← Chapters

အခန်း (၄၄)

Vol. 5 Ch. 44

အခန်း (၄၄)

Vol. 5 Ch. 44

" ငါ့ရဲ့ ရာထူးတက်တာမြန်လွန်းလို့ မနာလိုဖြစ်နေကြပုံပဲ။ " ကျောက်ဖုန်းက တွေးပြီး အေးစက်စွာ ပြုံးလိုက်သည်။

သူက ပင်မတပ်ဖွဲ့ကို ရောက်သည်မှာ တစ်လပင်မပြည့်သေးပေ။ သူ၏ လက်အောက်မှ စစ်သည်များနှင့်သာ ရင်းနှီးပြီး အခြားသူများကို သိပ်မသိပေ။ လျိုဝူနှင့် သိကျွမ်းသည်မှာလည်း အပေါ်ယံမျှသာဖြစ်သည်။

စစ်သူကြီးလီ၏ ဆုံးဖြတ်ချက်အရ သူက ချန်တောက်အပါအဝင် သူယုံကြည်ရသော တပ်မှူးများကို ဦးစားပေးသည်မှာ ထင်ရှားသည်။ ချန်တောက်က လျိုဝူကို ရွေးချယ်လိုက်ခြင်းမှာလည်း ထိုနှစ်ယောက်မှာ ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ဖြစ်သည်။

ယခုအချိန်ကတည်းက အဆက်အသွယ်များနှင့် မျက်နှာသာပေးမှုများ၏ ကစားပွဲက ရှိနေဆဲ ဖြစ်သည်။ ကျောက်ဖုန်းအနေဖြင့် စစ်တပ်အတွင်း ထိုကဲ့သို့သော နိုင်ငံရေးများကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

" ညီအကိုတို့။ " လျိုဝူက ယုံကြည်မှုအပြည့်ဖြင့် အော်လိုက်သည်။ " ငါနောက်ကို လိုက်ခဲ့ကြ။ ဟန်မြို့ရိုးကို ထိုးဖောက်နိုင်တာနဲ့ အကြီးမားဆုံး စွမ်းဆောင်မှုက ငါတို့အပိုင်ပဲ။ "

ထိုသို့ပြောပြီးနောက် သူက စစ်သည်ငါးထောင်ကို ဦးဆောင်ပြီး ရှေ့သို့ ချီတက်သွားတော့သည်။

" တကယ်ဘဝင်မြင့်နေတာပဲ။ " ကျောက်ဖုန်းက လျိုဝူ၏ ပုံစံကို ကြည့်ပြီး ပြုံး၍ တွေးလိုက်သည်။

မြို့တံခါးများက တင်းကျပ်စွာ ပိတ်ထားပြီး မြို့ရိုးပေါ်တွင် ဟန်စစ်သည်များက အပြည့်ရှိနေသည်ကို လျိုဝူက မြို့ကို မည်ကဲ့သို့ ထိုးဖောက်မည်ကို ကျောက်ဖုန်းက စိတ်ဝင်တစား စောင့်ကြည့်နေသည်။

" တပ်မှူးလျိုက သူ့တပ်ဖွဲ့နဲ့အတူ ရှေ့ပြေးတပ်ဖွဲ့ကို ဦးဆောင်လိမ့်မယ်။ ငါတို့တပ်ဖွဲ့က အရန်တပ်ဖွဲ့အနေနဲ့ နေမယ်။ " ကျောက်ဖုန်းက သူ၏ လူများကို ကြည့်ပြီး ပြောလိုက်သည်။

" အားလုံးသတိထားကြ။ ဟန်တွေရဲ့ မြားမိုးတွေက မရပ်သေးဘူး။ ဒါကြောင့် တတ်နိုင်သမျှ လူစုခွဲထားကြ။ "

သူက ကျန်းဟန်နှင့် အခြားတပ်ရင်းမှူးများကို ညွှန်ကြားပြီး ဝေချွမ်ကို တစ်ချက်ကြည့်လိုက်သည်။

" နားလည်ပါပြီ။ " ကျန်းဟန်နှင့် အခြားသူများက ပြန်ဖြေလိုက်ကြသည်။

လျိုဝူ၏ တပ်ဖွဲ့က ထွက်သွားပြီးနောက် အနည်းငယ် အကွာအဝေးသို့ ရောက်မှ ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" တက်ကြ..." ကျောက်ဖုန်းက ဓားကို ဆွဲထုတ်ပြီး ရှေ့သို့ တက်သွားသည်။

စစ်သည်များကလည်း တပ်ရင်းမှူးများ၏ ဦးဆောင်မှုဖြင့် နောက်မှ လိုက်ပါလာကြသော်လည်း သူတို့က ထိန်းထိန်းသိမ်းသိမ်းဖြင့် ချီတက်နေကြသည်။ မြို့တံခါးက မကျိုးပျက်သေးသောကြောင့် ရှေ့သို့ အရမ်းတိုးသွားခြင်းက ရန်သူမြားမိုးအောက်တွင် သတ်ဖြတ်ခံရမည့် သိုးငယ်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

မြို့ရိုးပေါ်တွင် ချင်တပ်ဖွဲ့တစ်ဖွဲ့ ဆုတ်ခွာပြီး နောက်တစ်ဖွဲ့ တက်လာသည်ကို ကြည့်ကာ ချောင်ရီက အော်ဟစ်လိုက်သည်။

" မြို့တံခါး ထိုးဖောက်ခံလိုက်ရရင် သူတို့က ငါတို့ကို သက်ညှာမှာမဟုတ်ဘူး။ လေးသည်တော်တွေ ကျောက်လုံးပစ်စက်တွေ ပစ်ကြ။ "

သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်နေရသောကြောင့် ဟန်စစ်တပ်က ရှိသမျှ အင်အားဖြင့် ခုခံနေကြသည်။ လျိုဝူက ဒိုင်းကို ကိုင်၍ သူ၏ တပ်ဖွဲ့ကို မြားမိုးများကြားသို့ ခေါ်ဆောက်သွားသည်။ သူ၏ စစ်သည်အချို့က ခဏခဏ ပစ်ခံနေရသည်။

မကြာမီ လျိုဝူ၏ တပ်ဖွဲ့က မြို့ရိုး၏ ခြေရင်းသို့ ရောက်ရှိသွားသည်။ သူတို့ ရောက်လာသည်နှင့် မြို့သိမ်းတူများနှင့် လှေကားများကို မြို့ရိုးဆီသို့ တစ်ဖန် ပြန်လည်တွန်းပို့လိုက်ကြသည်။

လျိုဝူက သူ၏ စစ်သည်ငါးထောင်ကို တိုက်စစ်ဖြင့် ဦးဆောင်နေပြီး စစ်သည်များကို လှေကားများပေါ်သို့ တက်ရောက်စေခဲ့သည်။ သို့သော် သူတို့က အပြင်းအထန် တိုက်ခိုက်နေကြသော်လည်း မြို့ရိုးထိပ်ကို သိမ်းပိုက်နိုင်ဘဲ အကျအဆုံးများက ပိုမိုများလာခဲ့သည်။

ကျောက်ဖုန်းတွေးထားခဲ့သည့်အတိုင်းပင် အကယ်၍ မြို့တံခါးကို မထိုးဖောက်နိုင်လျှင် ချင်စစ်သည်များက မြို့ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ဘဲ ထိုစစ်ပွဲက သူမသာကိုယ်မသာ အခြေအနေတွင်သာ ရှိနေမည်ဖြစ်သည်။

မြို့တံခါးကိုလည်း အတွင်းရှိ ဟန်စစ်တပ်က ပိတ်ဆို့ထားပုံရပြီး မြို့သိမ်းတူကြီးများနှင့် ထုသော်လည်း ပွင့်မလာခဲ့ပေ။ မြို့တံခါးများက အက်ကြောင်းများပေါ်လာသော်လည်း မယုံကြည်နိုင်လောက်အောင် ခိုင်ခံ့နေဆဲ ဖြစ်သည်။

တစ်ဖက်တွင် ဟန်စစ်တပ်က မြို့ရိုးကို အပြင်းအထန် ခုခံနေကြသည်။ ဟန်စစ်သည်ရှစ်သောင်းကျော် ရှိနေသဖြင့် ချင်စစ်တပ်၏ မြားမိုးများကလည်း မည်မျှကြောက်စရာကောင်းသည်ဖြစ်စေ သူတို့ကို ချေမှုန်းနိုင်မည်မဟုတ်ပေ။

" တံခါးတွေက ဘာလို့ခုထိ မကျိုးပျက်သေးတာလဲ။ " လျိုဝူက မြို့ရိုးရှေ့တွင် ရပ်၍ မြားမိုးများကို ဒိုင်းဖြင့် ကာကွယ်နေပြီး တံခါးကို တိုက်ခိုက်နေသာ စစ်သည်များကို အော်ဟစ်မေးမြန်းလိုက်သည်။

" တပ်မှူး..." စစ်သည်တစ်ယောက်က အော်ပြောလိုက်သည်။ " တံခါးက သံရည်ကျိုပြီး လောင်းထားတာပဲ။ အတွင်းမှာလည်း ထောက်ထားပုံရတယ်။ ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ရာနဲ့ချီ တိုက်ခိုက်ခဲ့ပေမယ့် မကျိုးပျက်နိုင်သေးဘူး။ "

" သေစမ်း..." လျိုဝူက မြို့တံခါးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက တရွေ့ရွေ့ ချဉ်းကပ်လာနေသော ကျောက်ဖုန်းတို့တပ်ဖွဲ့ကို ကြည့်လိုက်သည်။

" တပ်မှူးချန်က ငါ့ကို ရှေ့ပြေးတပ်ဖွဲ့ဦးဆောင်ဖို့ အခွင့်အရေးပေးခဲ့တာ။ ငါသူ့ကို စိတ်ပျက်အောင် လုပ်လို့မရဘူး။ "

" တံခါးကို မထိုးဖောက်နိုင်ရင် ငါ့နောက်ကို လိုက်ပြီး မြို့ရိုးကို တိုက်ခိုက်ကြ။ " လျိုဝူက သူ၏ ဓားကို မြှောက်ပြီး အော်ဟစ်လိုက်သည်။ သူက ဟန်စစ်သည်များနှင့် အနီးကပ်တိုက်ခိုက်ရန် မြို့ရိုသးပေါ်သို့ တက်နေသော စစ်သည်များနှင့် ပူးပေါင်းလိုက်သည်။

သွေးချောင်းစီးတိုက်ပွဲက စတင်တော့သည်။ မြို့ရိုးထက်ရှိ မြားမိုးများက မရပ်မနား ကျရောက်နေသဖြင့် လျိုဝူ၏ တပ်ဖွဲ့က အထိအခိုက် အလွန်များနေသည်။ အကယ်၍ တံခါးများကို မထိုးဖောက်နိုင်လျှင် တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။

" စစ်သည်တို့..." မြို့တံခါးသို့ နီးကပ်လာသည်နှင့်အမျှ ကျောက်ဖုန်းက လုံချွမ်ဓားကို မြှောက်ပြီး အော်ဟစ်လိုက်သည်။

" ဟေ့ ဟေ့ ဟေ့..." ကျောက်ဖုန်း၏ နောက်မှ စစ်သည်ငါးထောင်က စိတ်ဓာတ်တက်ကြွစွာဖြင့် ဟိန်းဟောက်လိုက်သည်။

" စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်းက အော်ဟစ်လိုက်သည်။

" တကယ်လို့ မင်းတို့ရဲ့ တပ်မှူးဖြစ်တဲ့ ငါက တိုက်ပွဲမှာ ကျဆုံးသွားကင် ကျန်းဟန်က တပ်ဖွဲ့ကို ဆက်လက်ကွပ်ကဲရမယ်။ ကျန်းဟန်ပါ ကျဆုံးသွားရင် ဝေချွမ်က နေရာယူရမယ်။ ဟန်မြို့တော် မကျရှုံးမချင်း ငါတို့မရပ်ဘူး။ "

" ငါ့နောက်ကို လိုက်ပြီး မြို့တံခါးကို တိုက်ခိုက်ကြ။ " ကျောက်ဖုန်းက အော်ဟစ်ပြီး မြို့တံခါးဆီသို့ ဦးတည်သွားသည်။

" အမိန့်အတိုင်းပါ။ " တပ်ရင်းမှူးများက တညီတညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။

စိတ်ဓာတ်ပျက်ပြားလာသော လျုဝူ၏ တပ်ဖွဲ့နှင့် ယှဉ်လျှင် ကျောက်ဖုန်း၏ တပ်ဖွဲ့က စိတ်ဓာတ်များမှာ မြင့်မားနေဆဲ ဖြစ်သည်။

နောက်တန်းတွင် လီဖန်က စစ်ရထားပေါ်မှ စစ်ပွဲအခြေအနေကို ကြည့်ပြီး အမိန့်ပေးလိုက်သည်။ " ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကိုယ်ရံတော်တပ်ဖွဲ့ကလွဲရင် တပ်ဖွဲ့အားလုံး တိုက်စစ်ဖွင့်ကြ။ ငါတို့ ဒီတစ်ပွဲတည်းနဲ့ ဟန်မြို့တော်ကို သိမ်းပိုက်နိုင်ရမယ်။ "

ဟန်မြို့တော်က သေချာပေါက် ကျဆုံးရမည်ဖြစ်သည်။ ၎င်းက ချင်နိုင်ငံ၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုအတွက်သာမက တစ်လောကလုံးကို စုစည်းရန်အတွက် ပထမဆုံး ခြေလှမ်းဖြစ်သည်။

" စစ်သူကြီးက အမိန့်ထုတ်ပြန်လိုက်ပြီ။ ကိုယ်ရံတော်တပ်ဖွဲ့ကလွဲရင် တပ်ဖွဲ့အားလုံး တိုက်ပွဲထဲကို ဝင်ရောက်ကြ။ "

အမိန့်ထုတ်ပြန်လိုက်သည်နှင့် နောက်တန်းမှ တပ်ဖွဲ့များအားလုံးက ဟန်မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြသည်။

ဟန်မြို့တော်အတွင်း၌။

" စစ်သည်တစ်ယောက်ကျဆုံးတိုင်း တစ်ယောက် နေရာဝင်ယူရမယ်။ ချင်စစ်တပ်ကို ဘယ်လိုအခွင့်အရေးမှ ပေးလို့မရဘူး။ " ချောင်ရီက အော်ဟစ်လိုက်သည်။

မြို့ရိုးကို တိုက်ခိုက်နေသော ချင်စစ်တပ်က ပြင်းထန်လှသော်လည်း ဟန်စစ်တပ်၏ ခုခံမှုက အလွန်တင်းကျပ်လှသည်။ သို့သော် ထိုခဏတွင် ကျောက်ဖုန်းက မြားမိုးများကို ရှောင်တိမ်းပြီး သွေးချင်းနီနေသော မြို့တံခါးများသို့ ချဉ်းကပ်လာသည်။

" ကျောက်ဖုန်း..." လျိုဝူက မြို့သိမ်းယာဉ်ပေါ်မှ လှမ်းအော်လိုပ်သည်။ " ဟန်စစ်တပ်က မြို့တံခါးကို အသေပိတ်ဆို့ထားတာ။ ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။ မြို့ရိုးကို အတူတူ သိမ်းပိုက်နိုင်မှာပဲ မြို့ထဲကို ဝင်ရောက်နိုင်လိမ့်မယ်။ "

ကျောက်ဖုန်းက သူ့ကို ဂရုမစိုက်ပေ။

" တပ်မှူး ကျွန်တော်တို့ မြို့သိမ်းတူကို သုံးပြီး တံခါးကို ထိုးဖောက်ပါမယ်။ " ကျန်းဟန်က အော်ဟစ်လိုက်သည်။

" မြို့သိမ်းတူနဲ့ မထိုးဖောက်နိုင်ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " အားလုံး ငါ့နောက်လိုက်ခဲ့ကြ။ "

ကျန်းဟန်နှင့် အခြားတပ်ရင်းမှူးများ၏ အကြည့်အောက်တွင် ကျောက်ဖုန်းက လုံချွမ်ဓားကို မြှောက်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။ သူက ခွန်အား အပြည့်အဝကို စုစည်းလိုက်ပြီး လုံချွမ်ဓားက တုန်ခါလာသည်။

" ဒီမြို့တံခါးကို ထိုးဖောက်နိုင်မလား မထိုးဖောက်နိုင်ဘူးလားဆိုတာ မင်းအပါ်မှာပဲ မူတည်တယ် လုံချွမ်ဓားရေ..." ကျောက်ဖုန်းက မြို့တံခါးကို ခုတ်ပိုင်းလိုက်သည်။

ဝုန်း...

သတ္တုချင်း ထိခိုက်သံ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်လာသည်။ ဓားချက်တစ်ချက်တည်းနှင့် မြို့တံခါးပေါ်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပွင့်ထွက်လာခဲ့သည်။

ထူထဲသော တံခါးက အက်ကွဲသွားခဲ့သည်။ အက်ကွဲကြောင်းကြားမှ အတွင်းဘက်ရှိ ဟန်စစ်သည်များက အံ့အားသင့်သော အမူအရာများနှင့် ရှိနေကြသည်။

All Chapters