← Chapters

သစ္စာဖောက်ခြင်း..

Vol. 48 Ch. 707

သစ္စာဖောက်ခြင်း..

Vol. 48 Ch. 707

ဆန်နီ နေရာမှာတင် ငြိမ်သက်ကာ အံ့ဩသင့်နေခဲ့တယ်..။တိတ်ဆိတ်မူတွေ ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်မှာ သူကြားနေရတာ ဆိုလို့..သူ့ရဲ့ နှလုံးတွေ ခုန်သံ နဲ့..နားထဲက သွေးတွေ စီးဆင်းနေတဲံ အသံတွေပါပဲ..။

သူ့မျက်လုံးက အနည်းငယ် လှုပ်သွားခဲ့ပြီး..

‘မဖြစ်နိုင်တာ…ဒီခွေးသားက ငါ့အပေါ်မှာ ဒီလိုလုပ်တာ မဖြစ်နိုင်ဘူး..’

အရိပ်လေးခုစလုံးက သူ့ရဲ့ ခန္တာကိုယ်ကို ရစ်ပတ်နေတဲ့ အချိန်မှာတော့..ဆန်နီဟာ သူ့ရဲ့ ခေါင်းကို အနည်းငယ် တိမ်းစောင်းလိုက်ပြီး..မှော်ဆရာရဲ့ လက်ညိုးကို ကြည့်လိုက်တယ်..။ဒီလက်ညိုးက သံသယဖြစ်စရာ မလိုလောက်အောင်ပဲ သူ့ရဲ့ နောက်ကျောတည့်တည့်ကို ထိုးနေခဲ့တာပါ..။သူ့ရဲ့ ပါးစပ်တွေက ခြောက်ကပ်နေခဲ့တယ်..။

‘သူ လုပ်ခဲ့တယ်..’

နိုတစ်က ဘယ်လို သောက်ကျိုးနဲတွေကို စိတ်ကူးနေတာလဲ…

မဟုတ်ဘူး..မဟုတ်ဘူး..မှော်ဆရာက သူ့ကို ဒီလိုမျိုး ရောင်းစားလိုက်မှာ မဟုတ်ဘူး..။ဟုတ်တယ်..ဆန်နီ အပေါ်ကို အပြစ်တွေအားလုံး ပုံချလိုက်တာက..လှည့်ကွက်တစ်ခုပဲ ဖြစ်နိုင်ပါတယ်..။ဒါပေမဲ့ ဒီလိုလုပ်တော့ရော နိုတစ်က ဘာတွေအကျိုးအမြတ် ရှိသွားမှာ မို့လို့လဲ..။ဘာမှမရှိဘူး..

ဒါပေါ့..တကယ်လို့သာ….

တကယ်လို့သာ သူက အစကတည်းက ဒီလို စီစဉ်ထားတာ မဟုတ်ဘူး ဆိုရင်ပေါ့..။

အေးစက်ပြီး..ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစားချက်တစ်ခုက ဆန်နီရဲ့ နှလုံးသားထဲကို ဝင်ရောက်လာခဲ့တယ်..။

သူ့ရဲအပေါ်မှာတော့ မြင့်မားတဲ့ ကြောက်မက်ဖွယ် ရုပ်ထုကြီးရဲ့ အကြည့်တွေက..မှော်ဆရာရဲ့ ထည်ဝါတဲ့ ပုံရိပ်ဆီကနေ..လက်လေးချောင်း နတ်ဆိုး ဆီကို ရောက်ရှိလာခဲ့ပါတယ်..။သူ့ရဲ့ အကြည့်က ဆန်နီအပေါ်ကို ရောက်သွားတဲ့အချိန်မှာတော့ များပြားလှတဲ့ ဖိအားတွေကို ခံစားလိုက်ရတယ်..။ဒီအကြည့်တွေက သူ့ တစ်ကိုယ်လုံးကို ထိုးဖောက်သွားပြီး..သူ့ရဲ့ ဝိဉာဉ်အထိ ရှင်းလင်းစွာ မြင်နေသလို ခံစားနေခဲ့ရပါတယ်..။

ပြီးတော့..သူ့ရဲ့ ဝိဉာဉ်အတွင်းထဲက..တပ်မက်ခြင်းသေတ္တာထဲမှာတော့..မီးတောင်ကျောက်ဓား ၊ ဖန်သားရောင်ဓား နဲ့.. ပတ္တမြားရောင် ဓားတွေ ရှိနေခဲ့တာပါ..။

နေမင်းသားရဲ့ တည်ရှိမူက တစ်ခုခု ပြောင်းလဲသွားခဲ့ပြီး.နောက်ထပ် နားစည်ကွဲလုမတတ် အသံကြီး ထွက်ပေါ်လာခဲ့တယ်..။အခုချိန်မှာတော့..ဒီအသံမှာ..အသိစိတ်ကင်းကွာပြီး မပြတ်သားတဲ့ ခံစားချက်တွေ ပါဝင်နေခဲ့ပါတယ်..။

“ …အရိပ်….”

ဆန်နီ ဖြူဖျော့သွားခဲ့တယ်..။ဆင်စွယ်ရောင် မြို့တော်မှာ နေမင်းသားခံစားခဲ့ရတာတွေအတွက်..မူလအရိပ်မွေးဖွားသူ ရဲ့ သခင်မှာလည်း အပြစ်ရှိတယ် ဆိုတာကို သူ မေ့သွားခဲ့ပါတယ်..။အမှန်တော့..နေမင်းသား တစ်ပေါင်းရာနဲ့ချီပြီး နိုပ်စက်ညှင်းပန်းခံနေရခြင်း ရဲ့ အဓိက တရားခံက အရိပ်အရှင်သခင် ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး.။ဘာပဲဖြစ်ဖြစ်..သူက မီးတောင်ကျောက်ဓားကို ယူသွားခဲ့တာပါ..။

ဒီတော့..တကယ်လို့..သံမဏိ ရုပ်ထုကြီးသာ တစ်စုံတစ်ယောက်ကို အမှန်တကယ် မုန်းတီးချင်မယ်ဆိုရင်..

‘ချီးတဲ့မှပဲ..’

သူ့ရဲ့ နှလုံးသားတွေ အေးစက်သွားသလို ခံစားလိုက်ရတာကြောင့်..ဆန်နီဟာ..သံမဏိရုပ်ထုကြီးကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့ပါတယ်..။ရုပ်ထုကြီးကတော့ အနည်းငယ် ရှေ့ကို ကွေးလာခဲ့ပြီး..သူ့ရဲ့ သံမဏိလက်ကြီးက အောက်ကို ဆင်းသက်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။သူက ဒီအခြေအနေကနေ လွတ်မြောက်နိုင်မယ့် အခွင့်အရေးကို အပြင်းအထန် တွက်ချက်နေခဲ့တယ်..။

အဲ့အချိန်မှာပဲ..နိုတစ်က ရုတ်တရက် လည်ချောင်းရှင်းလိုက်ပြီး..နေမင်းသားကို ရင်းနှီးတဲ့အသံနဲ့ ပြောလာခဲ့ပါတယ်..။

“အိုး..ဒါပေမဲ့ ဂရုတော့စိုက်နော်..။အရိပ်တွေက ဘယ်လောက်တောင် လှည့်စားတတ်လဲဆိုတာ မင်းလည်းသိနေတာပဲ သူငယ်ချင်း..။ဒီတစ်ယောက်ဆိုရင် သစ္စာဖောက်တာ ၊ ယုတ်ညံ့တာ နဲ့ မပြောနိုင်လောက်တဲ့ လှည့်စားမူတွေ အပြည့်ပဲ..။သူက ငါ့ကို အဆိပ်ခတ်ဖို့တောင် ကြိုးစားခဲ့သေးတယ်..။အိုး..ဒီလို မကောင်းမူတွေ..။ဒီတော့..မင်းသူ့ကို ဖမ်းချုပ်ဖို့ ကြိုးစားတဲ့အချိန်ဆိုရင် ဂရုစိုက်ပါ..။မဟုတ်ရင် မင်းရဲ့ လက်ဆုံးရှုံးသွားနိုင်တယ်လေ..”

ဆန်နီရဲ့ ပါးစပ်ကနေ အသံတစ်ချို့ထွက်ပေါ်လာခဲ့တယ်..။တစ်ခြားအဖွဲ့ဝင်တွေလည်း စိုးရိမ်ပူပန်နေကြပြီး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတာကို သူ ခံစားမိပါတယ်..။ကတ်စီက တိတ်တဆိတ်ကခုန်သူ ရဲ့ လက်ကိုင်မှာ တင်ထားခဲ့ပြီး..ကိုင်က လက်ကိုဆန့်တန်းထားခဲ့တယ်..။သူကလည်း လေးကို ထုတ်ယူဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။အယ်ဖီကတော့ သူမရဲ့ ကလေးဆန်တဲ့ မျက်နှာနဲ့ သုန်မုန်ပြီးသားကြည့်နေခဲ့ပါတယ်..။

ဒါပေမဲ့ သူတို့ကရော ဘာလုပ်နိုင်မှာမို့လို့လဲ..

တကယ်လို့ ဓားသုံးချောင်းထဲက ဘယ်အချောင်းနဲ့ နေမင်းသားကို သတ်နိုင်လဲ ဆိုတာကို ဆန်နီ သိထားခဲ့တယ် ဆိုရင်တောင်..အထွတ်အထိပ်အဆင့် သူတော်စင်ရဲ့ အသွေးအသားထဲကို ဘယ်လို ထိုးဖောက်မှာလဲ..။ချိန်းအရှင်သခင်ရဲ့ အစစ်အမှန်ခန္တာကိုယ်က..သံမဏိကိုယ်ထည်ကြီးရဲ့ အထဲမှာ ရှိနေခဲ့တာပါ..။ထပ်ပြောရရင် ဒီဓားကို အသုံးပြုလိုက်ခြင်းအားဖြင့် သူက သာမန်လူသားတစ်ယောက်အဖြစ်သာ ရောက်ရှိသွားပါလိမ့်မယ်..။အဲဒီနောက်မှာတော့..သူတို့က နေမင်းသားကို တစ်နည်းနည်းနဲ့ သတ်ဖို့ လိုအပ်နေတုန်းပါပဲ..။

သူတော်စင်တစ်ယောက်ကို သတ်ဖို့ဆိုတာက လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပေ..။

ရုပ်ထုကြီး ရှေ့ကို ကိုင်းလာတဲ့အချိန်မှာတော့..သူ့ရဲ့ လက်တွေက လနာရီ စက်ဝိုင်းအတွင်းကို ရွေ့လျားလာခဲ့တယ်..။ဆန်နီကတော့ နည်းလမ်းမျိုးစုံကို စဉ်းစားနေခဲ့ပါတယ်..။သူက ရွေးချယ်စရာ တစ်ခုတည်းကိုသာ တွေ့နေခဲ့ရတယ်..။ပြေးဖိုး..သူတတ်နိုင်သလောက် အစွမ်းကုန်ထွက်ပြေးဖို့..။အရိပ်ခြေလှမ်းကိုသာ အသုံးပြုလိုက်မယ်ဆိုရင် သူက အနည်းဆုံးတော့ ရှောင်တိမ်းနိုင်ပါလိမ့်မယ်..။

ဒါပေမဲ့..သူက ဒီ လူသန်ကြီးဆီကနေ ဘယ်လောက်ကြာအောင် ပြေးနေနိုင်မှာလဲ..။သူက ကျွန်းနှစ်ခုကြား အကွာအဝေးကိုတောင် ..တစ်ချက်ပဲ လှမ်းခုန်လိုက်တာကို ဆန်နီကိုယ်တိုင်မြင်တွေ့ခဲ့ပါတယ်..။အခု..ဆန်နီ ရဲ့ အရိပ်ထိန်းချုပ်မူ အကွာအအဝေးက ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သည့်တိုင်အောင်..သူနဲ့ လုပ်ဆောင်နိုင်ပုံခြင်း အတူတူလောက်ပါပဲ..။

ကွာခြားသွားတာက..ဆန်နီအနေနဲ့ တစ်ချက်ခုန်လိုက်တိုင်းမှာ အရိပ်အဆီအနှစ်တွေ အများကြီး လျော့ကျသွားမှာ ဖြစ်ပေမယ့်…နေမင်းသားကတော့..ပင်ပန်းနွမ်းနယ်မူတွေ မရှိပဲ..သူ့ကို နောက်ကနေ ဆက်တိုက်လိုက်နိုင်နေပါလိမ့်မယ်..။သူက သေဆုံးခြင်းကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး..။

‘ချီးပဲ…ချီးပဲ…ချီးပဲ…’

နေလုံးကြီးကို..ကြီးမားတဲ့ လက်ဝါးကြီးက ပိတ်ဆို့လိုက်တဲ့ အချိန်မှာတော့ ကမ္ဘာကြီးက ရုတ်တရက် မှောင်မိုက်သွားခဲ့တယ်..။လက်ဝါးကြီးက မီးခိုးရောင် သံမဏိပြင်ကြီးတစ်ခု ကျဆင်းလာသလို ဆင်းသက်လာခဲ့တာပါ..။ဒါက ကောင်းကင်ကြီးတစ်ခုလုံးက သူ့ရဲ့ ခေါင်းပေါ်ကို ဆင်းသက်လာတဲ့ အတိုင်းပါပဲ..။

အယ်ဖီ နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး လှမ်းအော်လိုက်တယ်..။

“ဆန်နီ ငါတို့ ဘာလုပ်မှာလဲ..”

သူ တစ်ခနလောက်တွေဝေနေခဲ့ပြီးကာမှ…ပြောလိုက်တယ်..။

“မလုပ်ဘူး..ဘာမှမလုပ်ဘူး…မလှုပ်လိုက်နဲ့..”

နေနတ်သားနဲ့ ရင်ဆိုင်တိုက်ခိုက်တာ ဒါမှမဟုတ် ထွက်ပြေးတာတွေ လုပ်လို့လည်း ဘာမှ အကျိုးမရှိပါဘူး…။

ဘာလို့လဲဆိုတော့…

သံမဏိရုပ်ထုကြီးက ရှေးဟောင်း လနာရီထဲကို ဝင်ရောက်လာတဲ့ အချိန်မှာပဲ..ကျောက်တိုင်တွေက အဆုံးမရှိတဲ့ အလင်းရောင်တွေနဲ့ ရုတ်တရက် တောက်ပလာခဲ့ပြီး..ဝိဉာဉ်အဆီအနစ်တွေ အများကြီး စီးဆင်းလာခဲ့တယ်..။ဆန်းကျယ်တဲ့ ရူးစ်တွေက..ပေါ်ထွက်လာခဲ့ပြီး..အဝိုင်းပုံစံ ပုံဖော်ထားခဲ့ကြတယ်..။

ယ၍်းနောက် သူတို့အနားမှာ ရှိနေတဲ့ အရာအားလုံးက တောက်ပလာခဲ့ပြီး..အေးမြတဲ့ လရဲ့ အလင်းတန်းတွေ အဖြစ် ထွက်ပေါ်လာခဲ့ကြပါတယ်..။

အလင်းရောင်တွေကြောင့် မျက်စိကျိန်းသွားတဲ့ ဆန်နီဟာ နောက်ထပ် ဘာတွေဖြစ်ပျက်သွားလဲ ဆိုတာကို မမြင်နိုင်တော့ပေ..။ပြီးတော့..ကြီးမား အေးစက်တဲ့ တစ်စုံတစ်ခုက သူ့ရဲ့အနားကနေ ဖြတ်သန်းသွားတာကို သူ ခံစားလိုက်ရပါတယ်..။သို့ပေမယ့် ဒီအရာက ထိတွေ့လို့ မရနိုင်ပါဘူး..။ယင်းနောက်..သူ နားစည်ကျိန်းလုမတတ် အသံကြီးကို ကြားလိုက်ရတယ်..။ဒါက သံမဏိတွေ တစ်စစီ တွန့်ကြေသွားတဲ့ အသံမျိုးပါပဲ။.။ကျွန်းတစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး..တုန်ခါမူက သူ့ကို မြေကြီးပေါ် လွင့်စင်သွားစေခဲ့တယ်..။ဆန်နီဟာ အေးစက်တဲ့ ကျောက်တုံးတွေနဲ့ ထိတွေ့သွားတဲ့ အချိန်မှာတော့..နေမင်းသား ရဲ့ အရိပ်က ပြောင်းလဲနေတာကို ခံစားလိုက်ရပါတယ်..။

အဖြူရောင် လရောင်က ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..သူက အံ့ဩသင့်ဖွယ်မြင်ကွင်းကို တွေ့မြင်လိုက်ရတယ်..။

လနာရီက ကျိုးပဲသွားခဲ့ပြီး..သူ့အပေါ်မှာတော့ ကျောက်တိုင်ကြီးတွေက လဲပြိုနေခဲ့ကြတယ်..။သူနဲ့ သိပ်မဝေးတဲ့ နေရာမှာတော့..ကြီးမားတဲ့ သံမဏိလက်ဝါးကြီးတစ်ဖက်က မြေကြီးပေါ်မှာ ရှိနေခဲ့ပါတယ်..။

သို့ပေမယ့် ဒီလက်ဝါးကြီးက သူ့ရဲ့ ကိုယ်ထည်နဲ့ ချိတ်ဆက်နေခြင်း မရှိတော့ပါဘူး..။

ရုပ်ထုကြီးဟာ ညာဘက်လက်မောင်း ဒဏ်ရာ ရသွားခဲ့တာကြောင့် နောက်ကို ယိမ်းယိုင်သွားခဲ့တယ်..။သတ္တုရေစီးကြောင်းတွေက ဆိုးဝါးလွန်းတဲ့ ဒဏ်ရာကြီးထဲကနေ သွေးတွေလို ဒလဟော စီးကျနေခေဲ့ပါတယ်..။သူနဲ့ ထိတွေ့တဲ့ မြက်ပင်တိုင်းက ပြာမှုန့်အဖြစ်ကို ပြောင်းလဲသွားခဲ့ကြပါပြီ..။

ဒီအရာတွေ အားလုံးရဲ့ အလယ်မှာတော့..နိုတစ်က ဘာမှမဖြစ်သလို ရပ်နေခဲ့တယ်..။မှော်ဆရာရဲ့ အမူအရာက တည်ငြိမ်နေပြီး..အနည်းငယ် ကျေနပ်နေခဲ့ပါတယ်.။

သူက ဗရမ်းဗတာ ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ရင်း သူ့ရဲ့ ဝတ်ရုံပေါ်က ဖုန်တစ်ချို့ကို ခါထုတ်လိုက်တယ်..။ယင်းနောက် ခေါင်းခါယမ်းလိုက်ပြီး..

“ဟင်း..မင်းကို သတိထားဖို့ ငါ သတိပေးခဲ့တယ်မဟုတ်ဘူးလား..။ဟုတ်တယ်နော်..ငါ သတိပေးခဲ့တယ်နော်..။လနတ်ဘုရားတို့…ဘာလို့ ငါ့စကားကိုဆို ဘယ်သူမှ နားမထောင်ကြတာလဲ..။ဘာပဲဖြစ်ဖြစ်..ငါက မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်မှာ ဉာဏ်အမျှော်အမြင် အကြီးဆုံး လူတစ်ယောက်ပဲလေ…”

အပိုင်း ( ၇၀၇ ) ပြီး၏။

All Chapters