မင်းခေါင်းထဲက အရာက ဘာကြီးလဲ
Vol. 10 Ch. 99
"ဆ... ဆရာသခင်"
လီထယ်ကျူးသည် မြေကြီးပေါ်မှ ကမန်းကတန်း ထလိုက်သည်။ သူ့ဘောင်းဘီပေါ်မှ ဖုန်များကိုပင် ပုတ်မခါနိုင်ဘဲ ဒူးထောက်ချလိုက်သည်။
"ဆရာသခင်... ကျွန်တော်ပါ... လီထျယ်ကျူးလေ... မမှတ်မိတော့ဘူးလား။"
သူသည် စစ်ချန် မမှတ်မိမှာ စိုးရိမ်သဖြင့် လက်ဟန်ခြေဟန်များဖြင့် ပြောပြနေသည်။
စစ်ချန် သေချာပေါက် မှတ်မိသည်။ "မသေမျိုးအင်ပါယာ" ဟူသော ခေါင်းစဉ်ကြောင့် ပိုပြီး မှတ်မိနေခြင်း ဖြစ်သည်။ ကောင်လေး၏ စိုးရိမ်တကြီး ဖြစ်နေသော ပုံစံကြောင့် သူ အနည်းငယ် ပြုံးမိလိုက်သည်။
"ထပါ... ငါ မမေ့ပါဘူး။"
ထိုစဉ် ဟေးစန်းနှင့် ဟုန်ဖုန်းတို့ လျှောက်လာကြသည်။ ဟေးစန်းသည် ကြေးခေါင်းလောင်းကဲ့သို့ မျက်လုံးများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည် "ဘာကြီးလဲ... ဘယ်မှာ လူရှိလို့လဲ... ညီလေး... မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ။"
သူတို့က စစ်ချန်၏ အသံကို ကြားရသော်လည်း စနစ်က ဖုံးကွယ်ထားသော လီထယ်ကျူးကို မမြင်ရပေ။
စစ်ချန် ရှင်းပြမနေတော့ဘဲ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
လီထယ်ကျူး၏ အမှတ် ၅၀၀၀ နှင့် အတိုးများစွာ ပေးဆပ်ခဲ့ရသော ကိုယ်ပျောက်စနစ်သည် ချက်ချင်း ပျက်ပြယ်သွားသည်။
ဒူးထောက်လျက် ရှိနေသော သက်ရှိလူသားတစ်ဦး လေထဲမှ ရုတ်တရက် ပေါ်လာသည်။
ဟေးစန်း လန့်ဖျပ်သွားပြီး အော်ဟစ်လိုက်သည် "သေစမ်းကွာ... မင်း ဘယ်ကနေ ထွက်လာတာလဲ ကောင်လေး။"
ဟုန်ဖုန်းလည်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ စောစောက ဝိညာဉ်အရှိန်အဝါ အနည်းငယ်မျှပင် သူ အာရုံမခံမိခဲ့ပေ။
ပြီးတော့ ဒီကောင်လေး ဖြစ်နေတာလား။
လီထယ်ကျူးကိုယ်တိုင်လည်း ကြောင်အမ်းနေသည်။ သူ စိတ်ထဲတွင် အလိုအလျောက် အော်ဟစ်လိုက်သည် "စနစ်စုတ်... ဘယ်သူမှ ရှာမတွေ့စေရဘူး ဆို... ဘာဖြစ်သွားတာလဲ။"
သူ့ခေါင်းထဲတွင် စနစ်က သေချင်ယောင်ဆောင်နေသည်။
"ဆ... ဆရာသခင်..."
လီထယ်ကျူး ခေါင်းကုတ်လိုက်ပြီး အလျင်စလို ရှင်းပြသည် "ကျွန်... ကျွန်တော်က ဒီနား ရောက်နေတုန်း... တစ်ယောက်ယောက်က ဆရာသခင်ကို ဒုက္ခပေးဖို့ ကြိုးစားနေတာ မြင်လို့... ကူညီလို့ ရမလားဆိုပြီး ကြည့်နေတာပါ..."
ထိုစကားကြောင့် ဟေးစန်းနှင့် ဟုန်ဖုန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ သံသယများ အနည်းငယ် လျော့နည်းသွားသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်အနေဖြင့် အန္တရာယ်ရှိမှန်း သိလျက်နှင့် နေရစ်ခဲ့ခြင်းမှာ ချီးကျူးစရာ ကောင်းလှသည်။
သူ့တွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း စစ်ချန် သိသဖြင့် ခေါင်းညိတ်လိုက်သည်။ သူ စကားပြောတော့မည့်အချိန်တွင် အဝေးတစ်နေရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"အို... အာရုံခံစားမှု ကောင်းသားပဲ။"
ရယ်သံစွက်နေသော အမျိုးသမီးအသံတစ်ခု လေထဲမှ ထွက်ပေါ်လာသည်။
အားလုံး အသံလာရာဆီသို့ ကြည့်လိုက်ရာ မဝေးလှသော လေထုထဲတွင် ကျက်သရေရှိသော ပုံရိပ်တစ်ခု ပေါ်လာသည်။
ရှည်လျားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ လက်များ လေထဲတွင် လှုပ်ရှားနေပြီး လှပသော မျက်နှာတွင် သတ်ဖြတ်လိုသော အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။ သူမသည် စစ်ချန်ကို ကြည့်ရင်း အပြုံးပါးပါးလေး ပြုံးနေသည်။
"ဘယ်သူလဲ။"
ဟေးစန်းနှင့် ဟုန်ဖုန်းတို့ ချက်ချင်း တင်းမာသွားပြီး စစ်ချန်ကို ဘယ်နှင့်ညာမှ ကာကွယ်လိုက်ကြသည်။ ထိုအမျိုးသမီးသည် သတိပေးခြင်းမရှိဘဲ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။ သူမ ရောက်လာသည်ကို သူတို့ လုံးဝ သတိမထားမိလိုက်ကြပေ။
ထိုအမျိုးသမီးသည် သူတို့ကို တစ်ချက်ပင် မကြည့်ဘဲ စစ်ချန်ကိုသာ စိုက်ကြည့်နေပြီး နှုတ်ခမ်းတွင် စနောက်လိုသော အပြုံးတစ်ခု ပေါ်လာသည်
"ရှောင်ချန် (ချန်လေး)... မင်း တော်တော် ဟုတ်နေပါလား။ နှစ်အနည်းငယ်အတွင်းမှာ အရှေ့ပိုင်းဒေသကို ဒီလောက် လှုပ်ခတ်သွားအောင် လုပ်နိုင်ခဲ့တာပဲ။"
စစ်ချန်သည် ရင်းနှီးနေသော မျက်နှာကို ကြည့်လိုက်ရာ သူ့မှတ်ဉာဏ်၏ မေ့လျော့နေသော ထောင့်တစ်နေရာ ရုတ်တရက် လင်းလက်လာသည်။
သူ မှတ်မိပြီ။
သူ ငယ်စဉ်က မိသားစုနှင့် ရှိနေစဉ် မြာပွေသောတတိယဦးလေး၏ ဘေးနားတွင် အမျိုးသမီး အများအပြား ရှိတတ်ပြီး ဤအမျိုးသမီးသည် ထိုအထဲမှ တစ်ဦး ဖြစ်သည်။
သို့သော် နူးညံ့သိမ်မွေ့သော အခြားမိန်းကလေးများနှင့် မတူဘဲ ဤအမျိုးသမီးသည် အလွန်... ကြမ်းတမ်းသည်။
သူမနှင့် ပတ်သက်ပြီး သူ အမှတ်မိဆုံး အရာမှာ ခြံဝန်းထဲတွင် တတိယဦးလေးကို ဓားဖြင့် လိုက်ခုတ်နေခြင်း ဖြစ်သည်။ တတိယဦးလေးက ရှောင်တိမ်းရင်း သူ့ပါးစပ်သရမ်းမှုကြောင့် ပိုအထုခံရလေ့ ရှိသည်။
ထိုစဉ်က ကလေးဖြစ်သော စစ်ချန်သည် ထိုမြင်ကွင်းကို အလွန် စိတ်ဝင်စားခဲ့သည်။ လူသားတို့၏ ခံစားချက်များကို အပြည့်အဝ နားမလည်သေးသဖြင့် လိုက်တမ်းပြေးတမ်းကစားနေကြသည်ဟုသာ ထင်မှတ်ပြီး တံတိုင်းပေါ်တွင် ထိုင်ကာ အရသာခံ ကြည့်ရှုလေ့ ရှိသည်။
"အန်တီမူ... မတွေ့တာ ကြာပြီနော်။"
ထိုစကား ပြောလိုက်သည်နှင့် ကျန်သူများ ကြောင်အမ်းသွားကြသည်။
ထိုအမျိုးသမီး၏ ဘိုးဘေးများကို ဆဲဆိုရန် ပြင်နေသော ဟေးစန်း ခဲသွားသည်။
အန်... အန်တီ ဟုတ်လား။
မူချန်ချန် အံ့ဩသွားပြီးနောက် ရယ်မောလိုက်သည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။
"လိမ္မာလိုက်တဲ့ ကလေးလေး... မင်းမှာ သိတတ်မှု ရှိသားပဲ။ မင်း ငယ်ငယ်တုန်းက အန်တီ ချီပိုးခဲ့ရတာ အလကား မဖြစ်ဘူး။"
သူမ ရှေ့သို့ လျှောက်လာပြီး ကြောင်အမ်းနေသော မိစ္ဆာနှစ်ကောင်နှင့် လူသားတစ်ယောက်ကို လုံးဝ လျစ်လျူရှုကာ စစ်ချန်၏ ဆံပင်များကို ဖွလိုက်သည်။
"ငယ်ငယ်တုန်းက ချစ်စရာလေး... အခုတော့ အရွယ်ရောက်လာပြီပဲ။"
စစ်ချန်သည် ရင်းနှီးသော အပြုအမူကို မငြင်းဆန်ပေ။ သူမက ငယ်ငယ်တုန်းက ဒီလိုပဲ လုပ်လေ့ရှိသည် မဟုတ်ပါလား။
သူ့ပုခုံးပေါ်တွင် ရှိနေသော ပဲနီလေးက ခေါင်းလေးပြူပြီး ထူးဆန်းသော အမျိုးသမီးကို အကဲခတ်နေသည်။
မူချန်ချန်သည် ပဲနီလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် စစ်ချန်ကို ပြန်ကြည့်ကာ အပြစ်တင်သံ ပါဝင်သော လေသံဖြင့် ပြောလိုက်သည် "မင်းတို့ စစ်မိသားစုကလည်း လွန်ပါရော... ဒီလောက် လိမ္မာတဲ့ ကလေးကို တစ်ယောက်တည်း လွှတ်ထားရတယ်လို့။ အန်တီနဲ့သာ လိုက်ခဲ့ရင်..."
သူမ စကားမဆုံးသော်လည်း သက်ပြင်းချလိုက်သည်။ ထို့နောက် အင်္ကျီလက်ကြားထဲမှ မည်းနက်နေသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအပေါ်တွင် "ည" ဟူသော စာလုံးကို ခမ်းနားစွာ ထွင်းထုထားသည်။
"ဒါ ယူထားလိုက်။ မင်း ဖြေရှင်းလို့မရတဲ့ ပြဿနာ ကြုံလာရင် ညမိုးစွေမျှော်စင်ရဲ့ ဘယ်ဌာနခွဲကိုမဆို သွားလိုက်။ ဒီကျောက်စိမ်းပြားကို ပြလိုက်ရင် ငါ့ကို ကိုယ်တိုင် တွေ့ရသလိုပဲ။"
ကျောက်စိမ်းပြား၏ အရေးပါမှုကို စစ်ချန် အပြည့်အဝ နားမလည်သော်လည်း လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည် "ကျေးဇူးတင်ပါတယ် အန်တီမူ။"
ဘေးနားရှိ လီထယ်ကျူး အံ့ဩတကြီး အာမေဍိတ်သံ ပြုလိုက်သည်။
ညမိုးစွေမျှော်စင်... အရှေ့ပိုင်းဒေသရဲ့ အကြီးဆုံးနဲ့ အသန်မာဆုံး လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းလေ။ ဆရာသခင်ရဲ့ နောက်ခံက ဘယ်လောက်တောင် ကြီးမားနေတာလဲ။
မူချန်ချန်သည် "အန်တီ" ဟူသော အခေါ်အဝေါ်ကို သဘောကျနေပုံရပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
သတိထားနေသော ဟေးစန်းနှင့် ဟုန်ဖုန်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်သည် "အန်တီ သွားတော့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ ဘာကိစ္စရှိရှိ အန်တီ့ကို ရှာဖို့ မမေ့နဲ့။"
သူမ စကားမဆုံးခင်မှာပင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
သူမ လုံးဝ ပျောက်ကွယ်သွားမှ ဟေးစန်း သက်ပြင်းရှည်ကြီး ချလိုက်နိုင်သည် "ညီလေး... မင်းအန်တီရဲ့ နောက်ခံက ဘာလဲကွ။ ဒီဝက်ဝံအိုကြီး စောစောက အသက်တောင် မရှူရဲဘူး။"
ဟုန်ဖုန်းလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည် "သူမရဲ့ ချီစွမ်းအင်က လုံးဝ ပျောက်ကွယ်နေပြီး လာတာရော ပြန်တာရော ခြေရာလက်ရာ မကျန်ခဲ့ဘူး။ အနည်းဆုံး ဝိညာဉ်အသွင်ပြောင်းအဆင့်အထက်မှာ ရှိတဲ့ မဟာအစွမ်းထက် ပုဂ္ဂိုလ်ပဲ။"
စစ်ချန်သည် လက်ထဲရှိ ကျောက်စိမ်းပြားကို တွေးတောစွာ ကြည့်လိုက်သည်။
ဒီအန်တီရဲ့ နောက်ခံက ရိုးရှင်းပုံမရဘူး။ တခြား အန်တီတွေရဲ့ သရုပ်မှန်တွေကရော ဘယ်လိုနေမလဲ။
သူ ငယ်စဉ်က အနည်းဆုံး အခြား အန်တီလေး၅ ယောက်လောက်ကို တွေ့ဖူးပြီး တစ်ယောက်ချင်းစီက ထူးခြားကြသည်။ သူ၏ မိုးကြိုးနတ်ဘုရား တတိယဦးလေးမှာ တကယ်ကို မလွယ်လှပေ။
စစ်ချန် ကျောက်စိမ်းပြားကို သိမ်းလိုက်သည် "ငါတို့လည်း သွားကြစို့။"
ဟေးစန်း ချက်ချင်း တက်ကြွလာပြီး လက်ကို ပွတ်လိုက်သည် "ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။ ကောင်းကောင်း စားလို့ရမယ့် နေရာ ရှာကြစို့။ ညီလေး... မင်း နတ်ဘုရားဝိညာဉ် ဖွဲ့စည်းတာ အောင်မြင်သွားပြီဆိုတော့ ဒါက သတင်းကောင်းပဲ... အောင်ပွဲခံရမယ်။"
စစ်ချန် ခေါင်းညိတ်လိုက်ပြီး ဂနာမငြိမ် ဖြစ်နေသော လီထယ်ကျူးကို ကြည့်လိုက်သည် "မင်းလည်း လိုက်ခဲ့။"
"ဗျာ... ကျွန်တော်လား။" လီထယ်ကျူး ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြပြီး အံ့ဩဝမ်းသာ ဖြစ်သွားသည်။
ဟေးစန်းသည် လီထယ်ကျူးကို အကဲခတ်လိုက်ပြီး စစ်ချန်ကို ကြည့်ကာ ကြမ်းတမ်းစွာ ပြောလိုက်သည် "ဒီကောင်လေးက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာ။ ပျံတာ နှေးလွန်းတယ်။ ဘယ်လိုလုပ် အမီလိုက်နိုင်မှာလဲ။"
စစ်ချန် စကားမပြောဘဲ သိုလှောင်လက်စွပ်ကို ခဏတာ မွှေနှောက်ရှာဖွေလိုက်သည်။
မကြာခင် လွတ်နေသော မြေကွက်လပ်တွင် အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး ငွေရောင်အလင်းတန်းများ တောက်ပနေသော ပျံသန်းရေးလှေတစ်စင်း တိတ်တဆိတ် ပေါ်လာသည်။ သာမန် မှော်ရတနာ မဟုတ်ကြောင်း သိသာလှသည်။
"ဝိုး..."
ဟေးစန်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ သူ ပျံသန်းရေးလှေကို ပတ်ကြည့်ပြီး ဟိုထိဒီထိ လိုက်လုပ်နေသည်။
"ညီလေး... ဒါ ဘာရတနာလဲ။ ဒီဝက်ဝံအိုကြီး ဒီလောက်လှတဲ့ လှေမျိုး တစ်ခါမှ မမြင်ဖူးဘူး။"
ပုံမှန် တည်ငြိမ်သော ဟုန်ဖုန်းပင်လျှင် လျှာကို တောက်ခေါက်လိုက်သည် "ကျွတ် ကျွတ်... စစ်ချန်... မင်းရဲ့ မိသားစု စည်းစိမ်က လူတွေကို အမြဲတမ်း အံ့ဩစေတာပဲ။"
လီထယ်ကျူး မျက်လုံးပြူးနေသည်။ ဝိညာဉ်ကူးပြောင်းလာကတည်းက စီးဖို့မပြောနှင့်၊ ဒီလောက် ဈေးကြီးတဲ့ မှော်ရတနာမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။
"တက်ခဲ့ကြ။" စစ်ချန်က လှေပေါ်သို့ ဦးစွာ တက်လိုက်သည်။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့သည် စူးစမ်းချင်စိတ် အပြည့်ဖြင့် နောက်မှ လိုက်ပါသွားပြီး လှေ၏ အတွင်းပိုင်း ဖွဲ့စည်းပုံများကို အဆက်မပြတ် လေ့လာနေကြသည်။
လီထယ်ကျူး အိပ်မက်မက်နေသလို ဖြစ်နေရာမှ သတိဝင်လာပြီး လေးဘက်ထောက်လျက် အမြန် တက်လိုက်သည်။
ပျံသန်းရေးလှေ၏ အတွင်းပိုင်းသည် အပြင်မှ မြင်ရသည်ထက် ပိုမို ကျယ်ဝန်းလှသည်။
လီထယ်ကျူးသည် စောစောက အဖြစ်အပျက်များကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည် ညမိုးစွေမျှော်စင်သခင်မ ရုတ်တရက် ပေါ်လာခြင်း၊ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းပြားနှင့် တန်ဖိုးမဖြတ်နိုင်သော ပျံသန်းရေးလှေ... သတင်းအချက်အလက် ပမာဏက များပြားလွန်းသဖြင့် သူ့ဦးနှောက်က လိုက်မမှီတော့ပေ။
သူ ထောင့်တစ်နေရာတွင် သတိထားပြီး ဝင်ထိုင်လိုက်သော်လည်း မြေပုံကြည့်နေသော ဟေးစန်းနှင့် ဟုန်ဖုန်းတို့ကို ခိုးကြည့်နေမိသည်။
အတန်ကြာမှ စစ်ချန်က မျက်လုံးမှိတ် အနားယူနေပြီး မိစ္ဆာဘုရင်နှစ်ပါးက အစားအသောက်အကြောင်း ဆွေးနွေးနေသည်ကို မြင်သောအခါ လီထယ်ကျူးသည် အခွင့်ကောင်းယူပြီး ကပ်ဖားရန် ဆုံးဖြတ်လိုက်သည်။
သူ အရှက်မရှိ တိုးသွားပြီး ဟေးစန်းကို ပြုံးပြလိုက်သည် "ဂိုဏ်းတူဦးလေးဝက်ဝံ... ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ။"
"ဘယ်သူက မင်းရဲ့ ဂိုဏ်းတူဦးလေးလဲ။" ဟေးစန်း မျက်စောင်းထိုးလိုက်သည် "ကောင်လေး... လျှောက်ပြီး ဆွေမျိုးမစပ်နဲ့။"
ထို့နောက် သူ ဟုန်ဖုန်းနား ကပ်သွားသည် "ဂိုဏ်းတူဦးလေးကျား..."
ဟုန်ဖုန်းက မျက်ခွံပင် မပင့်ဘဲ အမြီးကိုသာ ခါပြလိုက်သည်။ အဓိပ္ပာယ်က ရှင်းသည်
တခြားနေရာ သွားကစားချည်။
လီထယ်ကျူး ငြင်းပယ်ခံလိုက်ရသဖြင့် ရှက်ရွံ့စွာ ခေါင်းပုသွားသည်။
ထိုစဉ် လှေအတွင်းပိုင်းမှ စစ်ချန်၏ အသံ ထွက်ပေါ်လာသည် "လီထယ်ကျူး... ဒီကို လာခဲ့။"
"ဗျာ... ဆရာသခင်... ဘာကိစ္စလဲခင်ဗျ။" လီထယ်ကျူး အပြေးအလွှား ရောက်သွားသည်။
စစ်ချန် သူ့ကို ကြည့်လိုက်ပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော ပုံစံဖြင့် မေးလိုက်သည် "မင်းခေါင်းထဲက အရာက ဘာကြီးလဲ။"
လီထယ်ကျူး၏ မျက်နှာထား ချက်ချင်း ရှုပ်ထွေးသွားသည် ပထမတော့ ထိတ်လန့်သွားသည်၊ ထို့နောက် ကြောက်ရွံ့သွားသည်၊ နောက်ဆုံးတွင် အတင်း ပြုံးလိုက်သည်
"ဆ... ဆရာသခင်... ဘာတွေ ပြောနေတာလဲ။ ကျွန်တော့်ခေါင်းထဲမှာ ဆရာသခင်ကို လေးစားတဲ့စိတ်နဲ့ မသေမျိုးအင်ပါယာ ဖြစ်ချင်တဲ့ ဆန္ဒကလွဲရင် ဘာမှ မရှိပါဘူး..."
စစ်ချန် စကားမပြောဘဲ တည်ငြိမ်စွာ ကြည့်နေသည်။
လီထယ်ကျူး ခြေထောက်များ ပျော့ခွေသွားသည်။ သူ ချက်ချင်း ဒူးထောက်ချလိုက်ပြီး စစ်ချန်၏ ပေါင်ကို ဖက်ကာ အော်ဟစ်ငိုယိုတော့သည် "ဆရာသခင်... ကျွန်တော် အကုန် ဝန်ခံပါ့မယ်။"
"ကျွန်တော် တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ အဲဒီအရာက သူ့ဟာသူ လာကပ်နေတာပါ။"
"သူက အတိုးကြီးစားတဲ့ကောင်ပါ။ ကျွန်တော့်ကို ငတုံးလို့လည်း ခေါ်တယ်။ ကျွန်တော်က သားကောင်ပါ ဆရာသခင်ရယ်။"
သူသည် စနစ်၏မကောင်းမှုမျိုးစုံကို တောင်စဉ်ရေမရ ပြောပြတော့သည် အတင်းအဓမ္မ တွဲဆက်ခြင်း၊ အတိုးကြီးစားခြင်း၊ ထူးဆန်းသော တာဝန်များ ပေးခြင်းနှင့် အရေးကြီးချိန်တွင် အသုံးမကျခြင်း စသည်တို့ ဖြစ်သည်။
သူ စနစ်ကို အဆက်မပြတ် ရောင်းစားနေစဉ် သူ့ခေါင်းထဲတွင် ဒေါသထွက်နေသော အသံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်
【လီထယ်ကျူး... မင်းမေကြီးတော်.. သူတောင်းစားလေး】