← Chapters

မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ

Vol. 25 Ch. 397

မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ

Vol. 25 Ch. 397

ဟွေ့ယွမ်ကပ်ဘေး ပြီးဆုံးသွားခဲ့ပြီ။

၃၃ ဘုံ တွင် အသက်ရှင်ကျန်ရစ်သော နိယာမအဆင့် ကျင့်ကြံသူအရေအတွက် အလွန်နည်းပါးသွားသည်။

မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားဆိုလျှင် လက်ချိုးရေလို့ရသည့် အနေအထားပင်။

အခြားကမ္ဘာကြီးများတွင်လည်း အခြေအနေသိပ်ထူးမည် မဟုတ်ပေ။

ဒီတစ်ခေါက် ဟွန်တွန်အဖွဲ့အစည်း၏ ရိတ်သိမ်းမှုက စေ့စပ်သေချာလွန်းသဖြင့်၊ နောက်ထပ် ဟွေ့ယွမ်တစ်ခု၊ နှစ်ခုလောက် မကြာဘဲ မူလအတိုင်း ပြန်လည်နာလန်ထူနိုင်ဖို့ ခက်ခဲလိမ့်မည်။

သေချာတာကတော့ ဒီအခြေအနေက သာမန်ကျင့်ကြံသူတွေအတွက် အကျိုးရှိစေသည်။

အထူးသဖြင့် သာမန် နတ်ဘုရားဂိုဏ်းတွေအတွက် ထွန်းတောက်လာဖို့ အကောင်းဆုံးအချိန်အခါပါပဲ။

သူတို့က မူလရှိပြီးသား မပျက်သုဉ်းနိုင်သော နတ်ဘုရားဂိုဏ်းကြီးတွေနဲ့ တန်းတူ စတင်နိုင်တဲ့ အခြေအနေ ရောက်သွားပြီလေ။

အောက်ပိုင်းနှင့် အလယ်ပိုင်း ကောင်းကင်ဘုံများတွင် သိပ်မသိသာသော်လည်း၊ မပျက်သုဉ်းနိုင်သော နတ်ဘုရားဂိုဏ်းကြီးများ စုဝေးရာ အထက်ပိုင်း ကောင်းကင်ဘုံများတွင်မူ အပြောင်းအလဲကြီး ဖြစ်နေသည်။

ဟွေ့ယွမ်ကပ်ဘေး ပြီးဆုံးသည်နှင့် သာမန်ဂိုဏ်းငယ်များသည် အရူးအမူးနယ်မြေချဲ့ထွင်ပြီး နေရာလုကြတော့သည်။

ဂိုဏ်းကြီးများသည် ကပ်ဘေးအတွင်း အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ရပြီး၊ အများစုမှာ ရွှေနတ်ဘုရားတစ်ပါးတောင် မကျန်တော့ပေ။ တချို့ဆိုလျှင် လုံးဝပျက်စီးသွားခဲ့ပြီ။ ထို့ကြောင့် သူတို့၏အင်အားကို လျှော့ချပြီး ကျုံ့နေရသည်။

ဒါ့အပြင် ပြင်ပကမ္ဘာမှ ကျန်ရစ်ခဲ့သော အင်အားစုအများအပြားလည်း ရှိနေသေးသည်။ ငရဲဘုံသား တစ္ဆေမျိုးနွယ်၊ နတ်ဘုရားသွေး ရှားမန်ဂိတ်၊ ရှေးဟောင်းမိစ္ဆာဂိုဏ်း စသည်ဖြင့်... ဒီအင်အားစုတွေကလည်း နယ်မြေအများအပြားကို သိမ်းပိုက်ထားပြီး လျင်မြန်စွာ အင်အားကြီးထွားလာကြသည်။

တကယ်တမ်းကျတော့ အောက်ပိုင်းနှင့် အလယ်ပိုင်း ကောင်းကင်ဘုံများတွင်လည်း အကြီးအကျယ် ဖဲချိုးသကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။

အင်အားစုအသေးစားလေးများ အခွင့်ကောင်းယူပြီး ထကြွလာကြသည်။

ယွီဟွာနတ်ဘုရားနန်းတော်၏ မူလ ပိုင်နက်နယ်မြေတွင်၊ ယွီဟွာနတ်ဘုရားနန်းတော် ပျောက်ကွယ်သွားခြင်းကြောင့် ယခုအခါ လုံးဝ ကွဲပြားသွားပြီး စစ်ဘုရင်များနယ်မြေလုနေသကဲ့သို့ ဖြစ်နေသည်။

လောလောဆယ် ယွီဟွာနတ်ဘုရားနန်းတော်ပိုင်နက်ကို မျက်စိကျနေတဲ့ တခြားဂိုဏ်းကြီးတွေ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့လည်း ကိုယ့်ဒုက္ခနဲ့ကိုယ် ရှုပ်နေကြလို့လေ။ သူတို့ နယ်မြေအတွင်းမှာလည်း အင်အားစုသစ်တွေထကြွပြီး သူတို့ရဲ့အာဏာကို စိန်ခေါ်နေကြတာကိုး။

လီချန်သည် ဒါတွေအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

တပြိုင်နက်တည်းမှာပင် သူသည် လျှို့ဝှက်ရှန်ထျန်းဟွေ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၃၃ ဘုံ အတွင်း အင်အားတိုးချဲ့ပြီး ရုပ်သေးရုပ်များကို မွေးမြူနေသည်။

ဒါတွေအားလုံးက သတင်းအချက်အလက် စုဆောင်းဖို့ သက်သက်ပါပဲ။ ဘာမှ မလုပ်တာထက်စာရင် တော်သေးတာပေါ့။

တကယ်လို့ နတ်ဘုရားသားတော် ယဲ့မော်သာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ရင်၊ ယွီဟွာနတ်ဘုရားနန်းတော်က ဆက်ပြီး ပုန်းအောင်းနေရုံပဲ ရှိတော့တာ။

ဒါပေမဲ့ သူက ယဲ့မော်ရဲ့ မဟာနတ်ဘုရားယဇ်ပူဇော်ပွဲကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ရင်တော့ အခြေအနေတွေ ပြောင်းလဲသွားလိမ့်မယ်။

ယွီဟွာနတ်ဘုရားနန်းတော်အနေနဲ့ ၃၃ ဘုံကို လွှမ်းမိုးဖို့ဆိုတာ လက်ဖျစ်တစ်ချက် တီးလိုက်သလောက်ပဲ ကြာမယ့်ကိစ္စ။

....

နှစ်အနည်းငယ် ကြာပြီးနောက်။

ဟွန်တွန်မဟာကမ္ဘာ။

ကြီးကျယ်ခမ်းနားလှသော မဟာနတ်ဘုရားယဇ်ပူဇော်ပွဲကြီး ကျင်းပနေပြီဖြစ်သည်။

ကြည်ညိုလေးစားမှုနှင့် ရူးသွပ်မှုတို့ ပြည့်နှက်နေသော ဆုတောင်းသံများကြားတွင်၊ ကြီးမားသော ယဇ်ပလ္လင်ကြီးတစ်ခု ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး ဖြည်းညှင်းစွာ မြင့်တက်လာသည်။ ထိုယဇ်ပလ္လင်မှ ထွက်ပေါ်လာသော အလင်းရောင်များသည် အကန့်အသတ်မဲ့ ကမ္ဘာများကို ဖြတ်သန်းပြီး ကမ္ဘာအသီးသီး၏ ကောင်းကင်ယံတွင် ပုံရိပ်ယောင်များ ထင်ဟပ်စေသည်။

လျှို့ဝှက်နယ်မြေပဲ ဖြစ်ဖြစ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ်... ယဇ်ပလ္လင် ပုံရိပ်တွေ ပေါ်လာသည်။

မြေနတ်ဘုရားကမ္ဘာနှင့် ပျက်စီးသွားသော နတ်ဘုရားကမ္ဘာထဲမှာတောင်မှ မှေးမှိန်သော ယဇ်ပလ္လင် ပုံရိပ်တွေ ရှိနေသည်။

နေရာတစ်နေရာလွဲရင်ပေါ့။

အဲဒါကတော့ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံပါပဲ။

ယဇ်ပလ္လင်၏ လွှမ်းမိုးမှုကိုခံရသော သက်ရှိသတ္တဝါအားလုံးသည် ထိုအခိုက်အတန့်တွင် ဒူးထောက် ရှိခိုးချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

လီချန်သည် ကောင်းကင်တာအိုနယ်ပယ်အတွင်း ရပ်နေပြီး၊ ကောင်းကင်ပေါ်မှ ကြီးမားသော ယဇ်ပလ္လင် ပုံရိပ်ကို မော့ကြည့်ကာ လေးနက်သော အမူအရာ ဖြစ်နေသည်။

ဒီမဟာနတ်ဘုရားယဇ်ပူဇော်ပွဲရဲ့လှုပ်ရှားမှုက အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ ထဲအထိ ထိုးဖောက်မဝင်နိုင်ဘူးဆိုကတည်းက၊ လှိုဏ်ဂူကောင်းကင်ဘုံရဲ့လုံခြုံရေးက ပိုမြင့်မားလာတယ်ဆိုတဲ့ သဘောပဲ။ ကောင်းကင်တာအိုနယ်ပယ်တောင်မှ ဒီယဇ်ပူဇော်ပွဲရဲ့ လွှမ်းမိုးမှုကို မကာကွယ်နိုင်ဘူးလေ။

"လီချန်... ရှင် တကယ် သွားတော့မလို့လား" ဝူရွှမ်းက ဘေးနားမှာရပ်ရင်း စိုးရိမ်တကြီးမေးလိုက်သည်။

ယဲ့မော် နတ်ဘုရားတစ်ပိုင်းဖြစ်မယ့်ကိစ္စကို သွားတားဆီးတာက အရမ်းအန္တရာယ်များလွန်းတယ်။

ဖြစ်နိုင်ရင် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲမှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေစေချင်တာ။

"ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပေါ့" လီချန် ပေါ့ပါးစွာ ရယ်မောလိုက်သည်။ "ပြီးတော့... ဒီတစ်ခေါက် သိပ်ပြီး အန္တရာယ်မရှိလောက်ပါဘူး"

သူ့မှာ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းဆိုတဲ့ ဝှက်ဖဲ ရှိနေတာပဲ။

တကယ် အန္တရာယ်ကြုံရင် အချိန်ခေါင်းလောင်းကို ထုတ်သုံးလိုက်ရုံပေါ့။

အခုအချိန်ထိ သူ အချိန်ခေါင်းလောင်းရဲ့ စစ်မှန်တဲ့စွမ်းအားကို တစ်ခါမှ ထုတ်မသုံးဖူးသေးဘူး။

ဝူရွှမ်း တစ်ခုခုပြောချင်သော်လည်း မပြောဖြစ်တော့ဘဲ ငြိမ်နေလိုက်သည်။

အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် လီချန် ပြောလိုက်သည်။ "ငါ သွားတော့မယ်... စောင့်နေနော်"

ပြောပြောဆိုဆိုနဲ့ သူ ပျောက်ကွယ်သွားသည်။

ယခုအချိန်တွင် သူသည် ကျီမိသားစုက ကမ္ဘာအသီးသီးမှာ တည်ဆောက်ထားခဲ့တဲ့ တယ်လီပို့ အစီအရင်တွေကို အသုံးပြုပြီး၊ ယဇ်ပလ္လင်တည်ရှိရာအရပ်ဆီ အမြန်ဆုံးသွားရောက်နေသည်။

သူ့ရဲ့ လက်ရှိအင်အားနဲ့ ကမ္ဘာကြီးတွေကြားက ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်စွမ်းရှိပေမဲ့၊ စကြဝဠာ ကမ္ဘာပေါင်းများစွာက ကျယ်ပြောလွန်းတော့ အချိန်အများကြီး ပေးရလိမ့်မယ်။

သူ အဲဒီရောက်တဲ့အချိန်ကျရင် မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ ပြီးတောင် ပြီးသွားလောက်ပြီ။

.....

တစ်ရက်အကြာတွင်။

လီချန်သည် ယဇ်ပလ္လင်တည်ရှိရာ ဟင်းလင်းပြင်သို့ ရောက်ရှိလာသည်။

ဟင်းလင်းပြင်မှ ကြည့်လိုက်လျှင် ကြီးမားသော ကမ္ဘာကြီးတစ်ခုကို တွေ့ရသည်။ ထိုကမ္ဘာကြီးသည် ဝိုးတဝါးဖြစ်နေပြီး အချိန်မရွေး ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားနိုင်မည့်ပုံ ပေါက်နေသည်။

ကြီးမားသော ယဇ်ပလ္လင်ပုံရိပ်သည် ထိုကမ္ဘာကြီးထဲမှ ထိုးထွက်နေခြင်းဖြစ်သည်။

"ဒါ ဟွန်တွန်မဟာကမ္ဘာလား... တကယ်ကို ထူးခြားတာပဲ" လီချန် ထိုကမ္ဘာကြီးကို ကြည့်လိုက်သည်။

မဟာနတ်ဘုရားယဇ်ပူဇော်ပွဲသာ မရှိရင်၊ သူ ဒီဟွန်တွန်မဟာကမ္ဘာ တည်နေရာကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး။

ဒီဟွန်တွန်မဟာကမ္ဘာက အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံနဲ့ ဆင်တူသလို ခံစားရတယ်။

လီချန် ဟွန်တွန်မဟာကမ္ဘာအတွင်းသို့ ချက်ချင်း မဝင်သေးပေ။

ကမ္ဘာကြီးတစ်ခုလုံးကို ထူးဆန်းသော စွမ်းအားတစ်ခုက လွှမ်းခြုံထားသည်ကို သူ ခံစားမိသည်။ ကြည့်ရတာ အစီအရင်တစ်မျိုးဖြစ်လောက်သည်။

ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်တဲ့ အစီအရင်ဆိုတော့ ကြောက်စရာကောင်းနေမှာ သေချာတယ်။

ဒါမှမဟုတ် တခြား ပိတ်ဆို့မှု စွမ်းအားမျိုးလား။

ဟွန်တွန်ပြင်ပနတ်ဘုရားနဲ့ ပတ်သက်နေမှတော့ ဘယ်လောက်ပဲ ဖြစ်နိုင်ခြေနည်းပါစေ ဖြစ်နိုင်တာချည်းပါပဲ။

သူ အခွင့်အရေးကို စောင့်နေသည်။

မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ အထွတ်အထိပ် ရောက်တဲ့အချိန်ကျရင် ဟွန်တွန်မဟာကမ္ဘာရဲ့ အစီအရင်အပေါ် သက်ရောက်မှုရှိလာလိမ့်မယ်။

အဲဒီအချိန်ကျမှ သူ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်မယ်။

အချိန်မည်မျှ ကြာသွားသည်မသိ။ ကြီးမားသော ယဇ်ပလ္လင်ပုံရိပ်ပေါ်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု စုစည်းလာသည်။

ယခုအချိန်တွင် ဟွန်တွန်မဟာကမ္ဘာအတွင်း၌၊ ယဇ်ပလ္လင်အောက်ခြေတွင် ယဲ့မော်သည် ယဇ်ပလ္လင်ပေါ်မှ အလင်းရောင်ကို ရူးသွပ်စွာ ကြည်ညိုနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

အဲဒါ မဟာနတ်ဘုရားရဲ့ ကောင်းချီး။

သူ နတ်ဘုရားတစ်ပိုင်းအဆင့် တက်လှမ်းနိုင်မယ့် မျှော်လင့်ချက်။

သူသည် ကြည်ညိုလေးစားသော စိတ်ဖြင့် လေပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားသည်။ ခြေထောက်အောက်တွင် လှေကားထစ်များ ရှိနေသကဲ့သို့ပင်။

သူ ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိသွားသည်။

ထူးဆန်းသော အလင်းရောင်က မျက်စိရှေ့မှာတင်။

ဒါ မဟာနတ်ဘုရားရဲ့ ကောင်းချီးပဲ။

ယဲ့မော် စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေသည်။

ဒီကောင်းချီးကို ရလိုက်တာနဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ကိုရောက်ဖို့ အခွင့်အလမ်းများသွားပြီ။

နတ်ဘုရားတစ်ပိုင်း။

နတ်ဘုရားအစစ် မဟုတ်ဘဲ အတုအယောင်နတ်ဘုရားသာ ဖြစ်သော်လည်း၊ မဟာနတ်ဘုရားရဲ့ ဆွေမျိုးသားချင်းဖြစ်ခွင့်ရရှိပြီဖြစ်သည်။

သူ အလျင်အမြန် ဒူးထောက်လိုက်ပြီး နတ်ဘုရားကောင်းချီး ခံယူခြင်းဆိုင်ရာ ဆုတောင်းစာကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်သည်။

ဒီဆုတောင်းစာကို သူ့စိတ်ထဲမှာ ဘယ်နှစ်ခေါက် ရွတ်ခဲ့မှန်းတောင် မသိတော့ဘူး။ ဒီနေ့မှ အသံထွက်ရွတ်ခွင့် ကြုံတော့တာ။

ဆုတောင်းစာရွတ်ပြီးနောက် သူသည် ဒူးထောက်လျက် အလင်းရောင်ဆီသို့ တွားသွားလိုက်သည်။

အလင်းရောင်က သူ့ကိုယ်ပေါ် ကျရောက်နေပြီး အလွန်နွေးထွေးကာ၊ သူ့ရင်ထဲက အရာရာကို ဆေးကြောပေးလိုက်သကဲ့သို့ သက်သောင့်သက်သာဖြစ်စေသည်။

သူ့စိတ်က ပိုမို ကြည်ညိုလေးစားလာသည်။

လက်တစ်ကမ်းအကွာက အလင်းရောင်ကိုကြည့်ပြီး သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ပြီး၊ အလွန်ရိုသေနှိမ့်ချသော ဟန်ပန်ဖြင့် နတ်ဘုရားကောင်းချီးအလင်းလုံးကို ထိတွေ့ရန် ကြိုးစားလိုက်သည်။

ရွှပ်!

ရုတ်တရက် ဓားအလင်းတန်းတစ်ခု ဟင်းလင်းပြင်ကို ခွဲပြီး ထွက်ပေါ်လာကာ၊ ယဲ့မော်၏ နောက်စေ့ တည့်တည့်သို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။

ဖောင်း!

ဖရဲသီး ကွဲသွားသကဲ့သို့ ယဲ့မော်၏ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ခေါင်းပြတ်ကြီးဖြစ်သွားသည်။

သွေးစများနှင့် အသားစများ လွင့်စင်ထွက်သွားသော်လည်း၊ အသက်ရှင်သန်မှုရှိနေသေးသကဲ့သို့ လှုပ်ရှားနေကြသည်။

လည်ပင်းပြတ်နေရာမှ အသားများ ရှုပ်ထွေးစွာ လှုပ်ရှားနေပြီး ခေါင်းသစ်တစ်ခု ပြန်ပေါက်ရန် ကြိုးစားနေသော်လည်း မအောင်မြင်ပေ။

မကြာမီ ယဲ့မော်၏ရင်ဘတ်နေရာတွင် မျက်နှာပုံစံတစ်ခု ထွက်ပေါ်လာသည်။ အလွန် တွန့်လိမ်ရှုံ့တွနေပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ "လုရှန်ဓား... ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးနေရတာလဲ"

သူ့အသံတွင် မယုံကြည်နိုင်မှုများ ပါဝင်နေသည်။

သူက နတ်ဘုရားသားတော် လေ။ ကောင်စီဝင် မဟာနတ်ဘုရားအစေခံတွေရဲ့ မသေမျိုးခန္ဓာကိုယ်နဲ့ မတူဘူး။ ပိုပြီး အစွမ်းထက်တာ။

ဒါပေမဲ့ အခု သူ့ခေါင်းက တိုက်ရိုက်အဖျက်ဆီးခံလိုက်ရပြီ။

အချိန်တိုအတွင်း ပြန်ကောင်းလာဖို့ မဖြစ်နိုင်တော့ဘူး။

လွင့်စင်သွားတဲ့ ခေါင်းအပိုင်းအစ တော်တော်များများကလည်း ကြောက်မက်ဖွယ် လုရှန်ဓား အရှိန်အဝါကြောင့် ပျက်စီးကုန်ပြီ။ အနည်းငယ်ပဲ အသက်ရှင် ကျန်ရစ်တော့တယ်။

သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး နတ်ဘုရားကောင်းချီးအလင်းလုံးဆီ လက်လှမ်းလိုက်သည်။

ဒီအလင်းလုံးကသာ သူ့ဒဏ်ရာကို လုံးဝ ပျောက်ကင်းစေနိုင်ပြီး၊ သူ့ကို ပိုမို သန်စွမ်းလာစေနိုင်မှာ။

တိတ်တဆိတ် တိုက်ခိုက်လာတဲ့ လုရှန်ဓားက ကြောက်စရာကောင်းလွန်းတယ်။

မဟုတ်ဘူး... ကြောက်စရာကောင်းတယ်ဆိုတဲ့ စကားလုံးနဲ့တောင် မလုံလောက်တော့ဘူး။

လုံးဝ သဘာဝလွန်နေတာ။

ဟွန်တွန်အဖွဲ့အစည်းက လုရှန်ဓားရဲ့စွမ်းအားကို သေချာလေ့လာထားပြီးသား။

အထွတ်အထိပ်ရောက်တဲ့ လုရှန်ဓား နဲ့ နတ်ဘုရားသတ်နတ်ဓား ပေါင်းစပ်လိုက်ရင်၊ စွမ်းအားက အကန့်အသတ်တစ်ခုအထိပဲ ရောက်နိုင်တာ။ နောက်ဆုံး စွမ်းအားကို လွှမ်းမိုးတာက ကျင့်ကြံသူရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပင်မနိယာမပဲ။ ဒါပေမဲ့ လွှမ်းမိုးနိုင်မှုက ၂၀-၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာ။

ပြီးတော့ ပုံမှန်အားဖြင့် နတ်ဘုရားသတ်နတ်ဓားကို ကိုင်ဆောင်တဲ့ ကျီမိသားစုဝင်တွေက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ပဲ ရှိကြတာ။ ကပ်ဘေး မကျော်ဖြတ်ရသေးလို့ ကျင့်ကြံမှုအဆင့်က ဆက်တက်လို့ မရဘူး။

နိယာမဆိုရင်လည်း အဆင့် ၈ လောက်ပဲ ရှိတတ်ကြတာ။

အဆင့် ၉ ရောက်နေရင်တောင်မှ... ဒီလောက်ကြီး စွမ်းအားကြီးစရာအကြောင်းမရှိဘူး။

သူ့လက်က အလင်းလုံးကို ထိခါနီးအချိန်မှာပဲ၊ ဓားအလင်းတန်း ထပ်မံလက်ခနဲဖြစ်သွားပြီး သူ့လက်မောင်း ၂ ဖက် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် လူရိပ်တစ်ခု ဖြတ်သန်းသွားပြီး ထိုနတ်ဘုရားကောင်းချီးအလင်းလုံးကို ဖမ်းဆုပ်လိုက်သည်။

ယဲ့မော် ဒါကိုမြင်တော့ အစကကြောင်သွားပြီး၊ နောက်တော့ ဝမ်းသာအားရဖြစ်သွားသည်။

ဘာလို့လဲဆိုတော့ ဒီနတ်ဘုရားကောင်းချီးကို သူတစ်ယောက်တည်းပဲ စုပ်ယူလို့ရတာလေ။

တခြားသူတွေ... ကောင်စီဝင် မဟာနတ်ဘုရားအစေခံတွေတောင် မရဘူး။ ထိလိုက်တာနဲ့ အလင်းလုံးထဲမှာပါဝင်တဲ့ ကြောက်မက်ဖွယ် နတ်ဘုရားအရှိန်အဝါကြောင့် ပေါက်ကွဲသေဆုံးသွားမှာ။

ဘယ်က ရောက်လာမှန်းမသိတဲ့ ဒီရန်သူက ဒီအလင်းလုံးကို လုရဲတယ်ပေါ့။

သေချင်နေတာပဲ။

အလင်းလုံးထဲက နတ်ဘုရားအရှိန်အဝါက ဒီလူကို မျိုးတုန်းသွားစေလိမ့်မယ်။

ယခုအချိန်တွင် လီချန်သည် သူ့ရဲ့ လုရှန်ဓားချက်ကို ခံရပြီးတာတောင် မသေသေးတဲ့ ယဲ့မော်ကို ကြည့်ပြီး အံ့သြနေသည်။

ပုံမှန်ဆိုရင် သူ့ရဲ့ နတ်ဘုရားဓားနဲ့ ထိလိုက်တာနဲ့ သေချာပေါက် သေရမှာ။

ဒါပေမဲ့ ယဲ့မော်က ခေါင်းနဲ့ လက်မောင်း ၂ ဖက်ပဲ ပျက်စီးသွားတာ။

ကြည့်ရတာ ယဲ့မော်ရဲ့ ခန္ဓာကိုယ် အခြေအနေက အလွန်ထူးခြားပုံရသည်။

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးလို့ရပေမဲ့၊ သူ့ခန္ဓာကိုယ်နဲ့ အသိစိတ်တစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးလို့ မရနိုင်ဘူး။

"ဒါ ဟွန်တွန်ပြင်ပနတ်ဘုရားတွေရဲ့ ထူးခြားချက်ဖြစ်တဲ့ မပျက်စီးနိုင်သော နတ်ဘုရားခန္ဓာဆိုတာလား" လီချန် စိတ်ထဲ တွေးလိုက်သည်။

ဒီမပျက်စီးနိုင်သော နတ်ဘုရားခန္ဓာက သာမန် မပျက်သုဉ်းနိုင်သော ရွှေခန္ဓာတွေနဲ့ ယှဉ်လို့ မရဘူး။ အသားစတစ်စ၊ သွေးတစ်စက် ကျန်နေသေးသရွေ့ မသေနိုင်ဘူး။

တကယ်လို့ ယဲ့မော်က သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို လျှို့ဝှက်နေရာတစ်ခုမှာ သိမ်းထားခဲ့ရင်၊ အခု ဒီခန္ဓာကိုယ်ကြီး ပျက်စီးသွားရင်တောင် သူ ဆက်လက်အသက်ရှင်နေဦးမှာ။

ဆိုလိုတာက ယဲ့မော်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကို ရှာမတွေ့မချင်း၊ ယဲ့မော်ကို သတ်လို့ ရမှာ မဟုတ်ဘူး။

ဒါက ဟွန်တွန်ပြင်ပနတ်ဘုရားတွေရဲ့ အဓိကလက္ခဏာတစ်ခုလို့ ဆိုကြတယ်။

ဒီယဲ့မော်က နတ်ဘုရားတစ်ပိုင်းတောင် မဖြစ်သေးဘဲ ဒီလိုစွမ်းရည်ရနေပြီလား။

ယဲ့မော်ကို သတ်လို့မရမှတော့ ပစ်မှတ်ကို နတ်ဘုရားကောင်းချီးအလင်းလုံးဆီ ပြောင်းရတော့မယ်။

ဒီအလင်းလုံးကို သိမ်းသွားလိုက်ရင် ယဲ့မော် နတ်ဘုရားတစ်ပိုင်း အဆင့် မတက်နိုင်တော့ဘူး။

ဒါပေမဲ့ သူက နတ်ဘုရားအာရုံနဲ့ အလင်းလုံးကိုထိတွေ့ပြီး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ သိမ်းဖို့လုပ်လိုက်ချိန်မှာ... ရုတ်တရက် သူ့ဦးနှောက်ထဲ တုန်ခါသွားသည်။ ကြောက်မက်ဖွယ် ပုံရိပ်ကြီးတစ်ခုက သူ့ရဲ့ အသိစိတ်ပင်လယ်ကာကွယ်ရေးကို ထိုးဖောက်ပြီး ဝင်ရောက်လာကာ၊ သူ့စိတ်တစ်ခုလုံးကို လွှမ်းမိုးဖို့ ကြိုးစားလာသည်။

ဒေါင်! ဒေါင်! ဒေါင်!

ပြင်းထန်သော ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။

မကြာမီ ထိုကြောက်မက်ဖွယ်ပုံရိပ်ကြီး တဖြည်းဖြည်း ဝေးကွာသွားပြီး၊ နောက်ဆုံးတွင် သူ့ဦးနှောက်ထဲမှ လုံးဝပျောက်ကွယ်သွားသည်။

တပြိုင်နက်တည်းမှာပင် ထိုနတ်ဘုရားကောင်းချီးအလင်းလုံးသည် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

ဝုန်း!

သူ့ရဲ့ လင့်တုန်းနိယာမနဲ့ တခြား အရန်နိယာမ ၈ ခုစလုံးက ဒီအလင်းရောင်ကို စုပ်ယူလိုက်ပြီး၊ ရူးသွပ်စွာ တိုးတက်လာကြသည်။

"ဟမ်... ဒီလိုလည်း ရတာလား" လီချန် အံ့သြသွားသည်။

သိသာထင်ရှားတာက သူ စောစောက အလင်းလုံးထဲမှာပါဝင်တဲ့ နတ်ဘုရားအရှိန်အဝါကို တောင့်ခံနိုင်လိုက်လို့၊ ဒီအလင်းရောင်ကို စုပ်ယူခွင့်ရသွားတာဖြစ်မယ်။

ဒီအလင်းရောင်ရဲ့ အနှစ်သာရက ငရဲဘုံ မူလအနှစ်သာရနဲ့ ဆင်တူသလိုလိုရှိပေမဲ့... မဟုတ်ဘူး၊ ငရဲဘုံ မူလအနှစ်သာရထက် ပိုသန့်စင်ပြီး စုပ်ယူရပိုလွယ်ကူနေတယ်။

အခု သူ့ရဲ့ နိယာမ ၉ ခုစလုံး ဒုံးပျံစီးသလို တက်နေတာက သက်သေပဲ။

အချိန်မည်မျှ ကြာသွားသည်မသိ။ လီချန် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။

သူ စနစ်မျက်နှာပြင်ကိုခေါ်ယူပြီး အချက်အလက်များကို စစ်ဆေးလိုက်သည်။

အိမ်ရှင်: လီချန်။

နတ်ဝိညာဉ် (ကောင်းကင်တာအို)။

မဟာယာနနယ်ပယ် (အလယ်အလတ်အဆင့် ၃/၁၀၀)။

အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၆၅၄၁၂၃/၁၀၀၀၀၀၀၀)။

ကောင်းကင်ဘုံအဌမဓား (အထွတ်အထိပ်)။

မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။

လင့်တုန်းလောကသစ်ပင် (အဆင့် ၉ ၉၉/၁၀၀)။

အရန်နိယာမများ: အားလုံး အဆင့် ၉ (၉၉/၁၀၀)။

ချန်ယွမ်အစီအရင်ကျမ်း (နှစ်ဆယ့်လေးအခြေခံ ၉၃/၁၀၀)။

ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့်ဆယ့်နှစ် ၆၆/၁၀၀)။

လက်နက်သန့်စင်သူ (အဆင့်ဆယ့်နှစ် ၅၁/၁၀၀)။

အဂ္ဂိရတ်ဆရာ (အဆင့်ဆယ့်နှစ် ၉၉/၁၀၀)။

သားရဲထိန်းကျောင်းသူ (အဆင့် ၈ ၈၇/၁၀၀)။

လီချန် ရင်ထဲ တုန်လှုပ်သွားသည်။

နိယာမ ၉ ခုစလုံး အဆင့် ၉ အကန့်အသတ်ကို ရောက်ရှိသွားပြီ။

တကယ်လို့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် စည်းမျဉ်းအဆင့်ကို ရောက်သွားတော့မှာ။

"ဒါကြောင့်ကိုး... ယဲ့မော်က ဒီနတ်ဘုရားကောင်းချီးအလင်းလုံးကို အသုံးပြုပြီး နတ်ဘုရားတစ်ပိုင်းအဆင့်တက်လှမ်းဖို့ အခွင့်အရေးရှိနေတာကိုး" လီချန် သဘောပေါက်သွားသည်။

သူ နိယာမ ၉ ခု ပိုင်ဆိုင်ထားတာတောင်မှ အဆင့်ပိုမြင့်တဲ့ စည်းမျဉ်းအဆင့်ကို ရောက်လုနီးပါးဖြစ်သွားပြီ။

ဒါပေမဲ့ သူ သိတယ်။ ခြေတစ်လှမ်းပဲ လိုတော့တယ် ထင်ရပေမဲ့၊ တကယ်တမ်း ကျော်ဖြတ်ဖို့က အလွန်ခက်ခဲလိမ့်မယ်။

အထူးသဖြင့် သူ့မှာ နိယာမ ၉ ခုတောင် ရှိနေတာ။

ကျော်ဖြတ်ရမယ့် အခက်အခဲက ဘယ်လောက်ကြီးမားမလဲ ခန့်မှန်းလို့ရတယ်။

ရုတ်တရက် လီချန် မလှမ်းမကမ်းက ယဲ့မော်ကို လှမ်းကြည့်လိုက်သည်။

ဒီယဲ့မော်က ခေါင်းမရှိ၊ လက်မောင်းမရှိဘဲ ကြည့်ရတာ အရမ်းထူးဆန်းနေသည်။

ဒါပေမဲ့ သူ့ရင်ဘတ်ပေါ်က မျက်နှာကတော့ လွန်စွာတွန့်လိမ်ရှုံ့တွနေပြီး၊ ကြောင်အနေသည်။

ဘာလို့လဲဆိုတော့ လီချန် မသေလို့လေ။

နတ်ဘုရားကောင်းချီးအလင်းလုံးကို ထိလိုက်တာတောင် မသေဘူး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လုံးဝ မဖြစ်နိုင်ဘူးလေ။

ဒါမှမဟုတ်... ဒီလူကလည်း မဟာနတ်ဘုရားရဲ့ သစ္စာရှိ ယုံကြည်သူလား။

မဟာနတ်ဘုရားရဲ့ သစ္စာအရှိဆုံး ယုံကြည်သူတွေမှသာ နတ်ဘုရားကောင်းချီးကို ရရှိနိုင်ပြီး၊ ထိတွေ့နိုင်တာ။ မဟုတ်ရင် နတ်ဘုရားအရှိန်အဝါကြောင့် သေချာပေါက် သေဆုံးရမှာ။

အခု ယဲ့မော် လုံးဝဘဝပျက်သွားပြီ။

လီချန်က လက်ထဲမှဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်း ထွက်ပေါ်လာပြီး ယဲ့မော်ကို လုံးဝ လွှမ်းခြုံသွားသည်။

နောက်တစ်စက္ကန့်တွင် ယဲ့မော်တစ်ကိုယ်လုံး အမှုန့်ကြိတ်ခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားသည်။

သို့သော် လီချန် မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့မော်ရဲ့ အရှိန်အဝါ လုံးဝပျောက်ကွယ်မသွားဘဲ ဆက်လက်တည်ရှိနေသေးတာကို ဝိုးတဝါး အာရုံခံမိလိုက်လို့ဖြစ်သည်။

ဆိုလိုတာက ယဲ့မော်မှာ တခြားနေရာမှာ အသက်ရှင်နေတဲ့ ခန္ဓာကိုယ်အသားစတွေ ရှိနေသေးတယ်ဆိုတာ သေချာသွားပြီ။

ဒါပေမဲ့ သူ သိပ်ဂရုမစိုက်တော့ပါဘူး။

ယဲ့မော်က နတ်ဘုရားတစ်ပိုင်းအဆင့်တက်လှမ်းဖို့ ကျရှုံးသွားပြီမို့ ခြိမ်းခြောက်မှု မရှိတော့ဘူး။

ယဲ့မော်တင်မကဘူး... ဟွန်တွန်အဖွဲ့အစည်းတစ်ခုလုံးလည်း ဆက်ရှိနေစရာ မလိုတော့ဘူး။

လီချန် သူ့ရဲ့ အစွမ်းထက် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ၊ ယဇ်ပလ္လင်အောက်က ဟွန်တွန်အဖွဲ့အစည်းဝင်တွေကို အာရုံခံမိလိုက်သည်။ အရေအတွက် သိပ်မများဘူး၊ ၁၀၀၀ အောက်ပဲရှိတယ်။

ဒါပေမဲ့ လူတိုင်းက အနည်းဆုံး အဆင့် ၇ နိယာမ နဲ့အထက် ရှိကြတယ်။

ပြီးတော့ ဒီလူတွေ အကုန်လုံးက နတ်ဘုရားပစ္စည်းတွေကို ပိုင်ဆိုင်ထားကြပြီး၊ စည်းမျဉ်းစွမ်းအားတချို့ကို အသုံးပြုနိုင်ကြတယ်။ သာမန် ရှန်းကျွင်း၊ ရှန်းဝမ်တွေထက် အများကြီး သာလွန်တယ်။

"ငါ ဟွန်တွန်အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရင်၊ ဟွန်တွန်ပြင်ပနတ်ဘုရား ဒေါသထွက်သွားမလား" လီချန် စိတ်ထဲ တွေးလိုက်သည်။

နောက်ဆုံးတော့ သူ မလုပ်ဖြစ်လိုက်ပါဘူး။

အခု ယဲ့မော်တစ်ယောက်တည်းကို ဖျက်ဆီးလိုက်တာက ဟွန်တွန်ပြင်ပနတ်ဘုရားကို ကိုယ်တိုင် ဆင်းသက်လာစေလောက်တဲ့အထိ မဖြစ်စေလောက်ဘူး။

ဒါပေမဲ့ ဟွန်တွန်အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးလိုက်ရင်၊ ဟွန်တွန်ပြင်ပနတ်ဘုရားအနေနဲ့ စကြဝဠာတစ်ခုလုံးကိုထိန်းချုပ်မယ့် သူ့ရဲ့နယ်ရုပ်တွေ ပျောက်သွားသလိုဖြစ်သွားမှာ။

သူက အခု နတ်ဘုရားအဆင့်တောင် မရောက်သေးဘူး။ ဟွန်တွန်ပြင်ပနတ်ဘုရားလို ကြောက်မက်ဖွယ်ဖြစ်တည်မှုကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သေးဘူး။

***

All Chapters