အခန်း (၄၆)
Vol. 5 Ch. 46
" ကောင်းကင်ဘုံကတောင် ချင်စစ်တပ်ကို ကူညီနေတာ ထင်တယ်။ " ကျန်းဖျင်က တွေးလိုက်သည်။ မျှော်လင့်ချက်မဲ့မှုနှင့် ပျက်စီးတော့မည့် နိုင်ငံအတွက် ခါးသီးသော ဝမ်းနည်းမှုများက သူ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။
" ကောင်းကင်ဘုံ မင်းက တကယ်ပဲ ငါတို့ ဟန်နိုင်ငံကို ဖျက်စီးချင်နေတာလား။ "
" ဝန်ကြီးချုပ် နန်းတော်ကို ဆုတ်ခွာဖို့ အကြံပေးပါတယ်။ " ဘေးမှ တပ်မှူးက ပြောလိုက်သည်။ " မကြာခင် ချင်စစ်တပ်က ရောက်လာတော့ပါမယ်။ "
" တိတ်စမ်း။ " ကျန်းဖျင်က သူ၏ နောက်ဆုံးအချိန်ကို မကြောက်မရွံ့နှင့် ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။
" ငါက ဟန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် မွေးဖွားလာတာပဲ။ ဟန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ပဲ သေမယ်။ အမိန့်ထုတ်ပြန်လိုက်။ ချောင်ရီကို သေတဲ့ထိခုခံဖို့ အမိန့်ပေးလိုက်။ "
" တကယ်လို့ သူသာ ထွက်ပြေးရဲရင် ငါကိုယ်တိုင် သူ့ခေါင်းကို ဖြတ်မယ်။ တိုက်ပွဲမှာ သေခဲ့ရင် သူက ဟန်နိုင်ငံရဲ့ သူရဲကောင်းပဲ။ "
" ဒီနေရာကို ငါကိုယ်တိုင်ကာကွယ်ပြီး ငါ့နိုင်ငံအတွက် အသက်ပေးသွားမယ်။ "
" ဝန်ကြီးချုပ်ရဲ့ အမိန့်အတိုင်းပါ။ " တပ်မှူးက ချက်ချင်း ပြန်ပြောလိုက်သည်။
ည၏ လရောင်အောက်တွင် အဆုံးမရှိသော သတ်ဖြတ်မှုက ဖုံးလွှမ်းနေသည်။ သေခြင်းတရားက ဟန်မြို့တော်၏ အပြင်ပိုင်းကို လွှမ်းခြုံထားသည်။ ချင်စစ်တပ်က လမ်းမကြီးများတစ်လျှောက် အရပ်မျက်နှာအနှံ့မှ တိုးဝင်လာကြသည်။
မြို့အပြင်ပိုင်း နေရာအတော်များကို သူတို့ သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြင်တွင် အလောင်းများဖြင့် သွေးလွှမ်းနေသည်။ ညမှောင်နေသော်လည်း လရောင်ကြောင့် ချင်စစ်သည်များက ရန်သူမိတ်ဆွေ ခွဲခြားနိုင်ကြသည်။
မြို့အပြင်ပိုင်းတစ်နေရာတွင် ကျောက်ဖုန်းက သူ၏ ဓားကို ဝှေ့ရမ်းလိုက်သည်။ သွေးများ ပန်းထွက်လာပြီး လုံချွမ်ဓားက ခေါင်းနှစ်လုံးကို ဖြတ်ချလိုက်သည်။
" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး ရုပ်ခန္ဓာ ၅မှတ် ရရှိပါတယ်။ "
" ဟန်တပ်မှူးတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅မှတ် ရရှိပါတယ်။ "
" ဂုဏ်ပြုပါတယ်။ စွမ်းရည်အားလုံး ၉၀၀ မှတ် ကျော်သွားပါပြီ။ အဆင့်တစ် ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "
စွမ်းရည်အားလုံး တိုးတက်လာမှုကြောင့် လန်းဆန်းသော ခံစားမှုတစ်ခုက ကျောက်ဖုန်း၏ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားပေးလိုက်သည်။
" ဟားဟား ရန်သူတွေ အများကြီး သတ်ပြီး နောက်ဆုံးတော့ စွမ်းရည်တွေ ထပ်တိုးတက်သွားပြီ။ " ကျောက်ဖုန်းက စိတ်ထဲမှ ရယ်မောလိုက်သည်။
ရန်သူများကို သတ်ဖြတ်ခြင်းမှ ရရှိသော စွမ်းရည်များက ကျပန်းသာဖြစ်သည်။ ကျောက်ဖုန်းက တိုက်ပွဲအတွင်း ရန်သူများစွာကို သတ်ဖြတ်ခဲ့သော်လည်း အများစုမှာ ခွန်အားကိုသာ ရရှိခဲ့သည်။ ထို့ကြောင့် သူ၏ စွမ်းရည်များတိုးတက်ရန် ထိုမျှကြာခဲ့ခြင်းဖြစ်သည်။
" ညီအကိုတို့ ဆက်ပြီး သတ်ကြ..." ကျောက်ဖုန်းက လုံချွမ်ဓားကို မြှောက်ပြီး အော်ဟစ်လိုက်သည်။
" သတ်ကြ..." ကျောက်ဖုန်း၏ လက်အောက်မှ စစ်သည်များက စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်ကြသည်။ ယခုအချိန်တွင် သူတို့က စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မြင်နေကြသည်။
ချင်စစ်တပ်က အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သော မြို့တံခါးများကို သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ထိုးဖောက်ခဲ့သည်။ မြို့ထဲသို့ ရောက်သောအချိန်တွင်လည်း သူ၏ ရဲစွမ်းသတ္တိမှာ အမှန်တကယ် အနှိုင်းမဲ့လှသည်။
စစ်သည်အများစုအတွက် ကျောက်ဖုန်းက ထောက်ပို့တပ်ဖွဲ့မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး သူ၏ အောင်မြင်မှုများက ယုံရခက်နေသည်။ နောက်ဆုံးတော့ မျက်မြင်တွေ့မှ ယုံကြည်နိုင်ကြသည်။
ထိုကဲ့သို့သော ခွန်အားမျိုးနှင့်ဆိုလျှင် သူ့ကို စစ်နတ်ဘုရားဟု ခေါ်ဆိုခြင်းမှာ ပိုသည်ဟု မဆိုနိုင်ပေ။ ထို့အပြင် ကျောက်ဖုန်းက ရှေ့တန်းမှ ဦးဆောင်ခဲ့သောကြောင့် စစ်သည်အားလုံးကို အံ့အားသင့်လေးစားစေခဲ့သည်။
ထိုမျှ ကြောက်စရာကောင်းသော ရဲစွမ်းသတ္တိနှင့် တပ်မှူးတစ်ယောက် ရှိနေခြင်းက သူတို့အတွက် ကြီးမားသော စိတ်ခွန်အားဖြစ်စေသည်။ ထိုထက်ပိုသည်မှာ ကျောက်ဖုန်း၏ အရာရှိကံကြမ္မာတံဆိပ်မှ စွမ်းအားများကလည်း သူ၏ လက်အောက်ငယ်သားများကို ပိုမိုသန်မာစေခြင်းပင်ဖြစ်သည်။
ဆယ်ရာခိုင်နှုန်းတိုးလာခြင်းသာ ဖြစ်သော်လည်း စစ်မြေပြင်တွင် ထင်ရှားသော သက်ရောက်မှုရှိသည်။ သွေးချောင်းစီး သတ်ဖြတ်မှုများကြားတွင် အချိန်များကုန်ဆုံးနေပြီး ဟန်မြို့တော်အတွင်းမှ သတ်ဖြတ်သံများမှာလည်း အဆုံးမရှိ ဆူညံနေသည်။
တိုက်ပွဲသံများ၊ နာကျင်စွာအော်ဟစ်သံများနှင့် မျှော်လ့်ချက်မဲ့ငိုကြွေးသံများက ပဲ့တင်ထပ်နေခဲ့သည်။ ချင်စစ်တပ်က မြို့တံခါးကို စတင်ထိုးဖောက်နိုင်ကတည်းက စစ်သည်များ၏ ဟိန်းဟောက်သံများက ရပ်တန့်မသွားခဲ့ပေ။
ကျောက်ဖုန်းက သူ၏ စစ်သည်များကို ဦးဆောင်ပြီး ဖရိုဖရဲဖြစ်နေသော မြို့အတွင်း ဖြတ်သန်းသွားသည်။ ဖရိုဖရဲဖြစ်နေသော်လည်း သူ၏ တပ်ရင်းမှူးငါးယောက်က နောက်မှလိုက်ပါလာပြီး စစ်တပ်ဖွဲ့စည်းပုံက ပျက်ယွင်းသွားခြင်းမရှိခဲ့ပေ။
၎င်းမှာ ကျောက်ဖုန်းနှင့် သူ့လူများကို မမြင်ရသောနည်းဖြင့် ဆက်သွယ်ပေးထားသော အရာရှိကံကြမ္မာတံဆိပ်၏ နောက်ထပ် အံ့ဖွယ်စွမ်းရည်တစ်ခုဖြစ်သည်။
ထိုနေရာက ဟန်မြို့တော်၏ အပြင်ပိုင်း နောက်ဆုံးခုခံမှုဖြစ်ပြီး ဟန်နိုင်ငံ၏ ယာယီစစ်သူကြီး ချောင်ရီ စောင့်ကြပ်နေသည့် နေရာဖြစ်သည်။
" နောက်ဆုံးတော့ ဒီအခြေအနေ ရောက်လာပြီပေါ့။ " ချောင်ယီက ရူးသွပ်စွာ တိုးဝင်လာသော ချင်စစ်သည်များကို ကြည့်ပြီး သူ၏ မျက်နှာတွင် ခါးသီးသော အမူအရာပေါ်လာသည်။ သူတို့ရှုံးနိမ့်ပြီး နိုင်ငံပျက်စီးတော့မည်ကို သူ ဘယ်လိုလုပ်မမြင်ဘဲ နေမှာလဲ။
" ဟန်စစ်သည်တို့ သေရေးရှင်ရေးအချိန်ကို ရောက်လာပြီ။ " ချောင်ရီက သူ၏ ဓားကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်သည်။ " ငါချောင်ရီက မင်းတို့နဲ့အတူ နိုင်ငံအတွက် အသက်ပေးသွားမယ်။ "
" အမိန့်ထုတ်ပြန်လိုက်။ ချင်စစ်တပ်ကို တိုက်ကြ။ လေးသည်တော်တွေ ရှေ့ထွက်။ ခြေလျင်တပ်တွေ နောက်ကနေ။ ရှေ့တန်းက ထွက်ပြေးလာတဲ့သူမှန်သမျှ နေရာတင်သတ်ပစ်ကြ။ "
" စစ်သူကြီးနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်။ " ချောင်ရီ၏ နောက်မှ စစ်သည်ထောင်ချီက ညီညွှတ်စွာ အော်ဟစ်လိုက်သည်။ သူတို့၏ ရှေ့တွင် ရှုံးနိမ့်ပြီး ထွက်ပြေးလာကြသော ဟန်စစ်သားများရှိနေသည်။
" အားလုံးလှည့်ပြီး ပြန်တိုက်ကြ။ အတားအဆီးကို နီးကပ်လာတဲ့ ဘယ်သူမဆို ညှာတာမှုမရှိ သတ်ခံရမယ်။ " ချောင်ရီဘေးမှ တပ်မှူးတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့သော် သေဘေးနှင့် ရင်ဆိုင်နေရသော ဟန်စစ်သားများက ထိုစကားများကို ဂရုမစိုက်ဘဲ ထိတ်လန့်စွာဖြင့် အတားအဆီးများကို တိုးပြီး ထွက်ပြေးနေကြသည်။ ချောင်ရီက အေးစက်စွာ ကြည့်လိုက်ပြီး လက်ကို မြှောက်၍ ဝှေ့ရမ်းလိုက်သည်။
အတားအဆီးများ၏ နောက်မှ ဟန်လေးသည်တော်များက သူတို့ဆီသို့ ပြေးလာကြသော သူတို့၏ ရဲဘော်ရဲဘက်များကို မြားများဖြင့် ပစ်ခတ်လိုက်ကြသည်။
ရွှီး ရွှီး ရွှီး....
ဟန်စစ်သည်ရာချီက သူတို့ဘက်မှ မြားချက်များဖြင့် လဲကျသေဆုံးကုန်ကြသည်။ ထိုလုပ်ရပ်က ရက်စက်လှသော်လည်း ဟန်စစ်တပ်အတွက်မူ အကောင်းဆုံး အဖြေဖြစ်သည်။
အကယ်၍ ထွက်ပြေးလာသော စစ်သည်များက သူတို့၏ စစ်ကြောင်းအတွင်းသို့ ဝင်ရောက်လာလျှင် စစ်တပ်ဖွဲ့စည်းပုံက ပျက်စီးသွားပေလိမ့်မည်။
" အခုချက်ချင်း လှည့်ပြီး ချင်စစ်တပ်ကို ပြန်တိုက်ကြ။ မဟုတ်ရင် မင်းတို့ သေမယ်။ " ချောင်ရီက သူ၏ ဓားကို မြှောက်ပြီး အော်ဟစ်လိုက်သည်။
ထိုစကားများကို ကြားသောအခါ ထွက်ပြေးနေသော ဟန်စစ်သားများက ရန်သူများကို လှည့်တိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။ ဆက်ပြေးလျှင် းသူတို့က မြားမိုးများအောက်တွင် သေဆုံးရမည်ဖြစ်သည်။
" သတ်ကြ..." ကျောက်ဖုန်းက ကြောက်ရွံ့မှုမရှိ ရှေ့သို့ တိုးဝင်လာကြသည်။ သူက ဘယ်လက်တွင် ပွန်းပဲ့နေသော ဒိုင်းကိုကိုင်ပြီး ညာလက်တွင် လုံချွမ်ဓားကို ဆုပ်ကိုင်ထားသည်။
ဓားသွားက ဟန်စစ်သားများစွာကို သတ်ဖြတ်ထားသော်လည်း သွေးတစ်စက်မှ စွန်းထင်ခြင်းမရှိပေ။ ၎င်းက အမှန်တကယ် သတ်ဖြတ်သော်လည်း မညစ်နွမ်းသော ရတနာလက်နက်ဖြစ်သည်။
ကျောက်ဖုန်းက ဟန်စစ်ကြောင်းထဲသို့ ဝင်ရောက်သွားသည်။ သူက ဓားကို တစ်ချက်ဝှေ့ရမ်းလိုက်သည်နှင့် ရှေ့မှ ဟန်စစ်သားများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
သူ၏ ဦးဆောင်မှုအောက်တွင် လမ်းပေါ်မှ ထွက်ပြေးနေသော ဟန်စစ်သားရာချီက ခဏအတွင်း သတ်ဖြတ်ခံလိုက်ရသည်။ ချင်စစ်သည်များက သူတို့ဆီသို့ တိုးဝင်လာသည်ကို မြင်သောအခါ ချောင်ရီက အော်ဟစ်လိုက်သည်။
" မြားတွေပစ်စမ်း..."
ဟန်လေးစစ်သည်များစွာက ချက်ချင်း မြားများကို ပစ်လွှတ်လိုက်ကြသည်။ မှောင်မိုက်သော ညတွင် မြားမိုးများက ကျဆင်းလာခဲ့သည်။ ချင်စစ်သားများကို ထိမှန်ပြီး သွေးအိုင်ထဲသို့ လဲကျသွားခဲ့သည်။
သို့သော် ကျောက်ဖုန်း၏ လက်အောက်မှ စစ်သားများက အလွန်ရဲစွမ်းသတ္တိရှိနေကြဆဲဖြစ်ပြီး မလျှော့သော ဇွဲဖြင့် ဆက်လက်တိုးဝင်နေကြသည်။
ကျောက်ဖုန်းက ဒိုင်းကို မြှောက်၍ ကာကွယ်ရင်း တစ်ဖက်တွင် မြားများကို ဓားဖြင့် ခုတ်ပိုင်းနေသည်။ မြားအချို့က သူ၏ ဘေးမှ ဖြတ်သွားသော်လည်း သူက တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားပြီး မြှားများကို ရှောင်တိမ်းသွားသည်။ သူက အတားအဆီးများကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
ဝုန်း... အား....
သူ၏ ရှေ့မှ အတားအဆီးများက လေထဲသို့ လွင့်စင်သွားသည်။ နောက်တစ်စက္ကန့်တွင် အတားအဆီးနောက်မှ လေးသည်တော်များစွာက တုန့်ပြန်ရန် အခွင့်အရေးမရဘဲ ပိတ်မိကာ သေဆုံးသွားကြသည်။