← Chapters

ကြက်သွေးရောင် သားရဲ၏ နေဝင်ချိန်..

Vol. 48 Ch. 708

ကြက်သွေးရောင် သားရဲ၏ နေဝင်ချိန်..

Vol. 48 Ch. 708

သံမဏိရုပ်ထုကြီးဟာ နောက်ကို ယိမ်းယိုင်သွားခဲ့ပြီး..ကိုယ့်ကိုကို ဟန်ချက်ထိန်းဖို့အတွက် ကြိုးစားလိုက်တယ်..။ကျွန်းကြီးက နောက်ထပ်တစ်ကြိမ် ထပ်မံတုန်လှုပ်သွားခဲ့ပါတယ်..။နေမင်းသား ဟာ တစ်ဖက်ကို စောင်းလိုက်ပြီး ကျန်ရှိနေတဲ့ လက်နဲ့ ဒဏ်ရာကို အုပ်ထားခဲ့တယ်..။ယင်းနောက် နိုတစ်ကို ခံစားချက်မရှိတဲ့ အမူအရာနဲ့ လှမ်းကြည့်လိုက်ပါတယ်..။

သို့ပေမယ့် နေလုံးကို မျက်စိကျိန်းလောက်အောင် အလင်းပြန်နေတဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ အနက်ရောင် အရိပ်တွေ ဖုံးလွှမ်းသွားခဲ့တယ်..။

တစ်ခနလောက် တိတ်ဆိတ်မူသာ ကြီးစိုးသွားခဲ့ပါတယ်..။

ဆန်နီ အံကိုကြိတ်ထားပြီး..အသက်ကို ဖြည်းညှင်းစွာ ရူသွင်းလိုက်တယ်..။ယင်းနောက် လက်ကိုမြှောက်ကာ နှာဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပါတယ်..။

..နိုတစ်ကြောင့် အစောငပိုင်းမှာ ထိပ်လန့်ခဲ့ရတယ် ဆိုပေမယ့်..သူက ကိုယ့်ကိုကို တည်ငြိမ်ဖို့ တွန်းအားပေးပြီး စဉ်းစားနိုင်ခဲ့တယ်..။အဲ့နောက်မှာတော့..သူတို့ က အမှန်တကယ် အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတာ မဟုတ်ဘူး ဆိုတာကို နားလည်ခဲ့ပါတယ်..။ပြီးတော့ သူ့ရဲ့ သူငယ်ချင်းတွေကိုလည်း ဘာမှ မလုပ်ဖို့အတွက် တားဆီးခဲ့သေးတယ်..။

အင်မော်တယ် မှော်ဆရာက..လူလိမ်တစ်ယောက် ၊ လှည့်စားသူ တစ်ယောက် အပြင် တစ်ခြားအရာတွေလည်း ဖြစ်နိုင်ပါတယ်..။နိုတစ်က သူ့ကို အကြိမ်ကြိမ် လိမ်ညာနေခဲ့တယ် ဆိုတာကိုတော့ ဆန်နီ သံသယမရှိပါဘူး..။တစ်ခါတစ်လေ သူက အရေးကြီးတဲ့ ရည်ရွယ်ချက်နဲ့ လိမ်ညာပြီးတော့ ၊ တစ်ခါတစ်လေ ဆိုရင် အပျော်သဘောနဲ့ လိမ်ညာလေ့ ရှိတာပါ..။သို့ပေမယ့်..တစ်ခုရှိတာက နိုတစ်ဟာ အရူး မဟုတ်ပါဘူး..။

အင်မော်တယ် က သူ့ကို သစ္စာဖောက်ပြီး..သေတွင်းထဲကို တွန်းပို့မယ့် အခြေအနေအများကြီးကို ဆန်နီ စဉ်းစားကြည့်နိုင်ပေမယ့်..အကြောင်းပြချက်ကောင်း မရှိပဲနဲ့တော့ မဟုတ်ပေ..။ပြီးတော့..နေမင်းသားဆီမှာ သူတို့အဖွဲ့ကို ထိုးကျွေးလိုက်တဲ့ အတွက် သူ့အတွက် ဘာအကျိုးကျေးဇူး ရသွားမှာ မို့လို့လဲ..။အကောင်းဆုံး အနေနဲ့ သူ့အတွက် အချိန်အနည်းငယ် ရသွားရုံပါပဲ..။ထပ်ဆောင်းအနေနဲ့ တစ်ခြား ချိန်းအရှင်သခင်တွေဆီကို ဓားတွေ ဆုံးရှုံးသွားကြရမှာပါ..။

ဆန်နီ သံသယမဖြစ်မိတဲ့ တစ်ခုတည်းသော အရာကို ပြောပါဆိုရင်..အဲတာက မျှော်လင့်ချက်ကို လွှတ်ပေးချင်နေတဲ့ နိုတစ် ရဲ့ စိတ်ဆန္ဒပါ..။ဒီတော့..အင်မော်တယ်ရဲ့ ရုတ်တရက် သစ္စာဖောက်မူက နောက်ထပ် လှည့်စားမူတစ်ခုပဲ ဆိုတာကို သူ နားလည်လိုက်ပါတယ်..။

ဒီလှည့်စားမူက ဘာအတွက်လဲ ဆိုတာကို ခန့်မှန်းဖို့ကလည်း မခက်ခဲခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ်..နိုတစ် နဲ့ ချိန်းအရှင်သခင်တွေရဲ့ တမန်တော် တို့ တွေ့ဆုံမူက ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကို ဆန်နီ သိထားပြီးပါပြီ..။ပြီးတော့ ဒီကျွန်းက သံလက်ဝါးကျွန်း ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာကိုရောပါပဲ..။

နေမင်းသားက မှော်ဆရာရဲ ထောင်ခြောက်ထဲကို တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့တယ်..။ပြီးတော့ ဆန်နီ….ဆန်နီကတော့ ငါးစာ အဖြစ် အသုံးချခံလိုက်ရတာပါ..။

ဒီတော့ ရုပ်ထုကြီးရဲ့ လက်တစ်ဖက် ပြတ်သွားပြီး သွေးတွေ စီးကျနေတဲ့ မြင်ကွင်းကို သူ သိပ်ပြီး မအံ့ဩမိပေ..။ဒါမှမဟုတ် သူက မအံ့ဩသင့်ပါဘူး..။

အမှန်တော့ သူ့ရှေ့က မြင်ကွင်းက အတော်လေးကို ကြီးမား ပြီး ကြောက်မက်ဖွယ် ကောင်းတာကြောင့်..ဒီအရာရဲ့ သက်ရောက်မူကို မခံရပဲ နေဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ..။

ဒါတောင်မှ….

သူ နိုတစ် ဘက်ကို လှည့်လိုက်ပြီး ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက် အသံတစ်ချို့ ပြုလုပ်လိုက်ပြီး..

“…ခင်ဗျား ကျုပ်ကို သတိပေးသင့်တယ်နော်..သိတယ်မလား..”

မှော်ဆရာဟာ သူ့ကို ရိုးသားတဲ့ စိတ်ရှုတ်ထွေးမူတွေနဲ့ ကြည့်လိုက်တယ်..။ယင်းနောက် သူ ပြုံးကာ ပြောလာခဲ့ပါတယ်..။

“ဒါပေမဲ့…ဒါပေမဲ့ ငါက နောက်ဆုံး အခိုက်အတန့်မှ စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ..။ဒါဆို မင်းကို ကြိုပြီး ပြောပြထားတာက..ငါ့ကို လူလိမ်တစ်ယောက်ဖြစ်သွားစေမှာပေါ့..။ငါက ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုသေးတယ်လေ…မဟုတ်ဘူးလား..”

နိုတစ်က သူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး..ခံစားချက်မဲ့နေတဲ့ ရုပ်ထုကြီး ဘက်ကို လှည့်သွားခဲ့ပါတယ်..။

ဆန်နီသူ့ကို နက်မှောင်စွာ စိုက်ကြည့်နေတုန်းမှာပဲ..မှော်ဆရာရဲ့ မျက်နှာပေါ်က အပြုံးက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့ကာ အေးစက်ပြီး ကြောက်စရာ ကောင်းသွားခဲ့ပါတယ်..။သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေကနေ လရောင်တောက်ပလာခဲ့တယ်..။ပြီးတော့ အဲဒီမှာ ရှိနေတဲ့ လရောင်ထဲမှာတော့….

ရူးသွပ်မူ..။

နိုတစ်ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တဲ့ အချိန်မှာတော့ ရုတ်တရက် အရပ်ပိုရှည်သွားသလို ခံစားလိုက်ရတယ်..။သူ့ရဲ့ တည်ရှိမူကလည်း ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသလိုပါပဲ..။ဆန်နီ ကျောချမ်းသွားခဲ့ပြီး..ဆာလောင်နေတဲ့ သတ္တဝါရှေ့မှာ ရောက်နေတဲ့ သားကောင် တစ်ကောင်လို ခံစားလိုက်ရပါတယ်..။

လေထုက သွေးနံ့ဖုံးလွှမ်းသွားခဲ့ပြီး..နေမင်း ရဲ့ အလင်းရောင်ကလည်း အနည်းငယ် မှိန်သွားခဲ့တယ်..။တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာတော့..သူတို့က မရေမတွက်နိုင်တဲ့ သားရဲတွေရဲ့ ဟစ်ကြွေးသံတွေကို ကြားနေရသလိုတောင် ခံစားနေကြရပါတယ်..။

ဆန်နီ အနေနဲ့ နိုတစ်ကို အတိုင်းအတာ တစ်ခုအထိ ယုံကြည်ထားတယ် ဆိုပေမယ့်..သူက ရုတ်တရက် ကြောက်ရွံ့သလို ခံစားလိုက်ရတယ်..။

..ပြီးတော့..သူက အင်မော်တယ်ရဲ့ ဒေါသတကြီး အကြည့်တွေကိုတောင် ဂရုမစိုက်နိုင်ခဲ့ပါဘူး..။အဲဒီအစားသူက..သံမဏိ ရုပ်ထုကြီးကိုသာ ကြည့်နေမိခဲ့တယ်..။

မှော်ဆရာက..သူ့ရဲ့သွားတွေ ပေါ်လာတဲ့ အထိ ပြုံးလိုက်ပြီး စကားပြောလာခဲ့တယ်..။သူ့ရဲ့ ရှင်းလင်း ပြတ်သားတဲံ အသံက..ကျွန်းတစ်ကျွန်းလုံးမှာ သွေးမြစ်တစ်စင်းလို စီးမျှောသွားခဲ့ပါတယ်..။

“ဓားတွေ အပ်ရမယ်တဲ့လား..။အာ..ငါ တော့အဲလိုမထင်မိဘူး…မိတ်ဆွေဟောင်းကြီး..။တကယ်လို့ ငါ အဲလို လုပ်လိုက်ရင် မင်းနဲ့..မင်းရဲ့ ယုတ်မာတဲ့ အစ်ကိုကို ဘယ်လိုသတ်ရတော့မှာလဲ..”

သူ ရယ်မောလိုက်ပြီး နောက်ထပ်ခြေတစ်လှမ်းလှမ်းလိုက်ကာ လက်မြှောက်လိုက်တယ်..။သူ့ရဲ့ လမ်းကြောင်းမှာ လဲကျပြီး ပိတ်နေခဲ့တဲ့ ကျောက်တိုင်ကြီးက..ပေါက်ကွဲသွားပြီး စက္ကန့်ပိုင်းမှာတင် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပါတယ်..။

“..ပြီးတော့ အဲတာက ငါလုပ်ဖို့ ကြိုးစားနေတဲ့ အရာပဲ..။မင်း , ဆေးဗားရက် , ဆိုဗန်… ငါ မင်းတို့ အားလုံးကို သတ်ပြီး..အလိုဆန္ဒ နတ်ဆိုးကို ချုပ်နှောင်ထားတဲ့ ချိန်းကြိုး ကို ဖျက်ဆီးပစ်မှာ..။ပြီးရင်တော့..သူမကို လွတ်မြောက်စေမှာပေါ့..”

နိုတစ်က နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ရပ်တန့်လိုက်တယ်..။ပြီးတာနဲ့ နေမင်းသားကို ရက်စက်တဲ့ ပြတ်သားမူတွေနဲ့ စိုက်ကြည့်လိုက်ပါတယ်..။

“ဒီတော့..တကယ်လို့ မင်းက ဓားတွေကို လိုချင်တယ်ဆိုရင်..ငါ့ အလောင်းကနေ ယူသွားမှပဲ ရလိမ့်မယ်..။အိုး ခနလေး..မင်း အဲလိုလုပ်လို့ မရဘူးထင်တယ်.။ငါက အင်မော်တယ် လေ…”

သူက ခေါင်းကို မော့ကာ အားရပါးရ ရယ်မောလိုက်တယ်..။ဒီတစ်ကြိမ်မှာတော့ မှော်ဆရာရဲ့ ရယ်မောသံဟာ..လွတ်လပ်ပြီး..ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ ရယ်သံမျိုးမဟုတ်တော့ပဲ..ကျောချမ်းဖွယ် ရူးသွပ်မူတွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်..။

သံမဏိရုပ်ထုကြီးကတော့ အပေါ်ကနေ မလှုပ်မယှက်ကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်နှာကတော့ ခံစားချက်မဲ့နေပြီး ဘာအမူအရာမှ ပြသနေခြင်း မရှိပါဘူး..။ဒါက ရုပ်ထုကြီးတစ်ရုပ်နဲ့သာ တူနေခဲ့တာပါ..။သို့ပေမယ့် သူ့မျက်လုံးထဲမှာ ရှိနေတဲ့အရိပ်တွေကတော့ ပိုပိုပြီး နက်ရှိုင်းလာနေခဲ့တယ်..။

နိုတစ် ခေါင်းခါယမ်းလိုက်ပြီး အထင်သေးစွာ ပြောလိုက်ပါတယ်..။

“အိုး..ဒါပေါ့ မင်း ကြိုးစားကြည့်လို့ရတယ်နော်..။ပြန်သွား…ပြန်သွားပြီးတော့…နဂါးဆေးဗီးရက် ပါတဲ့ နေတပ်ဖွဲ့ ၊ ဆိုဗန်ပါတဲ့ အနီရောင်အဆောက်အဦးက စစ်သည်တော်တွေနဲ့ အတူပြန်လာခဲ့..။ငါ့ ကို ဘယ်မှာရှာရမလဲ ဆိုတာကို မင်းသိပါတယ်..။ငါ မင်းကို ကြိုဆိုဖို့အတွက်‌ စောင့်နေမယ်..”

သံမဏိရုပ်ထုကြီးဟာ သူ့ကို အတော်ကြာအောင် ကြည့်နေခဲ့တယ်..။သတ္တုရည်တွေကတော့..သူ့ရဲ့ လက်ချောင်းတွေ ကြားထဲကနေ စီးကျနေခဲ့ပါတယ်..။ဆန်နီ အသက်ကို အောင့်ထားခဲ့ပြီး..နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာကိုတောင် မသိတော့ပေ..။

..ယင်းနောက် နေမင်းသားဟာ တစ်ဖက်ကို လှည့်သွားခဲ့ပြီး ..အဝေးကို ပြန်ထွက်သွားခဲ့ပါတယ်..။သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှဦ..ကျွန်းတစ်ခုလုံးက တုန်လှုပ်နေခဲ့တယ်..။

သူ ကျွန်းရဲ့အစွန်းကို ရောက်တဲ့အချိန်မှာတော့..ကောင်းကင်ချိန်းကြိုးပေါ်ကို ခြေချလိုက်ပြီး..ဆက်လက်လျောက်သွားခဲ့တယ်..။သူက တစ်နည်းနည်းနဲ့ ဟန်ချက်ညီအောင် ထိန်းထားနိုင်ခဲ့ပါတယ်..။ကောင်းကင်ချွန်းကြိုးတွေကိုယ်တိုင်က ကြီးမားတယ်ဆိုပေမယ့်လည်း..ဧရာမ ရုပ်ထုကြီးတွေ ဒီကြိုးတွေကို သေးသွားအောင် ဖန်တီးထားနိုင်ခဲ့တာပါ..။

မကြာခင်မှာပဲ သူက အနီးအနားက ကျွန်းဆီကို ရောက်ရှိသွားပြီး..အပေါ်ကို တက်ကာ..မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်..။ကောင်းကင်ချိန်းကြိုးတွေရဲ့ အသံတွေနဲ့..မကြာခန လှုပ်ခတ်နေတဲ့ မြေပြင်ကသာ..သူ ဒီကိုရောက်သွားခဲ့တယ် ဆိုတာကို သတိပေးနေခဲ့ပါတယ်..။

..ကောင်းပြီလေ…ကြီးမားတဲ့ လက်ကြီးကတော့..သူတို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေခဲ့တယ်..။

ဆန်နီ ဒီလက်ကြီးကို အချိန်အတော်ကြာအောင် လေ့လာကြည့်နေပြီးကာမှ..နိုတစ်ဆီကို လျောက်သွားလိုက်ပြီး အသံနိမ့်ကာ မေးလိုက်တယ်..။

“ကွန်ပလိန်းတက်တာတော့ မဟုတ်ပါဘူး..ဒါပေမဲ့ ခင်ဗျားက ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ..။သူ့ကို အခုချိန်သတ်လိုက်ရင်် ပိုပြီး လွယ်ကူသွားမှာ မဟုတ်ဘူးလား..။ကျွန်တော်တို့က သူ့ကို ဒီလိုမျိုးတစ်ယောက်တည်း တွေ့ရဖို့ နောက်တစ်ကြိမ် အခွင့်အရေး ရနိုင်မှာ မဟုတ်တော့ဘူး..။ပြီးတော့..ခင်ဗျား သူ့လက်ကို အေးအေးဆေးဆေး ဖြတ်နိုင်ပုံကို ကြည့်ရရင်….”

နိုတစ် ချက်ချင်း မတုန့်ပြန်ခဲ့ပေ..။အဲဒီအစား..သူက ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာခဲ့ပြီး ဆန်နီကို အေးစက်စွာ ကြည့်လိုက်တယ်..။ယင်းနောက် ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ဖင်ထိုင်လျက် လဲကျသွားခဲ့ပါတယ်..။သူ့ရဲ့ ရင်ဘတ်က..အလျင်အမြန် နိမ့်ချည် မြင့်ချည် ဖြစ်နေခဲ့ပြီး..သူ့ရဲ့ အသက်ရူသံတွေကလည်း ကြမ်းတမ်းနေခဲ့တယ်..။

မှော်ဆရာရဲ့ ပုံစံကို ကြည့်ရတာက အချိန်မရွေး သွေးအန်တော့မယ့် လူတစ်ယောက်လိုပါပဲ..။

“…လွယ်လွယ်လေးလား..။မင်း ရူးနေတာလား..။ငါက နေ့ဘက်မှာ ဆိုရင် အားအနည်းဆုံးပဲ…မှတ်မိလား..။ပြီးတော့ အဲဒီတိုက်ခိုက်မူက…ဘုရားသခင်တို့..ငါ ဒီ မြင့်မြတ်နေရာကို လရောင်နဲ့ အားဖြည့်ဖို့ ရာစုနှစ်တစ်ချို့လောက် အချိန်ပေးခဲ့ရတာ..။ဒီနားဝန်းကျင်မှာ ဒါမျိုးနောက်ထပ်တစ်ခု ရှိနေသေးတယ်လို့ မင်းက ထင်နေတာလား..။သူ ငါ့ရဲ့လှည့်စားမူကို ယုံကြည်သွားတာကိုပဲ..ဒီတိုင်းလေး ပျော်နေလိုက်စမ်းပါ..။မဟုတ်ရင်..ငါတို့အတွက် အခြေအနေတွေက အတော်လေးကို ဆိုးဝါးသွားနိုင်တယ်..”

ဆန််နီ မှော်ဆရာကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ အချိန်အတော်ကြာ ကြည့်နေခဲ့တယ်..။ယင်းနောက် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ပါတယ်..။

“ရူးနေပြီ…သောက်ကျိုးနဲ မင်းက တကယ်ရူးနေပြီ..။လနတ်ဘုရားတို့…ငါ မပါတော့ဘူး…မင်းက အရူးတစ်ယောက်ပဲ..”

အပိုင်း ( ၇၀၈ ) ပြီး၏။

All Chapters