အခန်း (၁၈၄၃-၁၈၄၅)
Vol. 98 Ch. 1843-1845
အခန်း (၁၈၄၃) - သခင်... ရှင် လူဆိုး
~သူခိုးဝတ်စုံ ဝတ်ဆင်ထားသော မိန်းမလှလေးသည် ယဲ့ဖန်၏ ရင်ခွင်ထဲတွင် ရှက်ရွံ့စွာ ရုန်းကန်နေရှာသည်။
"လွှတ်... လွှတ်ပါ... ရှင် ဘာလုပ်တာလဲ"
"အို... ဂျပန်က မိန်းမလှလေး တစ်ယောက်ပါလား။ ကျုပ် သဘောကျသွားပြီ"
ယဲ့ဖန်သည် တမင်တကာ ဟန်ဆောင်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူ့လက်များကတော့ အငြိမ်မနေ။
"ဒီနေ့တော့... ငါ နိုင်ငံဂုဏ်ဆောင်မယ့် ပွဲပဲ"
"ဟီးဟီး... သခင်ကတော့လေ၊ တကယ်ပါပဲ။ ဖူမာကျန်းဝူမှန်း သိနေပြီ မဟုတ်လား"
ယဲ့ဖန်၏ လက်များက သူမခန္ဓာကိုယ် အနှံ့ ပြေးလွှားနေသည်ကို ခံစားမိလိုက်သောအခါ၊ ဖူမာကျန်းဝူသည် မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။ သူမ၏ စိတ်များလည်း ဂယောက်ဂယက် ဖြစ်လာသည်။
"မင်း ဘယ်လို ထင်လို့လဲ..."
ယဲ့ဖန်က သူမကို ပြန်မေးလိုက်သည်။
သူမ၏ အသက်ရှူသံများနှင့် နှလုံးခုန်သံများ မြန်ဆန်လာသည်ကို သူ အာရုံခံမိသည်။ သူမ ကိုယ်တိုင်ကလည်း မသိစိတ်ဖြင့် သူ့အပြုအစုကို လိုလားတောင့်တနေကြောင်း သိလိုက်ရသောအခါ... ယဲ့ဖန်၏ သွေးများ ဆူပွက်လာသည်။
မူလက သူမကို စနောက်ပြီး ခြိမ်းခြောက်ရုံလောက်ပဲ ရည်ရွယ်ခဲ့ပေမယ့်... အခုတော့ အခြေအနေတွေ ပြောင်းလဲကုန်၏။
"သခင်..."
ယဲ့ဖန်နှင့် ခွဲခွာနေရတာ ကြာပြီ ဖြစ်သော ဖူမာကျန်းဝူသည်လည်း အလွမ်းဓာတ်ခံ ရှိနေသူပီပီ၊ သူမ၏ ခန္ဓာကိုယ်လေး တွန့်လိမ်သွားပြီး အသံများ ပျော့ပျောင်းသွားသည်။
"ဘာလဲ... မင်းက ဒီလောက်တောင် စိတ်မရှည်တော့ဘူးလား။ သခင်ကို တွေ့တာနဲ့ သခင်ရဲ့ ခန္ဓာကိုယ်ကို တောင့်တနေပြီလား"
ယဲ့ဖန်က သူမကို ခွင့်ပြုလိုက်သော်လည်း၊ ပါးစပ်ကတော့ စနောက်ဖို့ မမေ့။
ထိုစကားကြောင့် ဖူမာကျန်းဝူ၏ ခန္ဓာကိုယ် အပူချိန် ချက်ချင်း မြင့်တက်သွားသည်။
"သခင်... ရှင် လူဆိုး..."
"ရှင်နဲ့ မတွေ့ရတာ ကြာပြီလေ... လွမ်းနေတာပေါ့"
"သခင်ရော... ကျန်းဝူလေးကို မလွမ်းဘူးလား"
"လွမ်းမလွမ်း ဆိုတာ... ကိုယ်တွေ့ ခံစားကြည့်လိုက်ရင် သိရမှာပေါ့"
ယဲ့ဖန်က အားနာမနေတော့။ ကုတင်ပေါ်မှ ချန်လုံခေတ် ပန်းအိုးကို ဘေးသို့ ရွှေ့လိုက်ပြီး၊ သူမ၏ အဝတ်အစားများကို ဆွဲဖယ်ကာ အပေါ်မှ အုပ်မိုးလိုက်လေတော့၏။
...
မကြာမီ အချိန်အတွင်းမှာပင်... ဟိုတယ်အခန်းလေးထဲ၌ ကြည်နူးဖွယ်ရာ တေးသံသာများ ပျံ့လွင့်သွားတော့၏။
ပြတင်းပေါက် အပြင်ဘက်မှ လမင်းကြီးပင်လျှင် ထိုမြင်ကွင်းကို ဆက်မကြည့်ရက်တော့သဖြင့် တိမ်တိုက်များ နောက်ကွယ်သို့ ဝင်ရောက် ပုန်းအောင်းသွားရရှာသည်။
ထိုညတွင်... ယဲ့ဖန်သည် အရှိန်အဟုန် ပြင်းစွာဖြင့် စိတ်ရှိတိုင်း ချစ်ပွဲဝင်ခဲ့လေသည်။ ဖူမာကျန်းဝူ ခမျာ အကြိမ်ကြိမ် တောင်းပန် အသနားခံတော့မှသာ သူမကို လွှတ်ပေးလိုက်ပြီး၊ နှစ်ယောက်သား ပွေ့ဖက် အိပ်စက်လိုက်ကြ၏။
...
နောက်တစ်နေ့ မနက်တွင်...၊
ယဲ့ဖန် နိုးလာချိန်၌ နေစောင်းနေပြီ ဖြစ်သည်။
ရင်းနှီးနေသော တရုတ်အစားအစာ ရနံ့များ ဟိုတယ်အခန်းထဲတွင် ပျံ့လွင့်နေသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ... ဖူမာကျန်းဝူသည် သူ့ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ မီးဖိုချောင်အသေးလေးထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရ၏။
သူမ၏ သေးသွယ်ကျစ်လျစ်သော ကိုယ်လုံးလေးသည် ရှပ်အင်္ကျီအောက်တွင် အလွန် ဆွဲဆောင်မှု ရှိနေပြီး၊ လည်ပင်းပေါ်တွင် မနေ့ညက Love Bite တစ်ခု ထင်ကျန်ရစ်နေသေးသည်။
"သခင်... နိုးပြီလား"
ယဲ့ဖန် ကြည့်နေသည်ကို သတိထားမိသောအခါ၊ သူမ ချက်ချင်း အလုပ်ရပ်လိုက်ပြီး ပြုံးပြလိုက်သည်။
"လာပါဦး..."
ယဲ့ဖန် ကျေနပ်စွာ ပြုံးလိုက်သည်။
ဖူမာကျန်းဝူသည် ပန်းကန်ခွက်ယောက်များကို ချထားခဲ့ပြီး၊ လိမ္မာသော ကြောင်လေးတစ်ကောင်လို အနားသို့ ရောက်လာ၏။
"သခင်... ဘာခိုင်းစရာ ရှိလို့လဲ"
ယဲ့ဖန်က သူမကို ဆွဲယူပြီး ရင်ခွင်ထဲ ထည့်လိုက်သည်။
"ဒါက... မနေ့ညက မင်းရဲ့ စွမ်းဆောင်ရည်အတွက် ဆုချတာ"
သူမ၏ ပါးပြင်လေး ရဲသွား၏။
"သခင်... ဒီရက်ပိုင်း စိတ်ဖိစီးမှုတွေ များနေပုံ ရတယ်နော်။ ဒါပေမဲ့ မနေ့ညက ကျန်းဝူကြောင့် စိတ်ပြေသွားပြီ ထင်တယ်"
"နောက်ရက်တွေကျရင်လည်း... ကျန်းဝူ ဆက်ပြီး ကြိုးစားပေးပါ့မယ်။ အိပ်ခန်းဆောင် နည်းလမ်းသစ်တွေ လေ့လာထားတာ ရှိသေးတယ်... သခင်ကို တဖြည်းဖြည်းချင်း ပြုစုပေးပါ့မယ်"
"ကောင်းပြီလေ... အဲ့ဒါ နောက်မှပေါ့"
ယဲ့ဖန်က သူမ၏ မေးစေ့လေးကို အသာကိုင်လိုက်သည်။
"အခုတော့... သခင်ကို ရေချိုးပေး၊ အဝတ်အစား ဝတ်ပေးတော့"
"ပြီးရင်... မင်း ဘာလို့ တစ်ခွန်းမှ အသိမပေးဘဲ နေမဝင်အင်ပါယာကို ရောက်လာရတာလဲ ဆိုတာ ပြောပြစမ်း"
"ဟုတ်ကဲ့..."
ဖူမာကျန်းဝူသည် အစေခံလေး တစ်ယောက်လို ယဲ့ဖန်ကို ပြုစုပေးရင်း၊ သူမ ရောက်လာရခြင်း အကြောင်းရင်းနှင့် သူမ လုပ်ဆောင်ခဲ့သော မစ်ရှင်များ၏ တိုးတက်မှုကို အစီရင်ခံ တင်ပြလေတော့၏။
အခန်း (၁၈၄၄) - ဖူမာမျိုးနွယ်စုရဲ့ ပါရမီရှင် မိန်းကလေး
~"သခင်... ရှင် ကျွန်မကို စောင့်ရှောက်ခိုင်းထားတဲ့ မစ္စစ် ကယ်လီနာလေ...။ သူက နေမဝင်အင်ပါယာရဲ့ တော်ဝင်လျှို့ဝှက်အေးဂျင့် ဆိုတာ သိပါတယ်၊ အခုတော့ သူ တော်တော်လေး ကျန်းမာလာပါပြီ"
"သူ ကျွန်မကို ပြောပြတယ်... ဒီရက်ပိုင်း နေမဝင်အင်ပါယာမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်တဲ့။ နိုင်ငံတကာက အင်အားစုတွေ စုရုံးရောက်ရှိလာကြတော့မယ် ဆိုတော့... သခင် တစ်ယောက်တည်း အလုပ်ရှုပ်နေရမှာ စိုးရိမ်မိလို့ပါ"
"ပြီးတော့... သူက သူ့ကိုယ်သူ ဂရုစိုက်နိုင်ပြီ၊ ကျွန်မရဲ့ ပြုစုစောင့်ရှောက်မှု မလိုတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်မလည်း သခင်ဆီ အမြန်ဆုံး လာပြီး ကူညီချင်စိတ် ပေါ်လာတာနဲ့... လေယာဉ်လက်မှတ် ဖြတ်ပြီး ချက်ချင်း လိုက်လာခဲ့တာပါ"
"..."
ဖူမာကျန်းဝူက ရှင်းပြနေရင်းနှင့် ယဲ့ဖန်ကို ခိုးခိုးကြည့်နေသည်။ သူမ မျက်လုံးများထဲတွင် ချစ်ခင်မြတ်နိုးမှု အရိပ်အယောင်များ ပြည့်နှက်နေ၏။
သိသာပါတယ်လေ... အထက်က အကြောင်းပြချက်တွေ အပြင်၊ ဒီကောင်မလေးက ယဲ့ဖန်ကို လိုချင်တောင့်တ... အဲလေ၊ လွမ်းဆွတ်နေလို့ ရောက်လာတာ ဆိုတာ သေချာပါသည်။
သို့သော်၊ ယဲ့ဖန် ထုတ်မပြောတော့။ ခေါင်းအသာညိတ်ပြလိုက်သည်။
"မင်း ရောက်လာတာ ကောင်းပါတယ်... ငါ ဒီမှာ အကူအညီ လိုနေတာ အမှန်ပဲ"
"ဂျယ်ရီ ဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေက နေရာအနှံ့ ပျံ့နှံ့နေတယ်။ ပြီးတော့ မျိုးဗီဇ ပြုပြင်ထားတဲ့ လူသားတွေလည်း အများကြီး ရှိနေတယ်...။ ဒီက မြေအောက်လောက အခြေအနေက ငါထင်ထားတာထက် ပိုရှုပ်ထွေးတယ်"
"မင်း ရောက်လာတော့... ငါ့အတွက် တော်တော်လေး သက်သာသွားတာပေါ့"
"သခင်ရဲ့ စိတ်ပူပန်မှုတွေကို မျှဝေခံစားနိုင်ဖို့... ကျန်းဝူ အစွမ်းကုန် ကြိုးစားပါ့မယ်"
ဖူမာကျန်းဝူ လေးလေးနက်နက် ကတိပေးလိုက်သည်။
ယဲ့ဖန် သူမ၏ စေတနာကို နားလည်သည်။ မနက်စာ အတူစားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ခဏနေရင် ငါ ရတနာတစ်ခု သွားရှာမလို့... မနက်စာ စားပြီးရင် အဝတ်အစားလဲပြီး လိုက်ခဲ့တော့"
"ဟုတ်ကဲ့ပါ..."
ဖူမာကျန်းဝူ ချက်ချင်း တုံ့ပြန်လိုက်သည်။ ယဲ့ဖန်အတွက် ပန်းကန်ခွက်ယောက်များ ပြင်ဆင်ပေးပြီးမှ သူမ ဝင်ထိုင်လိုက်သည်။
"မနေ့ညက ကြည့်ရတာ... မင်းရဲ့ 'အသက်ရှူ ဖုံးကွယ်ခြင်း ပညာ' ၊ တုံ့ပြန်မှု အမြန်နှုန်းနဲ့ ခွန်အားတွေ တော်တော် တိုးတက်လာသလိုပဲ။ ဒီရက်ပိုင်း တိတ်တဆိတ် လေ့ကျင့်နေတာလား"
ယဲ့ဖန်က ရတနာ (၃) ခု၏ တည်နေရာကို စစ်ဆေးရင်း မေးလိုက်ခြင်းပါ။
မနေ့ညက ဖူမာကျန်းဝူ တံခါးကို အာရုံစိုက်နေတုန်း၊ သူက အနောက်မှ ရုတ်တရက် ဝင်တိုက်ခိုက်ခဲ့သည်လေ။ သို့တိုင်၊ သူမက ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့သည်။
သူမ၏ နင်ဂျစ်ဆုနှင့် အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်တွေ တိုးတက်လာတာ သေချာသည်။
"ဒီရက်ပိုင်း မစ္စစ် ကယ်လီနာကို ပြုစုရင်းနဲ့ အားနေတာနဲ့... အပျင်းပြေ လေ့ကျင့်ဖြစ်ပါတယ်"
"မစ္စစ် ကယ်လီနာဆီမှာ တခြား ရှင်ဂျာမျိုးနွယ်စု တစ်ခုရဲ့ လျှို့ဝှက် သိုင်းကျမ်းတွေ ရှိနေတာ အံ့သြစရာပါပဲ..."
"ကျွန်မ အဲ့ဒါတွေကို လေ့လာပြီး ကိုယ်ပိုင် ပညာရပ်တွေနဲ့ ပေါင်းစပ်လိုက်တာပါ။ ပြီးတော့ သခင်ရဲ့ ဘေးနားမှာ နေတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်လိုက်တော့... ကံကောင်းထောက်မစွာနဲ့ အဆင့်တက်သွားတာပါ"
"မြှောက်လွန်းအားမကြီးပါနဲ့..."
ယဲ့ဖန် ခေါင်းခါလိုက်သည်။
ဒီကောင်မလေးက ဒီအချိန်ထိ နှိမ့်ချပြီး သူ့ကို ချီးကျူးဖို့ မမေ့ပေ။
သူမက ဖူမာ မျိုးနွယ်စု၏ ပါရမီရှင် ဖြစ်သည်... ကိုယ့်ဘာသာ ကြိုးစား၍ အောင်မြင်တာကိုတောင်၊ ယဲ့ဖန်၏ ကျေးဇူးကြောင့်ပါ ဆိုပြီး ပြောတတ်သေးသည်။
‘စကားပြောတတ်လိုက်တာ... "အီးကျူ"မြင့်တယ်လို့ ပြောရမလား။’
"ငါ့ ခန့်မှန်းချက်အရ ဆိုရင်... မင်းရဲ့ လက်ရှိ စွမ်းရည်က မင်းတို့ မျိုးနွယ်စုထဲက နင်ဂျာအများစုထက် သာနေပြီ"
"သိုင်းလောက အခေါ်အဝေါ်နဲ့ ပြောရရင်... 'အတွင်းအား သိုင်းပညာ အဆင့်မြင့်' လောက် ရှိနေပြီကွ"
"ဒီလောက် စွမ်းရည်မျိုးနဲ့ ဆိုရင်...သေချင်လို့ တမင် သွားမတိုးမိသရွေ့၊ ဒီလောကမှာ မင်း စိတ်တိုင်းကျ လှုပ်ရှားလို့ ရနေပြီ"
ယဲ့ဖန် ချီးကျူးလိုက်သည်။
ဖူမာကျန်းဝူ ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်မက... သခင်ရဲ့ စိတ်ပူပန်မှုတွေကို မျှဝေပေးချင်ရုံပါပဲ"
"ကဲပါ... မင်း လိမ္မာမှန်း သိပါတယ်။ မနက်စာ အရင်စား... ပြီးရင် အရေးကြီး ကိစ္စ သွားလုပ်ကြမယ်ကွာ"
ယဲ့ဖန် စကားဖြတ်လိုက်သည်။
ဖူမာကျန်းဝူ ပြောနေတုန်း သူ ရတနာ တည်နေရာတွေကို ပြန်စစ်ဆေးကြည့်တော့...
'အာရှ၏ ပုလဲ'... စီရှီးမယ်တော်ရဲ့ ညအလင်းရောင် ပုလဲ...။
တစ်ညတည်းနှင့် နေရာ အတော်လေး ရွေ့သွားတာကို တွေ့လိုက်ရ၏။
ကြည့်ရတာ... တစ်ယောက်ယောက်က သယ်သွားတာ၊ ဒါမှမဟုတ် တစ်နည်းနည်းနှင့်၊ ရွှေ့ပြောင်းခံနေရတာ ဖြစ်ပုံရသည်။
အမြန်သွားမှ ရတော့မည်။
မဟုတ်လျှင်... နိုင်ငံခြားကို ရောက်သွားခဲ့လျှင် ပြန်ယူဖို့ ခက်ခဲသွားလိမ့်မည်။
မနက်စာ စားပြီးနောက်... ဖူမာကျန်းဝူ အမြန် သိမ်းဆည်းပြီး အဝတ်အစား လဲလိုက်သည်။ ယဲ့ဖန်လည်း အဝတ်အစားလဲ၊ ကားသော့ယူပြီး အသင့်ပြင်လိုက်၏။
နှစ်ယောက်သား အဆင်သင့် ဖြစ်သည်နှင့်... ယဲ့ဖန်က လမ်းညွှန်စနစ် အတိုင်း မောင်းနှင် ထွက်ခွာလာခဲ့လေတော့သည်...။
အခန်း (၁၈၄၅) - ဒီနေရာက အခြေအနေ တစ်ခုခုတော့ လွဲနေပြီ
~ယဲ့ဖန်သည် မြေပုံပေါ်တွင် မှတ်သားထားသော "အာရှ၏ ပုလဲ" ရှိရာသို့ ဦးတည်မောင်းနှင်နေရင်း၊ လက်တစ်ဖက်က ဖူမာကျန်းဝူ၏ ပြေပြစ်ချောမွတ်လှပသော ခြေထောက်လေးများကို ပွတ်သပ်ကစားနေမိ၏။
ထိုမိန်းမလှလေးသည် မင်းသမီးလေး ဂါဝန်နှင့် ဇာနားကွပ်ထားသော အဖြူရောင် ခြေအိတ်ရှည် ကို ဆင်မြန်းထားရာ၊ အသက်ဝင် လှုပ်ရှားနေသော ကြွေရုပ်လေး တစ်ရုပ်ပမာ သေသပ်လှပလွန်းနေပေသည်။
ကားမောင်းနေရင်း သူမ၏ ခြေထောက်လေးများကို ထိတွေ့ကိုင်တွယ်ရသည်မှာ ယဲ့ဖန်အတွက် အလွန်တရာ ကျေနပ်ဖွယ် ကောင်းလှ၏။
ဖူမာကျန်းဝူကလည်း ယဲ့ဖန်၏ ရင်းနှီးထိတွေ့မှုကို သာယာနေပုံရသည်။ ယဲ့ဖန်၏ လက်က သူမခြေထောက်ကို ပွတ်သပ်လိုက်တိုင်း သူမမျက်နှာလေး ရဲသွားပြီး၊ ခြေထောက်များကို အနည်းငယ် ဟပေးလိုက်တတ်လေသည်။
ထိုစဉ် မီးပွိုင့်မိနေခိုက် ဘေးနားတွင် ဘတ်စ်ကားတစ်စီး လာရပ်၏။ ကားပြတင်းပေါက်မှ တဆင့် ထိုမြင်ကွင်းကို လှမ်းမြင်လိုက်ရသော လူငယ်တစ်ယောက်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး၊ မျက်လုံးအိမ်များ ကျွတ်ထွက်မတတ် ဖြစ်သွားရရှာသည်။
"ဟာကွာ... သောက်ကျိုးနည်း၊ ငါလည်း အဲ့ဒီလို စည်းစိမ်မျိုးနဲ့ နေချင်လိုက်တာ"
ယဲ့ဖန် အသာအယာ ပြုံးလိုက်မိ၏။ မီးစိမ်းသွားသည်နှင့် လီဗာရှင်းပြီး "အာရှ၏ ပုလဲ" ရှိရာသို့ ဆက်လက် မောင်းနှင်ထွက်ခွာလာခဲ့တော့၏။
သို့သော်...
ပစ်မှတ်နေရာ အနီးသို့ ရောက်ခါနီးတွင်၊ သူ မျက်မှောင်ကြုတ်လိုက်မိ၏။ အကြောင်းမှာ မြေပုံညွှန်းတမ်းအရ "အာရှ၏ ပုလဲ" ရှိနေသော နေရာသည် ရှေ့ မီတာ (၃၀၀) ခန့်အကွာတွင် ရှိနေသော်လည်း၊ ထိုနေရာမှာ ဖော့ခ်စီးတီး မြို့စွန်နှင့် နယ်စပ်ကြားတွင် တည်ရှိနေသော "မူလတန်းကျောင်း" တစ်ကျောင်း ဖြစ်နေသောကြောင့်ပင်။
လက်ရှိအချိန်တွင် ကျောင်းတံခါးမကြီးကို သော့ခတ်ထားသော်လည်း၊ ကျောင်းဝင်းထဲ၌ ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော မူလတန်း ကျောင်းသားလေးများ အားကစား သင်ခန်းစာ လုပ်နေကြသည်ကို တွေ့မြင်နေရသည်။
ယဲ့ဖန် တွေးတောခန်း ဝင်သွား၏။
*("အာရှ၏ ပုလဲ" က 'သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့' အဖွဲ့ဝင် တစ်ယောက်ဆီမှာ ရှိနေသင့်တာ မဟုတ်လား)*
*(ဘာလို့ မူလတန်းကျောင်း တစ်ကျောင်းမှာ ရောက်နေရတာလဲ)*
*(တကယ်လို့... အဲ့ဒီအဖွဲ့က လူတွေက ဒီကျောင်းထဲကို စိမ့်ဝင် ထိုးဖောက်ထားတာ ဆိုရင်တော့၊ နောက်ပိုင်း လှုပ်ရှားရတာ နည်းနည်း ပြဿနာ ရှိနိုင်တယ်)*
ဖူမာကျန်းဝူလည်း နားမလည်နိုင် ဖြစ်သွားသည်။ ယဲ့ဖန်က ကျောင်းရှေ့တွင် ကားရပ်ပြီး ဘာမှ မလုပ်ဘဲ နေနေသည်ကို မြင်သောအခါ မေးလိုက်၏။
"သခင်... ဒီမှာ ဘာကိစ္စ ရှိလို့လဲဟင်"
"လောလောဆယ် ပြောရခက်တယ်..."
ယဲ့ဖန်သည် အတွေးစကို ဖြတ်လိုက်ပြီး ထိုင်ခုံခါးပတ် ဖြုတ်လိုက်သည်။
"လာ... အရင်ဆုံး ဆင်းပြီး အခြေအနေ ကြည့်ရအောင်"
"ဟုတ်ကဲ့..."
ဖူမာကျန်းဝူ ဘာမှ ဆက်မမေးတော့။ သူမလည်း ခါးပတ်ဖြုတ်ကာ ယဲ့ဖန်နှင့်အတူ ကားပေါ်မှ ဆင်းလိုက်သည်။
ကားပေါ်မှ ဆင်းပြီးနောက် နှစ်ယောက်သား ကျောင်းတံခါးမကြီး ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကြ၏။
မထင်မှတ်ထားသော အရာတစ်ခုမှာ သူတို့ လျှောက်လာသည်နှင့် တံခါးဝရှိ စောင့်ကြည့်ကင်မရာ နှစ်လုံးက သူတို့ဘက်သို့ ချက်ချင်း ချိန်ရွယ်လာခြင်းပင်။
ထို့နောက်... တံခါးအနောက်ဘက်ရှိ အခန်းတစ်ခန်းထဲမှ တရုတ်လူမျိုး နှစ်ယောက် ထွက်လာသည်။
ထိုနှစ်ယောက်စလုံး၏ ပုံစံမှာ သပ်ရပ်မှု မရှိ၊ ဖရိုဖရဲနိုင်လှသည်။
တစ်ယောက်က ကော်လာ ကြယ်သီးဖြုတ်ထားသော ပန်းပွင့်အင်္ကျီကို ဝတ်ထားပြီး၊ နောက်တစ်ယောက်ကတော့ လက်မောင်းအပြည့် တက်တူးများ ထိုးကွင်းများဖြင့် ဗလာကျင်း စွပ်ကျယ်အင်္ကျီ ဝတ်ထားလေသည်။
ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့၏ တရုတ်မျက်နှာပေါက်ကို မြင်သောအခါ၊ ထိုနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထို့နောက် တံခါးကို ကျွမ်းကျင်စွာ ဖွင့်ပေးလိုက်ပြီး၊ တရုတ်စကားဖြင့် ရင်းရင်းနှီးနှီး ပြုံးရယ်ကာ နှုတ်ဆက်လိုက်၏။
"မိတ်ဆွေတို့လည်း... တရုတ်စာပြ ဆရာ လာလျှောက်တာ မဟုတ်လား"
"ကျုပ်တို့ ကျောင်းအုပ်ကြီး မှာထားတယ်... အင်တာဗျူး လာမယ့် တရုတ် ဇနီးမောင်နှံ တစ်တွဲ ကျန်သေးတယ်တဲ့"
"လာပါ... ဝင်ခဲ့ကြပါဗျ"
ဖူမာကျန်းဝူကတော့ သူတို့၏ အပြုအမူကို ကြည့်ပြီး တစ်ခုခု လွဲနေမှန်း ရိပ်မိသွားသည်။ သူမ ယဲ့ဖန်ကို နားမလည်သလို ကြည့်လိုက်၏။
သို့သော် ယဲ့ဖန်က မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး၊ ဖူမာကျန်းဝူ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်ဗျ... ကျုပ်တို့က တရုတ်စာပြ ဆရာအလုပ်အတွက် အင်တာဗျူး လာတာပါ"
"ကျောင်းအုပ်ကြီး ရုံးခန်းက ဘယ်နားမှာလဲ ခင်ဗျာ"
လက်မောင်းတွင် တက်တူးနှင့်လူက ယဲ့ဖန်နှင့် ဖူမာကျန်းဝူကို အကဲခတ်လိုက်သည်။
ဖူမာကျန်းဝူ၏ ရုပ်ရည်နှင့် ကိုယ်လုံးကို ဝေ့ဝဲကြည့်လိုက်ချိန်တွင်၊ ထိုလူ၏ မျက်လုံးထဲ၌ ရမ္မက်ဆန်သော အရိပ်အယောင်များ ဖြတ်ပြေးသွားချေ၏။ ထို့နောက် သူသည် ကျောင်းအလယ်ရှိ အမြင့်ဆုံး အဆောက်အဦးကို လက်ညှိုးထိုးပြလိုက်သည်။
"ဟို အဆောက်အဦးကို သွားလိုက်... အပေါ်ဆုံးထပ်က လှေကားနဲ့ မျက်နှာချင်းဆိုင် အခန်းပဲ"
"ကျောင်းအုပ်ကြီး စောင့်နေတယ်"
"ကောင်းပါပြီ... ကျေးဇူးပါပဲဗျာ"
ယဲ့ဖန် စကားဆုံးသည်နှင့် ဖူမာကျန်းဝူကို ဆွဲပြီး ထွက်ခွာသွားလိုက်သည်။
သူတို့ကျောခိုင်းသွားသည်နှင့်... တက်တူးနှင့်လူသည် ဖူမာကျန်းဝူ၏ ကျောပြင်နှင့် ကိုယ်လုံးအလှကို ကွယ်ရာမရှိ စိုက်ကြည့်နေတော့၏။
ယဲ့ဖန်တို့ အတော်လှမ်းလှမ်း ရောက်သွားသောအခါမှ... သူသည် စကားပြောစက်ကို ထုတ်ပြီး ဗမာစကားဖြင့် လှမ်းပြောလိုက်လေသည်။
"အစ်ကိုချိုင်... နောက်ဆုံး ဝက်ကလေး နှစ်ကောင် လှောင်အိမ်ထဲ ဝင်သွားပြီဗျ"
သတင်းပို့ပြီးနောက်... သူနှင့် သူ့အပေါင်းအပါသည် ကျောင်းတံခါးကို အလျင်အမြန် ပြန်ပိတ်လိုက်ကြ၏။
ထို့အပြင်... တံခါးတွင် ကြီးမားသော သူခိုးကာ သော့ခလောက်ကြီး နှစ်လုံးကိုပါ ထပ်ခတ်လိုက်ကြ၏။
ယဲ့ဖန်နှင့် ဖူမာကျန်းဝူ ထွက်သွားရာ လမ်းကြောင်းကို ကြည့်ပြီး၊ သူတို့၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးများ ပေါ်လာကြလေ၏။
တချိန်တည်းမှာပင်...
ယဲ့ဖန် ဆွဲခေါ်ရာ နောက်သို့ လိုက်ပါလာသော ဖူမာကျန်းဝူသည် ယဲ့ဖန်နားသို့ တိုးကပ်လိုက်ပြီး၊ သူတို့နှစ်ယောက်သာ ကြားနိုင်လောက်သည့် အသံဖြင့် တီးတိုး သတိပေးလိုက်ရှာသည်။
"သခင်... ဒီနေရာက အခြေအနေ တစ်ခုခုတော့ တော်တော်လေး လွဲနေပြီနော်”