← Chapters

အခန်း (၄၂)

Vol. 5 Ch. 42

အခန်း (၄၂)

Vol. 5 Ch. 42

" စစ်သေနာပတိချုပ်က တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီ။ " တပ်မှူးချန်တောက်က လှံကို ရှေ့သို့ ဝှေ့ရမ်းပြီး အော်ဟစ်လိုက်သည်။

စစ်တပ်ကြီးက ဟန်မြို့တော်ဆီသို့ စနစ်တကျ ချီတက်သွားသည်။ ကျောက်ဖုန်း၏ တပ်ဖွဲ့သာမက အခြားတပ်ဖွဲ့နှစ်ခုလည်း ပါဝင်သည်။ လေးသည်တော် သုံးသောင်းကျော်က အမွှေးတပ်မြားများဖြင့် ပြည့်နှက်နေသော မြားအိမ်များကို လွယ်ထားကြသည်။

ချင်စစ်တပ်က မြို့ဆီသို့ ချီတက်လာသည်ကို ကြည့်ပြီး ကျန်းဖျင်က အော်ပြောလိုက်သည်။ " စစ်သူကြီးချောင် ချင်တွေတိုက်ခိုက်လာပြီ။ "

" မင်း ဘယ်လိုနည်းလမ်းပဲသုံးသုံး တပ်မပျက်ဘဲ ခုခံနိုင်ရမယ်။ ငါကိုယ်တိုင် စစ်ပွဲကို ကြီးကြပ်မယ်။ ရန်သူရှေ့မှာ ထွက်ပြေးတဲ့ ဘယ်သူမဆို ညှာတာမှုမရှိ သတ်လံရမယ်။ "

" စိတ်ချပါ ဝန်​ကြီးချုပ်။ " ချောင်ရီက ပြန်လည်ဖြေကြားပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ " လေးသည်တော်တွေ အသင့်ပြင်။ ချင်စစ်တပ်ရောက်တာနဲ့ မြားတွေပစ်ကြ။ "

ချောင်ရီက မြို့ရှေ့ရှိကွင်းပြင်ကို စိုက်ကြည့်နေပြီး ချင်စစ်တပ်၏ အကွာအဝေးကို ခန့်မှန်းနေသည်။ ချင်လေးသည်တော် သုံးသောင်းနှင့် ကျောက်လုံးပစ်စက်တစ်ရာကျော်က ရှေ့သို့ တရွေ့ရွေ့တက်လာနေသည်။ ဟန်မြို့တော်နှင့် ကျန့်ခြောက်ဆယ်အကွာသို့ ရောက်သောအခါ လူတစ်သောင်းတပ်ဖွဲ့သုံးဖွဲ့၏ တပ်မှူးများက ရပ်တန့်ရန် အချက်ပြလိုက်သည်။ တပ်ဖွဲ့တစ်ခုစီမှ စစ်သည်များက မြို့ရှေ့မျက်နှာစာတစ်ခုလုံးကို ဖုံးလွှမ်းနိုင်ရန် ဘေးသို့ လျင်မြန်စွာ ဖြန့်ကျက်သွားကြသည်။

" မြားတွေပစ်တော့ မြန်မြန် မြားတွေပစ်တော့..." ချောင်ရီက အလောတကြီး အော်ဟစ်လိုက်သည်။

" စစ်သူကြီး " တပ်မှူးတစ်ယောက်က လျင်မြန်စွာ ပြောလိုက်သည်။ " သူတို့က ကျွန်တော်တို့ မြားပစ်ကွင်းအတွင်းကို မရောက်သေးပါဘူး။ "

" ချင်နိုင်ငံက မြားတွေက ပိုပြီး ဝေးဝေးရောက်နိုင်တယ်ဆိုတဲ့ ကောလဟာလတွေက အမှန်ပဲလား။ " ချောင်ရီက စိတ်ထဲတွင် မတင်မကျဖြစ်လာသည်။

ထိုခဏတွင် ချင်လေးသည်တော်သုံးသောင်းက နေရာယူပြီးသွားပြီး ညီညာစွာ ရပ်နေကြသည်။

" သတ်ကြ..." ချင်တပ်မှူးသုံးယောက်က တညီတညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

ချင်စစ်သည်သုံးသောင်းက လေးများကို တပြိုင်နက် မြှောက်လိုက်ကြသည်။

ရွှမ်း ရွှမ်း....

လေးကြိုးသုံးသောင်းကို တစ်ချိန်တည်း ပစ်လွှတ်လိုက်သော ကြောက်စရာကောင်းသည့် တုန်ခါသံက ဟန်မြို့တော်ကို ပဲ့တင်ထပ်သွားသည်။ ဟန်မြို့တော်ဆီသို့ ဦးတည်ပစ်ခတ်လိုက်သော မြှားများက သည်းထန်စွာ ရွာသွန်းလာသော မိုးကဲ့သို့ ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည်။

" ကာကွယ်ကြ..." ချောင်ရီက အေယ်ဟစ်အမိန့်ပေးလိုက်သည်။

သူ၏ သက်တော်စောင့်များက သူ့ကို ကာကွယ်ရန် ချက်ချင်း ဒိုင်းများကို မြှောက်လိုက်ကြသည်။ ထိုအချိန်တွင် မရေတွက်နိုင်သောမြားများက ဟန်မြို့တော်အနှံ့ ကျရောက်လာသည်။

ဒုတ် ဒုတ်....

ချပ်ဝတ်များနှင့် ခန္ဓာကိုယ်များကို ထိုးဖောက်သော မြားသံများက မြို့ထဲတွင် ပဲ့တင်ထပ်သွားသည်။ ရက်စက်သော မြားမိုး၏ အောက်တွင် ဟန်စစ်သားများစွာက ချက်ချင်း သေဆုံးသွားကြပြီး သူတို့၏ အလောင်းများက မြို့တော်အနှံ့ ပြန့်ကျဲသွားသည်။

အော်ဟစ်သံများက မဆုံးနိုင်တော့ဘဲ ဟန်မြို့တော်မှ မြင်ကွင်းများက ချက်ချင်း ငရဲခန်းအဖြစ် ပြောင်းလဲသွားသည်။ မြို့ရိုး၏ နေရာတိုင်းတွင် အလောင်းများ၊ သွေးများနှင့် ပြည့်နှက်နေသည်။

" ပုန်းကြ... မြန်မြန်ပုန်းကြ...." မြားတစ်သုတ်ပစ်ခတ်လိုက်ရုံဖြင့် ဟန်မြို့တော်က ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး ဟန်စစ်သားများက မြားများကို ရှောင်တိမ်းရန် နေရာအနှံ့ ပြေးလွှားနေကြသည်။ ၎င်းက ပထမအသုတ်သာ ရှိသေးသည်။

စစ်သည်သုံးသောင်းက အလှည့်ကျပစ်ခတ်နေကြသည်။ ရှေ့တန်းမှ လူမားပစ်ခတ်ပြီးသည်နှင့် နောက်သို့ချက်ချင်း ဆုတ်ခွာပြီး ပစ်ခတ်ရန် ပြင်ဆင်ထားသော စစ်သည်များက ရှေ့တက်ပြီး မြားများကို ပစ်ခတ်လိုက်ကြသည်။ မရပ်မနားကျရောက်နေသော မြားမိုးများကြောင့် ဟန်မြို့တော်တစ်ခုလုံး ထိခိုက်သေဆုံးမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။

တစ်ချိန်တည်းတွင် ကျောက်လုံးပစ်စက်တစ်ရာကျော်က မြို့ကို ပစ်မှတ်ထားပြီး ချိန်ရွယ်လိုက်ကြသည်။

ဝုန်း ဝုန်း ဝုန်း....

ကျောက်လုံးပစ်စက်များက မီးကျည်များကို တစ်ခုပြီး တစ်ခု ပစ်လွှတ်ပြီး မြို့ရိုးနှင့် မြို့ထဲသို့ ပျံသန်းကျရောက်သွားကြသည်။ ထိုမီးကျည်များက မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် အမြောက်ဆန်များကဲ့သို့ ပေါက်ကွဲသွားပြီး နေရာအနှံ့ မီးတောက်များ ပျံ့နှံ့သွားသည်။

ကျောက်လုံးပစ်စက်များ၏ တိုက်ခိုက်မှုများကြောင့် ဟန်စစ်သည်များက သွေးအိုင်ထဲတွင် ကြိတ်ခြေခံရပြီး မြို့ထဲမှ နာကျင်စွာ အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

စစ်မြေပြင်က ရက်စက်လွန်းလှသည်။ ကျောက်ဖုန်းကလည်း မြားများကို ကောင်းကင်သို့ ပစ်လွှတ်နေခဲ့သည်။ လူပေါင်းသောင်းချီက မြားများကို ပစ်လွှတ်နေကြပြီး ဟန်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသော ခွဲခြားမှုမရှိသည့် တိုက်ခိုက်မှုဖြစ်သည်။ ထိုကဲ့သို့ မြားမိုးအောက်တွင် ထွက်ပေါ်လာသည့် မည်သည့်စစ်သည်မဆို သေခြင်းနှင့် ရင်ဆိုင်ရန် သေချာသလောက်ဖြစ်သည်။

" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိပါတယ်။ "

" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၅မှတ် ရရှိပါတယ်။ "

" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိပါတယ်။ "

မြားပစ်ခတ်မှုများက ခွဲခြားမှုနရှိသော်လည်း ကျောက်ဖုန်းက အခွင့်အရေးကို ရယူပြီး တစ်ခါပစ်လျှင် မြားငါးစင်းကို တစ်ပြိုင်နက်ပစ်လွှတ်နေသည်။ သူ၏ မြားအိမ်ထဲတွင် မြားပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။ ပစ်မှတ်များကို ​မမြင်ရဘဲ ရမ်းပစ်နေခြင်းဖြစ်သော်လည်း သူ၏ မြားများက ဟန်စစ်သားများကို သတ်ဖြတ်နိုင်ခဲ့ပြီး သူ၏ စွမ်းရည်များကို စုဆောင်းနိုင်ခဲ့သည်။

" ဒီမြားတွေက ခေတ်သစ်ကာလမှာ ​ဗုံးကြဲတာနဲ့ အတူတူပဲ။ စစ်လက်နက်ပစ္စည်းတွေအရဆို ချင်နိုင်ငံက ဒီခေတ်မှာ အတိုးတက်ဆုံးပဲ။ တိုက်ပွဲတစ်ခုကို အနိုင်ရဖို့ဆိုရင် ကိုယ့်လက်နက်ကို ထက်ရှအောင်လုပ်ရမယ်ဆိုတာ တကယ်မှန်တာပဲ။ " ကျောက်ဖုန်းက တွေးနေရင်း မြားများကို ဆက်လက်ပစ်ခတ်နေရာ သူ၏ မြားအိမ်ထဲမှ မြားများက လျင်မြန်စွာ ကုန်ဆုံးလာခဲ့သည်။

ရန်သူကို သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို သူလက်လွှတ်မခံနိုင်ပေ။ ကောင်းကင်မှ မြားမိုးများနှင့် မီးကျည်များက အဆက်မပြတ် ကျဆင်းနေခဲ့သည်။ မြို့ထဲရှိ ဟန်စစ်တပ်က လုံးဝဖိနှိပ်ခံထားရသည်။ ထိုခဏတွင် စစ်တပ်၏ စစ်ရထားပေါ်မှ လီထန်က အချိန်ကျပြီကို သတိပြုမိလိုက်သည်။

" ငါတို့ချင်နိုင်ငံရဲ့ မြားတွေက ဟန်စစ်တပ်ကို ဖိနှိပ်ထားနိုင်ပြီ။ ဒီအခွင့်အရေးကို အရယူပြီး ရှေ့ပြေးတပ်ဖွဲ့ ရှေ့တက်မယ်။ "

သူ၏ အမိန့်နှင့်အတူ တပ်ဖွဲ့တစ်ခုလုံးက လေးနက်စွာဖြင့် အသင့်ပြင်လိုက်ကြသည်။

" စစ်သည်တို့ ဒီနေ့ငါတို့က ရှေ့ပြေးတပ်ဖွဲ့ပဲ။ " တပ်မှူးဝူဟွာက သူ၏ လှံကို ဝှေ့ရမ်းပြီး အော်ဟစ်လိုက်သည်။

" ချင်နိုင်ငံအတွက် ဟန်မြို့တော်ကို ထိုးဖောက်ဖို့ ငါတို့ကျိန်ဆိုတယ်။ သတ်ကြ..."

" သတ် သတ်..." ရှေးပြေးတပ်ဖွဲ့က သေလျှင်သေ မသေလျှင် တိုက်ခိုက်မည်ဟူသော စိတ်ဓာတ်ဖြင့် ဟိန်းဟောက်ကာ ရှေ့တက်သွားကြသည်။

ဒိုင်းကိုင်စစ်သည်များက ရှေ့မှ ဦးဆောင်ပြီး မြို့သိမ်းတူကြီးများ၊ ရွေ့လျားဒိုင်းမား၊ လှေကားများနှင့် အခြားသော မြို့သိမ်းစက်ယန္တရားများကို သယ်ဆောင်ပြီး ဟန်မြို့တော်သို့ ပြေးဝင်သွားကြသည်။ သူတို့က လေးသည်တော်များကို လျင်မြန်စွာ ကျော်ဖြတ်သွားကြသည်။

လေးသည်တော်များ၏ ပစ်ခတ်မှုအောက်တွင် ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည်များက မြို့ရိုမှ ကျန့်နှစ်ဆယ်သုံးဆယ်အကွာသို့ လျင်မြန်စွာ ရောက်ရှိသွားကြပြီး ဟန်စစ်တပ်၏ မြားပစ်ကွင်းအတွင်းသို့ ဝင်ရာက်သွားကြသည်။

၎င်းကို မြင်သောအခါ ချောင်ရီက သူတို့အနေဖြင့် သေရမည့် အချိန်ကို စောင့်၍ မဖြစ်ကြောင်း သိလိုက်သည်။

" ချင်စစ်တပ်ကို မြို့ထဲ မဝင်စေနဲ့။ " သူက အော်ဟစ်လိုက်သည်။ " စစ်သည်အားလုံးကို ငါ့အမိန့်ကို နာခံကြ။ ရန်သူကို မြားနဲ့ပစ်ကြ။ တိုက်ပွဲက ထွက်ပြေးတဲ့ဘယ်သူမဆို သတ်ခံရမယ်။ ကျောက်လုံးပစ်စက်တွေ ​ပစ်ကြ။ "

သူ၏ အမိန့်ပေးမှုအောက်တွင် ဟန်စစ်သားများက မြားမိုးများကြားမှာပင် ပြန်လည်တိုက်ခိုက်လညကြသည်။ ဟန်စစ်သားများက အပြင်မှ ချင်တပ်ဖွဲ့ဆီသို့ မြားများ ပစ်လွှတ်လိုက်ကြသည်။ သူတို့အပေါ်တွင် စောင့်ကြပ်ရေးတပ်ဖွဲ့၏ ခြိမ်းခြောက်မှုရှိနေသောကြောင့် မြို့ရိုးအတွင်းရှိ ဟန်စစ်သားများက စနစ်တကျ ပြန်လည်ခုခံကြသည်။

သူတို့၏ မြားမိုးများက တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး ပို၍ စိပ်လာခဲ့သည်။ မြို့ထဲမှ ကျောက်လုံးပစ်စက်များကလည်း အပြင်ဘက်ရှိ ချင်စစ်တပ်ဆီသို့ ကြီးမားသော ကျောက်တုံးများကို စတင်ပစ်လွှတ်လိုက်ကြသည်။

" ကာကွယ်ကြ။ " ဝူဟွာက အမိန့်ပေးလိုက်သည်။

ရှေ့တန်းမှ စစ်သည်များက သူတို့၏ ဒိုင်းများကို ချက်ချင်း မြှောက်လိုက်ကြသည်။ မြားများကို တားဆီးနိုင်ခဲ့သော်လည်း အချို့သော မြားများက ဒိုင်းများကြားမှ လွတ်ထွက်သွားပြီး နောက်မှ စစ်သည်များကို ထိမှန်သွားကြသည်။

ဒုတ် ဒုတ်....

မြားများက ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြသည်။ စစ်သည်များက မြားမိုးအောက်တွင် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြပြီး သွေးအိုင်ထဲတွင် လူးလှိမ့်နေကြသည်။

ကျဆင်းလာသော ကျောက်တုံးများကလည်း ပို၍ ကြီးမားသော ထိခိုက်မှုများကို ဖြစ်စေခဲ့သည်။ သို့သော် ၎င်းတို့က ရှေ့ပြေးတပ်ဖွဲ့၏ ချီတက်မှုကို မရပ်တန့်နိုင်ခဲ့ပေ။ သူတို့က မြို့ဆီသို့ ပုံမှန်အတိုင်း ဆက်လက်တိုးကပ်လာကြသည်။

မြို့သိမ်းတိုက်ပွဲဆိုသည်မှာ ရက်စက်မှုများ ရှိပြီးသားဖြစ်သည်။ စစ်ပွဲစတင်သည်နှင့် လူ့အသက်ပေါင်းများစွာက တန်ဖိုးမဲ့သွားကြသည်။

All Chapters