← Chapters

ခုနစ်ယောက်နှင့် တစ်ယောက်

Vol. 23 Ch. 336

ခုနစ်ယောက်နှင့် တစ်ယောက်

Vol. 23 Ch. 336

ဒုတိယမင်းသားသည် ရှေ့သို့တစ်လှမ်းတက်ကာ လူတိုင်းကြားနိုင်လောက်သည့် အသံဖြင့် အော်ဟစ်လိုက်သည်။ "အခုအချိန်မှာ မင်းတို့ ပိုင်မျိုးနွယ်စုရဲ့ မဟာအကြီးအကဲက မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ပဉ္စမအဆင့် အခင်းအကျင်းဆရာ အများအပြားရဲ့ ဝိုင်းရံခြင်းကို ခံနေရပြီ။ သူတို့က မဟာအကြီးအကဲကို မသတ်နိုင်ရင်တောင်မှ မင်းနဲ့ မင်းရဲ့မျိုးနွယ်စုဝင်တွေ မြေလှန်ဖျက်ဆီးခံရဖို့ လုံလောက်တဲ့အချိန်အထိ သူ့ကို တားဆီးထားနိုင်လိမ့်မယ်"

ဒုတိယမင်းသား၏ မဲ့ပြုံးမှာ ပိုမိုနက်ရှိုင်းလာသည်။

"ဒါကြောင့် ငါ့ဘက်က ကမ်းလှမ်းချက်ကတော့ ဒါပဲ၊ ပိုင်ကျီဟန်— ငြိမ်ငြိမ်သက်သက် အဖမ်းခံမယ်ဆိုရင် မင်းကို အသက်ချမ်းသာပေးကောင်း ပေးနိုင်မယ်။ အကယ်၍ မင်းက ခုခံမယ်ဆိုရင်တော့..."

သူသည် သူ၏ကိုယ်ရံတော်များကို လက်ညှိုးညွှန်ပြလိုက်ပြီး သူတို့၏ လက်နက်များသည် ချီများဖြင့် ပိုမိုတောက်ပလာသည်။ "...ပြာတောင် ကျန်မှာ မဟုတ်ဘူး"

ခန်းမတစ်ခုလုံးသည် တင်းကြပ်သော တိတ်ဆိတ်မှုအောက်သို့ ကျရောက်သွားပြီး အရှိန်အဝါများ ရိုက်ခတ်နေသည့် အသံများကိုသာ ကြားရတော့သည်။

ထို့နောက်

ပိုင်ကျီဟန်၏ နှုတ်ခမ်းထက်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူတွေရယ်၊ ပဉ္စမအဆင့် အခင်းအကျင်း ဆရာ အများအပြားရယ်..."

သူက သဘောကျသလိုမျိုး တိုးတိုးလေး ထပ်ပြောလိုက်သည်။

ကြယ်ကြွေအင်ပါယာကဲ့သို့ နေရာမျိုးတွင် ယခုကဲ့သို့ အင်အားစုစည်းထားခြင်းမှာ အထင်ကြီးစရာပင်— သို့သော် ထိုအင်အားက ပိုင်ရမ်ကဲ့သို့သောသူကို တကယ်ပဲ ယှဉ်နိုင်ပါ့မည်လော

သာမန် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဆိုလျှင် ထိုကဲ့သို့သော ဝိုင်းရံမှုအောက်တွင် ကျရှုံးနိုင်ပေသည်။ သို့သော် ပိုင်ရမ်သည် ထိုအဆင့်ထက် များစွာသာလွန်သောသူ မဟုတ်ပါလား။

ထို့အပြင် ပိုင်ကျီဟန်အနေဖြင့်လည်း သူ၏ မဟာအကြီးအကဲထံမှ အကူအညီကို မလိုအပ်ပေ။

"ဒုတိယမင်းသား၊ မင်းက စားသောက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားတဲ့ စစ်တပ်က တော်တော်လေး အင်အားကြီးတာပဲ"

သူက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူ၏အသံသည် ဓားတစ်စင်းကဲ့သို့ အေးစက်

ထက်မြက်နေသည်။

"ဒါပေမဲ့ မင်းအတွက် ကံဆိုးတာကတော့..."

သူ၏ မျက်လုံးများသည် ပိုမိုတောက်ပလာကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာပင် ပုံပျက်လာတော့သည်။

"...သူတို့တွေက နည်းနည်း အားနည်းနေသလိုပဲ"

ဒုတိယမင်းသား၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားသည်။

ထိုလှောင်ပြောင်သော အပြုံးနှင့် သူ့ကို အထင်အမြင်သေးစွာ ကြည့်နေသော တည်ငြိမ်သည့် မျက်လုံးရဲရဲများသည် သူ၏ရင်ထဲတွင် မီးတောက်တစ်ခုကို အရှိန်အဟုန်ဖြင့် မွေးဖွားပေးလိုက်သည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို အဲဒီလို ကြည့်ရဲတာလဲ၊ ပိုင်ကျီဟန်”

သူက ဟိန်းဟောက်လိုက်ပြီး သူ၏အတွင်းအားသည် ပြင်းထန်သော စွမ်းအင်များနှင့်အတူ ပေါက်ကွဲထွက်လာသည်။

"သတ်ကြစမ်း၊ ပိုင်မျိုးနွယ်စုက တစ်ယောက်မှ အသက်ရှင်ရက် မကျန်စေနဲ့”

အမိန့်သံ ပဲ့တင်ထပ်သွားသည်နှင့် ခန်းမကြီးမှာ တုန်ခါသွားတော့သည်။

သတ်ဖြတ်လိုသော အငွေ့အသက် ဒါဇင်ပေါင်းများစွာမှာ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူများ လှုပ်ရှားလိုက်ကြရာ သူတို့၏ ပေါင်းစပ်ဝိညာဉ်ဖိအားကြောင့် နန်းတော်တစ်ခုလုံး သိမ့်သိမ့်တုန်သွားရသည်။ လေထုသည် လှိုင်းထသွားပြီး စကျင်ကျောက်ကြမ်းပြင်သည်လည်း အရှိန်အဝါများ၏ ဖိအားကြောင့် အက်ကွဲကုန်သည်။

သို့သော် သူတို့ ပိုင်ကျီဟန်အနားသို့ မချဉ်းကပ်နိုင်မီမှာပင်

"နောက်ဆုတ်ကြစမ်း”

ပိုင်မျိုးနွယ်စုဝင်များသည် ရှေ့မှ ကြားဖြတ်ကာ တားဆီးလိုက်ကြသည်။

ဝုန်း

အားနှစ်ခုသည် လေထုထဲတွင် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုတိုက်ခိုက်မှုအရှိန်သည် ကောင်းကင်ယံကို ခွဲခြမ်းလိုက်သည့် မိုးကြိုးသံကဲ့သို့ပင် နန်းတော်ဝင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။

ဖျက်ဆီးအားပြင်းသော စွမ်းအင်လှိုင်းများသည် အပြင်ဘက်သို့ ရိုက်ခတ်သွားပြီး နံရံများကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေကာ အပျက်အစီးများကို လွင့်စင်သွားစေသည်။

ယခင်ကတည်းက ပျက်စီးနေသော ပဉ္စမမင်းသား၏ အခန်းမှာ ယခုအခါ လုံးဝ ပြိုကျပျက်စီးသွားပြီး ရွှေနှင့် ကျောက်စိမ်း အကျိုးအပဲ့များသာ ကျန်ရစ်တော့သည်။

"ပိုင်မျိုးနွယ်စု... မင်းတို့ တကယ် ရဲလှချည်လား”

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် တပ်မှူးတစ်ဦးသည် အကြီးအကဲတစ်ဦးနှင့် ဓားချင်းယှဉ်ခုတ်ရင်း ဟိန်းဟောက်လိုက်သည်။

ပိုင်မျိုးနွယ်စု အကြီးအကဲသည် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"လုပ်ရဲတယ်ဟုတ်လား? အဲဒီစကားကို ငါက ပြောရမှာကွ"

အရေအတွက်အားဖြင့် အသာမရဘဲ အခြေအနေအများစုတွင် တစ်ယောက်ကို နှစ်ယောက်ဖြင့် ရင်ဆိုင်နေရသော်လည်း ပိုင်မျိုးနွယ်စုဝင်များသည် အေးအေးဆေးဆေးပင် တိုက်ခိုက်နေကြကာ သူတို့၏ လှုပ်ရှားမှုများမှာ တိကျလှသည်။

သူတို့၏ တိုက်ကွက်တိုင်းတွင် ပါဝင်သော သန့်စင်သည့် ချီများသည် ရန်သူ၏ နည်းစနစ်များကို စက္ကူကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်စွမ်း ရှိသည်။

အခြေအနေ မသာသော်လည်း သူတို့သည် ရန်သူကို ခုခံရုံသာမကဘဲ အနိုင်ပင် ရနေကြခြင်းဖြစ်သည်။

ကျင့်စဉ်အတတ်ပညာ၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။

တစ်ဖက်တွင်လည်း တိုက်ပွဲ၏ အလယ်ဗဟိုနှင့် ပိုမိုနီးကပ်သော နေရာတွင်

အားကောင်းသော ပုဂ္ဂိုလ်အချို့သည်

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် တိုက်ပွဲတွင် အလုပ်ရှုပ်နေသော အကြီးအကဲများကို ကျော်ဖြတ်ကာ ရှေ့သို့ တိုးဝင်လာကြသည်။

၎င်းတို့သည် ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ငါးဦးဖြစ်ပြီး တစ်ဦးချင်းစီသည် ထိတ်လန့်ဖွယ် အရှိန်အဝါများကို ထုတ်ဖော်နေကြသည်။

ဤသူများသည် သာမန် တော်ဝင်ကိုယ်ရံတော်များ မဟုတ်ကြပေ။ သူတို့၏ လှုပ်ရှားမှုများသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဝေဝါးနေပြီး သတ်ဖြတ်လိုစိတ်မှာလည်း ထက်မြက်သန့်စင်လှသည်— ၎င်းမှာ ကြေးစားလူသတ်သမားများ၏ ပုံစံမျိုးပင် ဖြစ်သည်။

ဒုတိယမင်းသားက အေးစက်စက် ပြုံးလိုက်သည်။

"အဆုံးသတ်သွားပြီ၊ ပိုင်ကျီဟန်"

ဗလာသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ငါးဦးသည် ပိုင်မျိုးနွယ်စု လူငယ်ကို အရပ်မျက်နှာ အနှံ့မှ ဝိုင်းရံထားလိုက်သောအခါ သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး ယုံကြည်ချက်များ ပြန်လည်ရှိလာတော့သည်။

သူတို့နှင့်အတူ အစောပိုင်းက သူ့ကို ကယ်တင်ခဲ့သော ဗလာသန့်စင်ခြင်းအဆင့်ရှိသူ နှစ်ဦးလည်း ပါဝင်လာသည်။

"ခုနစ်ယောက်နဲ့ တစ်ယောက် ယှဉ်ရင်ရော မင်း ဘယ်လောက်အထိ မာန်တက်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”

သူ့အတွက်မူ ရလဒ်မှာ ထွက်ပေါ်ပြီးသားပင်။

ပိုင်မျိုးနွယ်စု အကြီးအကဲများသည် ခုခံနိုင်စွမ်း ရှိနေဦးမည် ဖြစ်သော်လည်း ပိုင်ကျီဟန်မှာ ပါရမီထူးချွန်သည့် မျိုးဆက်သစ် လူငယ်တစ်ဦးသာ ဖြစ်သည်။

ဗလာသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ခုနစ်ဦးကို တစ်ပြိုင်နက် ရင်ဆိုင်ရမည်ဆိုလျှင် သူ အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။

ပိုင်ကျီဟန် ရှုံးနိမ့်သွားသည်နှင့် ကျန်ရှိသောသူများလည်း ပြိုလဲသွားမည်ဖြစ်သည်။

(ဒီလိုနဲ့... ငါက ပိုင်မျိုးနွယ်စုရဲ့ အမွေခံကို သတ်ခဲ့တဲ့ သူရဲကောင်း ဖြစ်လာမယ်။ ကြယ်ကြွေအင်ပါယာရဲ့ အနာဂတ် ဧကရာဇ်ပေါ့)

ထိုသို့တွေးတောရင်း သူ၏သွေးများသည် စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာသည်။

ပဉ္စမမင်းသား၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်း၊ ပိုင်ကျီဟန် သေဆုံးခြင်းနှင့် ကောင်းကင်အင်ပါယာမှ ပါရမီရှင်တစ်ဦးကို အနိုင်ယူလိုက်ရခြင်း — တစ်ကမ္ဘာလုံးသည် သူ့ရှေ့တွင် ဒူးထောက်လာမည့် အနာဂတ်ကို သူ မြင်ယောင်နေမိသည်။

လက်စားချေခံရမည့် ကိစ္စနှင့် ပတ်သက်၍မူ

"ငါ့ရဲ့ဆရာက ပိုင်မျိုးနွယ်စုကို သူ ကိုင်တွယ်မယ်လို့ ပြောထားပြီးသား"

သူ၏ နှုတ်ခမ်းများသည် ယုံကြည်မှုအပြည့်ဖြင့် ကွေးညွှတ်သွားသည်။

သူ့ဆရာ ရှုဟိုင်၏ မူလအထောက်အထားကို အပြည့်အဝ မသိသော်လည်း ထိုသူ၏ အစွမ်း၊ အရှိန်အဝါနှင့် လျှို့ဝှက်သော မဟာမိတ်များအကြောင်းကိုမူ သူ ကောင်းကောင်း သိထားသည်။

ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲကို အချိန်ဆွဲထားရန်အတွက်ပင်

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားနှင့် ပဉ္စမအဆင့် အခင်းအကျင်းဆရာများကို စုစည်းပေးနိုင်သည်ဆိုလျှင် ထိုသူ၏ သြဇာအာဏာမှာ သာမန်ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုတစ်ခုထက် များစွာ သာလွန်နေမည်မှာ အသေအချာပင်။

ဤကဲ့သို့ နောက်ခံမျိုး ရှိနေမှတော့ ဘာကို ကြောက်နေရဦးမည်နည်း

ဗလာသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ခုနစ်ဦးသည် ပိုင်ကျီဟန်ကို ဝိုင်းရံလိုက်သည့်အချိန်တွင် ပိုင်မျိုးနွယ်စုဝင်များကြား၌ စိုးရိမ်ပူပန်မှု လှိုင်းလုံးများ ပျံ့နှံ့သွားသည်။

ဓားချင်းရိုက်ခတ်သံများနှင့် ဟိန်းဟောက်နေသော ချီများကြားတွင်ပင် သူတို့၏ အာရုံများမှာ ဝေဝါးလာကာ သူတို့၏ သခင်လေး ဝိုင်းရံခံထားရသည့် တိုက်ပွဲအလယ်ဗဟိုသို့ မျက်လုံးများ ရောက်သွားကြသည်။

"ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက်တောင်..."

တပည့်တစ်ဦးက တုန်ရီသောအသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

ပိုင်ကျီဟန်အတွက်ပင် ထိုအရေအတွက်မှာ ထိတ်လန့်စရာကောင်းလှသည်။

သူတို့သည် ပိုင်ကျီဟန်၏ နံဘေးသို့ အပြေးအလွှား သွားရောက်ကူညီချင်သော်လည်း ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသဖြင့် မလှုပ်သာဘဲ ဖြစ်နေသည်။

ရန်သူများအဖို့လည်း ပိုင်ကျီဟန်သာ သူတို့လက်ထဲတွင် ကျဆုံးသွားပါက သူတို့ အနိုင်ရမည်ကို သိကြသည်။

ထို့ကြောင့် ပိုင်မျိုးနွယ်စုဝင်များမှ ပိုင်ကျီဟန်ကို မကူညီနိုင်စေရန် အစွမ်းကုန် တားဆီးထားကြသည်။

ပိုင်မျိုးနွယ်စုဝင်များသည် စိတ်မရှည် ဖြစ်လာကြသည်။ ပိုင်ကျီဟန်သည် သာမန် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ထက် များစွာ သန်မာသည်ကို သူတို့ သိကြ၏

သို့သော် လေ့ကျင့်ထားသော လူသတ်သမားများဖြစ်သည့် ဗလာသန့်စင်ခြင်းအဆင့် ပြိုင်ဘက် ခုနစ်ဦးကိုမူ ပိုင်ကျီဟန် တစ်ယောက်တည်း ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ မထင်မိကြပေ။

အကွာအဝေးတစ်ခုမှ ကြည့်နေသော ဧကရာဇ်သည်လည်း ပိုင်မျိုးနွယ်စုဝင်များကြားမှ ထိုစိုးရိမ်ထိတ်လန့်မှုကို မြင်တွေ့နေရသည်။

သူ၏ မျက်လုံးများထဲတွင် ကျေနပ်အားရမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

(သူတို့လည်း ကြောက်တတ်တာပဲကိုး...)

အချိန်အတော်ကြာအောင် သူတို့သည် ဧကရာဇ်ဖြစ်သူကိုပင် အရေးမပါသလို ဆက်ဆံခဲ့ကြ၏

လူသတ်သမား ခုနစ်ဦးသည် တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြပြီး သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် အရပ်မျက်နှာအနှံ့မှ ပိုင်ကျီဟန်ကို ပစ်မှတ်ထား ပိတ်ဆို့ထားလိုက်သည်။

သူတို့၏ ပေါင်းစပ်အရှိန်အဝါများကြောင့် ကြမ်းပြင်ပင် ဖိအားဒဏ်ကို မခံနိုင်ဘဲ အက်ကွဲသွားရသည်။

ထိုလူသတ်သမား ခုနစ်ဦးစလုံးသည် အတတ်ပညာ တစ်မျိုးစီတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည် — အမြန်နှုန်း၊ ခွန်အား၊ ကိုယ်ဖျောက်ခြင်း၊ အဆိပ်၊ ဓားအတတ်နှင့် ကျန်နှစ်ဦးသည် ထွက်ပြေး၍မရအောင် ပိတ်ဆို့မည့် အခင်းအကျင်းပညာရှင်များ ဖြစ်ကြသည်။

သူတို့သည် တရားမျှတစွာ တိုက်ခိုက်ရန်

လာကြခြင်းမဟုတ်ဘဲ သတ်ရန်အတွက်သာ လာခဲ့ကြခြင်းဖြစ်သည်။

"သူ့ကို နည်းစနစ်တစ်ခုတောင် အသုံးမပြုနိုင်စေနဲ့" တစ်ဦးသည် အေးစက်စွာ ပြောလိုက်ရင်း သူ၏ ဓားမြှောင်မှာ လျှပ်ခနဲ တောက်ပသွားသည်။ "တစ်ခဏအတွင်း အပြတ်ရှင်းကြမယ်"

သူတို့၏ ကိုယ်ခန္ဓာများသည် ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

ပိုင်မျိုးနွယ်စုဝင်များသည် ဆွံ့အသွားကြပြီး သူတို့၏ သခင်လေးဆီသို့ အလင်းတန်း ခုနစ်ခု စုပြုံတိုးဝင်သွားသည်ကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

"သခင်လေး...”

တိုက်ပွဲ၏ ဟိန်းဟောက်သံများကို ဖောက်ထွက်ကာ အသံပေါင်းများစွာသည် စိုးရိမ်တကြီး တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။

အကြီးအကဲများပင်လျှင် မတတ်နိုင်မှန်း သိနေသော်လည်း ရန်သူများ၏ကြားမှ အတင်းရုန်းထွက်ကာ ပိုင်ကျီဟန်ထံသို့ သွားရန် ကြိုးစားနေကြသည်။

"တောက်.. မဟာအကြီးအကဲက တကယ်ပဲ တားဆီးခံထားရတာလား?"

ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ဦးသည် မကျေမနပ် ရေရွတ်လိုက်မိသည်။ ယခုအခါ ပိုင်ကျီဟန်၏ အသက်မှာ အန္တရာယ်ရှိနေပြီဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း ရန်သူများကို ခုခံနေရသဖြင့် သူတို့၏ တစ်ဦးတည်းသော မျှော်လင့်ချက်သည် မဟာအကြီးအကဲ ပိုင်ရမ် သာ ဖြစ်သည်။

ဒုတိယမင်းသား ပြောဆိုခဲ့သောသူများသည် ပိုင်ရမ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တားဆီးထားနိုင်လိမ့်မည် မဟုတ်ဟု သူတို့သိကြ၏

အကယ်၍ တားဆီးနိုင်သွားခဲ့လျှင်ရော

မဟုတ်ပါက ဤအချိန်သည် သူတို့၏ အဓိကတာဝန်ဖြစ်သော ပိုင်ကျီဟန်ကို ကာကွယ်ရန် ပိုင်ရမ် ထွက်ပေါ်လာရမည့် အချိန်ဖြစ်သည်။

သို့သော် ပိုင်ရမ် ပေါ်မလာခဲ့ပေ

ဤအချက်အရ ဒုတိယမင်းသား ပြောသည်မှာ မှန်ကန်နေနိုင်ကြောင်း သက်သေပြနေသကဲ့သို့ ဖြစ်နေသည်။

မျက်တောင်တစ်ခတ်အတွင်း အရပ်မျက်နှာအနှံ့မှ သေစေနိုင်သော တိုက်ကွက် ခုနစ်ခုသည် ပိုင်ကျီဟန်ထံသို့ ကျရောက်လာတော့သည်။

ဒုတိယမင်းသားသည် ပိုင်ကျီဟန်၏ အလောင်း စကျင်ကျောက်ကြမ်းပြင်ပေါ်သို့ လဲကျသွားမည့် မြင်ကွင်းကို ကြိုတင်မြင်

ယောင်ကာ ရက်စက်စွာ ပြုံးလိုက်သည်။

"ဒါက ငါ့ကို ဆန့်ကျင်တဲ့သူတွေ ခံစားရမဲ့ အကျိုးဆက်ပဲ”

All Chapters