← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

ကျောက်ဖုန်း၏ ခြေကန်ချက်က မည်မျှပြင်းထန်သည်ကို လွင့်ထွက်သွားသော အတားအဆီးများအား ကြည့်ရုံနှင့် သိနိုင်သည်။ ပထမအတားအဆီးကို လွင့်ထွက်အောင် လုပ်ပြီးနောက် ကျောက်ဖုန်းက ဆက်လက်ပစ်ခတ်နေကြသော လေးသည်တော်များကို တစ်ချက်ကြည့်လိုက်သည်။

သူက တစ်ပတ်လှည့်ပြီး ထပ်မံကန်လိုက်ရာ နောက်ထပ်အတားအဆီးတစ်ခုက ဟန်စစ်သားများထံသို့ လွင့်ထွက်သွားပြန်သည်။ သူက ထိုသို့ပင် ထပ်တလဲလဲ လုပ်ပြီး သူ၏ ပတ်ဝန်းကျင်မှ အတားအဆီးများကို ကန်ထုတ်လိုက်သည်။

" ညီအကိုတို့..." ကျောက်ဖုန်းက ဟန်စစ်သားများဆီသို့ ပြေးဝင်သွားပြီး အော်ဟစ်လိုက်သည်။ ဟန်မြို့တော်ကို ထိုးဖောက်တဲ့ စွမ်းဆောင်မှုကို ငါတို့ပိုင်ဆိုင်သွားပြီ။ သူတို့မင်းကြီးကို ဖမ်းမိတဲ့ စွမ်းဆောင်မှုကလည်း ငါတို့အပိုင်ပဲ ဖြစ်ရမယ်။ ငါ့နောက်ကို လိုက်ပြီး သတ်ကြ။ "

သူ၏ ဓားက ကြမ်းတမ်းစွာ ဝှေ့ရမ်းနေပြီး လမ်းတွင်ရှိသမျှ ဟန်စစ်သားများကို သတ်ဖြတ်နေသည်။ သူက စွမ်းရည်များအားလုံးကို ရူးသွပ်စွာ စုဆောင်းနေပြီး ခွန်အားကလည်း အဆက်မပြတ် တိုးတက်လာသည်။

" စစ်ဗျူဟာ ပြောင်းမယ်။ " ချောင်ရီက ချက်ချင်း အမိန့်ပေးလိုက်သည်။ " လှံတပ်သားတွေ ရှေ့ထွက်ကြ။ "

သို့သော် သူအမိန့်ပေးလိုက်သည့် ထိုခဏတွင် ညအမှောင်အောက်မှ သတ်ဖြတ်လိုသော မျက်လုံးတစ်စုံက သူ့ကို ပစ်မှတ်ထားပြီးသား ဖြစ်သည်။

" အမိန့်ပေးနေတဲ့ အဲ့ဒီလူက ရာထူးကြီးတဲ့ပုံပဲ။ သူ့ကို သတ်နိုင်ရင် စွမ်းရည်အားလုံးအတွက် အမှတ်တွေ ရနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ရာထူးကြီးသူများကို သတ်ဖြတ်ခြင်းမှ စွမ်းရည်များ ပိုမိုရရှိသည်ကို သိထားသည်။

သူတို့က ရာထူးပိုကြီးလေ ကံကြမ္မာပိုကြီးလေ စွမ်းရည်အားလုံးက ပိုမိုတိုးတက်လာနိုင်လေဖြစ်သည်။ ထိုသို့တွေးရင်း ကျောက်ဖုန်းက ဟန်စစ်တပ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားပြီး ချောင်ရီရှိရာသို့ တည့်တည့်တိုးဝင်သွားသည်။

သူ၏ နောက်မှ စစ်သည်များက တတ်နိုင်သမျှ အမီလိုက်ပြီး ဟန်စစ်တပ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေကြသည်။ လှံရှည်စစ်သားများက ရှေ့မှ ဦးဆောင်ပြီး ရန်သူကို သတ်ဖြတ်ရန် အစွမ်းကုန် တိုးဝင်ကြသည်။

ချောင်ရီချထားသော စစ်ဗျူဟာက ချက်ချင်း ဖရိုဖရဲ ဖြစ်သွားသည်။ သတ်ဖြတ်မှုမှာ ဆက်လက်ဖြစ်ပွားနေပြီး ကျောက်ဖုန်းက ချောင်ရီနှင့် တဖြည်းဖြည်း နီးကပ်လာသည်။

သူ၏ စစ်သည်များကလည်း တိုက်စစ်ကို စနစ်တကျ ဖွင့်ပြီး နောက်မှ လိုက်ပါလာကြသည်။ မြို့တံခါး ကျိုးပျက်သွားပြီးကတည်းက သူတို့က သူတို့၏ တပ်မှူးနောက်မှလိုက်ရန် ဆုံးဖြတ်ထားကြသည်။ သူတို့က ကျောက်ဖုန်းနောက်မှ ကပ်နေသရွေ့ စွမ်းဆောင်မှုများ ရရှိမည်ဖြစ်ပြီး အသက်ရှင်နိုင်ခြေမှာလည်း အဆမတန် မြင့်မားလှသည်။

ကျောက်ဖုန်းက ကိုယ်ရံတော်များ၏ နောက်တွင် ရှိနေသော ချောင်ရီကို ကြည့်ပြီး သူက စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်မိသည်။

" သတ်ကြ..." ကျောက်ဖုန်းက ရှေ့သို့ တိုးဝင်သွားပြီး သူ၏ ပစ်မှတ်က ချောင်ရီပင်ဖြစ်သည်။

သူ၏ နောက်မှ စစ်သည်များက နောက်ထပ် အမိန့်ပေးစရာမလိုဘဲ တိုက်ခိုက်ရန်အတွက် လျင်မြန်စွာ တပ်ဖြန့်လိုက်ကြသည်။

" သူ့ကို သတ်ကြ..." ကျောက်ဖုန်း၏ မရပ်မနား တိုးဝင်လာသည်ကို မြင်သောအခါ ချောင်ရီက အော်ဟစ်လိုက်သည်။ သူ၏ အမိန့်နှင့်အတူ ကိုယ်ရံတော်များက ဓားများကို ဆွဲထုတ်ပြီး ကျောက်ဖုန်းကို တိုက်ခိုက်ကြတော့သည်။

" သတ်...." သူတို့က ဟိန်းဟောက်လိုက်ကြသည်။ ကျောက်ဖုန်းလည်း ရှောင်တိမ်းခြင်းမရှိပေ။ သူက ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး သူ၏ ဓားက စက်ဝိုင်းသဏ္ဍန် လင်းလက်သွားကြသည်။

ခဏအတွင်း ကိုယ်ရံတော်များ၏ လက်နက်များက ကျိုးပဲ့ကာ သူတို့၏ လည်ပင်းများတွင် အနီရောင်အစင်းကြောင်းများပေါ်လာပြီး နေရာတင် လဲကျသေဆုံးသွားကြသည်။

သူတို့ကို အလွယ်တကူ ရှင်းလင်းပြီးနောက် ကျောက်ဖုန်းက ရှေ့သို့ ဆက်လက်တိုးဝင်သွားသည်။ ကောင်းစွာလေ့ကျင့်ပေးထားသော ဟန်ကိုယ်ရံတော်များက သူ့ကို တားဆီးနိုင်စွမ်းမရှိကြပေ။ လမ်းတွင် ပိတ်ရပ်နေသူမှန်သမျှ ညှာတာမှုမရှိ ခုတ်ပိုင်းခြင်းခံရသည်။

ကျောက်ဖုန်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ချောင်ရီက မှင်သက်သွားသည်။ သူက ဟန်နိုင်ငံ၏ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး စစ်မြေပြင်များစွာကို ဖြတ်သန်းဖူးသော်လည်း ထိုမျှ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို မမြင်ဖူးခဲ့ပေ။

သူ၏ ကိုယ်ရံတော်များက ထိုလူကို ဝိုင်းထားသော်လည်း သူက သူတို့ကြားမှ ဖောက်ထွက်လာသည်။ သူက လူသူမရှိသော နေရာကို ဖြတ်သန်းနေသကဲ့သို့ လှုပ်ရှားနေသည်။

" စစ်သူကြီးကို ကာကွယ်ကြ။ "

ပတ်ဝန်းကျင်မှ ကိုယ်ရံတော်များက လျင်မြန်စွာ စုစည်းလိုက်ကြပြီး သူတို့၏ ဒိုင်းများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး ချောင်ရီကို လုံးဝ ပိတ်ဆို့ကာကွယ်ထားသည်။

" ဟန်စစ်သူကြီးတစ်ယောက်ကိုး။ ဒါဆို မင်းရဲ့ အသက်က ပိုတန်ဖိုးရှိသွားပြီ။ " ကိုယ်ရံတော်များ၏ အော်ဟစ်သံကို ကြားသောအခါ ကျောက်ဖုန်းက ပို၍ စိတ်အားထက်သန်လာသည်။

သူက ဒိုင်းကာများဆီသို့ တည့်တည့်တိုးဝင်သွားသည်။ အနားသို့ ရောက်သည်နှင့် ကျောက်ဖုန်းက သူ၏ လက်ထဲမှ သွေးစွန်းနေသော ဒိုင်းကို အစွမ်းကုန် လွှဲရမ်းပြီး ရှေ့မှ ကိုယ်ရံတော်များဆီသို့ ပစ်ပေါက်လိုက်သည်။ ထိုတိုက်ခိုက်မှု၏ စွမ်းအားက မယုံကြည်နိုင်စရာကောင်းလှသည်။

ဝုန်း...

ကွဲအက်သံများနှင့်အတူ နာကျင်စွာ အော်ဟစ်သံများက ဆူညံစွာ ထွက်ပေါ်လာသည်။ လူဆယ်ယောက်ကျော် ဖွဲ့စာ်းထားသော ဒိုင်းကာများက ခဏအတွင်း ပျက်စီးသွားခဲ့သည်။

စစ်သည်များက ဒိုင်း၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားကြပြီး တည့်တည့်ထိမှန်သူများက နေရာတင် သေဆုံးသွားကြသည်။

" မိစ္ဆာကြီး မိစ္ဆာကြီး..."

ပတ်ဝန်းကျင်ရှိ ဟန်စစ်သည်များက ကျောက်ဖုန်းကို မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေကြပြီး ထိတ်လန့်သွားကြသည်။

" စစ်ကြောင်းကို မြန်မြန်ပြန်စုကြ။ " ချောင်ရီက ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ ဒိုင်းများပျက်စီးသွားသည်နှင့် ကျောက်ဖုန်းက သူတို့ကို တုန့်ပြန်ရန် အခွင့်အရေး မပေးတော့ပေ။ သူက အရှိန်မြှင့်ပြီး ချောင်ရီရှိရာသို့ ခုန်ဝင်သွားသည်။

ညအမှောင်၏ လရောင်အောက်တွင် သာမန်လူထက် အဆများစွာ မြန်သောအရှိန်ဖြင့် ဖြတ်သန်းသွားသည်။ မျက်တစ်တစ်ခတ်အတွင်း ဒိုင်းများကို ပြန်ပိတ်ရန် ကြိုးစားနေချိန်မှာပင် ကျောက်ဖုန်းက ချောင်ရီ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လုံချွမ်ဓားက ရှေ့သို့ ထိုးစိုက်သွားသည်။

စွပ်...

ချောင်ရီက တုန့်ပြန်ရန် အခွင့်အရေးမရဘဲ ပြင်ထန်သော နာကျင်မှုက သူ့ကို လွှမ်းမိုးသွားသည်။ သူက တုန်ရီစွာဖြင့် ခေါင်းငုံ့ကြည့်လိုက်ပြီး ဓားတစ်လက်က သူ၏ ခန္ဓာကိုယ်အား ထိုးဖောက်ထားသည်ကို မြင်လိုက်ရသည်။

" မိစ္ဆာ....ကောင်..." ချောက်ရီက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောပြီး သူ၏ နောက်ဆုံးအချိန်တွင် ကျောက်ဖုန်းကို စိုက်ကြည့်နေသည်။

" ဟန်စစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅မှတ် ရရှိပါတယ်။ အဆင့်တစ် ရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ "

ပတ်ဝန်းကျင်မှ ဟန်စစ်သားများက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကျောက်ဖုန်းကို ငေးကြည့်နေကြသည်။ သူတို့၏ ထပ်ဆင့်ကာကွယ်မှုကြားမှာပင် ထိုချင်တပ်မှူးက သူတို့၏ စစ်သူကြီးကို သတ်နိုင်ခဲ့သည်။

ကျောက်ဖုန်းက သူတို့၏ အံ့ဩမှုကို ဂရုမစိုက်ပေ။ သူက လုံလျွမ်ဓားကို ပြန်ဆွဲထုတ်ပြီး ချောင်ရီ၏ ခေါင်းကို ဖြတ်ကာ ဖမ်းယူလိုက်သည်။ ၎င်းက သူ၏ စွမ်းဆောင်မှုရလဒ်ဖြစ်သည်။

" ငါ ဟန်စစ်သူကြီးကို သတ်လိုက်ပြီ။ " ကျောက်ဖုန်းက ချောင်ရီ၏ ဦးခေါင်းကို မြှောက်ပြီး အော်ဟစ်လိုက်သည်။

" ဟန်စစ်တပ် ရှုံးနိမ့်သွားပြီ။ ညီအကိုတို့ အောင်ပွဲနဲ့ စွမ်းဆောင်မှုတွေက ဒီနေ့မှာ ငါတို့ကို စောင့်ကြိုနေတယ်။ ငါမင်းတို့ကို ဦးငဆောင်ပြီး မင်းတို့နာမည်တွေကို ကျော်ကြားစေရမယ်။ "

ထိုခဏတွင် ရန်သူများ၏ စိတ်ဓာတ်က ပျက်ပြားသွားခဲ့သည်။ သူ၏ နောက်မှ ချင်စစ်သားများက စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောင်လိုက်ကြသည်။

" သတ်ကြ...."

" ပြေးကြ..."

" စစ်သူကြီးသေပြီ။ ငါတို့ရှုံးပြီ။ "

ချောင်ရီကျဆုံးသွားသည်ကို မြင်သောအခါ ခိုင်ခံ့သော စစ်ကြောင်းက ချက်ချင်း ပြိုလဲသွားသည်။ ထိုသတင်းက ဟန်စစ်တပ်အတွင်း တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။ ထွက်ပြေးသူတစ်ယောင်က နောက်ထပ် ဆယ်ယောက်ကို ဆွဲခေါ်သွားပြီး ဆယ်ယောက်က တစ်ရာကို ဆွဲခေါ်သွားသည်။

ခဏအတွင်း ဟန်မြို့တော်၏ ပြင်ပခုခံမှုစစ်ကြောင်းက ပြိုလဲသွားသည်။ ကျောက်ဖုန်းကလည်း သူ၏ လူများကို ဦးဆောင်ပြီး နောက်မှ လိုက်လံတိုက်ခိုက်တော့သည်။

မြို့၏ အတွင်းပိုင်းတွင် ဟန်တပ်မှူးတစ်ယောက်က အပြေးအလွှားရောက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" ဝန်ကြီးချုပ်ကို အစီရင်ခံပါတယ်။ မြို့အပြင်ပိုင်းက ကျရှုံးသွားပါပြီ။ ချင်စစ်တပ်က မြို့အတွင်းကို ချိုးဖောက်ဝင်ရောက်လာပါပြီ။ "

" ချောင်ရီဘယ်မှာလဲ။ " ကျန်းဖျင်က ဒေါသတကြီးဖြင့် မေးလိုက်သည်။

" ဝန်ကြီးချုပ် စစ်သူကြီးချောင်ရီက တိုက်ပွဲမှာ ကျဆုံးသွားပါပြီ။ " တပ်မှူးက တုန်ရီစွာဖြင့် ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းဖျင်၏ အမူအရာက ပြောင်းလဲသွားပြီး ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။

" ချောင်ရီ မင်းက ငါတို့ ဟန်နိုင်ငံရဲ့ စစ်သူကြီးတစ်ယောက်အနေနဲ့ မင်းရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေခဲ့ဘူး။ မင်းအရင်သွားနှင့်ပါ။ ငါလည်း မကြာခင် မင်းနောက်လိုက်လာခဲ့မယ်။ "

" ဝန်ကြီးချုပ် ချင်စစ်တပ်က မြို့အပြင်ပိုင်းတစ်ခုလုံး သိမ်းပိုက်လိုက်ပါပြီ။ " တပ်မှူးက ခါးသီးစွာ ပြောလိုက်သည်။

All Chapters