← Chapters

အခန်း (၂၈၂)

Vol. 28 Ch. 282

အခန်း (၂၈၂)

Vol. 28 Ch. 282

အခန်း။ ၂၈၂

မငြင်းဆန်နိုင်လောက်အောင် ဆွဲဆောင်မှုရှိသော ထိုအသံမှာ ချန်လျန်လျန်၏ နားထဲတွင် တူရိယာတေးသွားတစ်ခုကဲ့သို့ ပဲ့တင်ထပ်သွားသည်။

"လျန်လျန်... မင်းက တကယ်ပဲ ဒီမင်းသားကို အသေတွန်းပို့ချင်တာလား"

ထိုအမျိုးသား၏ ပြင်းရှသော အသက်ရှူသံမှာ ချန်လျန်လျန်၏ ပါးပြင်ကို ဖြတ်သန်းသွားရာ သူမ၏ပါးပြင်ထက်၌ သတိမထားမိဘဲ နီမြန်းသော အရိပ်အယောင်များ ယှက်သန်းသွားတော့သည်။

ယီပိုင်မင်း၏ မျက်ဝန်းအစုံမှာ နက်ရှိုင်းသော ချောက်ကမ္ဘာတစ်ခုကဲ့သို့ပင်။ တစ်ချက်မျှ ထပ်ကြည့်ရုံမျှဖြင့် လူတစ်ကိုယ်လုံးကို ဝါးမြိုသွားနိုင်လောက်သည်ဟု ထင်မှတ်ရသည်။ ချန်လျန်လျန်သည် တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရပြီး မည်သည့်စကားမျှ ထပ်မံ၍ မပြောနိုင်တော့ချေ။

"မဟုတ်ပါဘူး... ပိုင်မင်း ကျွန်မက..."

ချန်လျန်လျန်၏ စကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ လှပသော မျက်ဝန်းအစုံမှာလည်း ပြူးကျယ်သွားတော့သည်။

အေးစက်လှသော လက်တစ်စုံက သူမ၏မေးစေ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရာ သူမ၏ အရိုးများမှ နာကျင်စွာ အက်ကွဲသံ မြည်လာသည်ကို ကြားလိုက်ရသည်။ ချန်လျန်လျန်သည် စကားပင် မဟနိုင်တော့ဘဲ သူမ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်သွားတော့သည်။

"စမ်းကြည့်လိုက်လေ... အော်ကြည့်လိုက်စမ်းပါ။ လူဘယ်နှစ်ယောက် ရောက်လာမလဲဆိုတာ ကြည့်ရအောင်"

ယီပိုင်မင်း၏ လက်ချောင်းထိပ်များသည် သွယ်လျပြီး ရေခဲကဲ့သို့ အေးစက်နေသည်။

သူ့တွင် အလွန်လှပသော လက်တစ်စုံ ရှိသော်လည်း ယခုအခါ ထိုလက်ချောင်းများက သူမ၏ပါးပြင်ကို ပွတ်သပ်နေစဉ်တွင်မူ ချန်လျန်လျန်၏ နှလုံးသားထဲ၌ မကြုံစဖူးသော ထိတ်လန့်မှုကို ခံစားနေရသည်။

ရုတ်တရက်ဆိုသလို သူမ၏ မေးရိုးဆီမှ ပြင်းထန်သော နာကျင်မှုတစ်ခု တိုးဝင်လာသည်။

သူမ၏ မေးရိုးမှာ အရှင်လတ်လတ်ပင် နာကျင်စွာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။ ချန်လျန်လျန်မှာ အလွန်အမင်း နာကျင်လှသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ယီပိုင်မင်းက သူမအပေါ်တွင် ဤမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူမ အမှန်တကယ် မထင်မှတ်ထားခဲ့ပေ။

ရုတ်တရက်ဆိုသလို သူမသည် စကားတစ်ခွန်းကို ပြန်လည်သတိရလိုက်မိသည်။ တစ်ခါက အိမ်ရှေ့မင်းသားသည် အရက်မူးနေစဉ် သူမကို ဖက်ထားရင်း "လျန်လျန်... ခမည်းတော်က ဘာဖြစ်လို့ ယီပိုင်မင်းကို ရာထူးက ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာ မင်းသိရဲ့လား" ဟု မေးခဲ့ဖူးသည်။

ထိုစဉ်က ချန်လျန်လျန်သည် နုနယ်သော အသံလေးဖြင့် "မဟာကျိုးဧကရာဇ်က အိမ်ရှေ့မင်းသားဖြစ်တဲ့ ရှင့်ကိုပဲ ချစ်မြတ်နိုးလို့ မဟုတ်ဘူးလား" ဟု ပြန်မေးခဲ့သည်ကို သူမ မှတ်မိနေသေးသည်။

ထိုအခါ အိမ်ရှေ့မင်းသားက ကျယ်လောင်စွာ ရယ်မောပြီး သူမ၏ ပါးကို နမ်းရှုံ့ကာ "အဲဒါက တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်... ယီပိုင်မင်းဆိုတာ သားရဲတစ်ကောင်ပဲ။ ကိုယ့်အမေအရင်းကိုတောင် သတ်ရဲတဲ့ သားရဲတစ်ကောင်လေ။ မဟာကျိုးနိုင်ငံက ဘယ်လိုလုပ်ပြီး သားရဲတစ်ကောင်ကို ထီးနန်းဆက်ခံခွင့် ပေးနိုင်မှာလဲ" ဟု ပြောခဲ့သည်။

ထိုအချိန်က ချန်လျန်လျန်သည် အိမ်ရှေ့မင်းသားက ယီပိုင်မင်းကို မကောင်းပြောခြင်းသာ ဖြစ်

မည်ဟု ထင်မှတ်ခဲ့သော်လည်း ယနေ့တွင်မူ ယီပိုင်မင်းသည် အမှန်တကယ်ပင် သားရဲတစ်

ကောင်ကဲ့သို့ သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း သူမ နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူသည် သူမကို ချစ်လည်းမချစ်သလို မုန်းလည်းမမုန်းပေ။ သူ့အတွက် သူမမှာ အသက်မဲ့သည့် အရာဝတ္ထုတစ်ခုမျှသာ ဖြစ်နေပြီး သူမ၏ တည်ရှိမှုမှာ သူ့အပေါ် သက်ရောက်မှု လုံးဝမရှိချေ။ အကယ်၍ သူမသာ အနည်းငယ်မျှ လှုပ်ရှားမိပါက နောက်တစ်ခဏ၌ ယီပိုင်မင်းက သူမ၏ လည်ပင်းကို အမှန်တကယ်ပင် ချိုးပစ်လိမ့်မည်ဟု သူမ အပြည့်အဝ ယုံကြည်သွားတော့သည်။

"ရှင်... ကျွန်မအပေါ် ဒီလိုမဆက်ဆံသင့်ဘူး။ အကယ်၍ ရှင်သာ ကျွန်မကို လက်ထပ်ဖို့ သဘောတူရင် ရှင့်ကို ထီးနန်းရအောင် ကူညီဖို့ ကျွန်မရဲ့ အဘိုးကို စည်းရုံးပေးနိုင်တယ်"

ချန်လျန်လျန်က မဟာကျိုးနိုင်ငံ၏ အာဏာစက်ဖြင့် ယီပိုင်မင်းကို ဆက်လက် ဆွဲဆောင်ရန် ကြိုးစားနေသေးသည်။

"မဟာကျိုးနိုင်ငံရဲ့ ထီးနန်းကို ငါဂရုစိုက်တယ်လို့ မင်းထင်နေတာလား"

ယီပိုင်မင်းသည် ငှက်မွှေးတစ်ချောင်း လွင့်ပျံသွားသကဲ့သို့ ပေါ့ပါးလှသော အသံဖြင့် ခပ်တိုးတိုး ရယ်မောလိုက်သည်။

ယီပိုင်မင်းသည် သူ၏လက်ကို လွှတ်လိုက်ပြီး မှော်စက်ကွင်းကိုလည်း ရုပ်သိမ်းလိုက်သည်။

"မှတ်ထားပါ... သူမက ငါ့ရဲ့ စိတ်ရှည်နိုင်မှု အတိုင်းအတာပဲ"

ယီပိုင်မင်း၏ မြင့်မားသော ကိုယ်လုံးမှာ ပန်းခင်းများအကြား၌ ပျောက်ကွယ်သွားတော့သည်။ ချန်လျန်လျန်မှာမူ ခုနကပင် သေလူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားတော့သည်။ ယီပိုင်မင်း၏ စကားလုံးများမှာ သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

"သူမက... သူ့ရဲ့ စိတ်ရှည်နိုင်မှု အတိုင်းအတာတဲ့လား"

ထိုသူမှာ ယွင်ရှန်းပင်။

သားရဲတွေမှာ လူသားဆန်မှု မရှိဘူးလို့ ဘယ်သူပြောလဲ။

သားရဲတစ်ကောင်မှာတောင် သူကာကွယ်ချင်တဲ့သူ ရှိတတ်စမြဲပင်။ ယွင်ရှန်းဆိုသည်မှာ ယီပိုင်မင်း အသက်ပေးကာကွယ်ချင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

"ယွင်ရှန်း... နင် ငါ့ဆီကနေ သူ့ကို လုယူသွားခဲ့တာ နင့်ကို ငါအလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ မှောင်မိုက်သောအိမ်ရှေ့မင်းသားကလည်း ယွင်ရှန်းကို ဖမ်းဆီးချင်နေတာပဲ။ ငါသာ သူမကို မှောင်မိုက်သောအိမ်ရှေ့မင်းသား လက်ထဲ အပ်လိုက်မယ်ဆိုရင်တော့ သူမရဲ့ ဘဝက အဆိုးဝါးဆုံး ကံကြမ္မာနဲ့ ရင်ဆိုင်ရမှာ အသေအချာပဲ"

ချန်လျန်လျန်သည် ပြင်းထန်သော နာကျင်မှုကို အံတုကာ မြေပြင်မှ လူးလဲထ၍ တိုးတိုးရွတ်ဆိုနေတော့သည်။

"ဟက်ချိုး..."

ယွင်ရှန်းသည် သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ယွင်ရှန်းသည် နှာခေါင်းကို ပွတ်လိုက်ရင်း "ဆေးတိုက် စီမံခန့်ခွဲမှုမှာ ပြဿနာ တစ်ခုခုရှိနေလို့လား" ဟု မေးလိုက်သည်။ ယွင်ရှန်းသည် ဝူရွှမ်ဝူကျိခန်းမနှင့် စီအန်းဆေးတိုက် နှစ်ခုစလုံးအတွက် ဆေးဝါးကျွမ်းကျင်သူအဖြစ်ရော၊ ဆရာဝန်အဖြစ်ပါ တာဝန်ယူနေရသူ ဖြစ်သည်။ သူမသည် မကြာသေးမီကပင် အတွင်းခန်းမနှင့် အပြင်ခန်းမရှိ စစ်သည်တော်များ၏ အရိုးအကြောနှင့် ပင်ကိုယ်စွမ်းရည်များကို သန့်စင်ပေးနေရသဖြင့် အလွန်အမင်း အလုပ်ရှုပ်နေခဲ့သည်။

နောက်ဆုံးတွင် အသက်ရှူချောင်သွားသဖြင့် သူမသည် စီအန်း ဆေးတိုက်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို စစ်ဆေးရန် သွားရောက်ခဲ့သည်။

"အခြေအနေက သိပ်တော့ အကောင်းကြီး မဟုတ်ဘူး။ ကျွန်မတို့ ဆေးဖော်စပ်ဖို့အတွက် လူအင်အား မလုံလောက်ဘူး ဖြစ်နေတယ်"

လင်းယောင်အာက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ယွင်ရှန်း ဖော်စပ်ထားသော ဆေးဝါးများ၏ အာနိသင်မှာ အလွန်ကောင်းမွန်ကြောင်း သံသယဖြစ်ဖွယ် မရှိသလို ဆရာဝန်ကြီးဖန်သည်လည်း ဆေးဖော်စပ်ရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ဤလူနှစ်ဦးတည်း၏ ဆေးဖော်စပ်နိုင်စွမ်းမှာ ကန့်သတ်ချက် ရှိနေသည်။ တောက်ယဲ့တောင်တန်းရှိ စီအန်းဆေးတိုက်အတွက် လိုအပ်သော ဆေးဝါးများကိုလည်း ဤနေရာမှပင် ပေးပို့နေရသဖြင့် ယွင်ရှန်းနှင့် ဆရာဝန်ကြီးဖန် နှစ်ဦးတည်းအပေါ်တွင်သာ မှီခိုနေရခြင်းမှာ အမှန်တကယ်ပင် ခက်ခဲလှသည်။

မှော်ပညာသင်ကျောင်းသို့ တက်ရောက်ခါစဖြစ်သော လင်းယောင်အာမှာမူ အလုပ်ကြိုးစားသူ ဖြစ်သော်လည်း သူမ၏ မှော်စွမ်းအားကို ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်လောက်အောင် ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

"လူအင်အား မလုံလောက်ရင်လည်း ထပ်ငှားကြတာပေါ့။ ဆေးတိုက်ကို ပြုပြင်ဖို့နဲ့ ဆေးပင်ရှာဖွေသူတွေ၊ ဆေးသမားတော် အကူတွေကို ငှားရမ်းနိုင်ဖို့ ငါ ပိုက်ဆံတချို့ ကြိုထုတ်ပေးထားတယ်"

ယွင်ရှန်းက စဉ်းစားရင်း ပြောလိုက်သည်။ ယွီကျင်းကဲ့သို့ မြို့တော်ကြီးအတွင်း၌ ဆေးသမားတော် အကူနှင့် ဆေးပင်ရှာဖွေသူများ ရှားပါးလိမ့်မည်မဟုတ်ဘူးဟု သူမ ယူဆထားသည်။

"ကျေးရွာတွေနဲ့ လူနေရပ်ကွက်တွေမှာ ကြေညာချက်တွေ ကပ်ထားသလို အလုပ်အကိုင် ရှာဖွေရေးဌာနတွေကိုလည်း သွားခဲ့ပြီးပါပြီ။ ကျွန်မတို့က တခြားဆေးတိုက်တွေထက် လုပ်ခလစာကို ငါးဆယ်ရာခိုင်နှုန်း ပိုပေးထားတာတောင် စီအန်း ဆေးတိုက်ကို လာလုပ်မယ့်သူ တစ်ယောက်မှ မရှိဘူးဖြစ်နေတယ်"

လင်းယောင်အာက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ဝူကျိတိုက်ကြီးပေါ်ရှိ အလုပ်အကိုင် ရှာဖွေရေးဌာနဆိုသည်မှာ ယနေ့ခေတ် အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများကဲ့သို့သော အဖွဲ့အစည်းမျိုး ဖြစ်သည်။ အလုပ်အကိုင် ရှာဖွေရေးဌာနမှ လူများက လင်းယောင်အာအား ဆေးတိုက်အသစ်တစ်ခုအနေဖြင့် ကျော်ကြားမှု မရှိသေးသောကြောင့် ဆေးပင်ရှာဖွေသူနှင့် ဆေးသမားတော် အကူများ မလာရောက်ကြခြင်းမှာ သဘာဝကျကြောင်း ပြောပြခဲ့သည်။

စီအန်း ဆေးတိုက်သည် ဆေးဝါးအာနိသင် ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သည်ဟု လူသိများစပြုနေသော်လည်း ယွီကျင်းမြို့တော်၌ တည်ထောင်သည်မှာ မကြာသေးပေ။ လက်ရှိ စီအန်းသို့ လာရောက်နေကြသူများမှာ ယခင် ဟွေချွမ်းဆေးတိုက်ဟောင်းမှ ဖောက်သည်ဟောင်းများ သို့မဟုတ် မုဆိုးစစ်သည်အချို့သာ ဖြစ်သောကြောင့် ကျော်ကြားမှု အပိုင်းတွင် အားနည်းနေဆဲပင်။

သို့သော်လည်း ဆေးတိုက်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကူညီရန်အတွက် ဆေးသမားတော် အကူများကို ခန့်အပ်ရန်မှာ အမှန်တကယ် လိုအပ်နေသည်။ အတိတ်ကာလက ဆရာဝန်ကြီးဖန်မှာ တစ်ကိုယ်တော် ကုသသူဖြစ်၍ တပည့်လက်သား သို့မဟုတ် အကူများကို ငှားရမ်းလေ့မရှိခဲ့ပေ။ ရေတွက်ကြည့်မည်ဆိုပါက ယွင်ရှန်းသည် သူပထမဦးဆုံး ငှားရမ်းခဲ့သည့် ဆေးပညာရှင်ပင်။

ကျော်ကြားမှု နည်းပါးနေသောကြောင့် စီအန်း ဆေးတိုက်သည် ဝန်ထမ်းခေါ်ယူရေးတွင် ကြီးစွာသော အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ထိုအခြေအနေနှင့်ဆိုလျှင် ယွင်ရှန်း မျှော်မှန်းထားသကဲ့သို့ ဆေးဧကရာဇ်ခန်းမနှင့် ယှဉ်ပြိုင်နိုင်သော နာမည်ကျော် ဆေးတိုက်ကြီးတစ်ခု ဖြစ်လာရန်မှာ အလွန်ပင် ဝေးကွာနေသေးသည်။

အမြစ်တွယ်နေပြီးသား ဖြစ်သော ဆေးဧကရာဇ်ခန်းမကဲ့သို့သော နာမည်ကြီး ဆေးတိုက်များမှာမူ အလုပ်အကိုင် ရှာဖွေရေးဌာန၌ ဝန်ထမ်းခေါ်ယူကြောင်း ကြေညာလိုက်ရုံမျှဖြင့် လာရောက်လျှောက်ထားသူ အမြောက်အမြား ရှိသည်။ သို့သော် ဆေးဧကရာဇ်ခန်းမသည် ပြင်ပမှ ဆေးသမားတော်များကို ခေါ်ယူလေ့မရှိဘဲ ဆေးပင်ရှာဖွေသူ ဘဝမှစ၍ အဆင့်ဆင့် လေ့ကျင့်ပေးကာ ဆေးသမားတော်အကူ ထို့နောက် ဆရာဝန်နှင့် အဆင့်မြင့် ဆရာဝန်ကြီးများအဖြစ်သို့ ကိုယ်တိုင် ပြုစုပျိုးထောင်လေ့ ရှိကြသည်။

"ဒီလိုဆိုရင်တော့ စီအန်း ဆေးတိုက်ရဲ့ ကျော်ကြားမှုကို မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခု ရှာရမှာပဲ"

ယွင်ရှန်းက မျက်မှောင်ကြုတ်လျက် ခဏမျှ စဉ်းစားလိုက်သည်။

"ယွင်ရှန်း... ငါတို့တွေ အခမဲ့ဆေးကုသပေးတဲ့ ပွဲတွေလုပ်ရင်ရော ဘယ်လိုလဲ"

ဘေးမှ နားထောင်နေသော ဆရာဝန်ကြီးဖန်က အကြံပြုလိုက်သည်။

ဆရာဝန်ကြီးဖန်သည် ဆေးဧကရာဇ်ခန်းမ တွင် ရှိစဉ်က ဆေးတိုက်ခွဲအသစ်များကို စီမံခန့်ခွဲရန် နိုင်ငံအနှံ့သို့ စေလွှတ်ခြင်း ခံခဲ့ရဖူးသည်။ ဆေးတိုက်ခွဲအသစ်များသည် ဆေးဧကရာဇ်ခန်းမ၏ အမည်ကို ခံယူထားသော်လည်း နေရာသစ်တစ်ခုသို့ ရောက်ရှိသည့်အခါ ကျော်ကြားမှု မရှိသေးသဖြင့် အခက်တွေ့ရသည့် အခြေအနေမျိုးနှင့် မလွဲမသွေ ရင်ဆိုင်ရလေ့ရှိသည်။ ထိုအခါမျိုးတွင် ဆရာဝန်ကြီးဖန်သည် အခမဲ့ ဆေးစစ်ပေးခြင်းနှင့် ဆေးဝါးများ အလကားပေးဝေခြင်းဟူသော မဟာဗျူဟာကို အသုံးပြုလေ့ရှိသည်။

ဆင်းရဲသားများအတွက် ဆေးတိုက်သို့သွား၍ ဆေးကုသခြင်းမှာ အမှန်တကယ်ပင် အဖိုးတန်လွန်းသော အခွင့်အရေး ဖြစ်သည်။ သို့ဖြစ်ရာ အခမဲ့ဆေးကုသမှု ရှိသည်ဟု သိလိုက်ရပါက ကုသစရိတ်မတတ်နိုင်သော မြို့သူမြို့သားများသာမက အနီးနားရှိ မြို့များမှ လူများပင်လျှင် တိုးဝှေ့ကာ ရောက်ရှိလာကြမည်ပင်။

All Chapters