← Chapters

မြင့်မြတ်နယ်မြေမှ ထွက်ခွာခြင်း..

Vol. 48 Ch. 712

မြင့်မြတ်နယ်မြေမှ ထွက်ခွာခြင်း..

Vol. 48 Ch. 712

ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့တယ်..။

မြင့်မြတ်နယ်မြေကတော့..ဘာမှမရှိတော့ပဲ တိတ်ဆိတ်နေခဲ့ပါတယ်..။လှပတဲ့ ဉယျာဉ်လေးကတော့ ခါတိုင်းလိုမျိုး လူစည်ကားမူ ကင်းမဲ့နေခဲ့ပြီး..ကျောက်တိုင်တွေကြာားထဲကနေ ဝင်ရောင်လာတဲ့ လေပြင်းတွေရဲ့ အသံကိုသာ ကြားနေခဲ့ရတယ်..။ဟိုနား ဒီနားမှာတော့..လူတွေ အလျင်စလို ထွက်သွားရာကနေ ကျန်ရစ်ခဲ့တဲ့ သာမန်ပစ္စည်းတွေကို မြင်တွေ့နေရပါတယ်..။ဒီပစ္စည်းတွေကို ဘယ်သူကမှ ပြန်လာယူကြတော့မှာ မဟုတ်ပါဘူး..။

ဆန်နီ အနေနဲ့ မြင့်မြတ်နယ်မြေက ဒီလောက်အထိ တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေတာမျိုးကို..အရင်ကလည်း မမြင်ဖူးသလို အခုလည်း မမြင်ခဲ့ဖူးပေ..။ဒီမြင်ကွင်းက..အတော်လေး ဝမ်းနည်းဖို့ကောင်းသလို ကြောက်မက်ဖွယ်လည်း ကောင်းပါတယ်..။

သူက ဒီရက်တွေမှာ မရပ်မနားလေ့ကျင့်ရင်း..သူ့ရဲ့ ခန္တာကိုယ်အသစ်နဲ့ ကျင့်သားရအောင် သင်ယူနေခဲ့တယ်..။ဒီပြောင်းလဲမူက..လူသားတစ်ယောက်အဖြစ်ကနေ..နတ်ဆိုးတစ်ကောင် အဖြစ်ပြောင်းလဲတာ မဟုတ်တာကြောင့် မြန်မြန်ဆန်ဆန်ပဲ အသားကျခဲ့ပါတယ်..။ထပ်ပြောရရင် အရိပ်ကခုန်ခြင်း ရဲ့ ဆန်းကျယ်မူကလည်း..ဆန်နီ အတွက် ပြောင်းလဲမူတွေကို အသားကျဖို့ သင့်တော်စေခဲ့တယ်..။

အမှန်အတိုင်းပြောရရင်..သူက ပန်းတိုင်ကို ရောက်ဖို့အတွက်..တစ်ပတ်လုံး လေ့ကျင့်နေစရာ မလိုအပ်ခဲ့ပါဘူး..။သို့ပေမယ့် သူတော်စင်နဲ့ လေ့ကျင့်နေရတာက..ရိုးရှင်းတဲ့ အချိန်ကာလတွေကို ပြန်လည် သတိရစေပြီး..တိုက်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာကို ပြန်လည် တိုးမြှင့်စေခဲ့ပါတယ်..။

…အေးချမ်းစွာ အိပ်စက်အနားယူနေတဲ့ တစ်ညမှာတော့..ဆန်နီဟာ ရုတ်တရက် နိုးထလာခဲ့တယ်..။သူက အော်ဟစ်သံတစ်ခုကို ကြားလိုက်ရတယ်လို့ ခံစားလိုက်ရတာပါ..။သူက တကယ်ပဲ ကြားလိုက်ရတာလား..ဒါမှမဟုတ် အိပ်မက်ပဲ မက်နေခဲ့တာလား..။

သူ မတ်တတ်ထရပ်လိုက်ပြီး ပြတင်းပေါက်ကို မျက်မှောင်ကျတ်ပြီး ကြည့်လိုက်တယ်..။

‘ဘာကို အိပ်မက်မက်ရမှာလဲ အရူး..။နိုးထသူတွေက အိပ်မက် မမက်ကြဘူး..’

ဒါပေမဲ့ ဘယ်သူက မြင့်မြတ်နယ်မြေမှာ လာပြီး အော်ဟစ်နေရတာလဲ..။ဒီနေရာမှာ လူနှစ်ယော်ကပဲ ကျန်နေခဲ့တာပါ..။ဆန်နီ ကိုယ်တိုင်နဲ့..

နိုတစ်….

သူ တစ်ခနလောက် တွေဝေနေပြီးကာမှ…မတ်တတ်ထရပ်လိုက်ပြီး ရုပ်သေးဆရာရဲ့ ဝတ်လုံတော်ကို ဝတ်လိုက်တယ်..။တစ်ခနလောက် တွေးပြီးတဲ့နောက်မှ..သူက ရက်စက်သောမြင်ကွင်းကို ထုတ်ယူကာ..သူ့ခန္တာကိုယ်ကို အရိပ်တွေနဲ့ ရစ်ပတ်လိုက်ပါတယ်..။ယင်းနောက် အပြင်ကို ထွက်လာခဲ့တယ်..။

လပြည့်ဝန်းက ကောင်ကင်ထက်မှာ တောက်ပနေခဲ့ပြီး..ကမ္ဘာကြီးကို အပြာရောင် အလင်းတန်းနဲ့ လွှမ်းခြုံနေစေခေဲ့တယ်..။လရောင်နဲ့အတူပဲ..ဆန်နီဟာ..လူသူကင်းမဲ့နေတဲ့ ဉယျာဉ်ကို ဖြတ်သန်းပြီး..မှော်ဆရာရဲ့ အိပ်ကို ဦးတည်လာခဲ့ပါတယ်..။မှော်ဆရာက..ရက်အနည်းငယ်ကတည်းက..တစ်ကြိမ်မှ အပြင်ကို ထွက်မလာခဲံသေးပါဘူး..။

တံခါးက ပွင့်နေခဲ့ပြီး..သဘော်သား အရုပ်တွေက..တိတ်ဆိတ်စွာ ကင်းစောင့်နေခဲ့ကြတယ်..။သူတို့ရဲ့ သစ်သား မျက်နှာတွေကတော့..စိုးရိမ်တဲ့ အရိပ်အယောင် တစ်ခုမှ ရှိမနေခဲ့ကြပါဘူး..။

ဆန်နီ တံခါးထဲကနေ ဝင်သွားလိုက်ပြီး..ခြံဝန်းထဲကို ဖြတ်သန်းကာ ရင်းနှီးပြီးသား ဖြစ်တဲ့ အခန်းကို လေ့လာကြည့်လိုက်တယ်..။ဒါက အနည်းငယ် ပြောင်းလဲနေခဲ့ပါတယ်..။ကျောက်တုံး ကြမ်းပြင်တွေက ပိုမို အက်ကွဲနေခဲ့ပြီး..နက်ရှိုင်းတဲ့ အက်ကွဲကြောင်းတွေ ပေါ်ထွက်နေခဲ့တယ်..။

သို့ပေမယ့်..မကြာခနဖြစ်ပေါ်နေတဲ့ တုန်လှုပ်မူတွေကတော့..ထပ်ပြီး မဖြစ်ပေါ်တော့ပါဘူး..။ဒါက..အထဲမှာ ပုန်းအောင်းနေတဲ့ အရာက..သေဆုံးသွားတာ..ဒါမှမဟုတ်..အိပ်ပျော်သွား ခဲ့သလိုပါပဲ..။ဒါမှမဟုတ် တစ်ခြားနေရာကို ထွက်သွားတာလည် ဖြစ်နိုင်ပါတယ်..။

နိုတစ်ကကတော့ အခန်းရဲ့ အလယ်မှာ နာကျင်နေတဲ့ မျက်နှာအမူအရာနဲ့ ထိုင်နေခဲ့တယ်..။မှော်ဆရာရဲ့ ပုံစံက အတော်လေး ဆိုးဝါးနေခဲ့ပါတယ်..။

သူ့ရဲ့ အရည်ပြားတွေက ဖြူဖျော့နေခဲ့ပြီး..မျက်ကွင်းတွေ ညိုနေခဲ့တယ်..။သူ့ရဲ့ ဆံပင်တွေက ပြန့်ကျဲကာ ရှုပ်ထွေးနေခဲ့တယ်..။အမြဲတမ်း တောက်ပြောင်နေတဲံ သူ့ရဲ့ အဝတ်အစားတွေကတောင် အခုချိန်မှာ တွန့်ကြေနေခဲ့ပါတယ်..။

ထပ်ပြောရရင် မှော်ဆရာရဲ့ အရည်ပြားအောက်မှာ တစ်စုံတစ်ခုက ရွေ့လျားနေခဲ့တယ် ဆိုတာကို မြင်တွေ့လိုက်ရတာကို ဆန်နီ ကျိန်ပြောရဲပါတယ်..။ဒါက ခနလောက်သာ ပေါ်လာပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်..။ဒါကြောင့်..သူ ဒီအရာကို တစ်ကယ်မြင်လိုက်တာလား..စိတ်အထင်မှားနေတာလား ဆိုတာကို သံသယဖြစ်စေပါတယ်..။

သူ့ရဲ့ တည်ရှိမူကို သတိထားမိသွားတာကြောင့် နိုတစ်ဟာ ခေါင်းကိုဖြည်းညှင်းစွဦ လှည့်လာခဲ့ပြီး ပြုံးလိုက်တယ်..။

“အာ…ဆန်းလပ်စ်…မင်းက အချိန်မှီလေးပဲ..။ငါ့ပုံစံ ဘယ်လိုနေလဲ..”

ဆန်နီ သူ့ကို တစ်ခနလောက် ကြည့်လိုက်ပြီးမှ ပြောလိုက်တယ်..။

“ ဖွတ်ကျားတစ်ကောင် နဲ့ တူနေပြီ..”

မှော်ဆရာက အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ…သူ့ကို နာကျင်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်..။

“မဟုတ်ဘူး..ငါ့ကိုကြည့်ခိုင်းတာ မဟုတ်ဘူး.. အရူးရဲ့..။သူ့ပုံစံ ဘယ်လိုနေလဲ..”

ဒီလိုပြောပြီးတာနဲ့ နိုတစ်က..ခြေလှမ်းအနည်းငယ် အကွာမှာ ခံစားချက်မဲ့စွာ ရပ်နေခဲ့တဲ့..သဘော်သား အရုပ်ကို လက်ညိုးညွှန်ပြလိုက်တယ်..။

ဆန်နီက..တိတ်ဆိတ်နေတဲ့ လူပုံစံရုပ်ထုတွေနဲ့ အသားကျနေပြီ ဖြစ်တာကြောင့်..သူ့ရဲ့ တည်ရှိမူနဲ့ နေရာကို မှတ်ထားပြီးတာနဲ့ ထပ်ပြီး အာရုံမစိုက်ခဲ့ပေ..။အခုတော့..သူ သေချာကြည့်လိုက်တဲ့ အချိန်ကြမှ..မြင်တွေ့လိုက်ရတဲ့ အရာကြောင့် မျက်မှောင်ကျုတ်သွားခဲ့ပါတယ်..။

သဘော်သား ရုပ်က…နိုတစ်နဲ့ အရပ်တူညီစွာ ရှိနေပြီး သူ့ရဲ့ အကောင်းဆုံး ပိုးထည်အက်ျီကို ဝတ်ဆင်ထားခဲ့တယ်..။ဒီအရာက ဝိုင်တစ်ခွက်ကို ကိုင်ထားရင်း ရှေ့ကို ခံစားချက်မဲ့စွာ ကြည့်နေခဲ့ပါတယ်..။

သူ တစ်ခုခုပြောဖို့ လုပ်ပြီး ကာမှ ပါးစပ်ကို ပြန်ပိတ်သွားခဲ့တယ်..။

“ဒါက ဘယ်လို ငရဲမျိုးလဲ….”

မှော်ဆရာက ပုခုံးတွန့်လိုက်ပြီး…

“ကောင်းပြီလေ….ငါတို့က ဆင်စွယ်ရောင် တာဝါကို အလစ်ဝင်တိုက်ခိုက်ကြမှာ မဟုတ်ဘူးလား..။သေချာတာကတော့ တကယ်လို့ ငါက မြင့်မြတ်နယ်မြေကနေ ရုတ်တရက် ပျောက်ကွယ်သွားမယ် ဆိုရင် တစ်ခြား ချိန်းအရှင်သခင်တွေက သတိထားမိသွားကြလိမ့်မယ်..။ဒီတော့..ငါက ငါနဲ့ ပုံစံတူတဲ့ အရုပ်နဲ့ ဒီမှာရှိနေသေးသလို ဟန်ဆောင်ခိုင်းမယ်လေ..”

သူက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး..ဆန်နီကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။

ဆန်နီ မျက်နှာကို တစ်ခနလောက် အုပ်ထားခဲ့ပါတယ်..။

“ဒီအရာက တစ်စုံတစ်ယောက်ကို အရူးလုပ်နိုင်လိမ့်မယ်လို့ ခင်ဗျားတစ်ကယ်ပဲ ထင်နေတာလား..။ခင်ဗျား ဦးနှောက် လွတ်သွားပြီလား..။ကျွန်တော် ပြောချင်တာက ဒါက ပိုပြီး မရှုပ်ထွေးသွားစေဘူးလား..”

နိုတစ် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး ရယ်မောလိုက်တယ်..။

“အိုး..ငါ့ရဲ့ နောက်ဆုံး အပြင်အဆင်ကို မေ့သွားတယ်..”

ဒီလိုပြောပြီးတာနဲ့ သူ့က လက်တွေကို မြှောက်ပြီ အကြိမ်အနည်းငယ် လက်ခုပ်တီးလိုက်ပါတယ်..။ခနအကြာမှာတော့….

အခန်းထဲမှာ မှော်ဆရာ နှစ်ယောက် ရှိနေခဲ့ပြီး..တစ်ယောက်က အပျက်အစီးတွေပေါ်မှာ ထိုင်နေခဲ့ကာ..တစ်ယောက်က တော့ မီတာအနည်းငယ်အကွာမှာ ရပ်နေပြီး..ဆန်နီကို ပြုံးကာ ကြည့်နေခဲ့တယ်..။ဒုတိယတစ်ခုက..သဘော်သားအရုပ်ဆိုတာကို သူသိနေပေမယ့်လည်း..ဘယ်နေရာက ကွာခြားနေလဲဆိုတာကို သူ မပြောနိုင်ခဲ့ပါဘူး..။

“အခုရော ဘယ်လိုလဲ..”

ဆန်နီ တံတွေးမြိုချလိုက်တယ်..။

“ဟုတ်တယ်…ဒါက ကြည့်ရတာ အဆင်ပြေပါတယ်..”

သဘော်သား အရုပ်ဟာ..တစ်ခနလောက် ငြိမ်သက်နေပြီးကာမှ..ဝိုင်ခွက်ကိုမော့ကာ သောက်နေတဲ့ ပုံစံ ဟန်ဆောင်လိုက်တယ်..။ဒီအခြေအနေက အနည်းငယ် ထူးဆန်းတယ် ဆိုပေမယ့်..သူ့ရဲ့ အသွင်အပြင်ထဲကနေ မှော်စွမ်းအင်တေ‌ွကို ဆန်နီ ခံစားလိုက်ရပါတယ်..။သူက သံလက်ဝါးကျွန်းမှာ နိုတစ်ဆီကနေ ခံစားခဲ့ရတဲ့ တည်ရှိမူမျိုးကို…ရုပ်ထုဆီကနေ ခံစားလိုက်ရတယ်..။

သဘော်သား အရုပ်ရဲ့ မျက်နှာပြင် အောက်ကို ကြည့်တဲ့အချိန်မှာတော့..အထွတ်အထိပ်အဆင့် အမြုတေတစ်ခုလို အရာက သူ့ရဲ့ ရင်ဘတ်မှာ ရှီနေတာကို တွေ့လိုက်ရပါတယ်..။ဆန်နီ ဖြည်းညှင်းစွာပဲ အသက်ရူသွင်းလိုက်တယ်..။

တကယ်လို့..ကတ်စီသာ ဒီအရုပ်တွေကို ကြည့်လိုက်မယ်ဆိုရင်..သူက ဂဏ္ဍနာမည် နဲ့ စွမ်းရည်စာရင်း တွေကို မြင်တွေ့နေရမှာလား..။

“…ကောင်းတာထက်ကို ပိုတယ်..။ဒါက တကယ်ယုံကြည်သွားစေနိုင်တယ်..”

နိုတစ် ပြုံးလိုက်ပြီး မတ်တတ်ထရပ်လိုက်တယ်..။နောက်တစ်ကြိမ်ဆိုသလိုပဲ..သူ့ရဲ့ အရည်ပြားအောက်မှာ တစ်ခုခုက ရွေ့လျားသွားခဲ့ပေမယ့်..တစ်စက္ကန့်လောက်ကြာပြီးတဲ့နောက်မှာ ပြန်ကောင်းသွားခဲ့ပါတယ်..။

“ကောင်းတယ်..။ကောင်းပြီလေ ဒါဆိုလည်း…ငါတို့ထွက်မသွားခင် လုပ်စရာတစ်ခု ရှိနေသေးတယ်..။လိုက်ခဲ့..”

သူက ဒီနေရာကို ဘယ်တော့မှ ပြန်မလာနိုင်ဘူး ဆိုတာကို သူ သိနေခဲ့ပါတယ်..။

အတူတကွ ဆိုသလိုပဲ ..သူတို့နှစ်ယောက်က ဉယျာဉ်ထဲကို ဝင်ကာ ဖြတ်လျောက်သွားခဲ့ကြတယ်..။နိုတစ်က ဘယ်ကို ခေါ်သွားတာလဲ ဆိုတာကို ဆန်နီ မသိပေမယ့်..ဒါက အရေးကြီးတယ်လို့ ခံစားနေခဲ့ရပါတယ်..။သဘော်သာသး အရုပ်တစ်ရုပ်ကတော့..လေးလံတဲ့အရာတစ်ခုခုကို သယ်ပြီး သူတို့နောက်ကနေ လိုက်လာနေခဲ့တယ်..။

သူတို့ လမ်းလျောက်နေစဉ်မှာပဲ မှော်ဆရာက ရုတ်တရက် ပြောလာခဲ့တယ်..။

“မင်း ငါ့ကို ပြောခဲ့တာကို ငါ သေချာစဉ်းစားခဲ့သေးတယ်..ဆန်းလပ်စ်..။အိမ်ကိုပြန်သွားချင်နေတယ် ဆိုတဲ့ အကြောင်းကိုပေါ့..”

ဆန်နီ သူ့ကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။သို့ပေမယ့် ဘာစကားမှတော့ မပြောခဲ့ပါဘူး..။

နိုတစ် တစ်ခနလောက် တိတ်ဆိတ်နေခဲ့ပြီးကာမှ…လွမ်းဆွတ်ဖွယ်အသံနဲ့ ပြန်ပြောလာခဲ့ပါတယ်..။

“ငါ့မှာလည်း အိပ်တစ်ခု ရှိခဲ့ဖူးတယ် သိတယ်မလား..။အချိန်အတော်အကြာကြီး တုန်းကပေါ့..။အဲဒီမှာ ငါ့ရဲ့ ဆွေမျိုးတွေ နေခဲ့တဲ့ ဘုရားကျောင်းတစ်ခု ရှိတယ်..။ငါက အဲဒီမှာ ဘုန်းတော်ကြီးတွေ ၊ အမျိးသမီး ဘုန်းတော်ကြီးတွေရဲ့ သင်ကြားမူနဲ့အတူ ကြီးပြင်းလာခဲ့တာ..။ငါတို့ အမဲလိုက် ဆော့ကစား ခဲ့ကြတဲ့ နေရာကို သစ်တောကြီးတွေက ဝန်းရံထားခဲ့တာ..။ငါတို့ ငါးမျှားပြီး ၊ နွေရာသီရဲ့ အပူကို ရှောင်နိုင်မယ့် ရေကန်တစ်ကန်လည်း ရှိခဲ့တယ်..။ကမ္ဘာကြီးကိုလည်း ဂရုစိုက်စရာ မလိုခဲ့ဘူး..”

သူ အပြုံးက မျက်နှာပေါ်ကနေ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ နူးညံ့ညှင်သာတဲ့ လရောင်ကို အလင်းပြန်နေခဲ့ပါတယ်..။

“…ငါ အဲဒီနေရာကို လွန်ခဲ့တဲ့ အချိန်တစ်ချို့တုန်းက ပြန်သွားခဲ့တယ်..။အာ..ဒါပေမဲ့…အဲတာက အရင်ကလို မဟုတ်တော့ဘူး…ပြောင်းလဲသွားခဲ့ပြီ..။ဘုရားကျောင်းက ပျက်ဆီးနေသလို..သစ်တောကလည်း ခုတ်လှဲခံခဲ့ရပြီးပြီ..။ရေကန်က ခမ်းခြောက်နေပြီ..။အရာရာတိုင်းက မရင်းနှီးပဲ..ထူးဆန်းနေခဲ့တာ..။အိပ်မက်တစ်ခုလိုပဲ..။ပြီးတော့ အဲ့အချိန်မှာပဲ..ငါ့ရဲ့ ဘဝတစ်ခုလုံးက ငါမက်နေရတဲ့ အိပ်မက်တစ်ခုလို ခံစားလိုက်ရတယ်..။ပြီးတော့…ငါက ဆက်ပြီး အိပ်မက်မက်နေသေးတာလည်း ဖြစ်နိုင်တယ်လေ..”

သူ ရပ်တန့်လိုက်ပြီး..လေးလံစွာ သက်ပြင်းချလိုက်တယ်..။ယင်းနောက် ရုတ်တရက် ဆန်နီကို ပြုံးပြီး ကြည့်လိုက်ပါတယ်..။

“ဒါပေမဲ့..ဟေး..ဒီလိုဆိုရင်တောင် ငါ့မှာ ဒီဟာ ရှိနေပြီးပြီလေ..။ဒီမြင့်မြတ်နယ်မြေဆိုတာက ငါ့ရဲ့ လက်နှစ်ဖက်နဲ့ တည်ဆောက်ခဲ့တဲ့ အရာတစ်ခုပဲ..။ငါ ကယ်တင်ခဲ့တဲ့ လူတွေ ၊ ငါ ကာကွယ်ခဲ့တဲ့ နယ်မြေ..ငါ တာဝန်ယူဖို့ ကြိုးစားခဲ့တဲ့ အရာတွေက ငါ့ရဲ့ အိမ်ပဲ..”

သူ အသက်ကို နက်ရှိုင်းစွာ ရူထုတ်လိုက်ပြီး..ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။ပြီးတာနဲ့ မြင့်မြတ်နယ်မြေရဲ့ မြင်ကွင်းကို ကြည့်လိုက်ပါတယ်..။

သူ မျက်နှာက လေးလံနေခဲ့တယ်..။

တစ်ခနအကြာမှာတော့ နိုတစ်က ပြောလာခဲ့ပါတယ်..။

“ဆန်းလပ်စ်..ငါ ပြောချင်တာက..မင်းက တစ်နေရာရာ ဒါမှမဟုတ် တစ်စုံတစ်ခုနဲ့ ဆက်နွယ်နေဖို့ မလိုအပ်ဘူး..။မင်းက ဒီတိုင်း မင်းနဲ့ ဆက်နွယ်နေတဲ့ အရာတစ်ခုခုကို ဖန်တီးဖို့ပဲ လိုအပ်တာ..။ဒီနည်းလမ်းနဲ့ မင်းရဲ့ အိမ်ကို ပြန်ရှာဖွေလို့ ရတယ်လေ..”

မှော်ဆရာက တွေဝေနေပြီးကာမှ ဂုဏ်ယူနေတဲ့ မျက်နှာနဲ့ ထပ်ပြောလိုက်တယ်..။

“ဒါပေါ့..ငါက ဉပမာအနေနဲ့ ပြောတာပါ..”

ဆန်နီ သူ့ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ ပြောလိုက်တယ်..။

“ဒါက တကယ်ကို ကောင်းမွန်တဲ့ ဉပမာတစ်ခုပဲ..”

နိုတစ် ရယ်မောလိုက်တယ်..။

“ဒါက အမှန်ပဲ မဟုတ်ဘူးလား..။ကောင်းပြီလေ..ဘာလို့ မမှန်နိုင်ရမှာလဲ..။ဘာပဲဖြစ်ဖြစ် ငါ မျှော်လင့်ချက် ဘုရင့်နိုင်ငံတစ်ခုလုံးမှာ..သင်ယူနိုင်မူ အကောင်းဆုံး လူတစ်ယောက်ပဲလေ..”

ခနအကြာမှာတော သူတို့က ကျောက်တိုင်တွေကြားထဲကနေ‌ေ ဖြတ်သန်းပြီး ကျွန်းရဲ့ အစွန်းကို ရောက်လာခဲ့ကြတယ်..။ဒီနေရာမှာတော့..နိုတစ်က..သူ့ကိုယ်တိုင်ရဲ့ ရုပ်ထုတွေလို့ ပြောတဲ့ ရုပ်ဆိုးတဲ့ အရုပ်တွေ ရှိတဲ့နေရာကို ရောက်လာခဲံပါတယ်..။ဒီရုပ်ထုတွေက ဆယ်လေးခု ရှီပြီး..တစ်ခုချင်းစီတိုင်းကလည်း ဆန်နီထက် နှစ်ဆလောက် မြင့်မားနေခဲ့တယ်..။သူက မှော်ဆရာရဲ့ လက်ရာကို ပထမတစ်ကြိမ်ပြီးကတည်းက မကြည့်ခဲ့တော့တာကြောင့် တစ်ခနလောက် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါသေးတယ်..။

တကယ်လို့ ပထမဆုံး ရုပ်ထုတစ်ခုကို လူသားတစ်ယောက်ရဲ့ ပုံစံလို့ ခေါ်ဆိုလိုက်မယ်ဆိုရင်..ကျန်တဲ့ ရုပ်ထုတွေက ကြောက်မက်ဖွယ်သားရဲတွေနဲ့ ဆင်တူနေခဲ့ပါတယ်..။သူတို့က ကြီးမားလေးလံပြီး လက်သည်းတွေ ၊ အစွယ် ၊ ဦးချို နဲ့ အချွန်အတစ် တွေ ပါဝင်နေခဲ့ကြတယ်..။ဒါက ဆန်နီရဲ့ သနားစရာ အသွင်အပြင်ကို ဖော်ပြထားသလိုပါပဲ..။ဒီ ဧရာမ ရုပ်ထုကြီးတွေက..ကြောက်မက်ဖွယ်ကောင်းကာ ရက်စက်ကြမ်းကြုပ်တဲ့ အသွင်သဏ္ဍာန် ရှိနေခဲ့ကြတယ်..။

ပြီးတော့ တစ်ခုချင်းစီတိုင်းကလည်း သန်မာတဲ့ ကျောက်တုံး တောင်ပံတွေ ရှိနေခဲ့ကြပါတယ်..။

ဒီလို ကြောက်မက်ဖွယ် သတ္တဝါတွေရဲ့ ဝန်းရံခြင်းကို ခံထားရတာကြောင့် သူက ရုတ်တရက် သေးငယ်ပြီး အားနည်းသလို ခံစားလိုက်ရတယ်..။

မသက်မသာ ခံစားချက်နဲ့ အတူပဲ ဆန်နီက နိုတစ်ကို မေးလိုက်ပါတယ်..။

“ဒါက ခင်ဗျားရဲ့ ရုပ်ထုတွေလား..”

မှော်ဆရာက ရယ်မောလိုက်ပြီး..

“အိုး..ကောင်းးပြီလေ…ငါ မင်းကို နည်းနည်းတော့ လိမ်မိခဲ့သေးတယ်..။ဒီအရာတွေက ဘယ်တုန်းကမှ ငါနဲ့ မတူခဲ့ကြဘူးလေ..”

ဒီလိုပြောပြီးတဲ့နောက်မှာတော သဘော်သား အရုပ်က အမှောင်ထုထဲကနေ တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့တယ်..။သူက လေးလံထူထဲတဲ့ သံကြိုးတွေနဲ့ ရစ်ပတ်ထားတဲံ သေတ္တာတစ်ခုကို သယ်ဆောင်ထားခဲ့တာပါ..။

ဆန်နီ သေတ္တာကို မြင်ိုက်တာနဲ့ သူ့ရဲ့ နှလုံးသားက အေးစက်သွားခဲ့ပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတယ်..။

“အဲ…အဲတာက ဘယ်လို သောက်ကျိုးနဲ..အရာမျိုးလဲ..”

နိုတစ်က လှုပ်နေတဲ့ သေတ္တာကို တည်ငြိမ်စွာ ယူလိုက်တယ်..။ဒါက အထဲက တစ်စုံတစ်ခုက လွတ်မြောက်ဖို့အတွက် ရုန်းကန်နေသလိုပါပဲ..။တစ်ချိန်တည်းမှာပဲ..ဆန်နီက မှော်ဆရာရဲ့ အရည်ပြားအောက်က အရာတစ်ခုခုက လှုပ်ရှားသွားတာကို သတိထားမိလိုက်ပါတယ်..။

အင်မော်တယ်က မျက်နှာရှုတ်မဲ့စွာ ပြောလိုက်တယ်..။

“ဝိဉာဉ်တွေ…။ဒီ ဆယ်စုနှစ်တစ်လျောက်လုံးမှာ ငါစုဆောင်းထားတဲ့ ကြမ်းတမ်းတဲ့ ဝိဉာဉ်တွေ..”

ဆန်နီ ဟာ ရက်စက်သော မြင်ကွင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ပြန်ပြောလိုက်တယ်..။

“ပြီးတော့..ခင်ဗျားက ဒီ ဝိဉာဉ်တွေနဲ့.. ဘာလုပ်ဖို့ စီစဉ်နေတာလဲ..”

နိုတစ်က သူ့ကို ကြည့်ပြီး ပြုံးလိုက်ကာ..သေတ္တာကို ပိတ်ထားတဲ့ သံကြိုးတွေကို လွယ်လွယ်ကူကူပဲ ချိုးဖျက်လိုက်ပါတယ်..။

“ဘာရှိရဦးမှာလဲ..။ငါက မင်းနဲ့ မင်းရဲ့ ထူးဆန်းတဲ့ သူငယ်ချင်းတွေ အတွက် အကူအညီတစ်ချို့ ဖန်တီးပေးမလို့လေ..။ဘာလဲ…မင်းတို့တွေက..ဆင်စွယ်ရောင်မြို့ နဲ့ အနီရောင် အဆောက်အဦးက စစ်တပ်တွေကို ကိုယ့်ဟာကို ဖြေရှင်းနိုင်တယ်လို့ ထင်နေကြတာလား..။ဘုရားသခင်တို့…ဆန်းလပ်စ် ..ငါက မင်းရဲ့ စွမ်းရည်တွေကိုတော့ တကယ် ယုံကြည်ပါတယ်…ဒါပေမဲ့..ငါက စစ်တပ်မရှိတဲ့ ချိန်းအရှင်သခင်တစ်ယောက်လို့ တစ်ခြားသူတွေက ပြောလာကြရင် ဘယ်လိုလုပ်မလဲ..။ငါ့ ပုံစံက ဘယ်လိုဖြစ်သွားမယ်ထင်လဲ..။အာ..မရဘူး..ဒီလို အရှက်ရမူမျိုးက အဖြစ်ခံလို့ မရဘူး..”

ဒီလိုပြောပြီးတာနဲ့ သူက သေတ္တာကို ဖွင့်လိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ အေးမြတဲ့ လရောင်နဲ့အတူပဲ တောက်ပနေခဲ့ပါတယ်..။

…ပြီးတော့ နောက်ထပ် တစ်ခနမှာပဲ..ကြောက်မက်ဖွယ် ကြောက်တုံးသားရဲကြီး လေးကောင်က ရုတ်တရက် လှုပ်လာခဲ့ကြပါပြီ…။

အပိုင်း ( ၇၁၂ ) ပြီး၏။

All Chapters