← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁) : စာကြည့်တိုက်မှူး

အခန်းငယ်မှာ မကျယ်လှဘဲ အတွင်းမှ အဖြူရောင်အလင်းတန်းကြောင့် နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေသည်။ အခန်း၏ အလယ်တည့်တည့်တွင် ကြည်လင်သော မှန်ဗီရိုတစ်ခုကိုသာ ထားရှိထား၏။

ရှဖေးသည် လမ်းလျှောက်သွားပြီး ထူထဲသော မှန်မှတစ်ဆင့် ဗီရိုထဲသို့ ကြည့်လိုက်သည်။ ဗီရိုထဲတွင် စာအုပ်တစ်အုပ်သာ ရှိပြီး ထိုစာအုပ်အား စင်တီမီတာ အနည်းငယ်ခန့် ထူသော သားရေကာဗာဖြင့် ချုပ်လုပ်ထားသည်။

ညိုနီရောင် သားရေမှာ ဟောင်းနွမ်းစုတ်ပြဲနေပြီး အချို့နေရာများတွင် ပျက်စီးနေသော်လည်း အတွင်းမှ စက္ကူများမှာမူ ပြည့်စုံစွာ ကျန်ရှိနေသေးသည်။ ရှဖေးသည် ထိုရှေးဟောင်းစာအုပ်၏ ခေါင်းစဉ်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့် ခဏတွင်ပင် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရှဖေး ဤအခန်းထဲတွင် ရှိနေစဉ်မှာပင် ဖန်တန်သည် မမျှော်လင့်ဘဲ ပေါ်လာခဲ့သည်။ ပုံမှန်အားဖြင့် ဖန်တန်သည် အကြောင်းအမျိုးမျိုးကြောင့် မောစတုန်းထဲတွင် ပုန်းကွယ်နေတတ်သော်လည်း အသစ်အဆန်းတစ်ခုခု ဖြစ်တော့မည် သို့မဟုတ် ရှာဖွေတွေ့ရှိမှုတစ်ခုခု ရှိတော့မည်ဆိုလျှင် ဖန်တန်သည် အမြဲတမ်း အချိန်ကိုက် ပေါ်လာတတ်သည်။

" စက်ရုပ်များအား ကုဒ်ရေးသားခြင်း နိဒါန်း " ဖန်တန်က ခေါင်းစဉ်ကို တစ်လုံးချင်း ဖတ်ပြလိုက်သည်။

ရှဖေးကဲ့သို့ပင် ဖန်တန်သည်လည်း အလွန်အံ့အားသင့်သွားသဖြင့် နောက်ထပ်စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ သူတို့နှစ်ဦးသည် ထိုစာအုပ်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ကြသည်။

" အို... ဘုရားသခင်။ ဒါက စက်ရုပ်တွေကို ကုဒ်ရေးတဲ့ လုပ်ငန်းစဉ်တွေ အသေးစိတ်ပါတဲ့ ရှေးဟောင်းယဉ်ကျေးမှု စာအုပ်ပဲ " ဖန်တန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှေးဟောင်းယဉ်ကျေးမှုကြီး ပျက်သုဉ်းသွားသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ သူတို့ချန်ထားခဲ့သည့် ပစ္စည်းတိုင်းမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ ယခု သူတို့ရှေ့မှ စာအုပ်မှာ စက်ရုပ်ကုဒ်ရေးသားခြင်းနှင့် ပတ်သက်သည့် စာအုပ်ဖြစ်သဖြင့် အတိုင်းအဆမရှိ တန်ဖိုးရှိလှသည်။

လက်ရှိ နည်းပညာအဆင့်အတန်းအရ လူသားများသည် စက်ရုပ်များကို ဖန်တီးနိုင်သော်လည်း ရှေးဟောင်းယဉ်ကျေးမှုတွင် ရှိခဲ့သည့် အဆင့်မြင့် အေအိုင် မျိုးကိုမူ ပြန်လည်မဖန်တီးနိုင်ကြသေးပေ။ လက်ရှိတွင် နဂါးငွေ့တန်း မဟာမိတ်အဖွဲ့အတွင်း၌ အေအိုင် ကွန်ပျူတာနှင့် အာကာသယာဉ်များရှိ အလိုအလျောက် လမ်းညွှန်စနစ်များကဲ့သို့ အေအိုင် အသုံးပြုမှု အချို့ရှိသော်လည်း ၎င်းတို့အားလုံးမှာ အေအိုင် ၏ အကူအညီဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်။

သို့သော် ထိုအရာများမှာ အခြေခံကျသော အေအိုင် များသာဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုမှ ရရှိခဲ့သည့် အေအိုင် စံနှုန်းများနှင့် အလှမ်းဝေးကွာနေသေးသည်။ ရှေးဟောင်းယဉ်ကျေးမှု၏ အေအိုင် နှင့် လက်ရှိခေတ် အေအိုင် တို့အကြား သိသာထင်ရှားသော ခြားနားချက်မှာ ရှေးဟောင်းယဉ်ကျေးမှု အေအိုင် များတွင် ခံစားချက်ရှိခြင်းပင် ဖြစ်သည်။

လူသားများကဲ့သို့ပင် အေအိုင် ရှိသော စက်ရုပ်များသည် ဝပ်နည်းခြင်း။ ပျော်ရွှင်ခြင်းတို့ကို ခံစားနိုင်ရုံသာမက ၎င်းတို့၏ ယုံကြည်ချက်များကိုပါ တည်ဆောက်နိုင်ပြီး လူသားစစ်စစ်များကဲ့သို့ နေထိုင်နိုင်ကြသည်။ စက်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှလွဲ၍ ၎င်းတို့သည် လူသားများနှင့် မခြားနားပေ။။ အမှန်စင်စစ် ထိုစက်ရုပ်များသည် ဉာဏ်ရည်ထက်မြက်မှုနှင့် သတ္တိရှိမှု အစရှိသည့် ကဏ္ဍအသီးသီးတွင် လူသားများထက်ပင် သာလွန်ကြသည်။

ဤစာအုပ်တွင် စက်ရုပ်များကို ကုဒ်မည်သို့ရေးရမည်ကို အသေးစိတ် ဖော်ပြထားပြီး ဒဏ္ဍာရီလာ အေအိုင် ဖန်တီးမှုဆိုင်ရာ အသိပညာများလည်း ပါဝင်နိုင်သည်။ အေအိုင် သည် သမိုင်းတစ်လျှောက် လူသားများ တီထွင်ခဲ့သမျှတွင် အဆင့်မြင့်ဆုံး နည်းပညာဖြစ်ပြီး ၎င်း၏ တန်ဖိုးကို တိုင်းတာရန် နည်းလမ်းမရှိပေ။

" ဘာလို့ ဒီလောက်တန်ဖိုးရှိတဲ့ စာအုပ်က ဒီစာကြည့်တိုက်ရဲ့ မြေအောက်ခန်းထဲမှာ ရှိနေရတာလဲ။ ဒီစာကြည့်တိုက်က တစ်ခုခုကို လျှို့ဝှက်ထားတာများလား။ အကယ်၍ ဒါက လျှို့ဝှက်ချက် အကြီးကြီးဆိုရင် အဖိုးကြီးချင်မန်က ဘာလို့ ငါ့ကို ဒီအခန်းထဲ လွှတ်လိုက်တာလဲ " ရှဖေးက တွေးတောနေမိသည်။

အတွေးများကို စုစည်းလိုက်ပြီးနောက် ရှဖေးသည် ထောင့်နားရှိ ဗီရိုထဲတွင် ကြောင်စာအိတ်တစ်အိတ်ကို တွေ့ရှိခဲ့ပြီး ထွက်ခွာချိန်တွင် တံခါးကို ပြန်ပိတ်ခဲ့သည်။ ရှဖေးသည် သူ၏ စိတ်မသက်မသာဖြစ်မှုနှင့် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီး ကြောင်စာအိတ်ကို ယူကာ မြေအောက်ခန်းမှ ထွက်လာခဲ့သည်။

ချင်မန်နှင့် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ရှဖေးသည် အကြောင်းပြချက်တစ်ခုပေးကာ စာကြည့်တိုက်မှ ထွက်လာခဲ့သည်။ မထွက်ခွာမီ ရှဖေးသည် စာကြည့်တိုက်မှူး ခေါ်ယူနေသည့် ကြော်ငြာပိုစတာတစ်ခုကို မြင်လိုက်ရသည်။

" ရှဖေး ။ မင်း တကယ်ပဲ စာကြည့်တိုက်မှူး လုပ်မလို့လား။ ကောင်းကင်ကွပ်မျက်ခြင်း လေ့ကျင့်ရေးစခန်းကို ရောက်ဖို့ မင်း အတော်လေး ကြိုးစားခဲ့ရတာလေ။ တခြားဌာနခွဲတစ်ခုခုကို ရောက်သွားရင်တောင် စာကြည့်တိုက်ထက်စာရင် အများကြီး ပိုကောင်းမှာပါ " ဖန်တန်က မျက်ခုံးကြုတ်လိုက်ပြီး ပြောလိုက်သည်။

ရှဖေးက ဖန်တန်ကို ပြန်မဖြေဘဲ အဆောင်သို့ အသာတကြည် ပြန်လာခဲ့သည်။ သူသည် လေ့ကျင့်ရေးစခန်း၏ ပင်မလမ်းမသို့ ရောက်ရှိလာရာ ထိုနေရာတွင် သင်တန်းသားများမှာ အုပ်စုလိုက် သို့မဟုတ် အနိမ့်ပျံယာဉ်များစီးကာ သွားလာနေကြသည်။

" ဖန်တန် မင်း ဘာမြင်လဲ " ရှဖေးက ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သင်တန်းသားများကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

" ဘာလဲလေ့ကျင့်ရေးစခန်းက သင်တန်းသားတွေ မဟုတ်ဘူးလား " ဖန်တန်က ရှဖေး ညွှန်ပြရာသို့ လှည့်ကြည့်ပြီး ပြန်မေးသည်။

" သေချာ ထပ်ကြည့်လိုက်ဦး " ရှဖေးက ခေါင်းခါလိုက်ပြီး ပြောသည်။

" ငါမြင်တာကတော့ အရွယ်အစားမျိုးစုံရှိတဲ့ သင်တန်းသားတွေ။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေပဲ " ဖန်တန်က အနည်းငယ် စိတ်မရှည်ဖြစ်ကာ ပြောလိုက်သည်။

" သူတို့အားလုံးက တူညီနေကြတယ်လို့ မင်းမထင်ဘူးလား။ ဒီမှာ သင်တန်းသား ငါးသောင်းနီးပါး ရှိတယ်။ ငါသာ အခု သူတို့နဲ့ သွားပူးပေါင်းလိုက်ရင် သူတို့အားလုံး လျှောက်နေတဲ့ လမ်းအတိုင်း ငါလည်း လျှောက်နေရတာနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့ " ရှဖေးက မေးလိုက်သည်။

" အဲဒါက ကောင်းတဲ့ အကြံလို့ မင်းထင်လား " ရှဖေးက ထိုအကြောင်းကို တွေးရင်း ထပ်မေးလိုက်သည်။

" တစ်စုံတစ်ယောက် လျှောက်ပြီးသား လမ်းကြောင်းကို ထပ်လျှောက်ဖို့အတွက် ငါ ဒီလေ့ကျင့်ရေးစခန်းကို လာခဲ့တာလား "

ရှဖေးသည် ခေါင်းငုံ့ကာ လမ်းပေါ်ရှိ အဖြူရောင်ကျောက်ခဲတစ်လုံးကို ကန်လိုက်သည်။ ထိုကျောက်ခဲသည် လေထဲသို့ ပျံတက်သွားပြီး အလားတူကျောက်ခဲများ စုပုံနေသည့်နေရာသို့ ကျသွားသဖြင့် ရှဖေးကန်လိုက်သည့် ကျောက်ခဲမှာ မည်သည့်အလုံးဖြစ်သည်ကို ခွဲခြားရန် မဖြစ်နိုင်တော့ပေ။

" တခြားသူတွေ ငါ့အတွက် သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်ရတာကို ငါမကြိုက်ဘူး။ ဒီတစ်ကြိမ်မှာတော့ ဘယ်ကိုပဲ ဦးတည်နေပါစေ ဘယ်သူမှ မလျှောက်ဖူးသေးတဲ့ ဘေးလမ်းတစ်ခုကို ငါရွေးချယ်ချင်တယ် " ရှဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။ ရှဖေးက သူ၏ ရွေးချယ်ချက်ကို အသေချာ ရွေးချယ်ခဲ့ပီ။ စာကြည့်တိုက်မှုး သူလုပ်ရမည်။

သတင်းများမှာ အမြဲတမ်း လျင်မြန်စွာ ပျံ့နှံ့လေ့ရှိသည်။ အထူးသဖြင့် မကောင်းသော သတင်းများနှင့် တပါးသူ၏ ကံဆိုးမှုကို လှောင်ပြောင်သည့် သတင်းများမှာ ပို၍ မြန်ဆန်တတ်သည်။ လေ့ကျင့်ရေးစခန်းအတွင်း လူအများ ကောလာဟလများ ဖြန့်ရန်နှင့် သတင်းဖလှယ်ရန် အဆင်ပြေသော နေရာများစွာ ရှိသည်။

ထိုအထဲတွင် ထမင်းစားဆောင်မှာ ထိပ်တန်းနေရာတစ်ခု ဖြစ်သည်။ ဤထမင်းစားဆောင်၏ ရည်ရွယ်ချက်များထဲတွင် လူအများ ဗိုက်ဖြည့်နေစဉ်အတွင်း အမျိုးမျိုးသော အတင်းအဖျင်းနှင့် ကောလာဟလများကို ဖလှယ်နိုင်ရန်လည်း ပါဝင်သည်။

" ဒီနှစ် အထူးဝင်ခွင့်ရတဲ့ သင်တန်းသား ရှဖေးက စာကြည့်တိုက်မှာ စာကြည့်တိုက်မှူး သွားလုပ်နေတယ်လို့ ငါကြားတယ် " လေ့ကျင့်ရေးစခန်းမှ သင်တန်းသားတစ်ဦးက သူ၏ ဇွန်းခက်ရင်းကို ချလိုက်ပြီး သူ၏ သူငယ်ချင်းအား ပြောလိုက်သည်။

" မင်းပြောတာ အရူးရှ ကိုလား "

" အေး ။ သူပဲ "

" သူ စိတ်ရော နှံ့ရဲ့လား။ လေ့ကျင့်ရေးစခန်းကို ဝင်ဖို့ ဒီလောက်ကြိုးစားခဲ့ပြီးမှ ဘာလို့ စာကြည့်တိုက်မှူး သွားလုပ်ရတာလဲ "

" ဟုတ်တယ်မလား။ ဒါကြောင့်လည်း သူ့ကို လူရူးလို့ ခေါ်ကြတာပေါ့ "

" ရူးတာမှ တကယ့်ကို ရူးတာပဲ။ ကောင်းမွန်တဲ့ ဌာနတွေ အများကြီးရှိတာကို မရွေးဘဲ ငှက်တောင် လာချေးလာမပါတဲ့ စာကြည့်တိုက်ကို သွားပြီး စာကြည့်တိုက်မှူး လုပ်တယ်ဆိုတာ အရူးမှ လုပ်မယ့်အလုပ်ပဲ "

" ဟုတ်တယ်။ ဒါကြောင့်ပဲ သူ့လိုလူမျိုးကို အထူးဝင်ခွင့်ပေးလိုက်တာက တကယ့်ကို နှမြောဖို့ကောင်းတယ်လို့ ငါပြောတာ... တပ်ရင်းမှူးက ဒါကို ဘယ်လိုများ တွေးလိုက်လဲ မသိဘူး "

ပြောသူက ရည်ရွယ်ချက်ရှိရှိ ပြောခြင်းမဟုတ်သော်လည်း မွန်းဆောင်းမှာ ဘေးနားတွင် ဖျော်ရည်သောက်နေရင်း ကြားသွားခဲ့သည်။ သူမသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး ထိုနှစ်ယောက်ကို ပညာပေးရန် ပြင်လိုက်သည်။

ချန်သုန်းက သူမကို ဆွဲထားလိုက်သည်။

" အဲဒီလိုလူတွေကို ဒေါသထွက်နေစရာ မလိုပါဘူး။ မင်းရဲ့ စိတ်အပင်ပန်းခံမနေနဲ့ "

မွန်းဆောင်းသည် သူမ၏ ဒေါသကို ထိန်းချုပ်လိုက်သော်လည်း မျက်နှာမှာမူ အတော်လေး ပျက်ယွင်းနေဆဲပင် ဖြစ်သည်။

" ရှဖေး ကတော့ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ... သူ့လုပ်ရပ်ကြောင့် ငါတို့ပါ လိုက်ပြီး အရှက်ကွဲနေရပြီ " မွန်းဆောင်းက သွားကြိတ်ကာ ပြောလိုက်သည်။

" ငါကတော့ ဘာမှမဖြစ်ပါဘူး။ သူနှစ်သက်သရွေ့ အဆင်ပြေပါတယ် " ချန်သုန်းက အမဲသားကို တစ်လုပ်ကြီး ကိုက်လိုက်ပြီး ပြောလိုက်သည်။

မွန်းဆောင်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး " မင်း ဘာသိလို့လဲ။ ယောက်ျားဆိုတာ အညံ့မခံတဲ့ စိတ်ဓာတ်ရှိရမယ်။ စာကြည့်တိုက်မှူး လုပ်တာ ဘာကောင်းမှာလဲ။ ငါဆိုရင် "

" မင်းဆိုရင် ဘာဖြစ်လဲ " မန်ကျန်းက အူတူတူနှင့် မေးလိုက်သည်။

" မင်း စားစရာရှိတာ စားပါ။ ငါ မင်းကို စကားမပြောချင်တော့ဘူး " မွန်းဆောင်းက မန်ကျန်းကို စိတ်တိုတိုနှင့် ဟောက်လိုက်သည်။

မန်ကျန်းမှာ မကျေမနပ်နှင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

" ငါ ဘာမှတောင် မပြောရသေးဘူး... "

စာကြည့်တိုက်မှူး ဘဝမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ သူသည် နေ့တိုင်း ကြီးမားသော စာကြည့်တိုက်ကြီးကို သန့်ရှင်းရေးလုပ်ရသည်။ ကြမ်းတိုက်ရသည်။ စာအုပ်စင်များနှင့် ပြတင်းပေါက်များကို သုတ်ရသည်။ စာအုပ်တိုင်းကို ကြက်မွေးတံဖြင့် ဖုန်ခါရသည်။ ထိုအလုပ်များမှာပင် တစ်မနက်ခင်းလုံး အချိန်ကုန်သွားစေသည်။

မွန်းလွဲပိုင်းတွင် ရှဖေးသည် ပျက်စီးနေသော တံခါးနှင့် ပြတင်းပေါက်အချို့ကို ပြင်ဆင်နေရဆဲဖြစ်သည်။ စာကြည့်တိုက်ကို သန့်ရှင်းရေးလုပ်ရန် မည်သူမှ ဂရုမစိုက်ခဲ့သည်မှာ ကြာပြီဖြစ်ရာ အဆောက်အအုံများစွာမှာ အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

အဖိုးအို ချင်မန်မှာ နေ့တိုင်း ရှိနေတတ်သော်လည်း သူလုပ်သမျှမှာ လက်ဖက်ရည်သောက်ခြင်း။ အလွန်ပျင်းရိသော ထိုကြောင်နက်ကြီးကို အစာကျွေးခြင်းတို့သာ ဖြစ်ပြီး အလုပ်အားလုံးကို ရှဖေးကိုသာ လုပ်ခိုင်းထားသည်။

သူသည် ရိုးရှင်းသော်လည်း စိတ်ကျေနပ်ဖွယ်ကောင်းသော အချိန်များကို ထိုသို့ ကုန်ဆုံးစေခဲ့သည်။။မြေအောက်ခန်းရှိ လျှို့ဝှက်အခန်းနှစ်ခုနှင့် ပတ်သက်၍မူ ရှဖေးအနေဖြင့် နောက်တစ်ကြိမ် ထပ်သွားရန် အခွင့်အရေး မရခဲ့တော့ပေ။ ရှဖေးက ထိုနေရာကို သန့်ရှင်းရေးလုပ်ရန် လိုအပ်သလားဟု ချင်မန်အား မေးတိုင်း အဖိုးအိုက သူကိုယ်တိုင် လုပ်မည်ဟုသာ ပြောလေ့ရှိသော်လည်း ချင်မန် သန့်ရှင်းရေးလုပ်သည်ကို ရှဖေး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

တစ်နေ့တာလုံး အလုပ်ရှုပ်ပြီးနောက် ရှဖေးသည် သူ၏ ပင်ပန်းနွမ်းနယ်သော ခန္ဓာကိုယ်ကို ဆွဲကာ စာအုပ်တစ်အုပ်ကို ဂျိုင်းကြားညှပ်၍ အဆောင်သို့ ပြန်လာလေ့ရှိသည်။

ဒါက စာကြည့်တိုက်မှူးလုပ်ခြင်း၏ တစ်ခုတည်းသော အကျိုးကျေးဇူး ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စာကြည့်တိုက်မှ စာအုပ်များကို သူ၏ အခန်းထဲသို့ ယူဆောင်သွားကာ ဖတ်ရှုနိုင်သောကြောင့် ဖြစ်သည်။

ရှဖေးသည် ညတိုင်း အိပ်ရာဝင်ချိန်တွင် အိပ်မပျော်မချင်း စာဖတ်သည့် အလေ့အကျင့်တစ်ခုကို ပြုလုပ်ခဲ့သည်။ တစ်ညလျှင် စာအုပ်တစ်အုပ် မဖတ်ရပါက တစ်ခုခု လိုအပ်နေသကဲ့သို့ စိတ်ထဲတွင် မသက်မသာ ခံစားနေရသည်။

သူသည် သတ္တုကျိုချက်ခြင်းမှသည် မဟာမိတ်အဖွဲ့၏ သမိုင်းကြောင်းနှင့် ခေါင်းဆောင်များ၏ လျှို့ဝှက်ချက်များအထိ အခြေခံအကျဆုံး အရာများမှ စတင်ကာ အရာအားလုံးကို သူ၏ ဦးနှောက်ထဲသို့ ထည့်သွင်းခဲ့သည်။

သူ အများဆုံးဖတ်သည်မှာ စစ်သင်္ဘောများနှင့် စက်ယန္တရားများနှင့် ပတ်သက်သော စာအုပ်များ ဖြစ်သည်။ သို့သော် ရှဖေးသည် ဒုတိယထပ်ရှိ ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်သည့် စာအုပ်များကိုမူ ဖတ်နိုင်စွမ်း မရှိသေးပေ။

ဒုတိယထပ်ရှိ စာအုပ်များတွင် ပါဝင်သော အချက်အလက်များမှာ အလွန်ကျယ်ပြန့်လှသည်။ ရှဖေး ကျောင်းတက်စဉ်က သင်ယူခဲ့သမျှမှာလည်း ဆရာ့ထံ ပြန်ရောက်ကုန်ပြီ ဖြစ်သည်။ ရှဖေး၏ လက်ရှိ အသိပညာ ဗဟုသုတ အနေအထားအရ ထိုစာအုပ်များတွင် ပါဝင်သော နက်နဲသည့် အသိပညာများကို ဖတ်ရှုရန် သို့မဟုတ် နားလည်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ဒါက ထူးဆန်းသည်။ ရှဖေး ကျောင်းတက်စဉ်က သူ၏ အဆင့်များမှာ ရှုပ်ထွေးနေခဲ့သော်လည်း ယခု အဆင့်မြင့်ယဉ်ကျေးမှု နည်းပညာကို စတင်သင်ယူသောအခါတွင်မူ အခက်အခဲ မရှိလှပေ။ သူသည် စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ရုံဖြင့် အကြောင်းအရာများကို အပြည့်အဝ နားလည်နိုင်ပြီး နက်နဲသော စက်မှုတည်ဆောက်ပုံများနှင့် သင်္ချာညီမျှခြင်းများကိုလည်း လွယ်ကူစွာ သဘောပေါက်လာခဲ့သည်။

စာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ရှဖေးသည် သူ၏ အေအိုင် ကွန်ပျူတာကို ဖွင့်ကာ ပယင်းရေခဲသလင်းခဲများနှင့် ပတ်သက်သည့် သတင်းများကို ဂရုတစိုက် စတင်ရှာဖွေခဲ့သည်။

အကယ်၍ အရာအားလုံး အဆင်ပြေပြေ တိုးတက်လာမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးကြွင်းဆေးကျန်များသည် နောက်ရက်အနည်းငယ်အတွင်း အားလုံး စုပ်ယူသွားမည် ဖြစ်သည်။ ထိုအချိန်တွင် နောက်တစ်ကြိမ် ဆေးဝါးများ သုံးစွဲရမည့် အချိန်ဖြစ်သော်လည်း သူရရှိထားသည့် အရာများနှင့် ကောင်းစွာ လိုက်ဖက်မည့် အရေးကြီးသော ပါဝင်ပစ္စည်းဖြစ်သည့် ပယင်းရေခဲသလင်းခဲကိုမူ ရှာမတွေ့သေးပေ။

ရှဖေးသည် ဂြိုဟ်အချင်းချင်းကြား အင်တာနက်မှတစ်ဆင့် အေအိုင် ရှာဖွေရေးစနစ်ကို အသုံးပြုကာ အနီးနားရှိ ကြယ်တာရာနယ်မြေအဆင့် သုံးခုလုံးရှိ လေလံစာရင်းများနှင့် ကုန်ပစ္စည်းများအားလုံးကို ၂၄ နာရီပတ်လုံး ရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ ဘာမှ ထွက်မလာသေးပေ။

ဂြိုဟ်အချင်းချင်းကြား အင်တာနက်မှ စိတ်ပျက်လက်ပျက် ထွက်လိုက်ပြီးနောက် ရှဖေးသည် လေ့ကျင့်ရေးစခန်း၏ အတွင်းကွန်ယက်သို့ ဝင်ရောက်လိုက်သည်။သင်တန်းသားအချင်းချင်း ဖလှယ်မှုတွင် သတင်းရလိုရငြား သို့မဟုတ် လေ့ကျင့်ရေးစခန်းမှ ပံ့ပိုးပေးသည့် ဆေးဝါးပါဝင်ပစ္စည်းများမှတစ်ဆင့် လဲလှယ်၍ ရနိုင်မလားဟု မျှော်လင့်နေမိသည်။

လေ့ကျင့်ရေးစခန်းသည် လူအများအတွက် ပါဝင်ပစ္စည်းများစွာ ပံ့ပိုးပေးထားပြီး လုံလောက်သော အမှတ်များရှိပါက သင်တန်းသားများသည် လွတ်လပ်စွာ လဲလှယ်ခွင့်ရှိသည်။ စာရင်းထဲတွင် ဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသော ပါဝင်ပစ္စည်းများစွာ ရှိသော်လည်း ရှဖေး အလိုအပ်ဆုံးဖြစ်သည့် ပယင်းရေခဲသလင်းခဲ၏ အရိပ်အယောင်ကိုမူ မတွေ့ရပေ။

သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ရှဖေးသည် လဲလှယ်ရန်အတွက် အတွင်းပစ္စည်းစာရင်းများကို စတင်ရှာဖွေလိုက်သည်။ အကယ်၍ ပါဝင်ပစ္စည်း၏ အရိပ်အယောင်ကို မတွေ့ရသေးပါက ရှဖေးအနေဖြင့် ယနေ့ညအတွက် အနားယူကာ စာဖတ်ပြီး အိပ်ရုံသာ ရှိတော့သည်။

ရုတ်တရက် ရှဖေးသည် စိတ်ဝင်စားသွားသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က အသိပေးချက်တစ်ခုသည် သူ၏ မျက်စိထဲသို့ ဝင်လာခဲ့သည်။ " ပယင်းရေခဲသလင်းခဲ ဂရမ် ၈၀ ကို အရေးပေါ် ရောင်းချလိုသည် "

ထိုအသိပေးချက်ကို တင်ထားသူအား ကြည့်လိုက်ရာ ဒါဗစ်ဟု အမည်ရသည့် အတွင်းဌာနခွဲမှ သင်တန်းသားတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ခဏမျှပင် တွေဝေမနေတော့ဘဲ ရှဖေးသည် မျက်နှာပြင်ကို နှိပ်ကာ ဗီဒီယိုခေါ်ဆိုမှု တောင်းဆိုချက်တစ်ခုကို ပေးပို့လိုက်သည်။

အခန်း (၉၂) : အတွင်းဌာနခွဲ

ရှဖေးသည် ချင်မန်ထံမှ တစ်ရက်ခွင့်ယူထားသည်။ ပထမအကြောင်းရင်းမှာ မနက်ဖြန်တွင် အတွင်းဌာနခွဲသို့ ၂၄ နာရီ အထူးလေ့ကျင့်ရေး သွားရောက်ရမည်ဖြစ်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူဆေးဖော်စပ်ရန် လိုအပ်နေသော ပယင်းရေခဲသလင်းခဲ ကို ရရှိထားပြီဖြစ်၍ ဆေးဖော်စပ်ခြင်းကိုသာ အာရုံစိုက်လိုသောကြောင့် ဖြစ်သည်။

ဆေးဖော်စပ်စက်ကို တပ်ဆင်ပြီးနောက် ရှဖေးသည် သူ၏ ဟင်းလင်းပြင်လက်စွပ်ကို လက်ဖြင့် ပွတ်သပ်လိုက်ရာ အတွင်းမှ နို့နှစ်ရောင် ကျောက်တုံးတစ်တုံး ထွက်ပေါ်လာသည်။ ထိုကျောက်တုံးမှာ မသွေးရသေးဘဲ ထောင့်ချိုးများရှိနေကာ ကြည်လင်နေပြီး သန့်စင်မှုအားကောင်းသည့် ပုံစံရှိသည်။ ဤသည်မှာ ဒဏ္ဍာရီလာ ပယင်းရေခဲသလင်းခဲဖြစ်ပြီး ရှဖေးသည် ၎င်းကိုရရှိရန် အဆမတန် တန်ဖိုးကြီးပေးခဲ့ရသည်။

ရှဖေးသည် အလွန်အမင်း အမြန်နှုန်းနှုန်းမြင့် အနိမ့်ပျံယာဉ်ပြိုင်ပွဲတွင် အနိုင်ရရှိ၍ ရခဲ့သော အမှတ် ၃၀၀၀ နှင့် သူပိုင်ဆိုင်သော ၄ ကုဗမီတာ ဟင်းလင်းပြင်လက်စွပ်တို့ကို လဲလှယ်ပြီးမှသာ ဤအဖြူရောင်ကျောက်တုံးလေးကို ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် လက်ထဲမှ ပယင်းရေခဲသလင်းခဲလေးကို စစ်ဆေးကြည့်ရှုပြီး သက်ပြင်းချလိုက်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် လက်စွပ်ထဲမှ လွမ်ဝိညာဉ်ကို ထုတ်ယူလိုက်သည်။

ဤအရာနှစ်ခုမှာ အရည်အသွေးမြင့် ဆေးဖက်ဝင်ပစ္စည်းနှစ်မျိုးဖြစ်ပြီး တစ်ခုမှာ အလွန်အမင်း အေးစက်သော ဂုဏ်သတ္တိရှိကာ အခြားတစ်ခုမှာ အလွန်အမင်း ပူပြင်းသော ဂုဏ်သတ္တိရှိသည်။ ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု လုံးဝ သဟဇာတမဖြစ်ကြပေ။ အကယ်၍ ဤဆန့်ကျင်ဘက် အစွန်းရောက်ပစ္စည်းနှစ်ခုကို ရောနှောရန် ကြံစည်ပါက ကြီးမားသော စွန့်စားမှုတစ်ခုဖြစ်ပြီး အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်စေနိုင်သည်။

ဤသည်မှာပင် ဖန်တန်၏ ဆေးဖော်စပ်နည်း၏ အနှစ်သာရဖြစ်သည်။ ဆန့်ကျင်ဘက်ဖြစ်နေသော ဆေးဖက်ဝင်ပစ္စည်းများကို အမြဲရွေးချယ်ကာ ရောနှောခြင်းဖြင့် မဖြစ်နိုင်ဟု ထင်ရသော ဆေးဖော်စပ်မှုများကို ဆေးဝါးဗေဒဆိုင်ရာ အံ့ဖွယ်အရာများအဖြစ် ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။

နာရီအနည်းငယ်ကြာ စေ့စပ်သေချာစွာ ပေါင်းစပ်ပြီးနောက် ရှဖေး၏ ဟင်းလင်းပြင်လက်စွပ်ထဲတွင် ကြည်လင်သော ဆေးရည်တစ်ပုလင်း ထပ်တိုးလာခဲ့သည်။ ယခု သူလုပ်ရန်မှာ ခန္ဓာကိုယ်အတွင်းရှိ ဆေးကြွင်းဆေးကျန်များ ကုန်ဆုံးသွားသည်အထိ စောင့်ဆိုင်းပြီး ဆေးသစ်ကို သောက်သုံးရန်သာ ကျန်တော့သည်။

မနက်စောစောတွင် ရှဖေး။ ချန်သုန်း။ မွန်းဆောင်းနှင့် အခြားသူများသည် သူတို့၏ အဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ မွန်းဆောင်းမှာ အတွင်းဌာနခွဲသို့ သွားရမည့် ခရီးစဉ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပြီး မန်ကျန်းနှင့် ပေဟိုင်တို့လည်း ထိုနည်းတူပင် စိတ်လှုပ်ရှားနေကြသည်။

သူတို့ စကားပြောနေစဉ်မှာပင် အလတ်စား အာကာသလွန်းပျံယာဉ်တစ်စီးသည် မလှမ်းမကမ်းမှ ပျံသန်းလာပြီး အဆောင်ရှေ့ရှိ ကွင်းပြင်ထဲသို့ ဆင်းသက်လာသည်။ ယာဉ်တံခါးပွင့်လာပြီးနောက် အမျိုးသားနှစ်ဦး ထွက်လာခဲ့သည်။ ရှဖေးက ထိုသူနှစ်ဦးကို ကြည့်လိုက်ရာ မှတ်မိသွားသည်။ ပထမတစ်ဦးမှာ အဖွဲ့ (၁၃) ၏ ခေါင်းဆောင် ရှောင်ဟိုင်လီဖြစ်ပြီး နောက်တစ်ဦးမှာ ခြေတံရှည်အလှလေး ရဲ့ရှောင်ဟန် ဖြစ်သည်။

" ရှောင်ဟန်နဲ့ ကျွန်တော်က ခင်ဗျားတို့ကို အတွင်းဌာနခွဲဆီ လိုက်ပို့ရတာ ဂုဏ်ယူပါတယ်။ မသိတာရှိရင် အားမနာဘဲ မေးပါ။ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါ့မယ် " ရှောင်ဟိုင်လီက ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။

'ရှောင်ဟန် ဟုတ်လား... အတော်လေး ရင်းရင်းနှီးနှီး ခေါ်တာပဲ' ရှဖေးက သူ့ဘာသာ တွေးနေမိသည်။ ရဲ့ရှောင်ဟန်၏ မျက်ခုံးများမှာမူ အနည်းငယ် ကျုံ့သွားသော်လည်း ဘာမှတော့ ပြန်မပြောပေ။

လွန်းပျံယာဉ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး အနောက်ဘက် တောင်တန်းဒေသသို့ ဦးတည်သွားသည်။

မိနစ်အနည်းငယ်အတွင်း တောင်တန်းကြီး၏ အလယ်တွင် အဖြူရောင် အဆောက်အဦးများကို စတင်မြင်တွေ့ရသည်။ မြစ်ရှည်ကြီးတစ်စင်းမှာ လေ့ကျင့်ရေးကွင်း၏ အလယ်တည့်တည့်မှ ဖြတ်သန်းစီးဆင်းနေပြီး လေ့ကျင့်ရေးကွင်းကို နှစ်ခြမ်းခွဲထားသကဲ့သို့ ရှိနေကာ ထိုမြစ်ပေါ်တွင် တံတား ၇ စင်း သို့မဟုတ် ၈ စင်းခန့် ဆောက်လုပ်ထားသည်။

လေ့ကျင့်ရေးစခန်း၏ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ အဆောက်အဦးများမှာ အနိမ့်ပိုင်းများဖြစ်ပြီး အမြင့်ဆုံးမှာ သုံးထပ်ထက် ပိုမမြင့်ပေ။ အထင်ရှားဆုံး အမှတ်အသားမှာ အတွင်းဌာနခွဲ၏ အလယ်တည့်တည့်ရှိ စက်ဝိုင်းပုံစံ အဆောက်အဦးပင် ဖြစ်သည်။ ၎င်းမှာ အတော်လေး ကြီးမားပြီး အပြင်ဘက်မှကြည့်လျှင် ပြောင်လက်ပြီး ဝိုင်းစက်နေကာ မြေပြင်ပေါ်သို့ ကျဆင်းနေသည့် ပုလဲလုံးကြီးတစ်လုံးနှင့် တူနေသည်။

လွန်းပျံယာဉ်သည် ကွင်းပြင်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး ရဲ့ရှောင်ဟန်နှင့် ရှောင်ဟိုင်လီတို့က ဦးဆောင်ကာ အားလုံးသည် စတုရန်းပုံ အဆောက်အဦးတစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ကြသည်။ အပြင်ဘက်တွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့ရဘဲ အတွင်းဌာနခွဲတစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ငှက်သံများနှင့် သစ်ပင်သစ်ကိုင်းများ လှုပ်ခတ်သံကိုသာ ကြားနေရသည်။

" ခင်ဗျားတို့ မနက်စာ မစားရသေးဘူးမလား။ ဒီနေရာကတော့ အတွင်းဌာနခွဲရဲ့ ထမင်းစားဆောင်ပဲ။ ငါတို့ရဲ့ ပထမဆုံး ခရီးစဉ်ကို ဒီကနေပဲ စလိုက်ကြရအောင် " ရှောင်ဟိုင်လီက ယဉ်ကျေးစွာ ပြောလိုက်သည်။

ထမင်းစားဆောင်မှာ ဇိမ်ကျကျ ဒီဇိုင်းဖော်ထားသည်။ ကုလားထိုင်များမှာ ကျယ်ဝန်းပြီး ဆိုဖာများမှာလည်း အလိုအလျောက် နှိပ်နယ်ပေးသည့် စနစ်များပါဝင်ကာ သက်တောင့်သက်သာရှိလှသည်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် တစ်ခုခုစားသောက်ရန် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ရိုးရှင်းသော အစားအစာများကို စားသောက်ပြီး လေ့ကျင့်ရေးကွင်းကို အနည်းငယ် လှည့်လည်ကြည့်ရှုပြီးနောက် ရှောင်ဟိုင်လီနှင့် ရဲ့ရှောင်ဟန်တို့က အဖွဲ့ကို စက်ဝိုင်းပုံ အဆောက်အဦးကြီးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအဆောက်အဦးပေါ်တွင် 'စတီဂျီယန် လေ့ကျင့်ရေးစင်တာ' ဟု ရေးထိုးထားသည်။

" ဒီနေရာကတော့ အတွင်းဌာနခွဲရဲ့ နှလုံးသားဖြစ်တဲ့ စတီဂျီယန် လေ့ကျင့်ရေးစင်တာပဲ။ ဒါက ဒီဌာနခွဲရဲ့ တကယ့် အနှစ်သာရပဲ။ လေ့ကျင့်ရေးကွင်းမှာ ဘယ်သူ့ကိုမှ မတွေ့ရတာက သူတို့အားလုံး အခု အထဲမှာ ရှိနေကြလို့ပဲ။ အတွင်းဌာနခွဲရဲ့ ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်တယ်။ ဘယ်သူမှ အချိန်ဖြုန်းမယ့်သူတွေ မဟုတ်ဘူး။ သင်တန်းသား အတော်များများဆိုရင် ဒီလေ့ကျင့်ရေးစင်တာထဲမှာပဲ စားအိပ်လုပ်နေကြတာ အခု ငါတို့ ခင်ဗျားတို့ကို အထဲခေါ်သွားပြီး ကိုယ်တိုင်ကြည့်ခိုင်းပါ့မယ် "

ရှောင်ဟိုင်လီက ရှင်းပြသည်။

စတီဂျီယန် လေ့ကျင့်ရေးစင်တာထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရှဖေးသည် ဤနေရာ၏ ထူးဆန်းသော လေထုကို ချက်ချင်း ခံစားလိုက်ရသည်။ လေထုမှာ ထူးခြားနေပြီး နေရာတိုင်းတွင် စွမ်းအင်များ ပြည့်ဝ နေသလိုပင်။ အထဲသို့ ပိုတိုးဝင်သွားလေ သူသည် ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။

" ဒီနေရာက စွမ်းအင်တွေက အတော်လေး ထူထပ်တာပဲ " ဖန်တန်သည် မောစတုန်းထဲမှ ခေါင်းပြူထွက်လာပြီး ပတ်ဝန်းကျင်မှ လေထုကို အနံ့ခံကြည့်ကာ မှတ်ချက်ပေးလိုက်သည်။

ရှဖေးသည် ရှင်းမပြတတ်သော်လည်း သူ၏ ပတ်ဝန်းကျင်တွင် မရေမရာသော မသက်မသာဖြစ်မှုကို ခံစားနေရသည်။ ဤလေ့ကျင့်ရေးစင်တာက ထူးဆန်းသော အရာတစ်ခုခုကို ထုတ်လွှတ်နေသကဲ့သို့ ခံစားနေရသော်လည်း မည်သည့်အရာဖြစ်သည်ကိုမူ ရှဖေး အတိအကျ မပြောနိုင်ပေ။

ခန်းမကြီး၏ အလယ်တည့်တည့်တွင် ကြီးမားပြီး နက်ရှိုင်းသော တွင်းကြီးတစ်တွင်း ရှိသည်။ ထိုတွင်းပေါ်တွင် ကျဉ်းမြောင်းသော သတ္တုတံတားတစ်စင်းကို ဖြတ်ကျော်တည်ဆောက်ထားပြီး တွင်းမှာ မီတာ ရာနှင့်ချီ၍ နက်ပုံရကာ ၎င်း၏ ပတ်လည်တွင် အခန်းပေါင်းများစွာ ရှိနေသည်။

ရှဖေးက စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။ အကယ်၍ အဆင့်တစ်ခုစီတွင် အခန်း ၁၂ ခန်းရှိပြီး စုစုပေါင်း အဆင့် ၅၀ ရှိပါက တံတားအောက်တွင် စုစုပေါင်း လေ့ကျင့်ရေးအခန်း ၆၀၀ ရှိနေသည်ဟု ဆိုလိုသည်။ ထို့ကြောင့် တစ်ချိန်တည်းမှာပင် သင်တန်းသား ၆၀၀ ခန့်ကို လက်ခံထားနိုင်သည်။

" ဟိုတုန်းက ငါလည်း ဒီမှာ အတော်လေး ရုန်းကန်ခဲ့ရဖူးတယ်။ ငါ ဒီလေ့ကျင့်ရေးအခန်းထဲမှာ အကြာဆုံး နေခဲ့တာက ငါးလတိတိပဲ " ရှောင်ဟိုင်လီက အတိတ်ကို ပြန်ပြောင်းသတိရကာ ပြောလိုက်သည်။

" အတွင်းဌာနခွဲက ခင်ဗျားတို့အားလုံးအတွက် လေ့ကျင့်ရေးအခန်း ၅ ခန်း ပြင်ဆင်ထားပေးတယ်။ အခု တကယ့် အရည်အသွေးမြင့် လေ့ကျင့်ရေးအခန်းရဲ့ အကျိုးသက်ရောက်မှုတွေကို သွားပြီး အတွေ့အကြုံ ယူကြည့်ကြတာပေါ့။ နောက် ၂၄ နာရီ ကြာရင်တော့ ခင်ဗျားတို့ မထွက်ချင်ရင်တောင် ငါတို့က ကန်ထုတ်မှာနော် " ရှောင်ဟိုင်လီက ရယ်မောကာ ပြက်လုံးထုတ်လိုက်သည်။

ဓာတ်လှေကားဖြင့် ၁၅ ထပ်ခန့် ဆင်းသွားပြီးနောက် ရှောင်ဟိုင်လီသည် နံပါတ်တပ်ထားသော ကတ်ပြား ၅ ခုကို ထုတ်ယူကာ လူသစ်များကို ပေးလိုက်သည်။ ရဲ့ရှောင်ဟန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူမ၏ နှုတ်ခမ်းကို ကိုက်ကာ " ရှဖေး ။ ငါနဲ့ လိုက်ခဲ့ " ဟု ပြောလိုက်သည်။

" အားလုံးပဲ ကြည့်ကြပါဦး... တစ်ယောက်ယောက်ကတော့ အထူးအခွင့်အရေးတွေ ရနေပြီ " အမြဲတမ်း နောက်ပြောင်တတ်သော မွန်းဆောင်းသည် ရှဖေးကို ကြည့်ကာ မျက်နှာပြောင်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ပေဟိုင်နှင့် မန်ကျန်းတို့က ပါးစပ်ပိတ်ကာ တဟိဟိ ရယ်မောနေကြပြီး ရှောင်ဟိုင်လီမှာမူ ဘေးနားတွင် ရပ်နေရင်း မကျေမနပ် ဖြစ်နေခဲ့သည်။ သို့သော် သူ၏ မျက်နှာပေါ်တွင် မဖော်ပြဘဲ တောက်ပသော အပြုံးကိုသာ ဆက်လက်ထိန်းသိမ်းထားသည်။

ရဲ့ရှောင်ဟန်သည် အခြားသူများ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ရှဖေးနောက်သို့ ခြေလှမ်းအနည်းငယ်ဖြင့် လိုက်သွားကာ အခန်း ၁၅၁၂ ထဲသို့ အတူတူ ဝင်သွားခဲ့ကြသည်။ ရဲ့ရှောင်ဟန်သည် ရှဖေး၏ လက်ထဲမှ ကတ်ပြားကို ယူကာ တံခါးဘေးရှိ အပေါက်ထဲသို့ ထည့်လိုက်ပြီး အထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

" ဝင်ခဲ့ပါ ။ ငါ မင်းကို ပြောစရာ ရှိလို့ " ရဲ့ရှောင်ဟန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ လုံခြုံသော အခန်းထဲတွင် အသံမှာ အလွယ်တကူ ပျံ့လွင့်နိုင်သဖြင့် သူမ အကျယ်ကြီး ပြောရန် မလိုပေ။ သို့သော် မွန်းဆောင်းနှင့် အခြားသူများမှာမူ သူမပြောသည်ကို ရှင်းရှင်းလင်းလင်း ကြားနေရသဖြင့် နောက်တစ်ကြိမ် တဟားဟား ရယ်မောလိုက်ကြပြန်သည်။

ရှောင်ဟိုင်လီသည် မလှမ်းမကမ်းမှ နေ၍ သွားကြိတ်ကာ ရှဖေးနှင့် ရဲ့ရှောင်ဟန်တို့ကို အေးစက်စက် ကြည့်နေခဲ့သည်။ ရှဖေးမှာ အခန်းထဲသို့ ဝင်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သူ အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရဲ့ရှောင်ဟန်က နောက်မှ တံခါးကို ပိတ်လိုက်သည်။

" စတီဂျီယန် လေ့ကျင့်ရေးစင်တာရဲ့ လေ့ကျင့်ရေးအခန်းတွေက အလွန်ထူးခြားတယ်။ အထဲမှာ စွမ်းအင်တွေ အများကြီး ရှိနေတဲ့အတွက် လေ့ကျင့်နေစဉ်အတွင်း သင်တန်းသားတွေက သူတို့ရဲ့ စွမ်းအင်တွေကို အဆက်မပြတ် ဖြည့်တင်းနိုင်သလို ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တိုးတက်စေတယ်။ စွမ်းအင်ကို အစကတည်းက အမြင့်ဆုံးအဆင့်အထိ မချိန်ညှိဖို့ သတိထားရမယ်။ တဖြည်းဖြည်းချင်းပဲ တိုးသွားရမယ် " ရဲ့ရှောင်ဟန်က ရှဖေးကို ညွှန်ကြားလိုက်သည်။

" အဲဒါတွေကို အခုနကပဲ ပြောပြီးပြီ မဟုတ်ဘူးလား " ရှဖေးက သံသယဖြင့် မေးလိုက်သည်။

" ငါက အတော်လေး ဂရုမစိုက်တတ်တဲ့သူလို့ ထင်ရလား " ရဲ့ရှောင်ဟန်သည် ခေါင်းငုံ့ကာ ခဏမျှ တွေးနေပြီးမှ မေးလိုက်သည်။ ရှဖေးသည် ဤမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း အပြုံးလေးဖြင့် " အမှန်အတိုင်း ပြောရရင် အနည်းငယ်တော့ ရှိတာပေါ့။ ဒါပေမဲ့ အဲဒီလောက်ကြီးတော့ မဆိုးပါဘူး " ဟု ပြန်ဖြေလိုက်သည်။

ရဲ့ရှောင်ဟန်သည် အနည်းငယ် စိတ်ပျက်သွားသည့် ပုံပေါ်သည်။ သူမသည် ခေါင်းလေးညိတ်ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ရှဖေးသည် ပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်စေရန် အခန်းထဲတွင် တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်သည်။ လေ့ကျင့်ရေးအခန်းကို အတွင်းခန်းနှင့် အပြင်ခန်းဟူ၍ ခွဲခြားထားသည်။ အပြင်ခန်းမှာ နေထိုင်ရန် နေရာဖြစ်ပြီး အေအိုင် ကွန်ပျူတာ။ ဆိုဖာ။ စားပွဲနှင့် ကုလားထိုင်။ အိပ်ရာနှင့် ရေချိုးခန်းတို့ ပါဝင်သည်။ အတွင်းခန်း၏ နံရံနှင့် မျက်နှာကျက်များတွင် ပျားအုံပုံစံ စက်ဝိုင်းပေါက်လေးများ ရှိနေပြီး ကြမ်းပြင်ပေါ်တွင် နူးညံ့သော ကော်ဇောကို ခင်းထားသည်။ ထိုအရာမှလွဲ၍ အထဲတွင် အခြားဘာမှ မရှိပေ။

ရှဖေးသည် အတွင်းခန်းထဲသို့ လှမ်းဝင်လိုက်ပြီး ရဲ့ရှောင်ဟန် ပြောခဲ့သည့်အတိုင်း နံရံရှိ ခလုတ်တစ်ခုကို လှည့်လိုက်သည်။ အနည်းငယ် လှည့်လိုက်ရုံဖြင့် ရှဖေးသည် ပြင်းထန်သော စွမ်းအင်လှိုင်းများမှာ အဆုံးမရှိသော ပင်လယ်ပြင်ကြီးကဲ့သို့ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရူးသွပ်စွာ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

ဤစွမ်းအင်လှိုင်းမှာ အလွန်ထူးခြားသည်။ ၎င်းသည် သူ၏ အရေပြားကို ဖောက်ထွက်ပြီး ခန္ဓာကိုယ်၏ နက်ရှိုင်းသော နေရာများအထိ ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။ ၎င်းမှာ မီးပုံးပျံတစ်ခုကို လေမှုတ်သွင်းနေသကဲ့သို့ပင် ဖြစ်သည်။ စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်လာပြီး မကြာမီမှာပင် ရှဖေး၏ အရေပြားမှာ စတင်နီရဲလာသည်။

ဖန်တန်သည် အခန်းထဲတွင် ခြေဖျားထောက် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။

" ဝိညာဉ်နှလုံးသား အကြောင်းကို မင်း မှတ်မိသေးလား " ဖန်တန်က မေးလိုက်သည်။

ရှဖေးက ခေါင်းညိတ်လိုက်ပြီး " အတ္တလန်တစ် ကို စူးစမ်းတုန်းက သုံးခဲ့တာလေ။ အဲဒါက စကြဝဠာရဲ့ မူလစွမ်းအားတွေ ပါဝင်နေတဲ့ သန့်စင်တဲ့ စွမ်းအင်တစ်မျိုးလို့ မင်းပြောခဲ့တာ ငါမှတ်မိတယ် " ဟု ပြန်ပြောသည်။

" ဟုတ်တယ် ။ အခု မင်းဆီကို စီးဝင်နေတဲ့ စွမ်းအင်တွေကလည်း ဝိညာဉ်နှလုံးသားနဲ့ အမျိုးအစားတူတူပဲလို့ ငါပြောရဲတယ်။ ဒါပေမဲ့ ငါနားမလည်တာက သူတို့က ဘယ်လိုလုပ်ပြီး လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်တဲ့ ဒီလို စွမ်းအင်လှိုင်းတွေအဖြစ် ပြောင်းလဲလိုက်တာလဲ ဆိုတာပဲ "

စွမ်းအင်ကို လှိုင်းပုံစံနှင့် မျဉ်းဖြောင့်ပုံစံဟူ၍ နှစ်မျိုးခွဲခြားထားကြောင်း ရှဖေး စာအုပ်ထဲတွင် ဖတ်ဖူးခဲ့သည်။ မျဉ်းဖြောင့်စွမ်းအင်သည် စက်ပစ္စည်းများကို စွမ်းအင်ပေးနိုင်သော်လည်း လူသားများမှာမူ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ၎င်းကို တိုက်ရိုက် စုပ်ယူနိုင်ခြင်း မရှိပေ။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် လှိုင်းပုံစံ စွမ်းအင်မှ ထွက်ပေါ်လာသော စွမ်းအင်များကိုသာ စုပ်ယူနိုင်သည်။

ဝိညာဉ်နှလုံးသား၏ မျဉ်းဖြောင့်စွမ်းအင်ကို လူ့ခန္ဓာကိုယ်မှ စုပ်ယူနိုင်သော လှိုင်းပုံစံစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည့် ဤလုပ်ငန်းစဉ်နောက်ကွယ်မှ နည်းပညာမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

အကယ်၍ လူသားများသာ ဤနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပါက အစားအစာအပေါ် မှီခိုမှုကို ဖယ်ရှားနိုင်မည်ဖြစ်ပြီး စွမ်းအင်ပါဝင်သည့် ကျောက်တုံးတစ်ခုကို ကိုင်ထားရုံဖြင့် စွမ်းအင်များကို တိုက်ရိုက် ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ စွမ်းအင်ဖြည့်တင်းရန် အစားအစာကိုသာ အားကိုးနေရသည့် ထိရောက်မှုမရှိခြင်းကို ဖြေရှင်းပေးနိုင်ရုံသာမက လူသားများ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုလည်း များစွာ သန်မာလာစေမည် ဖြစ်သည်။

" ဒါက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ တရားစီရင်ရေးသမဂ္ဂက အခုအချိန်အထိ ဘာလို့ ဒီလောက် အင်အားကြီးနေရတာလဲဆိုတာ နားလည်သွားပြီ။ သူတို့က ဒီလို အဆင့်မြင့် နည်းပညာတွေကို ပိုင်ဆိုင်ထားလို့ကိုး " ဖန်တန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

ခဏအကြာတွင် ရှဖေးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ငွေရောင်အပ်ပေါင်း များစွာဖြင့် ထိုးဆွခံနေရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ယားယံလာကာ မသက်မသာ ဖြစ်လာခဲ့သည်။

" ဒီစွမ်းအင်တွေက ငါ့ရဲ့ ကျင့်ကြံခြင်း အတွက် အထောက်အကူ ဖြစ်မှာလား " ရှဖေးက မေးလိုက်သည်။

" မဖြစ်ဘူး " ဖန်တန်က ချက်ချင်း ပြန်ဖြေသည်။

" မင်းခန္ဓာကိုယ်ရဲ့ ကျင့်ကြံနိုင်စွမ်းက ပျက်စီးသွားပြီဆိုတော့ ဒီစွမ်းအင်တွေက မင်းအတွက် အသုံးမဝင်ဘူး။ အကောင်းဆုံးအနေနဲ့ကတော့ မင်းကို လန်းဆန်းတက်ကြွစေရုံပဲ ရှိမယ် " ရှဖေးမှာ စိတ်ပျက်သွားသဖြင့် စကားမပြောနိုင်တော့ပေ။

" ဒါပေမဲ့ ဒီစွမ်းအင်တွေက မင်းရဲ့ ဆဲလ်တွေ လှုပ်ရှားမှုကို မြန်ဆန်စေနိုင်တယ်။ အဲဒါက မင်းခန္ဓာကိုယ်ရဲ့ ဆေးစုပ်ယူမှုနှုန်းကို မြှင့်တင်ပေးရာမှာ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ အကယ်၍ မင်း ဒီလို ပတ်ဝန်းကျင်မှာ အချိန်အတိုင်းအတာတစ်ခုအထိ နေမယ်ဆိုရင် မင်းရဲ့ ဆေးစုပ်ယူမှုနှုန်းကို မြန်ဆန်စေပြီး မင်းရဲ့ အဆင့်တက်ဖို့အတွက် အကူအညီ ဖြစ်မှာပါ "

" ငါ့ရဲ့ ဆေးစုပ်ယူမှုနှုန်းကို မြန်ဆန်စေမယ် ဟုတ်လား " ရှဖေးသည် အတော်လေး အံ့အားသင့်သွားပြီး မေးလိုက်သည်။

သူသည် သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ ကိရိယာကို ထုတ်ယူကာ သူ၏ အရေပြားတွင် ကပ်၍ စစ်ဆေးကြည့်လိုက်သည်။ ရလဒ်ကို ကြည့်လိုက်ပြီးနောက် ရှဖေးသည် ဝပ်သာအားရ ဖြစ်သွားခဲ့သည်။

" အို... ဝါး... ငါ့ရဲ့ ဆေးအမြန်နှုန်းက အတော်လေး မြန်မြန် ကျဆင်းနေတာပဲ။ ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် နာရီအနည်းငယ်အတွင်းမှာ ငါ့ခန္ဓာကိုယ်ထဲက ဆေးကြွင်းဆေးကျန်တွေကို အပြည့်အဝ စုပ်ယူနိုင်မှာပဲ။ အဲဒီအချိန်ကျရင် ငါ့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့အတွက် နောက်ထပ် ဆေးတစ်လုံးကို သောက်လို့ ရပြီ "

အခန်း (၉၃) : အဆင့်မြင့် ကြယ်တာရာအဆင့်

လေ့ကျင့်ရေးအခန်းအတွင်းတွင် စွမ်းအင်အမြောက်အမြား ပြည့်နှက်နေသည်။ ၎င်းသည် ရှဖေး၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ လှုပ်ရှားမှုကို မြန်ဆန်စေရုံသာမက ဆေးရည်ကို သောက်သုံးသည့်အခါ ခံစားရသော နာကျင်မှုကိုလည်း သိသိသာသာ ပြင်းထန်စေခဲ့သည်။

ရှဖေးသည် လေ့ကျင့်ရေးစခန်း၏ အလယ်တွင် ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ရင်နေသည်။ သူသည် ခဏတွင် မီးတောင်တစ်ခုထဲ ရောက်နေသကဲ့သို့ ပူလောင်နေပြီး နောက်ခဏတွင် ဆီးနှင်းမုန်တိုင်းအလယ်တွင် ရပ်နေသကဲ့သို့ အေးစက်နေပြန်သည်။

အချိန်အတော်ကြာပြီးနောက် ထိုသိသာထင်ရှားသော ခံစားချက်နှစ်ခုမှာ ရုတ်တရက် ကွဲပြားသွားပြီး ရှဖေးသည် သူ၏ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှာ မီးလောင်နေသကဲ့သို့ ခံစားရပြီး ညာဘက်ခြမ်းမှာမူ ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။

ရှဖေးသည် လူကို ရူးသွပ်စေနိုင်သော ထိုခံစားချက်နှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားရင်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ဖြည်းဖြည်းချင်း ချိန်ညှိလိုက်သည်။

" အဲဒါတွေကို ထိန်းချုပ်ဖို့ မကြိုးစားနဲ့ ဆေးက ဓာတ်ကူပစ္စည်းလိုပဲ အခု မင်းရဲ့ ခန္ဓာကိုယ်ကို အထပ်ထပ် အခါခါ သန့်စင်ပေးနေတာ။ မင်းရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ သန့်စင်ပြီးသွားတဲ့အခါ မင်းခံစားနေရတဲ့ နာကျင်မှုတွေကလည်း သဘာဝအတိုင်း ပျောက်ကွယ်သွားလိမ့်မယ် " ဘေးနားတွင် ရပ်နေသော ဖန်တန်က ရှင်းပြလိုက်သည်။

" နာကျင်မှုကို ခံစားနေရတာ မင်းမှ မဟုတ်တာ။ ပြောရတာကတော့ လွယ်တာပေါ့ " ရှဖေးက သူ၏ နှုတ်ခမ်းကို မဲ့လိုက်ပြီး ပြောလိုက်သည်။

ဖန်တန်က ရှဖေးကို ကြည့်ကာ ပြုံးလိုက်ပြီး " မင်းပြောတာ မှန်ပါတယ် ဘာပဲဖြစ်ဖြစ် မင်းကတော့ ဒီနာကျင်မှုကို ပျော်အောင် ကြိုးစားသင်ယူရမှာပဲ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ ဆေးဝါးတွေ သုံးတာက မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်တဲ့ သန့်စင်မှု လုပ်ငန်းစဉ်ထဲ ထည့်လိုက်တာနဲ့ အတူတူပဲ။ မင်းသောက်တဲ့ ဆေးတွေရဲ့ အရည်အသွေး မြင့်လာလေလေ ဒီသန့်စင်မှုက ပိုပြီး ပြင်းထန်လာလေလေပဲ။ ဒါကြောင့် မင်း ဖြည်းဖြည်းချင်း အသားကျအောင် လုပ်ထားတာ အကောင်းဆုံးပဲ "

ရှဖေး၏ ခန္ဓာကိုယ်မှာ ရင်ကွဲမတတ် နာကျင်မှုကို ခံစားနေရသည်။ သူသည် အတင်းအကျပ် ထရပ်လိုက်ပြီး သူ၏ 'ကောက်ကျစ်သောထိုးနှက်ချက်' နည်းပညာကို လေ့ကျင့်ရန် ကြိုးစားလိုက်သည်။ သူသည် သူ၏ လှုပ်ရှားမှုများပေါ်တွင်သာ အာရုံအပြည့်အဝ စိုက်ထားပြီး ခန္ဓာကိုယ်မှ ခံစားနေရသည်များကို လျစ်လျူရှုထားလိုက်သည်။ ဤသို့ဖြင့် နာကျင်မှုမှ အာရုံလွှဲနိုင်ရန် သူ မျှော်လင့်နေမိသည်။

တဖြည်းဖြည်းနှင့် ရှဖေးသည် နာကျင်မှုကို အသားကျလာသည်ကို တွေ့ရှိခဲ့သည်။ နာကျင်မှုကို လျှော့ချရန် တစ်ခုတည်းသော နည်းလမ်းမှာ အာရုံကို အခြားတစ်နေရာသို့ ပို့ထားခြင်းဖြစ်ကြောင်း ရှဖေး နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ လူတစ်ယောက်သည် တစ်စုံတစ်ခုကို အာရုံစိုက်လိုက်သည့်အခါ အခြားအရာအားလုံးမှာ အရေးမကြီးတော့ပေ။

နာရီ ၂၀ ကြာပြီးနောက် ရှဖေးသည် လေ့ကျင့်ရေးအခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့နေပြီး သူ၏ အဝတ်အစားများမှာလည်း ရေကူးကန်ထဲမှ တက်လာသူကဲ့သို့ ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။

" မင်း အဆင်ပြေရဲ့လား " ရှဖေး၏ ဆိုးရွားလှသော အခြေအနေကို မြင်သောအခါ မွန်းဆောင်းက မေးလိုက်သည်။

ရှဖေးက အားနည်းစွာ ရယ်မောလိုက်ပြီး " အဆင်ပြေပါတယ်။ ငါ မတော်တဆ အိပ်ပျော်သွားပြီး အိမ်မက်ဆိုး မက်သွားလို့ပါ "

" အိပ်တာ ဟုတ်လား ဒီလို ရှားပါးတဲ့ အခွင့်အရေးကို သုံးပြီး မင်းက အိပ်နေတာလား။ မင်းလောက် ရည်မှန်းချက် မရှိတဲ့လူ ငါ တစ်ခါမှ မမြင်ဖူးဘူး " မွန်းဆောင်းက လက်ပိုက်ကာ သူ့ကို ပညာပေးလိုသည့် အမူအရာဖြင့် ဆူပူလိုက်သည်။

မြေပြင်ပေါ်သို့ ပြန်တက်ရန် ဓာတ်လှေကားပေါ်သို့ တက်လိုက်ကြရာ ခန်းမထဲတွင် ရဲ့ရှောင်ဟန်နှင့် ရှောင်ဟိုင်လီတို့ နှစ်ဦးလုံး စောင့်နေကြသည်။ သူတို့နှင့်အတူ လေ့ကျင့်ရေးစခန်း၏ တပ်ရင်းမှူး ရဲ့ကျင်းရှန်း နှင့် ရှဖေး မသိသော အဖိုးအိုတစ်ဦးလည်း ရှိနေသည်။

ထိုအဖိုးအိုမှာ အသက် ၇၀ ဝန်းကျင်ခန့် ရှိပုံရပြီး အသားညိုကာ ပါးရိုးများ မြင့်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဆီ တစ်စက်မျှ မရှိဘဲ သူ၏ လက်မောင်းများမှာ သစ်သားခြောက်များကဲ့သို့ သေးသွယ်နေသည်။ သူ၏ မျက်လုံးများမှာ ထက်မြက်ပြီး ကြည်လင်နေ၏။

ရှဖေးက သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ရဲ့ရှောင်ဟန်နှင့် ရှောင်ဟိုင်လီတို့၏ အမူအရာမှာ တစ်မျိုးဖြစ်နေသည်ကို ပါးနပ်စွာ သတိပြုမိလိုက်သည်။ ထိုသူနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် အတော်လေး ဝေးဝေးတွင် ရပ်နေကြပြီး အကြည့်ချင်းပင် မဆုံကြပေ။

ရဲ့ရှောင်ဟန်မှာ ရေခဲဘုရင်မကဲ့သို့ အေးစက်သော အမူအရာကို ဆက်လက် ပြသနေဆဲ ဖြစ်သော်လည်း သူမသည် သူမ၏ အောက်နှုတ်ခမ်းကို ခဏခဏ ကိုက်နေသည်ကို ရှဖေး သတိထားမိလိုက်သည်။ ဆိုလိုသည်မှာ သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲနေခြင်းပင် ဖြစ်သည်။

သူမကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးရှိသူသည် အရာအားလုံးကို ရင်ထဲတွင်သာ ထားတတ်ပြီး ပြင်ပသို့ ထုတ်ဖော်ပြသခဲလှသည်။ နှုတ်ခမ်းကို ကိုက်ခြင်းမှာ သာမန်လူတစ်ယောက်အတွက် အရေးမကြီးသော်လည်း ရဲ့ရှောင်ဟန်ကဲ့သို့သော သူတစ်ယောက်အတွက်မူ သူမသည် အလွန်တရာ သည်းမခံနိုင်သော အရာတစ်ခုကို ကြုံတွေ့နေရသည်ဟု အဓိပ္ပာယ်ရသည်။

ရှောင်ဟိုင်လီမှာ ပို၍ပင် ထူးဆန်းနေသည်။ သူသည် ပုံမှန်အားဖြင့် နေရာတိုင်းတွင် အမြဲပြုံးနေတတ်ပြီး အကောင်းမြင်တတ်သူတစ်ဦးအဖြစ် ပုံဖော်ထားသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ အပြုံးမှာ အလွန်ပင် သဘာဝမကျပေ။ ၎င်းမှာ အတင်းအကျပ် ပြုံးထားခြင်းဖြစ်ပြီး ရှဖေးသည် သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများ တုန်ခါနေသည်ကိုပင် မြင်တွေ့နေရသည်။

ရဲ့ကျင်းရှန်းက လူသစ်များကို သူနှင့်အတူ ပူးပေါင်းရန် ခေါ်လိုက်ပြီး " အတွင်းဌာနခွဲက အတွေ့အကြုံတွေအပေါ် ခင်ဗျားတို့ ဘယ်လို ခံစားရလဲ " ဟု မေးလိုက်သည်။

မွန်းဆောင်းနှင့် ချန်သုန်းတို့မှာမူ ထိုနေရာ၏ ကောင်းကွက်များကို ကောင်းကင်အထိ ရောက်အောင် ချီးမွမ်းနေကြသော်လည်း ရှဖေးကမူ ဘာမှမပြောပေ။ သူသည် အလွန်အမင်း အားနည်းနေပြီး လမ်းလျှောက်ရန်ပင် အနိုင်နိုင် ကြိုးစားနေရသည်။

" ဒီပုဂ္ဂိုလ်ကတော့ အတွင်းဌာနခွဲရဲ့ ဌာနကြီးမှူး ကင်စတန် ပဲ။ အကယ်၍ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က အတွင်းဌာနခွဲကို ဝင်ခွင့်ရခဲ့ရင် သူ့ရဲ့ လမ်းညွှန်မှုအောက်မှာ သင်တန်းသား ဖြစ်လာမှာပါ " ရဲ့ကျင်ရှန်းက သူ၏ ဘေးရှိ ပိန်ပိန်ပါးပါး အဖိုးအိုကို ညွှန်ပြကာ ရှင်းပြလိုက်သည်။ ဌာနကြီးမှူး ကင်စတန်က ခေါင်းညိတ်ပြလိုက်ပြီး ၎င်းမှာ ရှဖေးနှင့် အခြားသူများကို နှုတ်ဆက်ခြင်းပင် ဖြစ်သည်။

" ဪ... ဒါနဲ့ ခင်ဗျားတို့ရဲ့ မော်တာအဖွဲ့က ဒီနှစ်မှာ အတော်လေး စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ငါက ခင်ဗျားတို့ကို နောက်ထပ် ဆုတစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါကတော့ တကယ့် တိုက်ပွဲအတွေ့အကြုံတွေ ရအောင် အဖွဲ့ (၁၃) နဲ့အတူ မစ်ရှင်တစ်ခု လိုက်သွားရမှာပဲ။ ခင်ဗျားတို့ အားလုံး မနက်ဖြန် ထွက်ခွာရမယ်။ မစ်ရှင်အကြောင်း အသေးစိတ်ကိုတော့ ခင်ဗျားတို့ရဲ့ အီးမေးလ်တွေထဲ ပို့ထားပြီးပြီ။ ပြန်သွားပြီး သေချာဖတ်ကြည့်လိုက်ကြ " ရဲ့ကျင်ရှန်းက ပြောလိုက်သည်။

'အဖွဲ့ (၁၃) နဲ့အတူ မစ်ရှင် ဟုတ်လား' ရှဖေးသည် သံသယလှိုင်းတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။ ရှောင်ဟိုင်လီသည် သူ့အပေါ် မကောင်းကြံစည်နေသည်ဟူသော သက်သေ မရှိသော်လည်း ရှဖေးသည် ထိုလူကို မနှစ်သက်ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်ရာ သူနှင့်အတူ မစ်ရှင်လိုက်ရမည်ကို အထူးတလည် မပျော်ရွှင်မိပေ။

သို့သော် ရဲ့ကျင်ရှန်းမှာ ဤကိစ္စကို ဆွေးနွေးရန် ပုံစံမရှိဘဲ မစ်ရှင်အမည်ခံကာ လူသစ်များကို အဖွဲ့ (၁၃) နှင့်အတူ လွှတ်ရန် အမိန့်ပေးသည့် လေသံဖြင့်သာ ပြောခဲ့ခြင်းဖြစ်သည်။ ရှဖေးက ထိုအကြောင်းကို တွေးတောကြည့်ပြီးနောက် ဤအမိန့်ကို ကန့်ကွက်ခြင်း မပြုခဲ့ပေ။

လွန်းပျံယာဉ်သည် အဆောင်အပြင်ဘက်သို့ ဆင်းသက်လိုက်ရာ သင်တန်းသား အချို့က သူတို့ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရှဖေးနှင့် အခြားသူများသည် အတွင်းဌာနခွဲမှ ပြန်လာခြင်းဖြစ်သည်ကို လူတိုင်း သိနေကြသောကြောင့် ဖြစ်သည်။

ဤသင်တန်းသား အများစုမှာ အတွင်းဌာနခွဲသို့ ဝင်ရောက်ရန် အခွင့်အရေး မရှိကြပေ။ ထိုနေရာကို လှမ်းကြည့်ရုံဖြင့်ပင် စိတ်ကူးယဉ်စရာ ဖြစ်နေသော်လည်း ရှဖေးနှင့် အခြားသူများမှာမူ အတွင်းဌာနခွဲတွင် ၂၄ နာရီတိတိ နေထိုင်ခွင့် ရခဲ့သဖြင့် အခြားသင်တန်းသားများ၏ အားကျမှုကို ဖြစ်စေခြင်းမှာ သဘာဝပင် ဖြစ်သည်။

ရေချိုးပြီးနောက် ရှဖေးသည် အဆောင်နှင့် မလှမ်းမကမ်းရှိ သာမန်လေ့ကျင့်ရေးစင်တာသို့ သွားခဲ့သည်။

" ကျွန်တော် အမြန်နှုန်းစမ်းသပ်တဲ့ ကိရိယာကို သုံးချင်လို့ပါ " ရှဖေးက သူ၏ ကတ်ပြားကို စားပွဲနောက်မှ ဝန်ထမ်းအား ပေးလိုက်သည်။

" ခြောက်ထပ်က နံပါတ် ၁၇ စမ်းသပ်ကိရိယာ အားပါတယ်။ ကျွန်တော် စီစဉ်ပေးလိုက်ပြီ။ အခု သွားသုံးလို့ ရပါပြီ " ဝန်ထမ်းက စာရင်းကို စစ်ဆေးပြီး ပြောလိုက်သည်။

" ကျေးဇူးအများကြီးတင်ပါတယ် " ရှဖေးက သူ၏ ကတ်ကို ပြန်ယူကာ ခြောက်ထပ်သို့ တက်လာခဲ့ပြီး သူ၏ ကတ်ကို အသုံးပြုကာ အခန်းတံခါးကို ဖွင့်လိုက်သည်။ ဤအခန်းမှာ ဧရိယာ စတုရန်းမီတာ ၂၀၀ ခန့် ကျယ်ဝန်းပြီး အတွင်း၌ အမြန်နှုန်းစမ်းသပ်ကိရိယာ တစ်ခုနှင့် အနားယူရန် ဆိုဖာတစ်ခု ရှိသည်။

ရှဖေးသည် သူ၏ 'လေရိပ် အမှတ်-၄' တိုက်ပွဲဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး အမြန်နှုန်းစမ်းသပ်ကိရိယာပေါ်တွင် ငြိမ်သက်စွာ ရပ်လိုက်သည်။ သူသည် မျက်နှာပြင်ပေါ်တွင် သူ၏ လက်ချောင်းဖြင့် အသာအယာ နှိပ်ကာ စမ်းသပ်ခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။

ဤအမြန်နှုန်းစမ်းသပ်စက်မှာ ကမ္ဘာပေါ်ရှိ လမ်းလျှောက်စက်နှင့် ဆင်တူသည်။ သူ၏ ခြေထောက်အောက်တွင် နူးညံ့သော သတ္တုဖြင့် ပြုလုပ်ထားသော လမ်းကြောင်းတစ်ခု ရှိနေပြီး ၎င်းပေါ်တွင် သူ ပြေးနိုင်သည်။ မြေပြင်မှာ သူပြေးသည့်အတိုင်း လိုက်ပါ ရွေ့လျားမည်ဖြစ်ပြီး သူ မည်မျှပင် မြန်မြန်ပြေးပါစေ ထိုလမ်းကြောင်းမှာ သူ၏ အမြန်နှုန်းအတိုင်း ကွဲလွဲမှုမရှိဘဲ အမြဲ လိုက်ပါနိုင်မည် ဖြစ်သည်။

ညာဘက်ရှိ မျက်နှာပြင်တွင် သူ၏ အမြင့်ဆုံး အမြန်နှုန်းနှုန်း။ ပြေးခဲ့သည့် အကွာအဝေး။ နှလုံးခုန်နှုန်း။ သွေးဖိအားနှင့် အခြားသော အချက်အလက်များကို မှတ်တမ်းတင်ထားသည်။

ရှဖေးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခြေထောက်နှစ်ဖက်ကို အမြန်နှုန်းစမ်းသပ်စက်ပေါ်တွင် ဖြည်းဖြည်းချင်း အမြန်နှုန်းမြှင့်ကာ အပူပေးလိုက်သည်။ သူ၏ အမြန်နှုန်းမှာ တဖြည်းဖြည်း မှန်မှန် တက်လာခဲ့သည်။

မကြာမီ ရှဖေးသည် ရပ်လိုက်ပြီး ရလဒ်များကို စစ်ဆေးရန် မျက်နှာပြင်သို့ လျှောက်သွားလိုက်သည်။

ယခင်က ရှဖေး၏ အမြန်နှုန်းနှုန်းကို ဖန်တန်၏ မျက်မြင် ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်ခဲ့သော်လည်း သူ၏ အမြင်အာရုံမှာ မည်မျှပင် ကောင်းမွန်ပါစေ သူသည် စက်တစ်လုံး မဟုတ်သဖြင့် တိကျမှု ရှိမည်မဟုတ်ပေ။

" အမြင့်ဆုံး အမြန်နှုန်းနှုန်း 877 m/s " ရှဖေးက မျက်နှာပြင်ကို စိုက်ကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

အဆင့်မြင့် ကြယ်တာရာအခြေခံအဆင့် ရှိသော အမြန်နှုန်းစွမ်းအားရှင်များအတွက် လိုအပ်ချက်မှာ 711 m/s ဖြစ်သော်လည်း ရှဖေးသည် ယခုမှ သူ၏ အမြန်နှုန်းမှာ အဆင့်မြင့် ကြယ်တာရာအဆင့် စံနှုန်းထက်ပင် ကျော်လွန်နေပြီဖြစ်ပြီး မူလ ကြယ်တာရာနယ်မြေအဆင့် အမြန်နှုန်းစွမ်းအားရှင် တစ်ဦးနှင့် နီးစပ်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

ထို့အပြင် ဤရလဒ်မှာ ရှဖေးသည် စတီဂျီယန် လေ့ကျင့်ရေးစင်တာရှိ ပြင်းထန်သော လေ့ကျင့်မှုများမှ သူ၏ ခန္ဓာကိုယ် အပြည့်အဝ ပြန်မကောင်းသေးမီ ရရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ကောင်းကောင်း အနားယူခဲ့မည်ဆိုလျှင် ဤရလဒ်ထက် 50 m/s ခန့် ပိုတိုးလာသည်ကို မြင်တွေ့ရပေမည်။

" ဟေ့ ဒီတစ်ခါ ဆေးရဲ့ အာနိသင်ကတော့ မဆိုးဘူးပဲ " မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်းများကို ကြည့်ပြီးနောက် ဖန်တန်က မှတ်ချက်ပေးလိုက်သည်။

မူလက ရှဖေး၏ အမြင့်ဆုံး အမြန်နှုန်းနှုန်းမှာ ၃၀၀မီတာ တစက္ကန့် သို့မဟုတ် ၄၀၀ခန့်သာ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် နှစ်ဆနီးပါး တိုးလာသည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။

" ဖန်တန် ဘာလို့ ချန်သုန်းရဲ့ ကျင့်ကြံခြင်းက ကြယ်တာရာမြစ်အဆင့် နဲ့ နီးစပ်နေပြီဖြစ်ပြီး ငါ့ဟာက ကြယ်တာရာနယ်မြေအဆင့်တောင် မရှိသေးတာလဲ။ ငါ့ရဲ့ အရည်အချင်းက တကယ်ပဲ အဲဒီလောက်တောင် နိမ့်နေလို့လား " ရှဖေးက ခဏမျှ တွေးတောပြီးနောက် မေးလိုက်သည်။

ဖန်တန်က အားကိုးရာမဲ့စွာ ခေါင်းခါလိုက်ပြီး " မင်းရဲ့ စွမ်းရည်က အမြန်နှုန်းလေ။ မင်း သိထားရမှာက စွမ်းရည်အားလုံးထဲမှာ အမြန်နှုန်းက အဆင့်တက်ဖို့ အခက်ဆုံးပဲ "

" အခြေခံ ကြယ်တာရာမြစ်အဆင့် အတွက် အမြန်နှုန်းလိုအပ်ချက်က တစက္ကန့် ၈၁၄၃မီတာ ကွ။ အဲဒါက ၁၀၀၀-နီးပါး ရှိတယ်။ အကယ်၍ မင်းသာ အဲဒီလောက် အမြန်နှုန်းရှိရင် ဘယ်သူမှ မင်းကို လိုက်မီမှာ မဟုတ်ဘူး။ အမြန်နှုန်းစွမ်းအားရှင်တစ်ယောက်ကို ထိန်းချုပ်ဖို့ မကြိုးစားသရွေ့တော့ တခြားသူတွေအားလုံးဟာ မင်းရဲ့ ကစားတာကို ခံကြရမှာပဲ။ ဒါကြောင့် အမြန်နှုန်းဆိုတာ အလွန်တရာ သာလွန်တဲ့ စွမ်းရည်တစ်ခုဖြစ်သလို အဆင့်တက်ဖို့ အနှေးကွေးဆုံးနဲ့ အခက်ခဲဆုံး အရာလည်း ဖြစ်တယ် "

" တိုက်ပွဲဝင် စွမ်းအားရှင် အားလုံးရဲ့ ဆယ့်ငါးရာခိုင်နှုန်းနီးပါးက အမြန်နှုန်းစွမ်းအားရှင်တွေ ဖြစ်ကြပေမယ့် အဆင့်မြင့်တဲ့အထိ တကယ် ကျင့်ကြံနိုင်တဲ့သူကတော့ အလွန်ရှားပါတယ်။ မင်းကော အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်တဲ့ အမြန်နှုန်းစွမ်းအားရှင် တစ်ယောက်ယောက်အကြောင်း ကြားဖူးလား " ဖန်တန်က မေးလိုက်သည်။

ရှဖေးက ခေါင်းခါလိုက်သည်။ ဤလေ့ကျင့်ရေးစခန်းမှာပင် အမြန်နှုန်းစွမ်းအားရှင် အနည်းငယ်သာ ရှိသည်ဆိုပါက အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်သူမှာ ဆိုဖွယ်ရာ မရှိပေ။ ဤစခန်းရှိ သင်တန်းသား အများစုမှာ ထူးခြားသော စွမ်းရည်များ ရှိကြပြီး အတွေ့ရအများဆုံး ဖြစ်သည့် ခွန်အားနှင့် အမြန်နှုန်း စွမ်းအားရှင်များမှာမူ ဤနေရာတွင် အနည်းဆုံး ဖြစ်နေသည်။

" အဆင့်နိမ့်တာက တိုက်ပွဲစွမ်းရည် အားနည်းတာကို ဆိုလိုတာ မဟုတ်ဘူးဆိုတာ မင်း မှတ်ထားရမယ်။ အမြန်နှုန်းစွမ်းအားရှင် တစ်ယောက်ကသာ အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်ခဲ့ရင် အဆင့်တူ ပြိုင်ဘက်တွေဟာ သူတို့ကို ပြန်တိုက်ခိုက်ဖို့တောင် မဖြစ်နိုင်တော့ဘူး။ အဆင့်မြင့်တဲ့လူတွေကိုတောင် လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်တာက မဖြစ်နိုင်တဲ့ အရာမဟုတ်ဘူး " ဖန်တန်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဪ... အမြန်နှုန်းစွမ်းအားရှင်တွေက ကျင့်ကြံရတာ ဒီလောက်ခက်ခဲတာကိုး " ရှဖေးက သူ့ဘာသာ ရေရွတ်လိုက်သည်။

ဖန်တန်က အတော်လေး ဂုဏ်ယူစွာဖြင့် ကြွားလိုက်သည်။

" ငါနဲ့ တွေ့တာက မင်းရဲ့ ကံတရားပဲ။ အကယ်၍ မင်းဘာသာမင်း ကျင့်ရမယ်ဆိုရင် တစ်သက်လုံး အဆင့်တစ်ခုတောင် တက်နိုင်ပါ့မလားလို့ ငါသံသယရှိတယ်။ နောက်ပြီး မင်းက ကံကောင်းလို့ မင်းဦးနှောက်ရဲ့ သတ္တမဒေသကို အပြည့်အဝ ဖွင့်နိုင်ခဲ့တာ။ အဲဒီလို မဟုတ်ရင် ငါပေးတဲ့ ဆေးတွေကို ပုလင်းလိုက် သောက်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ ဒီအချက်နှစ်ချက်က တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေပြီး တစ်ခုမရှိရင် မဖြစ်ဘူး... "

စာကြည့်တိုက်တွင် ချင်မန်သည် သူနှင့်အတူ အိပ်ပျော်နေသော ထိုကြောင်နက်ကြီးကို ပိုက်ထားစဉ် ရှဖေး ပြန်လာသည်ကို မြင်လိုက်ရသည်။ သူသည် မျက်လုံးများကို မှေးကြည့်လိုက်ပြီး " ဘယ်လိုလဲ ။ အတွင်းဌာနခွဲက အတော်လေး ကောင်းတယ် မဟုတ်လား " ဟု မေးလိုက်သည်။

ရှဖေးက ခေါင်းညိတ်လိုက်ပြီး လက်ဖက်ခြောက်အချို့ကို လက်ဖက်ရည်အိုးထဲသို့ ထည့်ကာ လက်ဖက်ရည် တစ်အိုး ကျိုလိုက်သည်။ ထို့နောက် သူက စားပွဲဆီသို့ ယူလာပြီး ချင်မန်နှင့် သူ့အတွက် တစ်ခွက်စီ ငှဲ့လိုက်သည်။

" မဆိုးပါဘူး ။ ဒါပေမဲ့ အတော်လေးတော့ တိတ်ဆိတ်လွန်းတယ်။ အတွင်းဌာနခွဲက လူတွေက တစ်ယောက်နဲ့တစ်ယောက် စကား သိပ်မပြောကြတာကို ငါ သတိထားမိတယ်။ အဲဒီမှာ အကြာကြီး နေလာတဲ့သူတွေတောင် တစ်ယောက်နဲ့တစ်ယောက် မသိကြတာက ထူးဆန်းတဲ့ အရာမဟုတ်ဘူး " ရှဖေးက မှတ်ချက်ပေးလိုက်သည်။

ချင်မန်ကမူ ဤအရာကို အံ့ဩခြင်း မရှိပေ။

" အဲဒါက သူတို့ကို အပြစ်တင်လို့ မရပါဘူး။ ဒီလောက် ကောင်းမွန်တဲ့ လေ့ကျင့်ရေး အဆောက်အဦးတွေ ရှိနေမှတော့ သူတို့က သူတို့ရဲ့ အဆင့်တက်ဖို့အတွက်ပဲ အပူတပြင်း ကြိုးစားကြမှာပေါ့ "

ရှဖေးသည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး သူ၏ လက်ကောက်ဝတ် ကွန်ပျူတာကို ဖွင့်ကာ မနက်ဖြန်အတွက် မစ်ရှင်အကြောင်း အသေးစိတ်ကို စစ်ဆေးလိုက်သည်။

" မစ်ရှင်အကြောင်း ဟုတ်လား ။ မင်း မစ်ရှင်တစ်ခု သွားရမလို့လား " ချင်မန်မှာ အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ဟုတ်ကဲ့ တပ်ရင်းမှူး ရဲ့က ကျွန်တော်တို့ကို မနက်ဖြန် အဖွဲ့ (၁၃) နဲ့အတူ မစ်ရှင်တစ်ခု လိုက်သွားဖို့ ညွှန်ကြားထားပါတယ် " ရှဖေးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

" လေ့ကျင့်ရေးစခန်းက သင်တန်းသားတွေကို တကယ့် မစ်ရှင်တွေဆီ လွှတ်တယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး " ချင်မန်က မျက်ခုံးကြုတ်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ရှဖေးက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မစ်ရှင်အကြောင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ " GPP1796 အာကာသစခန်း ။ အဲဒါက စွန့်ပစ်ထားတဲ့ စခန်းတစ်ခု ဖြစ်နေတာလား "

All Chapters