← Chapters

ဧကရီ စွန်းယောင်ချင်း

Vol. 23 Ch. 342

ဧကရီ စွန်းယောင်ချင်း

Vol. 23 Ch. 342

သို့သော်လည်း

"ခဏစောင့်ပါဦး”

ပြတ်သားပြီး အရေးတကြီး တောင်းဆိုလိုက်သော အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြတ်တောက်သွားသည်။

ဒုတိယမင်းသားသည် ရှေ့သို့ တစ်လှမ်းတက်လာခဲ့ပြီး သူ၏ဝတ်ရုံများမှာ အစောပိုင်းက အရိုက်ခံထားရမှုကြောင့် စုတ်ပြဲကာ မီးဟပ်ထားသော အရာများ ထင်ကျန်နေဆဲပင်။

သူသည် မျက်နှာဖြူဖျော့နေသော်လည်း အတင်းအကြပ် ပြုံးလိုက်၏

"သခင်ကြီး ပိုင်ကျီဟန်" လက်အုပ်ချီ၍ အလေးအနက် ဂါရဝပြုလိုက်သည်။ "သခင်ကြီးလို အစွမ်းထက်တဲ့သူက မျိုးနွယ်စုတစ်ခုတည်းကိုပဲ ဦးဆောင်နေဖို့ မသင့်ပါဘူး။ ကျွန်တော် သခင်ကြီးရဲ့ လက်အောက်မှာ အမှုထမ်းပါရစေ—မဟုတ်သေးပါဘူး၊ သခင်ကြီးကိုယ်စား ကြယ်ကြွေအင်ပါယာကို စီမံခန့်ခွဲပေးဖို့ ကျွန်တော် ကူညီပါရစေ”

သူသည် ကြောက်ရွံ့ခြင်းထက် စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသော အသံဖြင့် အားတက်သရော ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုစကားလုံးများသည် ဧကရာဇ်၏ ရင်ဘတ်ကို ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံလိုက်ရသကဲ့သို့ပင်။

ဧကရာဇ်၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားပြီး သူ၏ ချီများမှာလည်း တုန်လှုပ်နေကာ မိမိ၏ သားအရင်းကို စိုက်ကြည့်နေပေ၏

"မင်း... ဒီကောင်” သူသည် သွေးများထွေးထုတ်ရင်း ဟိန်းဟောက်လိုက်သည်။ "အခုထိတောင် မင်းက ထီးနန်းကို မက်မောနေတုန်းလား”

ဒုတိယမင်းသားက သူ့ကို လျစ်လျူရှုထားလိုက်ကာ သူ၏မျက်လုံးများထဲတွင် ယဉ်ကျေးမှုနောက်ကွယ်၌ ဖုံးကွယ်မထားတော့သော လောဘရိပ်များ တောက်ပနေသည်။

ဧကရာဇ် ထပ်မံပေါက်ကွဲရန် ပြင်နေစဉ်မှာပင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

"သခင်ကြီး ပိုင်ကျီဟန်”

ပဉ္စမမင်းသားမှာလည်း ယိုင်တိုင်တိုင်ဖြင့် ရှေ့သို့ တက်လာကာ သူ၏မျက်နှာသည် အစောပိုင်းက အရိုက်ခံထားရသဖြင့် ဖူးရောင်နေဆဲဖြစ်ပြီး ဝတ်စုံမှာလည်း စုတ်ပြတ်နေသည့်တိုင် သူ၏လေသံမှာမူ ပြတ်သားလှသည်။

"ကျွန်တော်... ကျွန်တော်လည်း သခင်ကြီးကို အမှုထမ်းဖို့ အသင့်ပါပဲ။ အကယ်၍ သခင်ကြီးက ဒီအင်ပါယာကို အုပ်ချုပ်ချင်တယ်ဆိုရင် ကျွန်တော် အမိန့်တိုင်းကို နာခံပါ့မယ်။ ကျွန်တော့်ကို အစေခံတစ်ယောက်အဖြစ်ပဲ ထားမယ်ဆိုရင်တောင်... ကျွန်တော် မညည်းညူပါဘူး”

သူ၏ စကားလုံးများသည် တစ်ဝက်က အသည်းအသန်ဖြစ်နေပြီး ကျန်တစ်ဝက်ကမူ ရည်မှန်းချက်ကြီးမားနေခြင်း ဖြစ်သည်။

တစ်ချိန်သည် သွေးချောင်းစီးလောက်အောင် အားပြိုင်ခဲ့ကြသော ပြိုင်ဘက်မင်းသားနှစ်ပါးသည် ယခုအခါ ဤပြည်ထောင်၏ တကယ့်

ဧကရာဇ်အစစ်အမှန်အလားပင် ပိုင်ကျီဟန်၏ ရှေ့မှောက်တွင် ဘေးချင်းယှဉ်လျက် ဦးညွှတ်နေကြသည်။

သူတို့၏ အတွေးက ရိုးရှင်းပါသည်။ ထီးနန်းသည် ရုပ်သေးရုပ်ထိုင်ခုံတစ်ခုမျှသာ ဖြစ်သွားဦးတော့၊ ၎င်းသည် ထီးနန်းပင် ဖြစ်သည်။

လူတစ်ယောက်၏ အောက်တွင်ရှိသော်လည်း သန်းချီ ပြည်သူများ၏ အထက်တွင် ရှိနေခြင်းကြောင့် ထိုရာထူးကို သူတို့ မည်သို့လျှင် မမက်မောဘဲ နေနိုင်မည်နည်း။

အနည်းငယ် လှည့်ကြည့်လိုက်ရာ သူ၏အကြည့်သည် မင်းသားနှစ်ပါးအပေါ်သို့ ကျရောက်သွားသည်။

ခေတ္တမျှအထိ သူတို့နှစ်ဦးလုံးသည် ပိုင်ကျီဟန် ဘာတွေးနေသည်ကို ခန့်မှန်း၍ မရခဲ့ကြပေ။ ထို့နောက်—

သူသည် ရယ်မောလိုက်သည်။

ပျော်ရွှင်မှုမပါသော ရယ်သံက လေထုကို ပိုမိုလေးလံသွားစေသည်။

"စိတ်ဝင်စားစရာပဲ" သူ၏လေသံမှာ တည်ငြိမ်သော်လည်း စကားလုံးတိုင်းသည် သူတို့၏ နှလုံးသားကို ခွဲစိပ်နေသကဲ့သို့ပင်။

"မင်းတို့နှစ်ယောက်လုံး အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ကြတာတောင်မှ အဲဒီထိုင်ခုံပေါ်မှာ ထိုင်ဖို့ အိပ်မက်မက်နေကြတုန်းပဲပေါ့"

သူတို့နှစ်ဦး မည်မျှအထိ အသည်းအသန်ဖြစ်နေသည်ကို ကြည့်ပြီး သူ တကယ်ပင် ရယ်ချင်လာမိသည်။

ပိုင်ကျီဟန်သည် ကြယ်ကြွေအင်ပါယာသို့မဟုတ် ထိုထီးနန်းပေါ်တွင် မည်သူထိုင်မည်ကို အမှန်တကယ် စိတ်မဝင်စားပေ။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ အင်အားနည်းသော အင်ပါယာတစ်ခုသာဖြစ်ပြီး ၎င်းပိုင်ဆိုင်သော အရင်းအမြစ်များမှာလည်း ပိုင်မျိုးနွယ်စုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

သို့သော်လည်း ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်လိုက်ခြင်းမှာလည်း နှမြောစရာပင်။

ထို့အပြင် ချုန်ရှန်းကို စောင့်ကြည့်ရန် လိုအပ်သကဲ့သို့ အကြီးအကဲ ရှူဟိုင်ပြန်လာခဲ့လျှင်လည်း သိရှိနိုင်ရန် လိုအပ်သည်။

သို့သော် ဤကဲ့သို့သော မစွမ်းဆောင်နိုင်သည့် လူမျိုးများကို ထိုကိစ္စအား အပ်နှံရန် ရည်ရွယ်ချက်မရှိပေ။ အချိန်တန်လျှင် သူတို့သည် သူ့အား သစ္စာဖောက်ပြီး အခြားတစ်ယောက်ထံ အမှုထမ်းကြမည့်သူများ ဖြစ်သည်။

သူ၏မျက်လုံးများသည် မင်းသမီး စွန်းယောင်ချင်းဆီသို့ ဖြည်းဖြည်းချင်း ကျရောက်သွားသည်။

"မင်းသမီး... မင်း ဧကရီဖြစ်ချင်လား"

မင်းသမီး စွန်းယောင်ချင်း တိတ်ဆိတ်သွားသည်။

ထိုစကားလုံးများသည် ပျောက်ကွယ်သွားခြင်းမရှိသော မိုးကြိုးသံကဲ့သို့ လေထုထဲတွင် ပျံ့လွင့်နေသည်။

ခေတ္တမျှအတွင်း တိုက်ခတ်နေသော လေပြေများပင် တုံ့ဆိုင်းသွားပုံရသည်။

သူမသည် သူမတို့၏ စစ်တပ်ကို ချေမှုန်းခဲ့ကာ ဂုဏ်သိက္ခာကို နင်းခြေခဲ့ပြီး တော်ဝင်နန်းတော်ကို အုတ်ကျိုးအုတ်ပဲ့နှင့် ပြာပုံအဖြစ် ပြောင်းလဲပစ်ခဲ့သော ပိုင်ကျီဟန်ကိုကြည့်ရန် အကြည့်ကို ဖြည်းဖြည်းချင်း မြှင့်လိုက်သည်။

သို့သော်ငြားလည်း သူမ ရန်ငြိုးမထားမိပေ။

သူမ မည်သို့ ရန်ငြိုးထားနိုင်မည်နည်း။

အကယ်၍ ကြယ်ကြွေအင်ပါယာသည် သူ့ကို အရင်မနှောင့်ယှက်ခဲ့လျှင်၊အကယ်၍ ဒုတိယမင်းသား၊ သူမ၏ခမည်းတော်နှင့် နန်းတွင်းမှလူများက ထိုမျှလောက် မောက်မာစွာ မပြုမူခဲ့ကြလျှင် ဤအရာများမှာ ဖြစ်လာစရာ အကြောင်းမရှိပေ။

အမှန်စင်စစ် သူမသာ ပိုင်ကျီဟန် ဖြစ်ခဲ့လျှင် သူ့ကို လာရောက် မနှောင့်ယှက်ခဲ့လျှင်ပင် ဘာမှ ထူးခြားလာမည် မဟုတ်ကြောင်း သဘောပေါက်လိမ့်မည်။

သူတို့နှင့် လမ်းကြောင်း မဆုံခဲ့လျှင်ပင် ပိုင်ကျီဟန်သည် တစ်ချိန်ချိန်တွင် ရောက်လာမည်သာ ဖြစ်သည်။ သူ၏ တကယ့်ပစ်မှတ်မှာ အစကတည်းက ဒုတိယမင်းသား ဖြစ်နေခဲ့၏

အကယ်၍သာ လက်ရှိဖြစ်ရပ်များအတိုင်း မဟုတ်ဘဲ ထိုသို့ဖြစ်ခဲ့လျှင် ယခုအချိန်ထိ နန်းတော်ကြီးသည် ခိုင်ခိုင်မာမာ ရှိနေဦးမည် ဖြစ်သည်။

ဒုတိယမင်းသား တစ်ယောက်သာလျှင် အပြစ်ပေးခံရပေလိမ့်မည်။

သူမ၏ ဘေးတစ်ဖက်တစ်ချက်ရှိ လက်များသည် အနည်းငယ် တုန်ရီနေသော်လည်း ထွက်ပေါ်လာသော သူမ၏ အသံမှာမူ တည်ငြိမ်လှသည်။

သူမ၏ နောက်ကွယ်တွင် သူမ၏ အခြွေအရံနှစ်ဦးဖြစ်သော မင်ကျူနှင့် မိန်လင်းတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဖြစ်ပျက်နေသည်ကို သူတို့ နားလည်ကြပြီး ရှေ့သို့ တစ်လှမ်းတိုးကာ အလျင်အမြန် တိုးတိုးလေး ကပ်ပြောလိုက်ကြသည်။

"မင်းသမီး... ဒါကို စဉ်းစားသင့်ပါတယ်"

"ဟုတ်ပါတယ် မင်းသမီး။ မင်းသမီးကသာ ခေါင်းဆောင်ဖို့ အသင့်တော်ဆုံးသူပါ။ ဒုတိယမင်းသား ဒါမှမဟုတ် ပဉ္စမမင်းသားသာ ထီးနန်းရခဲ့ရင် အင်ပါယာကြီး ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါဦး"

သူတို့၏ စကားများမှာ စိတ်ရင်းမှန်လှသည်။ သူတို့၏ မင်းသမီးသည် အဆောင်အယောင်သက်သက် မင်းသမီးတစ်ပါးထက် ပိုသည်ဟု သူတို့ အမြဲယုံကြည်ခဲ့ကြသည်။

မင်းသမီး စွန်းယောင်ချင်းသည် ကျင့်ကြံခြင်း ပါရမီကြောင့်သာမက သူမ၏ တည်ငြိမ်မှု၊ ထက်မြက်မှုနှင့် ကရုဏာတရားတို့ကြောင့်ပါ လူသိများသူဖြစ်သည်။

သူမသည် လူအများကို သိက္ခာရှိစွာ စီမံခန့်ခွဲတတ်ပြီး အင်အားနှင့် ကြင်နာမှုကို မျှတစွာ အသုံးပြုတတ်သည်။

ဖြစ်နိုင်သည်မှာ သူမသည် ဤလူသားနှင့် ပြိုပျက်လုနီးပါး ဖြစ်နေသော အင်ပါယာကြီးအကြား ပေါင်းကူးတံတားတစ်ခု အမှန်တကယ် ဖြစ်လာနိုင်ပေသည်။

စွန်းယောင်ချင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူမ၏ အကြည့်များသည် နူးညံ့သွားသော်လည်း မျက်လုံးများထဲတွင်မူ ပြတ်သားမှုများ တောက်ပလာသည်။

သူမသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ သူမ၏ ဝတ်ရုံအနားသတ်မှာ အက်ကွဲနေသော စကျင်ကျောက်ကြမ်းပြင်နှင့် ပွတ်တိုက်သွားပြီး သူမသည် အလေးအနက်ပင် ဦးညွှတ်လိုက်တော့သည်။

"တကယ်လို့ သခင်လေးပိုင်က ကျွန်မကို ဧကရီဖြစ်စေချင်တာ အမှန်ဆိုရင်တော့" သူမ၏အသံမှာ ကြည်လင်ပြတ်သားပြီး တည်ငြိမ်နေသည်၊ "ကျွန်မ ငြင်းဆိုမှာ မဟုတ်ပါဘူး။"

ဧကရာဇ်သည် မျက်လုံးများ ပြူးကျယ်သွားပြီး စကားပြောရန် နှုတ်ခမ်းပြင်လိုက်

သော်လည်း သူမက ဆက်လက်ပြောလေ၏

"ဒါပေမဲ့... ကျွန်မမှာ ကတိကဝတ်တစ်ခု ရှိပါတယ်။"

နန်းတွင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဒုတိယမင်းသားနှင့် ပဉ္စမမင်းသားတို့ကမူ ဧကရီဖြစ်ခွင့်ရနေသည့် အခြေအနေတွင် အပိုအလုပ်များ လုပ်နေသော သူတို့၏ နှမဖြစ်သူကို အလွန်ပင် မိုက်မဲသည်ဟု ထင်မြင်နေကြသည်။

ပိုင်ကျီဟန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူ၏မျက်လုံးများထဲတွင် သဘောကျသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။

"အို...?"

သူက ဤအရာအားလုံးကို ကစားပွဲတစ်ခုအလား ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"ပြောကြည့်လေ၊ နားထောင်ပေးပါ့မယ်။"

မင်းသမီးစွန်းသည် ကျောကိုမတ်မတ်ဆန့်ကာ ပိုင်ကျီဟန်၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်သည်။” ကြယ်ကြွေအင်ပါယာရဲ့ ပြည်သူလူထုကို ဘယ်လိုဘေးဥပဒ်မှ မပြုရဘူး။ ဒါဆို သခင်လေးရဲ့ အမိန့်တိုင်းကို ကျွန်မ နာခံပါ့မယ်၊ ဒါပေမဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင်တော့ ကျွန်မ ငြင်းဆိုရပါလိမ့်မယ်။"

ပိုင်ကျီဟန်၏ မျက်နှာသည် ဘာကိုမှ ခန့်မှန်း၍မရသော်လည်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးယောင်ယောင်လေး တစ်ခု ပေါ်လာသည်။

"ကတိကဝတ် တစ်ခုပေါ့ ဟုတ်လား?"

သူက တိုးတိုးလေး ဆိုလိုက်ပြီး သူ၏ပျင်းရိဟန်ပါသော ထိုအသံမှာ သတ်ဖြတ်လိုသည့် အရှိန်အဝါထက်ပင် ပို၍ အန္တရာယ်ရှိနေသကဲ့သို့ ခံစားရသည်။

သူ၏ နီမြန်းသောမျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး မောက်မာမှုကြောင့်မဟုတ်ဘဲ စိတ်ရင်းမှန်မှုနှင့် ပြတ်သားမှုတို့ဖြင့် သူ့ကို အပေးအယူလုပ်ဝံ့သည့် ဤမင်းသမီးကို စေ့စေ့စပ်စပ် လေ့လာနေခဲ့သည်။

သူမသည် သူမ၏ နောင်တော်များနှင့် မတူပေ။

သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး လှောင်ပြုံးသဏ္ဌာန် ပြုံးလိုက်သည်။

"စိတ်ဝင်စားစရာပဲ" သူက ထပ်ပြောလိုက်သည်။ "ကောင်းပြီလေ မင်းသမီး။ မင်းက ဒီလိုအပင်ပန်းခံရကျိုး နပ်၊ မနပ် ငါ စောင့်

ကြည့်တာပေါ့။"

သူသည် လှည့်ထွက်လိုက်ပြီး သူ၏ဝတ်ရုံသည် လေထဲတွင် ဝေ့ဝဲသွားကာ စတင်ထွက်ခွာတော့သည်။

"ဒီနေ့ကစပြီး... ကြယ်ကြွေအင်ပါယာက ဧကရီ စွန်းယောင်ချင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိလိမ့်မယ်”

All Chapters