← Chapters

အခန်း (၉၄၉-၉၅၀)

Vol. 57 Ch. 949-950

အခန်း (၉၄၉-၉၅၀)

Vol. 57 Ch. 949-950

အပိုင်း (၉၄၉)

ရန်အီက ပြောလိုက်သည်။ “ဒါပေမဲ့ စစ်တပ်ရဲ့ အတွေးအခေါ်တွေက ရှုပ်ထွေးနေပြီ။”

ရွှဲ့ပြည်နယ်၏ သိန်းချီသော စစ်သည်များ၏ အတွေးအခေါ်များက တကယ်ကို ရှုပ်ထွေးနေ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်း၏ ရင်ထဲတွင် ချိန်ခွင်တစ်ခုစီ ရှိနေကြ၏။ အင်ပါယာကျန်းလီကို ကိုးကွယ်သည့် ချိန်ခွင်တစ်ခုပင်။

အထူးသဖြင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရွှဲ့ပြည်နယ်တစ်ခုလုံးက ပရမ်းပတာ ဖြစ်ခဲ့၏။ အင်ပါယာက ရွှဲ့ပြည်နယ်၏ နန်းတွင်းကို လုံးဝလွှမ်းမိုးထားသည်။ ရွှဲ့ပြည်နယ်ကို လုံးဝလွှမ်းခြုံထားပြီး ကျန်းလီအကြောင်း အကောင်းပြောရဲသည့် သူအားလုံးက ဖမ်းဆီးကာ အပြစ်ပေးခံရသည့် အထိဖြစ်၏။

ရန်အီက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရှမ့်လန်က ပင်လယ်ရပ်ခြားကို ထွက်ပြေးသွားခဲ့ပြီ။ သူ့ရဲ့ သစ္စာရှိ နောက်လိုက်အားလုံးကို ကာကွယ်ပေးခဲ့တယ်။ တစ်ယောက်မှ မသေစေခဲ့ဘူး။ သူက သဘာဝလွန် အင်အားစုကြီး ခြောက်ခုနဲ့ တော်ဝင်ရန်အင်ပါယာရဲ့ မရေတွက်နိုင်တဲ့ စစ်သည်တွေကို တစ်ယောက်တည်း တိုက်ခိုက်ပြီး ပြည်သူအားလုံးရဲ့ နှလုံးသားကို ရယူသွားခဲ့တယ်။ ဒါကြောင့် ဒီစစ်သည်သိန်းချီက ဘယ်သူ့အပေါ် သစ္စာရှိလဲဆိုတာ ပြောဖို့ခက်တယ်။”

ကျုံးအီက ရုတ်တရက် ပြောလိုက်၏။ “ကျူးဝမ်ဟွာကို သိလား။ သူက ရှမ့်လန်ရဲ့ သင်းကွပ်ခြင်းကို ခံခဲ့ရပေမဲ့ နန်းမြို့တော်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ သီးခြားနေထိုင်နေပြီး ဘာတစ်ခုမှ မပြောတော့ဘူး။ သူက ရှမ့်လန်ရဲ့ စစ်မှန်တဲ့ ရန်သူပဲ။ အခု သူ့ရဲ့ ရပ်တည်ချက်ကတော့ မရှင်းလင်းတော့ဘူး။”

ရန်အီက ပြောလိုက်သည်။ “မကြာသေးခင်က နင်ရှောင်က ရှမ့်လန်ရဲ့ လူ ၅၀၀ ကို သတ်ပစ်ခဲ့တယ်။ ရှမ့်လန်က လက်စားချေတဲ့အနေနဲ့ တုံ့ကျန်းဘုရားကျောင်းရဲ့ မြို့တစ်မြို့လုံးကို သတ်ဖြတ်ချေမှုန်းခံရတယ်။ ပြီးတော့ သူက ကျူးမိသားစုနဲ့ နင်ရှောင်ကို သူ့ရဲ့လူတွေကိုသာ ဆံခြည်တစ်မျှင် ထိခိုက်အောင် လုပ်ကြည့်၊ ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ သတ်ဖြတ်ပစ်မယ်လို့ ပြောတယ်။ ရှမ့်လန်က ပြောရမယ်ဆိုရင် သူ့ရဲ့လူတွေအပေါ်ကို ကြီးကြီးကျယ်ကျယ် ကာကွယ်ပေးတတ်တဲ့ လူတစ်ယောက်ပဲ။”

နင်ချီက လက်ကာပြ၏။ “အကြီးအကဲတို့... ဆက်မပြောနဲ့တော့။ ခင်ဗျားတို့ ဘာပြောချင်လဲဆိုတာ ကျုပ် နားလည်တယ်။ ရွှဲ့ပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေရဲ့နှလုံးသားက ကျန်းဆီမှာပဲ ရှိပြီးတော့ ကျိဆီမှာ မရှိဘူး။”

ဤစကားစုက တကယ်ကို အန္တရာယ်များ၏။ ပြင်ပလူများ ကြားသွားပါက သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည်။

နင်ချီက ပြော၏။ “ဒါပေမဲ့ အရမ်းရှင်းလင်းတဲ့ စကားတစ်ခု ရှိတယ်။ အရေအတွက်က အရေးကြီးဆုံးပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရှမ့်လန်က နင်ကျန်းကို ထီးနန်းလုဖို့ ကူညီပေးခဲ့တယ်။ အဲတုန်းက ပြည်သူ့ရဲ့ နှလုံးသားက နင်ယီဆီမှာ ရှိခဲ့တယ်။ အဲဒီနောက်တော့ ကျုပ်ဆီ ရောက်လာပြန်တယ်။ နောက်ဆုံး ကျုပ်လည်း ရှုံးနိမ့်ခဲ့တာပဲ။

ပြည်သူ့ရဲ့နှလုံးသားဆိုတာ တန်ဖိုးရှိသလို ဈေးလည်းပေါတယ်။ အခု လောကကြီးက မှောင်မိုက်နေတာပဲ။ မရေတွက်နိုင်တဲ့လူတွေက ရှမ့်လန်ကို နေမင်း အသစ်လို့ ထင်နေကြတာ။ ဒါပေမဲ့ ဒါက လှပတဲ့ စိတ်ကူးယဉ်မှု တစ်ခုပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က အရှင်ကျန်းလီက အင်အားကြီးမားလွန်းလို့ စစ်မှန်တဲ့ နေမင်းတစ်ခုနဲ့ တူခဲ့တယ်။ လူပေါင်းများစွာတို့က သူ့အတွက် အသက်ပေးခဲ့ကြတယ်။ ဒါပေမဲ့ အရှင်ကျန်းလီလို နေမင်းတောင် ပျက်စီးခဲ့ရတယ်။ ရှမ့်လန်က သိပ်ပြီး အားနည်းလွန်းတယ်။ နေမင်းတစ်စင်းရဲ့ တာဝန်ကို မထမ်းဆောင်နိုင်ပါဘူး။ သူက ကြယ်တံခွန် တစ်ခုလောက်ပါပဲ။ မဟုတ်ဘူး။ သူက မိစ္ဆာကြယ်တစ်လုံးလို့ ပြောရင် ပိုမှန်လိမ့်မယ်။”

နင်ချီက ပြောလိုက်သည်။ “အဖေနဲ့ နင်ကျန်းက အရေးကြီးတဲ့အချိန်မှာ ကျုပ် အသက်ကို နှစ်ကြိမ်တိုင်တိုင် ချမ်းသာပေးခဲ့တယ်။ နင်ကျန်းက အရေးကြီးတဲ့ အချိန်မှာ ထီးနန်းကိုတောင် ကျုပ်ဆီ လွှဲပေးခဲ့သေးတယ်။ အဲဒါက ကျုပ်ကို ပြောင်းလဲစေခဲ့တယ်။ ဒါပေမဲ့ ကျုပ် ရှမ့်လန်အပေါ် ဘယ်တုန်းကမှ သစ္စာမရှိခဲ့သလို ဘယ်တော့မှ သစ္စာရှိဖို့လည်း မစဉ်းစားခဲ့ဘူး။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က နင်ရှောင်က သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ အိမ်ရှေ့စံကို တိုက်ခိုက်ဖို့ ကျုပ်ကို စစ်သည်သိန်းချီကို ဦးဆောင်စေခဲ့တယ်။ တိုက်ပွဲက ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတယ် ဆိုပေမဲ့ ကျုပ်သွားပြီး တိုက်ခိုက်ခဲ့တယ်။ စိတ်မပါရင်တောင် သွားပြီး တိုက်ခိုက်ခဲ့ရတယ်။ ဦးရီးတော်တို့... ရှမ့်လန်က အရမ်း အားနည်းလွန်းတယ်။ လူထုရဲ့ မျှော်လင့်ချက်ကို မထမ်းဆောင်နိုင်ဘူး။

နေဝင်ပြီးရင် နေပြန်ထွက်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူးလို့ အဖေ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အခုအချိန်မှာ သူက ကြယ်မှုန်လေး တစ်ခုလောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျုပ်တို့ ထျန်းရွှဲ့မြို့တိုက်ပွဲကို တိုက်ရအုံးမှာပဲ။ အကယ်၍ အမိန့်တော်ကို ဖီဆန်ရင် တော်ဝင်ရန်အင်ပါယာရဲ့ အမျက်ဒေါသက ကျရောက်လာပြီး ကျုပ်တို့အားလုံး ခေါင်းဖြတ်အသတ်ခံရလိမ့်မယ်။

ခင်ဗျားတို့ ဘယ်လိုပဲတွေးတွေး ထျန်းရွှဲ့မြို့တိုက်ပွဲပြီးတဲ့ထိ စောင့်နေလိုက်ပါ။ ရှမ့်လန်က နေမင်း အသစ် ဖြစ်ကြောင်း သက်သေပြချင်နေတာလား။ ကောင်းပြီ၊ ဒါဆိုရင် တုံ့ကျန်းဘုရားကျောင်း၊ ကောင်းကင်ပင်လယ် နန်းဆောင်နဲ့ ယင်ယွမ်အဖွဲ့အစည်းတို့ရဲ့ မဟာမိတ်တပ်တွေကို အရင်ဆုံး အနိုင်ယူပြပါစေ။

သူ့ကို ကျုပ်တို့တင် မဟုတ်ဘူး။ မြောက်ဘက်ခြမ်းက ဝူဘုရင်နဲ့ အနောက်ဘက်ခြမ်းက ချောင်ဘုရင်တို့ကလည်း စောင့်ကြည့်နေတယ်။ အကယ်၍ သူကသာ နေမင်းတစ်စင်းဆိုရင် ဒီထျန်းရွှဲ့မြို့တိုက်ပွဲမှာ တောက်ပ ပြပါလိမ့်မယ်။”

............

ရွှဲ့ပြည်နယ်ရှိ ပြည်သူ့နှလုံးသားက ကျန်းဘက်၌ရှိပြီး ကျိဆီမှာ မရှိချေ။ ရှမ့်လန်က ဤအချက်ကို ပိုမိုရှင်းလင်းစွာ ခံစားလာရ၏။ အနည်းဆုံးတော့ ထျန်းနန်ပြည်နယ် တစ်ခုလုံးက ထူးဆန်းသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ စစ်တပ် မရှိသော်လည်း စနစ်တကျ ရှိနေဆဲပင်။

ရှမ့်လန်နှင့် မည်သူမျှ အဆက်အသွယ် မလုပ်ကြသော်လည်း လူတိုင်း၏ မျက်လုံးများက ရွှမ်ဝူနယ်စား အိမ်တော်ဆီသို့ စူးစိုက်ကြည့်နေသယောင်ပင်။ လူတိုင်း၏ အာရုံစိုက်မှုနှင့် မျှော်လင့်ချက်တို့၏ ဗဟိုချက်ဖြစ်သော ခံစားချက်က တကယ့်ကို ထူးဆန်း၏။ ခံစား၍လည်း ကောင်း၏။

ရှမ့်လန်က နေ့တိုင်း မြေပုံရှေ့တွင် အချိန်ကုန်နေပြီး ထျန်းရွှဲ့မြို့ ပတ်ဝန်းကျင်ရှိ မြေပြင်အနေအထား အားလုံးကို ကြည့်ရှုနေခဲ့သည်။ သူက သဲစားပွဲ ၁၀ ခုကျော်ကို ပြုလုပ်ထားပြီး အကြီးဆုံးက စတုရန်းမီတာ တစ်ဆယ်ကျော် ရှိသည်။

ထျန်းရွှဲ့မြို့၏ သတင်းများက နေ့တိုင်း ရောက်ရှိလာ၏။ ရှမ့်လန် ပြန်ရောက်လာပြီးတည်းက မှန်နက်ဌာန၏ သူလျှိုများက ချက်ချင်း အသက်ဝင်လာကြ၏။ ထို့အပြင် သူတို့က ရွှဲ့ပြည်နယ်၏ နယ်နိမိတ်အတွင်း လုံးဝ အဆင်ပြေ ချောမွေ့စွာ လှုပ်ရှားနိုင်ကြ၏။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ပြည်သူ့နှလုံးသားက ကျန်းဘက်၌ ရှိနေကြောင်း သိသာထင်ရှား၏။

“လက်ရှိမှာ ထျန်းရွှဲ့မြို့ရဲ့ ခံစစ်စည်းက စစ်သည် ၄ သိန်းကျော် ရှိတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ တကယ့်ရန်သူတွေက တုံ့ကျန်း ဘုရားကျောင်း၊ ယင်ယွမ်အဖွဲ့အစည်းနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်တို့ပဲ။ ရွှဲ့ပြည်နယ်ရဲ့ စစ်သည် ၄ သိန်းရဲ့ စိတ်နှလုံးတွေက ရှုပ်ထွေးနေကြတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ဒီစစ်သည် ၄ သိန်းထဲမှာ ကျုပ်တို့ဘက်က လူ ဘယ်နှစ်ယောက်လောက် ရှိမလဲ။”

“ထက်ဝက်လောက်ပါပဲ။”

မှန်နက်ဌာနမှ သူလျှိုက ပြော၏။ “ဒါပေမဲ့ ထက်ဝက်က ကျူးမိသားစု လေ့ကျင့် ပေးထားတဲ့ လူတွေ ဖြစ်နေတယ်။ သူတို့က ကျုပ်တို့ရဲ့ရန်သူဖြစ်ဖို့ ဆုံးဖြတ်ထားကြတယ်။ ကျန်တဲ့ ထက်ဝက်ကတော့ တုံ့ကျန်းဘုရားကျောင်း၊ ယင်ယွမ်အဖွဲ့အစည်းနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်တို့ရဲ့ မဟာမိတ်တပ်တွေကို အနိုင်ယူလိုက်တာနဲ့ တိုက်ခိုက်တာကို ချက်ချင်း ရပ်တန့်ကြပါလိမ့်မယ်။ ဒါမှမဟုတ်ရင် သူတို့ ဘက်ပြောင်းလာလိမ့်မယ်။”

ရှမ့်လန်က မေးသည်။ “ခင်ဗျားတို့ကို တစ်ယောက်ယောက်က တိတ်တဆိတ် ဆက်သွယ်တာမျိုး ရှိလား။”

မှန်နက်ဌာန သူလျှိုက ပြော၏။ “မရှိပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို အဆင်ပြေနေတယ်။ ကျုပ်တို့ ညီအစ်ကိုတချို့ အဖော်ကွဲသွားတယ် ဆိုရင်တောင် အန္တရာယ် မရှိဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ ကျုပ်တို့ကို ရေးကြီးခွင်ကျယ်လုပ်မနေလို့ပဲ။ သူတို့က ကျုပ်တို့ကိုမြင်ရင် မမြင်ချင်ယောင်ဆောင်နေကြတယ်။ ရွှဲ့ပြည်နယ်တစ်ခုလုံးက အောင်ပွဲကို တောင့်တနေခဲ့ကြတယ်။ ပြီးတော့ အရှင့်ကို နေမင်း အသစ် ဖြစ်လာ စေချင်ကြတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “အခု ထျန်းရွှဲ့မြို့မှာ တပ်ဖွဲ့ဘယ်လောက်ရှိလဲ။”

မှန်နက်ဌာနမှ သူလျှိုက ပြော၏။ “တုံ့ကျန်းဘုရားကျောင်းက ဘုန်းကြီးစစ်သည် ၁ သောင်း ရှိပါတယ်။ ယင်ယွမ် အဖွဲ့အစည်းကတော့ အစတုန်းက သံမဏိသွေးစစ်သည် ၁ သောင်းပဲ ရှိပေမဲ့ မကြာခင်မှာ ယင်ယွမ်အဖွဲ့အစည်းရဲ့ တပ်တွေက ထျန်းရွှဲ့မြို့မှာ တပ်စွဲလိုက်ကြတယ်။ အခု လူတိုင်းက ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်ဖွဲ့ ပြန်လာမှာကို စောင့်နေကြတာပဲ။ အဲဒါက အရှင့်ကို ဖျက်ဆီးမယ့် အဓိကအင်အားစုပါပဲ။”

ရှမ့်လန်က မေးလိုက်သည်။ “ကျူးဟုန်ရွှဲ့ရဲ့ အနောက်ဘက်ဒေသ စစ်ပွဲတွေက ပြီးသွားပြီလား။”

မှန်နက်ဌာန သူလျှိုက ပြော၏။ “မကြားမိသေးပါဘူး။ အနောက်ဘက်ဒေသနဲ့ တော်ဝင်ကပ်ဘေးဘုရား ကျောင်းတော်က မဟာမိတ်တပ်ဖွဲ့တွေက ရှုံးနိမ့်သွားတယ်။ အရင်တုန်းက ကျူးဟုန်ရွှဲ့က အနောက်ဘက်ကို ဆက်သွားပြီး တော်ဝင်သဲကန္တာရ လမ်းကြောင်းကို တိုက်ရိုက်ဖွင့်ချင်ခဲ့တာ။ ဒါပေမဲ့ အရှင်ပေါ်လာတဲ့အတွက် သူက စစ်ပွဲကို ကြို အဆုံးသတ်ပြီး ရွှဲ့ပြည်နယ်ဆီကို ပြန်လာကောင်း ပြန်လာနိုင်ပါလိမ့်မယ်။”

ရှမ့်လန်က မေးလိုက်သည်။ “အနောက်ဘက်ဒေသနဲ့ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ မဟာမိတ်တပ်ဖွဲ့မှာ တပ်ဖွဲ့အင်အား ဘယ်လောက်ရှိတာလဲ။ တစ်သန်းဆိုတာ တကယ်ပဲလား။”

“ဟုတ်ပါတယ်။”

မှန်နက်ဌာနမှ သူလျှိုက ပြော၏။ “နိုင်ငံပေါင်း ၂၀ ကျော် စစ်ပွဲမှာ ပါဝင်ခဲ့ကြတယ်။ အနောက်ဘက်ဒေသက ဒီစစ်ပွဲကို မဟာမိတ်စစ်ပွဲတစ်ခုလို့တောင် ခေါ်ကြတယ်။ ဒါကြောင့် စစ်သည် တစ်သန်းဆိုတာက အစစ်ပါပဲ။ အတု မဟုတ်ပါဘူး။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါပေမဲ့ သူတို့က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်ဖွဲ့ ၂ သောင်းကို ရှုံးနိမ့်ခဲ့တယ် ဟုတ်လား။”

မှန်နက်ဌာနမှ သူလျှိုက ပြောသည်။ “တကယ်တော့ ၂ သောင်းတောင် မပြည့်ပါဘူး။”

ရှမ့်လန်က စိတ်ထဲ၌ သက်ပြင်းချမိ၏။ တကယ့်ကို လှောင်ပြောင်ချင်စရာပင်။ သဘာဝလွန်အင်အားစုများ လျှို့ဝှက်တပ်ဖွဲ့ ထူထောင်နိုင်ခြင်းက ကျန်းလီ၏ သွေးမျိုးဆက် သုတေသနရလဒ်များကို ရယူ ခဲ့နိုင်သောကြောင့်ပင်။

ကျန်းလီ တည်ထောင်ချိန်မရလိုက်သည့် တပ်ဖွဲ့များကို သဘာဝလွန်အင်အားစုများက တည်ထောင်ခဲ့ကြ၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်လျှင် အင်ပါယာက ပျော်ရွှင်လိမ့်မည် မဟုတ်ဟု သူယုံကြည်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အနောက်ဘက်ဒေသကို ဆက်ပြီးစောင့်ကြည့်နေ။ ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်ဖွဲ့ ပြန်လာတာနဲ့ ထျန်းရွှဲ့မြို့မှာ တရားဝင်တိုက်ပွဲတစ်ခုကို စပြီးတိုက်ခိုက်ကြမယ်။”

“ကောင်းပါပြီ။”

..............

နုရှောင့်မြို့၏ အပစ်အခတ်လေ့ကျင့်ရေးကွင်း...

ရှမ့်လန်၏ ပထမဦးဆုံးသော ပြောင်းချောအမြှောက်များက နောက်ဆုံးမှာတော့ စက်ရုံမှ ထွက်ရှိလာခဲ့၏။ ကျင်းချန်ကျွန်း၏ သတ္ထုအရည်ကျို အလုပ်ရုံများက ရှမ့်လန်ကိုယ်တိုင် ပုံစံဆွဲ တည်ဆောက်ထားခြင်းဖြစ်၍ အနောက်လောက၊ မူလန်မြို့တော်ရှိ အလုပ်ရုံများနှင့် နှိုင်းယှဉ်ပါက များစွာ ပိုမို၍ အဆင့်မြင့်သည်။

ကျင်းချန်ကျွန်း၌ မူလတည်းက ပန်းပဲဆရာ ထောင်နှင့်ချီရှိသည့်အပြင်၊ ရှမ့်လန်က အနောက်ဘက်အရပ်ဆီမှ ပန်းပဲဆရာ ထောင်ပေါင်းများစွာတို့ကို ခေါ်ဆောင်လာသေး၏။ အကန့်အသတ်မရှိသည့် အဆင့်မြင့် သံမဏိများကြောင့် အမြှောက်များ ထုတ်လုပ်သည့်နှုန်းက အနောက်လောကထက် ပိုမိုကာ မြန်ဆန်လာခဲ့၏။

အမှန်စင်စစ် ပြောင်းချောအမြှောက်များက ပြောင်းချောမဟုတ်သည့် အမြှောက်များထက် ဖန်တီးရန် ပိုမိုခက်ခဲ၏။ အထူးသဖြင့် ရှမ့်လန်က အဆင့်မြင့်သံမဏိများကို အသုံးပြု၍ သွန်းလုပ်လိုသောကြောင့် ပြောင်းချော အမြှောက်များ လုပ်ဆောင်ရသည့် ဖြစ်စဉ်က ငရဲကျသကဲ့သို့ပင် ဆင်းရဲပင်ပန်းလှသည်။

သို့သော်ငြား ဆလင်ဒါပုံစံ အမြှောက်၏ ဖြစ်စဉ်မှာတော့ အစပြု ဖျူးစ်ကို တပ်ဆင်ပြီးသည်နှင့် အဆင်ပြေ ချောမွေ့သွားခဲ့၏။ ရှမ့်လန်၏ ဦးနှောက်ထဲတွင် သက်ဆိုင်ရာ အချက်အလက်များက ရှိနှင့်ပြီးသား ဖြစ်သောကြောင့် မျှော်လင့်ထားသည်ထက်ပင် ပိုမိုကာ အဆင်ပြေခဲ့သည်။ ထိုအရာက သီအိုရီများကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ခြင်းသာ ဖြစ်၏။

သို့သော်ငြား ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ရေတွက်၍ မရနိုင်သည့် စမ်းသပ်မှုများနှင့် ကျရှုံးမှုများကို ကျော်ဖြတ်ပြီးမှသာလျှင် တဖြည်းဖြည်း အောင်မြင်လာခဲ့ခြင်းပင်။

AI ၏ အချက်အလက်များကြောင့် အနည်းဆုံးတော့ လျှောက်လှမ်းရမည့် ဦးတည်ချက်က အကြွင်းမဲ့ မှန်ကန်လို့နေသည်။ ပထမဦးဆုံး အသုတ်တွင် ပြောင်းချောအမြှောက် ငါးလက်သာ ပါဝင်သည်။

“ပစ်... ပစ်...”

တပ်မှူးလန်ဖုန်း၏ အမိန့်ပေးသံအဆုံးမှာတော့ ပြောင်းချောအမြှောက် ငါးလက်က တရစပ် ပစ်ခတ်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

အမြှောက်ဆံများ၏ အရှိန်ဟုန်က အံ့မခန်းပင်။ အမြှောက်ဆံ၏အရှိန်က တစ်စက္ကန့်လျှင် မီတာ လေးရာ၊ ငါးရာခန့် ရှိသည်။

စက္ကန့် အနည်းငယ်အတွင်း အမြှောက်ဆံငါးလုံးတို့က နှစ်ကီလိုမီတာ အကွာအဝေးရှိ ပစ်မှတ်ကို အလွယ်တကူ ရောက်ရှိသွား၏။

“ဝုန်း... ဝုန်း...”

လောကကြီးတစ်ခုလုံး တုန်ဟီးသွားစေသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ မီးလျှံများက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး မြေပြင်ကလည်း တုန်ခါနေသည်။ အိမ်တစ်လုံးအား တိုက်ရိုက် ထိမှန်ကာ ပေါက်ကွဲ၏။ အုတ်ခဲများက နေရာအနှံ့သို့ လွင့်စင်သည်။

ရှမ့်လန်၏ လက်အောက်ငယ်သားများက ကြောင်အမ်းအမ်းနှင့် ဖြစ်ကုန်၏။ ပြောင်းချောအမြှောက်များက အလွန အစွမ်းထက်မည်ဟု ရှမ့်လန်က ပြောခဲ့သော်လည်း ယခင်အမြှောက်ဆံများနှင့် နှိုင်းယှဉ်ပါက ယခုက အလွန်အမင်း ပြင်းထန်နေသည်။ သတ်ဖြတ်ရန်အတွက် တကယ်ကို လက်နက်စစ်စစ်ပင်။

ယခင် ပြောင်းချောမဟုတ်သော အမြှောက်များ၏ ထိရောက်မှု အကွာအဝေးက အများဆုံး ၁ ကီလိုမီတာသာ ဖြစ်သော်လည်း ယခု ပြောင်းချောအမြှောက်များက ၂ ကီလိုမီတာ သို့မဟုတ် ထို့ထက်ပိုသည့် အကွာအဝေးသို့ အလွယ်တကူ ရောက်ရှိနိုင်သည်။ ထို့အပြင် အမြှောက်ဆံ ပစ်လွှတ်လိုက်ချိန်တွင်လည်း ပျံသန်းမှု လမ်းကြောင်းက ပိုမို တည်ငြိမ်သောကြောင့် အရှိန်အဟုန်ကလည်း ပိုမို မြန်ဆန်၏။

အဓိကသော့ချက်အားဖြင့် မြေပြင်သို့ ကျရောက်ပြီးနောက် ပေါက်ကွဲမှု၏ ဖျက်ဆီးနိုင်စွမ်းအားပင်။ ထိုအရာက နှိုင်းယှဉ်၍ မရနိုင်အောင် အစွမ်းထက်သည်။

တပ်မှူးလန်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြော၏။ “အရှင်... အမြှောက်သစ်တွေက တကယ်ကို အစွမ်းထက် လွန်းတယ်။ ဒီအမြှောက်တွေသာရှိမယ်ဆိုရင် နောက်လာမယ့် တိုက်ပွဲမှာ ကျုပ်တို့ အနိုင်ရဖို့ အပြည့်အဝ ယုံကြည်ချက် ရှိပါတယ်။ အမြှောက်တပ်တွေက တော်လှန်ရေးဆန်တဲ့ လက်နက်မျိုးတွေပဲ။ ဒါက အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်စွမ်း ရှိတယ်။”

သို့ပေမည့် ဤစမ်းသပ်မှုက အပြည့်အဝတော့ မပြည့်စုံသေးချေ။ ပထမဦးဆုံးအကြိမ် စမ်းသပ်ပစ်ခတ်မှုတွင် အမြှောက်တစ်လက်၏ ပစ်ခတ်မှုစနစ်က တစ်ဆို့သွား၏။ ဒုတိယအကြိမ်ကြိုးစားမှသာ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ပစ်ခတ်ပြီးချိန်တွင်လည်း လေယိုစိမ့်မှု အနည်းငယ် ရှိနေသေးသည်။

ထိုအရာတင် မကသေးဘဲ အမြှောက်ဆံ စုစုပေါင်း ငါးလုံးအနက် လေးလုံးသာ ပေါက်ကွဲခဲ့၏။ တစ်လုံးက မပေါက်ကွဲဘဲ ကျန်ခဲ့သည်။ အမြှောက်ဆံ၏ ထိပ်ဖျားရှိ ခလုတ်က အပြည့်အဝ မပြည့်စုံသေးကြောင်း ပြသနေခြင်းပင်။

တပ်မှူးလန်ဖုန်းက အမိန့်ပေး၏။ “အမြှောက်တပ်သားတွေ... အဲဒီ မပေါက်ကွဲသေးတဲ့ အမြှောက်ဆံကို အမြန်ဆုံး ဖယ်ရှားလိုက်။”

“ကောင်းပါပြီ။”

အမြှောက်တပ်သား တစ်ယောက်က ရဲဝံ့စွာဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး မပေါက်ကွဲသေးသည့် ထိပ်ဖျားတွင် ပေါက်ကွဲတတ်သည့် အစနလေးတစ်ခုကို တပ်ဆင်ကာဖြင့် ဖျူးစ်ကို မီးရှို့၍ အမြန်ဆုံး နောက်ဆုတ်သည်။ ခဏအကြာမှာတော့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ မပေါက်ကွဲသေးသည့် အမြှောက်ဆံကြီးက နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့သည်။ အချိန်က အလွန်တိုတောင်း၏။

ထျန်းရွှဲ့မြို့၏ အဆုံးအဖြတ်တိုက်ပွဲက တကယ်ကို နီးကပ်နေသည်။ ရှမ့်လန်အတွက်ကလည်း အချိန်သိပ်မကျန် တော့ပေ။ သူ၏အမြှောက်ဆံ အလုပ်ရုံအနေနှင့် ပြောင်းချောအမြှောက်များ၏ ပြဿနာပေါင်းစုံကို အတိုတောင်းဆုံး အချိန်တိုအတွင်း ဖြေရှင်းရမှာဖြစ်ပြီး အများအပြားကိုလည်း ထပ်မံ ထုတ်လုပ်ရပေဦးမည်။

တပ်မှူးလန်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောသည်။ “ကျုပ်တို့မှာ အမြှောက်သစ် အလက်တစ်ရာလောက်သာ ရှိရင် ထျန်းရွှဲ့မြို့တော်ရဲ့ အဓိက အဆုံးအဖြတ် တိုက်ပွဲမှာ အနိုင်ရဖို့ သေချာသွားပါပြီ။”

ရှမ့်လန်က ပြုံးနေသော်လည်း ဘာတစ်ခုမှတော့ မပြောပေ။

........................

အပိုင်း (၉၅၀)

“မောင်လေး... အစ်မ ပြန်လာပြီ။ ဟီလာက ရဲတိုက်တွင်းသို့ ပြေးဝင်လာခဲ့ပြီး ရှမ့်လန်ကို ဖက်လှဲတကင်း နှုတ်ဆက်၏။ သူမ၏ မျက်လုံးများက နေရာအနှံ့သို့ ရှာဖွေနေသော်လည်း ချစ်ရသည့် ယောင်ယောင်ကို ရှာမတွေ့ရသောကြောင့် အနည်းငယ် စိတ်ပျက်သွား၏။

လွန်ခဲ့သည့် ၁၀ ရက်ကျော်က ဟီလာက အားအကောင်းဆုံးသော ဦးခေါင်းခွံစစ်သည်တော်များကို ဦးဆောင်ပြီး ကျူးမိသားစု၏ လျှို့ဝှက်အခြေစိုက် စခန်းရှိရာကျွန်းသို့ သွားရောက်၏။ အပြင်းအထန် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲငယ် အချို့ကို ရင်ဆိုင်ခဲ့ပြီး နောက်ဆုံး ကျွန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ပလိပ်နက်ရောဂါမှာ ကျွန်းပေါ်ရှိ လူအားလုံးကို သေစေခဲ့ခြင်းမရှိဘဲ အသက်ရှင်ကျန်ရစ်သူ အနည်းငယ် ရှိနေသေး၏။ ထိုလူစုတို့က ကိုယ်ခံပညာ မြင့်မားသူများ ဖြစ်သောကြောင့် ဟီလာ၊ မင်းသမီးဒိုဟာနှင့် တခြား ပညာရှင်များက ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရ၏။ နောက်ဆုံး လူရာဂဏန်းကျော်တို့ ကျွန်းပေါ်သို့ တက်ရောက်ပြီး အသက်ရှင်ကျန်ရစ်သူ အားလုံးကို သတ်ဖြတ်နိုင်ခဲ့၏။

ထူးဆန်းသည်က ထိုသူတို့က အပြည့်အဝ သီးခြားခွဲနေခြင်းမျိုး မဟုတ်ဘဲ ပလိပ်နက်ရောဂါ ကူးစက်မှု မရှိခြင်းပင်။ ထို့ကြောင့် ဟီလာက လူအနည်းငယ်ကို ဖမ်းဆီးပြီး ဤလူစုက အဘယ်ကြောင့် ရောဂါပိုး မကူးစက်သနည်း ကို ရှမ့်လန် စစ်ဆေးနိုင်ရန် နုရှောင့်မြို့ဆီသို့ ခေါ်ဆောင်လာခဲ့သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “အကျိုးအမြတ် ရခဲ့ရဲ့လား။”

ဟီလာက ဆိုသည်။ “အများကြီးရခဲ့သလို ဘာမှ မရခဲ့ဘူးလို့လည်း ပြောရမယ်။ ဒီလူတွေက မသေခင်မှာ သူတို့ရဲ့ လျှို့ဝှက်လက်နက် အားလုံးကို ရှေးဟောင်း အမွေအနှစ် လျှို့ဝှက်အခန်းတစ်ခုထဲ ပိတ်လှောင်သွားခဲ့တယ်။ အစ်မတို့က နည်းလမ်းမျိုးစုံ သုံးခဲ့ပေမယ့် အဲဒီအခန်းတံခါးကို ဖွင့်လို့ မရခဲ့ဘူး။ ပေါက်ကွဲစေတတ်တဲ့ အရာတွေရော၊ အပြင်းစား သာမိုက်အရည်တွေပါ သုံးခဲ့ပေမယ့် တံခါးက ဘာမှ မဖြစ်ခဲ့ဘူး။

ဒါပေမဲ့ အစ်မ အတပ်ပြောရဲတာ တစ်ခုကတော့ အဲဒီ ရှေးဟောင်း လျှို့ဝှက်အခန်းထဲမှာ အရမ်းကို တုန်လှုပ်စရာ ကောင်းတဲ့ ရှေးဟောင်းလက်နက်တွေ ရှိနေတာပဲ။ အဲဒီအချိန်မှာ အစ်မတို့က မီးပုံးပျံပေါ်ကနေ မြင်ခဲ့တာ။ ကျွန်းပေါ်က လူတိုင်းဆီမှာ မီတာထောင်ချီ အဝေးကို ပစ်နိုင်တဲ့ လေးနဲ့မြားတွေ ရှိတယ်။

အထူးသဖြင့် ဧရာမ ဒူလေးပစ်စက်ကြီးတွေက ကောင်းကင် မီတာ ၁၅၀၀ ထိကို ပစ်နိုင်ရုံတင် မကဘူး၊ ပေါက်ကွဲနိုင်စွမ်း ကလည်း ပြင်းတယ်။ ဒါတင်မကသေးဘူး။ ကျွန်းပေါ်က လူအနည်းငယ်က အံ့အားသင့်စရာ ကောင်းတဲ့ အရှိန်ကို ပိုင်ဆိုင်ပြီး ၁၀ မီတာကျော်အထိ ခုန်တက်နိုင်တဲ့ ဖိနပ်မျိုးကိုတောင် ဝတ်ဆင်ထားတယ်။”

ဤရှေးဟောင်းလက်နက်များအား ရှမ့်လန် အနေနှင့် လွန်ခဲ့သည့် နှစ်နှစ်က မြင်ခဲ့ဖူးပြီး ဖြစ်၏။ သဘာဝလွန် အင်အားစု ခြောက်ခုမှ ပညာရှင် ထောင်ပေါင်းများစွာတို့က ရေလှိုင်းပေါ်တွင် လမ်းလျှောက်နိုင်သည့် ဖိနပ်များကို ဝတ်ဆင်ထားခဲ့ကြသည် မဟုတ်ပါလား။

ဟီလာက ဆက်ပြော၏။ “ဒါတွေက အရေးကြီးဆုံး မဟုတ်သေးဘူး။ အစ်မ သံသယ ရှိနေတာက အဲဒီ ရှေးဟောင်းနေရာမှာ သူတို့တွေ ဒီထက်ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုခုကို ဖွက်ထားတာပဲ။ အစ်မတို့ အထဲကို ပြေးဝင်တဲ့ အချိန်မှာ အသက်ရှင် ကျန်ရစ်သူတစ်ယောက်က သူတို့သာ အောင်မြင်ခဲ့ရင် အားလုံးကို တစ်ခဏချင်း သတ်ပစ်နိုင်ရုံတာမကဘဲ စစ်သင်္ဘောအုပ်စုတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်မယ်လို့ နှမြောတသ ပြောသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အစ်မတို့ စစ်သင်္ဘောတွေက ကျွန်းပတ်ပတ်လည်မှာ မီတာထောင်နဲ့ချီ ကွာဝေးပြီး ပျံ့နှံနေတာ။ သူတို့က ဘယ်လိုလုပ် သင်္ဘောတွေကို တစ်ခဏချင်း ဖျက်ဆီးပစ် နိုင်မှာလဲ။”

ရှမ့်လန်က မေးမြန်းသည်။ “သုံ့ပန်း ဘယ်နှစ်ယောက်ကို ဖမ်းမိလဲ။”

ဟီလာက ဖြေ၏။ “သုံးယောက်ပါ။”

ရှမ့်လန်က ဆိုသည်။ “ဒါဆိုရင် ခေါ်လာခဲ့။ စုံစမ်းမေးမြန်းဖို့ ပြင်ဆင်ရအောင်။”

..................

သုံ့ပန်း သုံးဦးလုံးက အစွမ်းထက်သည့် သိုင်းပညာရှင်များ မဟုတ်ကြဘဲ အံ့အားသင့်စရာ ကောင်းသော စိတ်ဓာတ်ခိုင်မာမှု ရှိသည့် ပညာရှင်များပင်။ ဦးခေါင်းခွံဂိုဏ်းမှ လူတို့က အရူးမူး နှိပ်စက်ခဲ့သော်လည်း တစ်ခွန်းမှ မဟခဲ့ချေ။ ဦးခေါင်းခွံဂိုဏ်းက နှိပ်စက်ခြင်းအတတ်တွင် ကျွမ်းကျင်သူများ ဖြစ်ကြသလို သူတို့၏ စစ်ဆေး မေးမြန်းမှု နည်းလမ်းများကလည်း အဆင့်မြင့်၏။ သို့ပေမည့် မည်သည့် အချက်အလက်ကိုမှ မရခဲ့ချေ။

သို့သော်ငြား ရှမ့်လန် ဝင်ရောက်စွက်ဖက်လိုက်သည့်အချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင် အစွမ်းထက်ဆုံးသော အမှန်တရားပြော ဆေးရည် ရှိသောကြောင့်ပင်။ ဤဆေးက ရွှမ်ဝူအိမ်တော်တွင် ရှမ့်လန် အသုံးပြုခဲ့ဖူးပြီး အမြဲတမ်း အောင်မြင်မှု ရရှိခဲ့သည့် မူးယစ်ဆေးမျိုးပင် ဖြစ်၏။

CIA ကလည်း လူများကို စစ်ဆေးမေးမြန်းရာတွင် ထိုအရာကို အသုံးပြုခဲ့ပြီး ခြွင်းချက်မရှိ အောင်မြင်ခဲ့ဖူး၏။ ဤဆေးက ဦးနှောက်ကို တိုက်ရိုက် သက်ရောက်မှု ရှိသောကြောင့် မည်မျှ စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပါစေ အချည်းနှီးပင်။

ကျူးမိသားစု၏ လျှို့ဝှက်အခြေစိုက်စခန်းမှ ဤပညာရှင်အား ဆေးတစ်ချက် ထိုးပေးလိုက်သည်နှင့် လောကသစ်တစ်ခုဆီသို့ ချက်ချင်း ရောက်ရှိသကဲ့သို့ ဖြစ်သွားသည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ခင်ဗျားတို့ လျှို့ဝှက်လက်နက်တွေ အားလုံးကို ရှေးဟောင်းအပျက်အစီး အခန်းထဲမှာ ပိတ်လှောင်ထားခဲ့တယ်။ ဟုတ်လား။”

“ဟုတ်ပါတယ်။ အားလုံးကို ပိတ်လှောင်ထားတယ်။” ထိုပညာရှင်က အိပ်မက်လောကထဲသို့ ရောက်ရှိ နေသကဲ့သို့ပင် လေထဲသို့ လွင့်မျောနေ၏။

ရှမ့်လန်က ဆက်မေးသည်။ “ဒါဆိုရင် အဲဒီ လျှို့ဝှက်အခန်းကို ဘယ်လို ဖွင့်ရမလဲ။”

ထိုပညာရှင်က ရယ်မောကာ ပြောသည်။ “ဖွင့်လို့ မရဘူး။ လုံးဝ ဖွင့်လို့ မရဘူး။ အမြင့်ဆုံး လုပ်ပိုင်ခွင့် မရှိဘဲနဲ့ အဲဒီအခန်းကို ဖွင့်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။”

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဘယ်သူက အမြင့်ဆုံး လုပ်ပိုင်ခွင့် ရှိတာလဲ။”

ထိုပညာရှင်က ဖြေသည်။ “သခင်ကြီးနဲ့ သခင်လေးပဲ။”

ရှမ့်လန်က မေးမြန်း၏။ “အဲဒီအခန်းမှာ ဘာလျှို့ဝှက်လက်နက်တွေ ရှိနေတာလဲ။”

ထိုပညာရှင်က ဖြေသည်။ “လျှို့ဝှက်လက်နက် ဟုတ်လား။ အထဲမှာရှိနေတဲ့ အရေးကြီးဆုံးအရာက လျှို့ဝှက် လက်နက် မဟုတ်ဘူး။ လောကကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ အဆုံးစွန်သော သတ်ဖြတ်ခြင်း လက်နက်ပဲ။ အဲဒါကိုသာ ဖောက်ခွဲလိုက်မယ်ဆိုရင် ဝုန်းကနဲ အသံကြီးနဲ့အတူ ရှေ့မှာ ဘာမှကျန်မှာ မဟုတ်တော့ဘူး။ ဘယ်လို စစ်တပ်မျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လို ရဲတိုက်မျိုးပဲဖြစ်ဖြစ် အားလုံးက ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ကောင်းကင်ပင်လယ်နန်းဆောင်ကကော အဲဒီလက်နက် ရှိနေတာကို သိလား။”

“မသိဘူး။ သူတို့ မသိကြဘူး။”

ထိုပညာရှင်က မိန်းမောစွာဖြင့် ပြောသည်။ “ကျုပ်တို့ မျိုးနွယ်က ကောင်းကင်ပင်လယ်နန်းဆောင်ကို အမြဲတမ်း အားကိုးနေလို့ မဖြစ်ဘူး။ ကျုပ်တို့ သန်မာချင်ရင် ကိုယ်ပိုင် အစွမ်းထက်တဲ့ အင်အားမျိုးကို ပိုင်ဆိုင်ရမယ်။”

ရှမ့်လန်က မေးမြန်းလိုက်၏။ “ခင်ဗျားတို့ ဒီလက်နက်ကြီးကို အောင်မြင်အောင် ဖန်တီးနိုင်ခဲ့ပြီလား။”

ထိုပညာရှင်က ဖြေသည်။ “မအောင်မြင်သေးဘူး။ ရှေးဟောင်းလောကရဲ့အရာတွေက အရမ်းကို ရှုပ်ထွေးတယ်။ ကျုပ်တို့ ဆယ်စုနှစ်ကျော် အချိန်ဖြုန်းခဲ့ပေမယ့် တိုးတက်မှုက အနည်းငယ်တွေပဲ ရှိသေးတယ်။ အရင်တုန်းက ဒီအခြေစိုက်စခန်းကို မျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရှင်တွေက လေ့ကျင့်ဖို့ပဲ သုံးခဲ့တာ။

ဒါပေမဲ့ အဲဒီ ရှေးဟောင်းလက်နက်ကြီးကို တွေ့ပြီးတဲ့နောက် ကျုပ်တို့ မျိုးနွယ်စုက ရှိသမျှ အရင်းအမြစ် အားလုံးကို သုံးပြီး ဒါကိုပဲ အာရုံစိုက် သုတေသန လုပ်ခဲ့တယ်။ ဆယ်နှစ်တိုင်တိုင် ကျော်လွန်ခဲ့ပေမဲ့ နောက်ဆုံးအဆင့်ကို မကျော်ဖြတ်နိုင်သေးဘူး။ အဲဒီလက်နက်ရဲ့ စွမ်းအင်ကို ကျုပ်တို့ အပြည့်အဝ မထိန်းချုပ် နိုင်သေးဘူး။”

ရှမ့်လန်က မေးလိုက်၏။ “အဲဒီလက်နက်က ဘယ်မှာလဲ။ ရှေးဟောင်း လျှို့ဝှက်အခန်းထဲမှာလား။”

“ဟုတ်တယ်။ ဟုတ်တယ်။”

ထိုပညာရှင်က ဆိုသည်။ “ကျုပ်တို့သာ အောင်မြင်ခဲ့ရင် ကောင်းကင်နဲ့ မြေပြင်ကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားတွေ ရှိလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့ ကျူးမျိုးနွယ်က တကယ့်ကို သန်မာပြီး ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိလိမ့်မယ်။ ဟား ဟား ဟား”

ရှမ့်လန်က ပြောလိုက်၏။ “ပြင်ဆင်လိုက်ကြတော့။ ချက်ချင်းပဲ ကျူးမျိုးနွယ်စုရဲ့ လျှို့ဝှက်စခန်းကို သွားကြမယ်။”

ဤရှေးဟောင်းအခန်းထဲရှိ လက်နက်ကြီးက သူ့အတွက် များစွာ အသုံးဝင်လိမ့်မည်ဟု ရှမ့်လန်က ခံစားမိသည်။ ထိုအရာက တိုက်ပွဲ၏ လမ်းကြောင်းကိုပင် ပြောင်းလဲပစ်နိုင်၏။ ထိုသို့သာမဟုတ်လျှင် ကျူးမျိုးနွယ်စု အနေနှင့် လူပေါင်းထောင်ချီနှင့် ဆယ်နှစ်ကျော် အချိန်ပေးကာ သုတေသန ပြုနေလိမ့်မည် မဟုတ်ချေ။

တစ်နာရီကျော်အကြာမှာပဲ ရှမ့်လန်က အမြန်ဆုံးသော စစ်သင်္ဘောဆီသို့ တက်ရောက်ပြီး လျှို့ဝှက်ကျွန်းဆီသို့ ဦးတည် ထွက်ခွာသွားသည်။

ရက်အနည်းငယ်အကြာမှာပဲ ရှမ့်လန်က ကျူးမျိုးနွယ်စု ဆယ်စုနှစ်ပေါင်းများစွာ ထားရှိခဲ့သည့် လျှို့ဝှက်အခြေစိုက် ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့၏။ ဤစခန်း၌ ကြီးကျယ်သည့် ရလဒ်များ ရရှိလိမ့်မည်ဟု သူ မျှော်လင့်ထား၏။

................. . .

ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက် ရှမ့်လန်က မြေအောက်သို့ ချက်ချင်း မဆင်းသေးဘဲ အပေါ်စီးမှ အကဲခတ် ကြည့်ရှု၏။ ပလိပ်နက်ရောဂါပိုး ကြဲချချိန်က တစ်လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကျွန်းထဲတွင် ရှိနေသည့် ရောဂါပိုး အားလုံးက သေဆုံးသွားခဲ့သည်။

တစ်နည်းအားဖြင့် ဤကျွန်းက ရှမ့်လန် ယခင်က ရောက်ရှိခဲ့ဖူးသော နိဗ္ဗာနကျွန်းနှင့် များစွာ ဆင်တူ၏။ ကျွန်းပတ်ပတ်လည် တွင် ထူထပ်သည့် တောအုပ်ကြီးများ ရှိနေပြီး ဆိပ်ကမ်းဟူ၍လည်း မရှိချေ။ အပေါ်ယံ ကြည့်ရှုမည်ဆိုလျှင် အတွင်း၌ လျှို့ဝှက်စခန်း ရှိနေသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ကျွန်းပတ်ပတ်လည်တွင် ရေအောက်ကျောက်ဆောင်များ ရှိနေသောကြောင့် ရေစူးအနည်းငယ် နက်သည့် သင်္ဘောများပင်လျှင် အနားသို့ ကပ်နိုင်မည် မဟုတ်ပေ။ မီးပုံပျံသာ မရှိခဲ့ပါက ဤကျွန်းပေါ်ရှိ လျှို့ဝှက်စစ်စခန်း ကို ရှာဖွေတွေ့ရှိရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ဖြစ်ပြီး မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီ ဆိုလျှင်တောင်မှ မည်သို့မှ တိုက်ခိုက်နိုင်မည် မဟုတ်ဘဲ အနားမကပ်နိုင်ခင် သေဆုံးကြပေလိမ့်မည်။

ဟီလာက ဆို၏။ “ဒီကျွန်းပေါ်မှာ သက်ရှိဆိုလို့ ဘာမှ မရှိတော့ဘူး။ အစ်မက အကုန်အစင် သတ်ဖြတ် တိုက်ခိုက်မှုမျိုး မလုပ်ခင်ကတည်းက မရှိတာ။ အဘယ်ကြောင့်လဲ ဆိုတာတော့ မသိဘူး။”

ရှမ့်လန်က ကျွန်း၏အလယ်ဗဟိုသို့ ရောက်ရှိသွားချိန်မှာတော့ လျှို့ဝှက်အခြေစိုက်စခန်းကို မြင်တွေ့ရ၏။ ထိုအရာက မီတာ ၁၅၀ ထက် နည်းသည့် ပတ်လည်တံတိုင်းကြီးနှင့် ဝန်းရံထားပြီး အမြင့်က ၈-မီတာခန့် ရှိ၏။ သို့ပေမည့် တံတိုင်းကြီးက အံ့အားသင့်စရာကောင်းအောင် ထုထည်ပြီး ကျောက်တုံးကြီးများဖြင့် တည်ဆောက် ထားခြင်းပင်။ အပါးဆုံးနေရာက ၅ မီတာကျော် ရှိပြီး အထူဆုံးနေရာက ၁၁ မီတာကျော်ပင် ရှိသည်။

ဤတံတိုင်းကြီး၏ အထူက ရှမ့်လန်၏ အမြှောက်များဖြင့်ပင် ဖောက်ခွဲနိုင်ရန် မလွယ်ကူချေ။ ယခင်က ကျူးမျိုးနွယ်သည် လူပေါင်းထောင်ကျော်ဖြင့် ဤစခန်းကို ကာကွယ်ခဲ့ပြီး မည်သူမှ မထိုးဖောက်နိုင်သည့် ခံတပ်ကြီးကဲ့သို့ ရှိခဲ့၏။

ဟီလာက ဆက်ပြောသည်။ “အရင်ကတော့ ဒီသံတိုင်းပေါ်မှာ မီတာ ၂၀၀၀၊ ၃၀၀၀ အထိ ပစ်နိုင်ပြီး ပေါက်ကွဲနိုင်တဲ့ ဒူလေးစက်ကြီးတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ဘာမှမကျန်အောင်လို့ သူတို့က ဖျက်ဆီး သွားခဲ့တယ်။ သူတို့ရဲ့ လေးနဲ့မြားတွေက မီတာထောင်ချီ အဝေးကို ပစ်နိုင်တယ်။ ဒါကြောင့် ပလိပ်နက်ဗုံးသာ မရှိခဲ့ဘူးဆိုရင် အမေဇုန် စစ်သည်တစ်သောင်းလောက်နဲ့ ပုံမှန်တိုက်ခိုက်မယ် ဆိုရင်တောင် ဒီစခန်းကို သိမ်းပိုက်ဖို့ မဖြစ်နိုင်ဘူး။”

ထိုအရာက တကယ်ကို ကြောက်စရာကောင်း၏။ ရှမ့်လန်တွင် အမေဇုန်စစ်သည် ၈၀၀၀ သာ ရှိ၏။ ပုံမှန် အခြေအနေတွင် သူတို့က ကျူးမျိုးနွယ်၏ အခြေစိုက်စခန်းကို မသိမ်းပိုက်နိုင်ပါက တခြားအဆင့် သဘာဝလွန် အင်အားစုများကို မည်သို့ ရင်ဆိုင်ရမည်နည်း။

ဟီလာက ဆို၏။ “သူတို့က ဒီထူးခြားတဲ့ လေးနဲ့မြားတွေကို ဖျက်ဆီးသွားကြတယ်။ တစ်ခုမှ မကျန်ဘူး။ ပြီးတော့ ၁၀ မီတာကျော်လောက်ကို ခုန်နိုင်တဲ့ ထူးခြားတဲ့ ဖိနပ်တွေကိုလည်း အကုန်ဖျက်ဆီးပစ်တယ်။ အစ်မတို့ ဒီစခန်းကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ ဘာအကျိုးအမြတ်မှ မရခဲ့ဘူး။”

ထူထဲသည့် တံခါးကြီးကို ဖွင့်ပြီးနောက် ရှမ့်လန်က လျှို့ဝှက်စခန်းအတွင်းသို့ ဝင်ရောက်၏။ သူက ရုပ်တုပေါင်း များစွာကို မြင်တွေ့လိုက်ရ၍ ချက်ချင်းပင် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။ “ဆရာကြီး... ခင်ဗျား ဒီမှာ ရှိတုန်းက ရုပ်တုကို တွေ့ခဲ့လား။”

ကျူးမျိုးနွယ်စု၏ တရားမဝင်သား ကျူးယောင်က ဖြေ၏။ “ရှိခဲ့ပါတယ်။”

ဤလောကကြီးထဲတွင် နာမည်တူများစွာရှိ၏။ ဝူဘုရင်ကို ဝူချီဟု ခေါ်သလို နင်ယွမ်ရှန်း၏ ဦးလေးကိုလည်း နီချီ ဟု ခေါ်၏။ အနောက်ဘက်စစ်သူကြီးကို ကျုံးယောင်ဟု ခေါ်သလို ဤတရားမဝင်သားကိုလည်း ကျူးယောင်ဟု ခေါ်ကြ၏။ သို့ပေမည့် ထိုအရာက ပုံမှန်ပင်။

ရှေးဟောင်း တရုတ်ပြည်တွင်လည်း နာမည်တူ အလွန်များ၏။ မင်မင်းဆက်၏ ဧကရာဇ်က နာမည်တူခြင်းကို မနှစ်သက်သောကြောင့် အလွန်ရှားပါးသည့် စာလုံးများကို သုံးပြီး မရှိသေးသည့် စာလုံးများကိုပင် အသစ် ဖန်တီးခဲ့ဖူးသည်။

ရှမ့်လန်က ရုပ်တုများစွာကို သေချာကြည့်ရှု၏။ ထူးဆန်းနေသည်ဟု ခံစားရခြင်းမှာ ရုပ်တုများက လုံးဝ မမြင့်မား သောကြောင့်ပင်။ ထိုအရာများက ၂ မီတာခန့်သာ မြင့်ကြ၏။ ယေဘူယျအားဖြင့် ရုပ်ထုမှန်သမျှက ကြီးကျယ် မြင့်မြတ်မှုကို ကိုယ်စားပြုသည်။ ဤရုပ်တုပေါင်းများစွာတို့က လူအစစ်နှင့် အရွယ်အစား တူတူဖြစ်နေ၏။

ထိုတင်သာမကသေးဘဲ အဓိကအချက်အားဖြင့် အလွန်အမင်း လက်ရာမြောက်နေခြင်းပင်။ လူအစစ် တစ်ယောက် က ချက်ချင်း ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရလောက်အောင် လက်ရာမြောက်သည်။

ထိုအရာက ရှမ့်လန်အား ဘုရင်မမီဒူဇာ၏ ပုံပြင်ကို သတိရသွားစေ၏။ သူမကို ကြည့်မိသူတိုင်း ကျောက်ရုပ် ဖြစ်သွားသည် မဟုတ်ပါလား။ ရှမ့်လန်က သူ၏ X-Ray အမြင်ဖြင့် ရုပ်တုများကို သေချာကြည့်ရှုချိန်မှာတော့ မြင်တွေ့လိုက်ရသည့် အရာကြောင့် တုန်လှုပ်သွားမိ၏။ ရုပ်တု၏ အတွင်းပိုင်းက ကျောက်သား ဖြစ်နေသော်လည်း အတွင်းပိုင်း တည်ဆောက်ပုံက တကယ်ကို ပြည့်စုံ၏။ အရိုးစု၊ အတွင်းကလီစာများနှင့် ဦးနှောက်တို့ပင် ပါဝင်နေ၏။

ထိုအရာက ရုပ်တုစစ်စစ် မဟုတ်ဘဲ ရှေးဟောင်းလူသားများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများပင် ဖြစ်သည်။ လူတိုင်းသိကြသည့်အတိုင်း အရိုးများက ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နိုင်ပြီး အသားနှင့် အတွင်းကလီစာများက ပုပ်သိုးသွားရမည် မဟုတ်ပါလား။ သို့သော်ငြား ဤရုပ်တုများကတော့ အပြည့်အဝ ကျောက်ဖြစ်နေကြခြင်းပင်။ သူတို့တွေက တကယ်ပဲ တစ်ခဏအတွင်း ကျောက်အဖြစ် ပြောင်းလဲသွားခဲ့သည်လား။

ထိုအရာက အံ့အားသင့်စရာ ကောင်းလွန်း၏။ ဤလျှို့ဝှက်စခန်းတွင် စေတီပုထိုးတစ်ခုလည်း ရှိ၏။ သို့ပေမည့် ရှမ့်လန် အကဲခတ်ကြည့်ရှုပြီးနောက် ဤစေတီက နှစ်ပေါင်းထောင်ချီသာ ရှိသေးကြောင်း သိရှိ၏။ ထိုအရာက ရှေးဟောင်း အဆောက်အအုံ မဟုတ်ပေ။ တစ်စုံတစ်ယောက်က ဤကျွန်းပေါ်ရှိ ရုပ်တုများကို တွေ့ရှိ၍ ဤစေတီကို တည်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဟီလာက ပြောသည်။ “လျှို့ဝှက်စခန်းက မြေအောက်မှာ ရှိတာ။ ဒီဘက်ကနေ ဝင်ရမယ်။ ဒီတံခါးကိုတော့ ကျူးမျိုးနွယ်စု တည်ဆောက်ထားတာ ဖြစ်ရမယ်။ ဒါကြောင့် အစ်မတို့ ဖောက်ခွဲခဲ့တာပဲ။”

နက်ရှိုင်းသည့် လှေကားထစ်များအတိုင်း ဆင်းလာခဲ့ပြီးနောက် ရှမ့်လန်က လျှို့ဝှက်စခန်း၏ အတွင်းပိုင်းသို့ ရောက်ရှိလာ၏။ လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် လိုဏ်ဂူပေါင်းများစွာ ရှိနေပြီး ထိုအရာများထဲတွင် ကုတင်များနှင့် အရင်းအမြစ်ပေါင်းစုံ ရှိနေ၏။ ကျူးမျိုးနွယ်စု၏ ပညာရှင်များက ဤမြေအောက်လှိုဏ်ဂူထဲတွင် သုတေသန ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ထင်ရှား၏။

မိနစ်အနည်းငယ်အကြာမှာပဲ လမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိ၏။ ဤနေရာတွင် စတုရန်းမီတာ ၁၀၀ ခန့် ရှိသည့် ခန်းမကြီးတစ်ခု ရှိနေသည်။ ကြမ်းပြင်တွင် နှင်းကဲ့သို့ ဖြူဖွေးသော စကျင်ကျောက်များကို ခင်းကျင်းထားပြီး ဘေးနံရံတံတိုင်းများကလည်း စကျင်ကျောက်ဖြူများပင်။ အတွင်းပိုင်းက နှင်းခဲပွင့်ကဲ့သို့ လင်းထိန်နေသည်။

တောက်ပသည့် ပုလဲများ သို့မဟုတ် ဖယောင်းတိုင်များကြောင့် မဟုတ်ဘဲ ပြင်ပမှ နေရောင်ခြည်ကို ရောင်ပြန်ဟပ် ပေးသော မှန်ချပ်ပေါင်းများစွာကြောင့်ပင်။ ထို့ကြောင့် အခန်းထဲက လင်းထိန်နေရုံသာမက တကယ်ကို ကြည်လင် ရှင်းလင်းနေခြင်းပင်။

All Chapters