← Chapters

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈)

Vol. 5 Ch. 48

" မြို့အတွင်းပိုင်းမှာ တော်ဝင်တပ်ဖွဲ့အပါအဝင် ငါတို့ဆိမှာ လူနှစ်သောင်းတောင် မပြည့်တော့ဘူး။ ဆက်ပြီး ခုခံဖို့က မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် ဖြစ်နိုင် မဖြစ်နိုင် ငါတို့ ခုခံရမယ်။ " ကျန်းဖျင်က အေးစက်စွာ ပြောလိုက်သည်။

" ငါဟာ နိုင်ငံနဲ့အတူ သေဆုံးဖို့ ဒီမှာရှိနေတာပဲ။ ငါတို့ ကျန်းမိသားစုက ဟန်နိုင်ငံကို အမှုထမ်းခဲ့တာ။ ချင်နိုင်ငံကို ဘယ်တော့မှ အညံ့မခံဘူး။ "

ယခုအခါ သူ၏ မိသားစုက ဘေးကင်းရာသို့ ရောက်နေပြီဖြစ်သောကြောင့် သူ့အတွက် စိတ်ပူစရာမရှိတော့ပေ။ ထိုအချိန်တွင် နန်းတွင်းတပ်မှူးတစ်ယောက်က ရောက်ရှိလာသည်။

" ဝန်ကြီးချုပ် မင်းကြီးဆီက အမိန့်ကျလာပါတယ်။ "

" မင်းကြီးက ဘာအမိန့်ပေးလိုက်လဲ။ " ကျန်းဖျင်က ချက်ချင်း မေးလိုက်သည်။

" မင်းကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ " တပ်မှူးက ဦးညွှတ်ပြီး ပြောလိုက်သည်။

" မြို့တံခါးက ကျိုးပျက်သွားပြီဖြစ်လို့ ဆက်ပြီးခုခံနေတာက အချည်းနှီးပဲ။ ချင်စစ်တပ်နဲ့ ညှိနှိုင်းဖို့အတွက် ဝန်ကြီးချုပ်က စစ်သည်တွေကို နန်းတော်ကို ပြန်ခေါ်လာပြီး နန်းတော်ကို ကာကွယ်ဖို့ မင်းကြီးက အမိန့်ပေးလိုက်ပါတယ်။ "

ကျန်းဖျင်​က ခါးသီးစွာ ပြုံးလိုက်သည်။ " မင်းကြီးက အညံ့ခံဖို့ ပြင်နေတာလား။ "

" ဝန်ကြီးချုပ် " တပ်မှူးက ရှင်းပြလိုက်သည်။ " မြို့က ကျိုးပေါက်သွားလို့ မှူးမတ်တွေက ထိပ်တိုက်ရင်ဆိုင်ဖို့ ကန့်ကွက်ကြပါတယ်။ နန်းတော်ကို ကာကွယ်ရင်း ချင်နိုင်ငံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သူတို့က တိုက်တွန်းနေကြပါတယ်။ "

" ဟူး..." ကျန်းဖျင်က ကောင်းကင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " ဟန်စစ်သည်တို့ နန်းတော်ကို ပြန်ပြီး မင်းတို့ တာဝန်ကို ထမ်းဆောင်ကြတော့။ "

စကားအဆုံးတွင် ကျန်းဖျင်က ဓားကို ဆွဲထုတ်ပြီး မလှုပ်မယှက် ရပ်နေသည်။

" ဝန်ကြီးချုပ် ဘာလုပ်မလို့လဲ။ " တပ်မှူးက မျက်နှာပျက်သွားပြီး မေးလိုက်သည်။

" ကျန်းမိသားစုက မျိုးရိုးစဉ်ဆက ဟန်နိုင်ငံကို အမှုထမ်းခဲ့တယ်။ ငါတို့ ဘယ်တာ့မှ အညံ့မခံဘူး။ " ကျန်းဖျင်က ရဲ့ရင့်ပြတ်သားစွာ ပြောလိုက်သည်။ " မင်းတို့အားလုံး နန်းတော်ကို ပြန်ကြတော့။ ငါတစ်ယောက်တည်း ချင်စစ်တပ်ကို ရင်ဆိုင်မယ်။ "

ထိုစကားကို ကြားသောအခါ တပ်မှူးက သူ့ကို အလွန်လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။ " ဝန်ကြီးချုပ်ရဲ့ စိတ်ဓာတ်က တကယ်ကို ကြီးမြတ်လှပါတယ်။ "

သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ရှိနေ​သော ကျန်းဖျင်၏ မြင့်မြတ်သော စိတ်ဓာတ်က ဟန်စစ်သည်များကို စိတ်လှုပ်ရှားစေခဲ့ပြီး အားလုံးက ဦးညွှတ်လိုက်ကြသည်။

" ကျွန်တော်တို့က ဝန်ကြီးချုပ်နဲ့အတူ နိုင်ငံအတွက် အသက်ပေး ကာကွယ်သွားပါမယ်။ "

" နေချင်တဲ့သူတွေ နေခဲ့နိုင်တယ်။ " ကျန်းဖျင်က သက်ပြင်းချပြီး ပြောလိုက်သည်။ " မနေချင်တဲ့သူတွေ နန်းတော်ကို ပြန်စောင့်ကြ။ ဒါဆို အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်တယ်။ "

နောက်ဆုံးတွင် ဝန်ကြီးချုပ်ကျန်းဖျင်၏ စိတ်ဓာတ်လှုံ့ဆောင်မှုကြောင်း ဟန်စစ်သားများက ဆက်နေရန် ရွေးချယ်ခဲ့ကြပြီး သူ၏ ပိတ်လည်တွင် ခုခံရန် စစ်​ဗျူဟာတစ်ခု တည်ဆောက်လိုက်ကြသည်။ မြို့တော်တွင် ကျန်ရှိနေသော ဟန်စစ်သားသောင်းချီမှ သစ္စာရှိသူ ငါးရာခန့်သာ ကျန်ရှိတော့သည်။

နိုင်ငံပျက်စီးတော့မည့်အချိန်တွင် လူတိုင်းက သစ္စာရှိပြီး ဖြောင့်မတ်မနေနိုင်ပေ။ ကျန်းဖျင်က ပတ်ဝန်းကျင်ကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော် သူက ကျန်ခဲ့သော ဟန်စစ်သားများကို ကြည့်ပြီး စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ သစ္စာရှိသူ ရာဂဏန်းကျန်နေသေးသည်။

အချိန်များကုန်ဆုံးလာပြီး အာရုံတက်ချိန်တွင် နေမင်းက တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။ ဟန်မြို့တော်က တစ်ရက်နှင့်တစ်ည စစ်ပွဲ၏ ဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။ မြို့ရိုး၏ အတွင်းနှင့်အပြင်က မရေတွက်နိုင်သော အလောင်းများ ပြန့်ကျဲနေပြီး မြို့တစ်ခုလုံးက သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေသည်။

ကျန်းဖျင်ရပ်နေသော မြို့အတွင်းပိုင်းသို့ ချင်စစ်သည်များ ရောက်ရှိလာကြသည်။ သူတို့တစ်ယောက်ချင်းစီက သွေးများ ရွှဲနစ်နေကြပြီး ၎င်းက ဟန်စစ်သားများ သူတို့လက်ချက်ဖြင့် သေသွားသော သက်သေပင်ဖြစ်သည်။

ချင်စစ်သားများက တိုက်ခိုက်ခြင်းမရှိသေးဘဲ ခုခံရန် ပြင်ဆင်နေသော ဟန်စစ်သားများကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ရှေ့ဆုံးမှ တပ်မှူးက အမိန့်မပေးသေးသောကြောင့် သူတို့က နေရာမပျက် စောင့်ဆိုင်းနေကြသည်။

သတ်ဖြတ်လိုစိတ်ပြင်းထန်နေသော ချင်စစ်သားများကို ရင်ဆိုင်နေရသော်လည်း ကျန်းဖျင်က တုန်လှုပ်ခြင်းမရှိပေ။

" ချင်တပ်မှူး မင်းရဲ့ နာမည်ဘယ်သူလဲ။ " ကျန်းဖျင်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ချင်နိုင်ငံရဲ့ တပ်မမှူး ကျောက်ဖုန်းပဲ။ " ကျောက်ဖုန်းက ဓားကို မြှောက်ပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။

" ချောင်ရီက မင်းလက်ချက်နဲ့ သေခဲ့တာလား။ " ကျန်းဖျင်က ကျောက်ဖုန်း၏ ခါးတွင် ချိတ်ဆွဲထားသော ဦးခေါင်းကို ကြည့်လိုက်သည်။

" သူ့နာမည်ကို ငါမသိပေမယ့် သူက ငါ့လက်ချက်နဲ့ သေခဲ့တာပဲ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ဒါပေမယ့် ငါက အဲ့ဒီထက် ပိုအရေးပါတဲ့သူတွေကို သတ်ဖူးတယ်။ ပေါင်ယွမ်ကလည်း ငါ့လက်ချက်နဲ့ သေခဲ့တာပဲ။ "

ထိုစကားကို ကြားသောအခါ သေရန်အသင့်ဖြစ်နေသော ကျန်းဖျင်ပင် မှင်သက်သွားသည်။ ပေါင်ယွမ် ဟန်နိုင်ငံ၏ အရည်အချင်းအရှိဆုံး စစ်သူကြီးတစ်ယောက်ဖြစ်သည်။

" မင်ပဲကိုး။ " ကျန်းဖျင်က ကျောက်ဖုန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ " ကောင်းတယ်။ အနည်းဆုံးတော့ ငါမသေခင် ငါတို့ စစ်သူကြီးပို ဘယ်သူသတ်ခဲ့လဲဆိုတာ သိခွင့်ရတာ တန်ပါတယ်။ "

ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးပြီး သူ၏ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ကျောက်ဖုန်းကို စိုက်ကြည့်ရင်း သူက ဟိန်းဟောက်လိုက်သည်။

" ဟန်ဝန်ကြီးချုပ်ကျန်းဖျင် ဒီမှာရှိတယ်။ မင်းငါနဲ့ တိုက်ခိုက်ရဲလား။ "

ကျောက်ဖုန်းက ဘာမှမပြောဘဲ သူ၏ ဓားကို ကိုင်ကာ ကျန်းဖျင်ဆိသို့ လျှောက်သွားလိုက်သည်။

" သတ်..." ကျန်းဖျင်က အော်ဟစ်ပြီး ကျောက်ဖုန်းကို ဓားဖြင့် ထိုးလိုက်သည်။ သို့သော် စာပေအရာရှိတစ်ယောက်အနေဖြင့် သူက ကျောက်ဖုန်းကို မယှဉ်နိုင်ပေ။

ကျောက်ဖုန်းက ဘေးသို့ တစ်ချက်ရှောင်လိုက်ပြီး လုံချွမ်ဓားဖြင့် အသာအယာ ထိုးလိုက်သည်။ ဓားသွားက ကျန်းဖျင်၏ ရင်ဘတ်ကို ထုတ်ချင်းပေါက်သွားခဲ့သည်။

" မင်းက စာပေအရာရှိတစ်ယောက်ဖြစ်ပေမယ့် လက်နက်ကိုင်လိုက်တာနဲ့ စစ်သည်တစ်ယောက်ပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " မင်းက နိုင်ငံနဲ့အတူ သေဆုံးဖို့ရွေးချယ်ခဲ့တယ်။ မင်းရဲ့ သစ္စာတရားကို ငါလေးစားပါတယ်။ "

ကျန်းဖျင်က နောက်ဆုံးလက်ကျန်ခွန်အားဖြင့် ပါးစပ်ဟလိုက်သည်။ " ကျန်းဖျင်န့ ကျန်းမိသားစုက ဟန်နိုင်ငံကို ဘာနောင်တမှမရှိဘဲ အမှုထမ်းခဲ့တယ်။ "

ကျောက်ဖုန်းက ဘာမှမပြောဘဲ လုံချွမ်ဓားကို ဆွဲထုတ်လိုက်ပြီး ကျန်းဖျင်၏ ရုပ်အလောင်းက မြေပြင်ပေါ်သို့ လဲကျသွားသည်။

" ဟန်ဝန်ကြီးချုပ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀မှတ် ရရှိပါတယ်။ အဆင့်တစ်ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်ထွက်ပေါ်လာသည်။

" ဝန်ကြီးချုပ် ကောင်းမွန်စွာ သွားပါ။ ကျွန်တော်တို့ နောက်က လိုက်ခဲ့ပါမယ်။ "

ကျန်းဖျင် ကျဆုံးသွားသည်ကို မြင်သောအခါ သူနှင့်အတူ သေရန် သစ္စာဆိုထားကြသော ဟန်စစ်သားများက ဟိန်းဟောက်လိုက်ကြသည်။ သူတို့က ဓားများကို မြှောက်ကာ ကျောက်ဖုန်းဆီသို့ တိုးဝင်လာကြသည်။

" သတ်ကြ..." ကျန်းဟန်၊ ဝေချွမ်နှင့် အခြားသူများကလည်း သူတို့၏ စစ်သည်များကို ဦးဆောင်ပြီး ဟန်စစ်သားများကို ရင်ဆိုင်လိုက်ကြသည်။

" ငါသာ ကျန်းဖျင်လိုအခြေအနေမျိုးမှာ ရှိနေရင် တွန့်ဆုတ်မနေဘဲ အသက်ပေးမိမှာပဲ။ " ကျောက်ဖုန်းက သတ်ဖြတ်မှုများကို ကြည့်ရင်း တွေးလိုက်သည်။

" အင်အားကြီးတဲ့ ကျူးကျော်သူတွေရဲ့ လက်ကနေ ကိုယ့်အိမ်ကိုယ်နိုင်ငံကို ကာကွယ်တာက ယောကျာ်းတိုင်း လုပ်သင့်တဲ့အရာပဲ။ ဒါပေမယ့် အခု ငါက သူတို့နိုင်ငံမှာ သူတို့စစ်တပ်ကို သတ်ဖြတ်နေရတယ်။ ဒါက သမိုင်းရဲ့ အလွှဲသာမရှောင်သာ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပေမယ့် ငါ တစ်ချိန်က စိတ်ကူးခဲ့တာနဲ့တော့ မတူဘူး။ ဒီခေတ်မှာ လူအသက်က မြက်ပင်တစ်ပ်လောက်တောင် တန်ဖိုးမရှိဘူး။ "

" နောက်ဆုံးတော့ ငါက ချင်နိုင်ငံ တစ်လောက်ကလုံးကို စုစည်းတဲ့ ဒီလှိုင်းလုံးထဲမှာ လုံးဝ ပါဝင်သွားခဲ့ပြီ။ ဝမ်ယန်ပြောတာမှတ်တယ်။ စစ်ပွဲမရှိတဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ဆိုရင် ကျန်တဲ့နိုင်ငံတွေအားလုံးကို သိမ်းပိုက်ရမယ်။ ဒါပေမယ့် ချင်ရှီဟွမ် သေဆုံးသွားရင် ကမ္ဘာကြီးက ဖရိုဖရဲဖြစ်သွားဦးမှာပဲ။ " ကျောက်ဖုန်းက သမိုင်းတွင် ဖြစ်လာမည့်အရာများကို သိနေသည်။

" ချင်နိုင်ငံက ကျန်တဲ့ နိုင်ငံခြောက်ခုကို သိမ်းပိုက်ပြီး ကြီးမားတဲ့ မင်းဆက်တစ်ခုကို တည်ထောင်ခဲ့ပေမယ့် နိုင်ငံရဲ့ ကံကြမ္မာက မျိုးဆက်နှစ်ခုပဲ ခံလိမ့်မယ်။ ဧကရာဇ်သေဆုံးသွားရင် ကမ္ဘာကြီးက ဖရိုဖရဲပြန်ဖြစ်သွားဦးမှာပဲ။ "

" တကယ်လို့ ချင်မင်းဆက် နိဂုံးချုပ်မယ့်နေရောက်လာရင် ကမ္ဘာကြီးကို ပြန်စုစည်းမယ့်သူက လျိုပန်းလည်းမဟုတ်သလို ရှန်းယွီလည်း မဟုတ်ဘူး။ ငါကျောက်ဖုန်းပဲ ဖြစ်ရမယ်။ " ကျောက်ဖုန်းက တိုက်ခို​က်သံများကြားတွင် ငြိမ်သက်စွာ ရပ်နေသည်။

" ပိုင်ရှင်က ဧကရာဇ်တစ်ပါးရဲ့ နှလုံးသားကို ပိုင်ဆိုင်သွားပါပြီ။ လက်အောက်ခံတပ်ဖွဲ့ရဲ့ စာမျက်နှာကို ဖွင့်နိုင်ပါပြီ။ ဖွင်ရန်လိုအပ်ချက်က နောက်လိုက်များကို စုဆောင်းပါ။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ငါလမ်းမှန်ကို ရွေးချယ်ခဲ့တာပဲ။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် ပြုံးလိုက်သည်။

All Chapters