အခန်း (၁၃၇၂-၁၃၇၄)
Vol. 92 Ch. 1372-1374
အခန်း (၁၃၇၂)
ရွှမ်ယွမ်ယွမ်ချီ၏ အတိတ်ဘဝ မှတ်ဉာဏ်များ
လုချန်းသည် ခဏခန့် စဉ်းစားနေ၏။ လက်ရှိ ကျင့်စဉ်တိုးတက်မှုနှုန်းအရ ဆိုလျှင် ကောင်းကင်ဧကရာဇ်အဆင့်သို့ ပြန်လည်ရောက်ရှိရန် နှစ်တစ်ရာထက် ပိုမကြာနိုင်ဟု သူ ခန့်မှန်းသည်။
ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးလျှင် ဘဝသံသရာ ကျောက်တုံး၏ ပိုနက်ရှိုင်းသော ချိပ်ပိတ်မှုများကို သူ ချိုးဖျက်နိုင်လိမ့်မည် ဖြစ်၏။ ထိုအခါ မှတ်ဉာဏ်များလည်း ပိုရလာပေမည်။ ဤစကြဝဠာတွင် စကြဝဠာကပ်ဘေး မကျရောက်မီ နှစ်ပေါင်းတစ်သောင်း အချိန်ကျန်ရှိသေးသည်။
စနစ်၏ အကူအညီဖြင့် ဤနှစ်ပေါင်းတစ်သောင်းအတွင်း ကောင်းကင်ဧကရာဇ်ထက် မြင့်မားသော အဆင့်သို့ သူ ဧကန်မုချ တက်လှမ်းနိုင်ပေလိမ့်မည်။ ကောင်းကင်ဧကရာဇ်အဆင့်ကို ကျော်ဖြတ်ပြီးသည်နှင့် ဘဝသံသရာ ကျောက်တုံး၏ ချိပ်ပိတ်မှုများကို သူ ပို၍ ချိုးဖျက်နိုင်မည် ဖြစ်သည်။
ထိုအရာကို စဉ်းစားရင်း လုချန်းစိတ်ထဲ ယုံကြည်မှုများ ပြန်လည်ရရှိလာခဲ့၏။
သို့သော် ပြောရလျှင် လက်ရှိ ဘဝသံသရာ ကျောက်တုံးသည် မပြည့်စုံသေးပေ။ ၎င်း၏ စွမ်းဆောင်ရည် အမြောက်အမြား ပျောက်ဆုံးနေသေး၏။ ရှန်ဝူ ဧကရာဇ်ထံမှ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို သူ ပြန်လည်ရယူရဦးမည် ဖြစ်သည်။ ထိုအပိုင်းကို ပြန်ရမှသာ ဘဝသံသရာ ကျောက်တုံးက ၎င်း၏ စွမ်းဆောင်ရည်ကို အပြည့်အဝ ဖော်ဆောင်နိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် လုချန်း ခုလေးတင် မြင်တွေ့ခဲ့ရသော လက်တွေ့ ကမ္ဘာသည် ဘဝသံသရာ ကျောက်တုံး၏ စွမ်းဆောင်ရည်များထဲမှ တစ်ခု ဖြစ်သည်။
ဘဝသံသရာ ကျောက်တုံးသည် လက်ရှိကမ္ဘာတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို သိမ်းဆည်းထားနိုင်သည်။ ထိုအဖြစ်အပျက်များကို ဝင်ရောက်စွက်ဖက်၍ မရသော်လည်း ဖြစ်ပျက်ခဲ့သည့် အရာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ကျောက်တုံးထဲရှိ သိမ်းဆည်းထားသော ထိုလက်တွေ့ကမ္ဘာတွင် ပြည့်စုံသော နိယာမများ ရှိနေပြီး ကမ္ဘာသစ်တစ်ခုနှင့် တူနေသည်။ သူသာ အင်အားလုံလောက်ခဲ့လျှင် စကြဝဠာ တစ်ခုလုံးကို တိုက်ရိုက် အရန်သိမ်းဆည်းထားနိုင်မည်လားဟုပင် လုချန်း တွေးမိလိုက်သည်။
စကြဝဠာကပ်ဘေး နီးကပ်လာတိုင်း ဘဝသံသရာ ကျောက်တုံး စကြဝဠာထဲတွင် နေထိုင်ခြင်းဖြင့် စကြဝဠာ၏ ကပ်ဘေးကြီးကို မည်သည့်အခါမှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။ သို့သော် စဉ်းစားကြည့်လျှင် သူ၏ အတိတ်ဘဝများကလည်း ထိုကဲ့သို့သော အရာများကို တွေးတောခဲ့ဖူးနိုင်၏။ သို့သော် အောင်မြင်ခဲ့ပုံ မရပေ။ မဟုတ်ပါက သူ ဤအခြေအနေအထိ ကျဆင်းလာခဲ့မည် မဟုတ်ပေ။
ထားလိုက်ပါတော့......
လက်တွေ့မကျသော အရာများကို မစဉ်းစားတော့ပဲ နောက်ထပ် ချိပ်ပိတ်မှု အလွှာကို ချိုးဖျက်နိုင်မလား ဆိုတာကို ကြည့်ရှုခြင်းကသာ ပိုကောင်းပေသည်။ ထိုသို့တွေးရင်း နောက်ထပ် ချိပ်ပိတ်မှု အလွှာကို ချိုးဖျက်ရန်အတွက် ဘဝသံသရာ ကျောက်တုံးထဲသို့ သူ၏ စွမ်းအားများ ဆက်လက်ထည့်သွင်းလိုက်၏။ သို့သော် သူ၏ စိတ်ဝိညာဉ် စွမ်းအားများ ဘဝသံသရာ ကျောက်တုံးထဲသို့ ဝင်ရောက်သွားပြီးနောက် မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
လုချန်း သက်ပြင်း မချပဲ မနေနိုင်တော့ပေ။ အတိတ်ဘဝ မှတ်ဉာဏ်များအရ ဧကရာဇ်လောင်း တစ်ဦးသည် ချိပ်ပိတ်မှု တစ်လွှာကိုသာ ခက်ခဲစွာ ချိုးဖျက်နိုင်ပြီး နောက်တစ်လွှာအတွက် အနည်းဆုံး ကောင်းကင်ဧကရာဇ်အဆင့် ဖြစ်ဖို့လိုအပ်သည်။ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိမှသာ သူ၏ အတိတ်ဘဝများတွင် ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့နိုင်လောက်မည်။
လောလောဆယ်တော့ လုချန်း စိတ်လျှော့ထားလိုက်၏။ ဘဝသံသရာ ကျောက်တုံးကိစ္စ ခဏမေ့ထားရမည်။ ယခုလက်ရှိ သူ လုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စတစ်ခု ရှိသေး၏။
ရွှမ်ယွမ်ယွမ်ချီကို သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်လည်ဖော်ထုတ်ပေးရန် ဖြစ်သည်။ ဘဝသံသရာ ကျောက်တုံးသည် လုချန်း၏ မှတ်ဉာဏ်များကိုသာမက သူ၏ အတိတ်ဘဝမှ ဇနီးများ၏ မှတ်ဉာဏ်များကိုလည်း ချိပ်ပိတ်ထားခဲ့သည်။
သူနှင့် ပတ်သက်နေသော အမျိုးသမီးများသည် သူ၏ အတိတ်ဘဝက အမျိုးသမီးများ ဖြစ်နိုင်ခြေရှိသည်ဟု ယခု အခြေခံအားဖြင့် သူ အတည်ပြုနိုင်လိုက်၏။ ထိုအမျိုးသမီးများသည် သူနှင့် ဘဝတစ်ခုတည်းတွင် ပတ်သက်ခဲ့ကြခြင်း မဟုတ်နိုင်ပေ။ သူသည် ဘဝပေါင်းများစွာ ပြန်လည်ဝင်စားခဲ့သဖြင့် ဘဝအရေအတွက် များပြားလာသည်နှင့်အမျှ သူ၏ အမျိုးသမီး အရေအတွက်မှာလည်း အမြောက်အမြား ဖြစ်လာခဲ့သည်။ ဘဝတစ်ခုစီတွင် အမျိုးသမီး တစ်ဦးစီသာ ရှိခဲ့လျှင်ပင် မရေမတွက်နိုင်သော ဘဝများစွာ ဖြတ်သန်းပြီးနောက် သူ့၌ အမျိုးသမီး အရေအတွက် မည်မျှရှိနေမာ်မှန်း မသိနိုင်တော့ပေ။
သို့သော် ပြောရလျှင် သူသည် အတိတ်ဘဝများတွင် သူ၏ အမျိုးသမီးများနှင့် မည်သည့်အခါကမှ ပြန်မဆုံခဲ့ဖူးပေ။ ယခုဘဝမှ အဘယ်ကြောင့် ဤမျှ များပြားသော အမျိုးသမီးများနှင့် ရုတ်တရက် တွေ့ဆုံလာရသနည်း။
လုချန်း ခဏ စဉ်းစားနေ၏။ တစ်ဖက်တွင် ယခုဘဝ၌ သားများဆုလာဘ်များ စနစ်နှင့် ပန်းနီရထား ရှိနေသည်။ သူ၏ ဇနီး အမြောက်အမြားကိုလည်း ပန်းနီရထားက ထျန်းချန်ကမ္ဘာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထိုစနစ်က အမျိုးသမီးများကို ရှာဖွေရန် သူ့အား တွန်းအားပေးခဲ့ပြီး ပန်းနီရထားကမူ သူ၏ အတိတ်ဘဝနှင့် ပတ်သက်သူများကို ထျန်းချန်ကမ္ဘာသို့ ခေါ်ဆောင်လာပေးခဲ့၏။ ထိုအရာနှစ်ခု ပေါင်းစပ်သွားသည့်အတွက် သူသည် သူ၏ အတိတ်ဘဝမှ မိန်းမလှလေးများနှင့် ပြန်လည်ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ဤအရာများ၏ နောက်ကွယ်တွင် မည်သူရှိနေသနည်း ဆိုသည်နှင့် ယခုဘဝတွင် အဘယ်ကြောင့် ဤကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်လာသနည်း ဆိုသည်ကိုမူ လုချန်း မသိပေ။ ဘဝသံသရာ ကျောက်တုံး၏ ချိပ်ပိတ်မှုများကို အပြီးတိုင် ဖယ်ရှားပြီးချိန်တွင် ထိုမေးခွန်းများအားလုံး၏ အဖြေကို သိရလိမ့်မည်ဟု သူက ယုံကြည်ထားသည်။
ထိုသို့တွေးရင်း လုချန်းက ရွှမ်ယွမ်ယွမ်ချီထံသို့ ချက်ချင်း အသံလွှင့်စကား ပေးပို့လိုက်၏။
“ယွမ်ချီ။ ထျန်းချန်ကမ္ဘာကို ပြန်လာခဲ့ပါဦး။ မင်းနဲ့ ကိုယ် ဆွေးနွေးစရာ ရှိတယ်။”
လက်ရှိတွင် ရွှမ်ယွမ်ယွမ်ချီသည် နဂါးတပ်မတော်၏ တပ်မှူးတစ်ဦး ဖြစ်လာခဲ့ပြီး တောင်ဝင်တောင်တန်း နယ်မြေတွင် တာဝန်ကျနေသည်။ လုချန်း၏ အသံလွှင့်စကားကို ကြားလျှင် သူမ၏ အလုပ်များကို ချက်ချင်းရပ်နားလိုက်ကာ ကောင်းကင်မီးကမ္ဘာရှိ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံဆီသို့ သွားကာ ထျန်းချန်ကမ္ဘာသို့ အမြန်ပြန်လာခဲ့သည်။ ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်ကို စွမ်းအားတစ်ခုက လွှမ်းခြုံထားကြောင်း ရွှမ်ယွမ်ယွမ်ချီ ခံစားလိုက်ရ၏။
နောက်တစ်ခဏတွင် လုချန်း၏ ကျင့်စဉ်ဆောင်အတွင်းသို့ သူမ၏ ခန္ဓာကိုယ်က ရောက်ရှိသွားသည်။ ရွှမ်ယွမ်ယွမ်ချီက ချက်ချင်း ဂါရဝပြု၍
“လက်အောက်ငယ်သားက ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။”
လုချန်းက ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“ထပါ။”
ရွှမ်ယွမ်ယွမ်ချီက သိချင်စိတ်ဖြင့် မေးလိုက်၏။
“မင်းကြီး ကျွန်မကို ဘာကိစ္စကြောင့် ဆင့်ခေါ်တာပါလဲ။”
နဂါးတပ်မတော်၏ တပ်မှူးဖြစ်သော သူမသည် တောင်ဝင်တောင်တန်း နယ်မြေတစ်ခုလုံး၏ လုံခြုံရေးအတွက် တာဝန်ရှိသည်။ လုချန်းတွင် အမျိုးသမီးများ မရှားပါးသဖြင့် ပုံမှန်အားဖြင့် သူမကို ထျန်းချန်ကမ္ဘာသို့ ခေါ်လေ့မရှိပေ။
သူမအား အိပ်ရာထဲတွင် ပြုစုခိုင်းရန်အတွက်သာ လုချန်း ခေါ်ယူလိုက်ခြင်းဖြစ်မည်ဟု ရွှမ်ယွမ်ယွမ်ချီ မထင်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လုချန်း၏ ကိုယ်ပွားသည် တောင်ဝင်တောင်တန်း နယ်မြေသို့ လာရောက်စစ်ဆေးလေ့ရှိပြီး နဂါးတပ်မတော်ကို စစ်ဆေးသည့် အခါမှသာ သူမကို ပြုစုခိုင်းလေ့ရှိ၏။ ယခုကဲ့သို့ တမင်တကာ ပြန်ခေါ်ခြင်းမျိုးက အစောကတည်းက မရှိခဲ့ဖူးပေ။
လုချန်းက မဆိုင်းမတွပင် ရွှမ်ယွမ်ယွမ်ချီ၏ နောက်သို့ လျှောက်သွားကာ အဖြူရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သူမ၏ ခါးကို တိုက်ရိုက် ဖက်လိုက်သည်။ လုချန်း၏ ခန္ဓာကိုယ်မှ အပူရှိန်ကို ခံစားမိလိုက်သဖြင့် ရွှမ်ယွမ်ယွမ်ချီ အနည်းငယ် မှင်တက်သွား၏။ ကောင်းကင်ဧကရာဇ်က ဤကိစ္စအတွက် သူမကို ပြန်ခေါ်ခဲ့ခြင်းလားဟု သူမ မတွေးပဲ မနေနိုင် ဖြစ်သွားသည်။
ရွှမ်ယွမ်ယွမ်ချီ ဇဝေဇဝါဖြစ်နေစဉ်မှာပင် လုချန်းက သူမ၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ရှေ့တွင် လွင့်မျောနေသော ထူးဆန်းသည့် ကျောက်တုံးပေါ်သို့ တင်ပေးလိုက်၏။ နောက်တစ်ခဏတွင် လုချန်း စောစောက မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ရွှမ်ယွမ်ယွမ်ချီ မြင်တွေ့လိုက်ရတော့သည်။
မိမိနှင့်တူသော အမျိုးသမီးတစ်ဦး ကောင်းကင်ဧကရာဇ်နှင့် ပူးကပ်နေသည်ကို မြင်လိုက်ရသောအခါ သူမ အလွန် တုန်လှုပ်သွားသည်။ သို့သော် ထိုအမျိုးသမီး ပြောလိုက်သည့် စကားများကို ကြားပြီးနောက်တွင်မူ သူမ ချက်ချင်းပင် နားလည်သွားခဲ့၏။ မှတ်ဉာဏ်များ ပြန်မရသေးသော်လည်း ဘာတွေဖြစ်နေတာလဲ ဆိုတာကို သူမ ခန့်မှန်းမိနေပြီ ဖြစ်သည်။
ရွှမ်ယွမ်ယွမ်ချီ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ သူမ၏ စိတ်အာရုံက ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီး နောက်တစ်ခဏတွင် မှတ်ဉာဏ် အမြောက်အမြား သူမ၏ စိတ်ထဲသို့ စီးဝင်လာခဲ့၏။ ထိုမှတ်ဉာဏ်များကို ခံစားကြည့်ရင်း သူမ ခန့်မှန်းခဲ့သည့်အတိုင်း အတိတ်ဘဝတွင် ကောင်းကင်ဧကရာဇ်နှင့် သူမ ပတ်သက်မှု ရှိခဲ့ကြောင်း ရွှမ်ယွမ်ယွမ်ချီ သဘောပေါက်လိုက်သည်။ သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်ပေးရန်အတွက် မင်းကြီးက သူမကို ယနေ့ ပြန်ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။
သူမသည် အတိတ်ဘဝက မင်းကြီး၏ အမျိုးသမီး ဖြစ်ခဲ့ကြောင်း တွေးမိသောအခါ ရွှမ်ယွမ်ယွမ်ချီ ရုတ်တရက် ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာ၏။ အတိတ်ဘဝ မှတ်ဉာဏ်များအရ လုချန်းသည် ရှေးဟောင်းခေတ် ကုန်ဆုံးချိန်အထိ သူ၏ မြတ်နိုးရသော အမျိုးသမီးအချို့ကို ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း သူမ သိလိုက်ရသည်။
ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် အတိတ်ဘဝက ပြန်လည်ဝင်စားသူများကို ရှာဖွေရန် မည်မျှ ခက်ခဲကြောင်း ဤအရာက သက်သေပြနေပေသည်။ ယခုဘဝတွင်မူ လုချန်း အင်အားကြီးထွားလာစပြုချိန်မှာပင် သူမကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
သူမ အလွန် ကံကောင်းလှသည်။
သို့သော် အတိတ်ဘဝက အဖြစ်အပျက်များကို တွေးမိသောအခါ ရွှမ်ယွမ်ယွမ်ချီ၏ အေးစက်သော ပါးပြင်များ နီမြန်းသွားခဲ့၏။ အတိတ်ဘဝတွင် ပြင်းပြသော ဆန္ဒရှိသည့် လုချန်း၏ အနားတွင် သူမသည် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်ခဲ့သည်။
လုချန်း၏ အနားတွင် လက်ထောက် စစ်သူကြီးတစ်ဦးအဖြစ် တိုက်ပွဲများသို့ လိုက်ပါရင်း သူမသည် ဆင်းရဲဒုက္ခ အမြောက်အမြားကို ခံစားခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် ယခုဘဝတွင် လုချန်း၏ အနား၌ မြတ်နိုးရသော အမျိုးသမီး အမြောက်အမြား ရှိနေပြီဖြစ်သဖြင့် အတိတ်ဘဝတုန်းကကဲ့သို့ သူမ တစ်ဦးတည်း ပြုစုနေစရာ မလိုတော့ပေ။
လုချန်းတွင် ချစ်သူ အမြောက်အမြား ရှိနေခြင်းနှင့် ပတ်သက်၍ ရွှမ်ယွမ်ယွမ်ချီ မည်သည့် စိတ်အနှောင့်အယှက်မှ မဖြစ်ခဲ့ပေ။ ထိုအစား ဤအရာက ကောင်းကင်ဧကရာဇ် တစ်ဦး၏ ဘဝနှင့် တကယ် ထိုက်တန်သည်ဟုပင် သူမက ခံစားမိသည်။
ရွှမ်ယွမ်ယွမ်ချီ အတွေးလွန်နေစဉ်မှာပင် လုချန်း၏ နှုတ်ခမ်းက သူမ၏ နားနားသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။
“ယွမ်ချီ။ ဒီနေ့တော့ မင်း ပြန်စရာ မလိုတော့ဘူး။ မင်းရဲ့ အတိတ်မှတ်ဉာဏ်တွေ အခုမှ ပြန်ရထားတာဆိုတော့ မင်းရဲ့ စိတ်တွေ ရှုပ်ထွေးနေဦးမှာပဲ။ မင်းရဲ့ မှတ်ဉာဏ်တွေကို တည်ငြိမ်သွားအောင် ကိုယ် ကူညီပေးမယ်။”
အခန်း( ၁၃၇၃ )
ရွှမ်ယွမ်ယွမ်ချီ ကိုယ်ဝန်ရှိခြင်း
ထိုအရာကို ကြားလျှင် ရွှမ်ယွမ်ယွမ်ချီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွား၏။
သူမ၏ မှတ်ဉာဏ်များကို တည်ငြိမ်အောင် ကူညီပေးမည်တဲ့လား။
လုချန်း ဘာတွေ ကြံစည်နေသည်ကို သူမ တွေးတောရင်း နားမလည်နိုင်ပဲ ရှိနေသေး၏။ အတိတ်ဘဝမှ မှတ်ဉာဏ်များ ရရှိပြီးနောက်တွင် လုချန်းနှင့် သူမသည် အရင်ကထက် ပို၍ ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
အတိတ်ဘဝတုန်းကတော့ သူမသည် မည်သည့် ခံစားချက်မှ မရှိသော သတ်ဖြတ်ရေး ယန္တရား တစ်ခုမျှသာ ဖြစ်ခဲ့ဖူးသည်။ သို့သော် လုချန်း၏ ဘေးနားတွင် နေထိုင်ပြီးနောက်တွင်တော့ သူမ သူ့ကို လုံးဝ အရှုံးပေးခဲ့ရတော့သည်။
ထို့နောက်တွင်တော့ နှစ်ပေါင်းသောင်းနှင့်ချီ၍ သူမသည် လုချန်း၏ အိပ်ရာဖော်အဖြစ် အမှုထမ်းခဲ့ရသည်။
လုချန်းတွင် မရိုးသော ရည်ရွယ်ချက်များ ရှိမှန်း သိသော်လည်း သူလိုချင်သမျှကို သူမ သဘောတူခဲ့လေသည်။
“ကျွန်မ နားလည်ပါပြီ။ ဒါဆိုရင် ရှင့်ကို ဒုက္ခပေးရတော့မှာပဲ မင်းကြီး။”
လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး တုံ့ပြန်လိုက်၏။
“ဒါက ဘာမှ ဒုက္ခမများပါဘူး။ ကိုယ့်အတွက်တော့ လက်ဖျောက်တစ်ချက် တီးသလောက်ပါပဲ။”
“ကောင်းပြီ။ နေရာပြောင်းရအောင်”
ထိုစကားကို ပြောလိုက်သည်နှင့် လုချန်း သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။ ထိုခဏတွင်ပင် သူတို့၏ ခန္ဓာကိုယ်များသည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး နဂါးနက်မြို့ရှိ ရွှမ်ယွမ်ယွမ်ချီ၏ အိပ်ဆောင်သို့ ရောက်ရှိသွားသည်။
ရွှမ်ယွမ်ယွမ်ချီ နဂါးနက်မြို့သို့ မပြန်ဖြစ်တာ အတော်ကြာပြီ ဖြစ်၏။ သူမ၏ အိပ်ဆောင်သည် ဟာလာဟင်းလင်း ဖြစ်နေသော်လည်း အစေခံများကတော့ နေ့စဉ် သန့်ရှင်းရေး လုပ်ကြ၏။
လုချန်းနှင့် ရွှမ်ယွမ်ယွမ်ချီတို့ အိပ်ဆောင်အတွင်း ပေါ်လာလျှင် သန့်ရှင်းရေး လုပ်နေသော အစေခံအချို့ အံ့အားသင့်သွားကြ၏။ လုချန်းနှင့် ရွှမ်ယွမ်ယွမ်ချီကို မြင်လျှင် သူတို့ အလျင်အမြန်ပင် ဂါရဝပြုလိုက်ကြ၏။
လုချန်းက တိုက်ရိုက်ပင်
“မင်းတို့ အခု ထွက်သွားလို့ရပြီ”
ဘာဖြစ်တော့မည်မှန်း အစေခံများ ကောင်းကောင်း သိကြသည်။ ထို့ကြောင့် သန့်ရှင်းရေး ကိရိယာများကို အမြန်သိမ်းဆည်းကာ အခန်းထဲမှ ထွက်ခွာသွားပြီး တံခါးကို ပိတ်လိုက်ကြ၏။
အစေခံများ ထွက်သွားလျှင် ရွှေဖြူ ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော ရွှမ်ယွမ်ယွမ်ချီ၏ ခန္ဓာကိုယ်ကို လုချန်း အသေအချာ ကြည့်ရှုနေလိုက်သည်။ လုချန်း၏ စိုက်ကြည့်ခြင်းကို ခံရလျှင် ရွှမ်ယွမ်ယွမ်ချီ၏ ခန္ဓာကိုယ်လည်း လျင်မြန်စွာပင် ပူနွေးလာခဲ့သည်။
လုချန်းက လက်ကိုမြှောက်၍ ရွှမ်ယွမ်ယွမ်ချီ၏ ချပ်ဝတ်တန်ဆာကို သာသာလေး ထိတွေ့လိုက်၏။
“ဒီချပ်ဝတ်တန်ဆာက မင်းနဲ့ သိပ်လိုက်ဖက်တာပဲ”
ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ရွှမ်ယွမ်ယွမ်ချီသည် သူရဲကောင်းပီသပြီး ရဲရင့်လှ၏။ အမျိုးသမီး စစ်သူကြီးတစ်ဦး၏ အငွေ့အသက်ကိုလည်း အပြည့်အဝ ဖော်ဆောင်နေသည်။
သို့သော်လည်း ထိုချပ်ဝတ်တန်ဆာသည် အလွန်လေးလံလှသဖြင့် သူတို့ လုပ်ဆောင်တော့မည့် အရာကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် လုချန်းက လက်ဖျောက်တစ်ချက် တီးလိုက်၏။
ထိုခဏတွင်ပင် ရွှမ်ယွမ်ယွမ်ချီ၏ ချပ်ဝတ်တန်ဆာများ ချက်ချင်း ပျောက်ကွယ်သွားပြီး အောက်ခံ အဖြူရောင် ဝတ်စုံသာ ကျန်တော့သည်။ ရုတ်တရက်ဆိုသလို ရွှမ်ယွမ်ယွမ်ချီလည်း ပို၍ လန်းဆန်းသွားပုံ ပေါ်လာသည်။
ထို့နောက် မည်သည့် တွန့်ဆုတ်မှုမှ မရှိပဲ ရွှမ်ယွမ်ယွမ်ချီကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ မကြာမီပင် ထိုအမျိုးသမီး စစ်သူကြီးလည်း အာဏာရှင်ကြီး လုချန်း၏ လက်အောက်တွင် လုံးဝ အရှုံးပေးလိုက်ရတော့သည်။
အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်ရပြီးနောက်တွင် ရွှမ်ယွမ်ယွမ်ချီအပေါ် ထားရှိသော လုချန်း၏ ခံစားချက်များလည်း ထူးခြားလာခဲ့၏။ သူတို့၏ သံယောဇဉ်သည်လည်း ပို၍ နက်ရှိုင်းလာခဲ့သည်။
ရွှမ်ယွမ်ယွမ်ချီသည် သူနှင့်အတူ ခေတ်တစ်ခေတ်လုံး ရှိနေခဲ့သူ ဖြစ်၏။ သေဆုံးချိန်အထိ သူ့ဘေးတွင် ရှိနေပေးခဲ့သော ဤအမျိုးသမီး အကြောင်း တွေးမိလျှင် လုချန်းကို အလွန်စိတ်ထိခိုက်စေသည်။ ထို့ကြောင့် ယခု အခိုက်အတန့်တွင် သူ၏ ခံစားချက်အားလုံးကို ရွှမ်ယွမ်ယွမ်ချီအပေါ် ပုံအောလိုက်တော့သည်။
လုချန်း၏ ဧကရာဇ်အဆင့် အငွေ့အသက်ကို ရင်ဆိုင်ရလျှင် ရွှမ်ယွမ်ယွမ်ချီလည်း ခုခံနိုင်စွမ်း မရှိတော့ပေ။ လုချန်း စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးလိုက်ရတော့သည်။
နောက်တစ်လလုံးလုံး နဂါးနက်မြို့တွင် ရွှမ်ယွမ်ယွမ်ချီသည် လုချန်းကို ပြုစုခဲ့၏။ တစ်လကြာပြီးလျှင် ရွှမ်ယွမ်ယွမ်ချီသည် နဂါးတပ်မတော်၏ တပ်မှူးဖြစ်သည်ကို ထည့်သွင်းစဉ်းစားပြီး လုချန်းလည်း သူ၏ အာဏာရှင်ဆန်သော အပြုအမူများကို ရပ်တန့်လိုက်တော့၏။
နေဝင်ချိန်၏ နီမြန်းသော အလင်းတန်းသည် ပြတင်းပေါက်မှတစ်ဆင့် အိပ်ဆောင်အတွင်းသို့ ကျရောက်လာသည်။ ထိုအလင်းသည် ရွှမ်ယွမ်ယွမ်ချီ၏ အေးစက်သော်လည်း ရှက်သွေးဖြန်းနေသော ပါးပြင်များပေါ်သို့ ကျရောက်ပြီး သူမ၏ အသွင်အပြင်ကို ထူးခြားနေစေသည်။
လုချန်းက ရွှမ်ယွမ်ယွမ်ချီ၏ ဆံပင်ကို အသာအယာ ပွတ်သပ်ပေးရင်း အနည်းငယ် လှုပ်ရှားလိုက်၏။ ထိုအခိုက်အတန့်တွင် ရွှမ်ယွမ်ယွမ်ချီက လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ
“မင်းကြီး။ ကျွန်မ ပြန်သင့်ပြီလို့ ထင်ပါတယ်”
နဂါးတပ်မတော်မှ ထွက်ခွာလာစဉ်က သူမ ဘာမှသေချာ မမှာခဲ့ပေ။ လက်ရှိ ရှနိုင်ငံအတွက် သူမ တစ်နှစ်ခန့် ပျောက်ကွယ်နေခြင်းက ကြီးမားသော နောက်ဆက်တွဲ ပြဿနာများ မရှိနိုင်သော်လည်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် သူမ အကြာကြီး မရှိလျှင် အချို့သူများစိတ်ထဲ မသင့်လျော်သော အတွေးများ ဝင်လာနိုင်သည်။
စိတ်လန်းဆန်းနေသော လုချန်းက ရွှမ်ယွမ်ယွမ်ချီကို ပြန်ခွင့်ပြုရန် သဘောတူတော့မည့်ဆဲဆဲတွင် စနစ်၏ အသိပေးသံက သူ၏ နားထဲတွင် မြည်လာခဲ့၏။
“ရွှမ်ယွမ်ယွမ်ချီ ကိုယ်ဝန်ရရှိအောင် ကူညီပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်အဖြစ် သူတော်စင်အဆင့် ကြယ်ဖျက်လက်နက် ထုတ်လုပ်မှု နည်းပညာကို ချီးမြှင့်ပါသည်”
ဤအသိပေးချက်ကို ကြားလျှင် လုချန်း အံ့အားသင့်သွား၏။ သူ၏ အတိတ်ဘဝတွင် ရွှမ်ယွမ်ယွမ်ချီနှင့် နှစ်ပေါင်းသောင်းနှင့်ချီ၍ အတူနေခဲ့သော်လည်း သူမ ကိုယ်ဝန်မရခဲ့ပေ။ ရွှမ်ယွမ်ယွမ်ချီ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ပြန်လည်ရရှိအောင် ကူညီပေးပြီးနောက် တစ်လအတွင်းမှာပင် သူမ ကိုယ်ဝန်ရလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လုချန်းက ရပ်တန့်ကာ သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည်ကို မြင်လျှင် ရွှမ်ယွမ်ယွမ်ချီ တစ်ခုခု ပြောရန် ပြင်လိုက်၏။ သို့သော် လုချန်းက လျှို့ဝှက်ဟန်ဖြင့်
“မင်းကို ပြောစရာ သတင်းကောင်းတစ်ခု ရှိတယ်”
ရွှမ်ယွမ်ယွမ်ချီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“ဘာ သတင်းကောင်းလဲ။”
လုချန်းက
“မင်းမှာ ကိုယ်ဝန်ရှိနေပြီ”
ရွှမ်ယွမ်ယွမ်ချီလည်း လုချန်း၏ စကားကို နားမလည်နိုင်သဖြင့် ခဏခန့် ကြောင်အသွားရ၏။
ကိုယ်ဝန်.......
ဘာကိုယ်ဝန်လဲ.....
အတိတ်ဘဝ မှတ်ဉာဏ်များ ရရှိထားသဖြင့် သူမသည် လုချန်းနှင့် ခေတ်တစ်ခေတ်လုံး အတူရှိခဲ့သော်လည်း ရင်သွေး မရခဲ့မှန်း ရွမ်ယွမ်ယွမ်ချီ သိနေသည်။ ထို့ကြောင့် ကလေးရလိမ့်မည်ဟု သူမ မတွေးခဲ့ဖူးပေ။
ဧကရာဇ်အဆင့်ရှိသူများအတွက် ရင်သွေးရရန် မလွယ်ကူသလို ပါရမီ မြင့်မားလေလေ ကံတရားအပေါ် ပို၍ မူတည်လေလေ ဖြစ်သည်။ လုချန်းကဲ့သို့ ဧကရာဇ်အဆင့်ရှိသူအတွက် ရင်သွေးရရန်က အလွန် ခက်ခဲလှ၏။ ထို့ကြောင့် လုချန်းနှင့် ကလေးရနိုင်လိမ့်မည်ဟု ရွှမ်ယွမ်ယွမ်ချီက ဘယ်သောအခါကမှ မထင်ဖူးခဲ့ပေ။
ရွှမ်ယွမ်ယွမ်ချီ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်လျှင် လုချန်းက တိုက်ရိုက်ပင်
“မင်းမှာ ကိုယ်ဝန်ရှိနေပြီ”
ဤစကားကို ကြားလျှင် ရွှမ်ယွမ်ယွမ်ချီ လုံးဝ ဆွံ့အသွားတော့သည်။
သူမတွင် လုချန်း၏ ရင်သွေး ရှိနေပြီတဲ့လား။
ရွှမ်ယွမ်ယွမ်ချီ သတိပြန်ဝင်လာကာ ချက်ချင်းပင် အတည်ပြုလိုက်၏။
“မင်းကြီး ပြောတာ တကယ်လား”
လုချန်းက
“ဟုတ်တယ်။ မင်းမှာ ကိုယ်ဝန်ရှိနေပြီ။ ဒါပေမဲ့ မွေးဖို့ကတော့ နှစ်အတော်ကြာဦးမယ် ထင်တယ်။”
ရွှမ်ယွမ်ယွမ်ချီ၏ ခံစားချက်များသည် စိတ်လှုပ်ရှားမှုနှင့် ဇဝေဇဝါဖြစ်မှုတို့အကြားတွင် ရှုပ်ထွေးနေလေသည်။ သူမသည် တစ်ခါမှ ကိုယ်ဝန်မရှိဖူးသလို ကလေးလည်း မမွေးဖူးပေ။ အရေးကြီးဆုံး အချက်မှာတော့ နောက်ထပ် နှစ်ပေါင်း တစ်သောင်းအတွင်း ရောက်ရှိလာတော့မည့် ကပ်ဘေးပင် ဖြစ်၏။ ထိုကပ်ဘေးကြောင့် သူတို့၏ ကလေးသည် အများဆုံး နှစ်ပေါင်း တစ်သောင်းခန့်သာ အသက်ရှင်နိုင်မည် ဖြစ်သည်။
ရွှမ်ယွမ်ယွမ်ချီ၏ မပျော်မရွှင်ဖြစ်နေသော အမူအရာကို မြင်လျှင် လုချန်းက မေးလိုက်၏။
“ဘာဖြစ်လို့လဲ။ မင်း ကိုယ့်ကလေးကို မလိုချင်ဘူးလား။”
ရွှမ်ယွမ်ယွမ်ချီက အလျင်အမြန် တုံ့ပြန်လိုက်သည်။
“မဟုတ်… မဟုတ်ပါဘူး။ ကပ်ဘေးက နီးနေပြီဆိုတော့ ကလေးက မွေးလာပြီးရင် နှစ်တစ်သောင်းပဲ အသက်ရှင်ရမှာ စိုးရိမ်လို့ပါ...”
အတိတ်ဘဝ မှတ်ဉာဏ်များအရ ကပ်ဘေး ကျရောက်ချိန်တွင် သူမ အပါအဝင် လုချန်း၏ လက်အောက်ငယ်သားများ အားလုံး သေဆုံးခဲ့ကြရ၏။ လုချန်းတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သူမ သိထားသည်။ လုချန်းတွင် ကပ်ဘေးမှ လွတ်မြောက်ရန် နည်းလမ်းများ ရှိသော်လည်း အခြားသူများတွင် မရှိပေ။ ထို့ကြောင့် ကပ်ဘေး ကျရောက်လျှင် သူတို့၏ ကလေးသည်လည်း သေဆုံးသွားလိမ့်မည် ဖြစ်၏။
လုချန်းက ရွှမ်ယွမ်ယွမ်ချီ၏ ဆံပင်ကို ပွတ်သပ်ပေးကာ အားပေးလိုက်လေသည်။
“မစိုးရိမ်ပါနဲ့။ ဒီဘဝမှာတော့ လူတိုင်း ကပ်ဘေးကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ကိုယ် ရှာပေးပါ့မယ်။”
လုချန်း၏ အာမခံချက်ကြောင့် စိတ်သက်သာရာရသွားသော ရွှမ်ယွမ်ယွမ်ချီလည်း ဘာမှ ထပ်မပြောတော့ပေ။ ဤကလေးသည် သူတို့၏ ပထမဦးဆုံး ရင်သွေး ဖြစ်သောကြောင့် ဧကန်မုချ မွေးဖွားရပေမည်။
သို့သော်လည်း သူမသည် နဂါးတပ်မတော်၏ တတိယ တပ်မှူးအဖြစ် ရှိနေသေးသည်ကို ရွှမ်ယွမ်ယွမ်ချီက ရုတ်တရက် သတိရသွား၏။ အကယ်၍ ကိုယ်ဝန်ရှိလျှင် သူမ၏ အင်အားက သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။ ထို့ကြောင့် ထိုရာထူးကို ဆက်လက် ထမ်းဆောင်ရန် မသင့်တော်တော့ပေ။
ထိုသို့ တွေးမိပြီးနောက် ရွှမ်ယွမ်ယွမ်ချီက
“မင်းကြီး။ ကျွန်မမှာ ကိုယ်ဝန်ရှိလာရင် ကျွန်မရဲ့ အင်အားတွေက အများကြီး လျော့ကျသွားမှာပါ။ ဒါကြောင့် နဂါးတပ်မတော်ရဲ့ တတိယ တပ်မှူးရာထူးကနေ နှုတ်ထွက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။”
ရွှမ်ယွမ်ယွမ်ချီသည် စစ်မြေပြင်တွင် သူမ၏ စွမ်းဆောင်ရည်ကို ပြသလိုသော်လည်း ကလေးအတွက် ထိခိုက်မှု မရှိစေရန် သူမ၏ အိပ်မက်ကို ခဏခန့် စွန့်လွှတ်ကာ ကလေးကိုသာ အရင် ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိတော့သည်။
…………..
အခန်း( ၁၃၇၄ )
ချူးယုချင်၏ ရင်သွေး မွေးဖွားခြင်း
ရွှမ်ယွမ်ယွမ်ချီ၏ စကားများကို ကြားလျှင် လုချန်းက ပြုံးလိုက်၏။
“ကောင်းပြီ...ကလေးကြီးလာရင် မင်းနဂါးတပ်ဆီ ပြန်သွားလို့ရတယ်။”
ထိုအချိန်တွင် ချူးယုချင်ဖြစ်စေ၊ ထျန်းဟုန်ဧကရီဖြစ်စေ သူမတို့သည် သူ၏ရင်သွေးကို လွယ်ထားရသရွေ့ အင်အားများ လျော့နည်းသွားမည် ဖြစ်ကြောင်းကို လုချန်း ရုတ်တရက် သတိရလိုက်၏။ သူတို့၏ ဝမ်းဗိုက်အတွင်းရှိ ရင်သွေးက မိခင်၏စွမ်းအားကို စုပ်ယူမည် ဖြစ်သည်။
ထိုအရာကို တွေးတောရင်း လုချန်း ထပ်မံ၍ လှုပ်ရှားလိုက်ပြန်သည်။ လုချန်း ထပ်မံစတင်သည်ကို မြင်လျှင် ရွှမ်ယွမ်ယွမ်ချီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ထိုလုပ်ငန်း ပြီးသွားပြီ မဟုတ်လား။
မင်းကြီးက ဘာလို့ အခုထိ လုပ်နေသေးတာလဲ။
အလုပ်လုပ်နေစဉ် လုချန်းက စုံတွဲကျင့်စဉ်ကို လေ့ကျင့်လိုက်၏။
“ကိုယ် မင်းကို ပြောဖို့ မေ့သွားတယ်။ ကိုယ့်ရင်သွေးတွေ မမွေးခင်မှာ သူတို့က မိခင်ရဲ့ စွမ်းအားကို စုပ်ယူတတ်ကြတယ်။ဒါကြောင့် မင်းရဲ့ အင်အားတွေ လျော့ကျသွားလိမ့်မယ်။”
“မင်းရဲ့ ကျင့်စဉ်အဆင့် နိမ့်ကျမသွားအောင် မင်းရဲ့ အင်အားကို မြှင့်တင်ပေးဖို့ ကိုယ့်အကူအညီ လိုအပ်တယ်။”
ရွှမ်ယွမ်ယွမ်ချီက ချက်ချင်းပင် နားလည်သွားသည်။ ဆိုလိုသည်မှာ လာမည့်ရက်များတွင် သူတို့သည် ဤနည်းလမ်းဖြင့် မကြာခဏ ကျင့်ကြံရန် လိုအပ်မည် ဖြစ်သည်။ အကြောင်းမှာ စုံတွဲကျင့်စဉ်သည် လက်ရှိတွင် သူမ၏ အင်အားနှင့် ကျင့်စဉ်အဆင့်ကို လျင်မြန်စွာ မြှင့်တင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သောကြောင့်ဖြစ်သည်။
သူမ၏ ယခင်ဘဝကဲ့သို့ပင် လုချန်းအတွက် နေ့စဉ် အနွေးဓာတ်ပေးရတော့မည်ကို တွေးမိလျှင် ရွှမ်ယွမ်ယွမ်ချီက မတုန်ယင်ပဲ မနေနိုင်ပေ။
“ကျွန်မ နားလည်ပါပြီ။ ဒါဆိုရင် ရှင်ပင်ပန်းရတော့မှာပဲ”
လုချန်းက ရယ်မောလျက်
“ဒါက မပင်ပန်းပါဘူး။ အားလုံးက ကိုယ်တို့ကလေးအတွက်ပဲလေ။”
ရွှမ်ယွမ်ယွမ်ချီက
“အင်း” ဟု ခပ်တိုးတိုး ဆိုကာ နောက်ထပ် ဘာမှ မပြောတော့ပေ။
ရွှမ်ယွမ်ယွမ်ချီနှင့်အတူ နောက်ထပ် တစ်လခန့် ကျင့်ကြံပြီးနောက် လုချန်း သူမနှင့် မလိုလားစွာ ခွဲခွာခဲ့သည်။
………
နန်းတွင်း စာကြည့်ခန်းအတွင်း။
လုချန်းသည် သူ့ရှေ့ရှိ စနစ်မျက်နှာပြင်ကို အတွေးထဲ နစ်မြောလျက် စိုက်ကြည့်နေ၏။
[သူတော်စင်အဆင့် ကြယ်ဖျက်ယာဉ် : ဤကြယ်ဖျက်ယာဉ်တွင် ဖျက်ဆီးအားပြင်းသော အင်းကွက်များစွာ တပ်ဆင်ထားသည်။ ကြယ်ဖျက်ယာဉ်သည် ဧကရာဇ်လောင်းတစ်ဦးကို သတ်ဖြတ်နိုင်ပြီး အခန့်မသင့်လျှင် ဧကရာဇ်အဆင့် တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရှိစေနိုင်သည်။ သို့သော် သူတော်စင်အဆင့် ကြယ်ဖျက်ယာဉ်ကို တည်ဆောက်ရန်အတွက် သက်ဝင်ရွှေ ပမာဏ အမြောက်အမြား လိုအပ်သည်။]
ကြယ်ဖျက်ယာဉ်၏ မိတ်ဆက်ကို မြင်လျှင် လုချန်း၏ စိတ်ထဲ အလွန် အံ့အားသင့်သွားသည်။ သူ့ယခင် ဘဝနှစ်ခု၏ မှတ်ဉာဏ်များတွင်ပင် သူတော်စင်အဆင့် ကြယ်ဖျက်ယာဉ်မျိုး မရှိခဲ့ပေ။ ဤအရာက မြေကမ္ဘာ၏ နည်းပညာနှင့် ကျင့်စဉ်လောကတို့ ပေါင်းစပ်ထားသည့် ရလဒ်တစ်ခုနှင့် ပို၍ တူနေသည်။
ဤကြယ်ဖျက်ယာဉ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ပါက အလွန်အစွမ်းထက်သည့် လက်နက်ကို ပိုင်ဆိုင်လိုက်နိုင်ခြင်းဖြစ်သည်။ ထိုယဉ်သည် ဧကရာဇ်လောင်းတစ်ဦးကို သတ်ဖြတ်နိုင်ရုံသာမက ဧကရာဇ်အဆင့် တစ်ဦးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ အကယ်၍ ဤကြယ်ဖျက်ယာဉ်ကို အမြောက်အမြား ထုတ်လုပ်နိုင်ပါက ဤစကြဝဠာအတွင်းရှိ မည်သည့် အင်ပါယာက ရှနိုင်ငံကို ယှဉ်ပြိုင်နိုင်ပါမည်နည်း။
သို့သော် ကြယ်ဖျက်ယာဉ် တည်ဆောက်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ကတော့ တကယ်ပင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။
ရှနိုင်ငံသည် စကြဝဠာ၏ အစွန်းပိုင်းတွင် တည်ရှိပြီး အင်ပါယာနှစ်ခုကို သိမ်းပိုက်ပြီးနောက်တွင်ပင် သက်ဝင်ရွှေ ပမာဏ များများစားစား မရှိသေးပေ။ ကြယ်နယ်မြေ အချို့ရှိ သက်ဝင်ရွှေ အားလုံးကို ပေါင်းလိုက်လျှင်ပင် ကြယ်ဖျက်ယာဉ် တစ်စင်း တည်ဆောက်ရန် လုံလောက်မည် မဟုတ်ပေ။
သာမန် ကြယ်ဖျက်ယာဉ်များကို သာမန်သတ္တုများဖြင့် တည်ဆောက်နိုင်သော်လည်း ၎င်းတို့၏ စွမ်းအား ကတော့ သိပ်မပြင်းထန်ပေ။ လုချန်း၏ အမြင်အရတော့ ကြယ်ဖျက်ယာဉ်၏ အဓိက လုပ်ဆောင်ချက်သည် ဧကရာဇ်အဆင့်များကို ရင်ဆိုင်ရန်ဖြစ်သည်။
စကြဝဠာအတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများအကြား တိုက်ပွဲများတွင် မည်သူက ဧကရာဇ်အဆင့် ပိုများပြီး မည်သူ့ဘက်မှ ဧကရာဇ်များကပို အစွမ်းထက်သလဲ ဆိုသည့်အပေါ်တွင် မူတည်လေ့ရှိသည်။ အကယ်၍ ကြယ်ဖျက်ယာဉ် အရေအတွက် သတ်မှတ်ထားသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားဖြင့် အင်အားကြီး အဖွဲ့အစည်းများမှ ဧကရာဇ်အဆင့်များကို ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ ကြယ်ဖျက်ယာဉ်ကို ထိန်းချုပ်မည့် သူသည် သူတော်စင်အဆင့် ရှိရုံသာ လိုအပ်ခြင်းဖြစ်သည်။ သူတော်စင်အဆင့် တစ်ဦးက ဧကရာဇ်အဆင့် တစ်ဦးကို ခုခံထားနိုင်ခြင်းသည် စစ်ပွဲတစ်ခုအတွက် အလွန်ပင် တွက်ခြေကိုက်လှသည်။
လုချန်းသူ၏မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေရင်း နယ်မြေချဲ့ထွင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သူ နားလည်လိုက်၏။
စနစ်က သူ့အား ကြယ်ဖျက်ယာဉ်ကို ဆုလာဘ် အနေနှင့် ပေးအပ်ခြင်းက ရည်ရွယ်ချက် တစ်ခုခု ရှိမည်ဟု သူ ခံစားလိုက်ရသည်။ စနစ်သည် အသုံးမဝင်သော အရာကို မည်သည့်အခါကမှ မပေးပေ။ နောင်အနာဂတ်တွင် ဖြစ်လာမည့် ကပ်ဘေးကြီးအတွင်း၌ ဤကြယ်ဖျက်ယာဉ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။
ထို့ပြင် ကျရောက်တော့မည့် ကပ်ဘေးကြောင့် စကြဝဠာ တစ်ခုလုံးလည်း အုတ်အောာ်သောင်းနင်း ဖြစ်နေပြီ ဖြစ်သည်။ သူက အခြားအင်ပါယာများကို သွားရောက် မတိုက်ခိုက်လျှင်ပင် ထိုအင်ပါယာများက သူ့ကို တစ်နေ့နေ့တွင် ပစ်မှတ်ထားလာမည်သာ ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ရှနိုင်ငံအတွင်းရှိ ကုန်စည်တင်ဆောင်သည့် နတ်လှေအားလုံးကို ဖျက်သိမ်းရန်နှင့် ၎င်းတို့အစား အာကာသယဉ်များဖြင့် အစားထိုးရန် အမိန့်ချက်ချင်း ထုတ်ပြန်လိုက်သည်။ နတ်လှေ အားလုံးကို နန်းတွင်းက ပြန်လည် သိမ်းယူမည် ဖြစ်ပြီး သက်ဝင်ရွှေ တူးဖော်မှုများကိုလည်း အရှိန်မြှင့်တင်ရန် ညွှန်ကြားလိုက်၏။
ရှနိုင်ငံအတွင်းရှိ မည်သည့် အဖွဲ့အစည်းကမှ ဤအမိန့်ကို ကန့်ကွက်ခြင်း မရှိပေ။
မျက်စိတစ်မှိတ်အတွင်း ငါးနှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့သည်။ ထိုနေ့တွင် လုချန်း၏ ပင်မခန္ဓာက ရွှမ်ယွမ်ယွမ်ချီကို ကျင့်ကြံရန် ကူညီပေးနေစဉ် စနစ်၏ အသိပေးချက် သူ့စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာ၏။
“ချူးယုချင်သည် သခင်၏ ရင်သွေးကို အောင်မြင်စွာ ဖွားမြင်ခဲ့သည်။ ဆုလာဘ်အဖြစ် နတ်ဝိညာဉ်ထီး ရရှိခြင်းအတွက် ဂုဏ်ယူပါသည်”
စနစ်၏ အသိပေးချက်ကို ကြားလျှင် လုချန်း အံ့အားသင့်သွားသည်။ ဆယ်စုနှစ်တစ်ခုကျော် စောင့်ဆိုင်းပြီးနောက် သူ ဧကရာဇ်အဆင့် ဖြစ်လာပြီးမှ ပထမဆုံး ရရှိသည့် ရင်သွေး နောက်ဆုံး၌ ဖွင်းမြင်လာပြီ ဖြစ်၏။ မထင်မှတ်ပဲ ချူးယုချင်၏ ရင်သွေးက ထျန်းဟုန်ဧကရီ၏ ရင်သွေးထက် ဦးစွာ မွေးဖွားလာခဲ့သည်။
သတိပြန်ဝင်လာလျှင် ရွှမ်ယွမ်ယွမ်ချီ၏ အနီးမှ လုချန်း ချက်ချင်း ထလိုက်၏။
“ယွမ်ယွမ်။ ကိုယ် လုပ်စရာလေးတွေ ရှိလာလို့...... ကိုယ့်ရဲ့ ကိုယ်ပွားက မင်းအနားမှာ နေပေးလိမ့်မယ်။”
မကြာမီတွင် လုချန်း၏ ပင်မခန္ဓာ ချူးယုချင်၏ အဆောင်သို့ ရောက်ရှိလာခဲ့၏။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ချူးယုချင်၏ ရင်ခွင်ထဲရှိ ရွှေရောင်အလင်းများ ထွက်ပေါ်နေသော ကလေးငယ်ကို သူ မြင်လိုက်ရသည်။
လုချန်းက အံ့အားသင့်စွာဖြင့်
“ဒါက လမ်းစဉ်ရဲ့ အငွေ့အသက်တွေလား။ ဒီလောက် ပြင်းထန်တဲ့ လမ်းစဉ်အငွေ့အသက်တွေနဲ့ မွေးဖွားလာတာဆိုတော့ ကိုယ့်သားလေးက ကောင်းကင်ဧကရာဇ် ဖြစ်လာမယ့် ပါရမီ ပါလာတာပဲ” ဟု ရေရွတ်လိုက်၏။
ထိုသို့ပြောပြီးနောက် လုချန်းက ကုတင်အနီးသို့ ချဉ်းကပ်ကာ ချူးယုချင်ထံမှ ကလေးငယ်ကို လွှဲပြောင်းယူလိုက်သည်။ ချူးယုချင်သည်လည်း ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို လေ့ကျင့်ထားသူ ဖြစ်ရာ ကလေးမွေးဖွားပြီးနောက် ချက်ချင်းပင် နာကျင်မှုမရှိပဲ ပြန်လည်ကျန်းမာလာခဲ့သည်။
လုချန်းက သူ၏ရင်ခွင်ထဲရှိ ကလေးငယ်ကို ခဏခန့် ကြည့်လိုက်ပြီးနောက် ချူးယုချင်ကို ကြည့်ကာ
“ယုချင် ပင်ပန်းသွားပြီ”
ချူးယုချင်က ညင်သာစွာ ပြုံးလျက်
“မင်းကြီး။ ကလေးအတွက် နာမည် စဉ်းစားထားပြီးပြီလား။”
လုချန်း ခဏခန့် စဉ်းစားပြီးနောက်
“သူ့ကို လုယုံရှန် လို့ ခေါ်ကြတာပေါ့”
ထို့နောက် သူရင်ခွင်ထဲရှိ ကလေးငယ်ကို ငုံ့ကြည့်ကာ ပြုံးလျက်
“ရှန်လေး။မင်းက ပြီးခဲ့တဲ့ နှစ်တွေမှာ မင်းအမေကို အရမ်း ပင်ပန်းအောင် လုပ်ခဲ့တာ။ နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့။”
ထိုသို့ပြောပြီးနောက် လုယုံရှန်၏ ခန္ဓာကိုယ်ကို လုချန်း စစ်ဆေးကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် သူ တစ်ဖန် အံ့အားသင့်သွားရပြန်သည်။ လုယုံရှန်၏ ခန္ဓာကိုယ်အတွင်း၌ တောက်လောင်နေသော မီးလျှံတစ်ခု ရှိနေ၏။
နားမလည်နိုင်စွာဖြင့်
“စနစ်။ ဒီမီးလျှံက ဘာလဲ”
ဟု စနစ်ကို မေးမြန်းလိုက်၏။