← Chapters

ကြောက်ရွံ့မူ ကင်းမဲ့ခြင်း

Vol. 48 Ch. 714

ကြောက်ရွံ့မူ ကင်းမဲ့ခြင်း

Vol. 48 Ch. 714

လုံးဝန်းနေတဲ့ ငွေရောင်လမင်းကြီးက ကောင်းကင်ထက် အမြင့်ဆုံးနေရောကို ရောက်ရှိသွားတဲ့ အချိန်မှာတော့…ရုတ်တရက် ရွေ့လျားမူတစ်ခုက အမှောင်ထုမှာ ဖြတ်သန်းလာခဲ့ပါတယ်..။စစ်ပွဲ စည်ကြီးတွေ ၊ လူသားတွေရဲ့ အသံတွေနဲ့အတူပဲ..သစ်သားသဘော်တွေက…ရှေ့ကို ပျံသန်းလာခဲ့ကြတယ်..။သဘော်တစ်စီးစီ တိုင်းမှာ လိမ္မော်ရောင် မီးအိမ်တွေကို တပ်ဆင်ထားခဲ့ကြပါတယ်..။တစ်ချို့သဘော်တွေမှာတော့ အနီရောင် ရွက်တိုင် ၊ အဖြူရောင် ရွက်တိုင်တွေ ရှိနေခဲ့တယ်..။မှိန်ဖျော့ဖျော့ လရောင် အောက်မှာတော့..သူတို့အားလုံးက မီးခိုးရောင် အဖြစ်သာ မြင်တွေ့ရပြီး အရောင်းကင်းမဲ့နေခဲ့ပါတယ်..။

ဒီ သဘော်တွေ ချီတက်လာတဲ့ ပုံက အလင်းမြစ်ကြီးတစ်ခု စီးဆင်းလာနေသလိုပါပဲ..။သူတို့ရဲ့ ကုန်းပေါ်မှာတော့..လူသားတွေရဲ့ ပုံရိပ်က ရွေ့လျားနေခဲ့ကြပြီး တိုက်ပွဲအတွက် အသင့်ပြင်နေခဲ့ကြပါတယ်..။စစ်သည်တွေက သူတို့ရဲ့ လက်နက်တွေကို စွဲကိုင်နေခဲ့ကြပြီး..လေးကြိုးတွေမှာ မြားတွေကို တပ်ဆင်နေခဲ့ကြတယ်..။သဘော်တွေရဲ့ ကပ္ပတိန်တွေကတော့..တောက်ပတဲ့လရောင်အောက်မှာ တင်းမာတဲ့ မျက်နှာ အမူအရာနဲ့ ရှိနေခဲ့ကြတယ်..။

..မကြာခင်မှာပဲ..အထီးကျန်နေတဲ့ အနက်ရောင်အစက်အပျောက်လေးတစ်ခုက..မြင်ကွင်းမှာပေါ်ထွက်လာခဲ့ပြီး ဖြည်းဖြည်းချင်း ဆိုသလိုပဲ..နီးသထက် နီးလာခဲ့ပါတယ်..။ဒီသဘော်တစ်စီးက တစ်ခြားသဘော်တွေထက် ပိုကြီးမား ထည်ဝါပြီး..တောက်ပနေတဲ့ စစ်သဘော်အုပ်စု ဆီကို ဦးတည်ပျံသန်းလာနေခဲ့တယ်..။သဘော်ရဲ့ အပေါ်မှာတော့ လှပတဲ့ သစ်ပင်ကြီးတစ်ပင် ရှိနေခဲ့ပြီး.. ဖြူဖျော့တဲ့ အသားအရည် ၊ နက်မှောင်တဲ့ ဆံပင်နဲ့ လူတစ်ယောက်က ပဲ့ထိန်းနေရာမှာ ရှိနေခဲ့တယ်..။သူက သဘော်ကို ဦးတည်မောင်းနှင်ပေးနေခဲ့တာပါ..။သူ့ရဲ့ မျက်လုံးတွေက မီးခိုးရောင်ရှိကာ ရှင်းလင်းနေခဲ့တယ်..။မျက်လုံးအိမ်ထဲမှာတော့ တောက်ပတဲ့ လရောင်ကို အလင်းပြန်နေခဲ့ပါတယ်..။

နိုတစ် ရဲ့ ဘေးနားမှာ ရပ်နေတဲ့ ဆန်နီကတော့ အကူအညီကင်းမဲ့စွာပဲ နောင်တရသလို ခံစားလိုက်ရတယ်..။

‘ချီးတဲ့မှပဲ…’

သူတို့က ချိန်းအရှင်သခင် တွေ ပြင်ဆင်ထားခြင်းမရှိတဲ့ ဒီအချိန်မှာ အလစ်ဝင်တိုက်ခိုက်ဖို့အတွက် ရွေးချယ်ထားခဲ့ကြတာပါ..။စစ်သားတွေ အများစုက ဆင်စွယ်ရောင်တာဝါကို ချီတက်နေကြဆဲဖြစ်ပြီး..သူတို့ရဲ့ ဖွဲ့စည်းပုံက ကျိုးပျက်ကာ ကစဉ့်ကလျားဖြစ်နေခဲ့တယ်။ဒီလောက် ကြီးမားတဲ့ စစ်တပ်ကြီးနှစ်ခုကို အတူတကွ ပေါင်းစည်းဖို့ ဆိုတာက မလွယ်ကူပါဘူး..။ပြီးတော့ နိုတစ်က သူတို့ ဗရမ်းဗတာ ဖြစ်နေတဲ့ အချိန်အတိအကျကို ရွေးချယ်ပြီး သူ့ရဲ့ တိုက်ခိုက်မူကို စတင်ခဲ့တာပါ..။

…ဒါတောင်မှ မြို့ကို ကာကွယ်ပေးဖို့အတွက် လုံလောက်တဲ့ အင်အားတစ်ချို့က ရှိနေခဲ့ပါသေးတယ်..။အနည်းဆုံးတော့ ရာနဲ့ချီတဲ့ သဘော်တွေက ကောင်းကင်ထက်ကို ပျံသန်းလာခဲ့ပြီး သူတို့ကို ဖျက်ဆီးဖို့အတွက် ဦးတည်လာခဲ့ကြတယ်..။သူတို့ထဲက တစ်ချို့က နိုးထသူတွေဖြစ်ကြပြီး..တစ်ချို့ကတော့ တက်ရောက်သူတွေပါ..။သို့ပေမယ့် အကုန်လုံးကတော့ စစ်ပွဲမှာ ပါဝင်နိုင်ခွင့်ရှိကြတဲ့ ထူးချွန်ပြောင်မြောက်တဲ့ စစ်သည်တော်တွေ ချည်းပါပဲ..။

ပြီးတော့ အောက်ဘက်တစ်နေရာရာမှာလည်း အထွတ်အထိပ်အဆင့် အင်မော်တယ် နှစ်ယောက်က သူတို့ရဲ့ အလှည့်ကို စောင့်ဆိုင်းနေခဲ့ကြတယ်..။

ဒီအရာကို နိုတစ် နဲ့ သူ့ရဲ့ အဖွဲ့သားတွေက ရင်ဆိုင်နေကြရတာပါ..။

ဆန်နီ တစ်ခနလောက် တွေဝေနေခဲ့ပြီးကာမှ..နီးကပ်လာနေတဲ့ အလင်းရောင်စီးကြောင်းတွေကို ကျော်ပြီး ဆင်စွယ်ရောင် မြို့ရဲ့ ပုံရိပ်ကို ကြည့်လိုက်ပါတယ်..။ဒီမြို့တော်က ညအခိန်မှာတောင် နေ့အချိန်မှာကြည့်နေရသလို မျိုး လှပနေခဲ့တာပါ..။မြင်းမားတဲ့ ပေါင်းကူးတွေရဲ့ ထည်ဝါလှပတဲ့ ပုံစံတွေ ၊ ကျွန်းတွေကို ဆက်သွယ်ပေးထားတဲ့ တံတားတွေ ၊ အဖြူရောင် မာဗယ်ကျောက်နဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေက အတော်လေးကို လှပနေခဲ့တယ်..။

မြို့ရဲ့ လမ်းမတွေပေါ်မှာ ဘယ်သူမှရှိမနေခဲ့ပေမယ့်..ခိုင်မာပြီး လုံခြုံတယ်လို့ ထင်ရတဲ့ မြို့တံတိုင်းရဲ့နောက်ဘက်မှာ ကြောက်ရွံ့တုန်လှုပ်နေတဲ့ ဝိဉာဉ်တွေ ထောင်ပေါင်းများစွာ ရှိနေတာကို သူ ခံစားနေခဲ့ရပါတယ်..။ ဘယ်လိုကပ်ဆိုးမျိုး ဖြစ်လာမလဲ ဆိုတာကို မသိပေမယ့်..သူနဲ့ သူ့ရဲ့ သူငယ်ချင်းတွေကတော့ …သူတို့ရဲ့ အိမ်တံခါးဝကို ရောက်လာခဲ့ကြပါပြီ..။

ဒီလူတွေက ကိုင် ကို နဂါးတစ်ကောင်ရဲ့ အစာအဖြစ် ကျွေးဖို့ စတေးခဲ့ကြပြီး..ကိုင် ကံကောင်းထောက်မပြီး အသက်ရှင်ခဲ့တဲ့ အချိန်မှာတောင် မီးရှို့သတ်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုတာကို သူ့ကိုယ်သူ သတိပေးလိုက်တယ်..။

ပြီးတော့..နဂါးကိုယ်တိုင်ကလည်း ဒီနေရာမှာ ရှိနေခဲ့ပါတယ်..။သူ နေထွက်မလာခင်အချိန်အထိ …အခုချိန်မှာ အတော်လေးကို အားနည်းနေခဲ့တာပါ..။

‘ဒီတိုင်းး သဘော်အစီး တစ်ရာလေးပဲလေ…ဘာတွေကြောက်နေဖို့ လိုအပ်မှာလဲ..။ငါက ဒီတိုင်း ဆယ်စီး..အစီးနှစ်ဆယ် လောက်ကို ဖျက်ဆီးဖို့ပဲ လိုအပ်တာ.။တက်ရောက်မူ အဆင့် အနည်းငယ်ကိုလည်း သတ်ရမှာပေါ့..။ကိစ္စကြီးမဟုတ်ဘူး..”

ကုန်းပတ်ပေါ်က လူသားတွေကို မြင်တွေ့ရလောက်တဲ့ အထိ သဘော်စစ်တပ်ကြီးက နီးကပ်လာနေခဲ့ပါပြီ..။လေးပြင်းတစ်ချက်နဲ့ အတူပဲ..ကျွေးကျော်သံတွေ ထွက်ပေါ်လာခဲ့တယ်..။ဆန်နီဟာ..ဒီ ကြွေးကြော်သံတွေကို ချက်ချင်းမှတ်မိလိုက်တာကြောင့် ကျောချမ်းသွားသလိုတောင် ခံစားလိုက်ရပါတယ်..။

…ခမ်းနား….ခမ်းနား….ခမ်းနားမူ…..

သူက အလင်းရောင်း ကင်းမဲ့နေတဲ့ မျက်လုံးတွေကို သေချာဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့..နောင်တတရားတွေ ၊ သံသယတွေ အားလုံးပျောက်ကွယ်သွားခဲ့တယ်..။အခုချိန်မှာတော့ သူ့မှာ အေးစက်တဲ့ သတ်ဖြတ်လိုစိတ်တွေသာ ကျန်ရစ်နေပါတော့တယ်..။

သူရဲ့ နောက်ဘက် တစ်နေရာရာမှာတော့ နိုတစ်ဟာ ပြုံးလိုက်ပြီး..အက်ကွဲနေတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

“အခု ..ငါတို့ကိုသာ ကြည့်နေပေတော့…နတ်ဘုရားတွေ…”

ခနအကြာမှာတော့..သဘော်ရဲ့ ဦးပိုင်းမှာရှိနေတဲ့ ကြီးမားတဲ့ ပစ်ခတ်ရေး ကိရိယာကြီးဟာ..အသံတွေမြည်လာခဲ့ပြီး..လေးလံတဲ့ ပစ်ခတ်မူတစ်ခုကို အမှောင်ထုထဲမှာ ဖန်တီးလိုက်ပါတယ်..။ဒီအရာက ကောင်းကင်ပေါ်ကို မြှောက်တက်သွားတဲ့ အချိန်မှာတော့..သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ရူးစ် တွေက..အရောင်တွေတောက်ပလာခဲ့ကာ..လေတွေက အသံတွေမြည်လာခဲ့တယ်..။

ပြီးတာနဲ့..ဒုံးကျည်တစ်ခုလို လျှင်မြန်စွာ ထိုးထွက်သွားခဲ့ပြီး..သဘော်တပ်ကြီးရဲ့ ရှေ့ဆုံးမှာရှိနေတဲ့ သဘော်ရဲ့ ကိုယ်ထည်ကို ထိမှန်သွားခဲ့ပါတယ်..။ဒီအရာက ရန်သူရဲ့ အတွင်းပိုင်း ကိုယ်ထည်အထိ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး..အလင်းတန်းတစ်ခုနဲ့ အတူပဲ ပေါက်ကွဲမူ အဖြစ်ပြောင်းလဲသွားခဲ့ကာ..သွေးတွေစွန်းပေနေတဲ့ အကြွင်းအကျန်တွေကိုသာ ကျန်ရစ်စေခဲ့ပါတယ်..။

သဘော်တစ်စီးလုံးက ရုတ်ချည်းဆိုသလိုပဲ ဖျက်ဆီးခံလိုက်ရတာပါ..။

နိုတစ်က ရူးသွပ်စွာပဲ ရယ်မောလိုက်တယ်..။သူ ရယ်မောနေစဉ်မှာပဲ..သဘော်သား အရုပ်တွေက..ပစ်ခတ်ရေး လက်နက်ကြီးကို..နောက်တစ်ကြိမ် ကျည်ပြန်ဖြည့်နေခဲ့ပါပြီ..။သူတို့က ဒီလိုလုပ်ရင်း အလုပ်ရှုပ်နေတုန်းမှာတော့ မှော်ဆရာက ပဲ့ထိန်းလက်ကိုင်တွေကို ရွေ့လျားလိုက်ပြီး..သဘော်တစ်ကို ကန့်လန့်ဖြတ်လှည့်လိုက်ကာ..တန်ဆင်ထားတဲ့ လက်နက်တွေကို ရန်သူဘက် မျက်နှာမူစေလိုက်ပါတယ်..။

…ပြီးတော့..ဒီလိုနဲ့ပဲ..သမိုင်းကြောင်းရဲ့ ဦးတည်ချက်ကို ထာဝရပြောင်းလဲပေးနိုင်တဲ့ တိုက်ပွဲကြီးက စတင်ခဲ့ပါပြီ..။

…..

မှော်ဆရာရဲ့ သဘော်က အရွယ်အစား ၊ အမြန်နှုန်းနဲ့..မှော်စွမ်းအားပိုင်း ၊ လက်နက်ပစ်ခတ်နိုင်တဲ့ အကွာအဝေးတွေမှာ အတော်လေးကို အားသာနေခဲ့တယ်..။သို့ပေမယ့်..ဒီကွာခြားချက်က မကျော်လွှားနိုင်လောက်အောင် ကြီးမားနေတာတော့ မဟုတ်ပါဘူး..။သူတို့က ပစ်ခတ်ရေးလက်နက်ကို ကျည်ပြန်မဖြည့်နိုင်သေးခင်မှာပဲ..ရန်သူသဘော်တွေဆီကနေ ပစ်ခတ်လာတဲ့..မြားတွေကို ရင်ဆိုင်နေခဲ့ရပါပြီ..။

“အဆင်သင့်ပြင်ထားတော့ သူငယ်ချင်းတို့..”

သဘော်သား အရုပ်တွေဟာ..ဘယ်ဘက်မှာရှိနေတဲ့ လီဗာတွေကို ဆွဲကာ..သေးငယ်ပေမယ့် ဖျက်ဆီးအားပြင်းတဲ့ ပစ်ခတ်ရေး လက်နက်တွေနဲ့ သဘော်တပ်ကြီးဆိုကို ပြန်လည်ပစ်ခတ်လိုက်ကြပါတယ်..။ကျန်တဲ့ အရုပ်တွေကတော့..မပြောင်းလဲတဲ့ သစ်သား မျက်နှာတွေနဲ့..သူတို့ရဲ့ လေးတွေကို အဆင်သင့်ပြင်ထားခဲ့ကြတယ်..။

ဆန်နီကလည်း မော်ဂန်ရဲ့ စစ်ပွဲလေးကို မြှောက်လိုက်ပြီး..လေးကြိုးကို ဆွဲတင်ဖို့ အဆင်သင့် ပြင်ထားခဲ့တယ်..။ယင်းနောက် နောက်ပြန်လှည့်ကြည့်လိုက်ပြီး မေးလိုက်ပါတယ်..။

“ဆိုဗန် က ဘယ်မှာလဲ…။နေမင်းသား ကရော..”

နိုတစ် စဉ်းလဲတဲ့ အပြုံးတွေနဲ့ ပြုံးလိုက်တယ်..။

“မင်း မခံစားရဘူးလား..။သူတို့က အနားကို ရောက်လာနေကြပြီ..။ကျရှုံးမူသံစဉ်.., မိန်းကလေး..မကြာခင်မှာ မင်းက ပဲ့ကိုင်တွေကို ထိန်းချုပ်ရတော့မယ် ထင်တယ်..။ဒါပေမဲ့ စိတ်မပူပါနဲ့..။လရောင်တောက်ပနေသ၍ ငါ သူတို့နှစ်ယောက်စလုံးကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်..”

သူ တစ်ခနလောက် တွေဝေနေပြီးကာမှ သဘော်ကို နောက်တစ်ကြိမ် လှည့်လိုက်ကာ ထပ်ပြောလိုက်တယ်..။

“ဒါပေမဲ့ မင်းရဲ့ ရန်သူသဘော်တွေကိုတော့ သေချာသတိထားပါ..။တကယ်လို့ မင်းသား ဂရုမစိုက်ဘူး ဆိုရင် ..သူတို့က ငါ့ရဲ့ အလှအပလေးကို အချိန်မရွေးဖျက်ဆီးသွားလိမ့်မယ်..။မင်းရဲ့ ခန္တာကိုယ်ကို မြားတွေ နဲ့ ထိုးဖောက်သွားဖို့ကတော့ ပြောနေစရာတောင် မလိုအပ်ဘူး..”

သဘော်တွေ အားလုံးက ကိုယ်ပိုင်လက်နက်တွေနဲ့ ပစ်ခတ်လို့ ရနိုင်လောက်တဲ့ အကွာအဝေးတစ်ခုအထိ နီးကပ်နေခဲ့ပါပြီ..။မှော်ဆရာရဲ့ သဘော်ကိုယ်ထည်က..ထည်ဝါ ၊ မြန်ဆန် ပြီး ခုခံအားကောင်းတယ် ဆိုပေမယ့်..မိုးရွာသွန်းသလို တရစပ်ပစ်ခတ်မူတွေရဲ့အောက်မှာတော့ ဘယ်အရာကမှ ရှင်သန်နိုင်မှာ မဟုတ်ပေ..။ဆန်နီ စိုးရိမ်သွားခဲ့ပြီး..သူ့ရဲ့ ဒေါင်လိုက်မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါတယ်..။

သို့ပေမယ့် တိုက်ခိုက်မူရောက်မလာခင် မိနစ်အနည်းငယ် အလိုမှာပဲ..ကြောက်မက်ဖွယ်အရိပ် ဆယ့်လေးခုက ကျွန်းရဲ့ အောက်ဘက်ကနေ ရုတ်တရက် ပျံသန်းထွက်ပေါ်လာခဲ့ပြီး..ရန်သူ သဘော်စစ်တပ်ရဲ့ ပထမအတန်းကို ဖျက်ဆီးပစ်လိုက်ပါတယ်..။သစ်သားအပိုင်းအစတွေ က လေထဲမှာ ပျံ့ကျဲသွားခဲ့ပြီး..ရန်သူရဲ့ စစ်တပ် ဖွဲ့စည်းပုံက တစ်ခနလောက် ပျက်ယွင်းသွားခဲ့တယ်..။

အဲ့အခိုက်အတန့်မှာပဲ..နိုတစ်က သဘော်ကို အောက်ကို ထိုးဆင်းလိုက်ပြီး..ရန်သူသဘော်စစ်တပ်ရဲ့ ချိန်ရွယ်မူတွေကို အနည်းငယ်မျှအကွာအဝေးကနေ ရှောင်ရှားသွားခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..နောက်ထပ် ဒုံးကျည်တွေကို ထပ်မံပစ်ခတ်ကာ..ရှုပ်ထွေးမူတွေကို ထပ်မံပေါင်းထည့်လိုက်တယ်..။

မှော်ဆရာဟာ..ဆန်နီ ၊ အယ်ဖီ နဲ့ ကိုင်တို့ကို ကြည့်ပြီး ပြုံးပြလိုက်ပါတယ်..။

“အခု မင်းအလှည့်ရောက်ပြီ ဆန်းလပ်စ်…။အခု မဟုတ်ရင်..ဘယ်တော့မှ….”

ယင်းနောက် သူက ရုတ်တရက် ဆိုသလိုပဲ တိတ်ဆိတ်သွားခဲ့တယ်..။

နဂိုကတည်းက ဖြူဖျော့နေခဲ့တဲ့ နိုတစ်ရဲ့ မျက်နှာက စက္ကူတစ်ရွက်လို အဖြူရောင်ပြောင်းသွားခဲ့ပါတယ်.။သူက အော်ဟစ်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာလှည့်ကာ..အံ့ဩသင့်နေတဲ့ အမူအရာနဲ့ အပေါ်ကို မော့ကြည့်လိုက်တယ်..။

ခနအကြာမှာတော့..ဆန်နီဟာ..အင်မော်တယ်ရဲ့ တီးတိုးပြောလိုက်တဲ့ အသံကို နိမိတ်မကောင်းစွာ ကြားလိုက်ရပါတယ်..။

“အိုး…ဒါက မကောင်းတော့ဘူး….လုံးဝကို မကောင်းတော့ဘူး..”

ဆန်နီ ကျောချမ်းသွားသလို ခံစားလိုက်ရတာကြောင့် မှော်ဆရာ ကြည့်နေခဲ့တဲ့ နေရာကို လိုက်ပြီး ကြည့်လိုက်တယ်..။သူက ညအချိန်ရဲ့ ကောင်းကင်ယံကို ကြည့်နေခဲ့တာပါ..။

ယင်းနောက် သူ အေးခဲသွားခဲ့တယ်..။

‘ဘ...ဘယ်လို…’

လမင်း…က

လမင်းကြီးက…ပျောက်ကွယ်နေခဲ့ပါပြီ….။

အပိုင်း ( ၇၁၄ ) ပြီး၏။

All Chapters