← Chapters

ရုတ်တရက် သူဌေးဖြစ်ခြင်း

Vol. 25 Ch. 396

ရုတ်တရက် သူဌေးဖြစ်ခြင်း

Vol. 25 Ch. 396

အရာအားလုံး ချောမွေ့သွားခဲ့သည်။

လီချန်သည် ကျီမိသားစုခေါင်းဆောင် ဖြစ်လာခဲ့သည်။

သူက လုရှန်ဓားကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး၊ နတ်ဘုရားသတ်နတ်ဓားကို ပိုင်ဆိုင်ထားနိုင်တာကြောင့် ကျီမိသားစုရဲ့ နတ်ဘုရားမျိုးစေ့တွေထဲမှာ မလေးစားတဲ့သူမရှိပါဘူး။

ဒီလိုနဲ့ ကျီမိသားစု နတ်ဘုရားမျိုးစေ့တွေဟာ ယွီဟွာနတ်ဘုရားနန်းတော်ထဲကို ပေါင်းစည်းဝင်ရောက်သွားကြသည်။

သူတို့အားလုံးက ရှေးဟောင်းကျင့်ကြံသူများဖြစ်ကြတဲ့အတွက် ကျင့်စဉ်ပြောင်းစရာ မလိုပေ။

"ခေါင်းဆောင်... ဒါတွေက နတ်ဘုရားမျိုးစေ့စီမံကိန်းအရ သယ်ဆောင်လာခဲ့တဲ့ အရင်းအမြစ်တွေ အားလုံးပါပဲ။ ခေါင်းဆောင် စိတ်တိုင်းကျ ခွဲဝေပေးပါ"

အချိန်တစ်ခုကြာပြီးနောက် ကျီရှန်းက သိုလှောင်လက်စွပ် ၁၀ ခုကျော်ကိုထုတ်ယူပြီး လီချန်ကို ပေးအပ်လိုက်သည်။

လီချန် သိုလှောင်လက်စွပ်တွေကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။ စိတ်ထဲ ကြိုတင်ပြင်ဆင်ထားပေမဲ့၊ တကယ်တမ်းတွေ့လိုက်ရတဲ့အခါ သူ့ရင်ထဲ တုန်လှုပ်သွားသည်။

တကယ်ကို ကြွယ်ဝချမ်းသာလွန်းတယ်။

ဒါက ကျီမိသားစု ဟွေ့ယွမ်ဘယ်နှခုစာလောက် စုဆောင်းထားခဲ့တဲ့ စည်းစိမ်တွေလဲ မသိဘူး။

လီချန် ရုတ်တရက် သူဌေးဖြစ်သွားသလို ခံစားလိုက်ရသည်။

မဟုတ်သေးဘူး... အရင်တုန်းက သူ တော်တော်ဆင်းရဲခဲ့တာပဲလို့ တွေးမိသွားတာ။

"ကျီမိသားစုက အရင်တုန်းက ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေလေ့ရှိလဲ" လီချန် က ကျီရှန်းကို စူးစမ်းစွာ မေးလိုက်သည်။

ကျီရှန်းက ကျီမိသားစုရဲ့ ခွဲဝေမှုစနစ်ကို အစအဆုံး အသေးစိတ်ရှင်းပြလိုက်သည်။ နောက်ဆုံးမှာ ကျီမိသားစုရဲ့ အသေးစိတ်စည်းမျဉ်းစည်းကမ်းတွေ မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းပြားတစ်ခုကိုပါ ထုတ်ပေးလိုက်သည်။

ပြောရရင် ဟွေ့ယွမ်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ ထိပ်တန်းရှေးဟောင်းမိသားစုကြီးတစ်ခုဖြစ်တာနဲ့အညီ၊ စည်းမျဉ်းတွေက အလွန်ပြည့်စုံကောင်းမွန်ပြီး အတုယူစရာ ကောင်းလှသည်။

ဒါကြောင့် လီချန်က ကျီမိသားစု စည်းမျဉ်းတွေထဲက ကောင်းနိုးရာရာတွေကို ရွေးထုတ်ပြီး ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ ဂိုဏ်းစည်းမျဉ်းတွေကို ပြန်လည်ရေးဆွဲဖို့ ဆုံးဖြတ်လိုက်သည်။

ကျီမိသားစုရဲ့အရင်းအမြစ်တွေ အများကြီးရလာပြီဖြစ်လို့၊ ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ အရင်းအမြစ် ခွဲဝေမှုစနစ်ကိုလည်း ပြုပြင်ပြောင်းလဲဖို့ စီစဉ်လိုက်သည်။

ကျီရှန်းက ကျီမိသားစုအရင်းအမြစ်တွေကို ထုတ်ပေးလိုက်ပြီဖြစ်လို့၊ ခေါင်းဆောင်ဖြစ်တဲ့ သူက ခွဲဝေပိုင်ခွင့် အာဏာရှိတယ်လေ။

ပြီးတော့... ကျီမိသားစုဝင်တွေက အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲမှာ နေခွင့်ရတာကတင် ကြီးမားတဲ့ အကျိုးကျေးဇူးဖြစ်နေပြီ။

ဒါကြောင့် ဒီအရင်းအမြစ်တွေကို ယွီဟွာနတ်ဘုရားနန်းတော်တစ်ခုလုံးအတွက်သုံးစွဲတာ မှားတယ်လို့ လီချန် မခံစားရပါဘူး။

ဘာပဲဖြစ်ဖြစ် လီချန်ကတော့ ကျီမိသားစုရဲ့ ခွဲဝေမှုစနစ်အတိုင်း ဆက်လက်ကျင့်သုံးသွားမှာပါ။

.....

နောက်ဆက်တွဲ နှစ်အနည်းငယ်အတွင်း လီချန်သည် နတ်ဘုရားသတ်နတ်ဓားကို သန့်စင်ဖို့ အမြဲ ကြိုးစားနေခဲ့သည်။

ဒါ့အပြင် ဘုံအသီးသီးက တစ္ဆေနယ်မြေတွေဆီ အကြိမ်ကြိမ် သွားရောက်ပြီး ငရဲဘုံ မူလအနှစ်သာရတွေကို စုပ်ယူကာ လုရှန်နိယာမကို မြှင့်တင်ခဲ့သည်။

တခြားနိယာမတွေက တိုးတက်နှုန်းနှေးကွေးပေမဲ့၊ အဆင့် ၁ သာ ရှိသေးတဲ့ လုရှန်နိယာမကတော့ ဒုံးပျံစီးထားသလို တိုးတက်နှုန်း မြန်ဆန်နေသည်။

နှစ်အနည်းငယ်အတွင်းမှာတင် အဆင့် ၆ အထိ ရောက်ရှိသွားခဲ့သည်။

အဆင့် ၆ ရောက်သွားတဲ့ လုရှန်နိယာမက အဆင့် ၁ နဲ့ယှဉ်ရင် အများကြီး ပိုအားကောင်းလာပြီး၊ နတ်ဘုရားသတ်နတ်ဓားကို အသုံးပြုရာမှာလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်စွမ်းရည်တွေ ထုတ်သုံးလာနိုင်ပြီ။

လုရှန်နိယာမ အဆင့်မြင့်လာတာနဲ့အမျှ နတ်ဘုရားသတ်နတ်ဓား ကို သန့်စင်နိုင်မှုနှုန်းလည်း မြန်ဆန်လာသည်။

သေချာတာကတော့ အပြည့်အဝ သန့်စင်နိုင်ဖို့က အဝေးကြီး လိုပါသေးတယ်။

လုရှန်နိယာမကို အဆင့် ၉ အထိတင်နိုင်မှ ဖြစ်နိုင်လောက်မယ်လို့ သူ ခန့်မှန်းထားသည်။

ဒါပေမဲ့... အခုချိန်မှာ နတ်ဘုရားသတ်နတ်ဓားကို ထိန်းချုပ်နိုင်စွမ်း မြင့်တက်လာတာနဲ့အမျှ စွမ်းအား ပိုထုတ်သုံးနိုင်လာပြီ။

ဒါက ရှေးဟောင်းနတ်ဘုရားလက်နက်လေ။ ဟိုနတ်ဘုရားတစ်ပိုင်းလက်နက်တွေ မဟုတ်ဘူး။

အဆင့် ၆ လုရှန်နိယာမနဲ့ တစ်စိတ်တစ်ပိုင်း သန့်စင်ထားတဲ့ နတ်ဘုရားသတ်နတ်ဓားကို ပေါင်းစပ်လိုက်ရင် တိုက်ခိုက်စွမ်းအား ဘယ်လောက်ထိ ရောက်သွားမလဲဆိုတာ လီချန်ကိုယ်တိုင်တောင် မသိဘူး။

ဘာလို့လဲဆိုတော့ တကယ်တမ်း စမ်းသပ်ကြည့်ဖို့ အခွင့်အရေးမရသေးလို့။

တကယ်စမ်းသပ်ရမယ့်အချိန်ကတော့ နတ်ဘုရားသားတော် ယဲ့မော်က မဟာနတ်ဘုရားယဇ်ပူဇော်ပွဲကျင်းပပြီး နတ်ဘုရားတစ်ပိုင်းအဆင့် တက်လှမ်းမယ့် အချိန်ကျမှ ဖြစ်လောက်တယ်။

ဒါပေမဲ့ ယဲ့မော်ကို တားဆီးသင့်သလား၊ မတားဆီးသင့်ဘူးလားဆိုတာကိုတော့ လီချန် စဉ်းစားနေတုန်းပဲ။

မဟာနတ်ဘုရားယဇ်ပူဇော်ပွဲဆိုတာ ဟွန်တွန်ပြင်ပနတ်ဘုရား နဲ့ ဆက်သွယ်ပြီး၊ နိယာမအမြောက်အမြားကို ပူဇော်ကာ နတ်ဘုရားကောင်းချီး တောင်းခံတဲ့ပွဲလေ။

ယဲ့မော်က ဒီဆုလာဘ်ကိုသုံးပြီး နတ်ဘုရားတစ်ပိုင်းအဆင့် တက်ချင်နေတာ။

လီချန်က ကြိုတင် လက်ဦးမှုရယူပြီး တိုက်ခိုက်ဖို့ စဉ်းစားခဲ့ဖူးတယ်။

ဒါပေမဲ့ ယဲ့မော်ရဲ့တည်နေရာကို ရှာဖွေဖို့က ပြဿနာရှိနေတယ်။ ဟွန်တွန်အဖွဲ့အစည်းရဲ့ ဌာနချုပ်က ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိဘူး။

ဒါက အမြဲတမ်း လျှို့ဝှက်ချက်တစ်ခုဖြစ်နေတယ်။

ပြောစကားတွေအရ ဟွန်တွန်အဖွဲ့အစည်းရဲ့ ဌာနချုပ်က ပုန်းကွယ်နေပြီး ရွေ့လျားနိုင်တဲ့ ကမ္ဘာတစ်ခုတဲ့။

ပြီးတော့ ယဲ့မော်က နတ်ဘုရားတစ်ပိုင်းအဆင့်တက်ဖို့ ပြင်ဆင်နေတာမို့ လွယ်လွယ်နဲ့ မျက်နှာပြမှာ မဟုတ်ဘူး။

သူ မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ ကျင်းပတဲ့အချိန်ကျမှသာ အကောင်းဆုံး အခွင့်အရေးရမှာ။

ကျီမိသားစုပေးတဲ့ သတင်းအချက်အလက်တွေအရ၊ ဟွန်တွန်အဖွဲ့အစည်းက ယဇ်ပူဇော်ပွဲ ကျင်းပတဲ့အခါ စကြဝဠာ ကမ္ဘာပေါင်းများစွာမှာ လှုပ်ခတ်မှုတွေ ဖြစ်ပေါ်တတ်တယ်။ အစွမ်းထက်တဲ့ နတ်ဘုရားအရှိန်အဝါတွေက ကမ္ဘာအသီးသီးကို ရိုက်ခတ်ပြီး ကြောက်မက်ဖွယ် ကောင်းကင်နိမိတ်တွေ ပေါ်လာတတ်တယ်။

နောက်ထပ် ပြောစကားတစ်ခု ရှိသေးတယ်။ ဟွန်တွန်ပြင်ပနတ်ဘုရားတွေက စကြဝဠာတစ်ခုလုံးကို သန့်စင်ဖို့ ကြိုးစားနေကြတယ်တဲ့။

ဒါကြောင့် ဟွန်တွန်အဖွဲ့အစည်းကိုခိုင်းပြီး ဟွေ့ယွမ်ကပ်ဘေးတွေ ဖန်တီးကာ ရိတ်သိမ်းခိုင်းတာ။ ပြီးမှ မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ ကျင်းပပြီး ရိတ်သိမ်းရရှိတဲ့ နိယာမတွေကို ပူဇော်ခိုင်းတာ။ နိယာမတွေကို ဝါးမျိုပြီးမှ ဟွန်တွန်ပြင်ပနတ်ဘုရားတွေက စကြဝဠာကိုသန့်စင်မှု မြန်ဆန်အောင် လုပ်နိုင်မှာကိုး။

ဒါကြောင့်လည်း ယဇ်ပူဇော်ပွဲ ကျင်းပတဲ့အခါ ကြီးမားတဲ့ လှုပ်ရှားမှုတွေ၊ ကောင်းကင်နိမိတ်တွေ ဖြစ်ပေါ်လာရတာ။

အဲဒီအချိန်ကျမှသာ ဟွန်တွန်အဖွဲ့အစည်းဌာနချုပ် တည်နေရာနဲ့ ယဲ့မော်ရှိတဲ့နေရာကို လီချန် အာရုံခံ ရှာဖွေနိုင်မှာ။

ဒါပေမဲ့... အန္တရာယ်ကလည်း အရမ်းကြီးတယ်။

ယဇ်ပူဇော်ပွဲ ကျင်းပနေတုန်း ဝင်ရောက်နှောင့်ယှက်လိုက်လို့ ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ အာရုံစိုက်မှုကို ခံလိုက်ရရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွေးကြည့်လို့တောင်ရတယ်။

ဒါကြောင့် သူ သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ရမယ်။

ဟွေ့ယွမ်ကပ်ဘေးက မပြီးဆုံးသေးတာကြောင့် လီချန်က ဒီကိစ္စကို ခဏမေ့ထားပြီး၊ လုရှန်နိယာမကို ဆက်လက် မြှင့်တင်နေလိုက်သည်။ တပြိုင်နက်တည်းမှာပဲ ငရဲဘုံမူလအနှစ်သာရတွေကို စုဆောင်းပြီး နိယာမနတ်ဆေးလုံးတွေ ဖော်စပ်နေသည်။

ဒါ့အပြင် အဆင့်မြင့် ကျင့်ကြံရေးဆေးလုံးတွေလည်း အများကြီး ဖော်စပ်နေသေးတယ်။

ကျီမိသားစု နတ်ဘုရားမျိုးစေ့တွေ ယူဆောင်လာတဲ့ အရင်းအမြစ်တွေက အရမ်းများပြားလွန်းတယ်။ သူ့ တွက်ချက်မှုအရ ယွီဟွာနတ်ဘုရားနန်းတော်မှာ တပည့် ၁ သိန်းရှိလာရင်တောင် ဒီအရင်းအမြစ်တွေနဲ့ လုံလောက်တယ်။

နှစ်ထောင်ချီ၊ သောင်းချီ သုံးလို့ ရလောက်တဲ့ ပမာဏပဲ။

ဘယ်လောက်တောင်များပြားလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ်။

ပြီးတော့ ဒီအရင်းအမြစ်တွေထဲမှာ သူတို့လို မဟာယာနအဆင့်တွေအတွက် အသုံးဝင်တဲ့ ထိပ်တန်း ပစ္စည်းတွေလည်း ပါသေးတယ်။

ဒါကြောင့် သူက မဟာယာနအဆင့် ကျင့်ကြံမှုအတွက် အထောက်အကူပြုမယ့် ဆေးလုံးတွေ ဖော်စပ်လိုက်တယ်။ ဒါကြောင့် သူ့ရဲ့ကျင့်ကြံမှုနှုန်း မြန်ဆန်လာသည်။

၁၀ နှစ်ကျော် ကြာပြီးနောက်၊ လီချန်၏ ကျင့်ကြံမှုသည် မဟာယာနနယ်ပယ် အလယ်အလတ်အဆင့်သို့ နောက်ဆုံးတွင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

ကနဦးအဆင့်ကနေ အလယ်အလတ်အဆင့်ကို တက်လှမ်းတာက ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ။

ဒီဆေးလုံးတွေသာမရှိရင် နောက်ထပ် နှစ် ၁၀၀ နေရင်တောင် အလယ်အလတ်အဆင့်ရောက်ဖို့ မသေချာဘူး။

အရင်းအမြစ်ရှိတာ တကယ်ကောင်းတာပဲ။

ယွီဟွာနတ်ဘုရားနန်းတော် တပည့်တွေလည်း အရင်းအမြစ်ထောက်ပံ့မှု တိုးလာတာကြောင့် ကျင့်ကြံမှုနှုန်း မြန်ဆန်လာကြသည်။ ဒီ၁၀ နှစ်ကျော် ကာလအတွင်း တာအိုပေါင်းစည်းခြင်းအဆင့်ရောက်သူတွေ အများကြီးတိုးလာသည်။

သေချာတာကတော့ ကျီမိသားစုဝင်တွေ မပါဘူးပေါ့။

ဒီလိုနဲ့ နောက်ထပ် ဆယ်စုနှစ်များစွာ ကြာမြင့်သွားခဲ့သည်။

တစ်နေ့တွင် လျှို့ဝှက်ရှန်ထျန်းဟွေ့ထံမှ သတင်းရောက်လာသည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ ကပ်ဘေးအငွေ့အသက်များ စတင်ကွယ်ပျောက်ကုန်ပြီတဲ့။

ဆိုလိုတာက ဟွေ့ယွမ်ကပ်ဘေး ပြီးဆုံးသွားပြီ။

ဒါပေမဲ့ လီချန်က ယွီဟွာနတ်ဘုရားနန်းတော်ကို အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲကနေ ကောင်းကင်တာအိုနယ်ပယ်ဆီ ပြန်မရွှေ့သေးပါဘူး။

ဘာလို့လဲဆိုတော့ ဟွန်တွန်အဖွဲ့အစည်းက မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ မကျင်းပရသေးလို့ပဲ။

တကယ်လို့ သူက ယဲ့မော်ကို နတ်ဘုရားတစ်ပိုင်းအဆင့် မရောက်အောင် မတားဆီးနိုင်ခဲ့ရင်၊ ဆက်ပြီး ပုန်းအောင်းနေရုံပဲ ရှိတော့တာ။

.....

ဟွန်တွန်မဟာကမ္ဘာ။

ခမ်းနားထည်ဝါသော အင်မော်တယ်နန်းတော်ကြီးတစ်ခုအတွင်း။

နတ်ဘုရားသားတော် ယဲ့မော်သည် တင်ပျဉ်ခွေ ထိုင်နေသည်။

ကောင်စီဝင် မဟာနတ်ဘုရားအစေခံတစ်ဦးက မလှမ်းမကမ်းတွင် ရပ်နေသည်။ "နတ်ဘုရားသားတော်... မဟာနတ်ဘုရားယဇ်ပူဇော်ပွဲအတွက် ပြင်ဆင်မှုတွေ အားလုံးပြီးစီးပါပြီ။ အချိန်မရွေး စတင်နိုင်ပါပြီ"

"ဟိုရှေးဟောင်းနတ်ဘုရားလက်နက်ရဲ့ သဲလွန်စ မရသေးဘူးလား" ယဲ့မော်က တခြားမေးခွန်းတစ်ခုကို ပြန်မေးလိုက်သည်။

"မရသေးပါဘူး နတ်ဘုရားသားတော်..." ကောင်စီဝင် မဟာနတ်ဘုရားအစေခံက ခေါင်းခါလိုက်သည်။

"ဟိုလူရော" ယဲ့မော် ထပ်မေးလိုက်သည်။

"သူလည်း ပျောက်ချင်းမလှ ပျောက်နေတုန်းပါပဲ..." ကောင်စီဝင် မဟာနတ်ဘုရားအစေခံ က နတ်ဘုရားသားတော်ဆိုလိုတဲ့သူက ဘယ်သူလဲဆိုတာ သိသည်။

"ဒီလူက အန္တရာယ်များတယ်" ယဲ့မော် သက်ပြင်းချလိုက်သည်။

"နတ်ဘုရားသားတော်... ဒီလူက ပါရမီထူးပြီး ရှေးဟောင်းနတ်ဘုရားလက်နက်ကို ရသွားရင်တောင်မှ၊ မဟာနတ်ဘုရားယဇ်ပူဇော်ပွဲကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး" ကောင်စီဝင် မဟာနတ်ဘုရားအစေခံက မနေနိုင်ဘဲ ပြောလိုက်သည်။

"ငါက အမှားအယွင်း အနည်းအကျဉ်းလေးတောင် လက်မခံနိုင်ဘူး" ယဲ့မော် က လေးနက်စွာ ပြောလိုက်သည်။ "အရင်တုန်းကလည်း မဟာနတ်ဘုရားယဇ်ပူဇော်ပွဲတွေ အကြိမ်ကြိမ်ကျင်းပခဲ့ကြဖူးတယ်... ဒါပေမဲ့ တစ်ကြိမ်ပဲ အောင်မြင်ခဲ့ဖူးတယ်။ ကျန်တဲ့အကြိမ်တွေက သေးငယ်တဲ့ ပြဿနာလေးတွေကြောင့် ကျရှုံးခဲ့ရတာချည်းပဲ"

တကယ်လို့ အဲဒီလူက ရှေးဟောင်းနတ်ဘုရားလက်နက်ကို ရရှိသွားပြီး၊ အတွင်းထဲက နတ်ဘုရားသတ်လိုစိတ်အကူအညီနဲ့ လုရှန်နိယာမကို နားလည်သဘောပေါက်သွားရင်၊ သူ့ရဲ့ ယဇ်ပူဇော်ပွဲ ကို ခြိမ်းခြောက်နိုင်စွမ်းရှိလာလိမ့်မယ်။

ယဇ်ပူဇော်ပွဲ ကျင်းပတဲ့အခါ၊ ဒီအန္တရာယ်ကို ထည့်သွင်းစဉ်းစားပြီး သေချာပြင်ဆင်ထားမှဖြစ်မယ်။

***

All Chapters