← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

" တပ်မှူး ဒီနေရာက ဟန်စစ်သားတွေကို ရှင်းပြီးသွားပါပြီ။ " ကျန်းဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး ပြောလိုက်သည်။

" နန်းတော်ဆီကို ပုံမှန်အတိုင်း ဆက်ပြီး ချီတက်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

ကျောက်ဖုန်းက ကျန်းဖျင်၏ ရုပ်အလောင်းကို ငုံ့ကြည့်လိုက်ပြီး သမိုင်းမှတ်တမ်းတစ်ခုက သူ၏ ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာသည်။

" ကျန်းဖျင်... ကျန်းခိုင်တီရဲ့သား ပြီးတော့ ကျန်းလျန်ရဲ့ ဖခင်ပဲ။ ငါက သမိုင်းမှာ ဗျူဟာနတ်ဘုရားဖြစ်ဘာမယ့်သူရဲ့ ဖခင်က သတ်လိုက်တာပဲ။ သူ့အဖေကို သတ်ခဲ့တာဆိုတော့ ကျန်းလျန်က ငါ့ကို အရိုးထဲကနေ မုန်းတီးနေတော့မှာပဲ။ "

" ငါက တကယ်ပဲ သမိုင်းမှာ ပါဝင်ပက်သက်ခဲ့ပြီပဲ။ အနာဂတ်မှာ ကျန်းလျန် သတ်မယ့်စာရင်းထဲမှာ ငါက သေချာပေါက် ပါဝင်နေတော့မှာပဲ။ " ကျောက်ဖုန်းက ကြောက်ရွံ့မှုမရှိပေ။ သူက လုံချွမ်ဓားကို မြှောက်ပြီး ကျန်းဖျင်၏ ဦးခေါင်းကို ဖြတ်ယူလိုက်သည်။

ချင်စစ်တပ်၏ စည်းကမ်းမှာ ရှင်းလင်းပေသည်။ ရာထူးကြီးသော ရန်သူ၏ ဦးခေါင်းက မိမိ၏ စွမ်းဆောင်မှုအတွက် သက်သေပင်ဖြစ်သည်။ ထိုကဲ့သို့သော အထောက်အထားမရှိဘဲ တိုက်ပွဲ၏ ဖရိုဖရဲအခြေအနေကြားတွင် သူတို့၏ အောင်မြင်မှုများကို အတည်ပြုနိုင်ရန် မလွယ်ကူပေ။

" ငါက မြို့ကို ထိုးဖောက်ခဲ့တယ်၊ စစ်သူကြီးကို သတ်ခဲ့တယ်၊ ဝန်ကြီးချုပ်ကိုလည်း သတ်ခဲ့တယ်။ အခုတော့ မင်းကြီးကို ဖမ်းမိဖို့ပဲ ကျန့်တော့တယ်။ "

" ဟန်မင်းကြီးကို အညံ့ခံဖို့ ဖိအားပေးခံခဲ့ရတယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားတယ်။ ဟန်မြို့တော် အတွင်းပိုင်းကို ကာကွယ်ဖို့ စစ်သည်အနည်းငယ်ပဲ ကျန်တော့တာမလို့ သမိုင်းမှာပါတဲ့အတိုင်းပဲ ဖြစ်လာမယ်ထင်တယ်။ ဟန်မင်းကြီး အညံ့ခံတော့မှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

ဤခေတ်မှ ဘုရင်များက သူတို့၏ နိုင်ငံနှင့်အတူ အသေခံရန် ရွေးချယ်ခဲလှသည်။ ဟန်မင်းကြီးက သေရန် မကြောက်သော လူမျိုးမဟုတ်သည်ကို ကျောက်ဖုန်းက သိထားသည်။ သမိုင်းမှတ်တမ်းများအရ နောက်ဆုံးဟန်ဘုရင်က ထူခြားသော အုပ်ချုပ်သူတစ်ယောက် မဟုတ်ခဲ့ပေ။

မြို့အပြင်ဘက်တွင်။

" စစ်သူကြီးကို အစီရင်ခံပါတယ်။ " ကိုယ်ရံတော်တပ်မှူးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ " မြို့အပြင်ပိုင်းကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ စစ်တပ်က မြို့အတွင်းပိုင်းကို ထိုးဖောက်ပြီး ဟန်နန်းတော်ကို တိုက်ခိုက်နေပါပြီ။ "

ထိုသတင်းကို ကြားသောအခါ စစ်ရထားပေါ်တွင ရပ်နေသော လီထန်က အလွန်ဝမ်းသာသွားသည်။

" ကောင်းတယ်။ " ထိုကြီးမားသော အောင်မြင်မှုက သူ၏ လက်ထဲသို့ ရောက်ရှိလာပြီဖြစ်သည်။

" အသေးစိတ်တွေကို အတည်ပြုပြီးပြီလား။ " လီထန်က မေးလိုက်သည်။ " ဘယ်သူက တံခါးကို ထိုးဖောက်လိုက်တာလဲ။ ဘယ်သူက အဓိကစွမ်းဆောင်မှုကို လုပ်ခဲ့တာလဲ။ "

" စစ်သူကြီးကို အစီရင်ခံပါတယ်။ " ကိုယ်ရံတော်တပ်မှူးက လေးစားစွာ ပြောလိုက်သည်။ " တပ်မှူးချန်တောက်ရဲ့ လက်အောက်က ကျောက်ဖုန်းက မြို့တံခါးကို တစ်ယောက်တည်း ထိုးဖောက်ခဲ့တာပါ။ သူက သူ့ရဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ဟန်စစ်ကြောင်းက်ု ဖျက်စီးခဲ့သလို ရန်သူများစွာကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ "

" သူတစ်ယောက်တည်း တံခါးကို ထိုးဖောက်ခဲ့တာလား။ " လီထန်၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားသင့်သွားသည်။

" ဒီသတင်းက မယုံကြည်နိုင်စရာပဲ။ ချင်စစ်သည်တွေ အများကြီး မြို့သိမ်းတူတွေနဲ့တောင် မထိုးဖောက်နိုင်ခဲ့တာကို သူက ဘယ်လိုလုပ်ခဲ့တာလဲ။ " လီထန်က အံ့ဩစွာ မေးလိုက်သည်။

" စစ်သူကြီး ကိုယ်တိုင်သွားကြည့်သင့်ပါတယ်။ " ကိုယ်ရံတော်တပ်မှူးက လေးစားစွာ ပြန်ပြောလိုက်သည်။ " တပ်မမှူး ကျောက်ဖုန်းမှာ နတ်ဘုရားလို ခွန်အားရှိတယ်လို့ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ "

" သွားကြစို့။ " လီထန်က အမိန့်ပေးလိုက်သည်။

စစ်ရထားမောင်းသော စစ်သည်က မြင်းများကို မောင်းပြီး မြို့တံခါးဆီသို့ ဦးတည်သွားသည်။ ကြီးမားသော လက်နက်တစ်ခုခုဖြင့် ဖျက်ဆီးခံထားရသော ပုံစံပေါက်နေသည့် မြို့တံခါးကို မြင်လိုက်ရသောအခါ သူက ပို၍ပင် မှင်သက်သွားခဲ့သည်။

ကပ်လျက်ရှိသော မြို့ရိုးမှာလည်း အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး ၎င်းက ထုတ်ဖော်လိုက်သော ကြီးမားသည့် ခွန်အား၏ သက်သေပင်ဖြစ်သည်။

" မြို့ကို ထိုးဖောက်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုကို ကျောက်ဖုန်းကို ပေးမယ်။ တပ်ကို ဦးဆောင်ခဲ့တဲ့ စွမ်းဆောင်မှုကိုတော့ တပ်မှူးချန်တောက်ကို ပေးမယ်။ "

" နားလည်ပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" စစ်သူကြီးကို အစီရင်ခံပါတယ်။ " တပ်မှူးတစ်ယောက်က မြို့ထဲမှ မြင်းစီးထွက်လာပြီး လီထန်၏ ရှေ့တွင် မြင်းကို ရပ်လိုက်သည်။

" တိုက်ပွဲသတင်းကို ရရှိပါပြီ။ ဟန်တပ်ဖွဲ့အားလုံး ဆုတ်ခွာသွားပြီး အခုနန်းတော်ထဲမှာ လိပ်လို ပုန်းအောင်နေကြပါတယ်။ "

" နန်းတော်ထဲမှာ ပုန်းနေကြတာပေါ့။ " လီထန်က လှောင်ပြုံးပြုံးလိုက်သည်။ " ဟန်မင်းကြီးက ကြောက်နေပြီ။ သူအညံ့ခံတော့မယ်။ "

လီထန်က လက်ဝှေ့ရမ်းပြီး နောက်ထပ် အမိန့်တစ်ခုကို ပေးလိုက်သည်။ " ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ နန်းတော်ကို ဝိုင်းထား ဒါပေမယ့် အခုအချိန်မှာ မတိုက်ခိုက်နဲ့ဦး။ တကယ်လို့ ဟန်မင်းကြီးက အညံ့ခံဖို့ ဆန္ဒရှိရင် သူ့ကို အသက်ရှင်ခွင့်ပေးမယ်။ "

" ဟုတ်ကဲ့ပါ။ " တပ်မှူးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" သွားကြစို့။ မြို့ထဲဝင်ကြမယ်။ " လီထန်က ပြောလိုက်သည်။

လမ်းတစ်လျှောက်တွင် အလောင်းများ ပြန့်ကျဲနေပြီး ချင်စစ်သားများ ပါဝင်သကဲ့သို့ ဟန်စစ်သားအများအပြားလည်း ရှိနေသည်။ စစ်ပွဲက ထိုအခြေအနေထိ ရောက်သွားပြီဖြစ်သောကြောင့် ဟန်နိုင်ငံက အခြေအနေကို ပြောင်းလဲရန် အခွင့်အရေး မရှိတော့ပေ။

နန်းတော်၏ အပြင်ဘက်၌ ချင်စစ်တပ်က နန်းတော်ကို ဝန်းရံထားပြီး သူတို့၏ လက်နက်များမှ သွေးများ စီးကျနေဆဲ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စစ်တပ်က နန်းတော်ကို မတိုက်ခိုက်ကြသေးပေ။ သူတို့က နန်းတော်ကို လေးများနှင့် ချိန်ထားကြပြီး မြားမိုးများ ရွာချရန် အသင့်ဖြစ်နေကြသည်။

" တပ်မမှူး..." ကျန်းဟန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ " ကျွန်တော်တို့ ဘာလို့ရပ်နေတာလဲ။ နန်းတော်ထဲကို ဝင်ပြီး တိုက်ခိုက်တာ ပိုမကောင်းဘူးလား။ အထဲမှာ ရတနာတွေ အများကြီး ရှိနိုင်တယ်။ "

" အခုအခြေအနေအရ ဟန်မင်းကြီးက အညံ့ခံချင်နေတာ ရှင်းနေတာပဲ။ သူက တစ်ယောက်ယောက်ကို လွှတ်ပြီး ညှိနှိုင်းခိုင်းလိမ့်မယ်။ " ကျောက်ဖုန်းက ပိတ်ထားသော နန်းတော်တံခါးများကို ကြည့်ပြီး ပြောလိုက်သည်။

" သွေးထွက်သံယိုမရှိဘဲ နန်းတော်ကို သိမ်းပိုက်ပြီး ဟန်မင်းကြီးကို အညံ့ခံခိုင်းတာက အကောင်းဆုံး ရလဒ်ပဲ။ "

" အာ ဒါပေမယ့် တိုက်လို့ကောင်းတုန်းပဲ ရှိသေးတာကို။ " ကျန်းဟန်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

" မှန်တယ်။ တပ်မမှူးရဲ့ နောက်ကနေ တိုက်ပွဲဝင်ရတာ တကယ် စိတ်လှုပ်ရှားဖို့ကောင်းတယ်။ "

" တပ်မမှူးက ကျွန်တော်တို့တပ်ဖွဲ့ရဲ့ စစ်နတ်ဘုရားပဲ။

အခြားစစ်သည်များကလည်း ပြောလိုက်ကြသည်။ ကျောက်ဖုန်း၏ ရဲစွမ်းသတ္တိကို သူ၏ လူများသာမက စစ်တပ်တစ်ခုလုံးမှ စစ်သည်များစွာက မြင်တွေ့ခဲ့ရသည်။ ကျောက်ဖုန်း၏ ခါးတွင် ချိတ်ဆွဲထားသော ဦးခေါင်းနှစ်လုံးက သူ၏ အောင်မြင်မှုများအတွက် သက်သေပင်ဖြစ်သည်။ ကျောက်ဖုန်း၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေတော့မည် ဖြစ်သည်။

" တော်ကြတော့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ကြွားမနေကြနဲ့။ အခွင့်အရေးရတုန်း အနားယူထားကြ။ "

ထိုသို့ပြောပြီးနောက် ကျောက်ဖုန်းက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အခြားသူများကလည်း လိုက်ထိုင်လိုက်ကြသည်။ တစ်နေ့နှင့် တစ်ညလုံး တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်ခဲ့သော စစ်သည်များက အလွန်ပင်ပန်းနေကြပြီဖြစ်သည်။

ကျောက်ဖုန်းက သူ၏အချက်အလက်များကို စတင်စစ်ဆေးလိုက်သည်။ သူ၏ လက်ချက်ဖြင့် ရန်သူပေါင်းများစွာ ကျဆုံးသွားခဲ့ပြီး စွမ်းရည်များစွာကိုလည်း ရရှိခဲ့သည်။

ကျောက်ဖုန်းက ရန်သူတစ်ယောက်သတ်တိုင်း သူ၏ စွမ်းရည်များ တိုးတက်လာသည်ကို ခံစားမိခဲ့သော်လည်း မည်မျှတိုးတက်လာသည်ကို စစ်ဆေးရန် အခွင့်အရေးမရခဲ့ပေ။ ယခုအနားယူချိန်တွင် ၎င်းတို့ကို ကြည့်ရှုရန် စိတ်အားထက်သန်နေသည်။

နာမည် - ကျောက်ဖုန်း

အသက် - ၁၆နှစ်

ခွန်အား - ၁၆၅၆

အမြန်နှုန်း - ၁၂၃၄

ရုပ်ခန္ဓာ - ၉၁၄

စိတ်ဝိညာဉ် - ၉၂၃

သက်တမ်း - ၈၇နှစ် ၆၇၈ရက်

သိုလှောင်နေရာ - ၉ကုဗမီတာ

ကျင့်စဉ် - နဂါးဆင်ကျမ်း

သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။

ခွန်အားနှင့် အမြန်နှုန်းတို့က ရရှိရန် အလွယ်ကူဆုံး စွမ်းရည်များဖြစ်သည်။ ယခု စစ်ပွဲတွင် ၎င်းတို့က သိသိသာသာ တိုးတက်လာခဲ့သည်။

" တစ်လောကလုံးမှာ ငါ့ထက် ဘယ်သူကများ ပိုပြီး သန်မာနိုင်ဦးမှာလဲ။ ငါက သက်တမ်းတွေကိုလည်း စုပ်ယူနိုင်ခဲ့တယ်။ ဒီလိုသာ ဆက်သွားရင် ထာဝရ အသက်ရှင်ဖို့ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်တော့ဘူး။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

All Chapters