← Chapters

အခန်း (၁၈၃၁-၁၈၃၃)

Vol. 98 Ch. 1831-1833

အခန်း (၁၈၃၁-၁၈၃၃)

Vol. 98 Ch. 1831-1833

အခန်း (၁၈၃၁) - ရတနာသိုက်ထဲ ရောက်မှတော့ ဘယ်လိုလုပ် လက်ဗလာနဲ့ ပြန်ရမလဲ

~"ဒါက ဘယ်လို ပုံစံကြီးလဲ"

ချန်းဖေးအယ် တစ်ယောက် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး မေးလိုက်သည်။

"ဒီဗွန်ရှိုင်းယား ဟွတ်ခ် လေ..."

ယဲ့ဖန်သည် ချက်ချင်းပင် သူ့ မူရင်းအသံကို ပြန်ပြောင်းပြီး ဖြေလိုက်သည်။

"မြို့တစ်မြို့လုံးက အသိအမှတ်ပြုထားတဲ့ ပါရမီရှင် သခင်လေး... မင်း မကြားဖူးဘူးလား"

ချန်းဖေးအယ် ပါးစပ်အဟောင်းသား ဖြစ်သွားပြန်၏။

"သူလား..."

"ဒါဆိုရင်တော့ ကြားဖူးတာပေါ့"

သူမ ဖော့ခ်စီးတီးကို ရောက်နေတာ မကြာသေး‌သော်ငြား၊ ဒီနာမည်ကိုတော့ ဖိုင်တွေထဲမှာ မကြာခဏ တွေ့ဖူးသည်။

ဒီဗွန်ရှိုင်းယား ဟွတ်ခ်...

ဒီဗွန်ရှိုင်းယား မိသားစု မျိုးဆက်သစ်တွေထဲမှာ တောက်ပမှု အရှိဆုံး ရတနာတစ်ပါး။

တချို့က သူ့ကို "ဘုရားသခင်ရဲ့ အချစ်တော်" ဟု တင်စားကြသည်။ ရုပ်ရည်က အလွန်အမင်း ခန့်ညားချောမောရုံ သာမက၊ ခန္ဓာကိုယ်ကလည်း သန်မာတောင့်တင်းသည်။ ဦးနှောက်ကလည်း သာမန်လူတွေထက် အဆပေါင်းများစွာ ထက်မြက်သည်။

ဘာပဲသင်သင်... တစ်ခုသင်ရင် တစ်ရာတတ်သည့် အဆင့်မျိုး။

ပညာရေးမှာ ထိပ်ဆုံး၊ ကိုယ်ခံပညာမှာ အံ့မခန်း၊ ကားမောင်းရင် ပရော်ဖက်ရှင်နယ်တွေတောင် လိုက်မမီ၊ ဆေးပညာမှာ ပါမောက္ခတွေတောင် အရှုံးပေးရသလို၊ စီးပွားရေး အမြင်မှာလည်း ကျွမ်းကျင်သူတွေတောင် လေးစားရသည့် သူ...။

ပြီးတော့ လူတိုင်း ရူးသွပ်လောက်သော မိသားစု နောက်ခံ...။

ဖော့ခ်စီးတီး၏ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ အတော်ဆုံး လူငယ်တစ်ယောက်အကြောင်း ပြောကြကြေး ဆိုလျှင်၊ သူ့နာမည် မပါဘဲ ပြီးပြည့်စုံမှာ မဟုတ်။

သူက တောင်ကြီး တစ်လုံးလိုပင်... လူတိုင်း၏ အမြင်အာရုံကို ဖမ်းစားထားသူ ဖြစ်၏။

သို့သော်၊... ချန်းဖေးအယ် ကြားထားတာက ဒီလူဟာ လျှို့ဝှက်ဆန်းကြယ်ပြီး၊ စည်းကမ်းဘောင်တွေ အပြင်ကနေ ဖောက်ထွက် တွေးခေါ်တတ်သူ ဖြစ်သည် ဟူ၍။ သူ့ဘေးနားက လူတွေတောင် သူ့ခြေလှမ်းကို မမီကြဘူးဟူ၍ပင်။

ယဲ့ဖန်က ထိုလူ၏ ပုံစံကို ပြောင်းလဲထားတာ မြင်တော့ သူမ စိုးရိမ်သွားသည်။

"ရှင်က... သူ့ပုံစံ အတိုင်း ဟန်ဆောင်ပြီး ဒီဗွန်ရှိုင်းယား အိမ်တော်ထဲ ဝင်မလို့လား"

"အရမ်း အန္တရာယ် မများလွန်းဘူးလား"

"အဲ့ဒါ သူ့အိမ်နော်... သူ့လူတွေ ကြားထဲမှာ ရှင် ဟန်ဆောင်နေတာကို ရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ"

ယဲ့ဖန် ခေါင်းခါလိုက်သည်။

"တပ်ကြီးငှားပြီး ဝင်မလို့မှ မဟုတ်တာ..."

"ကိုယ်က အခြေအနေအရ လိုအပ်လာရင် လူတွေကို ထင်ယောင်ထင်မှား ဖြစ်သွားအောင်၊ ဒီ 'ဟွတ်ခ်' ပုံစံကို မမျှော်လင့်တဲ့ လှည့်ကွက် တစ်ခု အနေနဲ့ သုံးမလို့ပါ"

"ပြီးတော့... ကိုယ့်သတင်းရပ်ကွက်တွေအရ ဆိုရင်၊ ဒီဗွန်ရှိုင်းယား ဟွတ်ခ်က ဒီနေ့ ရဲစခန်းက ပြန်ထွက်လာပြီးကတည်းက သူ့လူတွေနဲ့အတူ မြို့ပြင်ကို ထွက်သွားတာ အခုထိ ပြန်မရောက်သေးဘူး"

"ဒါကြောင့် ကိုယ်နဲ့ ကာယကံရှင် တိုးမိဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

"ကဲ... ဘယ်လိုလဲ။ ခြင်္သေ့လိုဏ်ဂူထဲ အတူတူ ဝင်မွှေကြမလား"

ချန်းဖေးအယ် အတွေးများသွားသည်။

ယဲ့ဖန် ဖန်တီးခဲ့ဖူးသော အံ့ဖွယ် ဖြစ်ရပ်တွေကို ပြန်စဉ်းစားမိလိုက်သည်။

နောက်ဆုံးတော့ သူမ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ... ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်က ရှင်ပဲဟာ။ ရှင့်အမိန့်အတိုင်း လိုက်နာပါ့မယ်"

"ငါရော ရုပ်ဖျက်ဖို့ လိုလား"

ယဲ့ဖန် လက်ကာပြလိုက်သည်။

"ရိုးရိုးရှင်းရှင်း ဥရောပသူ တစ်ယောက်ပုံစံ ပြောင်းလိုက်ရင် ရပြီ။ ပြီးတော့ မှတ်ထား... တကယ်လို့ ငါက 'ဟွတ်ခ်' အဖြစ် သရုပ်ဆောင်နေရရင်၊ ငါ့ကို မပေါ်သွားအောင် ထိန်းပေး"

"စိတ်ချ..."

ချန်းဖေးအယ် က ကျွမ်းကျင်သူ ပီပီ၊ ယဲ့ဖန် မှာတာကို ချက်ချင်း သဘောပေါက်လိုက်သည်။

...

ထိုည သန်းခေါင်ယံ အချိန်တွင်...၊

သူတို့နှစ်ဦးသည် ကားကို ဒီဗွန်ရှိုင်းယား အိမ်တော်နှင့် တစ်ကီလိုမီတာခန့် အကွာတွင် ထားခဲ့ပြီး၊ အိမ်တော်ရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့ကြသည်။

အိမ်တော် အနီးသို့ ရောက်သောအခါ၊ ခြံစည်းရိုး ထောင့်ချိုးရှိ စောင့်ကြည့်ကင်မရာများ တစ်ဖက်သို့ လှည့်သွားသည့် စက္ကန့်ပိုင်းလေး အတွင်းမှာပင်...

သူတို့နှစ်ဦးသည် သရဲတစ္ဆေများကဲ့သို့ လျင်မြန်ပေါ့ပါးသော လှုပ်ရှားမှုများဖြင့် ခြံစည်းရိုးကို ခုန်ပျံကျော်လွှား လိုက်ကြ၏။

(၃) စက္ကန့်...။

အပြင်စည်း အတားအဆီးကို ဖောက်ထွင်းဖို့ (၃) စက္ကန့်သာ ကြာမြင့်လိုက်သည်။

ယခုဆိုလျှင် သူတို့သည် ဒီဗွန်ရှိုင်းယား မြို့စားအိမ်တော်ဝင်း အတွင်းသို့ တရားဝင် ရောက်ရှိသွားကြပြီ ဖြစ်၏။

...

သို့သော်... ခြံဝင်းထဲသို့ ရောက်လိုက်သည်နှင့် ချန်းဖေးအယ် စိတ်မအေးနိုင်တော့။ ပို၍ပင် အာရုံကြောများ တင်းမာလာ၏။

ဘာလို့လဲဆိုတော့... အချက်အလက်ထဲကထက် လုံခြုံရေးက ပိုတင်းကျပ်နေ၍ပင်။

ညဘက်မို့လို့ လုံခြုံရေး တိုးမြှင့်ထားတာလား၊ တခြား အကြောင်းရင်း ရှိနေသလား မသိသော်လည်း... ဥယျာဉ်ထဲမှာတင် အထူးလေ့ကျင့်ထားသည့် သက်တော်စောင့် ကင်းလှည့်အဖွဲ့ (၃) ဖွဲ့ တပြိုင်နက် လှည့်လည်နေကြသည်။

ပြီးတော့... ထိုသက်တော်စောင့်တွေ၏ ကျောကုန်းမှာ စက်သေနတ်တွေ ကိုယ်စီ လွယ်ထားကြသည်။

ကြည့်ရတာ တော်တော်လေး ထိတ်လန့်စရာ ကောင်းနေ၏။

*(ဒီအခြေအနေကြီးနဲ့... ဘယ်လို လုပ်မလဲ)*

*(ဆက်သွားဦးမှာလား...)*

ချန်းဖေးအယ် သည် ယဲ့ဖန်ကို မျက်လုံးဖြင့် လှမ်းမေးလိုက်သည်။

ယဲ့ဖန်ကတော့... သူ၏ စနစ်ထဲက "ရတနာ လမ်းညွှန်" အား ဖွင့်ပြီး ဒီဗွန်ရှိုင်းယား အိမ်တော်ထဲက ရတနာတွေကို စကင်န်ဖတ်နေ၏။

အဓိကကတော့... ချန်လုံခေတ် 'အသက်ရှည် ဆေးဘူးပုံစံ ပန်းအိုး' အစစ် ဟုတ်မဟုတ် သေချာအောင် စစ်ဆေးနေခြင်း ဖြစ်၏။

လမ်းညွှန်မြေပုံပေါ်တွင် အနီရောင် အစက်လေး ပေါ်လာပြီး၊ "အစစ်အမှန်" ဖြစ်ကြောင်း ပြသလိုက်သောအခါ... ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။

သူ တွန့်ဆုတ်ခြင်း မရှိ။ ချန်းဖေးအယ် ကို နှုတ်ခမ်းလှုပ်ရုံမျှဖြင့် ပြန်ဖြေလိုက်သည်။

"ရတနာသိုက်ထဲ ရောက်ပြီးမှတော့... ဘယ်လိုလုပ် လက်ဗလာနဲ့ ပြန်လို့ ဖြစ်မလဲကွာ"

အခန်း (၁၈၃၂) - အာရုံလွှဲလိုက်တာလား

~ထိုအခါ၊ ချန်းဖေးအယ် သည် ဥယျာဉ်အတွင်း လှည့်လည်သွားလာနေသော အထူးလေ့ကျင့်ထားသည့် သက်တော်စောင့် (၃) ဖွဲ့ထံ မျက်လုံးဝေ့ကြည့်လိုက်သည်။

သူမ ဘာပြောချင်လဲ ဆိုတာ ရှင်းနေပါသည်။

ဒီလောက် သံမဏိတံတိုင်းလို လုံခြုံရေး တင်းကျပ်နေသည့် နေရာကို ဘယ်လို ဖောက်ဝင်မလဲ... ဝင်ပြီးရင်ရော ဘယ်လို ပြန်ထွက်မလဲ ဆိုသော အဓိပ္ပာယ်မျိုး။

ယဲ့ဖန်သည် ကင်းလှည့်အဖွဲ့ (၃) ဖွဲ့၏ တည်နေရာကို အသေအချာ လေ့လာသုံးသပ်လိုက်သည်။

ဒီဗွန်ရှိုင်းယား အိမ်တော် ဥယျာဉ်တစ်ခုလုံးက အလျား မီတာ (၂၀၀)၊ အနံ မီတာ (၁၀၀) ကျော် ကျယ်ဝန်းသည်။

ကင်းလှည့်အဖွဲ့ (၃) ဖွဲ့က သူတို့ နယ်မြေအလိုက် ခွဲခြားပြီး ကင်းစောင့်နေကြပုံ ရ၏။

သို့သော်လည်း... သက်တော်စောင့်တွေက သိပ်ပြီး တက်ကြွပုံ မရ။

ကင်းလှည့်နေရင်းနှင့် ဖုန်းခိုးသုံးသူက သုံး၊ စကားရပ်ပြောသူက ပြောနှင့်..ရှိလေ၏.။

ယဲ့ဖန်နှင့် ချန်းဖေးအယ် တို့သည် လက်ရှိတွင် အိမ်တော် အပြင်ဘက် ခြံစည်းရိုး ထောင့်ချိုးတစ်ခုတွင် ရောက်ရှိနေကြသည်။

အိမ်တော် ပင်မ အဆောက်အဦးဆီ ရောက်ဖို့ ဆိုလျှင်... ဒီကင်းလှည့်အဖွဲ့ (၃) ဖွဲ့၏ ကင်းလှည့်ဧရိယာကို မဖြစ်မနေ ဖြတ်သန်းသွားရမည်။

အခြေအနေကို တွက်ချက်ပြီးနောက်... ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။

"နည်းလမ်း ရှိပါတယ်..."

သူသည် ဘေးနားရှိ ကျောက်ခဲတစ်လုံးကို လျင်မြန်စွာ ကောက်ယူလိုက်သည်။

အနီးဆုံး ကင်းလှည့်အဖွဲ့ သူတို့ဘက်သို့ ဦးတည်လာချိန်ကို စောင့်ပြီး၊ မျက်နှာချင်းဆိုင် နံရံပေါ်ရှိ စောင့်ကြည့်ကင်မရာ တစ်လုံးဆီသို့ ကျောက်ခဲကို ပစ်သွင်းလိုက်သည်။

"ရွှီ..."

လေခွင်းသံ တိုးတိုးလေးနှင့်အတူ...

"ဘုန်း..."

သူ့လက်ညှိုး စွမ်းအားကြောင့် စောင့်ကြည့်ကင်မရာ ပေါက်ကွဲသွားသည်။

လျှပ်စီးပွားများ ဖြာထွက်သွားပြီးနောက်၊ မီးခိုးဖြူတန်းလေး တစ်ခု ထွက်ပေါ်လာ၏။

"ဟေ့... ဘာဖြစ်တာလဲ"

"ဘာသံလဲဟ..."

"ဘာလို့ ကင်မရာက ရုတ်တရက်ကြီး ပေါက်ကွဲသွားတာလဲ... မီးခိုးတွေလည်း ထွက်နေပါလား"

"ဘယ်ကောင်ကများ... ဘဝကို စိတ်ကုန်ပြီး ဒီဗွန်ရှိုင်းယား အိမ်တော်မှာ လာပြီး သေချင်နေတာလဲ မသိဘူး"

ယဲ့ဖန်တို့ဘက်သို့ လာနေသော ကင်းလှည့်အဖွဲ့ ခြေလှမ်းရပ်တန့်သွားသည်။ သူတို့အားလုံး ထိုနေရာသို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။

ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်ဖြစ်သူက စကားပြောစက်ဖြင့် ချက်ချင်း မေးမြန်းလိုက်သည်။

"ထိန်းချုပ်ခန်း... ထိန်းချုပ်ခန်း... အနောက်တောင်ဘက် ထောင့်က ကင်မရာ ဘာဖြစ်သွားတာလဲ"

ထိန်းချုပ်ခန်းမှ ပြန်ကြားလိုက်သည်မှာ ကင်မရာသည် အမည်မသိ တိုက်ခိုက်မှုတစ်ခု ခံလိုက်ရသည် ဆိုသော အဖြေပင်။

ခေါင်းဆောင်၏ မျက်နှာထား ပြောင်းလဲသွားသည်။

သူသည် ကျန်သော ကင်းလှည့်အဖွဲ့ (၂) ဖွဲ့ မှ ခေါင်းဆောင်တွေကို အချက်ပြလိုက်ပြီး၊ သူ့လက်အောက်ငယ်သားတွေကို ဦးဆောင်ကာ သေနတ်များ အသင့်ပြင်လျက် ထိုနေရာသို့ ပြေးထွက်သွားကြသည်။

"အာရုံလွှဲလိုက်တာလား .."

ချန်းဖေးအယ် မျက်လုံးများ အရောင်တောက်သွားလျက် သူမ တီးတိုး မေးလိုက်၏။

ယဲ့ဖန် ခေါင်းခါလိုက်သည်။ သူတို့နှစ်ယောက်သာ ကြားနိုင်လောက်သည့် အသံဖြင့် ပြန်ဖြေလိုက်သည်။

"မလုံလောက်သေးဘူး..."

"ပထမအဖွဲ့ ထွက်သွားပြီ ဆိုပေမယ့်... ကျန်တဲ့ (၂) ဖွဲ့က ပိုပြီး သတိထားသွားလိမ့်မယ်။ ပတ်ဝန်းကျင်ကို ပိုပြီး ဂရုစိုက်လာလိမ့်မယ်"

"ဒီအချိန်မှာ...တို့က အရှိန်မြှင့်ပြီး သူတို့ အာရုံကို ဆွဲဆောင်ရမယ်"

ပြောပြောဆိုဆိုနှင့်... ယဲ့ဖန်သည် နောက်ထပ် ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး အရှေ့တောင်ဘက်ရှိ ကင်မရာတစ်လုံးဆီသို့ ထပ်မံ ပစ်သွင်းလိုက်ပြန်၏။

"ဘုန်း..."

ထိုကင်မရာလည်း ပေါက်ကွဲပြီး မီးခိုးများ ထွက်လာသောအခါ၊ ကျန်ရှိနေသော ကင်းလှည့်အဖွဲ့ (၂) ဖွဲ့လုံး သေနတ်များ မောင်းတင်လိုက်ကြသည်။

နားကြပ်မှတဆင့် ဆက်သွယ်ပြီးနောက်... ထိုအဖွဲ့ (၂) ဖွဲ့သည်လည်း လူအင်အား အများစုကို ခွဲထုတ်ပြီး၊ အိမ်တော်အပြင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားကြတော့၏။

"အခုပဲ... အခွင့်အရေး ရပြီ"

ထိုအချိန်တွင် ယဲ့ဖန်နှင့် ချန်းဖေးအယ် တို့ လှုပ်ရှားလိုက်ကြသည်။

ဥယျာဉ်အတွင်းရှိ အပင်ပုလေးများကို အကာအကွယ်ယူပြီး၊ တိုးဝင် သွားကြ၏။

ကင်းလှည့်အဖွဲ့ အရေအတွက် လျော့နည်းသွားခြင်းနှင့် သူတို့နှစ်ဦး၏ လျင်မြန်ဖြတ်လတ်မှုတို့ ပေါင်းစပ်လိုက်သောအခါ၊ အန္တရာယ်ကင်းကင်းဖြင့် ဥယျာဉ်ကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။

သို့သော်...

ဒီဗွန်ရှိုင်းယား အိမ်တော် ပင်မဆောင်သို့ ရောက်ခါနီးတွင်၊ ချန်းဖေးအယ် သက်ပြင်းချလိုက်မိစဉ်...

ယဲ့ဖန် ရုတ်တရက် ရပ်တန့်လိုက်သည်။

ထို့နောက်... သူမ၏ ပခုံးကို လှမ်းဆွဲကာ ဘေးနားရှိ အပင်ပုလေးများကြားထဲသို့ အကြမ်းပတမ်း ဆွဲလှဲ ပြီး ဖိချလာသည်။

"ယဲ့ဖန်... ရှင် ဘာလုပ်တာလဲ၊ ရူးနေလား"

ချန်းဖေးအယ် လန့်ဖျပ်သွားပြီး သူ့ကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။

အထူးသဖြင့်... ယဲ့ဖန်၏ လှုပ်ရှားမှုက ကြမ်းတမ်းလွန်းပြီး၊ သူ့ခန္ဓာကိုယ်ကြီးက သူမအပေါ်သို့ လုံးဝ ဖိကျလာသောအခါ၊ သူမ ပြာယာခတ်သွားပြီး တိုက်ခိုက်ရန်ပင် ပြင်လိုက်မိသည်။

*(ဒီလူ... အခွင့်ကောင်းယူပြီး နှာဘူးထနေတာလား)*

သို့သော် ထိုအချိန်မှာပင် ယဲ့ဖန်၏ တိုးညှင်းသော အသံကို ကြားလိုက်ရ၏။

"အသံမထွက်နဲ့... ကိုယ်က အခုကစပြီး 'ဒီဗွန်ရှိုင်းယား ဟွတ်ခ်' ပဲ"

နောက်တစ်စက္ကန့်တွင်...

အိမ်တော် ဒုတိယထပ် လသာဆောင်ပေါ်မှ လူရိပ်တစ်ခု ခုန်ဆင်း လာသည်ကို တွေ့လိုက်ရ၏။

ထိုလူရိပ်သည် အန္တရာယ် အငွေ့အသက်များဖြင့် သူတို့ရှိရာသို့ လျင်မြန်စွာ ဦးတည် လာနေလေတော့သည်...။

အခန်း (၁၈၃၃) - သရုပ်ဆောင် စွမ်းရည်ချင်း ပြိုင်ကြတာပေါ့

~ပထမဆုံး မြင်လိုက်ရတာကတော့... 'တက်စီဒို' (Tuxedo) ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူကုံထံ လူရိပ်တစ်ခု။

အသက် (၆၀) ဝန်းကျင်ခန့် ရှိပုံရပြီး၊ ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထားသလို၊ မုတ်ဆိတ်မွေးများကိုလည်း သေသပ်စွာ ပုံသွင်းထားသည်။

ကြည့်ရတာ အလွန် ကျန်းမာသန်စွမ်းမည့်ပုံ ပေါက်သည်။

သူဝတ်ထားသော ဝတ်စုံကလည်း တန်ဖိုးကြီးပြီး သာမန် မဟုတ်မှန်း သိသာသည်။

သို့သော်လည်း... ချန်းဖေးအယ် အဓိက စိုးရိမ်တာက ထိုကိစ္စ မဟုတ်။

အရေးကြီးဆုံး အချက်က... ဒီလူ၏ လှုပ်ရှားမှုတွေက အရမ်း သွက်လက်ဖျတ်လတ်နေပြီး၊ မျက်လုံးတွေက သိမ်းငှက်တစ်ကောင်လို စူးရှထက်မြက်နေခြင်းပင်။ တကိုယ်လုံးမှ အန္တရာယ် အငွေ့အသက်တွေ ထွက်နေ၍ သူမတောင် ကြောက်စိတ်ဝင်သွားမိသည်။

အပေါ်ထပ်ကနေ ခုန်ဆင်းလာတာတောင် အသံမထွက်သလောက်ပင်။ မြေကြီးပေါ် ခြေချလိုက်သည်နှင့် တည်ငြိမ်စွာ ရပ်တန့်သွားသည်။

သူ့အကြည့်တစ်ချက်က... သားရဲကောင်ကြီး တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသလို ခံစားစေသည်။

ထိုအချိန်တွင်... ယဲ့ဖန်က သူမအပေါ် ဖိထားပြီး အဓမ္မကျင့်တော့မလို ပုံစံမျိုး ဟန်ဆောင်လိုက်သည်ကို ခံစားလိုက်ရသောအခါ၊ ချန်းဖေးအယ် ချက်ချင်း ဇာတ်လမ်းထဲ ဝင်လိုက်သည်။

"သခင်လေး ဟွတ်ခ်... မလုပ်ပါနဲ့"

"ဒါ... ဒါ ကျွန်မရဲ့ ပထမဆုံး အကြိမ်ပါ"

"တခြားနေရာ သွားလို့ မရဘူးလားဟင်... ပိုပြီး လုံခြုံတဲ့ နေရာလေး တစ်ခုခုပေါ့"

သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် တောင်းပန်တိုးလျှိုးမှု အရိပ်အယောင်များ ပေါ်လာ၏။

သူမ တောင်းပန်လေ... ယဲ့ဖန်က ပိုစိတ်ကြွလေ ပုံစံမျိုးဖြင့် လှုပ်ရှားမှုများ ပိုကြမ်းတမ်းလာ၏။

ထို့နောက်... တက်စီဒိုဝတ် လူကြီး ရောက်လာသည်ကို သတိထားမိသွားသလို ဟန်ဆောင်ပြီး၊ ယဲ့ဖန်ကို အတင်း တွန်းထုတ်လိုက်သည်။

"လူလာနေတယ်"

"ဒီနေရာမှာ မဖြစ်ဘူး... သခင်လေး ဟွတ်ခ်"

"ကျေးဇူးပြုပြီး ထပါတော့... ဆက်မလုပ်ပါနဲ့တော့ရှင်"

ယဲ့ဖန်က စိတ်အနှောင့်အယှက် ဖြစ်သွားသည့် ပုံစံဖြင့် ကျိန်ဆဲရင်း သူမ ကိုယ်ပေါ်မှ ဖယ်ခွာလိုက်သည်။

"တောက်... ဘယ်သူက မျက်လုံးမပါဘဲ ငါ့အစီအစဉ်ကို လာဖျက်ဆီးနေတာလဲ"

ချုံပုတ်ဘေးတွင် ရပ်နေသော တက်စီဒိုဝတ် လူကြီးမှာ... မူလက ချုံပုတ်ထဲတွင် လှုပ်ရှားနေသူကို သတ်ပစ်ရန် အဆင်သင့် ပြင်ထားသော်လည်း၊ ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ တောင့်ခနဲ ဖြစ်သွားသည်။

"သခင်လေး ဟွတ်ခ်... ခင်ဗျားလား"

ယဲ့ဖန် မကျေမနပ် မျက်နှာထားဖြင့် ဘောင်းဘီကို ပြန်ဝတ်ရင်း ချုံပုတ်ထဲမှ ထွက်လာ၏။

"ဘာလုပ်နေတာလဲ... ခင်ဗျားက ဘာလို့ ဒီမှာ လာရပ်နေတာလဲ"

"ကျုပ်ရဲ့ 'လက်တွေ့ တိုက်ခိုက်ရေး စွမ်းရည်'ကို လေ့လာသင်ယူဖို့ ပြင်နေတာလား"

တက်စီဒိုဝတ် လူကြီး ပြာပြာသလဲ ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်။

"မဝံ့ရဲပါဘူး သခင်လေး..."

ဈ

"ဒါပေမဲ့... သခင်လေးက ဘာလို့ ဒီအချိန်ကြီး ဒီနေရာ ရောက်နေတာလဲ"

"သန်းခေါင်ယံကြီးမှာ..."

ယဲ့ဖန် မောက်မာသော လေသံဖြင့် မေးလိုက်သည်။

"ဘာလဲ... ခင်ဗျားက ကျုပ်ကို စစ်ဆေးမေးမြန်းနေတာလား"

လူကြီး ပိုပြီး ထိတ်လန့်သွားသည်။ ခါးကို ပိုကိုင်းညွှတ်လိုက်သည်။

"မလုပ်ရဲပါဘူးခင်ဗျာ..."

"ကင်းလှည့်အဖွဲ့ဆီက သတင်းရလို့ပါ... အိမ်တော်အပြင်ဘက်က ကင်မရာတွေ ရုတ်တရက် တိုက်ခိုက်ခံရတယ် ဆိုလို့၊ သခင်လေး လုံခြုံရေးအတွက် စိုးရိမ်မိလို့ပါ"

"မလုံခြုံဘူး ဟုတ်လား..."

ယဲ့ဖန် အေးစက်စွာ ရယ်မောလိုက်သည်။

"တကယ်လို့ ကျုပ်ကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ် တစ်ခုခု ရှိနေတယ် ဆိုရင်တောင်... သေနတ်အားကိုးနေတဲ့ ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ သက်တော်စောင့်တွေက ကျုပ်ကို ကာကွယ်ပေးနိုင်မယ် ထင်နေလား"

"သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်နဲ့ အသက်ရှင်သန်နိုင်စွမ်းက...ကျုပ်ခြေဖျားတောင် မမီဘူး"

လူကြီး ငြိမ်ကျသွားသည်။ ဟွတ်ခ် ပြောတာ မှန်နေသည်ကိုး။

ယဲ့ဖန်က စိတ်ကုန်သွားသည့် ပုံစံဖြင့် လက်ကာပြလိုက်၏။

"ကဲ... သွားစရာ ရှိတာ သွားတော့"

"ခင်ဗျားတို့ လာရှုပ်လို့..ကျုပ် စိတ်တွေ လေကုန်ပြီ"

"စိတ်ပျက်စရာ ကောင်းလိုက်တာကွာ..."

ပြောရင်းဆိုရင်းနှင့်... သူသည် ချန်းဖေးအယ် ကို ကြမ်းတမ်းစွာ ဆွဲထူလိုက်ပြီး၊ ဥယျာဉ်ထဲမှ ထွက်ကာ အိမ်တော် ပင်မတံခါးမကြီး ဆီသို့ ဦးတည် လျှောက်သွားလိုက်သည်။

တက်စီဒိုဝတ် လူကြီးလည်း ဟွတ်ခ် ထပ်ပြီး ဒေါသထွက်မှာ စိုးရိမ်သဖြင့် အနောက်မှ ကပ်လိုက်ပါလာ၏။

အိမ်တော် ဝင်ပေါက်သို့ ရောက်သောအခါ၊ ယဲ့ဖန် ဘာမှ မလုပ်ရသေးခင်မှာပင် လူကြီးက အလိုက်တသိ တံခါးဖွင့်ပေးပြီး ဘေးသို့ ရှောင်ပေးလိုက်သည်။

ထိုအခါမှ ယဲ့ဖန် အနည်းငယ် ကျေနပ်သွားပုံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချန်းဖေးအယ် ကို လွှတ်ပေးလိုက်ပြီး၊ မြေအောက်ခန်းဆီသို့ ခေါ်ဆောင်သွားလိုက်သည်။

လူကြီးက ဘေးမှ လိုက်ပါလာဆဲ။

ယဲ့ဖန်က သူစိမ်း မိန်းကလေး တစ်ယောက်ကို မြေအောက်ခန်းထဲ ခေါ်သွားတာ မြင်တော့ သူ မေးခွန်းထုတ်ချင်လာ၏။

သို့သော်၊... စကားစမည် ပြင်လိုက်တုန်းမှာပဲ ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

သတိပေးနေသော အကြည့်...။

လူကြီး ချက်ချင်း ပါးစပ်ပိတ်သွားသည်။

သူသည် မြေအောက်ခန်း ဝင်ပေါက်တွင် ရပ်တန့်လိုက်ပြီး၊ ဆက်မလိုက်တော့ဘဲ လမ်းဖယ်ပေးလိုက်သည်။

ဘာလို့လဲဆိုတော့... ဒီဗွန်ရှိုင်းယား မိသားစုမှာ တင်းကျပ်သော စည်းမျဉ်းတွေ ရှိသည်။ သြဇာအာဏာရှိသည့် မိသားစုဝင် အနည်းငယ်ကလွဲလျီင်... ဘယ်သူမှ ဒီဧရိယာထဲ ဝင်ခွင့်မရှိပါ။

မိမိလို အိမ်တော်ထိန်း တစ်ယောက် မပြောနှင့်၊... မိသားစုဝင် အစွယ်အပွားတွေတောင် ခြေချခွင့် မရှိသော နေရာ ဖြစ်၏။

All Chapters