← Chapters

သားရဲ၏ သဘာဝ

Vol. 48 Ch. 709

သားရဲ၏ သဘာဝ

Vol. 48 Ch. 709

ခနအကြာမှာတော့ သူတို့က သဘော်ပျံပေါ်ကို ပြန်ရောက်လာခဲ့ကြတယ်..။အောက်ကို ငုံ့ကြည့်လိုက်တဲံ အချိန်မှာတော့..နိုတစ် နဲ့ နေမင်းသားတို့ရဲ့ တိုတောင်းလှတဲ့ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေကို တွေ့မြင်နေကြရပါတယ်..။ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို နားလည်သဘောပေါက်ထားတဲ့ သူ့ရဲ့ စိတ်က နောက်ဆုံးမှာတော့ အထိုင်ကျသွားခဲ့ပါပြီ..။သူတို့က အခုချိန်မှာ နောက်ပြန်လှည့်လို့ မရနိုင်တော့ပေ..။

..အင်မော်တယ်တွေရဲ့ စစ်ပွဲက နောက်ဆုံးမှာတော့ စတင်ခဲ့ပါပြီ..။

မကြာခင်..မျှော်လင့်ချက်ဘုရင့်နိုင်ငံတစ်ခုလုံးက သွေးသံတရဲရဲ တိုက်ပွဲကွင်းပြင်ထဲမှာ နစ်မြုပ်သွားပါတော့မယ်..။ပြီးတဲ့နောက်မှာတော့..ဒီရူးသွပ်မူတွေရဲ့ အကျိုးဆက်က လှိုင်းလုံးကြီးတွေလို ပျံ့နှံ့သွားပြီး ကမ္ဘာကြီးကို ထာဝရ ပြောင်းလဲသွားစေတော့မှာပါ..။

ဆနနီ နောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ အကူအညီမဲံစွာပဲ ကြက်သီးထသွားခဲ့တယ်…။ကျိုးပဲ့နေတဲ့ ကျောက်တိုင်တွေ ၊ ကြီးမားတဲ့ လက်ကြီးတစ်ဖက် ၊ လေပေါ်မှာလွင့်ပျံနေတဲ့ ပြာမှုန့်တွေ..ဒီနေရာ…ဒီဖြစ်ရပ်…ဒီ အချိန်ကာလ…

ဒီအရာက နောက်ထပ်ထိပ်လန့်ဖွယ်ရာ တိုက်ပွဲတစ်ခုကို မီးစပျိုးလိုက်တာများ ဖြစ်နေမလား..။နတ်ဘုရားတွေနဲ့ ဒဲလ်မွန်တွေ ကြားက စစ်ပွဲ.တစ်ခု..။သူတို့အားလုံးကို ဖျက်ဆီးပြီး စစ်ပွဲတွေအားလုံးကို ရပ်တန့်သွားစေနိုင်တဲ့ စစ်ပွဲတစ်ခု..။ဒီ အဆုံးသတ်စစ်ပွဲကြီး စတင်လာရတဲ့အကြောင်းအရင်းက..မျှော်လင့်ချက် နတ်ဆိုးကို လွှတ်ပေးလိုက်တာကြောင့် ဆိုတာကို ဆန်နီ သံဿယ ဖြစ်မိပါတယ်..။

ဆန်နီ အောက်ကို ကြည့်ပြီး တိတ်ဆိတ်စွာ တီးတိုးပြောလိုက်တယ်..။

‘ မျှော်လင့်ချက် ရောက်လာတာနဲ့…ဦးတည်ချက်တစ်ခုပါ ရောက်လာခဲ့တယ်..’

သူ ခေါင်းကို အနည်းငယ် လှည့်ပြီး နိုတစ်ကို ကြည့်လိုက်တယ်..။သူက ဒီအရာတွေအားလုံးကို စတင်တဲ့ လူတစ်ယောက်ပါ..။မှော်ဆရာကတော့..ဒီကမ္ဘာကြီးပေါ်မှာ စိတ်ပူစရာ တစ်ခုမှ မရှိတဲ့ အလား..တည်ငြိမ်နေခဲ့တယ်..။သူ့ရဲ့ လှပတဲ့ မျက်နှာက ပင်ပန်းနွမ်းနယ်မူကြောင့် ဖြူဖျော့နေခဲ့ပါတယ်..။သို့ပေမယ့် သူ့ရဲ့ တစ်ခြားသော အမူအရာတွေက ပြောင်းလဲခြင်း လုံးဝ မရှိခဲ့ပဲ..ကမ္ဘာကြီးရဲ့ ပျက်ဆီးမူကို ဖန်တီးထားသူ လို့တောင် မထင်ရပေ..။

သူ့လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲကို သူ တကယ်ပဲ မသိထားတာလား..။

…ဒါမှမဟုတ် သူက ဆန်နီ ထက်တောင်ပိုပြီး နားလည်သဘောပေါက်ထားတာလား..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..သံလက်ဝါးကျွန်းကို နောက်ဆုံးတစ်ကြိမ်ကြည့်ကာ..မြင့်မြတ်သော သစ်ပင်ရဲ့ အကိုင်းအခတ်တွေ အောက်ကို လျောက်သွားခဲ့တယ်..။သူက ဘာမှမလုပ်ခဲ့ရဘူး ဆိုပေမယ့် သူလည်း ပင်ပန်းနေသလို ခံစားရပါတယ်..။ပြီးတော့ သူ့မှာ စဉ်းစားစရာတွေကလည်း အများကြီးပါပဲ..။

….

အပြန်လမ်းမှာတော့ ဆန်နီက အနာဂတ်ကို ပြန်သတိရသွားခဲ့တယ်..။သူက သံလက်ဝါးကျွန်းကို အကြိမ်များစွာ ရောက်ခဲ့ဖူးပြီး..ကျိုးပဲ့နေတဲ့ ကျောက်တိုင်တွေ နဲ့ ကြီးမားတဲ့ လက်မောင်းကြီးအကြောင်းကို စူးစမ်းရှာဖွေမူ အသေးစိတ် အစီရင်ခံစာတောင် ရေးခဲ့ဖူးပါတယ်..။

အခုချိန်မှာတော့ ဒီကျွန်းကြီးက ဘာလို့ ဒီလိုဖြစ်လာရတာလဲ ဆိုတာကို သူက ကိုယ်တိုင် မြင်တွေ့လိုက်ရပါပြီ..။

အတိတ်ကာလက ဖြစ်ရပ်တစ်ခုက အိပ်မက်ဆိုးထဲမှာတော့ တစ်ထပ်တည်းနီးပါး နောက်တစ်ကြိမ် ဖြစ်ပျက်ခဲ့တာပါ..။ကံတရားက သူတို့ကို မလွတ်မြောက်နိုင်တဲ့ ရေစီးကြောင်းတစ်ခုထဲကို ယူဆောင်သွားနေတယ် ဆိုတဲ့ သီအိုရီကို ဆန်နီ ရှာတွေ့ထားခဲ့တယ်..။ဒါက ချားလစ်ဘုရားကျောင်း ပျက်ဆီး ပြီးသွားတဲ့နောက်မှာ သူ သတိထားမိခဲ့တာပါ..။အသေးစိတ်အချက်အလက်တွေကတော့ ပြောင်းလဲနိုင်လောက်ပေမယ့်..ရလာဒ်ကတော့ အမြဲတမ်း အတူတူပါပဲ..။

သံလက်ဝါးကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကတော့ ဒီသီအိုရီကို ပိုမိုပြီး ခိုင်မာစေပါတယ်..။

အမှန်တကယ်တော့…သူတို့အဖွဲ့ နဲ့ မော်ဒရက်တို့ ပေါ်လာခဲ့တာက..မျှော်လင့်ချက် ဘုရင့်နိုင်ငံရဲံ့ သမိုင်းကြောင်းကို အပြောင်းအလဲကြီး ကြီးကြီးမားမား ဖြစ်ပေါ်လာစေသင့်ပါတယ်..။သူတို့က စစ်ပွဲတစ်ခု ဖြစ်ပေါ်လာဖို့အတွက် အရှိန်ကို မြှင့်တင်ပေးခဲ့ပြီး ချိန်းအရှင်သခင်တွေထဲက တစ်ယောက်ကိုတောင် သတ်ပစ်ခဲ့ပါသေးတယ်..။သူတို့ကြောင့် သာ မဟုတ်ရင် နိုတစ်က ဝီဗာနဲ့ အပေးအယူလုပ်ဖို့အတွက် နှစ်ပေါင်းများစွာလောက် အချိန်ထပ်ကုန်နေဦးမှာပါ..။အဲဒီနောက်မှသာ သူက တစ်ခြား အင်မော်တယ်တွေကို ဆန့်ကျင်နိုင်ပါလိမ့်မယ်..။

အဲဒီနှစ်အနည်းငယ်ကတော့ အိပ်မက်ဆိုးမျိုးစေ့ ပွင့်လာမယ့်အချိန်ကို နောက်ပြန်ရေတွက်နေသလိုပါပဲ..။တကယ်လို့ အိပ်မက်ဆိုးကို စိန်ခေါ်ဖို့အတွက် နိုးထသူတွေ ရောက်မလာခဲ့ဘူး ဆိုရင်ရော..ဒီ မျိုးစေ့က ပွင့်လာနိုင်ပါ့မလား..။အဲတာက လောဂျစ်တစ်ခု ဖြစ်နေနိုင်လား..။သူတို့ရဲ့ အထဲမှာရှိနေတဲ့ ပဋိပက္ခတွေက ပြေလည်သွားပြီး ကံတရားက ဘယ်အရာမှ မပြောင်းလဲပဲ တစ်ထပ်တည်း လုပ်နိုင်တဲ့ အချိန်ကြမှ..မျိုးစေ့တွေက ပွင့်လာကြတာလား..။

အစကတော့..စိန်ခေါ်သူတွေရဲ့ တာဝန်က မဖြေရှင်းရသေးတဲ့ ပြသနာတွေကို ဖြေရှင်းပေးရမယ်လို့ ဆန်နီက ထင်ထားခဲ့တာပါ..။သို့ပေမယ့် ချိန်းကျွန်းစု နဲ့ မျှော်လင့်ချက် နိုင်ငံတော်အကြောင်းတွေကို သိလိုက်ရတဲ့အချိန်မှာ သူ မှားနေပြီ ဆိုတာကို သိလိုက်တယ်..။သူ့ရဲ့ အကူညီ ရှိရှိ မရှိရှိ နိုတစ်က စစ်ပွဲကို စတင်မှာ အသေအချာပါပဲ..။ဆင်စွယ်ရောင် တာဝါကလည်း ချိန်းကြိုးတွေကနေ ကျိန်းသေ လွတ်မြောက်သွားမှာပါ..။

ချားလစ် ဘုရားကျောင်းက ဖျက်ဆီးခံရမှာ ဖြစ်ပြီး..နေမင်းသားရဲ့ လက်တစ်ဖက်ကလည်း လနာရီ ကြောင့် ကျိန်းသေ ပြတ်တောက်ရမှာပါ..။

သေချာတွေးကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ ပထမဆုံး အိပ်မက်ဆိုးကလည်း..သူ့ရဲ့ ပါဝင်ပတ်သက်မူ မရှိပဲ တစ်နည်းနည်းနဲ့ ပြီးဆုံးသွားခဲ့တာပါပဲ..။အမှန်ဆိုရင် အမည်မသိတဲ့ ဘုရားကျောင်းကျွန်က သေဆုံးသင့်ပြီး..အူရို ရဲ့ နိုင်း က အသက်ရှင်သန်ခဲ့သင့်တာပါ..။ဟုတ်တယ်မလား..။ဘာပဲဖြစ်ဖြစ်.. အဲဒီမှာ အဆုံးသတ်တော့ ရှိရပါလိမ့်မယ်..။

‘ဒါက..ဒါက အဓိပ္ပာယ်မရှိဘူး…’

ဒီတော့ စိန်ခေါ်သူတွေရဲ့ တာဝန်က ဘာဖြစ်မလဲ..။တကယ်လို့ ပဋိပက္ခတွေက သူ့ အလိုလို ပြေလည်သွားမယ့် အရာတွေဆိုရင်..သူတို့က ဒီကို ဘာအတွက် ရောက်လာကြတာလဲ..။အခိုက်အတန့်က သူတို့ ဆီက ဘာကို လိုချင်တာလဲ..။သူတို့က အတိတ်က သူရဲကောင်းတွေနဲ့ တူညီတယ်ဆိုတာကို သက်သေပြရမှာလား..။သူတို့ထက် ပိုကောင်းအောင် စွမ်းဆောင်ပြရမှာလား..။ရိုးရှင်းးစွာပဲ ရှင်သန်ရမှာလား..။

အခိုက်အတန့်က တစ်စုံတစ်ယောက်က အိပ်မက်ဆိုးထဲမှာ ဘာလုပ်သလဲ..ပြသနာကို ဘယ်လိုဖြေရှင်သလဲ ဆိုတာကို ဂရုမစိုက်ပေ..။ဘာပဲဖြစ်ဖြစ် ဆုလာဒ်က အတူတူပဲ ဖြစ်ပြီး..စိန်ခေါ်သူတွေက တက်ရောက်မူ အဆင့်ကို တက်လှမ်းနိုင်ကြမှာပါ..။သူတို့က အစစ်အမှန်နာမည်တွေ ၊ ဂဏ္ဍစွမ်းရည်တိုးမြှင့်မူတွေကို ရရှိနိုင်ပေမယ့်လည်း ဒီအရာတွေက အိပ်မက်ဆိုးရဲ့ အပြင်ဘက်မှာလည်း ရရှိနိုင်ပါတယ်..။

အခိုက်အတန့် ဂရုစိုက်တဲ့ တစ်ခုတည်းသော အချက်က စိန်ခေါ်သူဟာ..အဆုံးအထိ ရှင်သန်ရစ်နေဖို့ပါပဲ..။

..သို့ပေမယ့် ဒါက လုံးဝတော့ မှန်ကန်နေတာ မဟုတ်ပေ..။အခိုက်အတန့်က အပိုဆု ထပ်မပေးသလို ..ရှင်သန်သူရဲ့ အဆင့်တက်မူကိုလည်း တားဆီးမှာ မဟုတ်ပါဘူး..။သို့ပေမယ့်..သူက နည်းနည်းတော့ ဂရုစိုက်ပါတယ်..။အနည်းဆုံးတော့ စိန်ခေါ်သူရဲ့ စွမ်းဆောင်ရည်က ချီးကျူးဖို့ ထိုက်တန်လား မထိုက်တန်ဘူးလား ဆိုတာကိုပါ..။

ကောင်းသည် ၊ ထူးကဲသည် ၊ မှတ်သားဖွယ်ကောင်းသည် ၊ ခမ်းနားသည်…စသဖြင့်..

ဒီအရာတွေထဲမှာ သူ လိုချင်တဲ့ အရာတစ်ခုခု အတွက် သဲလွန်စ ရှိနေတာများလား…

တကယ်လို့ ဒီလိုသာဆိုရင်..ဆန်နီက ပထမဆုံး စမ်းသပ်မူမှာ အခိုက်အတန့် စိတ်ကျေနပ်လောက်အောင် စွမ်းဆောင်ပြထားနိုင်ခဲ့တာပါ..။

မြင်မြတ်သော သစ်ပင်ရဲ့ အောက်မှာထိုင်နေရင်း..သူက သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့ အဝေးကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။

‘သူက ဒီတစ်ကြိမ်မှာလည်း ငါတို့ကို စိတ်ကျေနပ်မယ်လို့ မျှော်လင့်ရတာပဲ..။ငါတို့ အသက်ရှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်..’

….

မကြာခင်မှာပဲ…သဘော်ပျံက မြင့်မြတ်နယ်မြေကို ပြန်ရောက်လာခဲ့ပြီး..ခါတိုင်းလိုပဲ ယဇ်ပလ္လင်ကျွန်းရဲ့ အပေါ်မှာ ဆင်းသက်လိုက်တယ်..။သူတို့ မြေကြီးပေါ်ကို ရောက်တဲ့ အချိန်မှာတော့..ရာနဲ့ချီတဲ့မျက်နှာတွေက..ကြောက်ရွံ့မူတွေ ၊ မသေချာမူတွေနဲ့ သူတို့ကို ကြည့်နေခဲ့တာကို ဆန်နီ တွေ့လိုက်ရပါတယ်..။

မြင့်မြတ်နယ်မြေမှာ နေခဲ့တဲ့ လူတွေက…နိုတစ် နဲ့ နေမင်းသား တို့ရဲ့ တိုက်ပွဲကို မမြင်တွေ့ခဲ့ကြရပါဘူး..။သို့ပမယ့် တစ်ခုခု မှားယွင်းနေပြီ ဆိုတာကိုတော့ သူတို့ သိထားကြပါသေးတယ်..။အခုချိန်မှာတော့..ကျွန်းက တုန်လှုပ်မူ ရပ်တန့်သွားပြီ ဆိုပေမယ့် သူတို့ရဲ့ နှလုံးသားတွေကတော့..မတည်ငြိမ်နိုင်သေးပေ..။

မှော်ဆရာကတော့ ဒီလူတွေကို ဂရုမစိုက်ပဲ မြက်ခင်းပြင်ပေါ်ကို ပင်ပန်းနွမ်းနယ်စွာ ဆင်းသက်လိုက်တယ်..။ယင်းနောက် ဆန်နီ ဘက်ကိုလှည့်ပြီး အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပါတယ်..။

“ငါ ရက်အနည်းငယ်လောက် အနားယူဦးမယ်..။နေတပ်သားတွေ အများစု နဲ့ အနီရောင် အဆောက်အဦးရဲ့ စစ်တပ်တွေ က..ဆိုဗန်ရဲ့ နယ်နိမိတ် နဲ့ ဆင်စွယ်ရောင် မြို့တော်ရဲ့ နယ်စပ်မှာ တပ်စွဲထားကြတာလေ..။သူတို့တွေ အတူတကွ ပေါင်းစည်းပြီး..အရှေ့ဘက်ကို ချီတက်ဖို့ဆို အနည်းဆုံးတော့ နှစ်ပတ်လောက် ကြာမှာပဲ..။ဒီတော့ ငါတို့က သူတို့ ရဲ့ တပ်ဖွဲ့မူ ပုံစံကို ဖျက်သိမ်းဖို့ အချိန်လုံလောက်အောင် ပေးထားပြီး..နောက်ထပ် အသစ်တစ်ခု မတည်ဆောက်နိုင်ခင်မှာ တိုက်ခိုက်ကြမယ်..။ငါတို့ နောက်ထပ် ခုနစ်ရက် အကြာမှာ သူတို့ကို တိုက်ခိုက်မယ်..”

သူ တစ်ခနလောက်တွေဝေ နေပြီးကာမှ ရုတ်တရက် ပြုံးလိုက်ပြီး..

“စစ်ဘီလူးတွေ နဲံ နေတပ်သားတွေက..သူတို့ရဲ့ အမုန်းတရားတွေကို မေ့ပျောက်ထားကြပြီး..ဘေးချင်းယှဉ် တိုက်ခိုက်ကြတော့မှာပေါ့..။ဒီလိုမျိုးကို ငါက လွဲပြီး တစ်ခြားလူတွေ ဘယ်သူကမှ မလုပ်နိုင်တာတော့ အမှန်ပဲ..။ငါက မျှော်လင့်ချက် ဘုရင့်နိုင်ငံတစ်ခုလုံးမှာ အစွမ်းထက်ဆုံး ငြိမ်းချမ်းရေး သံတမန်တစ်ယောက် မဟုတ်ဘူးလား..”

ဒီလိုပြောပြီးတာနဲ့ နိုတစ်ဟာ အားပါးတရ ရယ်မောကာ လမ်းလျောက်ထွက်သွားခဲ့ပါတယ်..။

ဆန်နီ သူ့နောက်ကျောကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ သက်ပြင်းချကာ တီးတိုး ပြောလိုက်တယ်..။

“မင်းက ကျိန်းသေ အဲလိုမျိုး မဟုတ်ဘူး..။ဒါပေမဲ့..အဲလိုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..”

အပိုင်း ( ၇၀၉ ) ပြီး၏။

All Chapters