← Chapters

အခန်း (၁၀၇၂-၁၀၇၄)

Vol. 72 Ch. 1072-1074

အခန်း (၁၀၇၂-၁၀၇၄)

Vol. 72 Ch. 1072-1074

အခန်း (၁၀၇၂) စွဲလမ်းစိတ်ဝိဉာဉ်

ချူရှောင်ယွင်မှာမူ ပါးစပ်အဟောင်းသားဖြင့် ကြောင်အကာ ကျန်ရစ်ခဲ့လေသည်။ ထိုအချိန်တွင် အန်းယန်သည် မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ယောက်ျား... ဒါဆို ဒီကိစ္စတွေ အားလုံးအတွက် တာဝန်ရှိတဲ့သူက ဘယ်သူလဲ"

"ကိုယ်လည်း မသိဘူး၊ ဒါပေမဲ့ အဖြေက ဒီရှေးဟောင်းလိုဏ်ဂူထဲမှာ ရှိနေလောက်တယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် အန်းယန်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။

"ယန်အာ... ကိုယ့်ကို ဒီမှာ စောင့်နေနော်၊ ကိုယ် အထဲဝင်ပြီး သွားကြည့်လိုက်ဦးမယ်"

အန်းယန်က လေးနက်စွာ ပြန်ပြောလိုက်သည်။

"ဟုတ် ယောက်ျား၊ ဂရုစိုက်နော်"

ရွှယ်အန်းသည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်းလှမ်းလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပင်လယ်ကြမ်းပြင်ရှိ လိုဏ်ဂူအတွင်းသို့ ပျံသန်းဝင်ရောက်သွားလေသည်။

ချိပ်ပိတ်မှုကို ဖြတ်ကျော်ပြီးနောက် ရွှယ်အန်း၏ ပတ်ဝန်းကျင်သည် ရုတ်တရက် မှောင်မိုက်သွားပြီး ဖိအားများသည်လည်း သိသိသာသာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုသည် ကော်ရည်ကဲ့သို့ ပျစ်ခဲသွားပြီး ခုခံအားများ ပြည့်နှက်နေသကဲ့သို့ထင်ရသည်။

ရွှယ်အန်းသည် အချိန်ဆွဲမနေဘဲ အရှိန်မြှင့်ကာ ရှေ့သို့ အားကုန်ရုန်းကန် တိုးဝင်သွားလိုက်သည်။

ဘုန်း...

ထိုတွင် မမြင်ရသော အတားအဆီးတစ်ခုကို ဖောက်ထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ရွှယ်အန်း၏ မျက်စိရှေ့တွင် ကမ္ဘာသစ်တစ်ခု ပွင့်ဟသွားသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ အံ့သြစွာ ရေရွတ်လိုက်မိသည်။

"ဒါက... ဘယ်လို ကမ္ဘာမျိုးပါလိမ့်"

ကောင်းကင်ယံသည် ထာဝရ မပြောင်းလဲသော မှိန်ဖျော့ဖျော့ အဝါရောင် အလင်းတန်းများ ထုတ်လွှတ်နေသည်။

မြေပြင်မှာမူ အလွန်တရာ ပျက်စီးယိုယွင်းနေပြီး သစ်ပင်ပန်းမန် ဟူ၍ တစ်ပင်တစ်လေမျှ မရှိဘဲ ခြောက်သွေ့နေသည်။

လေငြိမ်နေသလို၊ အသံဗလံမရှိ၊ ဘာမဆိုဘာမှလည်းမရှိဘူး...

ဤနေရာတွင် ရှိနေသည်မှာ မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ကြီးမားလှသည့် အရိုးစုကြီးများသာ ဖြစ်သည်။

၎င်းတို့ ထိုနေရာတွင် ရှိနေသည်မှာ မည်မျှကြာပြီမှန်း မည်သူမျှ မသိနိုင်ပေ။ အချို့ဆိုလျှင် အရိုးခြောက်များ အဖြစ်သို့ပင် ပြောင်းလဲနေပြီ ဖြစ်သော်လည်း ထိုသို့သော အခြေအနေမျိုးမှာပင် ၎င်းတို့ထံမှ ခန့်ညားထည်ဝါမှုများ ရှိနေဆဲဖြစ်သည်။

ရွှယ်အန်းသည် တိတ်ဆိတ်စွာဖြင့် ထိုအရိုးစုများကြား လျှောက်သွားလိုက်သည်။ သူ မြင်နိုင်သလောက် နေရာအနှံ့တွင် ဤအရိုးစုများသည် အဆုံးအစမရှိ ပြည့်နှက်နေပြီး အရိုးသစ်တောကြီး တစ်ခုသဖွယ် ဖြစ်နေသည်။

ထိုအရိုးစု တစ်ခုချင်းစီသည် အသက်ရှင်စဉ်က လေနှင့် မိုးကိုပင် စေခိုင်းနိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြပေလိမ့်မည်။ သို့သော် ယခုအခါ သူတို့အားလုံး ဤနေရာတွင် မြှုပ်နှံခံထားရလေသည်။

ရွှယ်အန်း လမ်းလျှောက်နေရင်း ရပ်တန့်လိုက်ပြီး အရိုးခြောက် ဖြစ်နေသော်လည်း မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်သော ခေါင်းပြတ် အရိုးစုကြီး တစ်ခုကို မော့ကြည့်လိုက်သည်။

ဤအရိုးစုသည် မီတာတစ်ရာခန့် မြင့်မားပြီး ဤအရိုးသစ်တောကြီး အတွင်း၌ အကြီးမားဆုံး အရိုးစုများထဲမှ တစ်ခု ဖြစ်သည်။ သေဆုံးခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်း အရှိန်အဝါသည် နက်ရှိုင်းစွာ လှုပ်ခတ်နေဆဲဖြစ်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုအရိုးစုသည် အသက်ရှင်စဉ်က အနည်းဆုံး စစ်မှန်အင်မော်တယ်အဆင့် သို့မဟုတ် အင်မော်တယ်သခင် အဆင့်ဝက်ပင် ရှိလောက်သည်။ သို့သော် ထိုမျှ အစွမ်းထက်သော နတ်ဘုရားတစ်ပါးပင်လျှင် ဦးခေါင်းကို အတင်းအဓမ္မ ဖြတ်တောက်ခြင်း ခံထားရသည်။

ရွှယ်အန်း၏ အကဲခတ်ချက်အရ ဤသို့ ပြုလုပ်ခဲ့သူသည် တိုက်ခိုက်မှု တစ်ချက်တည်းသာ အသုံးပြုခဲ့ကြောင်း သိသာနေသည်။ ဆိုလိုသည်မှာ ရန်သူသည် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ထိုနတ်ဘုရား၏ ဦးခေါင်းကို ဖြတ်တောက်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် သူ၏ နတ်ဘုရားအဆင့်အတန်းနှင့် ဝိညာဉ်ကိုပါ ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ထိုအရိုးစု တစ်ခုတည်းသာ မဟုတ်ပေ။ အခြားသော အရိုးစုများတွင်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများ ရှိနေကြသဖြင့် ထိုစဉ်က ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မည်မျှ ရက်စက်ကြမ်းကြုတ်ခဲ့ကြောင်း သက်သေပြနေသည်။

ရွှယ်အန်း၏ မျက်နှာထားသည် တဖြည်းဖြည်း လေးနက်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မြှုပ်နှံထားသော နတ်ဘုရား အရေအတွက်သည် သူ့ကို တုန်လှုပ်စေလောက်အောင် များပြားလွန်းသောကြောင့် ဖြစ်သည်။

ထို့အပြင် ကြည့်ရသည်မှာ ဤနတ်ဘုရားများ အားလုံးသည် တိုက်ပွဲတစ်ခုတည်းတွင် ကျဆုံးခဲ့ကြပုံရသည်။ အဘယ်ကြောင့် ဤမျှ အဆင့်မြင့်သော နတ်ဘုရားဝိညာဉ်များသည် ဤကဲ့သို့ အသက်လု တိုက်ပွဲမျိုး ဆင်နွှဲခဲ့ကြရသနည်း။

ရွှယ်အန်း စိတ်ထဲတွင် တွေးတောနေမိသည်။ထိုအချိန်၌...

"ရောက်လာပြီလား"

သူ၏ နားထဲသို့ အိုမင်းပြီး မောပန်းနွမ်းနယ်နေသော အသံတစ်ခု ရောက်ရှိလာသည်။ ရွှယ်အန်း ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။

"ဘယ်သူလဲ"

ထိုအသံပိုင်ရှင်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့... ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ တကယ်တော့ မင်း ဝင်လာကတည်းက ငါ မင်းကို စောင့်ကြည့်နေခဲ့တာပါ"

ရွှယါအန်း၏ မျက်လုံးများ တဖြည်းဖြည်း အေးစက်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ထွက်လာသည်။

ရွှယ်အန်းသည် ဤနေရာသို့ ဝင်ရောက်လာပြီးကတည်းက အပြည့်အဝ သတိထားနေခဲ့ပြီး သူ၏ နတ်ဘုရားအာရုံဖြင့် နေရာလွတ်ကို အဆက်မပြတ် ရှာဖွေနေခဲ့သော်လည်း မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရှိခဲ့ပေ။

သို့သော် ဤအသံပိုင်ရှင်က သူ့ကို အစကတည်းက စောင့်ကြည့်နေခဲ့သည်ဟု ပြောလာသည်။ အကယ်၍သာ ထိုစကား မှန်ကန်ပါက တဖက်လူသည် သူ၏ တည်ရှိမှုကို ဖုံးကွယ်ရာတွင် ရွှယ်အန်းပင် သတိမထားမိနိုင်လောက်အောင် အလွန် ကျွမ်းကျင်သည်ဟု ဆိုလိုရာရောက်သည်။

ထိုအချက်က ရွှယ်အန်း၏ သတိထားမှုကို မြင့်တက်လာစေသည်။ ထိုအသံပိုင်ရှင်သည် ရွှယ်အန်း၏ အတွေးကို သိပုံရပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။

"အဲ့ဒီလောက်ကြီး သတိထားနေစရာ မလိုပါဘူး၊ တကယ်တော့ ငါက ထူးခြားတဲ့ ဖြစ်တည်မှုတစ်ခုမို့လို့ မင်း ငါ့ကို အာရုံမခံနိုင်တာ ပုံမှန်ပါပဲ"

စကားပြောနေစဉ်ပင် အရိုးသစ်တောကြီး အတွင်းရှိ အရိုးစု တစ်ခုစီသည် မှိန်ဖျော့ဖျော့ လင်းလက်လာပြီး ထိုအလင်းရောင်များသည် တစ်နေရာတည်းတွင် စုစည်းသွားကာ အဘိုးအိုတစ်ဦး၏ တစ္ဆေပုံရိပ်အဖြစ် ဖွဲ့စည်းသွားလေသည်။

ရွှယ်အန်း အနည်းငယ် အံ့သြသွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။

"စွဲလမ်းစိတ်တွေနဲ့ ဖွဲ့စည်းထားတာလား"

အဘိုးအိုသည် ရွှယ်အန်းထက်ပင် ပို၍ အံ့သြသွားပုံရသည်။

"လူငယ်လေး... မင်းက ဒါကိုတောင် သိတာလား၊ ဟုတ်တယ်... ငါက ကျဆုံးသွားတဲ့ မရေမတွက်နိုင်သော နတ်ဘုရားဝိညာဉ်တွေရဲ့ စွဲလမ်းစိတ်တွေနဲ့ ဖြစ်တည်နေတာပါ"

ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသော်လည်း သူ၏ သတိထားမှုကို လျှော့ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော စွဲလမ်းစိတ်များသည် မည်သူ့ကိုမျှ အန္တရာယ် မပေးနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် မည်သည့်အရာကိုမျှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။

ရိုးရှင်းစွာ ပြောရလျှင် သူသည် ပြင်းထန်သော ခံစားချက် အချို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အကြောင်းနှင့် အကျိုး၏ သက်ရောက်မှုကို မခံရသလို ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကိုလည်း သက်ရောက်မှု မပေးနိုင်ပေ။

ရွှယ်အန်းသည် သူ့ကို လွှမ်းခြုံထားသော နတ်ဘုရားအာရုံ အကာအကွယ်ကို ရုပ်သိမ်းလိုက်သောအခါ အဘိုးအိုသည် အံ့သြတကြီး ဖြစ်သွားပြီးနောက် အလွန် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်သည်။

"မင်း... မင်းက လူသားဟွာမျိုးနွယ်ကလား"

ရွှယ်အန်း၏ စိတ်မှာ တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်က လူသားဟွာမျိုးနွယ်ကပါ"

"ကျေးဇူးအထူးတင်လိုက်တာ ကံကြမ္မာကြီးရယ်... နှစ်ပေါင်းသောင်းချီ စောင့်ဆိုင်းခဲ့ရပြီး အရာအားလုံး အချည်းနှီး ဖြစ်သွားပြီလို့ ငါ ထင်ခဲ့တာ၊ ချိပ်ပိတ်မှု တဖြည်းဖြည်း ပျက်စီးလာချိန်မှာမှ လူသားဟွာမျိုးနွယ် တစ်ယောက်နဲ့ တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး၊ အထူးသဖြင့် မင်းလို ထူးချွန်ပြောင်မြောက်တဲ့ လူသားဟွာမျိုးနွယ် လူငယ်လေးနဲ့ တွေ့ရတာ... တန်ပါတယ်ကွာ... တကယ် တန်ပါတယ်"

အဘိုးအိုသည် စိတ်လှုပ်ရှားစွာဖြင့် တရစပ် ပြောဆိုနေလေသည်။ ယခုအချိန်တွင် ရွှယ်အန်း၌ သံသယများစွာ ရှိနေသော်လည်း အဘိုးအို၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖွင့်ထုတ်နေစဉ် ဝင်ရောက် မနှောင့်ယှက်ခဲ့ပေ။

အချိန်အတော်ကြာမှ အဘိုးအိုသည် တဖြည်းဖြည်း တည်ငြိမ်သွားပြီး အောက်သို့ ဆင်းသက်လာကာ ရွှယ်အန်းကို တောင်းပန်သည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

"တကယ် တောင်းပန်ပါတယ်၊ င့ နှစ်ပေါင်းအများကြီး အထီးကျန်ကျန်နဲ့ စောင့်ဆိုင်းခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင် ဖြစ်သွားတယ်"

ရွှယ်အန်းက မည်သို့မျှ မှတ်ချက်မပေးဘဲ အဆုံးအစမဲ့နေသော အရိုးစုများကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောပြလို့ ရမလား"

အဘိုးအိုက ပြုံးလိုက်ပြီး ရှည်လျားသော ပေါင်ရိုးတစ်ခုပေါ်တွင် ထိုင်လိုက်သည်။

"လူငယ်လေး... မင်း မမေးရင်တောင် ငါ ပြောပြမှာပါ"

"ဒီအရိုးစုတွေ ဘာလို့ သေဆုံးသွားရတာလဲ ဆိုတာ မင်း သိလား"

ရွှယ်အန်း စကားပြန်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။ အဘိုးအိုက သက်ပြင်းချလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ဒီအရိုးစုတွေ အားလုံးဟာ နတ်ဘုရားမျိုးနွယ်ရဲ့ အစွမ်းထက် စစ်သည်တော်တွေ ဖြစ်ခဲ့ကြတယ်၊ ဒါပေမဲ့ တိုက်ပွဲကြီး တစ်ခုကြောင့် သူတို့အားလုံး ကျဆုံးခဲ့ရပြီး သူတို့ရဲ့ အရိုးစုတွေပါ ချိပ်ပိတ်ခံလိုက်ရတယ်၊ အဲ့ဒါတွေ အားလုံးက သဘောထားကွဲလွဲမှု တစ်ခုကြောင့်ပါပဲ"

"သဘောထားကွဲလွဲမှု တစ်ခု..."

ရွှယ်အန်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"ဟုတ်တယ်... အဲ့ဒီ သဘောထားကွဲလွဲမှုက မင်းတို့ လူသားဟွာမျိုးနွယ်ကနေ အစပြုခဲ့တာပဲ"

ရွှယ်အန်းသည် အကြီးအကျယ် တုန်လှုပ်သွားပြီး အလျင်စလို မေးလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ဖြစ်ခဲ့တဲ့ လူသားဟွာမျိုးနွယ်ရဲ့ ကပ်ဘေးနဲ့ ဆက်စပ်နေတယ်လို့ ပြောချင်တာလား"

အဘိုးအိုသည် အနည်းငယ် အံ့သြသွားပြီးနောက် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

"လူသားဟွာမျိုးနွယ်ရဲ့ ကပ်ဘေး... အဲ့ဒါက ဖြစ်ကို ဖြစ်လာခဲ့တာပေါ့လေ..."

အဘိုးအိုက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... အဲ့ဒါက မင်းတို့ လူသားဟွာမျိုးနွယ်ရဲ့ ကပ်ဘေးနဲ့ ဆက်စပ်နေတာ အမှန်ပဲ"

ရွှယ်အန်း၏ မျက်လုံးများ ပိုမို အေးစက်လာသော်လည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

"အသေးစိတ်ကို... ကျွန်တော့်ကို ပြောပြပါဦး"

ယခုအချိန်တွင် ရွှယ်အန်းသည် မိမိ၏ အဆင့်အတန်းကို နှိမ့်ချကာ လေးစားစွာ ဆက်ဆံလိုက်ခြင်း ဖြစ်သည်။ အဘိုးအိုသည် ထိုအရာများကို ဂရုမစိုက်ဘဲ ခါးသီးစွာ ရယ်မောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက နတ်ဘုရားမျိုးနွယ်ဟာ အလွန်တရာ အင်အားကြီးမားခဲ့ပြီး အဖွဲ့အစည်း အများအပြား ကွဲပြားနေခဲ့တယ်၊ အရာအားလုံးက အမိန့်တစ်ခု ရောက်မလာခင် အထိတော့ အေးချမ်းနေခဲ့တာပါပဲ…”

အခန်း (၁၀၇၃) ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမည်မသိ မကျန်ရစ်စေရဘူး

"အမိန့်စာ... ဟုတ်လား"

ရွှယ်အန်းသည် မျက်တောင်ခတ်လိုက်မိသည်။

"ဟုတ်တယ်... အမိန့်စာတစ်ခုပေါ့၊ ပြီးတော့ အဲ့ဒီအမိန့်စာရဲ့ အကြောင်းအရာက လူသားဟွာမျိုးနွယ်ကို တိုက်ခိုက်ချေမှုန်းဖို့အတွက် နတ်ဘုရားမျိုးနွယ်တစ်ခုလုံး စုစည်းရမယ် ဆိုတာပဲ"

ရွှယ်အန်းသည် လိပ်ခွံပေါ်ရှိ လျှို့ဝှက်ချက်များထဲတွင် မြင်တွေ့ခဲ့ရဖူးသော နိမိတ်ပုံရိပ်များကို ပြန်လည်အမှတ်ရလိုက်သည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်း အေးစက်လာတော့သည်။

ထိုမျက်နှာမပါသော ဗလာနယ်မြေမှ မဟာမျိုးနွယ်ကြီးများသည် လူသားဟွာမျိုးနွယ်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ သူသည် အများစုကို ရှင်းလင်းစွာ မသိရသော်လည်း နတ်ဘုရားမျိုးနွယ်မှာမူ သူတို့ထဲတွင် ပါဝင်ပတ်သက်နေသည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။

ပဟေဠိ၏ ပထမဆုံး အပိုင်းအစကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်ပုံရသည်။ ဤအဆင့်တွင် အဘိုးအိုက ဆက်ပြောသည်။

"ဒီအမိန့်စာကြောင့် နတ်ဘုရားမျိုးနွယ် တစ်ခုလုံးမှာ ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့တယ်၊ လူနည်းစုက ဒီအမိန့်စာကို ထောက်ခံခဲ့ကြပေမဲ့ နတ်ဘုရားမျိုးနွယ် အများစုကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်၊ အဲ့ဒီမှာ သဘောထားကွဲလွဲမှုတွေ... ဖြစ်လာခဲ့တာပဲ"

ထိုသို့ပြောပြီးနောက် အဘိုးအိုသည် ရွှယ်အန်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"အစပိုင်းမှာ ဒီအမိန့်စာကို နတ်ဘုရားမျိုးနွယ် အများစုက ဘာလို့ ကန့်ကွက်ခဲ့ကြလဲဆိုတာ မင်း သိလား"

ရွှယ်အန်းမှာ စိတ်လှုပ်ရှားစွာဖြင့် မသိစိတ်မှ မေးလိုက်မိသည်။

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက လူသားဟွာမျိုးနွယ်ဝင် ရှေးဟောင်းနတ်ဘုရားတွေ အများကြီး ရှိခဲ့လို့လေ"

"လူသား... ဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေ ဟုတ်လား"

ရွှယ်အန်း အံ့သြသွားသည်။

"ဟုတ်တယ်... အဲ့ဒီအချိန်တုန်းက လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေရဲ့ မျိုးဆက်ဆိုတာ နတ်ဘုရားမျိုးနွယ်ထဲမှာ လျှော့တွက်လို့မရတဲ့ အင်အားစုကြီး တစ်ခုပဲ"

အဘိုးအိုက တည်ငြိမ်စွာ ဆက်ရှင်းပြသည်။

"အဲ့ဒီခေတ်က အာဏာဖွဲ့စည်းပုံအရဆိုရင် လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရား မျိုးဆက်တွေနဲ့ သူတို့ ရင်းနှီးတဲ့ တခြား ရှေးဟောင်းနတ်ဘုရား အဖွဲ့အစည်းတွေ ပေါင်းပြီး ဒီအမိန့်စာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတယ်၊ ကိုယ့်လူအချင်းချင်း ဘယ်လိုလုပ် ပြန်တိုက်ခိုက်နိုင်မှာလဲကွာ"

"ဒါပေမဲ့ ကန့်ကွက်သံတွေ လွှမ်းမိုးနေပြီး မုန်တိုင်းစဲသွားတော့မယ်လို့ ထင်နေတုန်းမှာပဲ အခြေအနေက ရုတ်တရက် ပြောင်းပြန် ဖြစ်သွားခဲ့တယ်"

အဘိုးအိုသည် နောက်ဆက်တွဲ အဖြစ်အပျက်များကို ခံစားချက်ကင်းမဲ့သော စက်ရုပ်အသံဖြင့် ဆက်လက် ပြောပြလေသည်။

"လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဘက်တော်သားအဖြစ် အစက ပူးပေါင်းခဲ့တဲ့ ထျန်းကျောက် နတ်ဘုရားတွေက ရုတ်တရက် သစ္စာဖောက်ပြီး သူတို့ နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်၊ သူတို့က လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရား ဆယ်ပါးကျော်ကို လုပ်ကြံသတ်ဖြတ်ပြီး ဘယ်သူမှ ကြိုတင်ပြင်ဆင်မထားချိန်မှာပဲ လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားကြီး အများအပြားကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်"

"အဲ့ဒီနောက်မှာ တိတ်တဆိတ် စုစည်းထားတဲ့ တခြား နတ်ဘုရားမျိုးနွယ် အင်အားစုတွေကလည်း ဝင်ရောက် တိုက်ခိုက်လာကြတယ်"

"ရုတ်တရက်ဆိုသလိုပဲ နတ်ဘုရားနယ်ပယ် တစ်ခုလုံး တုန်ခါသွားပြီး ယမ်းငွေ့တွေနဲ့ ဖုံးလွှမ်းသွားတယ်၊ စစ်ပွဲရဲ့ အသံတွေကလည်း မိုးခြိမ်းသံလို ဆူညံနေတော့တာပဲ"

"တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲကြီးပါပဲကွာ၊ လူသားဟွာမျိုးနွယ်က အင်အားဆယ်ဆများတဲ့ ရန်သူတွေကို ရင်ဆိုင်ရပေမဲ့ လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာ ကောင်းလောက်အောင် ပေါက်ကွဲထွက်လာခဲ့တယ်၊ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နဲ့ မီးလျှံလှံတံကို ကိုင်ဆောင်ထားတဲ့ နတ်ဘုရားလူငယ်လေး တစ်ပါးဆိုရင် ဘုရင်အဆင့် နတ်ဘုရားဆယ်ပါးကျော်ကို တစ်ကိုယ်တော် သတ်ဖြတ်နိုင်ခဲ့တာ ငါ ကိုယ်တိုင် တွေ့ခဲ့ရတယ်"

"နောက်ထပ် ဒေါင်လိုက် မျက်လုံးတစ်လုံးပါတဲ့ ရှေးဟောင်းနတ်ဘုရား လူငယ်လေး တစ်ပါးဆိုရင်လည်း အင်မော်တယ်သခင်အဆင့် နတ်ဘုရားသုံးပါးကို တစ်ခါတည်းနဲ့ ဖျက်ဆီးပစ်လိုက်နိုင်တယ်"

"ဒီကြီးမားတဲ့ တိုက်ပွဲကြီးက နတ်ဘုရား အလောင်း အများအပြားကို ချန်ထားရစ်ခဲ့တယ်၊ ဒါပေမဲ့ လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေကတော့ သူတို့ရဲ့ ထူးကဲတဲ့ အစွမ်းသတ္တိကြောင့် ကြံ့ကြံ့ခံပြီး အသက်ရှင် ကျန်ရစ်နိုင်ခဲ့ကြတယ်"

"ဒါပေမဲ့ လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေကို တိုက်ခိုက်နေတဲ့ နတ်ဘုရားမျိုးနွယ်တွေ အားလုံး ကြောက်ရွံ့ပြီး တိတ်တဆိတ် ဆုတ်ခွာသွားချိန်မှာပဲ... အလင်းရောင် အဖြူတန်း တစ်ချက် ဖြတ်သွားခဲ့တယ်"

အဘိုးအို တိတ်ဆိတ်သွားသည်။ ရွှယ်အန်းသည် မေးလိုက်သည်။

"ပြီးတော့ ဘာဆက်ဖြစ်လဲ"

အဘိုးအိုက ခေါင်းခါပြီး ဝမ်းနည်းစွာ ပြုံးလိုက်သည်။

"ငါ့ မှတ်ဉာဏ်က အဲ့ဒီမှာတင် ရုတ်တရက် ပြတ်တောက်သွားတယ်၊ အဲ့ဒီ ဆွတ်ဆွတ်ဖြူသော အလင်းတန်းကြီး ဖြတ်သွားပြီးတဲ့နောက်မှာ လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေ အားလုံး အသတ်ခံလိုက်ရတယ်၊ တိုက်ပွဲမှာ မရေမတွက်နိုင်အောင် သေဆုံးကုန်ကြပြီး အသက်ရှင်ကျန်ရစ်သူတွေလည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြတယ်၊ ဘယ်တော့မှ ရှာမတွေ့တော့ဘူး"

"အဲ့ဒီနောက်မှာ လူသားဟွာမျိုးနွယ် ရှေးဟောင်းနတ်ဘုရားတွေရဲ့ နောက်လိုက် နတ်ဘုရားတွေပါ ရက်ရက်စက်စက် ရှင်းလင်းခံလိုက်ရတယ်၊ အစွမ်းထက် နတ်ဘုရားတွေက သားသတ်ရုံက သိုးငယ်လေးတွေလို ဖြစ်သွားကြရရှာတယ်"

"ဘယ်သူမှ လက်မြှောက်အရှုံးမပေးဘဲ ခုခံခဲ့ကြပေမဲ့ နောက်ဆုံးတော့ အားလုံး အသတ်ခံလိုက်ရပြီး သူတို့ရဲ့ အလောင်းတွေကို ဒီနေရာမှာ ချိပ်ပိတ်ပြီး အဆုံးအစမဲ့တဲ့ နတ်ဘုရားပြစ်ဒဏ်တွေနဲ့ ဖိနှိပ်ထားလိုက်ကြတာပဲ"

အဘိုးအိုသည် ပြောရင်းနှင့် အသံများ တဖြည်းဖြည်း မောပန်းနွမ်းနယ်လာသည်။

"ဒါကတော့... ဒီ နတ်ဘုရားသင်္ချိုင်းမြေရဲ့ မူလဇာစ်မြစ်ပဲ"

တိတ်ဆိတ်မှုမှာကြီးစိုးသွားသည်။

ရွှယ်အန်းသည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေပြီး အချိန်အတော်ကြာ လေးလံသော တိတ်ဆိတ်မှု ပြီးဆုံးမှသာ ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

"အမိန့်ပေးခဲ့တာ ဘယ်သူလဲ"

သူ့ အသံသည် အလွန် တည်ငြိမ်နေသော်လည်း ထိုမတုန်မလှုပ် ဟန်ဆောင်ထားသော လေသံအောက်တွင် အရာအားလုံးကို လောင်ကျွမ်းသွားစေနိုင်လောက်သော ဒေါသများ ကိန်းအောင်းနေပေသည်။ အဘိုးအိုက ခါးသီးစွာ ပြုံးလိုက်သည်။

"ငါ မင်းကို တကယ် ပြောပြချင်ပါတယ်၊ ဒါပေမဲ့ ဝမ်းနည်းပါတယ်... ငါ မပြောနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ဒီမှတ်ဉာဏ်ကို အတင်းအဓမ္မ ဖြတ်တောက်ခံထားရလို့ ငါကိုယ်တိုင်လည်း အတည်မပြုနိုင်တော့လို့ပါ"

ရွှယ်အန်းသည် ထိုအချက်ကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ သူ နတ်ဘုရားဘုရင် အိုဒင်၏ မှတ်ဉာဏ်ကို ရှာဖွေခဲ့စဉ်ကလည်း ထပ်တူ အခြေအနေမျိုး ကြုံတွေ့ခဲ့ရဖူးသည်။

အရေးကြီးသော သတင်းအချက်အလက်များ ရောက်လာတိုင်း မြူခိုးများ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်နေပြီး တစ်စုံတစ်ယောက်က ဆက်စပ်မှုအားလုံးကို အတင်းအဓမ္မ ဖြတ်တောက်ထားသကဲ့သို့ထင်ရသည်။ ရွှယ်အန်း၏ စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်ပြီး ဆက်မေးလိုက်သည်။

"တခြား ဘယ်သူတွေ ပါဝင် ပတ်သက်ခဲ့သေးလဲ"

"တခြားသူတွေကတော့ ငါ့အသိဉာဏ်နဲ့ မမီတော့ဘူး၊ ဒါပေမဲ့ ထျန်းကျောက် နတ်ဘုရားတွေ ပါဝင်ပတ်သက်ခဲ့တာတော့ သေချာတယ်၊ သူတို့က ပထမဆုံး သစ္စာဖောက်ခဲ့ကြတာကိုး"

အဘိုးအိုက ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... ခင်ဗျားကလွဲရင် ဒီရှေးဟောင်းတိုက်ပွဲရဲ့ ခြေရာတွေကို စူးစမ်းဖို့ တခြားနည်းလမ်း ရှိသေးလား"

အဘိုးအို ခဏမျှ တိတ်ဆိတ်နေပြီးမှ ဆိုလေသည်။

"ငါက ဒီမှာ ကျဆုံးသွားတဲ့ နတ်ဘုရားတစ်ပါးရဲ့ ဆန္ဒနဲ့ ဖွဲ့စည်းထားတာ၊ ဒါပေမဲ့ ဒီနေရာက နတ်ဘုရားတွေက အင်မော်တယ်သခင်အဆင့်ကို မရောက်ခဲ့ကြတော့ ငါ့ရဲ့ စွမ်းအားနဲ့ မှတ်ဉာဏ်တွေကလည်း အကန့်အသတ် ရှိတယ်၊ မင်း ဒီအကြောင်းရင်း အမှန်ကို တကယ် စူးစမ်းချင်တယ်ဆိုရင်တော့ လက်ရှိ နတ်ဘုရားနယ်ပယ်က ပုဂ္ဂိုလ်ကြီးတွေ အသေးစိတ် သိလောက်တယ်"

ရွှယ်အန်းသည် လေးနက်စွာ ခေါင်းညိတ်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

အဘိုးအို၏ ပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့နေပြီ ဖြစ်သော်လည်း သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာ ရသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါပေမဲ့ လူသားဟွာမျိုးနွယ် လူငယ်လေး... အကြံပေးပါရစေ၊ ဒီအကြောင်းနဲ့အကျိုးက သာမန်လူတွေ စိတ်ကူးမယဉ်နိုင်လောက်အောင် ကျယ်ပြန့်နက်ရှိုင်းတယ်၊ ဒါကြောင့် မင်း အထူး သတိထားမှ ဖြစ်မယ်"

ရွှယ်အန်း ခေါင်းညိတ်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"နားလည်ပါပြီ"

"နှစ်ပေါင်းတစ်သောင်းကြာအောင် စောင့်ဆိုင်းခဲ့ရတာ... ငါ အရမ်း ပင်ပန်းနေပါပြီ၊ အရင်တုန်းကတော့ ငါ့အနားမှာ ရွှေငါးလေး တစ်ကောင် အဖော်ရှိခဲ့တယ်၊ ဒါပေမဲ့ မနေ့က သူလည်း ထွက်သွားခဲ့ပြီ၊ ကောင်းပါတယ်လေ... အရာအားလုံး အဆုံးသတ်သွားတာ ကောင်းပါတယ်"

အဘိုးအိုသည် တိုးညှင်းစွာ ရေရွတ်ပြီး ရွှယ်အန်းကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။

"လူသားဟွာမျိုးနွယ် လူငယ်လေး... ငါ ထွက်သွားပြီးရင် ဒီအရိုးတွေကို မင်း မြှုပ်နှံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ရွှယ်အန်းသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"

အဘိုးအိုမှာ ခပ်ရေးရေး ပြုံးလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အဆုံးတွင် ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားလေသည်။

သူ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ရွှယ်အန်း သိလိုက်သည်။

ပုံအသွယ်ယူထားသော ဆန္ဒသည် ၎င်း၏ နှလုံးသားထဲမှ ဆန္ဒကို ဖြည့်ဆည်းပြီးသည်နှင့် စွဲလမ်းစိတ်သည် ကွယ်ပျောက်သွားပြီး နောက်ထပ် ဘယ်တော့မှ ပြန်မြင်ရတော့မည် မဟုတ်ပေ။

ရွှယ်အန်းသည် ထိုသို့တွေးတောကာ လေထဲသို့ တိတ်ဆိတ်စွာ ပျံတက်သွားပြီး အောက်ဘက်ရှိ အရိုးသစ်တောကြီးကို ငုံ့ကြည့်ကာ တိုးညှင်းစွာ ဆိုလိုက်သည်။

"ဒီသွေးကြွေးကို... ခင်ဗျားတို့အတွက် ကျွန်တော် ပြန်ယူပေးပါ့မယ်"

ထို့နောက် ရွှယ်အန်းသည် လက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်သည်။

ဘုန်း...

ပြိုကွဲနေသော မြေပြင်သည် လုံးဝ ပြိုကျသွားပြီး ဤအရိုးများကို အပြီးတိုင် မြှုပ်နှံလိုက်လေသည်။ ထို့နောက် ရွှယ်အန်းသည် ဤနယ်ပယ်မှ အပြင်လောကသို့ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော အန်းယန်သည်လည်း သယ့ အနားသို့ အမြန်ရောက်လာသည်။

"ယောက်ျား..."

သူမ၏ ဆက်ပြောမည့် စကားလုံးများမှာ ပြန်လည် မျိုချလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ မျက်နှာထားသည် အလွန်တရာ တည်တင်းနေသည်ကို သူမ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ရွှယ်အန်းသည် သူမကို အသာအယာ ခေါင်းညိတ်ပြပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ယန်အာ... အားလုံးကို ဒီနေရာကနေ ခဏလောက် ခေါ်ထုတ်သွားပေးပါ"

အန်းယန်သည် ကြောင်အသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်"

ရွှယ်အန်း ဘာလုပ်ရန် စီစဉ်နေသည်ကို သူမ နားမလည်သော်လည်း ညွှန်ကြားချက်အတိုင်း လိုက်နာလေသည်။ ချူရှောင်ယွင် အပါအဝင် လူအုပ်ကြီးသည် ရွှယ်အန်း ဘာလုပ်မည်ကို နားမလည်သော်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

သို့သော် သူတို့သည် အဝေးတစ်နေရာသို့ နာခံစွာ ရွှေ့ပြောင်းသွားကြပြီး စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေကြသည်။

ရွှယ်အန်းမှာ လေထဲတွင် ရပ်နေပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြီးမားသော တွင်းနက်ကြီးကို ငုံ့ကြည့်နေသည်ကို သူတို့ မြင်လိုက်ရသည်။ ထို့နောက် တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေကို ဒီလို အမည်မသိ လွင့်ပါးမသွားသင့်ဘူး၊ ဒီနေ့... ခင်ဗျားတို့အတွက် ကျွန်တော် ကမ္ပည်းကျောက်တိုင် တစ်ခု စိုက်ထူပေးပါမယ်”

အခန်း (၁၀၇၄) တောင်ကို သယ်ဆောင်၍ ရောက်ရှိလာခြင်း

ရွှယ်အန်းသည် စကားဆုံးသည်နှင့် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအစုံ၌ နတ်ဘုရားအလင်းရောင်များ တောက်လောင်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်ပေါင်းတစ်သောင်းခရီးကို ဖြတ်ကျော်ကာ ဝေးကွာသော မိုးကုပ်စက်ဝိုင်းဆီသို့ သူ၏အကြည့်က ရောက်ရှိသွားလေသည်။

အလင်းတန်း နှစ်ခုကဲ့သို့သော သူ၏ စူးရှသော အကြည့်သည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကျော် ထိုးဖောက်သွားသည်။ ခဏအကြာတွင် ရွှယ်အန်း၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။

သူ့နောက်တွင် ကြောင်အနေသော လူအုပ်ကြီးကိုသာ ချန်ထားရစ်ခဲ့လေသည်။

"သခင်ကြီးရွှယ်က ဘာလုပ်မလို့ပါလိမ့်..."

"ဘယ်သူသိမှာလဲကွာ... နတ်ဘုရားတွေ ကျဆုံးရာမြေကနေ ပြန်လာပြီးကတည်းက သူ နည်းနည်း ထူးဆန်းနေသလိုပဲ"

"ငါတို့ကိုတောင် အနောက်ဆုတ်ခိုင်းနေသေးတယ်၊ သူ ဘာကြံစည်နေတာလဲ"

ထိုသို့ ပြောဆိုနေကြသော လူအုပ်ကြီးအလယ်တွင် ချူရှောင်ယွင်သည် ရှုပ်ထွေးသော မျက်နှာထားဖြင့် အဝေးသို့ လှမ်းမျှော်ကြည့်နေမိသည်။ ရွှယ်အန်းဆိုသော ဤလူပုဂ္ဂိုလ်သည် သူမအတွက် တဖြည်းဖြည်း ပို၍ နက်နဲခက်ခဲလာသော ပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့သည်။

အစပိုင်းတွင် ရွှယ်အန်းကို ကျင့်ကြံမှု အားကောင်းသော လူငယ်စစ်သည်တော် တစ်ဦးဟုသာ သူမ ထင်မှတ်ခဲ့သည်။ သို့သော် ယခုအခါ အခြေအနေများသည် သူမ ထင်မှတ်ထားသလောက် ရိုးရှင်းခြင်း မရှိတော့ပေ။

အားလုံး တက်ကြွစွာ ဆွေးနွေးနေကြစဉ် ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က အလွန်အမင်း ထိတ်လန့်သော အသံဖြင့် အော်ဟစ်လိုက်သည်။

"ဟေး... ဟိုမှာ... ကောင်းကင်ကို ကြည့်လိုက်ကြစမ်း"

အားလုံး ခေါင်းမော့ကြည့်လိုက်ကြပြီးနောက် နေရာမှာပင် ကြက်သေသေသွားကြသည်။ ဤသည်မှာ မိုးထိအောင် မြင့်မားသော တောင်ထွတ်တစ်ခု မိုးကုပ်စက်ဝိုင်းတွင် ပေါ်လာသောကြောင့် ဖြစ်သည်။

ထိုအချက် တစ်ခုတည်းဆိုလျှင် သိပ်မထူးဆန်းလှပေ။ ကျိန်စာသင့်မြို့တော်သည် ပင်လယ်ပြင် ကျယ်ကြီးဖြင့် ဝန်းရံထားသော်လည်း မိုင်တစ်ထောင် အကွာအဝေး အတွင်း၌ တောင်တန်းများကို မြင်တွေ့နိုင်သေးသည်။

သို့သော် ထူးဆန်းသည်မှာ ထိုတောင်ကြီးသည် သူတို့ရှိရာသို့ အသက်ရှူမှားလောက်သော အရှိန်အဟုန်ဖြင့် ပျံသန်းလာနေပြီး လေထဲတွင် ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲဟ"

လူအုပ်ကြီး ထိတ်လန့်ကုန်ကြသည်။ ထိုအချိန်တွင် တောင်ကြီးသည် အနားသို့ ရောက်ရှိလာလေပြီ။

ထိုအခါမှ လူအများသည် တောင်ကြီး၏ အောက်ခြေကို ဖန်သားပြင်ကဲ့သို့ ညီညာချောမွေ့စွာ ဖြတ်တောက်ထားသည်ကို တွေ့လိုက်ရသဖြင့် အလွန်အမင်း အံ့ဩသွားကြသည်။

ထို့အပြင် ဤတောင်ကြီးသည် အဘယ်ကြောင့် ဤမျှမြန်ဆန်သော အရှိန်ဖြင့် ပျံသန်းလာရသနည်း ဆိုလျှင် တောင်ကြီး၏ အောက်ခြေတွင် လူတစ်ယောက်က လက်တစ်ဖက်တည်းဖြင့် ပင့်မထားသောကြောင့် ဖြစ်ပေသည်။

ဟုတ်ပေသည်။ တောင်ကြီးကို ထမ်းပိုးသယ်ဆောင်၍ ပြန်လာသူမှာ ရွှယ်အန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။

သူသည် ဟင်းလင်းပြင်ထဲတွင် ရပ်လျက် ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းဖြင့် ထောက်မထားသကဲ့သို့ ပေပေါင်း ထောင်ချီမြင့်သော တောင်ကြီးကို မထားသော်လည်း မျက်နှာထားမှာ အလွန် တည်ငြိမ်နေပြီး မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။

ဤမြင်ကွင်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ လူအများစု တွေးမိသည်မှာ သူတို့၏ လက်ရှိအင်အားနှင့် ဆိုလျှင် တောင်ထွတ်တစ်ခုကို ဖျက်ဆီးပစ်ရန် သို့မဟုတ် တခြားနေရာသို့ အားစိုက်ပြီး ရွှေ့ပြောင်းရန်မှာ မခဲယဉ်းလှပေ။

သို့သော် ရွှယ်အန်းကဲ့သို့ ပေပေါင်းထောင်ချီ မြင့်မားသော တောင်ကြီးကို လွယ်ကူစွာ မလိုက်ပြီး မိုင်ပေါင်း တစ်သောင်းခရီးကို လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်အတွင်း သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်းလာရန်မှာမူ လူအများစု လုပ်ဖို့မပြောနှင့် တွေးပင် မတွေးရဲသော ကိစ္စဖြစ်သည်။

ချူရှောင်ယွင်လည်း မှင်သက်နေမိသည်။ ဤတွငိရှိနေသူ အားလုံးထဲတွင် သူမ၏ ကျင့်ကြံမှုအဆင့်နှင့် အသိဉာဏ်အမြင်မှာ အမြင့်ဆုံး ဖြစ်သဖြင့် အပေါ်ယံ ကြည့်လျှင် လွယ်ကူသည်ဟု ထင်ရသော ဤလုပ်ရပ်သည် မည်မျှ ခက်ခဲကြောင်း သူမ ကောင်းကောင်း နားလည်လေသည်။

သို့သော် ရွှယ်အန်းကမူ လမ်းလျှောက်ထွက်လာသကဲ့သို့ ပေါ့ပါးနေပြီး သူ၏ အင်အားအပြည့်အဝကိုပင် ထုတ်သုံးထားပုံ မရပေ။

ဘေးတွင် ရပ်နေသော အန်းယန်မှာမူ ရွှယ်အန်းကို မျက်လုံးထဲတွင် ကြယ်ပွင့်လေးများ တောက်ပနေသည့် အကြည့်ဖြင့် ကြည့်နေလေသည်။ သူမ၏ ယောက်ျားသည် ယခုအချိန်တွင် မယုံနိုင်လောက်အောင် စမတ်ကျပြီး ကြည့်ကောင်းနေသဖြင့် မနေနိုင်ဘဲ အားပေးစကား လှမ်းအော်လိုက်သည်။

"ယောက်ျားရေ... ရှင် ရှယ်လန်းနေတာပဲ... ဖိုက်တင်းနော်"

ရွှယ်အန်းသည် သူမကို ခပ်ရေးရေး ပြုံးပြလိုက်သည်။ ထို့နောက် ကြီးမားသော တွင်းနက်ကြီး၏ အနားသို့ ပျံသန်းသွားပြီး အော်ပြောလိုက်သည်။

"အားလုံး... နောက်ဆုတ်နေကြ"

အမှန်တွင် သူ သတိပေးစရာပင် မလိုပေ။ လူအုပ်ကြီးသည် ထပ်မံ ထိခိုက်မည်ကို စိုးရိမ်သဖြင့် မိုင်ပေါင်းများစွာ အဝေးသို့ အလုအယက် ဆုတ်ခွာပြီးကြလေသည်။

ရွှယ်အန်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ပြင်းထန်သော အားတစ်ခုကို ထုတ်သုံးလိုက်သည်။ ဧရာမ တောင်ကြီးသည် ရွှယ်အန်း၏ ပစ်လွှတ်လိုက်မှုကြောင့် ကောင်းကင်ပေါ်မှ မျဉ်းကွေးပုံစံအတိုင်း ကျဆင်းလာပြီး ပင်လယ်ကြမ်းပြင်သို့ ဝင်ဆောင့်လေသည်။

ဘုန်း...

နားကွဲလုမတတ် ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာပြီးနောက် ပင်လယ်ပြင် တစ်ခုလုံးသည် အဆင့်ကိုး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။ တုန်ခါမှု လှိုင်းများသည် ပြင်းထန်သော အရှိန်ဖြင့် အပြင်ဘက်သို့ ကန်ထွက်လာသည်။ ရွှယ်အန်းသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ဖိနှိပ်..."

အမိန့်တစ်ခွန်းတည်းဖြင့် မိုင်ပေါင်းထောင်ချီကို လွှမ်းမိုး ဖိနှိပ်လိုက်သည်။ တုန်ခါမှု လှိုင်းများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ငလျင်ကြောင့် ဖြစ်ပေါ်လာသော ဧရာမ ရေလှိုင်းကြီးများလည်း ငြိမ်သက်သွားသည်။ ကြီးမားသော အကျပ်အတည်း တစ်ခုကို ရွှယ်အန်းက လွယ်ကူစွာ ဖြေရှင်းလိုက်လေသည်။

ရေတံတိုင်းကြီးများ ပျောက်ကွယ်သွားပြီး ပင်လယ်ရေများ မူလနေရာသို့ ပြန်လည် စီးဝင်လာသောအခါ တည်ငြိမ်မှု ပြန်ရလာသည်။ သို့သော် တစ်ချိန်က ပြန့်ပြူးနေသော ပင်လယ်ပြင်ပေါ်တွင် ယခုအခါ အမြင့်ပေ တစ်သောင်းခန့် ရှိပြီး ဓားတစ်စင်းကဲ့သို့ မတ်မတ်ရပ်တည်နေသော ဧရာမ တောင်ကြီးတစ်လုံး ရှိနေပြီ ဖြစ်သည်။

အားလုံး အံ့အားသင့်နေဆဲ အချိန်တွင် ရွှယ်အန်းမှာ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်း တစ်ခုသည် တောင်ထိပ်ပေါ်တွင် စာလုံးကြီးအချို့ကို ရေးထိုးလိုက်လေသည်။

"ကျဆုံးသွားသော သူရဲကောင်းများ၏ ဂူသင်္ချိုင်း"

အားလုံး တီးတိုး ရေရွတ်လိုက်ကြသော်လည်း အဓိပ္ပာယ်ကို သေချာ နားမလည်ကြပေ။

သို့သော် ရွှယ်အန်းထံမှ ထွက်ပေါ်နေသော အေးစက်သည့် အငွေ့အသက်များကို ခံစားမိနေကြသဖြင့် မည်သူမျှ ရှေ့ထွက်ပြီး မမေးမြန်းရဲကြပေ။ အန်းယန် တစ်ယောက်သာ တိတ်ဆိတ်စွာ ပျံသန်းလာပြီး တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

"ယောက်ျား... အဆင်ပြေရဲ့လား"

ရွှယ်အန်း အတွေးထဲမှ နိုးထလာပြီး ခေါင်းညိတ်ကာ အန်းယန်ကို ပြုံးပြလိုက်သည်။

"ကိုယ် အဆင်ပြေပါတယ်၊ ကိစ္စတချို့ကို စဉ်းစားနေလို့ပါ"

အန်းယန် တစ်စုံတစ်ခု ပြောချင်ပုံရသော်လည်း အဆုံးတွင် တုံ့ဆိုင်းနေပြီး မပြောဖြစ်တော့ပေ။ ထိုသို့ဖြင့် နတ်ဘုရားသင်္ကေတ မုန်တိုင်းကြီး ပြီးဆုံးသွားလေသည်။

ရွှယ်အန်းတို့အဖွဲ့သည် ကျိန်စာသင့်မြို့တော်သို့ ပြန်လာကြသည်။ ချူရှောင်ယွင်က အကြိမ်ကြိမ် ဖိတ်ခေါ်သော်လည်း ရွှယ်အန်းသည် မြို့စားမင်းအိမ်တော်သို့ မလိုက်ဘဲ ကျိုးမိသားစုအိမ်တော်သို့သာ ပြန်လာခဲ့သည်။

ရွှယ်အန်း၏ ပုံရိပ် ဂိတ်တံခါးဝတွင် ပေါ်လာသောအခါ ကြိုတင် ပြင်ဆင်ထားသော ကျိုးမိသားစု၏ တံခါးမကြီး ပွင့်သွားပြီး အစေခံများ အားလုံး ဘေးတစ်ဖက်တစ်ချက်တွင် ရိုသေစွာ တန်းစီ ရပ်နေကြသည်။

လှပသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျိုးယန်ယန်သည် တံခါးဝတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ သူမသည် ရွှယ်အန်း ရောက်လာသည်ကို မြင်သောအခါ ကျိုးယန်ယန်၏ မျက်နှာ ဝင်းပသွားပြီး ခရီးဦးကြိုပြုရန် အလျင်အမြန် ရှေ့တိုးလာသည်။

"သခင်ကြီး"

ကျိုးယန်ယန်သည် လေးစားစွာဖြင့် ခါးကိုင်း ဦးညွှတ်လိုက်သည်။ ရွှယ်အန်းမှာ အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူ၏ အကြည့်က ကျိုးယန်ယန်၏ အနောက်တွင် ရပ်နေသော ကျိုးမိသားစု အိမ်တော်ထိန်းထံသို့ ရောက်သွားသည်။

ထိုအိမ်တော်ထိန်းသည်လည်း ရိုသေစွာ ရှေ့တိုးလာပြီး ရွှယ်အန်းကို ဦးညွှတ်လိုက်သည်။

"ကျိုးမိသားစုဝင်တွေက သခင်ကြီးကို ကြိုဆိုပါတယ်ခင်ဗျာ"

သူ့စကားဆုံးသည်နှင့် အစေခံများက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

"ကျိုးမိသားစုဝင်တွေက သခင်ကြီးကို ကြိုဆိုပါတယ်"

ရွှယ်အန်းသည် ခါးသီးစွာ ပြုံးပြီး ခေါင်းခါလိုက်သည်။

"ညက ရှည်လျားလှတယ်... ဒါနဲ့ အိမ်တော်ထိန်းကျိုး၊ အခုရော အေးအေးဆေးဆေး အိပ်ပျော်ပါ့မလား"

ထိုစကားကို ကြားသောအခါ အိမ်တော်ထိန်းကျိုးသည် ခါးသီးစွာ ရယ်မောလိုက်ပြီး လေးနက်စွာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"သခင်ကြီး... သားရဲကောင် မရှိတော့မှတော့ တကယ်ပဲ အေးအေးဆေးဆေး အိပ်ပျော်ပါပြီခင်ဗျာ"

ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်ပြီးနောက် ခေါင်းမော့ကာ ကျိုးမိသားစု အိမ်တော်အတွင်းသို့ ဝင်ရောက်သွားလေသည်။

နောက်ရက်အနည်းငယ် အတွင်း...

နတ်ဘုရားအမျက် ပင်လယ်တွင် ရွှယ်အန်း ပြုလုပ်ခဲ့သော လုပ်ရပ်များသည် နေရာအနှံ့ ပျံ့နှံ့သွားပြီး အခြေအနေများ ပိုမို လှုပ်ရှားလာသည်။ မည်သူမျှ ရွှယ်အန်း၏ အင်အားကို သံသယ မဝင်ရဲကြတော့ပေ။

လူတိုင်း၏ စိတ်ထဲတွင် ရှိနေသည်မှာ အသစ်ထွက်ပေါ်လာသော ဤအင်အားကြီး လူငယ်နှင့် မည်သို့ ဆက်ဆံရေး တည်ဆောက်ရမည်နည်း ဆိုသည့် အချက်သာ ဖြစ်သည်။ ရလဒ်အနေဖြင့် ကျိုးမိသားစု၏ တံခါးဝသည် ဈေးပွဲတော်ကဲ့သို့ စည်ကားနေတော့သည်။

အခွင့်အရေး နည်းပါးကြောင်း သိသော်လည်း အင်အားကြီး မိသားစုဝင်များသည် ရွှယ်အန်းကို တစ်ချက်လောက် မြင်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် ကျိုးမိသားစု တံခါးဝတွင် လူလွှတ် စောင့်ဆိုင်းစေကြသည်။ သို့သော် ပြင်ပမှ ဆူညံမှုများ အားလုံးသည် ရွှယ်အန်းနှင့် မသက်ဆိုင်ပေ။

ယခုအချိန်တွင် သူသည် နောက်ဆက်တွဲ ကိစ္စရပ်များကို ဖြေရှင်းရန် အလုပ်ရှုပ်နေသည်။ သူ များစွာ ရရှိခဲ့သည်။ အထူးသဖြင့် နတ်ဘုရားသင်္ကေတကို ရရှိခဲ့ခြင်းသည် သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်သော အရာဖြစ်သည်။

အဆုံးတွင် ကိစ္စအားလုံး ရှင်းလင်းပြီးချိန်၌ ချူရှောင်ယွင်သည် ရွှယ်အန်းထံသို့ ကိုယ်တိုင် လာရောက် လည်ပတ်လေသည်။

"အချိန်နီးပြီလား"

ရွှယ်အန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"သခင်ကြီး... အချိန်ဇယားအရဆိုရင် ဆယ်ရက်လောက် လိုပါသေးတယ်၊ ဒါပေမဲ့ ခရီးလမ်းက အန္တရာယ်များပြီး လမ်းမှာ ကြန့်ကြာမှုတွေ ရှိနိုင်လို့ အခုကတည်းက စထွက်သင့်ပါပြီ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ဒါဆို အခုပဲ ထွက်ကြတာပေါ့"

ရွှယ်အန်းသည် စီစဉ်စရာ ရှိသည်များကို စီစဉ်ပြီးနောက် ကျိုးယန်ယန်ကို ကျင့်ကြံခြင်း ပညာရပ်အချို့ သင်ပေးခဲ့သည်။ ထို့နောင် အန်းယန်နှင့် အခြားသူများကို မှော်ရတနာဆောင် အတွင်းသို့ ဝင်ရောက်စေပြီး ထိုအဆောင်ကို သူနှင့်အတူ သယ်ဆောင်လိုက်သည်။

ထို့နောက် သူသည် ချူရှောင်ယွင်နှင့်အတူ ထျန်းကျောက်ဘုံသို့ သွားရောက်မည့် ခရီးစတင်လိုက်လေသည်။

All Chapters