← Chapters

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း ၆၁၀ - လော့ချန်... မင်း သေလို့ရပြီ

“ဘုန်း...”

ဖုချန်လိသည် လော့ချန်ကို အမြန်ဆုံး အပြတ်ရှင်းရန်သာ စိတ်စောနေသဖြင့် စတင် တိုက်ခိုက်သည်နှင့် သူ၏တိုက်ခိုက်မှုစွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ယံကြီး ပြိုကျလာသကဲ့သို့လည်းကောင်း၊ မီးတောင်ပေါက်ကွဲထွက်လာသကဲ့သို့လည်းကောင်း ပြင်းထန်လှပေသည်။

လူတိုင်း၏ အမြင်အာရုံထဲတွင် ဖုချန်လိတစ်ကိုယ်လုံးမှ စူးရှလှသော မီးလျှံအလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာသဖြင့် သာမန်မျက်စိဖြင့်ပင် ကြည့်ရန် ခက်ခဲလှပေသည်။ သူသည် တောက်လောင်နေသော ဥက္ကာခဲကြီးတစ်ခုအလား လော့ချန်ထံသို့ တိုးဝင်သွားခဲ့ပြီး မိုးကြိုးပစ်လိုက်သည့်အလား ပြင်းထန်လှသော အသံကြီးများမှာ ပဲ့တင်ထပ်သွားကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် တုန်ခါသွားစေတော့သည်။

“တကယ် ကြောက်စရာကောင်းတဲ့ လက်သီးအရှိန်အဟုန်ပဲ... ဒါဟာ ထိပ်သီးမျိုးဆက်တပည့်ရဲ့ အစွမ်းပဲပေါ့...”

“လော့ချန် ဘယ်လိုများ တားဆီးမှာလဲ...”

“သူ သေချာပေါက် မတားနိုင်ဘူး... ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးကလွဲရင် ဘယ်အတွင်းစည်းတပည့်မှ ဒါကို မတားနိုင်ဘူး...”

“ဟင်... လော့ချန် ဘာလုပ်နေတာလဲ...”

လူတိုင်းက လော့ချန်သည် ဤလက်သီးချက်ကြောင့် ရှုံးနိမ့်သွားတော့မည်၊ သို့မဟုတ်ပါကလည်း ပွဲချင်းပြီး အသတ်ခံရတော့မည်ဟု ထင်နေကြစဉ်မှာပင် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ကို ရင်ဆိုင်နေရသော်လည်း လော့ချန်သည် မူလနေရာမှာပင် ငြိမ်သက်စွာ ရပ်နေပြီး ပြန်လည်တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝ မရှိပေ။

“ဘာဖြစ်တာလဲ... သူ ကြောက်လန့်ပြီး ကြောင်သွားတာလား...”

“သူ့ကိုယ်သူ မနိုင်ဘူးဆိုတာ သိလို့ လက်လျှော့လိုက်တာ နေမှာပေါ့...”

လူအများမှာ အံ့သြတကြီး ဝေဖန်ဆွေးနွေးနေကြပြီး ဤ ထိပ်တန်းတိုက်ပွဲမှာ စစချင်းမှာတင် ပြီးဆုံးသွားတော့မည်ဟု ယူဆလိုက်ကြသည်။

မဟာအကြီးအကဲ မင်ပင်လျှင် အနည်းငယ် အံ့သြသွားရပြီး လော့ချန် ဘာကို ကြံစည်နေသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေတော့သည်။

သူသည် လော့ချန်၏ တိုက်ခိုက်မှုစွမ်းအား သန်မာသည်ကို သိရှိသော်လည်း တိုက်ခိုက်မှုစွမ်းအားနှင့် ကာကွယ်မှုစွမ်းအားမှာ တစ်ခြားစီ ဖြစ်သည်မဟုတ်ပါလော။ လော့ချန်သည် မည်မျှပင် သန်မာပါစေ ထိပ်သီးမျိုးဆက်တပည့်တစ်ဦး၏ တိုက်ခိုက်မှုကို လျစ်လျူရှုထားရန်မှာ မဖြစ်နိုင်သည့် ကိစ္စပင်။

မဟာအကြီးအကဲ ရှီဟွမ်ကမူ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။ အစောပိုင်းက မဟာအကြီးအကဲ မင်၏ တည်ငြိမ်နေသော အမူအရာကြောင့် တစ်ခုခု ထူးခြားလာမည်ကို သူစိုးရိမ်နေခဲ့သော်လည်း ယခုမူ သူအပိုတွေ စိုးရိမ်နေခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရပြီ ဖြစ်၏။

တစ်ခဏချင်းမှာပင် လူတိုင်း၏ အကြည့်မှာ လော့ချန်ထံသို့သာ စူးစိုက်နေတော့သည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

မီးလျှံလက်သီးချက်မှာ လော့ချန်အား ပြင်းထန်စွာ ထိမှန်သွားတော့သည်။ ကောင်းကင်ယံမှ မိုးကြိုးပစ်လိုက်သည့်အလား ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ သိုင်းပြိုင်ကွင်းတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ပြင်းထန်လှသော မီးလျှံအငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကာ မီးမိုးများ ရွာချလိုက်သည့်အလား လော့ချန်၏ ပုံရိပ်အား လုံးဝ ဖုံးလွှမ်းသွားတော့သည်။

“ဟမ့်... သေချင်နေတဲ့ အသုံးမကျတဲ့ကောင်... ငါ့ကိုတောင် လျစ်လျူရှုဝံ့တယ်ပေါ့...”

ဖုချန်လိသည် မျက်ဝန်းထဲ၌ ရက်စက်သော အလင်းတန်းများ ဝင်းလက်လာကာ မထီမဲ့မြင်ပြုလျက် လှောင်ရယ်လိုက်သည်။

သူသည် မိမိ၏အစွမ်းအပေါ် အကြွင်းမဲ့ ယုံကြည်ချက် ရှိသူ ဖြစ်၏။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦးပင်လျှင် သူ၏ ဤလက်သီးချက်ကို ရင်ဆိုင်ရပါက မသေလျှင်တောင် ဒဏ်ရာပြင်းထန်မည်မှာ သေချာလှပေသည်။

လော့ချန်မှာ မည်သို့သော အဆင့်ရှိသူမို့နည်း။

‘သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတဲ့သူက ပြန်လည် မတားဆီးဘဲ နေရဲတယ်ဆိုတော့... သေလမ်းပဲ ရှိတော့တာပေါ့...’

“ပြီးသွားပြီ...”

“ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးဆိုတာက တကယ်ပဲ ထိပ်သီးတွေပဲ... အစွမ်းက တခြားအတွင်းစည်းတပည့်တွေနဲ့ လုံးဝကို ကွာခြားတာပဲ...”

“လော့ချန်က ဖုချန်လိကို သွားပြီး ရန်စတာကတော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲလေ... သေသွားလည်း ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး...”

ထိုနေရာရှိ အတွင်းစည်းတပည့်များမှာလည်း ခေါင်းယမ်းလိုက်ကြပြီး လော့ချန် သေဆုံးသွားပြီဟု ယူဆလိုက်ကြသည်။

ဖုချန်လိ၏ ဤမျှ ပြင်းထန်လှသော လက်သီးချက်ကို ခံလိုက်ရမှတော့ ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး အဆင့် ၂၀ အတွင်းရှိ တပည့်များပင်လျှင် အသက်ရှင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

လော့ချန်၏ ယခင်က ပြသခဲ့သော အစွမ်းများမှာ ထူးခြားလှသော်လည်း ကျင့်ကြံဆင့် ကွာခြားချက်မှာ အထင်အရှား ရှိနေသဖြင့် မည်သည့် ထူးခြားမှုမျှ ရှိလာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူညံသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် ချက်ချင်း ပြန်လည် တိတ်ဆိတ်သွားခဲ့ပြီး သိုင်းပြိုင်ကွင်းတစ်ခုလုံးတွင် ထူးဆန်းလှသော အငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။

လူတိုင်းမှာ သိုင်းပြိုင်ကွင်းဆီသို့ လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများမှာ ပြူးကျယ်သွားကြရသည်။

သိုင်းပြိုင်ကွင်းပေါ်တွင် မီးလျှံစွမ်းအင်များမှာ လေနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး မတ်တပ်ရပ်နေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။

၎င်းမှာ လော့ချန်ပင် ဖြစ်၏။

သူ၏ပုံရိပ်မှာ မီတာ ဆယ်ဂဏန်းခန့် နောက်သို့ ဆုတ်ခွာသွားခဲ့ပြီး ရင်ဘတ်ပေါ်ရှိ ဝတ်ရုံတွင် မည်းနက်နေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေကာ အတွင်းရှိ အရေပြားပေါ်တွင် ဝေဝါးလှသော နီရဲရဲ အမှတ်အသားတစ်ခုသာ ကျန်ရှိနေသည်။ ထိုအမှတ်အသားမှလွဲ၍ သူ၏တစ်ကိုယ်လုံးမှာ ဒဏ်ရာအနာအဆာ လုံးဝ မရှိပေ။

“လော့ချန် ဘာမှမဖြစ်ဘူးဟေ့...”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ ဘယ်လိုလုပ်လိုက်တာလဲ...”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆူညံသံများမှာ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ လူတိုင်းမှာ လော့ချန်ကို ကြည့်လျက် သူတို့၏စိတ်ထဲတွင် လှိုင်းတံပိုးများ ထန်သွားခဲ့ပြီး မျက်နှာများမှာလည်း မှင်တက်မိနေကြတော့သည်။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ကျင့်ကြံဆင့်ဖြင့် ဖုချန်လိ၏ လက်သီးတစ်ချက်ကို တိုက်ရိုက် တောင့်ခံနိုင်ရုံတင်မကဘဲ ဒဏ်ရာပင် မရရှိခဲ့သည်မှာ...

မျက်မြင်ကိုယ်တွေ့ ဖြစ်နေသော်လည်း လူတိုင်းမှာ မယုံကြည်နိုင် ဖြစ်နေကြရသည်။

“မဖြစ်နိုင်တာ... ဒီကောင်လေးက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာလေ... ဘာလို့ ဒီလောက်အထိ သန်မာနေရတာလဲ...”

စောစောက အောင်နိုင်သူအမူအရာဖြင့် ပြုံးနေသော မဟာအကြီးအကဲ ရှီဟွမ်မှာမူ ဤမြင်ကွင်းကို မြင်ရသည့်အခါ မျက်နှာမှာ တစ်ခဏချင်းမှာပင် အလွန် ကြည့်ရဆိုးသွားတော့သည်။

ဖုချန်လိ၏ အစွမ်းကို သူအသိဆုံး ဖြစ်၏။ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးဆိုသည့် ဘွဲ့ထူးမှာ အမည်ခံသက်သက် မဟုတ်ပေ။ ယခင် နှစ်ဝက်အတွင်း တံခါးပိတ်ကျင့်ကြံမှုကြောင့် သူ၏အစွမ်းမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး အဆင့် ၅ အတွင်း ဝင်ရောက်ရန်ပင် အရည်အချင်း ရှိနေပြီ ဖြစ်၏။

ထို့အပြင် ရွှမ်ဟော်ချီကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် သူ၏ခန္ဓာကိုယ်မှာလည်း သန့်စင်ထားပြီး ဖြစ်ရာ ဖုချန်လိသည် ဓားအသုံးမပြုလျှင်ပင် သူ၏တိုက်ခိုက်မှုစွမ်းအားမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူများကို အပြတ်ရှင်းရန် လုံလောက်လှပေသည်။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ရှိသော လော့ချန်ကိုမူ ပြောနေစရာပင် မလိုပေ။

“သူက ခန္ဓာသန့်စင်မှု အထွတ်အထိပ်အဆင့်ကို ရောက်နေတာလား...”

မဟာအကြီးအကဲ ရှီဟွမ်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသော်လည်း ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကို ရောက်ရုံမျှဖြင့် ဤကဲ့သို့သော ခန္ဓာကိုယ်အင်အား ရှိလာရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

ဤမျှလောက် ပြင်းထန်သော ခံနိုင်ရည်စွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ်မှ ထိပ်တန်း ခန္ဓာကိုယ်ကျင့်စဉ် ကျင့်ကြံသူများနှင့်ပင် ရင်ပေါင်တန်းနိုင်နေသည် မဟုတ်ပါလော။

“ဟားဟား... ကောင်းတယ်... တကယ်ကို ကောင်းတယ်... ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကို ကျင့်ကြံ အောင်မြင်ထားတဲ့ ခန္ဓာကိုယ်ကျင့်စဉ် ပါရမီရှင်ပဲ...”

အခြားတစ်ဖက်တွင်မူ မဟာအကြီးအကဲ မင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ကျေနပ်စွာဖြင့် အားရပါးရ ရယ်မောလိုက်ကာ လော့ချန်ကို လှမ်း၍ အော်ပြောလိုက်သည်။

“လော့ချန်... ဒီတိုက်ပွဲ ပြီးသွားရင် မင်းကို ငါ့ရဲ့ တပည့်ရင်းအဖြစ် ငါလက်ခံမယ်... ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်စဉ် လျှို့ဝှက်ကျမ်းဖြစ်တဲ့ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် ကိုလည်း မင်းကို လက်ဆင့်ကမ်းပေးမယ်...”

“ငါ နားမမှားဘူးမလား... မဟာအကြီးအကဲ မင်က လော့ချန်ကို တပည့်ရင်းအဖြစ် လက်ခံမယ်တဲ့လား...”

ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်တစ်ခုလုံး ဆူညံသွားတော့သည်။

လူတိုင်းမှာ လော့ချန်ကို ကြည့်လျက် မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှုများ၊ အံ့သြမှုများနှင့်အတူ အားကျစိတ်များလည်း ပြည့်နှက်နေတော့သည်။ မည်သူမျှ မထင်မှတ်ထားခဲ့သည်မှာ အမြဲတမ်း ပိတ်ဆို့ကျင့်ကြံနေလေ့ရှိသော မဟာအကြီးအကဲ မင်သည် ရုတ်တရက်ကြီး လော့ချန်အား တပည့်ရင်းအဖြစ် လက်ခံမည်ဟု ကတိပေးလိုက်ခြင်း ဖြစ်၏။

လော့ချန်သည် ယခင်က မဟာအကြီးအကဲ ချင်ကွေ့၏ အစမ်းခန့်တပည့် တစ်ဦးသာ ဖြစ်သော်လည်း ယခုအခါ တပည့်ရင်း ဖြစ်လာမည် ဆိုသည်မှာ အဆင့်အတန်းချင်း များစွာ ကွာခြားလှပေသည်။

မဟာအကြီးအကဲ တစ်ဦး၏ တပည့်ရင်း ဆိုသည်မှာ အဆင့်အတန်းအရ အဓိကတပည့်များနှင့်ပင် ညီမျှပြီး ဂိုဏ်း၏ အဆင့်မြင့်ကျင့်စဉ်များစွာကို ကျင့်ကြံခံစားခွင့် ရရှိမှာ ဖြစ်သလို အခွင့်ထူးများစွာကိုလည်း ရရှိမှာ ဖြစ်ရာ သာမန်အတွင်းစည်းတပည့်တစ်ဦးအတွက်ဆိုလျှင် တစ်ရှိန်ထိုး အောင်မြင်မှု ရရှိသွားခြင်းပင် ဖြစ်၏။

ဤစကားကို ကြားရသည့်အခါ မဟာအကြီးအကဲ ရှီဟွမ်က အေးစက်စွာ လှောင်ရယ်လိုက်သည်။

“မင်ကျုံး... မင်းက အရင် နှစ်တွေတုန်းက တပည့်ထပ်မခေါ်တော့ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဘာလို့ စိတ်ပြောင်းသွားရတာလဲ...”

မဟာအကြီးအကဲ မင်ကျုံးက ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။

“ငါ တပည့် ခေါ်တာ၊ မခေါ်တာက မင်းနှင့် ဘာဆိုင်လို့လဲ...”

“ဟမ့်... နှမြောစရာကောင်းတာကတော့... သူက အခွင့်အရေး မရှိတော့တာပဲ...”

မဟာအကြီးအကဲ ရှီဟွမ်၏ မျက်နှာမှာ အေးစက်သွားခဲ့ပြီး သူ၏အကြည့်မှာ လော့ချန်ထံသို့ ကျရောက်သွားတော့သည်။

ဖုချန်လိ၏ စောစောက လက်သီးချက်မှာ သူ၏အစွမ်းအကုန်မှ ၅၀ သို့မဟုတ် ၆၀ ရာနှုန်းခန့်သာ ရှိသေးသဖြင့် လော့ချန် တားဆီးနိုင်ခြင်းမှာ ထူးခြားမှု မရှိပေ။ အကယ်၍ ဖုချန်လိသာ သူ၏စစ်မှန်သော အစွမ်းကို ထုတ်ဖော်လိုက်မည်ဆိုလျှင် လော့ချန်မှာ ကျိန်းသေပေါက် သေလိမ့်မည်ဟု မဟာအကြီးအကဲ ရှီဟွမ်က ယုံကြည်နေခြင်း ဖြစ်၏။

သိုင်းပြိုင်ကွင်းပေါ်တွင်မူ လော့ချန်သည် အခြားသူများ၏ ပြောဆိုချက်များကို ဂရုမစိုက်ဘဲ သူ၏ရင်ဘတ်ကို တစ်ချက် ငုံ့ကြည့်လိုက်ကာ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

“မဆိုးဘူး...”

သူသည် ဖုချန်လိကို ချီးကျူးနေခြင်း မဟုတ်ဘဲ သူ၏ ခံနိုင်ရည်စွမ်းအားကိုသာ ကျေနပ်နေခြင်း ဖြစ်၏။

သူ ပြန်လည် မတိုက်ခိုက်ဘဲ တောင့်ခံခဲ့ခြင်းမှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခဲ့မှုနှင့်အတူ ယင်းလီ၏ နှင်းခဲချီစွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို သန့်စင်ထားသဖြင့် သူ၏ခန္ဓာကိုယ်အင်အား မည်မျှအထိ သန်မာနေပြီလဲဆိုသည်ကို စမ်းသပ်လိုသောကြောင့် ဖြစ်၏။

ရလဒ်မှာ သူ့အား အလွန်ပင် ကျေနပ်စေခဲ့ပြီး ထင်ထားသည်ထက်ပင် သာလွန်နေတော့သည်။

ဖုချန်လိကဲ့သို့သော သန်မာသူတစ်ဦး ဖြစ်နေလျှင်ပင် သူ့အား အလွယ်တကူ ဒဏ်ရာရအောင် လုပ်ရန်မှာ မလွယ်ကူလှပေ။

မျက်လုံးများကို ပင့်ကြည့်လိုက်ပြီးနောက် လော့ချန်သည် ဖုချန်လိကို တည်ငြိမ်စွာ ဆိုလိုက်သည်။

“လက်သီးစွမ်းရည်က မဆိုးပါဘူး... ဒါပေမဲ့ ငါ့အတွက်တော့ အသုံးမဝင်ဘူး... ဓားဆွဲထုတ်လိုက်စမ်း... မင်းရဲ့ ဓားသိုင်းက ဘယ်လောက်အထိ ရှိလဲဆိုတာ ငါ မြင်ချင်သေးတယ်...”

ဖုချန်လိ၏ မျက်လုံးများမှာ နီမြန်းလာတော့သည်။ သူသည် အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး အနက် တစ်ဦးဖြစ်သော်လည်း သူ၏လက်သီးတစ်ချက်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ ပဲ ရှိသေးသော လော့ချန်အား ဒဏ်ရာပင် ရအောင် မလုပ်နိုင်ရုံတင်မကဘဲ တစ်ဖက်လူ၏ စိန်ခေါ်မှုကိုပါ ခံနေရသည်မှာ သူ မည်သို့မျှ လက်မခံနိုင်သော အမှန်တရားပင် ဖြစ်ရာ သူ၏စိတ်ထဲမှ ဒေါသများမှာ တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။

“ကောင်းပြီလေ... ဒါက မင်းကိုယ်တိုင် အသေခံချင်နေတာပဲ...”

“ချင်း...”

အေးစက်စွာ လှောင်ရယ်လိုက်ပြီးနောက် ဖုချန်လိ၏ ခါးမှ ရတနာဓားသည် တစ်ခဏချင်းမှာပင် အိမ်မှ ထွက်ပေါ်လာခဲ့ပြီး ကြမ်းတမ်းလှသော လေစီးကြောင်းတစ်ခုမှာ ဓားပုံစံအဖြစ် ပြောင်းလဲသွားကာ သူ၏ကိုယ်ပေါ်မှ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ပြင်းထန်လှသော ထက်မြက်လှသည့် အရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ဟိန်းဟောက်နေသော မြစ်ကြီးတစ်စင်းအလား သို့မဟုတ် တောက်လောင်နေသော မီးလျှံများအလား ရှိနေသဖြင့် ထိုနေရာရှိ လူတိုင်း၏ မျက်လုံးများကိုပင် ကျိန်းစပ်သွားစေတော့သည်။

“လော့ချန်... မင်း သေလို့ရပြီ...”

သူ၏ဓားဆန္ဒကို ထုတ်ဖော်လိုက်သည်နှင့် ဖုချန်လိ၏ ယုံကြည်မှုမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ၏ထက်မြက်လှသော အကြည့်ဖြင့် လော့ချန်ကို ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ အရေးမပါလှသော ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသည့်အလား ရှိနေတော့သည်။

၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်၏ ထောက်ပံ့မှုအောက်တွင် သူ၏ဓားစွမ်းအင်များမှာ မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်စွမ်း ရှိနေပြီဖြစ်ရာ လော့ချန်၏ ခန္ဓာကိုယ်မှာ မည်မျှပင် သန်မာပါစေ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ဖုချန်လိသည် သူဓားကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် လော့ချန်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သေဆုံးသွားမှာ သေချာသည်ဟု ယုံကြည်နေတော့သည်။

အခန်း ၆၁၀ ပြီးပါပြီ။

အခန်း ၆၁၁ - ဘယ်သူက ဘယ်သူ့ကို ဖိနှိပ်မှာလဲ

“ပိတ်ဆို့ကျင့်ကြံခဲ့တဲ့ လပိုင်းအတွင်းမှာ ဖုချန်လိရဲ့ ဓားဆန္ဒက ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုး ပြည့်စုံမှုအဆင့်ကို ရောက်သွားပြီပဲ...”

“အင်း... စောစောက ငါ့ရဲ့ စိတ်ထဲအထိ ထက်မြက်တဲ့ အရှိန်အဝါတစ်ခု တိုးဝင်လာပြီး တစ်ကိုယ်လုံး ကြက်သီးထသွားတာ... ငါ့ရဲ့ အထင်မှား မဟုတ်ဘူးပဲ...”

“၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ပါလား... ဒါဟာ ဓားဆန္ဒအစပျိုး နယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်းကို ရောက်သွားတာပဲ... ဒီအဆင့်ကို ရောက်တဲ့ ဓားသမားဟာ ဂိုဏ်းကြီးသုံးခုရဲ့ အတွင်းစည်းတပည့်တွေထဲမှာ ဆယ်ယောက်ထက် မပိုနိုင်ဘူး... စီနီယာဖုချန်လိ ကတော့ တကယ်ကို ချီးကျူးစရာပဲ...”

“ဓားဆန္ဒဟာ လေဟာနယ်ကို ဖြတ်တောက်နိုင်သလို မိစ္ဆာတွေကိုလည်း သုတ်သင်နိုင်တယ်... လော့ချန်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ ဓားဆန္ဒရဲ့ ထက်မြက်မှုကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး...”

ဖုချန်လိ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ဓားအရှိန်အဟုန်ကို ခံစားမိသည့်အခါ လူတိုင်းမှာ အံ့သြတကြား ဖြစ်သွားကြပြီး အားကျစိတ်များနှင့်အတူ သက်ပြင်းချမိကြတော့သည်။

နယ်ပယ်အဆင့် မြင့်တက်လာသည်နှင့်အမျှ ကျင့်ကြံဆင့် တိုးတက်ရန်မှာ ပိုမို ခက်ခဲလာသဖြင့် တိုက်ခိုက်မှုစွမ်းအား တိုးမြှင့်ရန်မှာ အခြားသော နည်းလမ်းများကိုသာ အားကိုးရတော့သည်။ မည်သူမဆို ဓားဆန္ဒ ကဲ့သို့သော စွမ်းအားမျိုးကို ရရှိရန် အိမ်မက်မက်ကြသည်မှာ သေချာလှပေသည်။

သို့သော်လည်း ဤကဲ့သို့သော စိတ္တဝိညာဉ်စွမ်းအားကို နားလည်သဘောပေါက်ရန်မှာ အလွန် ခက်ခဲလှပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ တစ်ရာတွင် တစ်ယောက်ပင် ပေါ်ထွက်ရန် မလွယ်ကူပေ။

ဖုချန်လိသည် ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး နေရာတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်းမှာ သူ ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေတော့သည်။

“ဟားဟား... အခုတော့ လော့ချန် သေမှာ သေချာသွားပြီ...”

“စီနီယာအစ်ကိုဖု သေချာပေါက် နိုင်မှာပဲ...”

ထိုနေရာရှိ မင်းသားတန်းတပည့်များမှာ ယုံကြည်မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုး ပြည့်စုံမှုအဆင့်၏ ထောက်ပံ့မှုအောက်တွင် လော့ချန်မှာ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်ဟု ယူဆလိုက်ကြသည်။

လေဟာနယ်အထက်တွင် အကြီးအကဲချင်းချိုင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“၇၀ ရာနှုန်းသော ဓားဆန္ဒ ပြည့်စုံမှုအဆင့်ဆိုတော့ အခြေအနေက နည်းနည်းတော့ မကောင်းဘူးပဲ...”

ဓားသမားအချင်းချင်း တိုက်ခိုက်ရာတွင် ဓားဆန္ဒအဆင့်မှာ များစွာ အကျိုးသက်ရောက်မှု ရှိလှပြီး အဆင့်ငယ်တစ်ခု ကွာခြားရုံမျှဖြင့် အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တော့သည်။

မဟာအကြီးအကဲ မင်သည် သူ၏ မုတ်ဆိတ်ရှည်ကို အသာအယာ သပ်လိုက်သည်။

“စိုးရိမ်စရာ မလိုပါဘူး...”

စကားမဆုံးသေးခင်မှာပင် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မဟာအကြီးအကဲ ရှီဟွမ်က အားရပါးရ ရယ်မောလျက် ဆိုလိုက်သည်။

“မင်ကျုံး... မင်းက အခုထိ မျှော်လင့်ချက် ရှိနေတုန်းပဲလား... ခုနစ်ရွက်မီးလျှံမြက်ပင်ကို အမြန်ဆုံး ထုတ်ပေးလိုက်စမ်းပါ...”

မဟာအကြီးအကဲ မင်၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။

“နောက်ဆုံးအချိန် မရောက်မချင်း ဘယ်သူက အစစ်အမှန် အနိုင်ရမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး... မင်းက အပျော်စောနေတာ မဟုတ်ဘူးလား...”

“ဒါဆိုရင်လည်း မင်း လက်ခံတဲ့အထိ စောင့်ကြည့်ရသေးတာပေါ့...”

မဟာအကြီးအကဲ ရှီဟွမ်သည် ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်သည်။

အကြီးအကဲချင်းချိုင်သည် မဟာအကြီးအကဲ မင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သိုင်းပြိုင်ကွင်းပေါ်ရှိ လော့ချန်ထံသို့ အကြည့်ကို လွှဲလိုက်ရာ သူမ၏ မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်နေတော့သည်။

သိုင်းပြိုင်ကွင်းပေါ်တွင်...

လော့ချန်သည် ဖုချန်လိကို အသေအချာ စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုး ပြည့်စုံမှုအဆင့်ပေါ့... ဒါဟာ မင်းရဲ့ ဝှက်ဖဲဆိုရင်တော့ မဆိုးပါဘူး... ငါ့ရဲ့ အစွမ်းကုန်ကို ထုတ်သုံးဖို့ အနည်းငယ်တော့ ထိုက်တန်သလိုရှိသွားပြီပဲ...”

‘မဆိုးပါဘူးတဲ့လား...’

ဤစကားကို ကြားရသည့်အခါ လူတိုင်းမှာ သက်ပြင်းချမိကြတော့သည်။

၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုး ပြည့်စုံမှုအဆင့် ကဲ့သို့သော ပြင်းထန်လှသည့် ဝှက်ဖဲသည် လော့ချန်၏ နှုတ်ဖျားတွင် မဆိုးပါဘူး ဆိုရုံမျှသာ ရှိသည်မဟုတ်ပါလော။

မည်မျှပင် မောက်မာပါစေ အတိုင်းအတာ တစ်ခုတော့ ရှိသင့်သည်ဟု လူတိုင်းက တွေးလိုက်မိသည်။

ဖုချန်လိသည်လည်း ဒေါသကြောင့် ရယ်မောမိသွားခဲ့ပြီး သူ၏ ကိုယ်ပေါ်မှ ဓားအရှိန်အဟုန်မှာ ပို၍ မြင့်တက်လာတော့သည်။ ရွှမ်ဟော်ချီကျင့်စဉ်၏ ပြင်းထန်လှသော အငွေ့အသက်များနှင့် ပေါင်းစပ်လိုက်သည့်အခါ သူသည် မီးလျှံများအတွင်းသို့ ရောက်ရှိနေသည့်အလား လေထဲသို့ ပျံတက်သွားခဲ့ပြီး မီးလျှံလှိုင်းလုံးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ တစ်ကွင်းလုံးကို လွှမ်းမိုးသွားတော့သည်။

မြင့်မားသော နေရာမှနေ၍ ဖုချန်လိသည် လော့ချန်ကို ငုံ့ကြည့်လိုက်ပြီး ကမ္ဘာပေါ်ရှိ ဘုရင်တစ်ပါးအလား မထီမဲ့မြင်ပြုလျက် အားရပါးရ ရယ်မောလိုက်သည်။

“သေခါနီးဖြစ်နေတာတောင် မောက်မာနေတုန်းပဲ... လော့ချန်... မင်းက ခန္ဓာသန့်စင်မှု အထွတ်အထိပ်အဆင့်ကို ရောက်နေပြီး ခန္ဓာကိုယ်အင်အား သန်မာနေရုံနဲ့၊ ငါ့ရဲ့ လက်သီးတစ်ချက်ကို တားဆီးနိုင်ရုံနဲ့ ငါ့ရှေ့မှာ လျှောက်ပြောလို့ရပြီလို့ မထင်လိုက်နဲ့...”

“ဓားသမားတစ်ယောက်ဟာ ဓားကို ဆွဲထုတ်လိုက်တဲ့ အချိန်ကျမှသာ တကယ့် တိုက်ခိုက်မှု စတင်တာပဲ... ဓားဆန္ဒကို နားလည်ထားတဲ့ ဓားသမားတွေအတွက်ဆိုရင် ပိုပြီးတော့တောင် မှန်သေးတာပေါ့...”

“၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုး ပြည့်စုံမှုအဆင့်ဆိုတာ ဘာကို ကိုယ်စားပြုသလဲဆိုတာ မင်း သိမှာ မဟုတ်ဘူး... ဒါဟာ ဓားဆန္ဒအစပျိုး နယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်းပဲ... အလယ်အလတ်အဆင့်နဲ့ဆိုရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာပဲ... ဒီအဆင့်ကို ကျော်ဖြတ်နိုင်တာနဲ့ စစ်မှန်တဲ့ ဓားဆန္ဒကို နားလည်ဖို့ အခွင့်အရေး ရပြီ... ဒါဟာ မင်း ဘယ်တော့မှ မရောက်နိုင်တဲ့ အမြင့်ပဲ...”

“မင်းက ငါ့ရှေ့မှာ ဖိနှိပ်ခံရဖို့ပဲ ရှိတယ်...”

ဖုချန်လိသည် အဆက်မပြတ် ရယ်မောလိုက်ပြီး လော့ချန်ကို အသေသတ်ရန် စောင့်နေသော သိုးငယ်တစ်ကောင်အလား သတ်မှတ်လိုက်သည်။ သူသည် လော့ချန်၏ စိတ်ပိုင်းဆိုင်ရာမှ ရုပ်ပိုင်းဆိုင်ရာအထိ တဖြည်းဖြည်းချင်း ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်ပြီးမှသာ သူ၏ စိတ်ထဲမှ ဒေါသများကို ဖျောက်ပစ်နိုင်လိမ့်မည် ဖြစ်၏။

လော့ချန်သည် တည်ငြိမ်စွာပင် ဆိုလိုက်သည်။

“ဘာနည်းလမ်းပဲရှိရှိ ထုတ်သုံးလိုက်ပါ... ငါက တစ်ခုချင်းစီကို ချေမှုန်းပြမယ်... မင်း နားလည်လာအောင် ငါ လုပ်ပြမှာပေါ့...”

“သေစမ်း... မီးလျှံအဆုံးသတ် ပိုင်းဖြတ်ခြင်း...”

ဖုချန်လိသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ချီစွမ်းအင်များကို လှုံ့ဆော်လျက် လော့ချန်ထံသို့ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။

“ဘုန်း...”

ကောင်းကင်ကြီးမှာ တောက်လောင်သွားသည့်အလား ရှိနေခဲ့ပြီး ရေတံခွန်ကြီးတစ်ခုအလား ပြင်းထန်လှသော မီးလျှံဓားချီများသည် ကောင်းကင်မှ ကျဆင်းလာတော့သည်။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း လောင်ကျွမ်းသွားခဲ့ပြီး လေဟာနယ်တစ်ခု ဖြစ်ပေါ်လာကာ လော့ချန်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။

“ချင်း...”

လေဟာနယ်အတွင်း၌ တောက်ပလှသော ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားသည်။

မည်သည့်အချိန်တွင် လော့ချန်၏ လျှပ်စီးဓားမှာ အိမ်မှ ထွက်လာသည်ကို မသိလိုက်ရဘဲ သူ၏ လက်ကောက်ဝတ်ကို အသာအယာ လှုပ်ယမ်းလိုက်ရာ ဓားမှာ လျှပ်စီးတစ်ခုအလား ပြောင်းလဲသွားပြီး မီးလျှံရေတံခွန်ဓားချီ၏ ထိပ်ဖျားကို တိကျစွာ ထိမှန်သွားတော့သည်။

ဘုန်းခနဲ အသံနှင့်အတူ မီးလျှံဓားချီမှာ လေလျှော့လိုက်သော ဘောလုံးတစ်ခုအလား ပြိုကွဲသွားခဲ့ပြီး မီးလျှံစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကာ သိုင်းပြိုင်ကွင်းပေါ်သို့ ကျရောက်သွားပြီး သိုင်းပြိုင်ကွင်းအား မည်းနက်နေသော အပေါက်ကြီးများ ဖြစ်ပေါ်သွားစေတော့သည်။

“ဟင်...”

ဖုချန်လိသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အံ့သြသော အမူအရာ ပေါ်ထွက်လာတော့သည်။ သူ၏ ဤဓားချက်မှာ အစွမ်းကုန် မဟုတ်သော်လည်း ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်၏ ထောက်ပံ့မှုကြောင့် အရှိန်အဝါမှာ သာမန်မဟုတ်ပေ။ လော့ချန်ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် သို့မဟုတ် သတ်ပစ်ရန်ပင် လုံလောက်သည်ဟု သူ ယူဆထားသော်လည်း ယခုမူ ဤမျှ လွယ်ကူစွာ ချေမှုန်းခံလိုက်ရသည်မှာ သူ၏ အားထုတ်မှု လုံးဝ မပါဝင်သည့်အလား ရှိနေတော့သည်။

“နောက်ထပ် တစ်ချက်လောက် ထပ်ပြီး ခံစားကြည့်စမ်း... မီးလျှံအမြန်ဆုံး ပိုင်းဖြတ်ခြင်း...”

“ရွှီ...”

ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်လိုက်သည့်အခါ ဖုချန်လိ၏ ကိုယ်ပေါ်မှ မီးလျှံများမှာ ပို၍ တောက်လောင်လာတော့သည်။ သူသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ဝှက်ဖဲဖြစ်သော တိုက်ကွက်တစ်ခုကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ မီးလျှံမျဉ်းတစ်ကြောင်းမှာ ဓားကိုယ်ထည်မှတစ်ဆင့် တိုက်ရိုက် ထိုးထွက်သွားတော့သည်။

ဤဓားချီမှာ အလွန်ပင် သိပ်သည်းလှပြီး ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကြောင့် မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်သော စွမ်းအား ရှိနေတော့သည်။ လေထုမှာလည်း တစ်ခဏချင်းမှာပင် ပေါက်ကွဲသွားခဲ့ပြီး မည်းနက်နေသော လေဟာနယ် အက်ကွဲရာမှာလည်း အဆက်မပြတ် တိုးဝင်သွားခဲ့ရာ အရှိန်မှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသလို ထက်မြက်မှုမှာလည်း အံ့သြစရာပင်။

လော့ချန်သည် လုံးဝ ဂရုမစိုက်ဘဲ သူ၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ လှုပ်ခတ်လာပြီး အကြည့်မှာလည်း ဓားအလင်းတန်းတစ်ခုအလား ထက်မြက်သွားကာ ကောင်းကင်ယံဓားစွမ်းရည်၏ ပဉ္စမမြောက်ဓားကွက်ကို တိုက်ရိုက် ထုတ်သုံးလိုက်တော့သည်။

“ကြယ်ကြွေခြင်း...”

“ဘုန်း...”

ဥက္ကာခဲကြီးတစ်ခုအလား ပြင်းထန်လှသော ဓားချီမှာ ဟိန်းဟောက်လျက် ထွက်ပေါ်လာခဲ့ပြီး မီးလျှံဓားချီကို ထိမှန်သွားတော့သည်။ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မီးလျှံဓားချီကို ချက်ချင်း ချေမှုန်းပစ်လိုက်ကာ ဖုချန်လိထံသို့ ဆက်လက် တိုးဝင်သွားတော့သည်။

“ပြိုကွဲစမ်း...”

ဖုချန်လိ၏ တုံ့ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှပြီး သူ၏ လျှာဖျားကို ကိုက်လိုက်ကာ ကိုယ်တွင်းရှိ ချီစွမ်းအင်များကို မီးတောင်ပေါက်ကွဲသကဲ့သို့ လှုံ့ဆော်လိုက်ပြီး လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးထုတ်လိုက်တော့သည်။

“ဘုန်း...”

မိုးကြိုးသံအလား ပြင်းထန်လှသော အသံကြီးနှင့်အတူ ဖုချန်လိ၏ ပုံရိပ်မှာ နောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားခဲ့ပြီး သူ၏ ဘယ်ဘက်လက်သီးပေါ်တွင် သွေးချင်းချင်းနီနေသော ဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာတော့သည်။

ဤမြင်ကွင်းကို မြင်ရသည့်အခါ ပတ်ဝန်းကျင်ရှိ အတွင်းစည်းတပည့်များရော၊ အတွင်းစည်းအကြီးအကဲများပါ မှင်တက်မိသွားကြတော့သည်။

“ဒါ ဘာဖြစ်သွားတာလဲ... ဖုချန်လိ ဒဏ်ရာရသွားတာလား...”

“ဓားနှစ်ချက်တည်းနဲ့ ဖုချန်လိကို ဒဏ်ရာရအောင် လုပ်လိုက်တာလား... ဒါဆိုရင် လော့ချန်က အရင်ကတည်းက အစွမ်းတွေကို ဖုံးကွယ်ထားပြီး အတည်အတံ့ မတိုက်ခဲ့တာပေါ့...”

“ဒါ တကယ်ကို အံ့သြစရာပဲ...”

လော့ချန်၏ ယခင်က ပြသခဲ့သော အစွမ်းများမှာ ထူးခြားလှသော်လည်း ယခုမြင်ကွင်းမှာ လူတိုင်းအတွက် ပို၍ ထိတ်လန့်စရာ ကောင်းလှပေသည်။

ဖုချန်လိသည် သာမန် ရွှမ်ဟယ်စာရင်းဝင် သန်မာသူ မဟုတ်ဘဲ ရွှမ်ဟယ်စာရင်းဝင် အဆင့် ၁၀ တွင် ရှိသော၊ အတွင်းစည်း ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် တစ်ဦးဖြစ်ကာ ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားသော ပါရမီရှင်၊ မဟာပါရမီရှင်ကြီး ဖြစ်သည်မဟုတ်ပါလော။

အမှန်အတိုင်း ပြောရလျှင် စောစောကအထိ ဖုချန်လိ၏ ဓားချက်ကို လော့ချန် တားဆီးနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ သို့သော်လည်း တိုက်ပွဲ စတင်လိုက်သည်နှင့် လော့ချန်သည် လူတိုင်း၏ ယူဆချက်ကို ချေဖျက်လိုက်ပြီး ဓားနှစ်ချက်တည်းဖြင့် ဖုချန်လိကို ဒဏ်ရာရအောင် လုပ်လိုက်တော့သည်။

အခြေအနေကို လက်မခံနိုင်ဆုံးသူမှာ ဖုချန်လိပင် ဖြစ်၏။ သူသည် သူ၏ ဘယ်ဘက်လက်ရှိ ဓားဒဏ်ရာကို တစ်ချက် ကြည့်လိုက်ပြီး လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲ၌ သွေးစများ ပြည့်နှက်နေတော့သည်။

“မင်း... မင်းရဲ့ ဓားဆန္ဒက...”

စောစောက တစ်ခဏအတွင်းမှာ သူ၏ ကိုယ်ပိုင်ဓားဆန္ဒမှာ အားနည်းသွားခဲ့ပြီး ဖိနှိပ်ခံလိုက်ရသည်ကို သူ ခံစားလိုက်ရသည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်၏။ လော့ချန်သည် သူ၏ မျက်ခုံးကို ပင့်လိုက်ပြီး သူ၏ မျက်ဝန်းထဲမှ ထက်မြက်လှသော အလင်းတန်းများ ဝင်းလက်လာကာ ဖုချန်လိထံသို့ တစ်လှမ်းချင်း လျှောက်သွားတော့သည်။

“မင်းပြောတာ တစ်ခုတော့ မှန်တယ်... ငါ့ရှေ့မှာ မင်းက ဖိနှိပ်ခံရဖို့ပဲ ရှိတယ်... မင်းရဲ့ ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုး ပြည့်စုံမှုအဆင့်က အရမ်း သန်မာတယ်လို့ ထင်နေတာလား... နှမြောစရာကောင်းတာကတော့ ငါ့ရှေ့မှာတော့ ဘာမှ မဟုတ်ဘူးပဲ... ဒီနေ့တော့ မင်းနဲ့ ငါ့ကြားက ကွာခြားချက် ဘယ်လောက်အထိ ကြီးမားသလဲဆိုတာကို ငါ ပြပေးရသေးတာပေါ့...”

စကားတစ်လုံးချင်းစီ ထွက်လာသည်နှင့်အမျှ လော့ချန်၏ အရှိန်အဟုန်မှာ အဆုံးမရှိသည့်အလား မြင့်တက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း တုန်ခါနေတော့သည်။

“ဘုန်း...”

ရုတ်တရက် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခုသည် လော့ချန်၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဝေဝါးလှသော စိတ်ဝိညာဉ်ဓားပုံရိပ်တစ်ခုအလား ပြောင်းလဲသွားကာ ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် ဖောက်ထွက်သွားခဲ့ပြီး သိုင်းပြိုင်ကွင်းကို ကာကွယ်ထားသော အလင်းကွင်းမှာလည်း လိုက်ပါ တုန်ခါသွားတော့သည်။

ဤအခိုက်အတန့်တွင် ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်သည် အလုံးစုံ ပေါက်ကွဲထွက်ပေါ်လာတော့၏။

အခန်း ၆၁၁ ပြီးပါပြီ။

အခန်း ၆၁၂ - ဓားဆန္ဒအစပျိုးအဆင့်မြင့်ဓားသမား၏ အင်အား

“ဒါ... ဒါက...”

၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့် အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာသည်နှင့်အတူ ကွင်းအတွင်းရှိ လူအများအပြားမှာ အံ့အားသင့်လွန်းသဖြင့် နေရာမှ ထရပ်လိုက်ကြတော့သည်။

ဤအခိုက်အတန့်တွင် လော့ချန်ပေးစွမ်းသည့် ခံစားချက်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သူသည် အိမ်မှ ထွက်ပေါ်လာပြီး လောကကြီးကို နှစ်ပိုင်း ပိုင်းဖြတ်ပစ်တော့မည့် ထူးခြားလှသော ရတနာလက်နက်တစ်ခုအလား ရှိနေတော့သည်။

တပည့်အချို့၏ ဓားများမှာပင် ထို တိုးမြင့်လာသောဓားဆန္ဒ၏ ရိုက်ခတ်မှုကြောင့် တုန်ခါလျက် အသံများ ထွက်ပေါ်လာတော့၏။

“ဟာ... ဓားဆန္ဒက ပုံသဏ္ဌာန်တစ်ခုအဖြစ် စတင်ပေါ်ထွက်လာနေပြီပဲ... ဒါက ဝေဝါးတဲ့အရာ မဟုတ်တော့ဘူး... ဒါက ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ပဲ... ငါ ကြည့်တာ မမှားဘူးမလား...”

အတွင်းစည်း အကြီးအကဲတစ်ဦး၏ မျက်ဝန်းများမှာ တောက်ပလာခဲ့ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်တော့သည်။ အခြားသော ဓားသမား အတွင်းစည်း အကြီးအကဲတစ်ဦးက ခေါင်းညိတ်လျက် ဆိုလိုက်သည်။

“မှန်တယ်... ဒါက တကယ်ပဲ ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ပဲ... လော့ချန်က ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး ဓားဆန္ဒအစပျိုး အဆင့်မြင့်ဓားသမား တစ်ဦး ဖြစ်လာတာပဲ... မဟာသန်မာသူအဆင့် ဓားသမားတွေထဲမှာတောင် ဒီလိုအောင်မြင်မှုမျိုး ရတဲ့သူက အလွန်နည်းတယ်...”

ထိုသူနှစ်ဦး၏ အသံများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ငြိမ်သက်နေသော ရေကန်မျက်နှာပြင်ထဲသို့ ဧရာမကျောက်တုံးကြီးနှစ်တုံး ပစ်ချလိုက်သည့်အလား ရှိနေတော့သည်။

အတွင်းစည်း သိုင်းပြိုင်ကွင်းတစ်ခုလုံးတွင် တစ်ခဏချင်းမှာပင် ဆူညံသံများ ဟိန်းထွက်သွားတော့သည်။

“ဘုရားရေ... ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ပါလား... ငါသိထားသလောက်ဆိုရင် ဂိုဏ်းကြီးသုံးခုစလုံးရဲ့ အတွင်းစည်းမှာ လျှပ်ယွမ်ဂိုဏ်းအတွင်းစည်း စီနီယာအစ်ကိုကြီး ယွမ်ထျန်ယန် တစ်ဦးတည်းသာ ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို ရောက်တာလေ...”

“ယွမ်ထျန်ယန်က ဂိုဏ်းကြီးသုံးခုရဲ့ မျိုးဆက်သစ်တွေထဲမှာ တကယ့်ဘုရင်ပဲလေ... သူက ဂိုဏ်းကြီးသုံးခုထဲမှာ တကယ့်ဓားဆန္ဒကို နားလည်ဖို့ မျှော်လင့်ချက်အရှိဆုံး အတွင်းစည်းတပည့်လို့ သတင်းကြီးနေတာ... လော့ချန်ရဲ့ပါရမီက ယွမ်ထျန်ယန်လို ထူးချွန်တဲ့သူမျိုးနဲ့ ရင်ပေါင်တန်းနိုင်နေပြီလား...”

“ဒါက တကယ်ကို လွန်လွန်းတယ်... မယုံနိုင်စရာပဲ...”

ထိုနေရာရှိ အတွင်းစည်းတပည့်တိုင်း၏ စိတ်ထဲတွင် ပြင်းထန်လှသော ရိုက်ခတ်မှုများ ဖြစ်ပေါ်နေတော့သည်။

အံ့သြမှုများသာမက အားကျစိတ်များ၊ မနာလိုစိတ်များဖြင့် ရူးသွပ်မတတ် ဖြစ်နေကြပြီး အချို့မှာမူ ကြောက်ရွံ့လျက် ကျိန်ဆဲနေကြတော့သည်။ မနာလိုစိတ်ဖြင့် ရူးသွပ်နေသူများမှာ ပါရမီအသင့်အတင့်ရှိသော အတွင်းစည်းတပည့်များပင် ဖြစ်၏။

သူတို့နိုးကြားထားသော သိုင်းဝိညာဉ်များမှာ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်သိုင်းဝိညာဉ်များ ဖြစ်ကြပြီး ပါရမီအရဆိုလျှင် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသော လော့ချန်ထက် အဆပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းမက သာလွန်ကြပေသည်။ ယခင်က သူတို့သည် လော့ချန်ကို မထီမဲ့မြင်ပြုခဲ့ကြပြီး အသုံးမကျသူ တစ်ဦးအဖြစ်သာ မှတ်ယူထားခဲ့ကြသည်။

သို့သော်လည်း တစ်နေ့သောအခါတွင် သူတို့မျက်စိထဲ၌ အသုံးမကျသူဟု ထင်ထားသော ထိုသူသည် သူတို့ခေါင်းပေါ်သို့ တက်လှမ်းသွားရုံတင်မကဘဲ ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကိုပင် နားလည်ထားကာ သူတို့ဘယ်တော့မှ မမှီနိုင်သော အောင်မြင်မှုများကို ရရှိသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ကျိန်ဆဲနေကြသော တပည့်များမှာမူ လော့ချန်နှင့် ပြဿနာဖြစ်ဖူးသည့် မင်းသားတန်းအဖွဲ့ဝင်များပင် ဖြစ်ကြ၏။

ယခုအခါ သူတို့ ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ဟူသည့် လျှို့ဝှက်ချက်မှာ အလွန်ပင် အစွမ်းထက်လှပေသည်။ ဖုချန်လိသည် လော့ချန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်ချက် မထားဝံ့တော့ပေ။

လော့ချန်သာ ဤတိုက်ပွဲတွင် အနိုင်ရသွားပါက သူသည် ထိပ်သီးမျိုးဆက်တပည့် ဖြစ်လာမှာ ဖြစ်သလို မဟာအကြီးအကဲ မင်၏ တပည့်ရင်းလည်း ဖြစ်လာမှာ ဖြစ်ရာ အတွင်းစည်းတပည့်အချို့ကို လက်စားချေရန်မှာ အလွန်လွယ်ကူလှပေသည်။

သူတို့မှာ အဋ္ဌမမင်းသား ကျင်းမင်ကဲ့သို့ နောက်ခံအင်အား မရှိကြပေ။

“ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ပြည့်စုံမှုနယ်ပယ်ကို နားလည်တာကတော့ ဓားလမ်းစဉ်မှာ နှစ်တစ်ရာမှာ တစ်ယောက်ပေါ်တဲ့ ပါရမီရှင်ပဲ...”

အကြီးအကဲချင်းချိုင်၏ မျက်ဝန်းများမှာ တောက်ပနေတော့သည်။ မဟာအကြီးအကဲ မင်၏ ဖြစ်လေ့ဖြစ်ထရှိသော အမူအရာကို မြင်ရသည့်အခါ သူမက ချိုသာစွာ ပြုံးလျက် ဆိုလိုက်သည်။

“ရှင်က ကြိုသိနေတာကိုး... ဒါကြောင့်လည်း ခုနစ်ရွက်မီးလျှံမြက်ပင်ကို လောင်းကြေးထပ်ဝံ့ပြီး ဒီလောက်အထိ တည်ငြိမ်နေတာပေါ့...”

“ဟဲဟဲ... ငါလည်း သိတာ မကြာသေးပါဘူး... ဒါပေမဲ့ လော့ချန်ရဲ့ဓားဆန္ဒက ငါထင်ထားတာထက် ပိုပြီးတော့တောင် သန်မာနေသေးတယ်...”

မဟာအကြီးအကဲ မင်သည် အားရပါးရ ရယ်မောလိုက်ပြီး မဟာအကြီးအကဲ ရှီဟွမ်ကို လှမ်းကြည့်လိုက်သည်။

“ဘယ်လိုလဲ... ရှီဟွမ်... မင်းက ငါ့ရဲ့ခုနစ်ရွက်မီးလျှံမြက်ပင်ကို လိုချင်နေတာဆိုတော့ အခွင့်အရေး မရှိတော့ဘူး ထင်တယ်... မင်းရဲ့မိုးကြိုးမီးလျှံရွှေကျောက်ကိုတော့ ငါကပဲ ယူလိုက်တော့မယ်နော်...”

မဟာအကြီးအကဲ ရှီဟွမ်သည် လက်ကို တင်းတင်းဆုပ်ထားခဲ့ပြီး မျက်နှာမှာ အလွန်ပင် ညိုမှောင်နေကာ ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်သည်။

“မသေချာသေးပါဘူး... လော့ချန်က ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပေမဲ့ သူနိုးကြားထားတာက အသုံးမကျတဲ့သိုင်းဝိညာဉ်ပဲလေ... ဒါက သူ့ရဲ့ အားနည်းချက်ပဲ... ဖုချန်လိကတော့ ကြယ်ကိုးပွင့်အဆင့် မီးလျှံသိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ ရွှမ်ဟော်ချီကျင့်စဉ်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်... ကျင့်ကြံဆင့် ကွာခြားချက်တွေနဲ့ ပေါင်းစပ်လိုက်ရင် ဖုချန်လိကပဲ အနိုင်ရဖို့ အခွင့်အရေး ပိုများနေတုန်းပဲ...”

“ဟဲဟဲ... ရွှမ်ဟော်ချီကျင့်စဉ်က တကယ်သန်မာပေမဲ့ ဖုချန်လိက အခုမှ စတင်အဆင့်ကိုပဲ ရောက်သေးတာလေ... ဘယ်လောက်အထိ ထူးခြားမှုကို ထုတ်ပြနိုင်မှာလဲ...”

မဟာအကြီးအကဲ မင်သည် တည်ငြိမ်စွာဖြင့် ခေါင်းခါယမ်းလျက် ဆက်ပြောလိုက်သည်။

“မင်း မမေ့နဲ့ဦး... သူတို့နှစ်ယောက်လုံးက ဓားသမားတွေပဲ... လော့ချန်ရဲ့ ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်က ဖုချန်လိရဲ့ဓားဆန္ဒကို အပြတ်အသတ် ဖိနှိပ်ထားမှာပဲ... လော့ချန်ရဲ့ ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်က သာမန်မဟုတ်တာကိုလည်း မင်း မြင်နိုင်မှာပါ... ခန့်မှန်းရရင် ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ရဲ့ အလယ်အလတ်နယ်ပယ်ကို ရောက်နေပြီ... ဖုချန်လိမှာ ဘာနိုင်ကွက် ရှိသေးလို့လဲ...”

မဟာအကြီးအကဲ ရှီဟွမ်၏ နှုတ်ခမ်းများမှာ တုန်ခါသွားတော့သည်။ သူသည်လည်း ဤအချက်များကို သိရှိသော်လည်း နောက်ဆုတ်ရန် အစီအစဉ် မရှိတော့ပေ။ ယခုအချိန်တွင် ဖုချန်လိ၏ ပိတ်ဆို့ကျင့်ကြံမှုမှ ရရှိလာသော ထူးခြားမှုများကိုသာ မျှော်လင့်နေရတော့သည်။

“ဒါဆိုရင်လည်း စောင့်ကြည့်ကြတာပေါ့...”

မဟာအကြီးအကဲ ရှီဟွမ်သည် လက်ချောင်းများကို တင်းတင်းဆုပ်ထားခဲ့ပြီး သူ၏အကြည့်မှာ အလွန်ပင် ထက်မြက်လှကာ သိုင်းပြိုင်ကွင်းပေါ်ရှိ လော့ချန်ကို ဖောက်ထွက်တော့မည့်အလား စိုက်ကြည့်နေတော့သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါ မဖြစ်နိုင်တာ... သူက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျသူ တစ်ဦးပဲလေ... ဘာလို့ ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ပြီး ဓားဆန္ဒအစပျိုးအဆင့်မြင့်ဓားသမား ဖြစ်လာရတာလဲ... သူက ဘာမို့လို့ ဒီလိုအဆင့်မျိုးကို ရောက်ရတာလဲ...”

ဤအခိုက်အတန့်တွင် စိတ်ထဲ၌ ရူးသွပ်မတတ် ဖြစ်နေသူမှာ သိုင်းပြိုင်ကွင်းပေါ်ရှိ ဖုချန်လိပင် ဖြစ်၏။

သူ၏မျက်နှာမှာ ဖြူလျော်သွားခဲ့ပြီး ဓားကို ကိုင်ထားသော ညာဘက်လက်မှာလည်း သွေးကြောများ ဖောင်းတက်နေကာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေတော့သည်။

သူသည် ဓားဆန္ဒအစပျိုးအဆင့်၏ အထက်ပိုင်းနယ်ပယ်ကို နားလည်ထားခြင်းအတွက် အစဉ်အမြဲ ဂုဏ်ယူခဲ့ပြီး သူ၏ပန်းတိုင်မှာ ၈၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ကို အမြန်ဆုံး နားလည်ရန်နှင့် ရွှမ်ဟယ်စာရင်း အဆင့် ၂ တွင် ရှိသော ချီယွီကို အနိုင်ယူပြီး အတွင်းစည်း၏ ပထမဆုံးသော ဓားသမား ဖြစ်လာရန် ဖြစ်၏။

သို့သော်လည်း သူ၏ဓားဆန္ဒမှာ ၇၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့် ပြည့်စုံမှုနယ်ပယ်သို့ ရောက်ရှိနေပြီး ၈၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်နှင့် နီးစပ်လေလေ ဤအဆင့်ကို တက်လှမ်းရန် မည်မျှ ခက်ခဲသည်ကို သူ ပိုသိလေလေ ဖြစ်၏။

လော့ချန်က ရုတ်တရက်ကြီး ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို ထုတ်ဖော်လိုက်ခြင်းမှာ သူ၏စိတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်၏။

အသုံးမကျသူ တစ်ဦးက သူ မမှီနိုင်သော အရာတစ်ခုကို ပိုင်ဆိုင်ထားသည်မှာ...

ဘာကြောင့်လဲ...

ဘာကြောင့်လဲ...

တစ်လှမ်းချင်း လျှောက်လှမ်းလာသော လော့ချန်ကို ကြည့်လျက် အထူးသဖြင့် လော့ချန်၏ အထက်စီးဆန်သော အကြည့်များကြောင့် ဖုချန်လိ၏ စိတ်ထဲတွင် ဒေါသများမှာ တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာပြီး မနာလိုမှုနှင့် မကျေနပ်မှုများမှာလည်း တိုးပွားလာတော့သည်။

“လော့ချန်... ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ရုံနဲ့ အနိုင်ရပြီလို့ မထင်လိုက်နဲ့... ဓားလမ်းစဉ်နယ်ပယ်ကလွဲရင် ငါက ကျင့်ကြံဆင့်ရော သိုင်းဝိညာဉ်ရော မင်းထက် အပြတ်အသတ် သာလွန်တယ်... ဒီနေ့ မင်း သေမှာ သေချာတယ်...”

“ဘုန်း...”

စကားအဆုံးတွင် ဖုချန်လိ၏ နောက်ကွယ်၌ ကြယ်ကိုးပွင့်နှင့်အတူ တောက်ပနေသော မီးလျှံသိုင်းဝိညာဉ် ပေါ်ထွက်လာတော့သည်။ ပြင်းထန်လှသော မီးလျှံစီးကြောင်းများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး သူ၏ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာလည်း တစ်ခဏချင်းမှာပင် မီးလောင်ကျွမ်းသွားသကဲ့သို့ ဖြစ်ပေါ်လာကာ သူတစ်ကိုယ်လုံးမှာ မီးလျှံစစ်နတ်ဘုရားတစ်ပါးအလား ရှိနေတော့သည်။

“သေစမ်း... မီးလျှံမြွေ ချေမှုန်းခြင်း...”

သူသည် ဟိန်းဟောက်လိုက်ပြီးနောက် ဓားကို ဆွဲထုတ်လိုက်ရာ မီးလျှံအငွေ့အသက်များ ဖုံးလွှမ်းနေသော ရတနာဓားသည် လေဟာနယ်ကို ဖောက်ထွက်လျက် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

“ဘုန်း...”

ထိုအသံနှင့်အတူ မီးလျှံအလင်းတန်းများ ပိုမိုတောက်ပလာခဲ့ပြီး ဓားချီမှတစ်ဆင့် ဧရာမမီးလျှံမြွေကြီးတစ်ကောင် လျင်မြန်စွာ ပေါ်ထွက်လာလေသည်။

မြွေကြီးမှာ အလျား မီတာ ၁၀၀ ခန့် ရှည်လျားပြီး ဦးခေါင်းမှာလည်း ကြီးမားလှကာ မျက်လုံးများမှာ နေမင်းကြီးနှစ်စင်းအလား တောက်ပနေတော့သည်။ ၎င်းမှာ လော့ချန်ထံသို့ တိုးဝင်သွားခဲ့ပြီး လမ်းကြောင်းပေါ်ရှိ သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်တန်းသန်မာသူတစ်ဦး၏ ကာကွယ်မှုနှင့် ညီမျှသော သိုင်းပြိုင်ကွင်းမှာလည်း အဆက်မပြတ် ပြိုလဲကျိုးအက်သွားခဲ့ပြီး လေထုမှာလည်း တစ်စစီ ပျက်စီးသွားကာ ကမ္ဘာပျက်တော့မည့် မြင်ကွင်းအလား ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“ငါ့ရဲ့ ဓားသုံးချက်ကို မသေဘဲ တောင့်ခံနိုင်ရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်...”

လော့ချန်သည် မီးလျှံမြွေဓားချီကို ဂရုမစိုက်ဘဲ ပြင်းထန်လှသော ဓားအရှိန်အဟုန်ကို ထုတ်ဖော်လိုက်ကာ ဓားတစ်ချက်ကို အသာအယာ ဝေ့ယမ်းလိုက်တော့သည်။

ဤဓားချက်မှာ တည်ငြိမ်အေးဆေးလှပြီး သူတစ်ကိုယ်လုံးမှာ တိမ်တိုက်တစ်ခု သို့မဟုတ် လေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား ရှိနေတော့သည်။

“နတ်ဆိုးမုန်တိုင်း...”

“ရွှီ...”

မရေမတွက်နိုင်သော ဓားချီများမှာ အပြန်အလှန် စီးဆင်းသွားခဲ့ပြီး လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲကာ တိုးထွက်သွားတော့သည်။ မီးလျှံမြွေဓားချီမှာ တစ်ခဏချင်းမှာပင် တားဆီးခံလိုက်ရပြီး ဦးခေါင်းမှာလည်း တစ်စစီ ကြေမွသွားခဲ့ကာ ကိုယ်ထည်မှာလည်း မီးလျှံများအလား ကောင်းကင်ယံမှ ကြွေကျလာတော့သည်။

“မကောင်းတော့ဘူး...”

ဖုချန်လိသည် သူ၏တိုက်စစ်ကွက်မှာ ဤမျှလွယ်ကူစွာ ချေဖျက်ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အံ့သြတုန်လှုပ်သွားခဲ့ပြီး ရွှမ်ဟော်ချီကျင့်စဉ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်တော့သည်။

“မီးလျှံဒိုင်း...”

“ဝုန်း...”

တောက်ပလှသော မီးလျှံများ စုစည်းသွားခဲ့ပြီး ဖုချန်လိ၏ ရှေ့မှောက်တွင် မီးလျှံနံရံတစ်ခုအလား အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအကာအကွယ်မှာ ကြည်လင်တောက်ပနေပြီး မျက်နှာပြင်ပေါ်တွင် မီးလျှံများ တောက်လောင်နေသဖြင့် အလွန်ပင် သိပ်သည်းလှပေသည်။

တစ်ချိန်တည်းမှာပင် အနည်းငယ် သေးငယ်သွားသော ဓားချီလေဆင်နှာမောင်းမှာ ရောက်ရှိလာတော့သည်။

“ဘုန်း...”

၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့် ပါဝင်နေသော ဓားချီမှာ အလွန်ပင် ထက်မြက်လှသဖြင့် မီးလျှံအကာအကွယ်မှာ တစ်ခဏချင်းမှာပင် ပျက်စီးသွားတော့သည်။

“ဖူး...”

ဖုချန်လိသည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူ၏ခန္ဓာကိုယ်မှာ မီတာ ဆယ်ဂဏန်းခန့် အမြင့်သို့ လွင့်တက်သွားခဲ့ပြီး ဥက္ကာခဲတစ်ခုအလား နောက်သို့ လွင့်ထွက်သွားကာ သွေးများလည်း အဆက်မပြတ် အန်ထုတ်လိုက်ရတော့သည်။

အခန်း ၆၁၂ ပြီးပါပြီ။

All Chapters