စာဖောက်မှူးမတ်” ဟူသည့် စကားလုံးကို သူတို့က မည်သို့ ပြောဆိုနိုင်ကြသနည်း။
ရွှဲ့ပြည်နယ်၏ မှူးမတ်များအနေဖြင့် ဘုရင်ကို အလုပ်အကျွေးပြုချင်လျှင်တောင် မည်သို့အလုပ်အကျွေး ပြုရမည်နည်း။ သူတို့က ရွှဲ့ပြည်နယ်ကို ကျော်လွန်၍ တော်ဝင်ရန်အင်ပါယာကိုသာ တိုက်ရိုက်အလုပ်အကျွေး ပြုနိုင်ပေတော့မည်။
.............