← Chapters

ရှေးဟောင်းရုပ်သေးများ

Vol. 49 Ch. 684

ရှေးဟောင်းရုပ်သေးများ

Vol. 49 Ch. 684

ဟန်လိ ပြန်ရောက်လာချိန်တွင် မူပိုင်လင်းသည် အဆောင်ခန်းမ၏ ပထမထပ်တွင် ထိုင်နေသည်။ သူမသည် ဟန်လိကို မြင်သည်နှင့် တောက်ပသော မျက်ဝန်းလေးများဖြင့် ချက်ချင်းထရပ်ကာ ရိုသေစွာ ဂါရဝပြုကြိုဆိုလိုက်သည်။

ဟန်လိက လက်ဝှေ့ယမ်းကာ သူမကို ပြောလိုက်သည်။

“ငါမရှိတဲ့အချိန်မှာ ငါ့ကို စောင့်နေဖို့ မလိုပါဘူး။ ကုန်သွယ်ရေးပွဲတော်အတွင်းမှာ ငါက နင်နဲ့အတူရှိနေဖို့ အဆင်မပြေနိုင်ဘူး၊ ဒါကြောင့် နင် လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်။ ဒါကို သိမ်းထားလိုက်ဦး။ အရေးကြီးတဲ့ကိစ္စ ဒါမှမဟုတ် အန္တရာယ်တစ်ခုခု ကြုံလာခဲ့ရင် နင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဒီထဲထဲ ထည့်လိုက်ပါ။ အဲဒါက နင့်ကို စွမ်းအားအကာအကွယ်တစ်ခုနဲ့ ဖုံးအုပ်ပေးမယ့်အပြင် ငါနဲ့ ကီလိုမီတာ ငါးရာအတွင်းမှာ ရှိနေသရွေ့ နင်ရှိတဲ့နေရာကို ငါအတိအကျ သိနိုင်လိမ့်မယ်…”

ဟန်လိက အပြာရောင် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ပေးလိုက်သည်။ မူပိုင်လင်းသည် မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး တိုးတိုးလေး ပြောရှာသည် -

“ကျေးဇူးတင်ပါတယ် သခင်...”

သူမက ထိုကျောက်စိမ်းအဆောင်ကို ယူကာ ခါးတွင် ချိတ်ဆွဲလိုက်သည်။

ဟန်လိသည် သူမကို အနားယူတော့မည်ဟု ပြောကာ ဒုတိယထပ်သို့ တက်သွားခဲ့သည်။ ဟန်လိ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်နှင့် သူမသည် ခါးမှ ကျောက်စိမ်းအဆောင်ကို ကြည့်ကာ စိတ်ရှုပ်ထွေးနေမိတော့သည်။

ဟန်လိသည် အခန်းတစ်ခန်းကို ရွေးကာ ကုတင်ပေါ်တွင် တရားမှတ်ကာ ကျင့်ကြံနေလိုက်သည်။ နှစ်နာရီခန့် ကြာပြီးနောက် သူက မျက်လုံးဖွင့်ကာ ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

“အချိန်တန်ပြီပဲ။ ငါ သွားကြည့်သင့်ပြီ…”

ဟန်လိသည် အဆောင်ခန်းမအတွင်းမှ တိတ်တဆိတ် ထွက်လာပြီး မိုးမျှော်ကောင်းကင်မြို့တော်၏ ရင်းနှီးသော နေရာတစ်ခုဆီသို့ ဦးတည်လိုက်သည်။ မကြာခင်မှာပင် သူ ယခင်က သွားဖူးသည့် အဆောက်အဦးရှေ့သို့ ရောက်လာသည်။ သူသည် “သလင်းနဂါးခန်းမ” ဟု ရွှေရောင်စာလုံးဖြင့် ရေးထားသော ငွေရောင်ဆိုင်းဘုတ်ကို ကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း မှောင်မည်းနေသော အဆောက်အဦးအတွင်းသို့ ဝင်သွားတော့သည်။

ဟန်လိ ဝင်သွားသည်နှင့် တစ်ခန်းလုံး ရုတ်တရက် လင်းထင်းသွားသည်။ စားပွဲရှည်ကြီး၏ အဆုံးတွင် ထိုင်နေသော တာအိုသခင်ကောင်းကင်သလင်းက ဟန်လိကို ကြည့်ကာ ပြုံးလျက် ပြော၏။

“ကြိုဆိုပါတယ် မိတ်ဆွေ။ ကျုပ်ဆီကို နောက်တစ်ခေါက် လာလည်တာဟာ ဂုဏ်ယူစရာပါပဲ၊ ခင်ဗျားက အတော်လေး အချိန်တိကျတဲ့သူပဲ။ မိတ်ဆွေဟန်က ဒီလောက် အချိန်တိကျလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး…”

“ကျုပ်ကိုယ်တိုင်က ချိန်းဆိုထားတာဆိုတော့ ဘယ်လိုလုပ် နောက်ကျလို့ ဖြစ်မှာလဲ။ တာအိုသခင်ရဲ့ ပုံစံကို ကြည့်ရတာ စောင့်နေတာ ကြာပြီထင်တယ်။ ခင်ဗျားက ကျုပ်ကို အနည်းနဲ့အများတော့ လန့်သွားစေခဲ့တာပဲ…”

ဟန်လိက လက်ကို ဝှေ့ယမ်းလိုက်၏။ မမြင်ရသော စွမ်းအားတစ်ခုက သူ့နောက်မှတံခါးကို အသာအယာ ပိတ်သွားစေ၏။

တာအိုသခင်ကောင်းကင်သလင်းက ရယ်မောရင်း ပြောလိုက်သည်။

“ခင်ဗျားလေလံပွဲကနေ ထွက်သွားခဲ့တဲ့အချိန်တုန်းက ကျုပ်ဆီကို ခင်ဗျားဆီမှာ ဝိညာဉ်ကျောက်တုံးအပိုတွေရှိသေးတဲ့အကြောင်း အသံပို့လွှတ်ပြောခဲ့တယ်မလား။ အဲ့တာ အမှန်ပဲလား…”

ကောင်းကင်သလင်းက သံသယရှိသော မျက်လုံးများဖြင့် ကြည့်ကာ မေးမြန်းလိုက်ခြင်းပင်။

ဟန်လိက အပိုစကားတွေဆိုမနေပေ။ သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ အစိမ်းရောင် ကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည်။ ၎င်းမှာ ယခင်က ထုတ်ပြခဲ့သည့် ကျောက်တုံးကဲ့သို့ပင် ကြီးမားပြီး အံ့အားသင့်ဖွယ်ယင်စွမ်းအင်ကို ထုတ်လွှတ်နေသည်။

ထိုကဲ့သို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို မြင်လိုက်ရသောအခါ အဘိုးအိုကောင်းကင်သလင်း၏မျက်နှာတွင် စိတ်လှုပ်ရှားဟန် အရိပ်အယောင် ဖြစ်ပေါ်သွားသည်။ သူက အလောတကြီး ပြောလာ၏။

“ခင်ဗျား…အမှန်အတိုင်း ပြောခဲ့တာပဲ။ မိတ်ဆွေဟန်ဆီမှာ ဒီလိုအရည်အသွေးမျိုး ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေမယ်ဆိုရင် ငါ အကုန်ဝယ်ချင်ပါတယ်။ စိတ်ဝိညာဉ်ကျောက်တုံးလား၊ တခြား ပစ္စည်းတွေလား... ခင်ဗျား လိုချင်တဲ့ အပေးအယူကိုသာ ပြောလိုက်ပါ…”

“တာအိုသခင်ကြီး... မလောပါနဲ့ဦး။ ကျုပ် ခင်ဗျားနဲ့ ဝိညာဉ်ကျောက်တုံးတွေ လဲလှယ်ဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ အဲဒါထက် အရင်ဆုံး ကျုပ် မေးခွန်းနှစ်ခု မေးချင်တယ်။ ခင်ဗျားရဲ့အဖြေက ကျုပ်ကို ကျေနပ်စေတယ်ဆို ဒီဝိညာဉ်ကျောက်တုံးကို ယူနိုင်ပါတယ်…”

ဟန်လိက ပြောပြောဆိုဆိုနှင့် ဝိညာဉ်ကျောက်တုံးကို တာအိုသခင်ကောင်းကင်သလင်းထံ ပစ်ပေးလိုက်သည်။

တာအိုသခင်က အံ့သြတကြီးဖြင့် ဖမ်းယူလိုက်ပြီး ထိုကျောက်တုံးကို သေချာကြည့်၏။ အချိန်အတော်ကြသည့်အထိ တိတ်ဆိတ်နေပြီးမှ သူက သက်ပြင်းချကာ စကားဆိုလာသည်။

“မိတ်ဆွေက တကယ်ကို ရက်ရောတာပဲ။ ကြည့်ရတာ ဒီမေးခွန်းတွေက မရိုးရှင်းမဲ့ပုံပဲ။ ကဲ…မေးသာမေးပါ…ခင်ဗျား ကျေနပ်အောင် ကျုပ် တတ်နိုင်သလောက် ကြိုးစားပြီး ဖြေပါ့မယ်…”

သူက ဝိညာဉ်ကျောက်တုံးကို သေချာသိမ်းဆည်းလိုက်ပြီး သူ့အမူအရာဟန်ပန်ကို ပြန်တည်ငြိမ်စေ၏။

“ခင်ဗျား သဘောတူပြီဆိုရင်တော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ မေးတော့မယ်။ ခင်ဗျားဆီမှာ ရွှေအနှစ်သာရနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ရှိလား။ လေလံပွဲမှာ ပစ္စည်းချင်းဖလှယ်ခဲ့တုန်းက ဒီအကြောင်းကို ကျုပ် ပြောခဲ့ချိန်မှာ ခင်ဗျားအနေနဲ့ တစ်ခုခု သိထားတဲ့အမူအရာမျိုး ဖြစ်ပေါ်ခဲ့တာ ကျုပ် သတိပြုမိခဲ့တယ်…”

တာအိုသခင်ကောင်းကင်သလင်းက အေးဆေးစွာပင် ပြန်ဖြေလာသည်။

“ဟုတ်တယ်၊ ကျုပ် ဆီမှာ ရွှေအနှစ်သာရနဲ့ ပတ်သက်တဲ့ သတင်းအချို့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီသတင်းက သေချာရေရာမှု မရှိတာကြောင့် အဲ့တုန်းက ကျုပ် မပြောခဲ့တာပါ။ မိတ်ဆွေဟန် တကယ် သိချင်တယ်ဆိုရင်တော့ ပြောပြနိုင်ပါတယ်…”

“သတင်းက မသေချာဘူးဆိုရင်တောင် ကျုပ် နားထောင်ချင်ပါတယ်။ ပြောပါဦး…”

ဟန်လိက အခုလိုဖြစ်လာမည်ဟု ကြိုတင်တွက်ဆထားသည့်ကြားကနေ ပြုံးလိုက်မိသည်ပင်။

“ကျုပ် မပြောရင်တောင် နောက်ရက်အနည်းငယ်အတွင်း ခင်ဗျား သိလာမှာပါ။ လေလံရုံ တာဝန်မှူးဖြစ်တဲ့ ကျုပ်သူငယ်ချင်းပြောပြချက်အရ ဒီကုန်သွယ်ရေးပွဲတော်အတွင်းမှာ ရွှေအနှစ်သာရ အပိုင်းအစတစ်ခုကို လေလံတင်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီပိုင်ရှင်က ရွှေအနှစ်သာရကို တခြားပစ္စည်းတစ်ခုနဲ့ပဲ တိုက်ရိုက်လဲလှယ်ချင်နေတာ။ သူက တရားဝင် လေလံတင်ဖို့ မဆုံးဖြတ်ရသေးတော့ ကိစ္စက မရေရာသေးဘူး။ တကယ်လို့သာ လေလံတင်ခဲ့ရင်တော့ ဓားလမ်းစဉ်လိုက်စားတဲ့ဂိုဏ်းတွေက ဒါကို ရဖို့အတွက် သူတို့ရဲ့ စည်းစိမ်အားလုံးကို အကုန်အကျခံကြလိမ့်မယ်။ မိတ်ဆွေ ရဖို့ကတော့ တကယ်ကို ခဲယဉ်းလိမ့်မယ်…”

ဟန်လိ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး ပြောလိုက်သည်။

“နှစ်သုံးထောင်သက်တမ်းရှိတဲ့ ကြက်သွေးရောင် မှိုတစ်ပွင့်က စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတန်တယ်ဆိုရင် ရွှေအနှစ်သာရလို ရှားပါးပစ္စည်းမျိုးက သိန်းနဲ့ချီ တန်ဖိုးရှိမှာပဲ။ လေလံတင်ရင်တော့ ဈေးက နှစ်ဆလောက် တက်သွားနိုင်တယ်။”

ဟန်လိသည် သူ၏ အကန့်အသတ်ကို သူ သိသည်။ သူက ချမ်းသာသော်လည်း ဂိုဏ်းတစ်ခုလုံး၏ စည်းစိမ်ကိုတော့ မယှဉ်နိုင်ပေ။ ထို့နောက် သူက ဆက်မေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ ကျုပ် စိတ်ဝိညာဉ်ကျောက်တုံးတွေ ကြိုတင်ပြင်ဆင်ထားဖို့အတွက် အချိန်ပိုရသွားတာပေါ့။ ဒါနဲ့... အဲဒီ ရွှေအနှစ်သာရ ပိုင်ရှင်က ဘယ်သူလဲဆိုတာ ခင်ဗျား သိမလား။ ကျုပ် သူ့ဆီ ကြိုပြီးတော့ တစ်ချက်လောက် သွားကြည့်ချင်လို့ပါ…”

တာအိုသခင်က မုတ်ဆိတ်ရှည်ကို ပွတ်သပ်ရင်း ပြုံး၍ ပြောလိုက်သည်။

“သူ ဘယ်သူဘယ်ဝါလဲဆိုတာတော့ ကျုပ် သေချာ မသိဘူး။ သိရသလောက်တော့ သူက ကိုးပြည်ထောင်စုအဖွဲ့အစည်းက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ အခု မြို့အနောက်ဘက်က တောင်ငယ်လေးတစ်လုံးမှာ တည်းခိုနေတယ်လို့ ကြားတယ်။ ခင်ဗျား ကြိုးစားရှာကြည့်ရင် ရှာတွေ့ဖို့ မခက်လောက်ပါဘူး…”

“ကျေးဇူးတင်ပါတယ် တာအိုသခင်ကြီး။ ဒါဆို နောက်ထပ် မေးခွန်းတစ်ခုကတော့... ခင်ဗျား ဒီဝိညာဉ်ကျောက်တုံးတွေကို ဘာအတွက် စုဆောင်းနေလဲဆိုတာကို သိချင်တယ်...”

ထိုစကားကို ကြားလိုက်ရချိန်တွင် တာအိုသခင်၏မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်စွာဖြင့် ပြောသည်။

“ရောင်းရင်း... ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ကျုပ် သိပ်နားမလည်ဘူး။”

ဟန်လိက သူ့ကို စေ့စေ့ကြည့်ကာ ပြောလိုက်၏။

“ကျုပ်လည်း ရုပ်သေးသန့်စင်ခြင်းပညာကို အနည်းအကျဉ်း နားလည်ထားတဲ့အကြောင်း ခင်ဗျားကို ဖုံးကွယ်မနေတော့ဘူး။ နောက်ပြီး ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ရဲ့ ဂူထဲမှာ ရှေးဟောင်းရုပ်သေး အကြွင်းအကျန်တချို့ ကျုပ် တွေ့ခဲ့တယ်။ အဲဒီ ရုပ်သေးတွေထဲမှာ ဒီဝိညာဉ်ကျောက်တုံးတွေကို ကျုပ် မြင်တွေ့ခဲ့ဖူးတယ်။ ကျုပ် အထင်မမှားဘူးဆိုရင် ဒီဝိညာဉ်ကျောက်တုံးတွေက ရှေးဟောင်းရုပ်သေးတွေ သန့်စင်ဖို့အတွက် အဓိက လိုအပ်တဲ့အရာတွေပဲ။ ခင်ဗျား ဒီကျောက်တုံးတွေကို အပူတပြင်း လိုက်ရှာနေတာကို ကြည့်ရင် ခင်ဗျားဆီမှာ ရှေးဟောင်းရုပ်သေးသန့်စင်နည်း ရှိနေပြီး စွမ်းအားကြီးတဲ့ ရုပ်သေးတွေ လုပ်ဖို့ ပြင်နေတာ မဟုတ်လား။ အဲဒါနဲ့ ပတ်သက်ပြီး ကျုပ်ကို ပြောပြပေးနိုင်မလား…”

ဟန်လိသည် ထိုသို့ပြောရင်း တစ်ဖက်လူ ရုတ်တရက် တိုက်ခိုက်လာလျှင် ခုခံနိုင်ရန် အသင့်ပြင်ထားလိုက်သည်။ တာအိုသခင်ကောင်းကင်သလင်းက မျက်နှာသေဖြင့် ဟန်လိကို စိုက်ကြည့်နေသည်။ ဟန်လိက အသာအယာ ပြုံးကာ သူ၏သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာလေးကို ထုတ်ပြ၏။ထိုထဲတွင် ယခင်ကထက် ပိုကြီးသော ဝိညာဉ်ကျောက်တုံး နှစ်တုံး ရှိနေသည်။

တာအိုသခင်ကောင်းကင်သလင်း၏အေးတိအေးစက် အမူအရာ ပျောက်ကွယ်သွားပြီး သူက စိတ်လှုပ်တရှားဖြင့် ဆိုလာသည်။

“ခင်ဗျားဆီမှာ ဒီလောက်ကြီးတဲ့ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လိုလုပ် ရှိနေတာလဲ။ နောက်ထပ်ကော ရှိသေးလား။”

ဟန်လိက အဖြေမပေးဘဲ ပြုံးရုံသာ ပြုံးနေ၏။

“ဟုတ်ပါပြီ…ကျုပ် ခင်ဗျားမေးတာ ဖြေပေးနိုင်တယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ခင်ဗျား ဒီကျောက်တုံးတွေကို ဘယ်လို ရခဲ့လဲဆိုတာ ကျုပ်ကို ပြောပြရမယ်။”

“ဒါက ပြဿနာမရှိပါဘူး။”

ဟန်လိက ချက်ချင်း သဘောတူလိုက်သည်။

တာအိုသခင်ကောင်းကင်သလင်းက ဆို၏။

“ခင်ဗျား…ပြောသလိုပါပဲ။ ကျုပ် ရှေးဟောင်း အပျက်အစီးတစ်ခုထဲမှာ ရုပ်သေးသန့်စင်နည်း တစ်ခု တွေ့ခဲ့တယ်။ အဲဒီထဲမှာ ရေးထားတာက ဒီရုပ်သေးတွေက အလွန်စွမ်းအားကြီးသလို လိုအပ်တဲ့ ပစ္စည်းတွေကလည်း အလွန်ရှားပါးတယ်။ နောက်ပြီး တစ်ခုချင်းစီအတွက် ကိုက်ညီတဲ့ ဝိညာဉ်ကျောက်တုံး လိုအပ်တယ်။ ဒါပေမဲ့ ဒီဝိညာဉ်ကျောက်တုံးတွေက ရှာရခက်လွန်းလို့ ကျုပ်အနေနဲ့ အခုလို အပူတပြင်း လိုက်ဝယ်နေရတာပဲ။ ကဲ... ခင်ဗျား…အလှည့်ပဲ။ ခင်ဗျား ဒီကျောက်တုံးတွေကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ…”

ဟန်လိက အေးဆေးဆေးဆေး ပြောပြလိုက်သည်။

“ဒါက ရိုးရှင်းပါတယ်။ ရှေးဟောင်းကျင့်ကြံသူတွေက ဒါကို ဝိညာဉ်ကျောက်တုံးလို့ ခေါ်မှန်း တော့ ကျုပ် မသိခဲ့ဘူး။ ကျုပ် သိထားတာကတော့ ဒါတွေဟာ အမှောင်သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်တဲ့အရာတွေပဲ။ ဒါတွေကို ရဖို့ ကျုပ် တော်တော် ကြိုးစားခဲ့ရတယ်…”

တာအိုသခင်၏မျက်လုံးအရောင်မှာ တောက်ပသွား၏။ သူက ပြောလာသည်။

“အမှောင်သားရဲတဲ့လား…ကျုပ် တစ်ခါမှ မကြားဖူးပါလား။ အဲဒီ သားရဲတွေကို ဘယ်မှာ ရှာလို့ရလဲ…”

ဟန်လိက အဖြေမပေးဘဲ ပြန်မေးလိုက်သည်။

“အဲဒါထက်... ရောင်းရင်းတာအိုသခင်…သန့်စင်မဲ့ ရုပ်သေးအမျိုးအစား ဒါမှမဟုတ် ခင်ဗျားဆီမှာ ရှိတဲ့ ရုပ်သေးဒီဇိုင်းတွေကို ကျုပ် ကြည့်ခွင့်ရနိုင်မလား…”

All Chapters