← Chapters

အခန်း (၆၅-၆၆)

Vol. 4 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 4 Ch. 65-66

အခန်း (၆၅)

ဝူယွင်ဂိုဏ်း၏ တောင်မကြီးများ အနက် ဆေးဋ္ဌာနသည် စည်းကမ်း အနည်းဆုံး ဖြစ်သည်။ အကြီးအကဲများသည် စိတ်ရှိသလို နေထိုင်တတ်ကြသည်။

ဆေးဋ္ဌာနသည် ဝူယွင်ဂိုဏ်းတွင် အဆင့်အတန်း မြင့်မားပြီး လူတိုင်းက လေးစားကြသလို အဓိက အကြောင်းရင်းမှာ စည်းကမ်းမရှိ ဖြစ်သလို နေထိုင်တတ်သော တောင်ပိုင် ရှိနေသောကြောင့် ဖြစ်သည်။ ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏ ဆိုသော စကားပုံလိုပင်ဖြစ်သည်။

ကျိုးရီယင် သည် ဒုတိယ တောင်ပိုင် အနေဖြင့် ဆေးဋ္ဌာန အတွက် စိတ်ပူပန်ရသူ ဖြစ်သည်။

“စီနီယာအစ်မ ကျိုး”

အားလုံး တည်ငြိမ်သွားကြပြီး လက်သီးဆုပ်ဦးညွှတ်ကာ အရိုအသေပြုလိုက်ကြသည်။ မည်သူမျှ မလှုပ်ရှားရဲတော့ပေ။ အားလုံး သူမကို ကြောက်ရွံ့ကြပုံ ရသည်။

ချန်ရွှင်လည်း လိုက်လံပြီး ခေါင်းငုံ့ အရိုအသေ ပြုလိုက်သည်။ တံတွေးကို တိတ်တဆိတ် မျိုချလိုက်မိသည်။ ဒုတိယ တောင်ပိုင် ဆိုတော့ အနည်းဆုံး အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် (သို့မဟုတ်) ရွှေအမြူတေအဆင့် ဖြစ်လောက်သည်။ သို့သော် သူမက အလွန် ငယ်ရွယ်နုပျိုပြီး ထက်မြက်သော အမျိုးသမီးကြီး တစ်ဦး ပုံစံ ရှိနေသည်။

“ချန်ရွှင်... ငါ့နောက် လိုက်ခဲ့”

ကျိုးရီယင်သည် လှပကျော့ရှင်းပြီး ခါးလောက်ရှိသော ဆံကေသာကို ပိုင်ဆိုင်ထားသည်။ သူမသည် လက်တစ်ဖက်ကို နောက်ပစ်လျက် ဘေးဘက် ခန်းမဆောင်သို့ ထွက်ခွာသွားသည်။

“စီနီယာအစ်ကိုတို့... ကျွန်တော် သွားလိုက်ပါဦးမယ်”

ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် အကြီးအကဲများကို နှုတ်ဆက်လိုက်သည်။

“ဂျူနီယာညီလေး ချန်ရွှင်... ကောင်းကောင်း သွားပါ”

“စီနီယာအစ်မ ကျိုးက တကယ်တော့ သဘောကောင်းပါတယ် သိပ်ပြီး စိတ်မပူပါနဲ့”

“ဂျူနီယာညီလေး ချန်ရွှင်... စိတ်ချလက်ချ သွားပါ အဆင်မပြေရင် ဒီနွားနက်ကြီးကို ကျွန်တော်တို့ ကြည့်ထားပေးလို့ ရပါတယ်”

......

လူအများက တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြသည်။ ချန်ရွှင် လမ်းလျှောက်ရင်း ကျောချမ်းလာသည်။ မကြာခဏ လှည့်ကြည့်ကာ သူတို့၏ မျက်နှာများကို အကဲခတ်နေမိသည်။ ဘာသဘောလဲ။

ဘေးဘက် ခန်းမဆောင်တွင် ကျိုးရီယင်သည် ပင်မ ထိုင်ခုံတွင် ထိုင်လျက် ချန်ရွှင်ကို စူးစိုက်ကြည့်နေသည်။ မျက်ဝန်းများမှာ တောက်ပနေသည်။

ချန်ရွှင် အားတင်း ပြုံးပြလိုက်သည်။ သူသည် ခေါင်းမော့လိုက်၊ ခေါင်းငုံ့လိုက် ဖြစ်နေသည်။ ဤအမျိုးသမီးက စကားတစ်ခွန်းမှ မပြောဘဲ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေသည်လား။

နွားနက်ကြီးကတော့ ကြောက်ရွံ့ခြင်း မရှိပေ။ ခန်းမဆောင်၏ အပြင်အဆင်များကို လိုက်လံ ကြည့်ရှုနေသည်။

“ချန်ရွှင်၊ ချင်နိုင်ငံ ၊ယုံချွမ်ပြည်နယ်သား ကြယ်ကိုးလုံးတောင်ကြား အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံမှာ ကျရှုံးပြီး ဝူယွင်ဂိုဏ်းကို ရောက်လာတယ် နောက်ပိုင်းမှာ ဝီရိယရှိရှိ ဆေးပင်စိုက်ပျိုးခဲ့ပြီး ဂိုဏ်းတွင်း ပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့ဖူးတယ်”

ကျိုးရီယင်က တစ်လုံးချင်း ပြောလိုက်သည်။ မျက်လုံးများက ချန်ရွှင်ထံမှ မခွာပေ။

“လွန်ခဲ့တဲ့ နှစ် (၂၀) က နန်ဒုတောင်ကို ဝင်ရောက်ခဲ့ပြီး ဂိုဏ်းအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အဓိကဆေးပင် သုံးပင်ကို ရှာဖွေပေးခဲ့တယ် ပြီးတော့ ဆေးပင်တွေကို ဆက်လက် စိုက်ပျိုးနေခဲ့တယ်...”

ချန်ရွှင် ကြားပြီးနောက် လည်ချောင်းများ ခြောက်ကပ်သွားသည်။ သူတို့၏ နောက်ကြောင်း အများစု ပါဝင်နေသည်။ တကယ်တော့ သူတို့ အခြားအလုပ်များစွာ လုပ်ခဲ့သေးသည်။ လေညှင်းခံထွက်ခြင်း ၊ အမဲလိုက်ခြင်း၊ စာဖတ်ခြင်း၊ ကြက်ဖမ်းခြင်း စသည်တို့ကို လုပ်ခဲ့ကြသည်။ သူမ ပြောသလောက်တော့ မပျင်းစရာ မကောင်းခဲ့ပေ။

“နောက်ကြောင်းက ရှင်းတယ် ဘာပြဿနာမှ မရှိဘူး”

ကျိုးရီယင်က မိမိဘာသာ ပြောလိုက်သည်။ ချန်ရွှင်ကို ကျေနပ်နေပုံ ရသည်။

“မင်းက ဆေးပင်စိုက်ပျိုးတာကို အရမ်း ဝါသနာပါပုံ ရတယ်”

“စီနီယာအစ်မ ကျိုး... အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်နဲ့ နွားနက်ကြီးက ဆေးပင်စိုက်ပျိုးရာမှာ ဆရာကျပါတယ် တော်တော်လေးကို နှစ်သက်ပါတယ်”

“မွန်း မွန်း”

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် စိတ်အားထက်သန်လာပြီး မျက်နှာများ ဝင်းပလာသည်။

ကျိုးရီယင် အနည်းငယ် ပြုံးလိုက်သည်။

“ရေဝိဉာဉ်ပညာ တိုးတက်မှု ရှိလား”

“ဒုတိယအဆင့်ပါ ကျွန်တော်က တိုက်ခိုက်သတ်ဖြတ်ရတာ စိတ်မဝင်စားပါဘူး ကျင့်ကြံတာ အပြင် ရေဝိဉာဉ်ပညာကိုပဲ လေ့ကျင့်ပါတယ်”

ချန်ရွှင် ရှေ့တစ်လှမ်းတိုးလိုက်ပြီး လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ လေထဲတွင် ရေပူပေါင်းများ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင် သဲ့သဲ့လေးများ ပါဝင်နေသည်။

ကျိုးရီယင် လေးနက်စွာ ထရပ်လိုက်သည်။ တကယ်ပဲ ရေဝိဉာဉ်ပညာ ဒုတိယအဆင့် ရောက်နေတာပဲ။ ဂိုဏ်းက ဤကဲ့သို့သော လူမျိုးကို အလွန် လိုအပ်နေသည်။ ဒါကြောင့်လည်း သူမက ချန်ရွှင်ကို ကိုယ်တိုင် လက်ခံတွေ့ဆုံပြီး စာရင်းသွင်းပေးခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ တိုင်းသည် အဆင့်တက်ရန်နှင့် ထာဝရအသက်ရှင်ရန် ကြိုးစားနေကြရာ ရေဝိညာဉ်ပညာကို အချိန်ကုန်ခံပြီး လေ့ကျင့်ရန် မဖြစ်နိုင်ပေ။ ကျင့်ကြံခြင်းနှင့် ရင်းမြစ် ရှာဖွေခြင်းဖြင့်သာ သူတို့၏ ဘဝအချိန်များ ကုန်ဆုံးနေကြရသည်။ ဂိုဏ်းအတွင်း၌ ရေဝိဉာဉ်ပညာ ဒုတိယအဆင့်အထိ ရောက်ရှိသူ (၁၀) ယောက်ခန့်သာ ရှိသည်။

ဝူယွင်ဂိုဏ်း၏ တန်ဖိုးကြီးမားသော ဆေးပင်များသည် ထိုသူများကိုသာ မှီခိုနေရသည်။ သူတို့သည် ရှေ့ဆက်မည့် လမ်းစဉ်ကို စွန့်လွှတ်လိုက်ပြီး ဝူယွင်ဂိုဏ်းအတွက် မိမိကိုယ်ကို ပေးဆပ်ထားသူများ ဖြစ်ကြသည်။

သူတို့သည် တစ်ကိုယ်တော် ကျင့်ကြံသူများကို ဖမ်းဆီးပြီး အတင်းအကျပ် လေ့ကျင့်ခိုင်းဖူးသော်လည်း မအောင်မြင်ခဲ့ပေ။ ဤပညာရပ်သည် စိတ်ဓာတ်ကို လေ့ကျင့်ရသကဲ့သို့ ဖြစ်ပြီး အနည်းငယ်မျှ စိတ်လော၍ မရပေ။ လေ့ကျင့်ရသည့် အချိန်ကာလကလည်း အလွန် ကြာမြင့်ပြီး လူကို စိတ်ပင်ပန်းစေသည်။

“ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှာ ရေဝိဉာဉ်ပညာ တတိယအဆင့်အထိ ရောက်တဲ့သူ ရှိတယ် ဆိုတာ မင်း သိလား” ကျိုးရီယင်က ရုတ်တရက် ခေါင်းစဉ် ပြောင်းလိုက်သည်။

“အဲဒီလောက်တောင် စွမ်းတဲ့လူ ရှိတာလား ကျွန်တော် ဒုတိယအဆင့် ရောက်ဖို့တောင် ဘဝတစ်ဝက်လောက် အချိန်ကုန်ဆုံးခဲ့ရတာ အခုဆိုရင် ပိုပြီးတောင် နှေးကွေးလာပြီး ရပ်တန့်လုနီးပါး ဖြစ်နေပြီ”

ချန်ရွှင် အံ့သြတကြီး ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“တတိယအဆင့် ဆိုတာ... စီနီယာအစ်မ ကျိုး... တကယ်ရော ကျင့်ကြံလို့ ရရဲ့လား”

“ရတာပေါ့ ရေဝိဉာဉ်ပညာ တတိယအဆင့်ရဲ့ စွမ်းအားက ရှားပါး ဆေးပင်အမြောက်အမြားကို ပျိုးထောင်နိုင်တယ် ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် အခြေအနေကို ကျော်လွန်ပြီး ရှင်သန်စေနိုင်တယ် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပင်တွေတောင် ပါဝင်တယ်”

ကျိုးရီယင်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး လေသံကိုနှိမ့်ကာ ပြောလိုက်သည်။

“အကယ်၍ ဝူယွင်ဂိုဏ်းမှာ ရေဝိဉာဉ်ပညာ တတိယအဆင့်အထိ ရောက်တဲ့သူ ရှိခဲ့ရင် ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားနဲ့ ဆေးဝါးတွေ ရတနာတွေကို ပုံအောပေးပြီး အဲဒီလူကို ရွှေအမြူတေအဆင့် ရောက်အောင် တွန်းတင်ပေးမှာပဲ”

ဤစကားသည် အဓိပ္ပာယ် များပြားလှသည်။ ချန်ရွှင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ တော်သေးသည်က သူ တတိယအဆင့် ရောက်နေပြီ ဖြစ်ကြောင်း ထုတ်မပြောမိခြင်းပင်။ သို့မဟုတ်လျှင် ဂိုဏ်းတစ်ခုလုံး၏ အာရုံစိုက်မှုကို ခံရရုံသာမက အခြားဂိုဏ်းများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုပါ ခံရနိုင်သည်။

“မဖြစ်ဘူး ဒါက သိပ်ပြီး အန္တရာယ်များလွန်းတယ် ရိုးရိုးသားသားပဲ ဆေးပင်စိုက်တာ ပိုကောင်းတယ်” ချန်ရွှင် စိတ်ထဲတွင် တွေးလိုက်ပြီး မည်သည့် အကြံအစည်မျှ မရှိတော့ပေ။

“စီနီယာအစ်မ ကျိုး... ကျွန်တော် ရေဝိဉာဉ်ပညာကို အစွမ်းကုန် ကြိုးစားပြီး လေ့ကျင့်ပါ့မယ် ကျွန်တော့်မှာ တခြား ဝါသနာ မရှိပါဘူး ဆေးပင်စိုက်ရတာကိုပဲ ဝါသနာပါတာပါ”

ချန်ရွှင် လက်သီးဆုပ်ဦးညွှတ်ပြီး ပြောလိုက်သည်။ သူ့ပုံစံက အလွန် ရိုးသားဟန် ပေါက်နေသည်။

“ကျွန်တော်နဲ့ နွားကြီးက တိုက်ခိုက်တာ မတော်ပေမဲ့ ဂိုဏ်းအတွက်တော့ တစ်တပ်တစ်အား ပါဝင်ကူညီချင်ပါတယ်”

“အင်း”

ကျိုးရီယင် ခေါင်းညိတ်လိုက်သည်။ ရင်ထဲတွင် အနည်းငယ် မျှော်လင့်ချက် ထားလိုက်မိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်၏ သက်တမ်းကို သာယာယစ်မူးမသွားဖို့သာ ဆုတောင်းရမည်။ ဓာတ်ငါးပါး အဆင့်နိမ့် အမြစ် ပိုင်ရှင် အနေဖြင့် ရွှေအမြူတေအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

“ဂျူနီယာ မောင်လေး ချန်ရွှင်” ကျိုးရီယင်၏ လေသံက အနည်းငယ် နူးညံ့သွားသည်။

“ပြောပါ အစ်မ” ချန်ရွှင် အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

ကျိုးရီယင်က တောက်ပစွာ ပြုံးလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

“ဓာတ်ငါးပါး အမြစ်က ရွှေအမြူတေအဆင့် ရောက်ဖို့ ခက်ခဲပေမဲ့ အနည်းဆုံးတော့ နှစ်ပေါင်း (၃၀၀) ကျော် သက်တမ်း ရှိသေးတယ်လေ အဓိပ္ပာယ်ရှိတဲ့ ကိစ္စတွေ အများကြီး လုပ်လို့ ရပါသေးတယ်”

“ဟုတ်ကဲ့ မောင်လေး နားလည်ပါတယ်” ချန်ရွှင် စိတ်ထဲ လေးသွားသော်လည်း မျက်နှာတွင် အပြုံးမပျက် ပြန်ပြောလိုက်သည်။

နွားနက်ကြီးမှာမူ စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသည်။ ဒီမိန်းမက သူတို့ကို မျှော်လင့်ချက် မရှိတော့ဘူး ဂိုဏ်းမှာပဲ ရိုးရိုးသားသား အလုပ်လုပ်တော့လို့ ပြောနေတာ မဟုတ်လား။

တကယ်တော့ သူတို့က သဘောတရားကို နားလည်ပါသည်။ သို့သော် ဒီမိန်းမက သိပ်ပြီး ဆရာကြီး လုပ်လွန်းနေသည်။ သူတို့က ဆေးပင် ကောင်းကောင်း စိုက်ပါ့မယ်လို့ ပြောနေတာတောင် မလိုအပ်ဘဲ ထပ်ပြောနေသေးသည်။

ကျိုးရီယင် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း မျက်နှာ ပြောင်းသွားကာ အေးစက်သော ပုံစံ ပြန်ဖြစ်သွားသည်။ သူမသည် လက်ထဲမှ ဝတ်စုံတစ်စုံကို ထုတ်ယူကာ ချန်ရွှင် ရှေ့သို့ ပစ်ပေးလိုက်၏။

“အကြီးအကဲ ရာထူးက အနည်းဆုံး အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ရှိမှ ရတာ ဒါပေမဲ့ မင်းက ဆေးဋ္ဌာနမှာ စာရင်းသွင်းပြီးပြီ ဆိုတော့ အပြင်စည်း တပည့် ဝတ်စုံကို ဝတ်လို့ မရတော့ဘူး”

“ဟုတ်ကဲ့ စီနီယာအစ်မ ကျိုး”

ချန်ရွှင် လက်သီးကိုဆုပ်ကာပြောလိုက်သည်။ အစောပိုင်းက အကြီးအကဲများ ဝတ်ဆင်ထားသော စိမ်းပြာရောင် ဝတ်စုံများကို သူ တွေ့ခဲ့ရသည်။ ကြည့်လိုက်သည်နှင့် တည်ငြိမ်သော ခံစားမှုကို ပေးစွမ်းသည်။ ကျိုးရီယင်သည် သိုလှောင်အိတ်ထဲမှ စိမ်းပြာရောင် တံဆိပ်ပြား တစ်ခုကို ထုတ်လိုက်သည်။ လက်ထဲမှ ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်လိုက်ပြီး ချန်ရွှင်ကို ကြည့်လိုက်သည်။

“ဂျူနီယာ မောင်လေး ချန်... သွေးတစ်စက်လောက် ပေးပါ”

ချန်ရွှင် မျက်လုံးများ မှေးကျဉ်းသွားပြီး တွေဝေခြင်း မရှိဘဲ ကိုယ်ထဲမှ သွေးတစ်စက်ကို ထုတ်ကာ လေထဲသို့ တောက်လွှတ်လိုက်၏။ စိမ်းပြာရောင် တံဆိပ်ပြားသည် လေထဲတွင် ဝဲပျံနေပြီး ချန်ရွှင်၏ သွေးစက်ကို ချက်ချင်း စုပ်ယူသွားရာ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ယင်းသည် သခင်ကို အသိအမှတ်ပြုလိုက်သကဲ့သို့ ချန်ရွှင်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာပြီး လက်ထဲသို့ ကျရောက်လာသည်။

“ဒီတံဆိပ်ပြားက ရောင်ပြန်မဟာအစီအရင် ရဲ့ ခွင့်ပြုချက် တံဆိပ်ပြားပဲ ဂိုဏ်းရဲ့ စစ်မှန်တဲ့ ဆေးဥယျာဉ်ထဲကို ဝင်ရောက်နိုင်တယ် စည်းကမ်းတွေကိုတော့ ငါ ထပ်မပြောတော့ဘူး”

ကျိုးရီယင် ဖြည်းညှင်းစွာ ထိုင်လိုက်သည်။ အမူအရာမှာ ကျက်သရေ ရှိလှသည်။

“ရေဝိဉာဉ်ပညာ ဒုတိယအဆင့် ရောက်တဲ့သူတွေက တိတ်ဆိတ်တာကို ကြိုက်ကြတယ် အရေးကြီးကိစ္စ မရှိရင် ဂိုဏ်းထဲမှာ ဘယ်သူမှ လာမနှောင့်ယှက်စေရဘူး လွတ်လပ်ခွင့်ကိုလည်း ကန့်သတ်မှာ မဟုတ်ဘူး”

“ဒါပေမဲ့...” ကျိုးရီယင် စကားမဆုံးသေးပေ။

ချန်ရွှင် ဝမ်းသာအားရ ကျေးဇူးတင်ရန် ပြင်လိုက်စဉ် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ရင်ကိုတင်းကျပ်သွားစေသည်။

“ဂိုဏ်းရဲ့ ဆေးဥယျာဉ်က အရေးကြီးတဲ့ အရာပဲ…… နှစ်ပေါင်း (၁၀၀) အတွင်း အကယ်၍ ဂိုဏ်းပြင်ပကို ထွက်ခွာပြီး (၂၀) ကြာတဲ့အထိ ပြန်မလာရင် သစ္စာဖောက်လို့ သတ်မှတ်ပြီး ဝူယွင်ဂိုဏ်းက လူတိုင်း သတ်ဖြတ်ခွင့် ရှိတယ်”

ကျိုးရီယင် အနည်းငယ် ခေါင်းမော့ကာ ချန်ရွှင်ကို စီးမိုးကြည့်လိုက်သည်။

“စကားက ရိုင်းပေမဲ့ ဒါက နိုင်ငံမှာ ဥပဒေ ရှိသလို ဂိုဏ်းမှာလည်း စည်းကမ်း ရှိတာပါ ဂျူနီယာညီလေး ချန် တစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး”

ရောင်ပြန်မဟာအစီအရင် ရှိနေသဖြင့် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများပင်လျှင် ဆေးပင်မျိုးစေ့ တစ်စေ့ကိုမျှ တိတ်တဆိတ် ယူဆောင်သွားနိုင်ခြင်း မရှိပေ။ ဒါက ဝူယွင်ဂိုဏ်း၏ အမာခံ အင်အားများထဲမှ တစ်ခု ဖြစ်သည်။

အခန်း (၆၆)

အစီအရင်က ဆေးပင်အရေအတွက်ကို အလိုအလျောက် မှတ်တမ်းတင်ထားမည် ဖြစ်သည်။ အကယ်၍ တစ်ပင်လောက် ပျောက်ဆုံးသွားသည်နှင့် ဝူယွင်ဂိုဏ်း၏ လူကြီးများ ကိုယ်တိုင် အရေးယူဆောင်ရွက်ကြမည် ဖြစ်သည်။

ဤစည်းကမ်းသည် ဆေးဥယျာဉ်ရှိ လူများကို ရည်ရွယ်ခြင်း ဖြစ်သည်။ ဂိုဏ်းထဲရှိ အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကဲ့သို့ အပြင်ထွက်ပြီး ကံစမ်းမည်ကို မလိုလားသောကြောင့် ဖြစ်သည်။ အချို့လူများသည် အပြင်ထွက်သွားပြီး နှစ်ပေါင်း (၁၀၀) ကြာမှ ပြန်ရောက်လာတတ်သလို အချို့မှာ အပြင်မှာတင် သေဆုံးသွားတတ်ကြသည်။ ဤစည်းကမ်းသည် သူတို့ကို ကာကွယ်ရန်လည်း ဖြစ်သော်လည်း သိပ်ပြီး ဖိအားမပေးသင့်ပေ။ စိတ်မပါဘဲ လုပ်ဆောင်ပါက အဆင်မပြေနိုင်ပေ။

“တကယ်လို့ အဲဒီလိုလူမျိုး ရှိခဲ့ရင် ကျွန်တော်နဲ့ နွားကြီးကလည်း သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး” ချန်ရွှင်က မကျေမချမ်း လေသံဖြင့် ပြောလိုက်သည်။ စိတ်ထဲတွင်တော့ တခြားအတွေးများ မရှိပေ။

ကျိုးရီယင် ကြားပြီးနောက် ပြုံးလိုက်သည်။

“ဒါဆို ဂျူနီယာ မောင်လေး ချန် က ဆေးဥယျာဉ်ထဲ ဝင်ချင်သေးလား ငါကတော့ အတင်းအကျပ် မလုပ်ပါဘူး”

“စီနီယာအစ်မ ကျိုး... ကျွန်တော် ဝင်ချင်ပါတယ် နောင်တလည်း မရပါဘူး”

ချန်ရွှင် လက်သီးဆုပ်လိုက်သည်။ သို့သော် အနည်းငယ် တုံ့ဆိုင်းနေပြီး ဗလုံးဗထွေး ပြောလိုက်သည်။

“ဒါပေမဲ့... တကယ်လို့ သက်တမ်းကုန်ခါနီးတဲ့အထိ ကျွန်တော်တို့ အဆင့်မတက်နိုင်ခဲ့ရင်...”

“ဂိုဏ်းက အဲဒီလို လူတွေအတွက် နောက်ဆုံးခရီးကို ပြင်ဆင်ပေးမှာပါ ဂိုဏ်းရဲ့ ဂုဏ်ပြုမှတ်တမ်း ကျောက်စာတိုင်မှာလည်း ထည့်သွင်းပေးပြီး နောင်လာနောက်သားတွေ လေးစားကြည်ညိုနိုင်အောင် လုပ်ဆောင်ပေးပါမယ်”

ကျိုးရီယင် ဖြည်းညှင်းစွာ ပြောလိုက်သည်။ သက်ပြင်းချလိုက်သည်။ ဘယ်သူကများ အချိန်ကာလကို အနိုင်ယူနိုင်မှာလဲ။

သောက်ကျိုးနည်း... သူ ဆိုလိုတာက အဲဒါ မဟုတ်ဘူးလေ။ ချန်ရွှင် လန့်သွားသည်။ ဘာလို့ သူ့အတွက် အသုဘကိစ္စတွေ ပြင်ဆင်ပေးနေရတာလဲ။ သူနဲ့ နွားနက်ကြီးက ထာဝရအသက်ရှင်မှာလေ။

ကျိုးရီယင်က ချန်ရွှင်၏ မျက်နှာကို ကြည့်ပြီး ထပ်မံဖြည့်စွက် ပြောလိုက်သည်။

“ဒါ့အပြင်... ကိစ္စအဝဝ လွှဲပြောင်းပေးအပ်ပြီးရင်လည်း တောင်အောက်ဆင်းပြီး လက်ကျန်ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ပါတယ်”

“စီနီယာအစ်မ ကျိုး... ဒါဆိုရင်တော့ အကောင်းဆုံးပါပဲ တကယ်တော့ ကျွန်တော် မိန်းမ မယူရသေးဘူး” ချန်ရွှင် သက်ပြင်းချလိုက်သည်။ မျက်လုံးထဲတွင် စိတ်အေးသွားသည့် ပုံစံ ပေါ်လာသည်။

ကျိုးရီယင် ဆွံ့အသွား၏။

“စီနီယာအစ်မ ကျိုး...”

“ဂျူနီယာ မောင်လေး ချန်... ပြောပါ”

“ကျွန်တော်တို့ ဂိုဏ်းရဲ့ ဆေးဥယျာဉ်ထဲမှာ နေရင် နှစ်စဉ် ခံစားခွင့်တွေ ရှိလား...” ချန်ရွှင်က မျှော်လင့်တကြီး ကြည့်နေသည်။ စကားတွေ အများကြီး ပြောနေတာ ခံစားခွင့်ကိစ္စ မပါသေး။ သူတို့က လောဘမတက်ပါ။ အမှတ် (၃၀၀) လောက်ဆို ရပါပြီ။

“မွန်း” နွားနက်ကြီးလည်း တိုးတိုးလေး အော်လိုက်ပြီး ကျိုးရီယင်ကို မျှော်လင့်တကြီး ကြည့်နေသည်။ တကယ်တော့ သူတို့က ဒါကို အဓိက စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

“ခံစားခွင့်” ကျိုးရီယင်က ချန်ရွှင်နှင့် နွားနက်ကြီး၏ မျှော်လင့်တကြီး ပုံစံကို ကြည့်ပြီး နားမလည် ဖြစ်သွားသည်။

“နှစ်စဉ်ကြေး လေ” ချန်ရွှင်က ခေါင်းငုံ့ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။

ကျိုးရီယင် သဘောပေါက်သွားပြီး ခေါင်းခါလျက် ရယ်မောလိုက်သည်။ ဒီ ဂျူနီယာ မောင်လေးက ရယ်ရသားပဲ။

“ရှိတာပေါ့ စာရင်းဝင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ဆိုတာ စစ်မှန်တဲ့ ဝူယွင်ဂိုဏ်းသားတွေပဲလေ ဂိုဏ်းက ကိုယ့်လူတွေကို ဘယ်တော့မှ စိတ်မပျက်စေရဘူး….စာရင်းဝင် ကျင့်ကြံသူတွေက ဂိုဏ်းရဲ့ အရေးကြီး ကိစ္စတွေကို သိခွင့်ရရုံသာမက နှစ်စဉ် ဂိုဏ်းအကျိုးပြုအမှတ် (၅၀၀) ရရှိမယ် တကယ်လို့ ရာထူးယူထားရင် ဒီထက် ပိုရနိုင်တယ်…ဂိုဏ်းအကျိုးပြု ခန်းမဆောင်ကလည်း စာရင်းဝင် ကျင့်ကြံသူတွေအတွက် ပစ္စည်းတွေ ပိုပြီး လဲလှယ်ခွင့်ပေးထားတယ်… ဂိုဏ်းရဲ့ အမွေအနှစ် ပစ္စည်းတွေတောင်မှ အကျိုးပြုမှု ကြီးမားရင် လဲလှယ်ခွင့် ရှိတယ်….ဒါပေမဲ့ စာရင်းဝင် ကျင့်ကြံသူတွေက များသောအားဖြင့် နောက်ကြောင်း ရှင်းလင်းတဲ့သူတွေ ဖြစ်ရမယ် လမ်းတဝက်ကနေ ဝင်လာတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကတော့ ဒီလို အခွင့်အရေး မရဘူး သူတို့က များသောအားဖြင့် ဧည့်သည်တော် အနေနဲ့ပဲ ရှိကြတာ”

ကျိုးရီယင်က အသေးစိတ် ရှင်းပြနေသည်။ ခန်းမဆောင် အလယ်ရှိ ချန်ရွှင်ဆီကို အကြည့်ရောက်သည့်အခါ သူမ အနည်းငယ်အူကြောင်ကြောင်ဖြစ်သွားသည်။

ထိုသူသည် သူမကို ကြည်နူးစွာ ကြည့်နေသည်။ ထိုနွားနက်ကြီးလည်း ထိုနည်း၎င်းပင်။ သူတို့၏ မျက်ဝန်းများတွင် မျက်ရည်များပင် ဝဲနေသည်။ ချန်ရွှင်က အော်ဟစ်လိုက်သည်။

“ကျွန်တော်တို့ ဂိုဏ်းအတွက် ရေကုန်ရေခမ်း ကြိုးစားပါ့မယ်”

“မွန်း မွန်း မွန်း” နွားနက်ကြီးလည်း ခေါင်းကို ငုံ့လိုက်သည်။ ရင်ထဲတွင် အလွန် ထိခိုက်ခံစားနေရသည်။ ဒီအကြောင်းကို စောစောကတည်းက ပြောပါတော့လား။ သူတို့ကို ဒီလောက် အများကြီး ရှင်းပြနေစရာ မလိုပါဘူး။

ကျိုးရီယင်၏ မျက်နှာ ရုတ်တရက် လေးနက်သွားသည်။ နွားနက်ကြီးကို ကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ကြည်လင်တောက်ပသော ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။

“ဒါက ဝိညာဉ်သားရဲ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ပါ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး လောက် တန်ဖိုးမကြီးပေမဲ့ ဖော်စပ်ရတာ မလွယ်ကူဘူး”

ချန်ရွှင်နှင့် နွားနက်ကြီးတို့ တုန်လှုပ်သွားကြသည်။ ဒါ ဘာသဘောလဲ။

“ဒါက ဆေးဋ္ဌာနက ဂျူနီယာ မောင်လေး ချန်ရွှင် စာရင်းသွင်းတာကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေးတဲ့ လက်ဆောင်ပါ ဒါပေမဲ့ မင်းတို့ရဲ့ နောက် (၁၀) နှစ်စာ အကျိုးပြုအမှတ်ကတော့ ခန်းမဆောင်ကို ပေးရလိမ့်မယ်”

“စီနီယာအစ်မ ကျိုး... ဒီဆေးက ကျွန်တော်တို့အတွက် အရမ်း အရေးကြီးပါတယ် မောင်လေး မငြင်းတော့ပါဘူး”

ချန်ရွှင်၏ မျက်နှာတွင် လေးနက်သော အမူအရာ ပေါ်လာသည်။ ရှေ့သို့ တိုးသွားပြီး လေထဲမှ ဆေးကို လှမ်းယူလိုက်သည်။ လေးလေးနက်နက် လက်သီးဆုပ်လိုက်သည်။

“ဆေးဋ္ဌာနက လူတွေကို ကျေးဇူးတင်ပါတယ် ချန်ရွှင် ဘယ်တော့မှ မမေ့ပါဘူး”

“မွန်း မွန်း” နွားနက်ကြီးလည်း ကျေးဇူးတင်စကား ပြောနေသည်။ သူ့ကိစ္စက ချန်ရွှင်ကို ခေါင်းကိုက်စေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ညတိုင်း ချန်ရွှင် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။ သူတို့ အဆိုးရွားဆုံး အခြေအနေအတွက်တောင် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ ကျိုးရီယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ မျက်ဝန်းထဲတွင် ကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ချန်ရွှင်၏ စကားများသည် ရင်ထဲက လာခြင်း ဖြစ်ပြီး ဟန်ဆောင်မှု မရှိပေ။ ဂိုဏ်းကလည်း လူတော်လူကောင်းများကို ရင်းမြစ် ပေးရန် ဝန်မလေးပေ။

ဂိုဏ်း၏ ဆေးဥယျာဉ်ကို စောင့်ရှောက်သူ အများစုသည် အထီးကျန်သူများ ဖြစ်ကြသည်။ အချို့က လိပ်မွေးသည်၊ အချို့က ငါးမွေးသည်၊ အချို့ကလည်း ဝိညာဉ်သားရဲ မွေးကြသည်။ ဤအရာများသည် သူတို့၏ နောက်ဆုံး စိတ်ထွက်ပေါက် ဖြစ်ပုံရသည်။ ကျင့်ကြံခြင်း လမ်းစဉ်တွင် အထီးကျန်မနေစေရန် ဖြစ်သည်။

ဝူယွင်ဂိုဏ်းသည် နှစ်ပေါင်းများစွာ တည်တံ့ခဲ့သည် ဖြစ်ရာ ရေဝိဉာဉ်ပညာ ကျင့်ကြံသူများကို မည်သို့ ဆွဲဆောင်ရမည်ကို ကောင်းကောင်း သိရှိထားသည်။ ထိပ်သီး ဂိုဏ်းကြီးများ ဆိုလျှင် ပိုဆိုးသည်။ ဥပမာ - သူတို့၏ မျိုးဆက်သစ်များကို ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများက ကိုယ်တိုင် သင်ကြားပေးခြင်းမျိုးပင် ရှိသည်။

သမိုင်းကြောင်း ရှည်ကြာသော ဂိုဏ်းကြီးများသည် ဖွဲ့စည်းပုံ ကြီးမားကျယ်ပြန့်ပြီး နေရာတိုင်းကို ထည့်သွင်းစဉ်းစားရသည်။ တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် အင်အားပြိုင်ဆိုင်ခြင်း သက်သက်ဖြင့် ရပ်တည်နေခြင်း မဟုတ်ပေ။

“ဂျူနီယာမောင်လေး ရွမ်ကျန့်” ကျိုးရီယင် တိုးတိုးလေး ခေါ်လိုက်သည်။ ဝိညာဉ်စွမ်းအား တစ်ခု ထွက်ပေါ်လာပြီး နတ်အသိများ ပျံ့နှံ့သွားသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရုတ်တရက် ကျောထဲစိမ့်ခနဲခံစားလိုက်ရသည်။ ကြောက်ဖို့ကောင်းလိုက်တဲ့ နတ်အသိပါလား။ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်နဲ့ လုံးဝ မတူပေ။

ဤနတ်အသိသည် ဟန်ဆောင်မှု အမျိုးမျိုးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသည်။ သူတို့၏ မျက်နှာဖုံးစွပ်ထားခြင်းသည်ပင် နတ်အသိ ရှေ့မှောက်တွင် အရာမရောက်ပေ။ နတ်အသိကို ကာကွယ်နိုင်သော ပစ္စည်းများ မရှိလျှင် အရာအားလုံး ပေါ်လွင်နေမည် ဖြစ်သည်။ နတ်အသိ ပိုမို စွမ်းအားကြီးမားလေလေ တိုက်ပွဲတွင် အသာစီး ရလေ ဖြစ်သည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ပွဲများသည် ပြင်းထန်ပြီး ဝိညာဉ်စွမ်းအား ကြီးမားကာ ဧရိယာအလိုက် တိုက်ခိုက်နိုင်သဖြင့် နတ်အသိကို စူးစမ်းထောက်လှမ်းရန် (သို့မဟုတ်) အထောက်အကူပြုရန်သာ အသုံးပြုလေ့ ရှိသည်။

သို့သော် ကျင့်ကြံခြင်းလောက၏ အသိပညာ အရ နတ်အသိကို လေ့ကျင့်၍ မရနိုင်ပေ။ ကျင့်ကြံမှုအဆင့် တိုးတက်လာမှသာ သဘာဝအလျောက် တိုးပွားလာခြင်း ဖြစ်သည်။ အဆင့်တူ ကျင့်ကြံသူများ၏ နတ်အသိသည် ကွာခြားမှု မရှိသလောက်ပင်။ အခြေခံတည်ဆောက်ခြင်းအဆင့်သည် သက်တမ်းအားဖြင့် မြင့်မားသွားပြီ ဖြစ်ရာ ချီသန့်စင်ခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ မရပေ။ စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအား အကာအကွယ် ဖြစ်စေ အခြေခံတည်ဆောက်စဉ်က ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးခြင်း ဖြစ်စေ ချီသန့်စင်ခြင်းအဆင့် တပည့်များကို လုံးဝ ကျော်လွန်နေပြီ ဖြစ်သည်။

အဆင့်ကျော် တိုက်ခိုက်ခြင်း ဆိုသည်မှာ ပုံပြင်တစ်ပုဒ်သာ ဖြစ်ကြောင်း ချန်ရွှင် နားလည်လိုက်သည်။ အဆင့်ကွာခြားမှု ကြီးမားလေလေ ကွာဟချက် ကြီးမားလေလေ ဖြစ်လာလိမ့်မည်။

“စီနီယာအစ်မ ကျိုး” ရွမ်ကျန့်သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူသည် ဆံပင်များ၊ မုတ်ဆိတ်များဖြူဖွေးနေပြီး မျက်နှာမှာ နီရဲနေသည်။ ကျောတွင် ဓားပျံတစ်လက် လွယ်ထားပြီး ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းလှသည်။

“မင်း ဂျူနီယာ မောင်လေး ချန်ရွှင်ကို ခေါ်ပြီး ဆေးဋ္ဌာနကို လိုက်ပြလိုက်ပါ”

ကျိုးရီယင် ပြောပြီးနောက် ချန်ရွှင်ကို ကြည့်ကာ ပြောလိုက်သည်။

“သုံးရက်နေရင် တံဆိပ်ပြားကို အသုံးပြုပြီး ဆေးဥယျာဉ်ကို သွားလို့ ရပြီ ဂိုဏ်းချုပ်ခန်းမဆောင်မှာ သွားပြီး စာရင်းသွင်းဖို့လည်း မမေ့နဲ့ဦး”

“ဟုတ်ကဲ့ စီနီယာအစ်မ ကျိုး”

“ဟုတ်ကဲ့ စီနီယာအစ်မ ကျိုး”

သူတို့နှစ်ဦးသည် လက်သီးဆုပ်ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြပြီး နွားနက်ကြီးကို ခေါ်လျက် ဘေးဘက် ခန်းမဆောင်မှ ထွက်ခွာသွားကြသည်။

......

ဆေးဋ္ဌာန အပြင်ဘက်တွင် တပည့်အများအပြား ဝင်ထွက်သွားလာနေကြသည်။ ချန်ရွှင်နှင့် ရွမ်ကျန့်ကို မြင်သောအခါ အရိုအသေပြုပြီး ဂိုဏ်းတူဦးလေးဟု ခေါ်ဆိုကြသည်။ ချန်ရွှင်သည် စီနီယာတစ်ယောက် ဖြစ်ရသည့် အရသာကို ခံစားနေရရာ နွားနက်ကြီးမှာ ဘေးမှနေ၍ အားကျနေသည်။

“ဂျူနီယာညီလေး ချန်... ဆေးဖော်စပ်တဲ့ လမ်းစဉ်ကို စိတ်ဝင်စားလား”

“အင်း... နည်းနည်းတော့ စိတ်ဝင်စားပါတယ်”

“ဟားဟား... ဒါဆို ကောင်းတာပေါ့ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပင်တွေအကြောင်း ဂျူနီယာညီလေး သိမှာပေါ့”

“အင်း... နည်းနည်း ကြားဖူးပါတယ်”

ချန်ရွှင် အားနာပါးနာ ရယ်မောလိုက်သည်။

“စီနီယာအစ်ကို... ကျွန်တော် ဆေးဥယျာဉ်ကို သွားမှာက ဆေးဖော်နည်း လေ့ကျင့်ဖို့ မဟုတ်ပါဘူး”

“ဟမ်...” ရွမ်ကျန့် ဖြူဖွေးသောမုတ်ဆိတ်များကို ကိုင်ထားသော လက် တောင့်ခနဲဖြစ်သွားသည်။ မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်နေသည်။

“ဂျူနီယာညီလေး ချန်... မင်းက အခုမှ အဆင့်တက်ခါစ ရှိသေးတာ အဲဒီ စုတ်ပြတ်နေတဲ့ ဆေးဥယျာဉ်ကို သွားပြီး ဘာလုပ်မလို့လဲ အဲဒီမှာ လူလည်း မရှိဘူး မင်း ဂိုဏ်းထဲမှာ ဘယ်လိုလုပ် ဆက်ပြီး အဆင့်တက်နိုင်မှာလဲ”

“စီနီယာအစ်ကို ရွမ်... အမှန်အတိုင်း ပြောရရင် ကျွန်တော် ရေဝိဉာဉ်ပညာ ဒုတိယအဆင့် ရောက်နေပါပြီ ဒီနည်းနဲ့ပဲ ဂိုဏ်းအတွက် အကျိုးပြုနိုင်မှာပါ” ချန်ရွှင် ပြုံးလျက် ပြောလိုက်သည်။ ရွမ်ကျန့်၏ စေတနာကို နားလည်ပါသည်။

“ဒါပေမဲ့ လက်လျှော့လို့ မဖြစ်ဘူးလေ မင်းသာ ဆေးဖော်တဲ့ လမ်းစဉ်ကို လျှောက်မယ်ဆိုရင်...”

ရွမ်ကျန့် ပြောနေရင်း ရပ်တန့်သွားသည်။ ကျိုးရီယင် သူတို့ အနောက်မှ ထွက်လာပြီး ရွမ်ကျန့်ကို အေးစက်စွာ ကြည့်နေသည်။

“တကယ်တော့ ဆေးဥယျာဉ်ကလည်း မဆိုးပါဘူး အဲဒီမှာ သမိုင်းကြောင်းတွေ ရှိတယ် မြေအောက်မှာ ဝိညာဉ်သွေးကြောတွေ ရှိတယ် ဆေးပင်ပေါင်းများစွာကို မွေးထုတ်ပေးတဲ့ နေရာပဲ ဝူယွင်ဂိုဏ်းက ကျင့်ကြံသူ ဘယ်လောက်များများကို အကျိုးပြုခဲ့လဲ မသိနိုင်ဘူး”

ရွမ်ကျန့် မျက်နှာ တည်ကြည်သွားပြီး လက်နောက်ပစ်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲဒီနေရာက တိတ်ဆိတ်အေးချမ်းတဲ့ နေရာလေးပဲ ဂျူနီယာညီလေး ချန် ရဲ့ ကျင့်ကြံမှုအတွက်လည်း အထောက်အကူ ဖြစ်မှာပါ”

All Chapters