← Chapters

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း ၆၀၄ - တပည့်လုခြင်း... လော့ချန် ကျိန်းသေပေါက် သေရမယ်...

“ဟင်... သူ ဘာမှမဖြစ်ဘူးလား...”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့ ဒီလောက်အများကြီး ပူးပေါင်းတိုက်ခိုက်တာကို ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး အဆင့် ၁၀၀ အတွင်းက တပည့်တွေတောင် တောင့်ခံနိုင်ဖို့ ခက်ခဲတာလေ... သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာကို... သူ့ရဲ့ အစွမ်းက ဘယ်လောက်ပဲ သန်မာပါစေ ဒီလောက်အထိတော့ မဖြစ်နိုင်ဘူးမလား...”

ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်လာသော မင်းသားတန်းတပည့် အချို့သည် မူလနေရာတွင် ဒဏ်ရာအနာအဆာမရှိဘဲ ရပ်နေသော လော့ချန်ကို မော့ကြည့်ရင်း မိမိတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေကြရသည်။ တိုက်ပွဲကို စောင့်ကြည့်နေသူများ အားလုံးမှာလည်း မှင်တက်မိနေကြရသည်။ ထိုအထဲတွင် အတွင်းစည်းအကြီးအကဲများလည်း ပါဝင်နေတော့သည်။

မည်သူမျှ ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ လော့ချန်၏ ကျင့်ကြံဆင့်နှင့် ပါရမီမှာ အထင်အရှား ရှိနေသည်မဟုတ်ပါလော။ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် မည်သူမဆို လော့ချန်ထက် ဆယ်ဆ၊ အဆတစ်ရာမက သန်မာသည်ဟု ယူဆထားကြသော်လည်း ယခုမူ ထိုပါရမီရှင်များမှာ လော့ချန်၏ ရှေ့မှောက်တွင် တို့ဟူးတုံးများအလား အားနည်းနေကြပြီး လူအများ ပူးပေါင်းတိုက်ခိုက်မှုကိုပင် လော့ချန်က အေးအေးဆေးဆေး တားဆီးနိုင်ခဲ့သည်။

အကြီးအကဲ တစ်ဦးက သက်ပြင်းချလျက် ဆိုလိုက်သည်။

“ဒီလောက် လူအများကြီးတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတော့... ဒီကောင်လေးရဲ့ အစွမ်းက ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး အဆင့် ၅၀ လောက်အထိ ရောက်နေပြီထင်တယ်... တကယ်ကို မယုံနိုင်စရာပဲ...”

“ဒါက ကြောက်စရာအကောင်းဆုံး အချက် မဟုတ်သေးဘူး... ကြောက်စရာအကောင်းဆုံးက ဒါဟာ သူ့ရဲ့ အစွမ်းကုန် မဟုတ်သေးတာပဲ...”

“မင်းပြောတာက လော့ချန်က အခုထိ အစွမ်းတွေကို ဖုံးကွယ်ထားသေးတယ်လို့ ဆိုလိုတာလား... ဒါက မဖြစ်နိုင်ဘူးမလား...”

“ဟဲဟဲ... အခုထိ သူက သိုင်းဝိညာဉ်ကို ထုတ်ဖော်ခဲ့လို့လား... နောက်ပြီး မင်းတို့ မမေ့နဲ့ဦး... လော့ချန်က ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတဲ့ ဓားသမားတစ်ဦးလေ... အခုထိ သူက ဓားကိုတောင် ဆွဲမထုတ်ရသေးဘူး...”

“ရှူး...”

ထိုစကားကြောင့် အကြီးအကဲများမှာ သတိဝင်လာကြပြီး လော့ချန်ကို ကြည့်ကာ မှင်တက်မိနေကြတော့သည်။ ဓားသမားတစ်ဦးအတွက် ဓားကိုင်ထားခြင်းနှင့် ဓားကိုင်မထားခြင်းမှာ လုံးဝ ကွာခြားလှသည်မဟုတ်ပါလော။ ဓားကိုင်ထားမှသာ ဓားသမားတစ်ဦး၏ ထက်မြက်လှသော အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်နိုင်မည် ဖြစ်သည်။

လော့ချန်သည် ဓားမထုတ်ရသေးဘဲ ဤမျှအထိ သန်မာနေပါက ဓားဆွဲထုတ်လိုက်လျှင် မည်သည့်အဆင့်သို့ ရောက်ရှိသွားပါမည်နည်း။ ရွှမ်ဟယ်စာရင်း အဆင့် ၃၀ သို့မဟုတ် အဆင့် ၂၀ အတွင်းသို့ပင် ရောက်ရှိသွားနိုင်သည်မဟုတ်ပါလော။ အကယ်၍ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ကျင့်ကြံဆင့်ဖြင့် ရွှမ်ဟယ်စာရင်း အဆင့် ၂၀ အတွင်းသို့ ဝင်ရောက်နိုင်ပါက လော့ချန် တစ်ဦးတည်းအတွက်သာမက ရွှမ်ယွမ်ဂိုဏ်း တစ်ခုလုံးအတွက်ပါ ကြီးမားသော အဓိပ္ပါယ် ရှိလာလိမ့်မည် ဖြစ်သည်။

ပိုမို မြင့်မားလှသော ကောင်းကင်ယံထက်တွင် အလင်းတန်းများ ဖုံးလွှမ်းနေသော ပုံရိပ်နှစ်ခုမှာ ဝေဝါးစွာ ရှိနေသည်။

“ဟဲဟဲ... ဒီကောင်လေးက တကယ်ကို လူကို အံ့သြအောင် လုပ်နိုင်တာပဲ... အတွင်းစည်းကို ရောက်တာ ဘယ်လောက်မှ မရှိသေးဘူး... ဒီလောက်အထိ အစွမ်းထက်နေပြီလား... တစ်ဦးတည်းသော အင်အားနဲ့တင် အတွင်းစည်း မင်းသားတန်း တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ... အရင်က ယွမ်မန်လီ ထက်တောင် မနိမ့်ကျဘူးလို့ ပြောလို့ ရတယ်...”

အိုမင်းလှသော ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံထဲ၌ ပါဝင်နေသော စွမ်းအားများကြောင့် လေဟာနယ်ပင် တုန်ခါသွားတော့သည်။ စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီးနောက် ထိုသူက ထပ်မံ ဆိုလိုက်သည်။

“အကြီးအကဲ ချင်းချိုင်... ဒီကောင်လေးကို ငါ့ဆီပဲ ပေးလိုက်ပါလား...”

“ဟင်...”

မဟာအကြီးအကဲ ချင်းချိုင်မှာ အံ့သြသွားပြီး ပြုံးလျက် ဆိုလိုက်သည်။

“မဟာအကြီးအကဲမင်... မင်းက ကျင့်ကြံနေတာ ကြာပြီပဲ... တပည့်လည်း လက်မခံတာ ကြာပြီမဟုတ်လား... အခုမှ ငါနဲ့ လာပြီး တပည့်လုနေတာလား...”

“ဒီကောင်လေးရဲ့ စိတ်ဓာတ်က ငါနဲ့ အတော်လေးကိုက်ညီတယ်လေ...”

မဟာအကြီးအကဲ မင်က ရယ်မောလိုက်ပြီးနောက် ထပ်မံ ဆိုလိုက်သည်။

“နောက်ပြီး သူက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ သာမန် ကျင့်ကြံမှု လမ်းကြောင်းက သူ့အတွက် တစ်နေ့ထက်တစ်နေ့ ခက်ခဲလာမှာပဲ... ကံကောင်းတာက သူက ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့် ရွှေခန္ဓာကို ရောက်နေတာဆိုတော့ ခန္ဓာကိုယ်ကျင့်စဉ်လမ်းကို လျှောက်လှမ်းမယ်ဆိုရင် ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ရှိလာနိုင်တယ်...”

မဟာအကြီးအကဲ ချင်းချိုင်မှာ ပြန်မဖြေဘဲ လော့ချန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“သူ့ကို ဒီအတိုင်း ဆက်ပြီး ဆူပူခွင့်ပြုထားမှာလား...”

မဟာအကြီးအကဲ မင်က ဝေးကွာသော နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင်လည်း လေဟာနယ် အက်ကွဲရာတစ်ခု ရှိနေပြီး အလင်းတန်းများ ဝင်းလက်နေသဖြင့် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှသော အငွေ့အသက်များကို ပေးစွမ်းနေတော့သည်။

“မင်းသားတန်းက အဖိုးကြီးတွေတောင် မတားမှတော့ ငါတို့လည်း ဝင်ပါနေစရာ မလိုပါဘူး... သူ့ကို စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်ပါ... ဒါဟာ မင်းသားတန်းတပည့်တွေရဲ့ မောက်မာမှုတွေကို ချိုးနှိမ်ဖို့အတွက် အခွင့်အရေးကောင်းပဲ... မဟုတ်ရင် သူတို့က နေ့တိုင်း မောက်မာပြီး ပြဿနာတွေပဲ လိုက်ရှာနေကြမှာလေ...”

ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် မဟာအကြီးအကဲ မင်က ဆက်လက် ဆိုလိုက်သည်။

“နောက်ပြီး လော့ချန်ရဲ့ အဆုံးအစွန်ဆုံး စွမ်းအားက ဘယ်လောက်အထိလဲ ဆိုတာကိုလည်း ငါ မြင်ချင်သေးတယ်... သူအထဲမှာ ဖုံးကွယ်ထားတဲ့ အလွန်ကို နက်ရှိုင်းလှတဲ့ အင်အားတစ်ခု ရှိနေသလိုပဲ... အဲဒီအင်အားသာ ပေါက်ကွဲထွက်လာရင်တော့ မရိုးရှင်းဘူးနော်...”

မဟာအကြီးအကဲ ချင်းချိုင်က ခေါင်းအသာအယာ ညိတ်လိုက်သည်။

“ငါလည်း အဲဒါကို ခံစားမိတယ်... အဲဒါက ဘာလဲဆိုတာတော့ မသိဘူး...”

ကွင်းပြင်တွင်...

လော့ချန်သည် မင်းသားတန်းတပည့်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ဆိုလိုက်သည်။

“နောက်ထပ် ဘယ်သူ ငါနဲ့ တိုက်ချင်သေးလဲ...”

မင်းသားတန်းတပည့်များမှာ တစ်ဦးစီတိုင်း ခေါင်းငုံ့သွားကြပြီး လော့ချန်နှင့် အကြည့်ချင်း မဆုံဝံ့ကြတော့ပေ။ ရွှမ်ဟယ်စာရင်းဝင် သန်မာသူများစွာ ပူးပေါင်းတိုက်ခိုက်သည်ပင် ရှုံးနိမ့်သွားကြသဖြင့် သူတို့ တက်သွားခြင်းမှာ ကိုယ့်သေလမ်းကိုယ် ရှာခြင်းနှင့် ဘာထူးပါမည်နည်း။

“မင်းတို့က ပုံမှန်ဆိုရင်တော့ ပါရမီရှင်တွေလို့ ကြွေးကြော်နေကြပြီး အခုကျတော့ အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ငါ့ကိုတောင် မတိုက်ဝံ့ကြဘူးလား... မင်းတို့က တကယ်ပဲ အသုံးမကျသူတွေ ပါလား...”

လော့ချန်က မထီမဲ့မြင် ပြုလျက် လှောင်ပြောင်လိုက်သည်။

ထိုစကားကြောင့် မင်းသားတန်းတပည့်များမှာ မျက်နှာများ နီမြန်းလာကြတော့သည်။ ယခင်က သူတို့သည် လော့ချန်အား အသုံးမကျသည့်သိုင်းဝိညာဉ် ရှိသူဟု အထင်သေးခဲ့ကြသော်လည်း ယခုမူ လူပုံအလယ်တွင် လော့ချန်၏ ဆဲရေးမှုကို ခံနေရသော်လည်း ပြန်မပြောဝံ့ကြချေ။ သူတို့၏ စိတ်ထဲမှ အရှက်ရမှုနှင့် ဒေါသများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ပင် ရှိနေတော့သည်။

“မင်း... မင်း...”

တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ထရပ်လိုက်ပြီး လော့ချန်ကို ဒေါသတကြီး ကြည့်လျက် ဆိုလိုက်သည်။

“လော့ချန်... မင်း အရမ်း မမောက်မာနဲ့ဦး... ငါတို့ စီနီယာတွေကို သွားခေါ်ခိုင်းထားပြီးပြီ... ငါတို့ မင်းသားတန်းရဲ့ သန်မာသူတွေ အခုပဲ ရောက်လာတော့မှာ... မင်း ထပ်ပြီး မောက်မာနေချင်တာလား...”

“ဟားဟားဟား... ငါ မောက်မာရင်ကော ဘာဖြစ်လဲ...”

လော့ချန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လက်ချောင်းဖြင့် တစ်ချက် တောက်လိုက်သည်။

“ဘုန်း...”

ထွက်လာသော မင်းသားတန်းတပည့်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လေထဲသို့ မီတာ ရာနှင့်ချီ၍ လွင့်ထွက်သွားခဲ့ပြီး သွေးများလည်း အဆက်မပြတ် အန်ထုတ်လိုက်ရတော့သည်။

ဤမြင်ကွင်းကို မြင်ရသည့်အခါ အခြားသော မင်းသားတန်းတပည့်များမှာ မျက်နှာများ ပိုမို ပျက်ယွင်းသွားကြပြီး မည်သူမျှ စကားမပြောဝံ့ကြတော့ပေ။

“တောက်... ဒီကောင်ရဲ့ အစွမ်းက ဘယ်လိုလုပ် ဒီလောက် မြန်မြန် တက်လာရတာလဲ... ရွှမ်ဟယ်စာရင်းရဲ့ အဆင့် ၁၀၀ ပြင်ပက တပည့်တွေတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ကြဘူး... ဒီအတိုင်းဆိုရင် ငါက သူ့ရဲ့ ဖိနှိပ်မှုကိုပဲ အမြဲ ခံနေရပြီး လက်စားချေဖို့က မလွယ်တော့ဘူးပေါ့... တကယ်ပဲ ဒေါသထွက်ဖို့ ကောင်းလိုက်တာ...”

တိမ်တိုက်များ၏ အထက်တွင် ယခင်က လော့ချန်၏ သင်ခန်းစာပေးမှုကို ခံခဲ့ရသော ယွမ်ချင်ယင်က လော့ချန်ကို စိုက်ကြည့်လျက် ရှိနေသည်။

လူပုံအလယ်တွင် လော့ချန်အား ရှုံးနိမ့်ခဲ့ပြီးနောက် သူသည် သူ၏ အစ်ကိုဖြစ်သူ ယွမ်ချင်ယင်က ချီယင်တောင်ထိပ်တွင် ပိတ်ဆို့ထားခြင်း ခံခဲ့ရပြီး လက်စားချေရန်အတွက် အပြင်းအထန် ကျင့်ကြံနေခြင်း ဖြစ်၏။ ယနေ့တွင် လော့ချန်က ကျင်းမင်ကို စိန်ခေါ်မည်ဟု ကြားရသဖြင့် လော့ချန် အရှက်ရမည့် မြင်ကွင်းကို လာရောက်ကြည့်ရှုခြင်း ဖြစ်သော်လည်း သူ ထင်ထားသကဲ့သို့ ဖြစ်မလာဘဲ လော့ချန်က မင်းသားတန်းတပည့်များကို အလဲလဲအကွဲကွဲ ဖြစ်အောင် တိုက်ခိုက်နေသဖြင့် သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေတော့သည်။

ယွမ်ချင်ယင်က လော့ချန်ကို တည်ငြိမ်စွာ ကြည့်လျက် မိမိကိုယ်ကိုယ် ဆိုလိုက်သည်။

“မင်း သေချာ ကျင့်ကြံပါ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ကို မြန်မြန် ရောက်အောင် ကြိုးစားစမ်း... လက်စားချေဖို့ဆိုတာကိုတော့ အိပ်မက်မက်မနေနဲ့တော့... မင်းက စတုတ္ထနယ်ပယ်ကို တက်လှမ်းနိုင်တဲ့နေ့ကျမှသာ မျှော်လင့်ချက် ရှိမှာ...”

ယွမ်ချင်ယင်က သွားကို တင်းတင်းကြိတ်လိုက်သည်။ “ငါ မကျေနပ်ဘူး... သူက အသုံးမကျသည့်သိုင်းဝိညာဉ် ရှိတဲ့သူလေ... ဘာလို့လဲ...”

“စိတ်ချ... သူက ဒီလောက်အထိ မောက်မာနေမှတော့ မင်းသားတန်းကို လုံးဝ ရန်သူ ဖြစ်သွားပြီ... ဒီနေ့ သူ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်လိမ့်မယ်လို့ မထင်နဲ့... ကျင်းမင် မဆိုထားနဲ့ဦး... တခြား အတွင်းစည်း မင်းသားတန်း သန်မာသူတွေက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး... ဟော... လာကြပြီ...”

ယွမ်ချင်ယင်က အနောက်တောင်ဘက် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။

ထိုဘက်မှ လူအုပ်ကြီး တစ်အုပ်သည် လျင်မြန်စွာ ပျံသန်းလာကြပြီး အနည်းဆုံး ဆယ်ဂဏန်းခန့် ရှိပေသည်။

ထိုလူအုပ်ကြီး၏ ရှေ့ဆုံးတွင် ရှိနေသော ခုနစ်ဦးမှာ အလွန်ပင် ထင်ရှားလှပေသည်။ အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး တစ်ဦးစီတိုင်းတွင် ထူးခြားလှသော အရှိန်အဝါများနှင့် အလွန် သန်မာလှသော အငွေ့အသက်များ ရှိနေကြသဖြင့် ချီစွမ်းအင် လှုပ်ခတ်မှုများအရ ထိုသူများအားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူများ ဖြစ်ကြသည်မှာ သေချာလှပေသည်။

ထို ခုနစ်ဦးထဲတွင် အပြာရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးက ရှေ့ဆုံးမှ ဦးဆောင်လာပြီး သူ၏ ခြေထောက်အောက်တွင် ကျောက်စိမ်းအလင်းတန်းများ ဝင်းလက်နေတော့သည်။ ထိုသူသည် ခါးတွင် ရတနာဓားတစ်လက် ချိတ်ဆွဲထားပြီး လေထဲတွင် လမ်းလျှောက်လာသကဲ့သို့ ရှိနေကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာလည်း တောက်ပနေတော့သည်။ သူ၏ ပုံစံမှာ အလွန်ပင် ခန့်ညားလှသော်လည်း သူ၏ အကြည့်ထဲတွင်မူ အရာအားလုံးကို မထီမဲ့မြင် ပြုနေသည့်ပုံစံမျိုး ရှိနေ၏။

“စီနီယာအစ်ကို ဖုချန်လိ ပဲ...”

“စီနီယာအစ်ကို ဖုချန်လိ ရောက်လာပြီ... ဟားဟား... လော့ချန်... မင်း အခုရော မောက်မာဝံ့သေးလားဆိုတာ ကြည့်ရသေးတာပေါ့...”

“လော့ချန်... ဒီတစ်ခါတော့ မင်း ကျိန်းသေပေါက် သေရတော့မယ်...”

ကွင်းပြင်ရှိ မင်းသားတန်းတပည့်များမှာ ထို အပြာရောင်ဝတ်ရုံဝတ် လူငယ်ကို မြင်ရသည့်အခါ တစ်ဦးစီတိုင်း စိတ်လှုပ်ရှားစွာဖြင့် ရိုသေလေးစားသော အမူအရာများ ဖြစ်ပေါ်လာကြပြီး လော့ချန်ကို ကြည့်သည့်အခါတွင်မူ ယခင်ကကဲ့သို့ ကြောက်ရွံ့မှုများ မရှိတော့ဘဲ ရက်စက်လှသော လှောင်ပြုံးများဖြင့်သာ ကြည့်နေကြတော့သည်။

အခန်း ၆၀၄ ပြီးပါပြီ။

အခန်း ၆၀၅ - ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ

ဖုချန်လိ...

ထိုအမည်ကို ကြားလိုက်ရသည်နှင့် လော့ချန်၏ မျက်ဝန်းထဲ၌ ထက်မြက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး ရှေ့ဆုံးမှ ဦးဆောင်လာသော အပြာရောင်ဝတ်ရုံဝတ် လူငယ်ကို စိုက်ကြည့်လိုက်သည်။

ယခင်က ရွှမ်ဟယ်စာရင်းကို ကြည့်ရှုစဉ်က ထိုအမည်ကို သူ မြင်တွေ့ခဲ့ဖူးသည်။ ဤသူသည် ရွှမ်ဟယ်စာရင်း၏ အဆင့် ၁၀ တွင် ရှိနေသူဖြစ်ပြီး အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးအနက် တစ်ဦးလည်း ဖြစ်ပေသည်။

“ဝှစ်...”

ထိုလူအုပ်၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကွင်းပြင်၏ ကောင်းကင်ယံသို့ ရောက်ရှိလာကာ အေးဆေးစွာ ဆင်းသက်လာကြတော့သည်။

“စီနီယာအစ်ကို ဖုကို ဂါရဝပြုပါတယ်... စီနီယာတို့ အားလုံးကိုလည်း ဂါရဝပြုပါတယ်ခင်ဗျာ...”

ကွင်းပြင်ရှိ မင်းသားတန်းတပည့်များမှာ အလျင်အမြန်ပင် ဦးညွှတ်ဂါရဝပြုကြတော့သည်။

မင်းသားတန်းမှ မဟုတ်သော အခြားအတွင်းစည်းတပည့်များပင်လျှင် ထိုသူများအပေါ် လုံလောက်သော ရိုသေမှုကို ပြသကြရသည်။

ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦး ဆိုသည်မှာ သာမန်အတွင်းစည်းတပည့်များနှင့် တန်းတူ သတ်မှတ်၍ မရပေ။ သူတို့၏ အဆင့်အတန်းမှာ အဓိကတပည့်များနှင့်ပင် ယှဉ်နိုင်ပြီး ဂိုဏ်း၏ အဆင့်မြင့်လှသော လျှို့ဝှက်ကျင့်စဉ်များကိုလည်း ကျင့်ကြံခွင့် ရှိကြသည်။ ထို့ပြင် သူတို့တွင် တစ်စုံတစ်ဦးကို သေစေနိုင်သော သို့မဟုတ် အသက်ချမ်းသာပေးနိုင်သော အခွင့်အာဏာအချို့ပင် ရှိနေကြသဖြင့် အလွန်ပင် အဆင့်မြင့်လှသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်မဟုတ်ပါလော။

လော့ချန်မှာမူ ထူးထူးခြားခြား ခံစားရခြင်း မရှိဘဲ ရောက်ရှိလာသူများကို တစ်ဦးစီတိုင်း အကဲခတ်ကြည့်လိုက်သည်။

ဖုချန်လိ မှလွဲ၍ ကျန်ရှိနေသော ခြောက်ဦးမှာလည်း သူတို့ထံမှ ထွက်ပေါ်နေသော ချီစွမ်းအင် လှုပ်ခတ်မှုများမှာ အလွန်ပင် ပြင်းထန်လှပေသည်။ သူတို့အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူများ ဖြစ်ကြသဖြင့် ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး အဆင့် ၁၀၀ အတွင်းရှိ တပည့်များ ဖြစ်ကြလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

သို့သော်လည်း လော့ချန်သည် ကျင်းမင်ကို မတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

“အင်း...”

ဖုချန်လိသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ သူ၏ အကြည့်မှာ ကွင်းပြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လဲကျနေသော မင်းသားတန်းတပည့်များကို မြင်ရသည့်အခါ သူ၏ မောက်မာလှသော မျက်ဝန်းထဲ၌ ထက်မြက်သော အလင်းတန်းအချို့ ပေါ်ထွက်လာတော့သည်။

သူ၏ ဘေးမှ မင်းသားတန်းတပည့် အချို့မှာလည်း မှင်တက်မိသွားကြရပြီး မျက်မှောင်ကြုတ်လိုက်ကြတော့သည်။

“ဒါ ဘယ်သူလုပ်တာလဲ...”

“ငါတို့ မင်းသားတန်းကို ရန်စဝံ့တဲ့သူကတော့ သေရမှာပဲ...”

အနက်ရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးဖြစ်သော မုန့်ဟော့က ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

“ဘုန်း...”

ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များနှင့်အတူ ကြီးမားလှသော အရှိန်အဝါများမှာ ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရာ ထိုနေရာရှိ အတွင်းစည်းတပည့်များမှာ အသက်ရှူရန်ပင် မဝံ့မရဲ ဖြစ်သွားကြရသည်။

“တကယ် သန်မာတာပဲ...”

ကူးလင်ဖန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။ သူတို့သည် ကွင်းပြင်အစွန်သို့ ဆုတ်ခွာထားပြီး ဖြစ်သော်လည်း ဤမျှလောက် ဝေးကွာသော နေရာမှပင် တစ်ဖက်လူ၏ အရှိန်အဟုန်ကြောင့် သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများနှင့်အတူ အသက်ရှူကျပ်သလို ခံစားနေရတော့သည်။

ယွမ်ချီလန်မှာမူ နှုတ်ခမ်းကို တင်းတင်းစေ့လျက် စိုးရိမ်စိတ်များ ပြည့်နှက်နေတော့သည်။ လူအများ၏ ဆွေးနွေးသံများအရ ထိုသူများ၏ အဆင့်အတန်းကို သူမ သိရှိလိုက်ရပြီ ဖြစ်၏။ သူတို့အားလုံးမှာ ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး အဆင့် ၁၀၀ အတွင်းရှိ သန်မာသူများ ဖြစ်ကြပြီး အတွင်းစည်းတွင် နာမည်ကျော်လှသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ပြင် ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးဝင် ပုဂ္ဂိုလ်များပင် ပါဝင်နေသည်မဟုတ်ပါလော။

“စီနီယာအစ်ကို မုန့်ဟော့... သူပါ... အဲဒါ လော့ချန် ပဲ...”

ဒဏ်ရာရထားသော မင်းသားတန်းတပည့် တစ်ဦးက လော့ချန်ကို လက်ညှိုးထိုးပြလျက် နာကျည်းစွာ ပြောလိုက်သည်။

“ဟင်...”

ထိုစကားကြောင့် ခုနစ်ဦးစလုံးမှာ ခေတ္တမျှ မှင်တက်မိသွားကြပြီးနောက် သူတို့၏ အကြည့်မှာ လော့ချန်ထံသို့ တစ်ပြိုင်တည်း ရောက်ရှိသွားတော့သည်။

အမှန်တကယ်တော့ သူတို့သည် လော့ချန်ကို စောစောကတည်းက သတိပြုမိခဲ့ကြခြင်း ဖြစ်၏။

သို့သော်လည်း လော့ချန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ ပဲ ရှိသေးသဖြင့် ဤကိစ္စအားလုံးကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မယူဆခဲ့ကြဘဲ လျစ်လျူရှုထားခဲ့ကြခြင်း ဖြစ်သည်။

“ဒါတွေ အားလုံးကို သူ တစ်ယောက်တည်း လုပ်တာလား...”

အနက်ရောင်ဝတ်ရုံဝတ် လူငယ် မုန့်ဟော့က မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။

“မှန်ပါတယ်...”

ထိုမင်းသားတန်းတပည့်က ခေါင်းကို အသေအချာ ညိတ်ပြလိုက်သည်။

ဤသည်မှာ ခုနစ်ဦးစလုံးကို အံ့သြသွားစေခဲ့ပြီး လော့ချန်ကို အသစ်တစ်ဖန် ပြန်လည် အကဲခတ်လိုက်ကြတော့သည်။

ဒဏ်ရာရနေသော မင်းသားတန်းတပည့်များစွာထဲတွင် ရွှမ်ဟယ်စာရင်းဝင် သန်မာသူများစွာ ပါဝင်နေသော်လည်း ထိုသူအားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူတစ်ဦး၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားရသည်မှာ တကယ်ကို မယုံကြည်နိုင်စရာပင်။

လော့ချန်မှာမူ သူတို့၏ အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ မေးမြန်းလိုက်သည်။

“ကျင်းမင် ကော... သူ ဘာလို့ ပါမလာတာလဲ...”

ဖုချန်လိက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“စီနီယာအစ်ကို ကျင်းမင်က လွန်ခဲ့တဲ့ ဆယ်ရက်ကတည်းက နတ်ဆိုးတောအုပ်ကို သွားခဲ့ပြီလေ... ဘာလဲ... မင်းက သူ့ကို ရှာနေတာလား... ဘာဖြစ်လို့...”

ကျင်းမင် ဂိုဏ်းထဲမှာ မရှိမှန်း သိလိုက်ရသဖြင့် လော့ချန်သည် အနည်းငယ် စိတ်ပျက်သွားမိသော်လည်း ချက်ချင်းပင် လှောင်ပြုံးလိုက်ကာ ဆိုလိုက်သည်။

“ဒီမှာ ဟန်ဆောင်နေစရာ မလိုပါဘူး... ကျင်းမင်က ငါ့ကို အကြိမ်ကြိမ် သတ်ဖို့ ကြိုးစားခဲ့တာကို မင်းတို့ မသိဘဲ နေမလား... ငါက သူ့ကို ဘာလို့ ရှာနေမယ်လို့ မင်း ထင်လို့လဲ...”

ဖုချန်လိ၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိဘဲ ဆိုလိုက်သည်။

“မင်း ဒီတစ်ခေါက် အသက်ဘေးကနေ လွတ်လာတာက တကယ်ပဲ တိုက်ဆိုင်မှုတစ်ခု ဖြစ်မှာပါ... ဒါပေမဲ့ မင်းက စီနီယာကျင်းမင်ကို လက်စားချေဖို့ လာတာလား... မင်း ရခဲလှတဲ့ အသက်ကို တန်ဖိုးမထားဘဲ ဒီလောက်အထိ သေချင်နေတာလား...”

ဖုချန်လိ၏ အသံမှာ တည်ငြိမ်နေသော်လည်း တစ်ဖက်လူကို လုံးဝ မထီမဲ့မြင် ပြုနေသည့် အမူအရာမျိုး ဖြစ်၏။

အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးအနက် တစ်ဦးအနေဖြင့် လော့ချန်မှာ သူ၏ မျက်စိထဲ၌ အဆင့်မရှိသော လူငယ်လေးတစ်ဦးသာ ဖြစ်သဖြင့် ပြောနေစရာပင် မလိုတော့ပေ။

“ငါက သေချင်နေတာ ဟုတ်မဟုတ် ဆိုတာကတော့ မင်း ထင်သလို ဖြစ်မှာ မဟုတ်ဘူး...”

လော့ချန်က ခေါင်းခါယမ်းလိုက်သည်။

ဘေးနားရှိ အနက်ရောင်ဝတ်ရုံဝတ် လူငယ် မုန့်ဟော့က ဒေါသတကြီး လှောင်ရယ်လိုက်သည်။

“သေခါနီးတာတောင် ကြီးကြီးကျယ်ကျယ်တွေ ပြောနေသေးတယ်ပေါ့... စီနီယာအစ်ကို ကျင်းမင် မရှိလို့ မင်းက ဘာမှမဖြစ်တော့ဘူးလို့ ထင်မနေနဲ့... ငါတို့ မင်းသားတန်းကို ရန်စပြီး လူအများကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတွက် မင်းမှာ သေလမ်းပဲ ရှိတော့တယ်...”

လော့ချန်မှာမူ ဒေါသထွက်ခြင်း မရှိဘဲ ထိုသူများကို တစ်ချက် ဝေ့ကြည့်လိုက်ကာ အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်းတို့လောက်နဲ့တော့ ငါ့ကို အနိုင်ယူနိုင်မယ့် အစွမ်း ရှိမှာ မဟုတ်ဘူး...”

“ဘာ...”

ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ မှင်တက်မိသွားကြပြီး စိတ်ထဲမှလည်း တုန်လှုပ်သွားကြရသည်။

ဤသည်မှာ အမှန်တကယ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းပင် မဟုတ်ပါလော။

ဤ ခုနစ်ဦးစလုံးမှာ ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး အဆင့် ၁၀၀ အတွင်းရှိ သန်မာသူများ ဖြစ်ကြပြီး ဖုချန်လိမှာမူ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးစာရင်းဝင် ဖြစ်ရာ သူတို့ကို စိန်ခေါ်ခြင်းမှာ ပုရွက်ဆိတ်က ဆင်ကို ရန်စသကဲ့သို့ပင် ရှိနေတော့သည်။

“စီနီယာအစ်ကို ဖုက ဒီမှာ ရှိနေတာတောင် မင်းက မောက်မာဝံ့သေးတယ်ပေါ့...”

“စီနီယာအစ်ကို ဖု... လော့ချန်က ငါတို့ လူအများကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တာမို့ သူ့ကို အပြစ်ပေးမှ ဖြစ်မယ်...”

“မှန်တယ်...”

မင်းသားတန်းတပည့်များမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကြသည်။ ဖုချန်လိ တို့ ရှိနေသဖြင့် သူတို့သည် လော့ချန်ကို ကြောက်ရွံ့စရာ မလိုတော့သည်မှာ သေချာလှပေသည်။

ဖုချန်လိနှင့် မုန့်ဟော့ တို့လည်း ခေတ္တမျှ မှင်တက်မိသွားကြပြီးနောက် တစ်ဦးစီတိုင်း လှောင်ပြုံးများ ပြုံးလိုက်ကြတော့သည်။

စိတ်မြန်ကိုယ်မြန်ရှိသော မုန့်ဟော့က အားရပါးရ ရယ်မောလိုက်ပြီး လော့ချန်ကို အပေါ်အောက် အကဲခတ်ကြည့်ကာ ဆိုလိုက်သည်။

“ကောင်လေး... ငါက မောက်မာတဲ့သူတွေကို တွေ့ဖူးပါတယ်... ဒါပေမဲ့ မင်းလောက် မောက်မာတဲ့သူကိုတော့ မတွေ့ဖူးသေးဘူး... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်ပဲ ရှိသေးတဲ့သူက ငါတို့ရှေ့မှာ စကားကြီး စကားကျယ် ပြောနေတာလား... မင်းရဲ့ ကျင့်ကြံမှုကိုကိုယ့်ဘာကိုယ် ဖျက်ဆီးလိုက်စမ်း... ဒါဆိုရင် မင်းကို ငါ အလောင်းတော့ ကောင်းကောင်း ထားပေးမယ်...”

လော့ချန်က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“မင်းက မထိုက်တန်သေးဘူး... သူ့ကိုပဲ လာခဲ့ခိုင်းလိုက်ပါ...”

လော့ချန်က ဖုချန်လိကို လက်ညှိုးညွှန်ပြလိုက်သည်။

“...”

ဤအချိန်တွင် လူတိုင်းမှာ မှင်တက်မိသွားကြပြီး မျက်လုံးများမှာလည်း ပြူးကျယ်သွားကြတော့သည်။

လော့ချန်က ဖုချန်လိကို တိုက်ရိုက် စိန်ခေါ်လိုက်သည်တဲ့လား...။

ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးစာရင်းဝင် သန်မာသူကို စိန်ခေါ်လိုက်သည်တဲ့လား...။

“ဟဲဟဲ...”

ဖုချန်လိက အေးစက်စွာ ရယ်မောလိုက်ပြီး လော့ချန်ကို စိုက်ကြည့်လျက် သူ၏ အကြည့်မှာ အလွန်ပင် အေးစက်နေတော့သည်။ သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ဆိုလိုက်သည်။

“မင်းက တကယ် သတ္တိရှိတာပဲ... ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းမှာ ငါနဲ့ တိုက်ခိုက်ဖို့ အရည်အချင်း မရှိသေးတာပဲ...”

သူ၏ အမြင်တွင် လော့ချန်ကို သတ်ရန်မှာ လက်တစ်ဖက်တည်းနှင့်တင် လုံလောက်သော်လည်း သူ၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦး အဆင့်အတန်းအရ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးသော လူငယ်လေးတစ်ဦးကို အနိုင်ယူခြင်းမှာ မည်သည့် ဂုဏ်ယူစရာမျှ မရှိဘဲ သူ၏ ဂုဏ်သိက္ခာကိုပင် ထိခိုက်စေနိုင်သည်မဟုတ်ပါလော။

ဤကဲ့သို့သော ကိစ္စသေးသေးလေးအတွက် အခြားသူများ တိုက်ခိုက်ပေးလျှင်ပင် လုံလောက်လှပေသည်။

“အခြေအနေကို မသိတဲ့ အသုံးမကျတဲ့ကောင်... မင်းက ငါ့ကိုတောင် လျစ်လျူရှုရဲတယ်ပေါ့...”

မုန့်ဟော့မှာမူ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ထွက်လာခဲ့ပြီး လော့ချန်ကို ဒေါသတကြီး ကြည့်လျက် ဆိုလိုက်သည်။

“ကောင်လေး... မင်းကကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိလှမှတော့ ငါတို့ ဒီမှာပဲ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲကြရအောင်... သေခြင်းရှင်ခြင်းကို ကံတရားအပေါ်ပဲ ထားလိုက်မယ်... မင်း တိုက်ရဲရဲ့လား...”

“သေခြင်းရှင်ခြင်း တိုက်ပွဲလား...”

လော့ချန်၏ မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး တစ်ဖက်လူကို တစ်ချက် အကဲခတ်ကြည့်ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

“ငါကတော့ အသတ်အဖြတ်တွေ သိပ်မလုပ်ချင်ပါဘူး... ဒါပေမဲ့ မင်းက သေချင်နေမှတော့ ငါလည်း ဖြည့်ဆည်းပေးရမှာပေါ့...”

“ဟားဟားဟား...”

လော့ချန်၏ စကားကို ကြားရသည့်အခါ မုန့်ဟော့က ဒေါသတကြီး ရယ်မောလိုက်သဖြင့် သူ၏ လည်ပင်းမှ အကြောများပင် ထောင်ထလာတော့သည်။

သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦးဖြစ်ပြီး ရွှမ်ဟယ်စာရင်း၏ အဆင့် ၄၁ တွင် ရှိနေသူ ဖြစ်သည်မဟုတ်ပါလော။ ယခင်က အတွင်းစည်းတွင် သူသွားလေရာ နေရာတိုင်းမှာ လူတိုင်း၏ အလေးအမြတ် ထားခြင်းကို ခံခဲ့ရသူ ဖြစ်၏။ ယနေ့တွင်မူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးသော လူငယ်လေးတစ်ဦး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည်တဲ့လား။

ရှုံးနိမ့်သွားသော မင်းသားတန်းတပည့် ဆယ်ဂဏန်းခန့်မှာမူ လော့ချန်က တစ်ဦးချင်းစီ တိုက်ခိုက်ပြီး အနိုင်ယူခဲ့ခြင်း ဖြစ်လိမ့်မည်ဟု မုန့်ဟော့က ယူဆထားခြင်း ဖြစ်၏။ ဤကဲ့သို့သော ကိစ္စမျိုးမှာ သူ့အတွက်လည်း အလွန်ပင် လွယ်ကူလှသည် မဟုတ်ပါလော။

“အကြီးအကဲတို့... ကျွန်တော်နဲ့ လော့ချန်က ကိုယ့်ဆန္ဒအလျောက် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲပါမယ်... သေခြင်းရှင်ခြင်းကို ကံတရားအပေါ်မှာပဲ ထားလိုက်ပါမယ်...”

အခန်း ၆၀၅ ပြီးပါပြီ။

အခန်း ၆၀၆ - လက်သီးတစ်ချက်ဖြင့် အပြတ်ရှင်းခြင်း... လက်ညှိုးကို ဓားအဖြစ် သုံးခြင်း

မုန့်ဟော့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော သူ၏အသံမှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

ထိုနေရာရှိ အတွင်းစည်းအကြီးအကဲများမှာမူ မည်သည့်စကားမျှ မဆိုဘဲ ဆိတ်ဆိတ်နေကြတော့သည်။

ဤတိုက်ပွဲသည် ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် တပည့်များနှင့် သက်ဆိုင်နေသလို ဂိုဏ်းအတွင်းရှိ အစုအဖွဲ့နှစ်ခု၏ အားပြိုင်မှုနှင့်လည်း ဆက်စပ်နေသဖြင့် သာမန်တပည့်များကြားမှ သေခြင်းရှင်ခြင်းတိုက်ပွဲမျှသာ မဟုတ်တော့သောကြောင့် သူတို့ ဝင်ရောက်စွက်ဖက်ရန် မသင့်တော်လှပေ။

“ခွင့်ပြုတယ်...”

ရုတ်တရက် ရွှေရောင်အက်ကွဲကြောင်းတစ်ခုအတွင်းမှ မိုးကြိုးပစ်လိုက်သည့်အလား ပြင်းထန်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်ကို တုန်ခါသွားစေတော့သည်။

“ဟဲဟဲ... ရှီဟွမ်ကတော့ မအောင့်နိုင်တော့ဘူးပဲ...”

မဟာအကြီးအကဲ မင်က ရွှေရောင်အက်ကွဲကြောင်းကို ကြည့်လျက် အေးစက်စွာ ရယ်မောလိုက်သည်။

“အကြီးအကဲ ရှီဟွမ်က ဂုဏ်သိက္ခာကို အလေးထားတဲ့သူလေ... ဖုချန်လိကလည်း သူ့ရဲ့ တပည့်ဖြစ်နေသလို ဒီနေ့မှာ လော့ချန်ရဲ့ အထင်သေးတာကို ခံလိုက်ရတယ်... မင်းသားတန်းကလည်း ဒီလောက်အထိ အထိနာသွားမှတော့ နန်ကုန်းကျွယ်ကို ထောက်ခံတဲ့သူအနေနဲ့ သူ စိတ်ချမ်းသာနေမှာ မဟုတ်ဘူး...”

မဟာအကြီးအကဲ ချင်ကွေ့က ဆိုလိုက်ပြီး ကွင်းပြင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

“လော့ချန်က ဒီတစ်ခေါက်တော့ နည်းနည်း စိတ်မြန်သွားပုံရတယ်... ဖုချန်လိကို ထားဦး... အဲဒီ မုန့်ဟော့က ရွှမ်ဟယ်စာရင်း အဆင့် ၄၁ မှာ ရှိတာဆိုတော့ သူ့ရဲ့ အစွမ်းက မသေးဘူး...”

မဟာအကြီးအကဲ မင်က ဆိုလိုက်သည်။

“စိတ်ချပါ... လော့ချန်က ဒီလောက်အထိ ယုံကြည်မှု ရှိနေတာဆိုတော့ သူ့မှာ သေချာပေါက် အားကိုးစရာတစ်ခုခု ရှိမှာပဲ... နောက်ပြီး မင်းနဲ့ငါ ဒီမှာ ရှိနေမှတော့ ဘာမှ စိုးရိမ်စရာ မလိုပါဘူး...”

လော့ချန်ကို တပည့်အဖြစ် ယူရန် ဆုံးဖြတ်လိုက်သည့် အချိန်မှစ၍ မဟာအကြီးအကဲ မင်သည် လော့ချန်အား သူ၏တပည့်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ရာ မည်သို့ပင်ဖြစ်စေ လော့ချန် တစ်ခုခုဖြစ်မည်ဆိုလျှင် သူ ကြည့်နေလိမ့်မည် မဟုတ်ပေ။

မဟာအကြီးအကဲ ချင်ကွေ့သည် သဘာဝကျကျ ပြုံးလိုက်ပြီး ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ မဟာအကြီးအကဲ မင်၏ စရိုက်မှာ ဤသို့ပင် ဖြစ်၏။ တစ်ခုခုကို ဆုံးဖြတ်လိုက်လျှင် မည်သူမျှ ပြောင်းလဲ၍ မရနိုင်ပေ။

ခဏချင်းမှာပင် ကွင်းပြင်အတွင်းရှိ လူများမှာ နောက်သို့ ဆုတ်ခွာသွားကြပြီး ဖုချန်လိတို့ ခုနစ်ဦးနှင့် လော့ချန်သာ ကျန်ရှိတော့သည်။

ရင်ဆိုင်နေကြသော မုန့်ဟော့နှင့် လော့ချန်ကို ကြည့်လျက် လူအများက အမျိုးမျိုး ဝေဖန်ဆွေးနွေးနေကြတော့သည်။

“ဒီတိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုဖြစ်လာမယ်လို့ မင်းတို့ ထင်လဲ... လော့ချန်က မုန့်ဟော့ကို အနိုင်ယူနိုင်မယ့် အခွင့်အရေး ရှိလား...”

“ခက်လိမ့်မယ်... အရမ်းကို ခက်လိမ့်မယ်... ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး အဆင့် ၁၀၀ အတွင်းက တပည့်တွေရဲ့ အစွမ်းက အပြင်က လူတွေနဲ့ လုံးဝ ကွာခြားတယ်လေ... အဲဒါကိုမှ မုန့်ဟော့က အဆင့် ၄၁ မှာ ရှိတာလေ... သူ ကျင့်ကြံထားတဲ့ ကြယ်ခြောက်ပွင့်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်ကြောင့် သူ့ခန္ဓာကိုယ်အင်အားက ကျင့်ကြံဆင့်တူတဲ့ သားရဲတွေထက်တောင် သန်မာသေးတယ်... လော့ချန်ရဲ့ တိုက်ခိုက်မှုစွမ်းအားက ဘယ်လောက်ပဲ ကောင်းပါစေ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ ပဲ ရှိသေးတာလေ...”

“ဒါလည်း အသေအချာတော့ မပြောနိုင်ဘူး... ငါ့အမြင်မှာတော့ လော့ချန်က အစွမ်းတွေကို ဖုံးကွယ်ထားသေးပုံရတယ်...”

လူအများ ပြောဆိုနေကြစဉ်မှာပင် မုန့်ဟော့သည် လော့ချန်၏ ရှေ့ ခြေလှမ်း ၃၀ အကွာတွင် ရပ်လိုက်ပြီး လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်ရာ သူ၏ကိုယ်ပေါ်မှ ပြင်းထန်လှသော အရှိန်အဟုန်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာ ကြီးမားလာသကဲ့သို့ ရှိနေပြီး ကျစ်လျစ်လှသော ကြွက်သားများမှာလည်း ကျောက်တုံးများအလား ရှိနေကာ သွေးသားခန္ဓာကိုယ်တစ်ခုနှင့်ပင် မတူတော့ပေ။

လော့ချန်ကို ကြည့်လျက် မုန့်ဟော့သည် လက်သီးကို တင်းတင်းဆုပ်ကာ ရက်စက်စွာ ပြုံးလိုက်သည်။

“ဟိတ်ကောင်... ဓားဆွဲထုတ်လိုက်စမ်း...”

လော့ချန်မှာမူ မည်သည့်လှုပ်ရှားမှုမျှ မပြုဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်းလောက်ကတော့ ငါ ဓားထုတ်စရာတောင် မလိုဘူး... မင်းမှာ အဲ့ဒီလောက် အရည်ချင်း ရှိမနေပါဘူး...”

“မင်း ဘာပြောတယ်...”

မုန့်ဟော့သည် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး မျက်ခုံးများမှာလည်း ပြင်းထန်စွာ လှုပ်ရှားသွားတော့သည်။ သူသည် ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံထားသော သန်မာသူတစ်ဦး ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်အင်အားမှာ အလွန်ပင် ပြင်းထန်လှပြီး ရွှမ်ဟယ်စာရင်း အဆင့် ၃၀ အတွင်းရှိ သန်မာသူများနှင့်ပင် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိသူ ဖြစ်၏။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ ပဲ ရှိသေးသော ဓားသမားတစ်ဦးက သူ့အား လက်ဗလာနှင့် ရင်ဆိုင်ဝံ့သည်မှာ တကယ်ကို သေချင်နေခြင်းပင်။

“မင်းက သေချင်နေမှတော့ ငါလည်း ဖြည့်ဆည်းပေးရမှာပေါ့... မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အရိုးတွေကို တစ်ခုချင်းစီ ငါ ချိုးပစ်မယ်... ဒါဟာ ငါ့ရှေ့မှာ မောက်မာပြတဲ့အတွက် မင်း ပေးဆပ်ရမယ့် တန်ဖိုးပဲ...”

ရက်စက်လှသော ရယ်သံတစ်ခုနှင့်အတူ မုန့်ဟော့သည် ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ပြီး လော့ချန်၏ ရှေ့သို့ တစ်ခဏချင်းမှာပင် ရောက်ရှိသွားကာ သူ၏ကိုယ်ပေါ်တွင် မီးလျှံအလင်းတန်းများ ဝင်းလက်လာပြီး လက်သီးတစ်ချက်ကို ရွှေရောင်နေဝန်းငယ်တစ်ခုအလား ထိုးနှက်လိုက်တော့သည်။

ဤလက်သီးချက်မှာ အလွန်ပင် ပြင်းထန်လှပြီး အရှိန်အဟုန်မှာလည်း မောက်မာလှပေသည်။ လေထုကို ဖောက်ထွက်သွားသော အသံမှာ အလွန်ပင် စူးရှလှပြီး အသံ၏ အမြန်နှုန်းနီးပါး ရှိနေတော့သည်။

လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။ သူ၏ အရေပြားပေါ်တွင် ဝေဝါးလှသော ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး ကိုယ်တွင်းရှိ ချီစွမ်းအင်များကို အစွမ်းကုန် နှိုးဆွလျက် ညာဘက်လက်သီးထံသို့ စုစည်းလိုက်ရာ သုံးချောင်းထောက် အိုးငယ်လေးတစ်လုံးအလား ပြောင်းလဲသွားတော့သည်။

၎င်းမှာ ကောင်းကင်အိုးလက်သီး၏ ပထမသုံးကွက်အနက် တိုက်ခိုက်မှုစွမ်းအား အပြင်းထန်ဆုံးဖြစ်သော ‘တစ်အိုးစုစည်းခြင်း’ပင် ဖြစ်၏။

“ဘုန်း...”

မီးလျှံလက်သီးနှင့် အိုးငယ်လေးတို့မှာ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။ လေထုမှာ တစ်ခဏချင်းမှာပင် အဆုံးစွန်အထိ ဖိသိပ်ခံလိုက်ရသဖြင့် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့ပြီး အလွှာလိုက် ပျက်ယွင်းသွားတော့သည်။

မုန့်ဟော့၏ မျက်နှာပေါ်မှ အပြုံးမှာ တစ်ခဏချင်းမှာပင် အေးခဲသွားခဲ့ပြီး ထိတ်လန့်မှုများနှင့် မယုံကြည်နိုင်မှုများက အစားထိုး ဝင်ရောက်လာတော့သည်။ လက်သီးမှ တိုးဝင်လာသော အင်အားမှာ ကြီးမားလှသော တောင်ကြီးတစ်လုံးနှင့် တိုက်မိလိုက်သည့်အလား ခံစားလိုက်ရသဖြင့် မည်သို့မျှ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

အရိုးကြိုးသံနှင့်အတူ မီးလျှံလက်သီးအရှိန်မှာ ပျောက်ကွယ်သွားခဲ့ပြီး မုန့်ဟော့၏ ညာဘက်လက်ချောင်း ငါးချောင်းစလုံးမှ အရိုးများမှာ ကျိုးကြေသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အရှိန်အဟုန်ဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့ပြီး ခြေလှမ်းတိုင်းမှာ မြေပြင်ပေါ်ရှိ ကျောက်စိမ်းပြားများကို အပိုင်းပိုင်း ပြတ်ထွက်သွားစေတော့သည်။

လော့ချန်မှာမူ တစ်ဖက်လူအား အသက်ရှူရန် အချိန်မပေးဘဲ ဆက်လက်၍ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး သူ၏ကိုယ်ပေါ်မှ ပြင်းထန်လှသော ချီစွမ်းအင်များကို တောင်ကြီးတစ်လုံးအလား ပြောင်းလဲလျက် အပေါ်မှ ဖိနှိပ်ကာ နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

“တောင်ခွင်းလက်သီး...”

ဧရာမ အိုးကြီးတစ်လုံး ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး တောင်ကြီးတစ်လုံး ပြိုလဲကျလာသကဲ့သို့ မုန့်ဟော့ ထံသို့ ဖိနှိပ်ကျဆင်းသွားတော့သည်။

“တောက်...”

မုန့်ဟော့၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့ပြီး မျက်လုံးများမှာလည်း နီမြန်းလာကာ တောက်တစ်ချက် ခေါက်လိုက်ပြီး ချီစွမ်းအင်များကို အစွမ်းကုန် နှိုးဆွလျက် သူ၏ ခန္ဓာကိုယ်အား မီးလျှံများကြားတွင် ထားရှိကာ လက်သီးဖြင့် ပြန်လည် တားဆီးလိုက်သည်။

“ဘုန်း...”

ပြင်းထန်လှသော အသံကြီးနှင့်အတူ မုန့်ဟော့၏ တိုက်ကွက်မှာ ထို အိုးကြီးကို တစ်ခဏမျှသာ တုံ့ဆိုင်းသွားစေနိုင်ခဲ့ပြီး ထိုအိုးကြီးမှာမူ အရှိန်မပျက်ဘဲ ဆက်လက် ကျဆင်းလာတော့သည်။

“မကောင်းတော့ဘူး...”

မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံနှင့်အတူ ထိုအိုးကြီးသည် မီးလျှံများကို ချေမှုန်းလျက် မုန့်ဟော့၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

“ဘုန်း...”

မုန့်ဟော့၏ ဦးခေါင်းတစ်ခုလုံးမှာ ဖရဲသီးတစ်လုံးအလား တစ်ခဏချင်းမှာပင် ပေါက်ကွဲသွားခဲ့ပြီး သွေးများနှင့် ဦးနှောက်အစအနများမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝက်မှာမူ ထိုနေရာမှာပင် မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့တော့သည်။

“ဟာ...”

မောက်မာလှသော ဖုချန်လိ၏ မျက်ဝန်းမှာ တစ်ခဏချင်းမှာပင် ကျုံ့သွားခဲ့ပြီး သူ၏ မျက်နှာပေါ်မှ အပြုံးမှာလည်း လုံးဝ အေးခဲသွားတော့သည်။

“အရမ်း သန်မာလွန်းတယ်... တကယ်ကို သန်မာလွန်းတာပဲ... လက်သီးနှစ်ချက်တည်းနဲ့တင် မုန့်ဟော့ကို သတ်လိုက်တာလား...”

“ဒါဆိုရင်တော့ လော့ချန်ရဲ့ အစွမ်းက ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး အဆင့် ၄၀ အတွင်းကို ရောက်နေပြီပေါ့... မဟုတ်ဘူး... အဆင့် ၃၀ အတွင်းတောင် ဖြစ်နိုင်တယ်...”

“သူက တကယ်ပဲ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာလား...”

ထိုနေရာရှိ အတွင်းစည်းတပည့်များသာမက အကြီးအကဲ အတော်များများမှာလည်း တစ်ဦးစီတိုင်း အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကြရပြီး အလွန်အမင်း တုန်လှုပ်နေကြတော့သည်။

ကူးလင်ဖန်နှင့် ယွမ်ချီလန် တို့မှာမူ မှင်တက်မိနေကြတော့သည်။

မုန့်ဟော့သည် ရွှမ်ဟယ်စာရင်း အဆင့် ၄၁ တွင် ရှိနေသူဖြစ်ရာ အတွင်းစည်း၏ စစ်မှန်သော ထိပ်တန်း ပါရမီရှင်တစ်ဦးဟု ပြောနိုင်သော်လည်း လော့ချန်နှင့် ရင်ဆိုင်ရသည့်အခါ လက်သီးနှစ်ချက်တည်းဖြင့်ပင် ခြင်တစ်ကောင်အလား သတ်ဖြတ်ခြင်း ခံလိုက်ရသည်မဟုတ်ပါလော။

လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ကျင့်ကြံဆင့်ဖြင့် ဤမျှလောက်အထိ သန်မာနေလိမ့်မည်ဟု သူတို့ မည်သို့မျှ ထင်မှတ်မထားခဲ့ကြပေ။

လော့ချန်က လက်သီးကို ရုပ်သိမ်းလိုက်ပြီး ဖုချန်လိကို ကြည့်ကာ ဆိုလိုက်သည်။

“အခုရော... ငါက မင်းနဲ့ တိုက်ခိုက်ဖို့ အရည်အချင်း ရှိပြီလား...”

ဤစကားကို ကြားရသည့်အခါ ဖုချန်လိ အပါအဝင် မင်းသားတန်းတပည့် ခြောက်ဦးစလုံး၏ မျက်နှာမှာ အလွန်ပင် အုံ့မှိုင်းသွားတော့သည်။

“ဟားဟား... လော့ချန်... မုန့်ဟော့ကို အနိုင်ယူလိုက်ရုံနဲ့ မောက်မာမနေနဲ့ဦး... မင်းရဲ့ အစွမ်းက ရွှမ်ဟယ်စာရင်း အဆင့် ၃၀ ပတ်ဝန်းကျင်မှာပဲ ရှိမှာပါ... ငါတို့ထဲမှာတော့ မင်းက အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်... စီနီယာအစ်ကို ဖုကို စိန်ခေါ်ဖို့ဆိုတာကတော့ မိုင်ပေါင်း သောင်းနဲ့ချီပြီး ဝေးနေသေးတယ်...”

“မင်းကိုယ်မင်း အတွင်းစည်းမှာ မောက်မာလို့ ရပြီလို့တော့ မထင်လိုက်နဲ့...”

အရပ်ရှည်ရှည်နှင့် လူငယ်တစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ လော့ချန်မှာမူ ဒေါသထွက်ခြင်း မရှိဘဲ ထိုသူကို တစ်ချက် ဝေ့ကြည့်လိုက်ကာ တည်ငြိမ်စွာပင် ဆိုလိုက်သည်။

“ဒါဆိုရင်လည်း မင်းနဲ့ငါ တိုက်ခိုက်ကြရအောင်လေ... အခြေအနေကို မသိတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့...”

“ဂလု...”

အကြည့်တစ်ချက်တည်းနှင့်တင် အရပ်ရှည်ရှည်နှင့် လူငယ်မှာ စစ်မှန်သော ရတနာဓားတစ်လက်က သူ့အား တိုက်ရိုက် ထိုးနှက်လိုက်သည့်အလား ခံစားလိုက်ရသဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး မျက်နှာမှာ အုံ့မှိုင်းသွားသော်လည်း ပြန်လည် မတုံ့ပြန်ဝံ့တော့ပေ။

သူသည် ရွှမ်ဟယ်စာရင်း အဆင့် ၃၉ ဖြစ်ပြီး သူ၏ အစွမ်းမှာ မုန့်ဟော့နှင့် အတူတူပင် ဖြစ်ရာ မုန့်ဟော့ လက်သီးနှစ်ချက်ဖြင့် အသတ်ခံလိုက်ရသော မြင်ကွင်းမှာ သူ၏ မျက်စိထဲ၌ ထင်ရှားနေဆဲ ဖြစ်သဖြင့် သူ မည်သို့ တိုက်ခိုက်ဝံ့ပါမည်နည်း။

“ငါ တိုက်မယ်...”

ဖုချန်လိ၏ ဘေးမှ လှပပြီး စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။

ဤသူသည် ယွီယီယောင်ဟု အမည်ရပြီး ရွှမ်ဟယ်စာရင်း အဆင့် ၁၈ မှာ ရှိနေသူ ဖြစ်၏။ သူမသည် ဖုချန်လိ မှလွဲ၍ ထိုနေရာတွင် အဆင့်အမြင့်ဆုံးသူ ဖြစ်ပေသည်။

ဖုချန်လိက ခေါင်းညိတ်ပြလိုက်သည်။ သူသည် လော့ချန်နှင့် တိုက်ခိုက်ရန် လုံးဝ အဆင့်မရှိဟု ယူဆထားသော်လည်း လော့ချန်ကို ဤအတိုင်း ဆက်လက် မောက်မာခွင့်ပေးထားခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသလို မင်းသားတန်း၏ အရှိန်အဝါကိုလည်း ကျဆင်းစေမှာ ဖြစ်ပေသည်။ ယခု ယွီယီယောင်က ထွက်လာမှတော့ ဤပြဿနာကို ဖြေရှင်းရန် လုံလောက်လှပေသည်။

ဖုချန်လိသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မှာကြားလိုက်သည်။

“ဂရုစိုက်ဦး... ဒီကောင်က ခန္ဓာသန့်စင်မှု အထွတ်အထိပ်အဆင့်ကို ရောက်နေတာဆိုတော့ ထင်ထားတာထက် ပိုပြီး ခက်ခဲလိမ့်မယ်... သူ့ကို အနားအကပ်မခံနဲ့... အမြန်ဆုံး လက်စသတ်လိုက်...”

“ဟဲဟဲ... စိတ်ချပါ... ကျွန်မက မုန့်ဟော့ လိုမျိုးတော့ လက်လွတ်စပယ် မလုပ်ပါဘူး...”

ယွီယီယောင်က အသာအယာ ပြုံးလိုက်သည်။ သူမ၏ အမြင်တွင် မုန့်ဟော့ ရှုံးနိမ့်သွားခြင်းမှာ လော့ချန်၏ ခန္ဓာကိုယ်အင်အား ဤမျှအထိ သန်မာနေလိမ့်မည်ဟု မထင်မှတ်ထားဘဲ ရန်သူကို လျှော့တွက်မိသွားသောကြောင့် ဖြစ်၏။ မဟုတ်လျှင်တော့ မည်သူနိုင်မည်နည်းဆိုသည်ကို မသိနိုင်သေးပေ။

“ရှူး...”

မွှေးရနံ့များ လွင့်ပျံလာခဲ့ပြီး ယွီယီယောင်သည် ကွင်းပြင်အလယ်တွင် ပေါ်ထွက်လာကာ လော့ချန်နှင့် ခြေလှမ်း တစ်ရာအကွာ၌ ပြုံးလျက် ဆိုလိုက်သည်။

“ဂျူနီယာ မောင်လေးလော့... မင်းက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ ပဲ ရှိသေးတာကို ဒီလောက်အထိ အစွမ်းထက်နေတာဆိုတော့ တကယ်ပဲ အံ့သြဖို့ ကောင်းပါတယ်... ငါလည်း မင်းနဲ့ အနည်းငယ်လောက် ကစားကြည့်ချင်မိတယ်...”

လော့ချန်က တစ်ဖက်လူကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါကတော့ မင်းက အမျိုးသမီး ဖြစ်နေလို့ဆိုပြီး လက်လျှော့ပေးမှာ မဟုတ်ဘူးနော်...”

“ဟုတ်လို့လား... ဒါဆိုရင်လည်း ငါက အားနာနေစရာ မလိုတော့ဘူးပေါ့...”

ယွီယီယောင်၏ မျက်ဝန်းမှာ တစ်ခဏချင်းမှာပင် အေးစက်သွားခဲ့ပြီး လက်နှစ်ဖက်ကို တစ်ချက် လှုပ်ယမ်းလိုက်ရာ တစ်ပေခန့် ရှည်လျားပြီး ထက်မြက်လှသော ဓားတိုနှစ်လက် ပေါ်ထွက်လာတော့သည်။ ဓားကိုကိုင်ဆောင်လိုက်သည်နှင့် သူမ၏ကိုယ်ပေါ်မှ ဓားအရှိန်အဟုန်မှာ တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ မူလက နူးညံ့လှသော အငွေ့အသက်များမှာ အလွန်ပင် ထက်မြက်လှသော အငွေ့အသက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် အပိုင်းပိုင်း ပြတ်ထွက်သွားစေတော့သည်။

“တကယ် သန်မာတဲ့ ဓားအရှိန်အဟုန်ပဲ...”

“ယွီယီယောင်ရဲ့ ဓားဆန္ဒအဆင့်က ၆၀ ရာနှုန်း ဓားဆန္ဒအထိ ရောက်နေပြီထင်တယ်... တကယ်ကို မရိုးရှင်းဘူးနော်...”

အကြီးအကဲ တစ်ဦးက ယွီယီယောင်၏ ထူးခြားလှသော ဓားဆန္ဒအဆင့်ကို မြင်ရသည့်အခါ ချီးကျူးလိုက်မိသည်။

“ရှူး... ရှူး... ရှူး... ရှူး...”

ဓားအရှိန်အဟုန်များ ပြန့်နှံ့သွားခဲ့ပြီးနောက် ယွီယီယောင်က အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။ သူမသည် ဓားတိုနှစ်လက်ကို လေညင်းတစ်ခုအလား ဝေ့ယမ်းလိုက်ရာ တစ်ခဏချင်းမှာပင် ထက်မြက်လှသော ဓားအလင်းတန်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုအလား ပြောင်းလဲသွားတော့သည်။

ထို ဓားအလင်းတန်းများသည် ဓားစွမ်းအင်၏ ထောက်ပံ့မှုအောက်တွင် အလွန်ပင် ထက်မြက်လှပြီး စစ်မှန်သော ဓားများအလား ရှိနေတော့သည်။ ဖြတ်သန်းသွားသော နေရာရှိ မာကျောလှသော ကျောက်စိမ်းမြေပြင်များမှာ အဆက်မပြတ် ကျိုးပျက်သွားခဲ့ပြီး ဖျက်ဆီးမှုစွမ်းအားမှာ တုန်လှုပ်စရာ ကောင်းလှပေသည်။

“ရှုံးစမ်း...”

လော့ချန်မှာမူ မည်သည့်လှုပ်ရှားမှုမျှ မပြုဘဲ မူလနေရာမှာပင် ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ ဓားတစ်လက်အလား မတ်တပ်ရပ်နေပြီး လက်ညှိုးနှစ်ချောင်းကို စုစည်းကာ လက်ညှိုးကို ဓားအဖြစ် သုံးလျက် လေထဲတွင် တစ်ချက် ထောက်လိုက်သည်။

“ဝှစ်...”

တောက်ပလှသော လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး မျက်စိကိုပင် ကျိန်းသွားစေကာ လေထဲတွင် ဝေ့ဝဲနေသော နဂါးတစ်ကောင်အလား ကွင်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။ ဤသည်မှာ အမှန်တော့ ဓားအလင်းတန်း တစ်ခုပင် ဖြစ်၏။

အခန်း ၆၀၆ ပြီးပါပြီ။

All Chapters