← Chapters

ရာဇသံ

Vol. 48 Ch. 706

ရာဇသံ

Vol. 48 Ch. 706

အရမ်းကို ကြီးမားတဲ့ တမန်တော်ကို ကြည့်ရင်း ..ကိုင်က သူ့ကိုဘာလို့ ကြောက်စရာတစ်ခုအဖြစ် သတ်မှတ်ထားတာလဲဆိုတာကို ဆန်နီ နားလည်ခဲ့ပါတယ်..။နေမင်းသားရဲ့ အရပ်က..မီတာ ကိုးဆယ်လောက်အထိကို မြင့်ပြီး..ကျွန်းရဲ့ အပေါ်မှာ သံမဏိတောင်ကြီးတစ်ခုလို လွှမ်းမိုးထားခဲ့တယ်..။သူက ပေါ့ပါးတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားပြီး မြင့်မြတ်တဲ့ စစ်သည်တော်တစ်ယောက်နဲ့ တူနေခဲ့တယ်..။အကာအကွယ်အက်ျီရဲ့ မျက်နှာပြင်ဟာ..ပြောင်လက်နေခဲ့ပြီး..နေရောင်ကို မျက်စိကျိန်းလောက်အောင် အလင်းပြန်နေခဲ့တယ်..။ကျန်တဲ့ အပိုင်းတွေကတော့..မီးခိုးရောင် အဖြစ် ရှိနေခဲ့ပါတယ်..။

ဆန်နီ တို့အဖွဲ့ စီးနင်းခဲ့ဖူးတဲ့ ရုပ်ထူးကြီးအပါအဝင် မေ့ပျောက်ကုန်းမြေမှာ ရှိခဲ့တဲ့ သူရဲကောင်းခုနစ်ယောက်ရဲ့ ရုပ်ထုကြီးတွေက..ဒီရုပ်ထုကြီးထက် နှစ်ဆလောက်အထိ မြင့်မားတယ် ဆိုပေမယ့်လည်း..ဒီမှာ‌ မြင်တွေ့နေရတဲ့ ရုပ်ထုကြီးရဲ့ ကြီးမားမူ နဲ့ ဖိအားတွေကို မကြောက်ရွံ့ပဲ နေဖို့ ခဲယဉ်းလှပါတယ်..။ဒါက အထွတ်အထိတ် အဆင့် ချိန်း အရှင်သခင် ဒါမှမဟုတ်..သူ့ကို မြုပ်နှံထားတဲ့ သံမဏိ ကြေးခွံတစ်ခုပါ..။

ကြောက်မက်ဖွယ် ကောင်းတဲ့ ခံစားချက် တစ်ခုက ဆန်နီရဲ့ နှလုံးသားထဲကို ဝင်ရောက်လာခဲ့တယ်..။ဆန်နီ ဒီခံစားချက်တွေကို မောင်းထုတ်လိုက်ပြီး..ရုပ်ထုကြီးကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။

သို့ပေမယ့် သူ ဒီလိုကြောက်ရွံ့နေစေဖို့အတွက် အကြောင်းပြချက်က ရှိနေခဲ့တယ်..။

သူ့စိတ်ထဲမှာ မေ့ပျောက်လုနီးပါးဖြစ်နေပြီး ဖြစ်တဲ့ အိပ်မက်ဆိုးတစ်ခု ရဲ့ မြင်ကွင်းက ပြန်ပေါ်လာခဲ့တာပါ..။သွေးတွေ နဲ့ ပေကျံနေတဲ့ တိုက်ပွဲကွင်းပြင်ကြီးတစ်ခုမှာ..သူ့ရဲ့ စစ်သည်တော်တွေအပေါ်ကို ကြီးမားတဲ့ သံမဏိခြေထောက်ကြီးတစ်ခုက ဆင်းသက်လာခဲ့ပြီး..အရိုး ၊ အသွေး ၊ အသားအဖြစ် တစ်စစီ လုပ်ပစ်တာကို ကြောက်မက်ဖွယ် မြင်ယောင်နေခဲ့တာပါ..။

ပြီးတော့ နောက်ထပ်မှတ်ဉာဏ်တစ်ခုကတော့..သူ့ရဲ့ ညီအစ်ကိုရဲ့ လက်ထဲမှာ အဆုံးမရှိ နိုပ်စက်ခံနေရပြီး..နောက်ဆုံးမှာ..လူပုံစံထွင်းထားတဲ့ သတ္တုသေတ္တာထဲကို ဝင်ရောက်ကာ..ချော်ရည်ပူထဲကို ဆင်းခဲ့ရတဲ့ မြင်ကွင်းပါ..။

ပြီးတော့ နောက်ဆုံးတစ်ခုကတော့..ကြီးမားတဲ့ သံမဏိအလောင်းကြီးက ချိန်းကြိုးနဲ့ အပေါ်အောက် ပြောင်းပြန် တွဲလောင်းချခံထားရတဲ့ မြင်ကွင်းပါပဲ..။သူ့ရဲ့ ရင်ဘတ်ကလည်း ပြင်းထန်တဲ့ တိုက်ခိုက်မူတစ်ခုကြောင့် ပွင့်ထွက်နေခဲ့ပါသေးတယ်.။

..ဒီတော့ အဲတာက နေမင်းသားပေါ့..။

ဆန်နီ သူနဲ့ တစ်ခါမှ မတွေ့ဖူးခဲ့ပေ..။ဒါတောင်မှ..သူတို့က မိတ်ဆွေဟောင်းတွေလုိ ခံစားနေခဲ့ရပါတယ်..။အဆိုးပဲဖြစ်ဖြစ်..အကောင်းပဲဖြစ်ဖြစ်..

ကြီးမားတဲ့ သံမဏိလူသားကြီးက..သဘော်ပျံကို ခံစားချက်မဲ့နေတဲ့ မျက်နှာနဲ့ ကြည့်နေခဲ့တယ်..။ဆန်နီ နိုတစ် ဘက်ကို လှည့်လိုက်ပြီး..

“အခု.ဘာလုပ်ကြမှာလဲ..”

မှော်ဆရာက သက်ပြင်းချလိုက်ပြီး လက်ကိုင် တစ်ဖက်ကို လွှတ်ကာ သဘော်ကို အောက်ကို ဆင်းသက်ဖို့ လုပ်လိုက်ပါတယ်..။သူ့မျက်နှာပေါ်က ပေါ့ပါးတဲ့ အပြုံးလေးကတော့ အတင်းလုပ်ယူထားရတဲ့ အတိုင်းပါပဲ..။

“အခု..ကောင်းပြီလေ…သူနဲ့ စကားသွားပြောကြတာပေါ့..။ယဉ်ကျေးတဲ့ ဆွေးနွေးပွဲလေးတစ်ခု လုပ်ကြရအောင်..”

ဆန်နီ နေမင်းသားဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီးမှ သုန်မုန်နေတဲ့ အသံနဲ့..

“သူ ဆင်စွယ်ရောင် ဓားကို ဝှက်ထားခဲ့တဲ့ မှတ်ဉာဏ်တွေကို ခင်ဗျား ဖျက်ဆီးပေးခဲ့တာဆိုတာကို သူ သိလောက်လား..။ဒါက သူ့ကို နှစ်ပေါင်း ရာနဲ့ချီ နိုပ်စက်ခံခဲ့ရပြီး..နောက်ဆုံး ဒီအခြေအနေကို ရောက်သွားစေခဲ့တာလေ..။ပြီးတော့..ခင်ဗျားက အဲ့ဓားကို ခိုးသွားခဲ့သေးတယ်..”

နိုတစ် ရုတ်တရက် သီးသွားခဲ့တယ်..။ဒါက သဘော်ကိုတောင် အနည်းငယ် တိတ်းစောင့်းသွားစေခဲ့ပါတယ်..။

“ပြော…အကျယ်ကြီးအော်ပြောလိုက် ချီးပဲ…”

ဆန်နီ အေးခဲသွားခဲ့ပြီး..

“အိုး.တောင်းပန်ပါတယ်..”

မှော်ဆရာကသဘော်ကို ပြန်လည်တည့်မတ်လိုက်ပြီးကာမှ ဒေါသတကြီး ပြောလာခဲ့ပါတယ်..။

“ပထမဆုံးအနေနဲ့..ငါက ဘာမှဖြစ်အောင် လုပ်ခဲ့တာ မဟုတ်ဘူး..။ငါက သူငယ်ချင်းတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရုံပဲ..။အရင်တုန်းက..ငါတို့ကို မျှော်လင့်ချက်က ရူးသွပ်သွားအောင် လုပ်လိမ့်မယ်လို့ မသိခဲ့ဘူးလေ..။ဒီတော့..ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ..။ဒုတိယတစ်ချက်က..ငါက ဆင်စွယ်ရောင်ဓားကို ခိုးယူခဲ့တာ မဟုတ်ဘူး..။ဒီတိုင်း..သူ ထားခဲ့တဲ့ နေရာကနေ ရှာတွေ့သွားတာပဲ..ဟုတ်ပြီလား..။စစ်မှန်တဲ့ တိုက်ဆိုင်မူလေးတစ်ခု..။ပြီးတော့ နောက်ဆုံးက..”

သူ ခနလောက်ရပ်တန့်လိုက်ပြီးကာမှ..သုန်မုန်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

“သူက တစ်ခုခုကို သိနေသေးလားဆိုတာတောင် ငါ မသေချာတော့ဘူး..။သူက အထဲက တစ်နေရာရာမှ အသက်ရှင်နေတုန်းပဲ ဆိုပေမယ့်..အပြည့်အဝ အသိစိတ်ရှိနေတယ်လို့တော့ ငါမထင်ဘူး..။အနည်းဆုံးတော့..အနည်းဆုံးတော့ သူ အသိစိတ်ရှိမနေဖို့ ငါ မျှော်လင့်တယ်..”

သဘော်က မြေပြင်ပေါ်ကို တိတ်ဆိတ်စွာ ဆင်းသက်လာခဲံပြီး..ကျောက်ဝိုင်တွေရဲ့ အပြင်ဘက်နားက လေပေါ်မှာ ရပ်တန့်နေခဲ့ပါတယ်..။နိုတစ် ခနလောက် တွေဝေနေပြီးကာမှ..လက်ကိုင်တွေကို လွှတ်လိုက်တယ်..။သို့ပေမယ့်သူက သဘော်သားအရုပ်တွေကို သဘော်ကိုအောက်ကို ဆင်းသက်ဖို့ ထပ်မညွှန်ကြားခဲ့ပါဘူး..။

မှော်ဆရာက သူ့ရဲ့ အဝတ်အစားတွေကို သေသပ်အောင်လုပ်လိုက်ပြီးနောက် အသက်ကို ဝအောင် ရူသွင်းလိုက်တယ်..။

“သွားကြရအောင်..။သူ ဘာပြောစရာရှိနေလဲ ကြည့်ကြတာပေါ့..”

ဆန်နီ သူ့ရဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်ကာ နိုတစ်နောက်ကို လိုက်သွားခဲ့တယ်..။သူတော်စင်တွေကြားထဲက တိုက်ပွဲကို မြင်တွေ့ခွင့်ရဖို့အတွက် သူတို့မှာ အခွင့်အရေးတွေ အများကြီး ရှိနေခဲ့ပါပြီ..။သူတို့က အန္တရာယ်ကြားထဲမှာ ရောက်နေတယ်ဆိုတာ လူတိုင်းနားလည်ထားမယ်ဆိုတာ သူသေချာပါတယ်..။

သူတော်စင်တွေတိုက်ပွဲကို သူ နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့တုန်းက..ကျွန်းတစ်ခုလုံး ပျက်ဆီးသွားခဲ့ပြီး..အောက်ဘက်ကောင်းကင်ထဲကို ပြိုကျသွားခဲ့ရတယ်..။ဆန်နီ နဲ့ ကတ်စီတို့တောင် ထွက်ပြေးလာခဲ့တဲ့ အတွက် ဒီတိုက်ပွဲရဲ့ အရှိန်ကနေ အသက်ရှင်နိုင်ခဲ့တာပါ..။

ဒီနေ့ရော ဘာတွေဖြစ်လာဦးမှာလဲ..။ပြီးတော့ နိုတစ်က..ဒီ ရုပ်ထုကြီးကို အနိုင်ယူဖို့ လုံလောက်အောင် သန်မာရဲ့လား..။

ဒီ သံမဏိတောင်ကြီးကို ရပ်တန့်နိုင်မယ့်အရာကို စိတ်ကူးယဉ်ကြည့်ရင်တောင် အတော်လေး ခက်ခဲလှပါတယ်..။သို့ပေမယ့် နိုတစ်က အရူးတစ်ယောက် မဟုတ်ပါဘူး..။သူ့မှာ အစီအစဉ် ရှိမှာပါ..။သူ့ရဲ့ ရူးသွပ်မူက..လှည့်စားတတ်တာပါပဲ..။ထွက်ပေါက်တစ်ခု ရှိတယ်ဆိုတာ မသိပဲနဲ့တော့..သူ့ရဲ့ လုံခြုံရေး နဲ့ မျှော်လင့်ချက်ကို လွှတ်ပေးချင်တဲ့ သူ့ရဲ့ ဆန္ဒကို စွန့်စားမှာ မဟုတ်ပေ..။

သူတို့ငါးယောက်ဟာ..သဘော်ပျံပေါ်ကနေ ဆင်းသက်ပြီး..သံလက်ဝါးကျွန်းရဲ့ မြေပြင်ပေါ်မှာ ဆင်းသက်လိုက်ကြတယ်..။ပြီးတာနဲ့ ကျောက်တိုင်တွေကြားထဲကနေလျောက်သွားလိုက်ကြပါတယ်..။သူတို့က ဧရာမ လနာရီကြီးရဲ့ အလယ်အထိအောင် လျောက်သွားပြီး အဲ့နေရာမှာ ရပ်ကာ စောင့်ဆိုင်းနေခဲ့ကြပါတယ်..။

သူတို့ဒီလိုလုပ်နေတဲ့အချိန်မှာတော့..နေမင်းသားဟာ နောက်ဆုံးမှာ လှုပ်လာခဲံပြီး သူတို့ ရှိနေတဲ့ နေရာဆီကို လျောက်လာခဲ့တယ်..။သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ..ကျွန်းက တုန်ရီသွားခဲ့ပြီး..ကောင်းကင်ချိန်းကြိုးတွေကိုပါ အသံမြည်သွားစေခဲ့ပါတယ်..။

ဆန်နီက အနားကို ကပ်လာနေတဲ့ သံမဏိ ရုပ်ထုကြီးကို ကြည့်ရင်း အခြေအနေတွေ ပိုဆိုးလာတော့မယ်လို့ ခံစားနေခဲ့ရတယ်..။သူ့ရဲ့ အရိပ်တွေ အားလံးက..ပြန်သက်သာလာဖို့ အနားယူနေခဲ့ကြတာကြောင့် တစ်ခုခု ဖြစ်လာတယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ခွန်အားကို မှီခိုရုံပဲ တတ်နိုင်ပါလိမ့်မယ်..။

…ကောင်းပြီလေ..သူ့ရဲ့ ကိုယ်ပိုင်ခွန်အား နဲ့ အဖွဲ့သားတွေကိုပေါ့..။

သို့ပေမယ့် ..သူတို့အားလုံးပေါင်းရင်တောင် ဒီမွန်းစတားကြီးကို ဘာလုပ်နိုင်မှာ မို့လို့လဲ..။

နောက်ဆုံးမှာတော့..တမန်တော်ဟာ ကျောက်တိုင်တွေဆီကို ရောက်လာခဲ့ပြီး စက်ဝိုင်းရဲ့ အပြင်ဘက်ကနေ သူတို့ကို ငုံ့ကြည့်နေခဲ့တယ်..။သူ့ရဲ့ အေးစက်တဲ့ အရိပ်အောက်မှာ ကျရောက်နေခဲ့တာကြောင့် ဆန်နီဟာ သူ့ကိုယ်သူ သေးငယ်တဲ့ အင်းဆစ်လေးတစ်ကောင် အဖြစ် ခံစားလိုက်ရပါတယ်..။

သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်ရင်း သူ အံကိုကြိတ်ကာ ပြောလိုက်တယ်..။

“..ငါက ပုရွတ်ဆိတ်လေးတစ်ကောင် လို ခံစားနေရတယ်..”

လည်ပင်းပြုတ်ထွက်မတတ် မော့ကြည့်နေရတဲ့ အယ်ဖီဟာ..သူ့ကို ကြည့်လိုက်ပြီး ခနလောက်တွေဝေပြီးကာမှ ပြုံးလိုက်ပါတယ်..။

“နင်က ပုရွတ်ဆိတ်လေး မဟုတ်ပါဘူး ဆန်နီ..။နင်က ပိုးဟပ်တစ်ကောင်ပဲ..မှတ်မိတယ်မလား.”

သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးကာမှ ဖြည်းညှင်းစွာ ပြုံးလိုက်တယ်..။

…ဒါက သူ့ကို တစ်နည်းနည်းနဲ့ စိတ်သက်သာရာရစေပါတယ်..။

ယင်းနောက် မိုးချိန်းသံလို အသံတစ်ခုက သူ့ရဲ့ ပတ်ဝန်းကျင်ကနေ ထွက်ပေါ်လာခဲ့တာကြောင့်..သူတို့ရဲ့ အရိုးတွေ အက်ကွဲသွားတော့မလို ခံစားလိုက်ရတယ်..။

သံမဏိ ရုပ်ထုကြီးက စကားပြောလာခဲ့တာပါ..။

“နိုတစ်…မင်းမှာ…ဓားတွေ ရှိနေတာပဲ..”

နေမင်းသားရဲ့ အသံက လူသားတစ်ယောက်နဲ့ မတူသလို စစ်ရုပ်တစ်ရုပ်ရဲ့ အသံနဲ့လည်း မတူပါဘူး..။ဒါက ဒီတိုင်း ထူးဆန်းပြီး..ဘာမှမရှိသလိုပဲ ခံစားနေခဲ့ရတာပါ..။ဒါက လူသားတစ်ယောက် စကားပြောနေတာနဲ့ မတူပဲ ကမ္ဘာကြီးကိုယ်တိုင်က စကားပြောနေခဲ့သလိုဖြစ်နေခဲ့တယ်..။

ဒါက အပျက်အဆီးတွေနဲ့ပြည့်နေတဲ့ကမ္ဘာကြီး..။

ဒီအသံကို ကြားတဲ့အချိန်မှာတော့ မှော်ဆရာက ပြုံးလိုက်ပြီး သူ့ရဲ့ နားတွေကို အုပ်လိုက်တယ်..။

“ဟမ့်..သူက စကားဘယ်လိုပြောရမလဲဆိုတာတော့ မှတ်မိသေးတာပဲ..”

သံမဏိရုပ်ထုကြီးရဲ့ မိုးချိန်းသံလို အသံကြီးက နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာခဲ့တာကြောင့် သူတို့တွေ ကျောချမ်းသွားခဲ့ကြတယ်..။

“အရှုံးပေး…ဓားတွေကို ပြန်အပ်..”

ဆန်နီ ခေါင်းကို အနည်းငယ်စောင်းပြီး နိုတစ် ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုသိချင်တဲ့ စိတ်နဲ့ ကြည့်လိုက်တယ်..။

အဲံအချိန်မှာတော့ မှော်ဆရာက အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး..နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပါတယ်..။ဒါက သူ့ကိုယ်သူ ဆန်နီနဲ့ အဝေးကိုရောက်အောင် လုပ်လိုက်သလိုပါပဲ..။

ယင်းနောက် သူ လက်တစ်ဖက်မြှောက်လိုက်ပြီး..ဆန်နီကို လက်ညိုးထိုးကာ..ရိုးသားတဲ့ စိတ်ရှုပ်ထွေးမူတွေနဲ့ ပြောလာခဲ့တယ်..။

“မင်း ဘာတွေပြောနေတာလဲ..။ငါ့မှာ ဘာဓားမှ မရှိဘူး..။ဒီငနဲ ဆီမှာပဲ.. ။ဓားအကုန်လုံးက သူ့ဆီမှာပဲ ရှိတာ..။ဒီတော့ ..မင်း ဓားတွေကို လိုချင်တယ်ဆိုရင်..သူ့ဆီကနေ ယူသွားလို့ရတယ်..။ဒီ သနားစရာကောင်းတဲ့ မှော်ဆရာလေးကိုတော့..ချမ်းသာပေးကြပါ..လနတ်ဘုရားတို့..”

အပိုင်း ( ၇၀၆ ) ပြီး၏။

All Chapters