← Chapters

နန်းတော်ခန်းမမှ ထိပ်တိုက်တွေ့ဆုံမှု

Vol. 23 Ch. 335

နန်းတော်ခန်းမမှ ထိပ်တိုက်တွေ့ဆုံမှု

Vol. 23 Ch. 335

ဒုတိယမင်းသားသည် အပြင်းအထန် ရုန်းကန်နေပြီး သူ၏လက်များသည်

ပိုင်ကျီဟန်၏ လက်ကောက်ဝတ်ကို ကုတ်ခြစ်နေကာ ခြေထောက်များမှာလည်း လေထဲတွင် အားကိုးရာမဲ့စွာ ကန်ကျောက်နေမိသည်။

သူ၏ အမြင်အာရုံများ ဝေဝါးလာပြီး မျက်နှာတစ်ခုလုံး နီမြန်းလာကာ သူ၏ စည်းစိမ်ချမ်းသာများဖြင့် ပြည့်နှက်နေသော ဘဝသက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် သေမင်း၏ အငွေ့အသက်က အသက်ရှူကျပ်အောင် ဖိနှိပ်လာသည်ကို ခံစားလိုက်ရသည်။

(သူ... သူ ငါ့ကို တကယ်သတ်တော့မှာပဲ)

သူသည် ခြိမ်းခြောက်ခံရခြင်း၊ အရှက်ခွဲခံရခြင်း သို့မဟုတ် ပါးရိုက်ခံရခြင်းမျိုးလောက်သာ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုကဲ့သို့ မဟုတ်ပေ။

ပိုင်ကျီဟန်သည် သံသယရှိရုံသက်သက်ဖြင့် သူ့ကို သတ်ရဲပါ့မည်လော

ပိုင်ကျီဟန်အနေဖြင့် အမှန်တရားကို အသေအချာ သိရှိနေသည်ဆိုဦးတော့၊ အိမ်နီးချင်းအင်ပါယာတစ်ခု၏ မင်းသားတစ်ပါးကို သတ်ဖြတ်ပိုင်ခွင့် ရှိပါ့မည်လော

မဖြစ်နိုင်ဟု သူတွေးမိသော်လည်း သူ့အပေါ် ဆက်ဆံနေသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် ပိုင်ကျီဟန်သည် တကယ်ပင် သတ်ဖြတ်

လိမ့်မည်ဟု ကောက်ချက်ချရပေမည်။

"မင်း... မင်း လုပ်ရဲတယ်ပေါ့”

သူသည် စကားလုံးများကို အတင်းညှစ်ထုတ်ကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သော်လည်း ပိုင်ကျီဟန်၏ လက်ချောင်းများက ပို၍သာ တင်းကြပ်သွားသည်။

ကွဲအက်သံတစ်ခု ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။

ဒုတိယမင်းသား၏ ခန္ဓာကိုယ်သည် တွန့်လိမ်သွားပြီး လည်ချောင်းမှာ ပိတ်ဆို့လာကာ သူ၏မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်လာသည်။

"ပိုင်ကျီဟန်၊ သူ့ကို ချက်ချင်းလွှတ်စမ်း”

ဧကရာဇ်၏ ဒေါသတကြီး ဟိန်းဟောက်သံက မွန်းကြပ်နေသော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သူသည် ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်ရာ ဧကရာဇ်၏ အရှိန်အဝါသည် ရွှေရောင်အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်ပေါ်လာသည်။

"အစောင့်တွေ၊ မင်းသားကို ကယ်ကြ။ ပိုင်ကျီဟန်ကို ဖမ်းဆီးစမ်း”

အခန်းကို ဝိုင်းရံထားသော စစ်သည်တော်များမှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြလေသည်။

သို့သော် သူတို့ ခြေလှမ်းနှစ်လှမ်းမျှပင် မလှမ်းနိုင်မီမှာပင်

အရိပ်များပမာ တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသော ပိုင်မျိုးနွယ်စုဝင်များသည် ချက်ချင်းပင် စတင်လှုပ်ရှားလိုက်ကြသည်။

ချွမ် ချွမ်

သံမဏိချင်း ထိခိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျဉ်းမြောင်းသော အခန်းတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေပြီ။

ပိုင်မျိုးနွယ်စုဝင်များသည် အမိန့်ပေးရန်ပင် မလိုချေ—သူတို့တွင် အမိန့်တစ်ခု ရှိပြီးသား ဖြစ်သည်။

ထို့ပြင် အခြေအနေမှာ ပိုမိုဆိုးရွားလာသည်ကို မည်သူမျှ တားဆီးရန် မကြိုးစားကြပေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်မိသားစုနှင့် ကြယ်ကြွေအင်ပါယာမှာ အင်အားကြီးသည်ဟု ဆိုသော်လည်း ပိုင်မျိုးနွယ်စုမှာမူ ထိုထက် များစွာ ပိုမိုအစွမ်းထက်သောကြောင့် ဖြစ်သည်။

ဤမျှ အားနည်းသောသူများသည် လက်စားချေရန် ကြိုးစားလျှင်ပင် ပြန်လည်ခုခံနိုင်လိမ့်မည်ဟု သူတို့ မထင်ကြချေ။ ၎င်းမှာ ဗီလိန်မျိုးနွယ်စုဟု ခေါ်ဆိုထိုက်သည့် သူတို့၏ စိတ်ဓာတ်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်တိုက်ပွဲမှာ လူတိုင်းမျှော်လင့်ထားသည်ထက် ပိုမိုကြီးကျယ်လာခဲ့သည်။

ကြယ်ကြွေအင်ပါယာ၏ အတောင့်တင်းဆုံး အင်အားဖြစ်သော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိ တော်ဝင်စစ်သေနာပတိ သုံးဦးရှိသည်။

သို့သော်လည်း ပိုင်မျိုးနွယ်စုတွင်လည်း ၎င်းတို့ကို အလွယ်တကူ ထိန်းချုပ်ထားနိုင်သည့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိ အကြီးအကဲများ ပါဝင်လာခဲ့သည်။

စစ်သေနာပတိ သုံးဦးသည် သူတို့၏ အစွမ်းကုန်အင်အားကို အသုံးပြုကာ အကြီးအကဲများကို အသာစီးရယူရန်နှင့် ဒုတိယမင်းသားကို ကယ်တင်ရန် ကြိုးစားနေသော်လည် ပိုင်မျိုးနွယ်စု အကြီးအကဲများမှာမူ သူတို့အင်အား၏ ငါးဆယ်ရာခိုင်နှုန်းကိုပင် အသုံးမပြုရသေးချေ။

အဆုံးစွန်တွင် သူတို့သည် တူညီသော ကျင့်စဉ်အဆင့်၌ ရှိနေသော်လည်း သူတို့၏ ကျင့်စဉ်ပညာနှင့် ကိုယ်ခံပညာမှာ လုံးဝ ကွာခြားသော အဆင့်အတန်းတွင် ရှိနေသည်။

၎င်းအပြင် ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်စုသို့ ကောင်းကင်အဆင့်ကျင့်စဉ်တစ်ခုကို ထည့်ဝင်ပေးထားသဖြင့် ယခင်က နိမ့်ပါးသော ကျင့်စဉ်များကိုသာ သင်ယူခွင့်ရခဲ့သူများသည် ယခုအခါ ပိုင်မျိုးနွယ်စု၏ မြေကမ္ဘာအဆင့်

ကျင့်စဉ် ဖြစ်သော မြစိမ်းရောင်နဂါးအသက်ရှူခြင်းကိုပါ သင်ယူခွင့် ရရှိထားကြကာ သူတို့၏ စွမ်းအင်ချီကို ပိုမိုသန့်စင်ပြီး အားကောင်းစေခဲ့သည်။

ထို့ကြောင့် ကောင်းကင်အင်ပါယာရှိ တူညီသောအဆင့်ရှိသည့် အကြီးအကဲများနှင့် နှိုင်းယှဉ်လျှင်ပင် သူတို့က ပိုမိုသန်မာနေကြသည်—ကြယ်ကြွေအင်ပါယာကဲ့သို့ အားနည်းသော အင်ပါယာဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။ အောက်ခြေစစ်သည်များသည်လည်း ပိုင်မျိုးနွယ်စု တပည့်များ၏ အလွယ်တကူ နှိမ်နင်းခြင်းကို ခံလိုက်ရသည်။

အင်အားမရှိသော အစေခံများမှာမူ ကြောက်လန့်တကြားဖြင့် ဝေးရာသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ရိုက်ခတ်လာသော စွမ်းအင်လှိုင်းတစ်ခုတည်းဖြင့်ပင် သေဆုံးနိုင်သည့် နုနယ်သော သာမန်လူသားများသာ ဖြစ်သောကြောင့်ပင်။

စစ်သည်တော်များသည် အစုလိုက်အပြုံလိုက် နောက်သို့ လွင့်စဉ်သွားကြပြီး ပိုင်မျိုးနွယ်စု အထူးတပ်ဖွဲ့များ၏ လွှမ်းမိုးထားသော အရှိန်အဝါအောက်တွင် သူတို့၏ စစ်ကြောင်းမှာ ပြိုကွဲသွားရသည်။

အော်ဟစ်သံများ၊ စားပွဲ လဲကျသံများနှင့် ပရိဘောဂ ကွဲအက်သံများမှာ လေထုထဲတွင် ပြည့်နှက်နေသည်။

ကျောက်စိမ်းအဆင်တန်ဆာများ၊ ရှားပါးပန်းချီကားများနှင့် အဖိုးတန်ပရိဘောဂများဖြင့် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော အခန်းကြီးသည် ခဏချင်းအတွင်းမှာပင် အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်။

ဗူးသီးအမှည့်ကဲ့သို့ ရောင်ကိုင်းနေဆဲဖြစ်သော ပဉ္စမမင်းသားအဖို့ သူ၏ ဂုဏ်သိက္ခာကို ဖော်ဆောင်ပေးသည့် အခန်းကြီးမှာ သူ၏ မျက်စိရှေ့တွင်ပင် ပျက်စီးသွားသည်ကို ကြည့်ရင်း စိတ်ပျက်အားငယ်နေမိသည်။

"ငါ... ငါ့အခန်း..." သူက အသံတုန်တုန်ယင်ယင်ဖြင့် တိုးတိုးလေး ညည်းတွားလိုက်သည်။ "ငါ့ရဲ့ ရတနာတွေ အကုန်လုံး..."

သူ၏ အနှစ်သက်ဆုံး ရွှေအိုးကြီးတစ်လုံးသည် လွင့်စင်လာသော စွမ်းအင်လှိုင်းကြောင့် ကွဲအက်သွားချိန်တွင် သူ ငိုပင်ငိုချင်လာတော့သည်။

တစ်ဖက်တွင်လည်း ဧကရာဇ်၏ ဒေါသသည် ပိုမိုနက်ရှိုင်းလာသည်။ သူ၏ အရှိန်အဝါမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် ပုံပျက်သွားစေသည်။

"တော်တော့” သူက မိုးထစ်ချုန်းသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။ "မင်းက စစ်ပွဲစချင်နေတာလား ပိုင်ကျီဟန်”

ဒုတိယမင်းသားကို ကယ်တင်ဖို့သက်သက်ဆိုလျှင် လွယ်ကူလိမ့်မည်ဟု ဧကရာဇ်က ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ပိုင်မျိုးနွယ်စု အကြီးအကဲများကပင် ဤကဲ့သို့သော ပြဇာတ်မျိုးကို တားဆီးရမည့်အစား ပိုင်ကျီဟန်ကို ထောက်ခံနေကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူတို့အင်ပါယာ၏ အတောင့်တင်းဆုံး အင်အားစုများဖြင့်ပင် ကောင်းကင်အင်ပါယာမှ မျိုးနွယ်စုတစ်ခုတည်းကို မယှဉ်နိုင်ဖြစ်

နေသည်ကို သူ စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။

၎င်းမှာ ကြယ်ကြွေအင်ပါယာနှင့် ကောင်းကင်အင်ပါယာတို့အကြားရှိ ကွာဟချက်ပင် ဖြစ်သည်—ထိုအင်ပါယာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများအားလုံး အချင်းချင်း မဟာမိတ်ဖွဲ့ထားကြရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

ပိုင်ကျီဟန်ကမူ သူ့ကို လှည့်ပင်မကြည့်ချေ။

သူ၏ အကြည့်သည် အသက်ရှူကျပ်လွန်းသဖြင့် မျက်နှာဖြူလျော့နေသော ဒုတိယမင်းသားထံ၌သာ စွဲမြဲနေသည်။

ဒုတိယမင်းသားမှာ သွားကို ကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။

"အခုပဲ”

ဒုတိယမင်းသားက အားယူကာ အော်ဟစ်လိုက်သည်။

ပိုင်ကျီဟန်၏ ဆုပ်ကိုင်ထားမှုသည် မင်းသား၏ အရိုးများ မြည်ဟည်းသွားသည်အထိ တင်းကြပ်သွားစဉ်မှာပင်

မှောင်မည်းနေသော အရိပ်တစ်ခုက ပျက်စီးနေသော တံခါးဝမှတစ်ဆင့် တိုးဝင်လာသည်။

"—သခင်လေး၊ နောက်မှာ”

ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ဦးသည် အော်ဟစ်သတိပေးလိုက်သည်။

လျှပ်စီးနက်များ ဖုံးလွှမ်းထားသော လက်ဝါးချက်နှင့်အတူ အရိပ်တစ်ခု ဆင်းသက်လာရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံသည် လေထုကို ခွဲထွက်သွားသည်။

ထိုတိုက်ကွက်သည် ပိုင်ကျီဟန် ရပ်နေသော နေရာကို ထိမှန်သွားသော်လည်း သူကမူ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပုံရိပ်သည် အမြင်အာရုံ လှည့်စားမှု တစ်ခုအလား ဝေဝါးသွားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် စကျင်ကျောက်ခင်းထားသော ကြမ်းပြင်သည် အမှုန့်ဖြစ်သွားပြီး မြေပြင်ပေါ်တွင် ပင့်ကူအိမ်သဖွယ် ကွဲအက်ရာများ ပျံ့နှံ့သွားလေသည်။

ပြင်းထန်သော စွမ်းအင်ရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ အစောင့်များ လွင့်စဉ်သွားပြီး ပဉ္စမမင်းသား၏ ခမ်းနားထည်ဝါသော အခန်းထဲရှိ အရာအားလုံးသည် ကြေမွပျက်စီးသွားရသည်။

ဒုတိယမင်းသားသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အသက်ကို အတင်းလုရှူနေရစဉ်မှာပင် သူ၏ဘေး၌ ရုတ်တရက်ပေါ်လာသော အခြားအရိပ်တစ်ခုသည် သူ့ကို ဆွဲမလိုက်သည်။

ခဏချင်းအတွင်းမှာပင် ထိုအရိပ်နှစ်ခုစလုံးသည် ဧကရာဇ်၏ ဘေးနားရှိ လုံခြုံသော အကွာအဝေးသို့ ဆုတ်ခွာသွားကြသည်။

"အဟွတ်..အဟွတ်”

ဒုတိယမင်းသားသည် သူ၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး အသက်ရှူရခက်ခဲစွာဖြင့် မျက်လုံးများ နီမြန်းနေလေသည်။ ထို့နောက် တုန်ယင်နေသော အကြည့်များဖြင့် ပိုင်ကျီဟန်ကို စိုက်ကြည့်လိုက်သည်။

"မင်း... မင်း ဒါအတွက် ပြန်ပေးဆပ်ရမယ်။"

ပိုင်ကျီဟန်က ဘာမှပြန်မပြောပေ။ သူသည် ဒုတိယမင်းသားကို သူ၏လက်ထဲမှ လုယူကယ်တင်သွားနိုင်သည့် ထိုပုံရိပ်နှစ်ခုကိုသာ စိုက်ကြည့်နေသည်။

၎င်းတို့သည် ဗလာသန့်စင်ခြင်းအဆင့်တွင် ရှိနေကြပြီး သူတို့အသုံးပြုသွားသော အရှိန်မြှင့်တင်သည့် ကိုယ်ခံပညာသည် တစ်နေရာရာတွင် မြင်ဖူးသလိုလိုဖြင့် ရင်းနှီးနေသည်။

(ဒုတိယမင်းသားက အဲဒီအဖွဲ့အစည်းနဲ့ တကယ်ပဲ ပတ်သက်နေတာပဲ)

ဒုတိယမင်းသားသည် သူ၏ဝတ်ရုံကို ပြန်လည်ပြင်ဆင်လိုက်ပြီး သူ၏မျက်နှာပေါ်ရှိ အရှက်ရမှုများသည် အေးစက်သော ယုံကြည်မှုများအဖြစ် ပြောင်းလဲသွားသည်။

"ပိုင်ကျီဟန်" သူက တံတွေးထွေးရင်း ပျက်စီးနေသော ခန်းမအတွင်း ပဲ့တင်ထပ်အောင် ပြောလိုက်သည်။ "မင်း အရမ်းလွန်သွားပြီ။ ဒီနေ့ မင်းနဲ့ မင်းရဲ့ ပိုင်မျိုးနွယ်စု ခွေးတွေ အားလုံး ဒီမှာ တင် အသက်ပျောက်ရမယ်။"

သူ၏စကားအဆုံးတွင် အရှိန်အဝါအသစ်များမှာ တစ်ခုပြီးတစ်ခု တောက်လောင်လာသည်။ နန်းတော်စင်္ကြံ၏ ထောင့်အသီးသီးမှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ပေါ်လာကြပြီး တစ်ဦးချင်းစီ၏ ထုတ်ဖော်နေသော စွမ်းအင်ဖိအားသည် အစောပိုင်းက စစ်သည်များထက် များစွာ ပိုမိုကြီးမားနေသည်။

ပိုင်မျိုးနွယ်စု အကြီးအကဲများပင်လျှင် မျက်မှောင်ကြုတ်လိုက်မိသည်။ ကြယ်ကြွေအင်ပါယာ၏ ကျင့်ကြံသူ အများစုသည် ဤနေရာတွင် စုဝေးနေကြပြီဟု သူတို့ထင်မှတ်ခဲ့သော်လည်း ယခုမူ ထိုထက်ပင် ပိုများနေသေးသည်။ သူတို့အတွက်ပင် ဤမျှများပြားသော အရေအတွက်ကို ရင်ဆိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။

ဧကရာဇ်ကိုယ်တိုင်လည်း မျက်နှာပျက်သွားကာ အခြေအနေမှာ တင်းမာလာသည်

"သူတို့က ဘယ်သူတွေလဲ။"

"သူတို့က ကျွန်တော့်ရဲ့ ကိုယ်ရံတော်တွေပါ"

ဒုတိယမင်းသားက သူ၏လက်ကို မြှောက်ရင်း ဂုဏ်ယူစွာဖြင့် ကြားဖြတ်ဖြေကြားလိုက်သည်။

ဧကရာဇ်၏ မျက်နှာထားသည် တင်းမာသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှအစွမ်းထက်သော ကိုယ်ရံတော်များကို ပိုင်ဆိုင်ထားခြင်းအရ ဒုတိယမင်းသားသည် ထီးနန်းကို လုယူရန် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်နိုင်သောကြောင့်ပင်။

သို့သော် ဧကရာဇ် စကားမပြောနိုင်မီမှာပင် ဒုတိယမင်းသားသည် ပိုင်ကျီဟန်ကို လက်ညှိုးထိုးလိုက်သည်။

"အားလုံးကို သတ်ပစ်ကြစမ်း”

ကိုယ်ရံတော်များသည် သူတို့၏ လူသတ်လိုသော အငွေ့အသက်များကို ထုတ်ဖော်လိုက်ရာ သူတို့၏ စုပေါင်းအရှိန်အဝါကြောင့် လေထုပင် ပုံပျက်သွားရသည်။

သို့သော်လည်း ပိုင်ကျီဟန်သည် လှုပ်ရှားခြင်းမရှိပေ။ သူ၏ တည်ငြိမ်ပြီး အထင်သေးသော မျက်နှာထားကြောင့် ဒုတိယမင်းသား၏ ယုံကြည်မှုသည် ခဏတာမျှ တုန်လှုပ်သွားရသည်။

"မင်းရဲ့ မဟာအကြီးအကဲက မင်းကို ကယ်နိုင်မယ်လို့ ထင်နေတာလား"

ဒုတိယမင်းသားသည် လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ "သူ လာမှာ မဟုတ်တော့ဘူး။"

ဒုတိယမင်းသားက ဆက်လက်ပြောလေ၏

"မင်း မသိသေးဘူး မလား။ အဲဒီ အဖိုးကြီးအတွက် ငါ ကြိုတင်ပြင်ဆင်ထားပြီးသားဆိုတာကို။"

All Chapters