← Chapters

စစ်ပွဲ စည်မောင်း

Vol. 48 Ch. 713

စစ်ပွဲ စည်မောင်း

Vol. 48 Ch. 713

သဘော်ပျံက..ကျောက်တုံးသားရဲ ဆယ့်လေးကောင်နဲ့ အတူပဲ အောက်ဘက်ကောင်းကင်ရဲ့ အရိပ်တွေထဲမှာ သွားလာနေခဲ့တယ်..။အောက်ဘက်မှာ မီးတောက်ပင်လယ်ကြီး ရှိနေခဲ့ပြီး အပေါ်ဘက်မှာ ဘာမှ ရှိမနေခဲ့တာကြောင့်..သူတို့က..ငရဲမှာ ရွက်လွင့်နေကြရသလိုပါပဲ..။

နိုတစ်က ပဲ့ကိုင်နေရာမှာ ရပ်နေခဲ့ပြီး..ဖြူဖျော့တဲ့ အသားအရည်နဲ့အတူပဲ မျက်ကွင်းတွေ ညိုနေခဲ့ပါတယ်..။သူ့ အခြေအနေက သိပ်ပြီး မကောင်းဘူးဆိုပေမယ့်..သဘော်ကိုတော့ ကောင်းမွန်စွာ ထိန်းချုပ်နိုင်နေတုန်းပါပဲ..။

အပေါ်ဘက် ကုန်းပတ် ပေါ်မှာတော့..သဘော်သား အရုပ်တွေက..တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့ကြတယ်..။သူတို့က..ပစ်ခတ်ရေး သစ်သားလက်နက်တွေကို သင့်တော်ရာနေရာကို‌ေ ရွ့ပြောင်းကာ..ပစ်ခတ်ရေး ပစ္စည်းတွေ ထည့်သွင်းနေခဲ့ကြတယ်..။ပစ်ခတ်ရေး ပစ္စည်းတွေကလည်း ရိုးရှင်းတဲ့ အရာတွေ မဟုတ်ကြပါဘူး..။သူုတို့ရဲ့ မျက်နှာပြင်တွေမှ ရူးစ်တွေနဲ့ ထွင်းထုထားခဲ့ပြီး..ဝိဉာဉ်အဆီအနှစ်တွေနဲ့ဖြည့်နှက်ထားခဲ့ပါတယ်..။

ရုပ်ထုတွေကိုယ်တိုင်ကလည်း..လက်နက် တွေ တပ်ဆင်ထားခဲ့ကြတယ်..။သူတို့ရဲ့ ထည်ဝါတဲ့ အဝတ်အစားတွေကိုလည်း..သံမဏိချပ်ဝတ်အက်ျီတွေနဲ့..ပြောင်းလဲဝတ်ဆင်ထားခဲ့ပါတယ်..။သူတို့က ရန်သူကို တိုက်ခိုက်ဖို့နဲ့ သဘော်ကို ကာကွယ်ဖို့အတွက်..လေးတွေ ၊ ဓားတွေ နဲ့ ရဲဒင်းတွေကိုပါ ကိုင်စွဲထားခဲ့ကြတယ်..။ဘေးပတ်ဝန်းကျင်မှဦလည်း..မြားတွေနဲ့ ပြည့်နှက်နေတဲ့ မြားကျည်ထောက်တွေ ရှိနေခဲ့ပြီး..မီးတောက်တွေကို ငြိမ်းသတ်ဖို့အတွက် ရေတွေလည်း အများကြီး ရှိနေခဲ့ပါတယ်..။

အဲ့အချိန်မှာတော့ အောက်ဘက်ကနေ တက်လာတဲ့ လေပူတွေကို တားဆီးထားဖို့အတွက် သဘော်ရဲ့ ပတ်လည်မှာတောင်ပံတွေ ပေါ်ထွက်လာခဲ့ပါတယ်..။

သဘော်က လျင်မြန်စွာ ပျံသန်းနေတယ် ဆိုပေမယ့် အောက်ဘက်ကောင်းကင်မှာ ဘာမှရှိမနေခဲ့တာကြောင့် ဘယ်လောက် အမြန်နှုန်းနဲ့ ပျံသန်းနေတာလဲ ဆိုတာကို ပြောဖို့ ခက်ခဲပါတယ်..။သူ့ရဲ့ လျင်မြန်မူက အရမ်းကို မြန်ဆန်လွန်းတယ် ဆိုတာကို ဆန်နီ ပြောနိုင်တဲ့အချက်ကတော့ သဘော်မှာ စီးဆင်းနေတဲ့ အဆီအနှစ်တွေ နဲ့..သဘော်ကို လာရောက်ထိမှန်နေတဲ့ လေပြင်းတွေ ကြောင့်ပါပဲ..။

ဒီနှုန်းအတိုင်းသာ ဆက်ပြီးသွားနေမယ်ဆိုရင်တော့ သူတို့က မကြာခင်မှာပဲ..ဆင်စွယ်ရောင် တာဝါကို ရောက်ကြတော့မှာပါ..။

အဖွဲ့သားတွေဟာ လည်း တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့ကြတယ်..။

ကိုင်က သူ့ရဲ့ အဖြူ၊နဲ့ ရွှေရောင်ကို ရောစပ်ထားတဲ့..အကာအကွယ်အက်ျီကို..ဝတ်ဆင်ထားခဲ့တယ်..။ဒါက နေ တပ်ဖွဲ့တွေကို ဦးဆောင်တိုက်ပွဲဝင်ရင်း သူရရှိခဲ့တဲ့ အကာအကွယ် အက်ျီပါ..။သစ်သားမျက်နာဖုံးရဲ့ နောက်ကွယ်မှာတော…သူ့ရဲ့ မျက်လုံးတွေက လေးနက်ပြီး အာရုံစိုက်ထားခဲ့ပါတယ်..။သူက မြားတွေ အပြည့်ဖြည့်ထားတဲ့ ကျည်တောက်တစ်ခုကို ကျောမှာ လွယ်ထားခဲ့ပြီး လေးကိုတော့ လက်မှာကိုင်ထားခဲ့တယ်..။ဒီလေးက..စစ်ပွဲဂိုဏ်းရဲ့ ချန်ပီယံကို သတ်ပြီးတဲ့နောက်မှာ သူ ရရှိခဲ့တာဖြစ်ပြီး အတော်လေးကို ဖျက်ဆီးအား ပြင်းပါတယ်..။

အယ်ဖီကတော့..ဆန်နီ သူမကို ပေးထားခဲ့တဲ့ လှံရှည်ကို မှီပြီး ရပ်နေခဲ့တယ်..။ဆည်းဆာချိန် အမြုတေက သဘော်ပေါ်မှာ ထောက်ထားခဲ့တာကြောင့်..ကလေးမလေးရဲ့ အရပ်လောက် နီးပါးတောင် ရှိနေခဲ့ပါပြီ..။သူမက သေဆုံးမူအရှင်ကို သတ်ပြီးနောက်မှာ ရရှိထားတဲ့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားခဲ့တယ်..။

ဒါပေါ့ အယ်ဖီ ဆီမှာလည်း မှတ်သားမူတွေ အများကြီး ရှိပါတယ်..။သူမက မေ့ပျောက်ကုန်းမြေမှာကတည်းက မှတ်သားမူတွေ အများကြီးကို စုဆောင်းလာခဲ့တာဖြစ်ပြီး..အိပ်မက်ဆိုးမျိုးစေ့ ထဲမှာလည်း မရေမတွက်နိုင်တဲ့ သားရဲတွေကို သတ်ပြီး အမြုတေကို ပြည့်နှက်အောင် လုပ်ခဲ့ပါသေးတယ်..။သူက လိုအပ်လာလို့ ရှိရင်တော့ လက်နက်တွေ ၊ ကိရိယာ တွေ ၊ အဆောင်တွေ အားလုံးကို ထုတ်သုံးသွားမှာပါ..။

ရှေ့မှာ ကျရောက်လာတော့မယ့် တိုက်ပွဲက..ခက်ခဲပြီး ရှည်လျားတော့မှာကို သိနေခဲ့တာကြောင့်. ကလေးမလေးက..အသားကင်တွေ အပုံလိုက်ကို အားရပါးရ စားသောက်နေခဲ့တယ်..။

ကတ်စီကတော့ နိုတစ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပါတယ်..။သူမရဲ့ လက်တွေက တိတ်တဆိတ်ကခုန်သူ ရဲ့ အပေါ်မှာ တင်ထားခဲ့တယ်..။ဒီတိုက်ပွဲမှာ သူမရဲ့ အခန်းဂဏ္ဍကလည်း အတော်လေးကို အရေးပါပါတယ်..။မှော်ဆရာက ဆိုဗန် ၊နေမင်းသား တို့နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ..သူမက သဘော်ပျံကို ထိမ်းချုပ်ထားပြီး သဘော်သားအရုပ်တွေကို ကွပ်ကဲကာ..ရန်သူတွေကို မြှားခေါ်ထားရမှာပါ..။

..ဆန်နီ ကိုယ်တိုင်လည်း အဆင်သင့်ဖြစ်နေခဲ့တယ်..။

..သူက မြေအောက်ကမ္ဘာရဲ့ ဝတ်ရုပ်တော်ကို ဝတ်ဆင်ထားခဲ့တာကြောင့်..မဟူရာအကာအကွယ်က သူ့ရဲ့ နတ်ဆိုးခန္တာကိုယ်ပေါ်မှာ ရှိနေခဲ့ပါပြီ..။ဒီတိုက်ပွဲက လူသားတွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်တာကြောင့်..ဒီ အကာအကွယ်က ထာဝရချိန်းထက် ပိုပြီး အသုံးဝင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်..။

သူ သေခါနီးအချိန်မှာ ကုသကယ်တင်ပေးမယ့် အယ်ယက်ကလည်း ရှိမနေတော့တာကြောင့်..သူ့ရဲ့ မယုံနိုင်စရာ..စွမ်းရည်ကလည်း သိပ်ပြီး အသုံးဝင်နိုင်မှာ မဟုတ်ပေ..။

သွေးပန်းပွင့်ကတော့ မဟူရာ အကအာကွယ်ရဲ့ ချပ်ဝတ်ပြားအလယ်မှာ ရှိနေခဲ့ကာ..သူ့ရဲ့ ခွန်အားကို မြင့်တင်ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။သူ့ရဲ့ လက်လေးချောင်းမှာတော့..ရက်စက်သော မြင်ကွင်း ၊ လအမြုတေ နဲ့ မော်ဂန်ရဲ့ စစ်ပွဲလေးကို ကိုင်ဆောင်ထားခဲ့ပါတယ်..။

အရိပ်သုံးခုက သူ့ရဲ့ ဝိဉာဉ်ထဲမှာ အနားယူနေခဲ့ကြပြီး..အမိန့်ပေးတဲံ အချိန်မှာ ဖျက်ဆီး ၊ သတ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတယ်..။

သူက အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

ကောင်းပြီလေ…သူက ဒီထက်ပိုပြီး အဆင်သင့် မဖြစ်နိုင်တော့ပါဘူး..။

ဆန်နီ တွေးနေတုန်းမှာပဲ..နိုတစ် က ရုတ်တရက် လှုပ်ရှားလာခဲ့တယ်..။ယင်းနောက် အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာသူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်..။သူ့ရဲ့ အသံက ကြမ်းတမ်းနေပေမယ့် ရှင်းလင်းနေတုန်းပါပဲ..။

“အာ…သူတို့က နောက်ဆုံးတော့ ငါတို့ကို ခံစားမိသွားကြပြီ.”

အဖွဲ့သားတွေကလည်း သူ့ဘက်ကို လှည့်လိုက်ကြတယ်..။ဿူတို့ရဲ့ မျက်နှာတွေကတော့ တည်ငြိမ်နေခဲ့ပါတယ်..။

မှော်ဆရာက ပြုံးလိုက်ပြီး..ပဲ့ကိုင်ကို ရွေ့လျားကာ..သဘော်ကို အပေါ်ကို ပျံသန်းအောင် လုပ်လိုက်ပါတယ်..။သူ့ မျက်လုံးတွေကတော့ လရောင်နဲ့အတူပဲ တောက်ပနေခဲ့ပါပြီ..။

“ထပ်ပြီး ပုန်းနေလို့လဲ မထူးခြားတော့ဘူး..။ဘာပဲဖြစ်ဖြစ်..ငါတို့က အတော်လေးကို နီးကပ်နေကြပြီ..အိုး. ဘယ်လောက်တောင် အသက်ရှင်ဖို့ကောင်းတဲ့ ညမျိုးလဲ…သူငယ်ချင်းတို့..”

သူ့ ရဲ့ ရယ်သံကရှေးဟောင်းသဘော်းပေါ်မှာ ပျံ့နှံ့နေခဲ့တယ်..။သဘော်က အပေါ်ကို ဖြည်းဖြည်းချင်းတက်ပြီး..ချိန်းကျွန်းစုရဲ့ နက်မှောင်တဲ့အပိုင်းကို ချည်းကပ်လာခဲ့ပါတယ်..။

နောက်ထပ် မိနစ်အနည်းငယ် အတွင်းမှာ ဒီအိပ်မက်ဆိုးရဲ့ အဆုံးသတ်တိုက်ပွဲက စတင်တော့မှာကို သိနေရင်းပဲ..ဆန်နီ စိုက်ကြည့်နေခဲ့ပါတယ်..။

…သူ ဒီလိုလုပ်နေတဲ့ အချိန်မှာတော့…ကတ်စီက သူ့အနားကို တိတ်တဆိတ်ကပ်လာပြီး..ဘေးနားမှာ တစ်ခနလောက် ရပ်နေခဲ့တယ်..။

ယင်းနောက် သူမက စကားပြောလာခဲ့ပါတယ်..။

“ဘာကိစ္စပဲဖြစ်ဖြစ်…သူ့ကို တာဝါထဲ အဝင်မခံနဲ့…”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး သူမကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။

“ဘယ်သူလဲ..။ နိုတစ်လား…”

သူမ တစ်ခနလောက် တွေဝေနေခဲ့ပြီးကာမှ ခေါင်းခါယမ်းလိုက်ပါတယ်..။

“မဟုတ်ဘူး..မော်ဒရက်ပဲ…”

ဆန်နီ ပြုံးပြီး တစ်ဖက်ကို လှည့်သွားခဲ့တယ်..။

“ဘာလို့လဲ..။သူက အိပ်မက်ဆိုးကို ကျော်လွှားနိုင်မယ်လို့ အာမခံထားတာက အလိမ်အညာတစ်ခု ဖြစ်နေတာလား..”

အမျိုးသမီး ငယ်လေးဟာ အချိန်အတော်ကြာအောင် စကားပြန်မပြောခဲ့ပေ..။ယင်းနောက် ရိုးရှင်းစွာ ပြန်ဖြေလိုက်တယ်..။

“ဟင့်အင်..။ငါတော့ အဲလို မထင်ဘူး..”

ဆန်နီ သူမကို ကြည့်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။

“ဒါဆို ငါက ဘာလို့ သူ့ကို သွားတားရမှာလဲ..”

သူမ တစ်ခနလောက် တွေဝေနေခဲ့တယ်..။ယင်းနောက် ကတ်စီက မေးလာခဲ့ပါတယ်..။

“အိပ်မက်ဆိုးပြီးသွားတဲ့ အချိန်ကြရင် ဘာဖြစ်မှာလဲ…”

ဆန်နီ သက်ပြင်းချလိုက်ပြီး..နာကျည်းစွာ ရယ်မောလိုက်ပါတယ်..။

“ကောင်းပြီလေ…ငါနင့်ရဲ့ တောင်းဆိုမူကို စဉ်းစားပေးမယ်..”

သူတို့က အပေါ်ဘက်မှာရှိနေတဲ့ မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်ရဲ့ အမှောင်ဘက်ခြမ်းကို မြင်တွေ့နေရပါပြီ..။ပြီးတော့ စစ်ပွဲစည်ကြီးတွေ တီးခတ်နေတဲ့ အသံတွေကိုလည်း ကြားနေခဲ့ရတယ်..။

လျှပ်တပြတ် ဝင်ရောက်လာခဲ့တာကြောင့် စစ်တပ်နှစ်ခုက သူတို့ကို ရင်ဆိုင်ဖို့အတွက် အလျင်အမြန်ပြင်ဆင်နေခဲ့ရတယ်..။

ဆန်နီ သူ့ရဲ့ သူငယ်ချင်းတွေကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး..သာမန်အသံနဲ့ပဲ ပြောလိုက်ပါတယ်..။

“အချိန်ကျပြီလို့ ထင်တာပဲ..။ကံကောင်းပါစေ ကောင်လေးတို့..။မသေစေနဲ့…”

ကိုင်နဲ့ အယ်ဖီတို့ဟာ သူ့ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်ကြတယ်..။ကလေးမလေးက ရယ်မောလိုက်ပြီး..

“ငါတို့က ဘာလို့ သေရမှာလဲ..။ဒါက စစ်တပ်လေး နှစ်ခု နဲ့ အထွတ်အထိပ်အဆင့် သုံးယောက် တည်းပဲကို..။ဒါက ကိစ္စကြီး မဟုတ်ဘူး..”

သူမက တွေဝေနေပြေီးကာမှ..သုန်မုန်နဲ့ လေသံနဲ့ ထပ်ပြောလာခဲ့ပါတယ်..။

“ဒါပေမဲ့..နောက်တစ်ခါကြရင်တော့ မျှော်စင်တွေအောက်မှာ ကိုယ့်ကိုကို သတ်သေသလို တိုက်ရတဲ့ တိုက်ပွဲတွေဥို မတိုက်ဖို့ ကတိပေးကြရအောင်..။အိုကေလား..။ငါပြောချင်တာက..ငါတို့က ဒီလိုသာ ဆက်တိုက် တိုက်ခိုက်နေမယ်ဆိုရင် အလေ့အကျင့်တစ်ခု ဖြစ်သွားလိမ့်မယ်လေ..”

ဆန်နီက သူမကို ကြည့်ပြီး ပြုံးလိုက်တယ်..။

“ဒီတော့…ဘာလဲ..နောက်တစ်ကြိမ်ကြရင်.ငါတို့က တာဝါ အပေါ်မှာ တက်ပြီး တိုက်ခိုက်ရမှာလား..”

အယ်ဖီ သက်ပြင်းချလိုက်ပြီး..

“မဟုတ်ဘူး..ဘယ်တာဝါမှ မပါဘူး..။အနာဂတ်မှာ ကြီးမားတဲ့ တာဝါတွေ ၊ မျှော်စင်တွေကိုတစ်ခါတည်း ရှောင်ကြရအောင်..။အဲတာဆို ဘယ်လိုလဲ..”

ဆန်နီ ရယ်မောလိုက်ပြီး တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။ပြီးတာနဲ့ နီးကပ်လာနေတဲ့ ကျွန်းတွေကို ကြည့်နေခဲ့တယ်..။

“ဆိုးတော့ မဆိုးပါဘူး….ဒါပေမဲ့ ကတိတော့ မပေးနိုင်ဘူး ထင်တယ်…”

အပိုင်း ( ၇၁၃ ) ပြီး၏။

All Chapters