ရိုးရှင်းတဲ့ တာဝန်တစ်ခု
Vol. 48 Ch. 711
မော်ဒရက်ရဲ့ စကားကို ကြားလိုက်ရတာက..ဆန်နီကို..အောက်ဘက်ကောင်းကင် မှာ အတူရှိခဲ့ကြတဲ့ အချိန်တွေကို..ပြန်အမှတ်ရစေခဲ့ပါတယ်..။ပြီးတော့ အရင်တုန်းက ဖြစ်ခဲ့တဲ့ သူတို့ရဲ့ ရင်းနှီးမူတွေကိုရောပါ..။အရင်တုန်းကတော့..သူက ဆန်းကျယ်တဲ့ မင်းသားကို သူငယ်ချင်းတစ်ယောက် မဟုတ်ရင်တောင်..အနည်းဆုံးတော့ တစ်ဖွဲ့တည်းသား အဖြစ်သဘောထားခဲ့ပါတယ်..။သူက ဒီအသံပျောက်ကွယ်သွားတဲ့ အချိန်တိုင်းမှာ ပိုင်ရှင်ဖြစ်သူကိုတောင် ပြန်မျှော်လင့်မိနေပါသေးတယ်..။
ဒါပေါ့..ဒါတွေအကုန်လုံးက အလိမ်အညာတွေ ချည်းပါပဲ..။မော်ဒရက်က ဆန်နီအနေနဲ့ မှန်အပိုင်းအစကို ယူပြီး..ညဘုရားကျောင်းကို ရောက်လာဖို့အတွက် ထောင်ခြောက်ဆင်ထားခဲ့တာပါ..။
ဒီဇာတ်လမ်းရဲ့..ကြောက်ရွံ့မူ ၊ နာကျင်မူ ၊ အရှက်ရမူ နဲ့ သစ္စာဖောက်ခံရမူတွေက သူ့ရဲ့ နှလုံးသားထဲမှာ တင်းကြပ်နေစေခဲ့တယ်..။ဆန်နီဟာ ပုံရိပ်ယောင် လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး..အံကိုကြိတ်ထားခဲ့ပါတယ်..။
သူ ဒီအရာကို ဝန်ခံရတာ မုန်းတယ်ဆိုပေမယ့်..မော်ဒရက်ကို ကြောက်ရွံ့နေမိတဲ့ စိတ်ကနေ သူ မလွတ်မြောက်နိုင်ခဲ့ပါဘူး..။ဆန်နီက ပိုပြီးအားကောင်းတဲ့ လူတွေ ၊ ကြောက်မက်ဖွယ် သတ္တဝါတွေ များစွာကို တွေ့ခဲ့ဖူးတယ် ဆိုပေမယ့် ဘာမှမရှိတဲ့ မင်းသားကတော့..သူ အမှန်တကယ် ကြောက်ရွံ့မိတဲ့ လူတစ်ယောက်ပါပဲ..။ဒါက သူ့အနေနဲ့ နတ်ဘုရားအဆင့် စွမ်းရည် ဒါမှမဟုတ် စစ်ပွဲရဲ့ အမွေအနှစ်ကို ယူဆောင်ထားလို့ မဟုတ်ပဲ…ဘာမှမရှိတဲ့ မင်းသားရဲ့ တိကျတဲ့ တွက်ချက်မူတွေ နဲ့ ရှုပ်ထွေးတဲ့ ဆန်းကျယ်မူတွေကြောင့်ပါ..။
ဆရာ ဂျူလီယက် ပြောခဲ့သလို ပဲ လူသားတွေ အကြောက်ရွံ့ဆုံးအရာကတော့ အမည်မသိ အရာတွေကိုပါ..။ပြီးတော့..ဆန်နီ ဘယ်လောက်ပဲ ကြိုးစားပါစေ..သူ့အနေနဲ့ မော်ဒရက်ရဲ့ အတွေးတွေကို နားမလည်နိုင်ခဲ့ပေ..။သူက ဘာတွေ ကြံစည်နေတာလဲ ၊ ဒီရင်းနှီးတဲ့ အပြုံးတွေရဲ့ နောက်မှာ ဘာရှိနေတာလဲ ဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး..။သူ့ မျက်လုံးထဲမှာ ပုန်းကွယ်နေကြတဲ့ ကြောက်မက်ဖွယ် မှားယွင်းမူ တွေကြောင့် ဘာမှမရှိတဲ့ မင်းသားကို ကြိုတင်ခန့်မှန်းဖို့ဆိုတာက မဖြစ်နိုင်ပေ..။
ငရဲလိုပဲ…သူကို့ သတ်ဖို့ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ..။ကြီးမြတ်တဲ့ ဗာလာကလန်တစ်ခုလုံးက သူ့ကို သတ်ဖို့ကြိုးစားခဲ့ကြပေမယ့် ကျရှုံးခဲ့ပါတယ်..။
ဆန်နီဟာ..ထူးကဲတဲ့ ကျောက်တုံးကို ဆုပ်ကိုင်ထားရင်း..သူ့နောက်မှာ ဘယ်သူမှ ရပ်မနေတာ သေချာအောင် လုပ်လိုက်တယ်..။ပြီးတာနဲ့..ရေထဲက ပုံရိပ်ကိုကြည့်ပြီး အက်ကွဲနေတဲ့ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်..။
“အိုး…မင်းပါလား..။ရေကန်ထဲမှာ မင်းက ဘာလုပ်နေတာလဲ..။သူစိမ်းလို မနေစမ်းပါနဲ့ မော်ဒရက်…လာ..ငါ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲကို လာခဲ့ပါဦး…။မျက်နှာချင်းဆိုင် စကားလေး ပြောရအောင်..”
လူငယ်လေးရဲ့ ပုံရိပ်က တစ်ခနလောက် တွေဝေသွားခဲ့ပြီးမှ..ပြုံးပြလာခဲ့တယ်..။သူ့ရဲ့ အပြုံးကတော့ အနည်းငယ် ကြိုးစားဖန်တီးထားရပုံပါပဲ..။ယင်းနောက် သူက စကားပြောလာခဲ့ပါတယ်..။
“ဘယ်ေလာက် ထူးဆန်းလိုက်လဲ..။ငါ မင်းစကားပြောတာကို ကြားရပေမယ့်..မင်းပါးစပ်တွေ လှုပ်နေတာကိုတော့ မမြင်ရဘူး..။မင်းက လှည့်စားမူ အသစ်တွေကို သင်ယူထားခဲ့တာလား ဆန်းလပ်စ်..။အာ…ဒါလည်း ကောင်းပါတယ်..။ငါ လည်း လှည့်စားမူတစ်ချို့ကို သင်ယူခဲ့ရသေးတယ်..”
ဆန်နီ ပြန်ပြောလိုက်တယ်..။သူ့ရဲ့ မျက်လုံးထဲမှာတော့ အရိပ်တွေ လှည့်ပတ်နေခဲ့ပါတယ်..။
“ငါ…ငါ သတင်းကြားခဲ့ရတယ်..။ဘုရင့်နိုင်ငံရဲ့ နယ်မြေတစ်ခုလုံးကိုလား မော်ဒရက်..။တကယ်ကြီးလား..။မင်းက…အပြစ်ကင်းတဲ့ လူတွေကို သတ်ရတာ သဘောမကျဘူးလို့ ငါ ထင်ထားခဲ့တာ..။ဒါမှမဟုတ်..သူတို့က အကယ့်အစစ်အမှန်တွေ မဟုတ်လို့..မင်းက ဒီလိုသတ်လည်း ရတယ်လို့ ကိုယ့်ကိုကို ပြောခဲ့တာလား..”
မော်ဒရက် စိတ်ဝင်စားစွာ နားထောင်နေခဲ့တယ်..။ယင်းနောက် သူက အပြုံးလေးနဲ့ အတူပဲ ပြောလာခဲ့ပါတယ်..။
“သူတို့က တကယ့် အစစ်အမှန်တွေ မဟုတ်ကြဘူးဆိုရင် သူတို့ကို သတ်လို့လည်း ဘာများထူးခြားသွားမှာလဲ…”
ဒါကိုကြားပြီး ဆန်နီ ကျောချမ်းသွားခဲ့တယ်..။
အဲံအချိန်မှာတော့ ပုံရိပ်က ခေါင်းခါယမ်းလိုက်ပြီး..
“သူတို့က ရည်ရွယ်ချက်တစ်ခုကို ပြည့်မြောက်ဖို့အတွက်တော့ တကယ် အသုံးဝင်ခဲ့တယ်..။ဒါပေမဲံ ငါ့ကို အထင်မလွဲလိုက်နဲ့…။ငါက နိုးထမူကမ္ဘာမှာဆိုရင် ဒါမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး..။ငါ သတ်ခဲ့တဲ့ လူတွေအားလုံးက သေပြီးသားလူတွေပဲ ဆန်းလပ်စ်..။သူတို့အားလုံးက ကံဆိုးပြီး အသုံးမဝင်တဲံ လူတွေပဲ..။ငါက ဒီတိုင်း သူတို့ရဲ့ သေဆုံးမူကို တစ်ခြား အဓိပ္ပာယ်နဲ့ ဖော်ဆောင်ပေးခဲ့တာ..”
မော်ဒရက်ကိုယ်တိုင်ကလည်း ဒီအတွက် ကျေနပ်နေတဲ့ ပုံမရပေ..။သို့ပေမယ့်..သူက လူထောင်နဲ့ချီ သတ်ခဲ့ရတဲ့ အတွက် နောင်တရနေပုံလည်း မရှိပါဘူး.။ဒီတိုင်း ဂရုမစိုက်တာ….
ဘာမှမရှိတဲ့ မင်းသားက..ဆန်နီကို ကြည့်ကာ ရယ်မောလိုက်တယ်..။
“ဒီတော့..မျက်မမြင်မလေးက..ငါ့ရဲ့ စွန့်စားခန်းတွေအားလုံးကို မင်းကို ပြောပြထားပြီးပြီပေါ့..။ကောင်းပြီလေ..အံ့ဩစရာပဲ..။ငါကိုယ်တိုင် ပြောပြစရာ မလိုအပ်တော့ဘူးပေါ့..။အချိန်က အရေးပါတယ် ဆန်းလပ်စ်…ဒီလောက်အဝေးကြီးကို ပုံရိပ်တစ်ခု လွှတ်ဖို့က ငါ့အတွက်တောင် မလွယ်ကူဘူး..”
ဆန်နီ တစ်ခနလောက် စဉ်းစားလိုက်ပြီးမှ သက်ပြင်းချလိုက်တယ်..။
“သူမ ပြောပြခဲ့တယ်..။ဒါပေမဲ့ ငါ ဒါကို စွန့်စားခန်းတစ်ခုလို့တော့ သုံးနှုန်းမှာ မဟုတ်ဘူး..။မင်း ဘာလိုချင်တာလဲ မော်ဒရက်..”
ပုံရိပ်က တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပြုံးလိုက်တယ်..။
“ဘာလို့လဲ..ဘာရှိရဦးမှာလဲ..။ဒါပေါ့ အိပ်မက်ဆိုးကို ကျော်ဖြတ်ဖို့ အတွက်ပေါ့..။မင်းရော ဒီလိုမလုပ်ချင်ဘူးလား..”
ဆန်နီ ပြန်ပြောလိုက်တယ်..။
“ငါ လုပ်ချင်တယ်..။ဂိမ်းကစားနေတာတွေကို ရပ်လိုက်တော့…ငါ့ ဆီက မင်းဘာလိုချင်တာလဲ ဆိုတာကိုသာ ပြောလိုက်..”
မော်ဒရက် သက်ပြင်းချလိုက်ပြီး..
“ကောင်းပြီလေ..မင်းက ဒီလို ပြောနေမှတော့လည်း..။ငါ လိုချင်တာက ရိုးရှင်းပါတယ်..ဒါပေမဲ့ လွယ်ကူမှာတော့ မဟုတ်ဘူးနော်..။ငါက မင်းအနေနဲ့ နိုတစ်အသက်ရှင်ဖို့အတွက် အတတ်နိုင်ဆုံး စောင့်ရှောက်ပေးစေချင်တာ..”
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
‘သူက ငါ့ကို ဘာလုပ်စေချင်နေတာလဲ..။သူက ငါ့အနေနဲ့ နိုတစ်ကို တကယ်ပဲ ကာကွယ်ထားစေချင်တာလား..ဒါမှမဟုတ်..သူပြောတာနဲ့ ဆန့်ကျင်ဖက်ကို လုပ်စေချင်နေတာလား..။သူက ငါ့အနေနဲ့ နိုတစ်ကို သတ်လိုက်တာကို လိုချင်နေတာလား..။စစ်ပွဲတောင် မစတင်ရသေးပဲ သူက ဘာလို့ နိုတစ်ကို သေစေချင်နေတာလဲ..။မဟုတ်ဘူး…ခနလေး…သူက တကယ်ပဲ နိုတစ်ကို အသက်ရှင်စေချင်တာလား…အား….။ခွေးသား မောဒရက်..ငါ ဒီလူလိမ်ကောင်ငကို အရမ်းမုန်းတာပဲ..’
သူ ပုံရိပ်ယောင်ကို နက်မှောင်စွာ ကြည့်နေပြီးကာမှ ပုံမှန်လေသံနဲ့ ပြန်ပြောလိုက်တယ်..။
“ဒါ အကုန်ပဲလား..”
ဘာမှမရှိတဲ့ မင်းသားက ပြုံးလိုက်ပြီး…
“ဟုတ်တယ်…ဒါအကုန်ပဲ…။တကယ်လို့ မင်းက ဒီရိုးရှင်းတဲ့ တာဝန်ကို လုပ်ဆောင်နိုင်မယ်ဆိုရင်..ငါတို့ အကုန်လုံး ဒီအိပ်မက်ဆိုးကနေ အသက်ရှင်လျက် ထွက်နိုင်ကြလိမ့်မယ် ဆိုတာ ငါသေချာပြောနိုင်တယ်..”
ဆန်နီ နှာခေါင်းရှုတ်လိုက်ပြီး..
“မင်းက အာမခံနိုင်တယ်ပေါ့ ဟုတ်လား..။ဘယ်လိုမျိုုးလဲ..။မင်းက ဘာတွေစီစဉ်နေတာလဲ..။မျှော်လင့်ချက်ကရော…မင်းက သူမကို လွှတ်ပေးမှာလား ဒါမှမဟုတ်..သူမကို အကျဉ်းထောင်ထဲမှာ အမြဲတမ်း ထိန်းသိမ်းထားဖို့ နည်းလမ်းကိုတွေ့ထားပြီလား..”
ရုတ်တရက် ရေကန်ရဲ့ မျက်နှာပြင်ပေါ်ကို လေပြေလေညှင်းတစ်ချက် တိုက်ခတ်သွားခဲ့တယ်..။စွန့်ပစ်ခံ မင်းသားရဲ့ ပုံရိပ်က ဝေဝါးသွားခဲ့ပြီး..ရေပြင်နဲ့အတူ လှုပ်ယမ်းနေခဲ့ပါတယ်..။
သူ နောက်တစ်ကြိမ် စကားပြောလာတဲ့ အချိန်မှာတော့ သူ့ရဲ့ အသံက..အတော်လေး တိုးညှင်းနေခဲ့ပါပြီ..။
“အာ..ဘယ်လောက် အဆင်မပြေလိုက်လဲ..။ကြည့်ရတာတော့..ငါ့ရဲ့ အဆီအနှစ်တွေက ကုန်သွားပြီထင်တယ် ဆန်းလပ်စ်…နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့..”
ဆန်နီ လက်သီးကို ဆုပ်ထားခဲ့တယ်..။
“နောက်တစ်ခါလား..။မင်းမှာ ပြန်ဖြေစရာ မေးခွန်းတစ်ခုရှိနေတဲ့ အချိန်မှာတော့ ပျောက်ကွယ်သွားဦးမလို့လား ခွေးသား..။အခုချိန်မှာငါတို့တွေက တစ်ဖက်တည်းပဲ ဆိုတာကိုရော မင်းသိရဲ့လား..။ငါတို့ တက်ရောက်မူအဆင့်ကို ရောက်ပြီးသွားရင် တစ်ယောက်ကိုတစ်ယောက် သတ်လို့ရတယ်..ဒါပေမဲ့ ပထမဆုံးတော့ ငါတို့ ဒီအိပ်မက်ဆိုးကနေ ရှင်သန်ဖို့လိုတယ် မဟုတ်ဘူးလား..”
မော်ဒရက် ရယ်မောလိုက်တယ်..။သူ့ရဲ့ ရယ်မောသံက..တိုးညှင်းပြီး မကြားရသလောက် ဖြစ်လာခဲ့ပါတယ်..။
“…ခွေးသားတော့ မဟုတ်ပါဘူး..။အာ…ငါက အဲလိုတော့ ဖြစ်ချင်ပါတယ်…”
ဒီလိုပြောပြီးတာနဲ့ သူက ပျောက်ကွယ်သွားခဲ့တယ်..။ပုံရိပ်ယောင်က ရေကန်ထဲကနေ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..ဆန်နီတစ်ယောက်တည်း ကျန်နေခဲ့ပါတော့တယ်..။
သူက ကြည်လင်နေတဲ့ ရေကန်ကို နောက်တစ်ကြိမ် ထပ်ကြည့်ကာ ပြောလိုက်တယ်..။
“ရိုးရှင်းတဲ့ တာဝန်တစ်ခု…။အဲ့အရူးကို အသက်ရှင်အောင် ထားဖို့ မပြောနဲ့ …အဲ့အရူးကို လိုက်မှီနိုင်တဲ့ လူတောင် ရှိပါ့မလား..”
ဒီလို ပြောပြီးတာနဲ့ သူ အံကိုကြိတ်ကာ ထရပ်လိုက်ပါတယ်..။
အခုတော့ ဆက်ပြီး လေ့ကျင့်ရမယ့် အချိန်ပါပဲ..။အချိန်က တိုတောင်း လွန်းပါတယ်…။
အပိုင်း ( ၇၁၁ ) ပြီး၏။