← Chapters

ထွက်ခွာခြင်း

Vol. 48 Ch. 710

ထွက်ခွာခြင်း

Vol. 48 Ch. 710

နောက်တစ်ရက် မနက်မှာတော့..ဆန်နီဟာ ထူးဆန်းတဲ့ ခံစားချက်နဲ့အတူပဲ..နိုးထလာခဲ့တယ်..။သူတို့ရဲ့ အိပ်မက်ဆိုးက အဆုံးသတ်ဖို့နီးလာပြီဆိုတာကို သိနေခဲ့တာကြောင့်..သူ့ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မူတွေနဲ့ လွှမ်းမိုးနေလိမ့်မယ်လို့ ထင်ထားခဲတာပဲ..။သို့ပေမယ့် အံ့ဩစရာ ကောင်းလောက်အောင်ပဲ..ဆန်နီက အဆင်ပြေနေခဲ့တယ်..။မကြာခင်ရောက်ရှိလာတော့မယ့် တိုက်ပွဲက ခန့်မှန်းကြည့်ဖို့အတွက်တောင် အရမ်း ကြီးမားလွန်းနေတာကြောင့်..သူ့ရဲ့ စိတ်တွေက လျစ်လျူရူထားခဲ့တဲ့ ပုံပါပဲ..။

အဲဒီအစား..သူမှာ ဖြေရှင်းရမယ့် ပြသနာတွေ ရှိနေခဲ့ပါသေးတယ်..။ဆန်နီက သူ့ရဲ့ ခန္တာကိုယ်အသစ်နဲ့ လုံးဝကို သက်သောင့်သက်သာ ရှိမနေခဲ့ပေ..။ဘာပဲဖြစ်ဖြစ် သူက ဒီခန္တာကိုယ်ရဲ့ အလေးချိန် နဲ့ အရွယ်အစားကို ထိန်းညှိဖို့အတွက် အချိန်သိပ်မရခဲ့ပါဘူး..။နောက်လာမယ့် ရက်သတ္တပတ်ကတော့…အတော်လေးကို အရေးကြီးပါလိမ့်မယ်..။

သူ့ရဲ့ အရင်ဝတ်ထားတဲ့ ဝတ်စုံက..သူ ဆင့်ကဲပြောင်းလဲတဲ့ အချိန်မှာ..စုတ်ပြဲသွားခဲ့တာကြောင့်..ဆန်နီက ရုပ်သေးဆရာရဲ့ ဝတ်လုံတော်ကို ထုတ်ယူကာ ဝတ်လိုက်တယ်..။ဒီအရာက သူ့ရဲ့ တစ်ခြား အကာအကွယ်အက်ျီတွေလောက်တော့ အားမကောင်းပေမယ့်..ဝတ်ဆင်ရတာ အတော်လေးကို သက်သောင့်သက်သာ ရှိစေပါတယ်..။ဒီ ဝတ်စုံကို ပြန်ဝတ်ဆင်ရတာက ပျော်ရွှင်စရာကောင်းတယ် ဆိုပေမယ့်..လေ့ကျင့်ရေးဝတ်စုံ အဖြစ် အသုံးပြုရမှာကိုတော့ အနည်းငယ် စိတ်မကောင်းဖြစ်မိပါတယ်..။

သူ့ရဲ့ နိုးထမူအဆင့် ၅ အကာအကွယ် အက်ျီရဲ့ ကျေးဇူးကြောင့် လွန်ခဲ့တဲ့ နှစ်တွေမှာ မရေမတွက်နိုင်တဲ့ အသွင်ပြောင်းအဆင့် သားရဲတွေကို သတ်နိုင်ခဲ့တာကို တွေးမိပြီး သူ ပြုံးလိုက်တယ်..။ပြီးတာနဲ့ အခန်းထဲကနေ ထွက်လာခဲ့လိုက်ပါတယ်..။

မြင့်မြတ်နယ်မြေကတော့ တစ်နည်းနည်းနဲ့ မတူညီတော့ပါဘူး..။

ကြီးမားတဲ့ ကျောက်တိုင်ကြီးတွေက ပုံမှန်အတိုင်း ရှိနေခဲ့သေးသလို…လှပတဲ့ ဉယျာဉ်လေးလည်း အတူတူပါပဲ..။သို့ပေမယ့် ဒီနေရာမှာ နေထိုင်နေကြတဲ့ လူတွေကတော့ ပြောင်းလဲသွားခဲ့ကြပါပြီ..။သူတို့က ကြောက်ရွံ့ရွံမူတွေနဲ့ အလျင်စလိုဖြစ်နေခဲ့ကြတယ်..။ဒီလူတွေက ဆုံးဖြတ်ချက်ပြတ်သားမူတွေနဲ့ အတူပဲ ထိပ်လန့်ဖွယ်အရှိန်နဲ့..ရွေ့ပြောင်းနေခဲ့ကြတာပါ..။

ဆန်နီဟာ ရင်းနှီးတဲ့ မျက်နှာတစ်ချို့ကို တွေ့လိုက်ရတယ်..။သူ ဒီကိုတစ်ယောက်တည်းရောက်လာတဲ့ အချိန်တုန်းက ရှိနေတဲ့ အသက်ကြီးကြီး အမျိုးသမီးက အခုဆိုရင် ဘာလုပ်ရမလဲဆိုတာကို လမ်းပျောက်နေခဲ့သလိုပါပဲ..။မိန်းမငယ်လေးတစ်ဦးကလည်း ကြောက်လန့်နေတဲ့ ကလေးငယ်ကို ချီထားပြီး ကျောပြင်ပေါ်မှာလည်း အထုတ်အပိုးတွေကို သယ်ထားခဲ့တယ်..။မုတ်ဆိတ်တွေကို သပ်သပ်ရပ်ရပ် ညှပ်ထားတဲ့ ကြင်နာတတ်တဲ့ လူကတော့..အံကိုကြိတ်ထားခဲ့ပြီး..သူ့ရဲ့လက်တွေကို ဓားရဲ့လက်ကိုင်ပေါ် တင်ထားခဲ့ပါတယ်..။

သူ သက်ပြင်းချပြီး အဝေးကို ကြည့်လိုက်တယ်..။

အထွတ်အထိပ်အဆင့် အင်မော်တယ်က..နတ်ဘုရားရဲ့ ချုပ်နှောင်ထားမူကို ခံနေရတဲ့ ဒဲလ်မွန်တစ်ကောင်ကို လွှတ်ပေးဖို့အတွက် စစ်ပွဲကို စတင်လိုက်ပါပြီ..။သို့ပေမယ့် ဒီဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကိုတော့ ဒီ သာမန်လူတွေကပဲ…အများဆုံး ခံစားကြရမှာပါ..။အမှန်တော့..မျှော်လင့်ချက်ဘုရင့်နိုင်ငံက မျှော်လင့်ချက်ရဲ့ ရူးသွပ်မူ ကျိန်စာကို ခံစားလာခဲ့ရတဲ့ အချိန်ကနေစပြီး..အခုချိန်အထိ..ဒီလူတွေကသာ အခံစားကြရဆုံးပါပဲ..။

သူကိုယ်တိုင်လည်း တစ်ခါတစ်လေ သာမန်လူတွေထဲမှာ ပါဝင်ခဲ့ပါတယ်..။

အခုတော့..သူက ဒီလူတွေရဲ့ ဘဝကို ဖျက်ဆီးနေတဲ့ မကောင်းဆိုးဝါးတစ်ကောင် လို ဖြစ်နေခဲ့ပါပြီ..။

ဆန်နီ အချိန်ခနကြာအောင် ငြိမ်သက်နေပြီးကာမှ သူ့အနားကို လမ်းလျောက်လာနေတဲ့ ခြေသံရှိရာဘက်ကို လှည့်ကြည့်လိုက်တယ်..။သူက အယ်ဖီ နဲ့ ကိုင်တို့ အကာအကွယ်အက်ျီအပြည့်အစုံနဲံအတူ အထုပ်အပိုးတွေ သယ်ဆောင်ထားကြတာကို တွေ့လိုက်ရတဘ်..။သူတို့က ခရီးရှည်အမဲလိုက် ထွက်ဖို့အတွက် အဆင်သင့်ဖြစ်နေကြတဲ့ ပုံပါပဲ..။

သူ မျက်ခုံးပင့်တင်လိုက်ပြီး..

“တစ်နေရာရာ သွားမလို့လား..”

ကလေးမလေးက…မျက်နှာဖုံးတတ်ထားတဲ့ မသန်စွမ်းကို တစ်ချက်ကြည့်လိုက်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။အဲ့အချိန်မှာတော့ ကိုင်က ပြုံးလာခဲ့ပါတယ်..။ဆန်နီ အနေနဲ့ သူ့မျက်နှာကို မမြင်ရဘူး ဆိုပေမယ့်..ကိုင်ရဲ့ မျက်လုံးတွေကနေတဆင့် သူ ပြုံးနေတယ်ဆိုတာကို ပြောနိုင်ပါတယ်..။

ဒီအပြုံးက ဝမ်းနည်းမူတွေ ပါဝင်နေတယ်ဆိုတာကိုပါ သူ ပြောနိုင်ပါသေးတယ်..။

လေးသည်တော်ဟာ ရိုးရှင်းစွာ ခေါင်းညိမ့်လိုက်ပြီး..

“ဟုတ်တယ် ငါတို့ သွားကြတော့မှာ..”

သူ ခနလောက် တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။

“ဒါပေါ့ သိပ်တော့ မကြာပါဘူး..။ငါတို့က ဒီ တစ်ပတ်ပြီးရင်တော့ ပြန်ရောက်လာမှာပါ..။မင်းသိတဲ့အတိုင်းပဲ..ဒီရူးသွပ်နေတဲ့ ကုန်မြေပေါ်မှာတော့ မြင့်မြတ်နယ်မြေက..ငြိမ်းချမ်းတဲ့ နေရာတစ်ခု ဖြစ်ခဲ့တာလေ..။အခု နိုတစ်က နေတပ်သားတွေ ၊ စစ်ဘီလူးတွေနဲ့ စစ်ပွဲစတင်လိုက်ပြီ ဆိုတော့..သူတို့က ဒီနေရာအထိ ချီတက်လာကြလိမ့်မယ်..။ဒီအကာအကွယ်က ထပ်ပြီး ရှိနေတော့မှာ မဟုတ်ဘူး..”

အယ်ဖီခေါင်းခါယမ်းကာ သက်ပြင်းချလိုက်တယ်..။

“အနောက်အရပ်က..စစ်ပွဲ နဲ့ နေတပ်သား တွေရဲ့ လက်ထဲမှာ ၊ တောင်ဘက် အရပ်က စွန့်ပစ်ထားပြီး..အိပ်မက်ဆိုးသားရဲတွေက နေရာယူထားကြတယ်..။မြောက်ဘက်ကတော့..ကောင်းပြီလေ..နင်သိတဲ့အတိုင်းပဲ…။ဒီသနားစရာ လူတွေက ဘယ်ကိုမှ သွားစရာနေရာ မရှိကြဘူး..။ဒီတော့..ငါတို့က သူတို့ကို ချွန်းကျွန်းစုတွေထဲက အကောင်းဆုံးတစ်ခုကို လမ်းညွှန်ပေးပြီး ဟိုဘက်ကို ကူးဖို့အတွက် ကူညီပေးမှာ..။ပြီးရင်တော့..မျှော်လင့်ချက် ဘုရင့်နိုင်ငံကို ထာဝရ ထားရစ်ခဲံလို့ရပြီပေါ့..”

သူမ ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် အတွေးနက်စွာ ပြောလာခဲ့တယ်..။

“…အမှန်တကယ်တော့ အိပ်မက်ဆိုးက အဲလောက် အကွာအဝေးအထိ ရောက်လာလိမ့်မယ်လို့ ငါတို့ မထင်ခဲ့ဘူး..။ချိန်းကျွန်းစုတွေရဲ့ အပြင်ဘက်မှာ ဘာမှရှိမနေတာလည်း ဖြစ်နိုင်တယ်လေ..။ပြီးတော့ ဟုတ်တယ် ..ဒီလူတွေက အစစ်အမှန်တွေ မဟုတ်ဘူးဆိုတာကိုလည်း ငါတို့ သိထားကြသေးတယ်..။ဒါတောင်မှ ငါတို့က အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်လို့ ထင်နေတုန်းပဲ..။ကတ်စီတောင်မှ ဒီလူတွေကို နေရာရွေ့ပြောင်းပေးဖို့ အတွက် နိုတစ်ရဲ့ သဘော်ကို ငှားရမ်းချင်နေခဲ့တယ်လေ…”

ဆန်နီ သူမကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။ကလေးမလေးက ခေါင်းကို မော့လိုက်ပြီး..

“ဘာလဲ…။ဒါက ရူးသွပ်ရာ ကျတယ်ဆိုတာ ငါသိတယ်..။လူတွေက တစ်ခါတစ်လေမှာ ရူးသွပ်တဲ့အရာတွေကို လုပ်ဖို့ လိုအပ်တယ်လေ…သိတယ်မလား..”

သူ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး..။အမှန်တော့ ငါက ဒါကို လုံးဝ ရူးသွပ်တယ်လို့ မထင်မိဘူး..။ဒါက ဒီတိုင်း…မင်းတို့ သုံးယောက်ထဲသွားမှာကြောင့်ပဲ…။ဒီတော့..ဘာလို့ ငါ့ကိုပါ ခေါ်မသွားတာလဲ…”

အယ်ဖီ ပြုံးလိုက်ပြီး..

“နင့်မှာလုပ်စရာတွေ ရှိနေသေးတယ်..။ဒုက္ခသည်တွေကိုသာ လိုက်ပြီး စောင့်ရှောက်နေမယ်ဆိုရင် နင့်ရဲ့ ဒီခန္တာကိုယ် အမြင့်ကြီးနဲ့ အသားကျအောင် ဘယ်လိုလုပ်နိုင်တော့မှာလဲ..။ဒီတော့..အပျင်းမကြီးပဲနဲ့ ငါတို့သွားတဲ့အချိန်မှာ နင့်ရဲ့ ချစ်သူ ကျောက်တုံးမိန်းကလေးကိုသာ အသေရိုက်နှက်ခိုင်းထား..။ငါတို့က တစ်ပတ်ကြာပြီးတာနဲ့..ရန်သူနှစ်ဖွဲ့နဲ့ တွေ့ဖို့ ချိန်းထားပြီးနေပြီ…သိတယ်မလား..”

ဆန်နီ မကြည်လင်တဲ့ အမူအရာနဲ့ အဝေးကိုကြည့်လိုက်တယ်..။

“ငါမှတ်မိပါတယ်…ငါ့ကို ယုံကြည်လိုက်..။ငါ တကယ်ကို ကြိုးစားပြီး လေ့ကျင့်မှာ..”

ကိုင်က သူ့ရဲ့ ပုခုံးကို တစ်ခနလောက် ညှစ်လိုက်တယ်..။ကောင်းပြီလေ..သူ့လက်တွေနဲ့ လှမ်းမှီနိုင်တဲ့ နေရာအထိ ရောက်အောင်သာ သူက ကိုင်ထားခဲ့တာပါ..။ယင်းနောက် သူတို့နှစ်ယောက်က ဘာမှ ထပ်မပြောတော့ပဲ ထွက်သွားခဲ့ကြတယ်..။သူတို့က နှုတ်ဆက်စကားပြောဖို့ မလိုအပ်ကြပါဘူး..။

သူတို့ထွက်သွားတဲ့အချိန်မှာတော့ ဆန်နီဟာ ရုတ်တရက် တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်..။

သူ ခေါင်းခါယမ်းလိုက်ပြီး အတွေးတွေကို မောင်းထုတ်ကာ..ဉယျာဉ်ရဲ့ အလယ်ကို လျောက်သွားလိုက်တယ်..။သူက နေ့တစ်ဝက်လုံးကို ရက်စက်သော မြင်ကွင်းနဲ့ လေ့ကျင့်ဖို့အတွက် ရည်ရွယ်ထားခဲ့တာပါ..။အခုချိန်ဆိုရင် သူတော်စင်ကလည်း အပြင်ကို ပြန်ထွက်လာနိုင်လောက်အောင် ဒဏ်ရာတွေကနေ ကောင်းမွန်လာခဲ့ပြီဖြစ်တာကြောင့် သူ့မှာ လုပ်စရာတွေ အများကြီးရှိနေခဲ့ပါတယ်..။

ဆန်နီ ဟာ..ရေကန်အနားဝန်းကျင်မှာ သီးသန့်နေရာတစ်ခုကို ရှာဖွေလိုက်ပြီးတာနဲ့ …ခြေရွေ့ကွက် အနည်းငယ် ပါဝင်တဲ့ လေ့ကျင့်ခန်းတစ်ချို့ကို လုပ်လိုက်တယ်..။ဒါကတော့..အရိပ်ကခုန်မူကို အသုံးပြုဖို့အတွက် သူ့ရဲ့ ခန္တာကိုယ်အခြေအနေကို တိုးတက်လာစေဖို့ပါ..။အဲ့အချိန်မှာတော့..အရိပ်မှပေါက်ဖွားသူဟာ..အတော်လေးကို ကွဲပြားတဲ့သားရဲတစ်ကောင် နဲ့ တူနေခဲ့တယ်..။ဒါက နတ်ဆိုးတစ်ကောင်လိုပါပဲ..။

အရွယ်အစားက ကြီးမားတယ်ဆိုပေမယ့်လည်း..နတ်ဆိုးက မယုံနိုင်လောက်အောင်ကို လျှင်မြန်ပြီး သွက်လက်နေခေဲ့တယ်..။ဒီသတ္တဝါက လူများစွာကို အံ့ဩသင့်သွားစေနိုင်လောက်တဲ့ မယုံနိုင်စရာ ခွန်အားကိုလည်း ပိုင်ဆိုင်ထားခဲ့ပါသေးတယ်..။ထပ်ပြောရရင် သူကိုယ်တိုင်က လက်နက်တစ်လက် လိုပါပဲ..။သူ့ရဲ့ လက်သည်းတွေ ၊ အစွယ်တွေ ၊ ဦးချိုတွေ နဲ့ဆိုရင်..ဆန်နီအနေနဲ့ လက်နက်တစ်ချောင်းကို မကိုင်ဆောင်ထားဘူး ဆိုရင်တောင် များပြားလှတဲ့ ထိခိုက်ပျက်ဆီးမူ တွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်..။

သူ့အမြီးရဲ့ ထိပ်ဖျားဆူးချွန်နဲ့တင် သူက တစ်ချို့အရာတွေကို သတ်လို့ ရနေလောက်ပါပြီ..။

အစပိုင်းလေ့ကျင့်မူတွေ အပြီးမှာတော့..သူက သူတော်စင်ကို ထုတ်ဖော်ပြီး..စစ်မှန်တဲ့လေ့ကျင့်မူတွေကို စတင်ပါ့တော့တယ်..။

သူတို့ လက်ရည်ဖလှယ်နေတဲ့ အချိန်မှာတော့…ဆန်နီဟာ မြင့်မြတ်နယ်မြေမှာ နေထိုင်နေကြတဲ့ လူတွေ ထွက်ခွာနေကြတာကို မြင်တွေ့နေခဲ့ရတယ်..။သူတို့တွေကိုတော့ ကိုင်က ရှေ့ဆုံးကနေ ဦးဆောင်ထားပြီး..အယ်ဖီက နောက်ကနေ လိုက်ပါကြည့်ပေးနေခဲ့ပါတယ်..။တစ်ချို့တွေကတော့ သူတို့ရဲ့ ပါဝင်ပစ္စည်းတွေကို သယ်ထားခဲ့ကြပြီး တစ်ချို့တွေကတော့ ဘာမှ မသယ်ဆောင်ထားကြပေ..။တစ်ချို့တွေက ငိုကြွေးနေကြပြီး တစ်ချို့တွေကတော့ တိတ်ဆိတ်နေခဲ့ကြပါတယ်..။

တစ်ချို့တွေကတော့ ပြုံးတောင် ပြုံးနေခဲ့ကြသေးတယ်..။

သူတို့ရဲ့ အထက်မှာတော့ သဘော်ပျံတစ်စင်းရှိနေခဲ့ပြီး..လမ်းမလျောက်နိုင်တဲ့ လူတွေကို သယ်ဆောင်ထားခဲ့တယ်..။ဆန်နီ လှမ်းမမြင်ရပေမယ့် ဒီသဘော်ကို ကတ်စီက ထိန်းချုပ်ထားတယ် ဆိုတာကို ပြောနိင်ပါတယ်..။သူမက သဘော်သား ရုပ်ထုတွေနဲ့ ဘယ်လိုများ ပြောဆိုဆက်ဆံနေလဲ ဆိုတာကို သူ တစ်ခနလောက် သိချင်သွားခဲ့တယ်..။သို့ပေမယ့် ဒီလို တစ်ခနလောက် အာရုံထွေဖြားနေစဉ်မှာပဲ..သူတော်စင်ရဲ့ ပြင်းထန်အားပါတဲ့ လက်သီးချက်က သူ့ရဲ့ ဗိုက်ကို ထိတွေ့သွားခဲ့ပါတယ်..။ဒါကြောင့် ..ဆန်နီဟာ..သူ့ကိုယ်သူ ပြန်ပြီး ဂရုစိုက်ထားလိုက်ရတယ်..။

တိုက်ခိုက်ရေး လေ့ကျင့်မူမှာ အာရုံအပြည့်စိုက်ထားရင်းပဲ ..သူ တွေးလိုက်ပါတယ်..။

‘သူတို့ အဆင်ပြေကြဖို့ မျှော်လင့်ပါတယ်..။တကယ်လို့ သူတို့က အစစ်အမှန်တွေ မဟုတ်ကြဘူး ဆိုရင်တောင် သူတို့ အဆင်ပြေကြဖို့ မျှော်လင့်ပါတယ်..’

ပြင်းထန်တဲ့ လေ့ကျင့်ရေးနဲ့ အတူပဲ နာရီတွေ ကုန်လွန်သွားခဲ့တယ်..။ဖြည်းဖြည်းချင်းပဲ ဆိုပေမယ့် သူ့ရဲ့ အားကောင်းတဲ့ ခန္တာကိုယ် အချိုးအစားတွေနဲ့ ကျင့်သားရလာခဲ့ပြီ ဆိုတာတော့ သေချာပါတယ်..။သူ့ရဲ့ အမြင့် ၊ အကာအဝေး ၊ ခွန်အား..တွေအားလုံးက.. ယုံကြည်မူပြန်ရနိုင်လောက်တဲ့ အထိ တစ်သားတည်း ဖြစ်လာသလို ခံစားနေခဲ့ရတယ်..။

အခုချိန်မှာ သေလောက်အောင် ပင်ပန်းနေခဲ့ပြီ ဖြစ်တာကြောင့်..ဆန်နီ ခနလောက် အနားယူဖို့ ဆုံးဖြတ်လိုက်တယ်..။သူက…သူတော်စင်ကို ဘေးနားမှာ ရပ်နေဖို့ အမိန့်ပေးလိုက်ပြီး..ရေကန်နားကို လျောက်သွားလိုက်ကာ..ရေအနည်းငယ်နဲ့ မျက်နှာပေါ်က ချွေးတွေကို ဆေးကြောလိုက်တယ်..။ယင်းနောက် ခေါင်းပေါ်ကို ရေအနည်းငယ် လောင်းချလိုက်ပြီး သက်ပြင်းချကာ..ကြည်လင်နေတဲ့ ရေမျက်နှာပြင်ကို ကြည့်လိုက်ပါတယ်..။

သူတော်စင်ရဲ့ ထည်ဝါလှပတဲ့ ပုံရိပ်က ရေထဲမှာ ပေါ်နေခဲ့တယ်..။အဲဒီဘေးနားမှာတော့ သူ့ရဲ့ ပုံရိပ်ရှိနေခဲ့ပါတယ်..။မီးတောင်ကျောက်လို အသားအရည် ၊ တိရိစ္ဆာန်တစ်ကောင်လို ခန္တာကိုယ် ၊ အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ မျက်လုံးတွေ .၊ ကွေးကောက်နေတဲ့ ဦးချိုတွေ..။သူက တစ်နေ့မှာ ပန်းပွင့်လို လှပတဲ့ ကောင်လေးတစ်ယောက်ဖြစ်လာမယ်လို့ မာစတာ ဂျက်က နောက်ပြောင်ခဲ့ဖူးပါတယ်..။ဒီအရာကို ပြန်တွေးမိလိုက်တာကြောင့် ဆန်နီ ပြုံးမိလိုက်တယ်..။

‘ငါ့ရဲ့ ဒီပုံစံကို သာ မြင်ရင် သူ ဘာပြောမလဲဆိုတာ ငါ တကယ်သိချင်မိတယ်..’

ယင်းနောက် သူ အေးခဲသွားခဲ့တယ်..။

သူ့ရဲ့ ချွေးတွေက အေးစက်သွားခဲ့ပါတယ်..။

ရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ တတိယမြောက် ပုံရိပ်က ထွက်ပေါ်လာခဲ့တာပါ..။

ဒါက အရပ်ရှည်ပြီး ပိန်လှီတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး..ဖြူဖျော့တဲ့ အသားအရည်နဲ့ အနက်ရောင် ဆံပင်တွေ ရှိနေခဲ့တယ်..။သူ့ရဲ့ မျက်နှာက ခန့်ညားတာမျိုး မဟုတ်ပေမယ့် တစ်ချိန်တည်းမှာပဲ..စွဲဆောင်မူရှိပြီး ထူးဆန်းစွာ လှပနေခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက ကိုယ်ပိုင်အရောင် မရှိကြတဲ့ အတိုင်း..ရှေ့မှာ ရှိနေတဲ့ ကမ္ဘာကြီးကိုသာ ပုံရိပ်ပြန်နေခဲ့ပါတယ်..။ဒါက ငွေရောင် ရေအိုင် နှစ်ခုလိုပါပဲ..။

လတ်တလောမှာတော့ ဒီမျက်လုံးတွေက ကျယ်ပြန့်တဲ့ ကောင်းကင်ပြာကြီးကို အလင်းပြန်နေခဲ့တယ်..။

လူငယ်လေးက..ကျေနပ်စွာ ပြုံးလိုက်ပြီး..လက်တစ်ဖက်ကို မြှောက်ကာ နှုတ်ဆက်လာခဲ့ပါတယ်..။

နာကျင်ဖွယ်ကောင်းလောက်အောင် ရင်းနှီးတဲ့ အသံက ဆန်နီရဲ့ စိတ်ထဲမှာ ပဲ့တင်ထပ်လာခဲ့တယ်..။

“အာ…ဆန်းလပ်စ်….အချိန်တွေ ဒီလောက်ကြာပြီးကာမှ မင်းနဲ့ ပြန်တွေ့ရတာ ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလိုက်လဲ..။မင်းကို ကြည့်စမ်းပါဦး..ဘုရားသခင်တို့…မင်းရဲ့ ကြောက်စရာ မျက်နှာကြောင့် မင်းကို မမှတ်မိမလိုတောင် ဖြစ်သွားသေးတယ်..”

အပိုင်း ( ၇၁၀ ) ပြီး၏။

All Chapters