← Chapters

အခန်း (၇၁၅)

Vol. 48 Ch. 715

အခန်း (၇၁၅)

Vol. 48 Ch. 715

အပိုင်း ( ၇၁၅ )

ကောင်းကင်ယံမှာတော့ ငွေရောင်လမင်းကြီးက..ကြီးမား ကျယ်ပြန့်တဲ့ အရိပ်တွေရဲ့ ဝါးမြိုမူကို ခံနေရတဲ့အလား..ဖြည်းညှင်းစွာပဲ ပျောက်ကွယ်သွားခဲ့တယ်..။သူ့ရဲ့ အစွန်းတစ်ဖက်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး..ရွေ့လျားမူတစ်ခုချင်းစီတိုင်းမှာ အရိပ်တွေအောက်ကို ပိုပိုပြီး ရောက်ရှိနေခဲ့တယ်..။ဒီ မြင်ကွင်းက….

လ ကြပ်နေသလို ပါပဲ..။

နိုတစ်က ဖြူဖျော့နေခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..ဆန်နီဟာ..ရုတ်တရက် စွမ်းအင်တွေ ပြည့်ဝလာသလို ခံဏားလိုက်ရပါတယ်..။ဒါက တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ အရိပ်တွေအားလုံး ပိုပို နက်မှောင်လာပုံရပြီး..သူကိုယ်တိုင်လည်း နက်မှောင်လာနေခဲ့တယ်..။ဒီခံစားချက်က ထူးဆန်းပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်..။

သို့ပေမယ့်..ဒီ လကြပ်ခြင်း ဖြစ်စဉ်က သူတို့အားလုံးအတွက် မကောင်းတဲ့ အတိတ်နိမိတ်ကို ဖော်ဆောင်ထားတယ် ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။

သူက မှော်ဆရာဖက်ကို လှည့်ကာ မေးလိုက်တယ်..။

“ဘာတွေဖြစ်နေတာလဲ..”

နိုတစ်က ပျောက်ကွယ်နေပြီဖြစ်တဲ့ လမင်းကြီးကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်ပြီး ပြောလိုက်တယ်..။

“ငါ..ငါထင်တာတော့ ဆေးဗားရက် မှာလည်း သူ့ရဲ့ ကိုယ်ပိုင်လှည့်ကွက်တွေ ရှိနေတဲ့ ပုံပဲ..။သူ့လက်ထဲမှာ အရိပ်ရဲ ဒိုမိန်း အချို့ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”

မှော်ဆရာရဲ့ လမ်းပျောက်နေတဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ဆန်နီ အော်ပြောလိုက်တယ်..။

“မင်းရဲ့ အားနည်းချက်က ဘယ်လောက် ဆိုးဝါးလို့လဲ..။လရောင်က လုံးဝပျောက်ကွယ်သွားတဲ့ အချိန်ကြရင် မင်းက ဘယ်လောက်တောင် အားနည်းသွားမှာလဲ..။ငါတို့ အခုဘယ်လိုလုပ်ကြမလဲ..”

ဆင်စွယ်ရောင်မြို့တော်ကနေ ရောက်လာတဲ့ စစ်တပ်ကြီးက သူတို့ကို ပျက်ဆီးပစ်ဖို့ နီးသထက် နီးလာပြီဖြစ်တာကြောင့်..သူတို့က အချိန်ဖြုန်းနေလို့ မရပါဘူး..။တိုက်ပွဲကြီး မစတင်ခင်မှာ သူတို့အတွက် အချိန်အနည်းငယ်လောက်သာ ရှိပါတော့တယ်..။ဘာတွေဖြစ်နေပြီလဲ..ဆိုတာကို သူ သိထားဖို့ လိုအပ်နေပါပြီ..။

နိုတစ်က တဖြည်းဖြည်းချင်း မှိန်သွားတဲ့ လမင်းကြီးကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးကာမှ အကြည့်ကို လွှဲကာ သက်ပြင်းချလိုက်တယ်..။

“ကောင်းပြီလေ..”

သူ့ရဲ့ နှုတ်ခမ်းထက်မှာ အားနည်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“…မင်းတို့က စစ်တပ်ကြီးကို တားဆီးထားတဲ့ အချိန်မှာ ငါက ဆိုဗန် နဲ့ နေမင်းသားကို ကိုယ်တွယ်လိုက်မယ် လို့ ပြောတာကို မင်းတို့ မှတ်မိကြလား.”

မှော်ဆရာရဲ့ အပြုံးက ပိုမိုကြီးမားလာခဲ့တယ်..။သူ့ရဲ့ မျက်လုံးထဲမှာတော့ ရူးသွပ်တဲ့ အရိပ်အယောင်တေ‌ွေ ပေါ်ထွက်လာခဲ့ပါတယ်..။

“အစီစဉ် ပြောင်းသွားပြီ..။မင်းတို့က နေမင်းသားကို နည်းနည်းလောက် အလုပ်ရှုပ်အောင် လုပ်ပေးထားဖို့ လိုလိမ့်မယ်..။ငါ.ကတော့…အာ…ငါက ဆိုဗန် ကို ရင်ဆိုင်လိုက်မယ်..။မင်းတို့ ကံကောင်းကြပါစေ သူငယ်ချင်းတို့..။ပြီးတော့..ငါလည်း ကံကောင်းပါစေ..”

ဒီလိုပြောပြီးတာနဲ့ သူက မှော်စက်ဝန်းထဲကနေ အပြင်ကို ထွက်လာခဲ့ပြီး ကတ်စီကို ပဲ့ကိုင်ဖို့အတွက် အချက်ပြလိုက်ပါတယ်..။ကတ်စီက အလျှင်အမြန်ပဲ ပဲ့ကိုင်တွေကို ထိန်းချုပ်လိုက်တယ်..။ခနအကြာမှာတော့.. နိုတစ်က သဘော်ရဲ့ ဦးပိုင်းမှာ ရပ်နေလျက်သားဖြစ်နေခဲ့ပါပြီ..။သူ့ရဲ့ နက်မှောင်တွေတဲ့ ဆံပင်တွေက..လေပြင်းတွေအောက်မှာ ကခုန်နေခဲ့ကြတယ်..။

ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့ပြီး လှမ်းအော်ပြောလိုက်တယ်..။

“ခနလေး…။သောက်ကျိုးနဲ..ငါတို့က အထွတ်အထိပ်အဆင့် တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ထိန်းထားရမှာလဲ..”

မှော်ဆရာက သူ့ကို လည်ပြန်ကြည့်လိုက်ပြီး သဘောကျစွာ ရယ်မောလိုက်တယ်..။

“ငါလည်း မသိဘူးလေ..။နည်းလမ်းတစ်ခုခု ရှာကြည့်လိုက်…ငါ့ရဲ့ ဓားနဲ့ သူ့ကို ထိုးကြည့်ရင်လည်း ထိုးကြည့်လိုက်လေ..။မဟုတ်ဘူး..အဲဒီ သံမဏိ သတ္တဝါကို ဓားနဲ့ ထိုးတာက ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..”

ဒီလိုပြောပြီးတာနဲ့ သူက ရှေ့ကို ခြေတစ်လှမ်းထပ်တိုးလိုက်ပြီး အောက်ကို ခုန်ဆင်းသွားခဲ့ပါတယ်..။သူက လေပြင်းတွေနဲ့ အတူပဲ..အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်..။

ဒီလိုနဲ့ပဲ နိုတစ်က မရှိတော့ပါဘူး..။

ဆန်နီက မှော်ဆရာ အစောတုန်းက ရပ်နေခဲ့တဲ့ နေရာကို ..အံ့ဩသင့်စွာပဲ စိုက်ကြည့်နေမိတယ်..။သူ့ရဲ့ တစ်ခနလောက် အံ့ဩသင့်နေမူကို ကတ်စီရဲ့ အော်သံက လှုပ်နိုုးလာခဲ့ပါတယ်..။

“ဆန်နီ…။နောက်ထပ် စက္ကန့်အနည်းငယ်လောက်ပဲ ကျန်တော့တယ်..။ငါတို့ ဘာလုပ်မှာလဲ..”

မျက်မမြင်မိန်းကလေးက သဘော်ပျံကို ထိန်းချုပ်ရင်း သဘော်စစ်တပ်ကြီးဆီကနေ ပစ်ခတ်လာတဲ့ တိုက်ခိုက်မူ အားလုံးကို တစ်ပြိုင်နက်တည်း မခံရအောင် လမ်းကြောင်းပြောင်းလိုက်ပါတယ်..။သူမက မျက်လုံးမမြင်ရပဲ..ဒီရှေးဟောင်းသဘော်ကြီးကို ဘယ်လို ထိန်းချုပ်မောင်းနှင်နေတာလဲ ဆိုတာကို ဆန်နီလည်း နားမလည်တော့ပါဘူး..။သို့ပေမယ့် အခုချိန်မှာ ဒီအရာက အဓိက အချက်တစ်ခုမဟုတ်ပေ..။သူက ခနလောက်တွေဝေနေပြီးကာမှ တစ်ဖက်ကို လှည့်ကာ နောင်တရတဲ့ အမူအရာနဲ့ အော်ဟစ်လိုက်တယ်..။

“ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ်..။ဘာမှမပြောင်းလဲဘူး..”

အယ်ဖီက ဆည်းဆာချိန်အမြုတေကို မြှောက်ပြီး မေးလိုက်တယ်..။

“ဟို ခွေးသားကိုရော ဘယ်လိုလုပ်မှာလဲ..”

ဆန်နီ အံကိုကြိတ်လိုက်ပြီး..

“ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကြည့်ရတာကတော့ ဒီကောင်က ပျံသန်းနိုင်ပုံ မရဘူး..။ငါတို့ လေထဲမှာ ရှိနေသ၍ အန္တရာယ်ကင်းလိမ့်မယ်လို့တော့ ထင်တာပဲ..”

ကတ်စီက ပဲ့ကိုင်တွေထဲက တစ်ခုကို တွန်းလိုက်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။သူ့ရဲ့ အသံက တုန့်ဆိုင်းစွာ ထွက်ပေါ်လာခဲ့ပါတယ်..။

“ဒါပေမဲ့ သူ နိုတစ်ဆီကို မသွားအောင် ငါတို့က ဘယ်လိုတားဆီးထားမှာလဲ..”

သူက သူမကို ကြည့်ပြီး ကျိန်ဆဲလိုက်တယ်..။

“မသိတော့ဘူး..။အဲ့ခွေးသားကို လက်နက်တွေနဲ့သာ အသေပစ်လိုက်တော့..။အကြီးဆုံးနဲ့သာပစ်..”

ဒီလိုပြောပြီးတာနဲ့ ဆန်နီက မျက်မမြင်မိန်းကလေးကို ချန်ထားခဲ့လိုက်ပြီး ရှေ့ကို ပြေးတက်သွားလိုက်ပါတယ်..။

ရန်သူ သဘော်တွေက အရမ်းကို နီးကပ်နေခဲ့ပြီဖြစ်တာကြောင့်..သူတို့ရဲ့ ကုန်းပတ်ပေါ်က ရန်သူတွေရဲ့ အရိပ်တွေကို သူ ခံစားမိနေခဲ့တယ်..။

ဆိုလိုတာကတော့…သူ ၊ အယ်ဖီ နဲ့ ကိုင်တို့ တိုက်ခိုက်ရမယ့် အချိန် ရောက်လာခဲ့ပါပြီ..။

….

သဘော်တပ်ကြီးရဲ့ ဖွဲ့စည်းပုံကတော့ သူတို့ကို ဖျက်ဆီးနေခဲ့တဲ့ ကျောက်တုံး သားရဲ ဆယ့်လေးကောင်ကြောင့် အခြေအနေဆိုးဝါးနေခဲ့တယ်..။ဧရာမ ကျောက်တုံးသားရဲတစ်ကောင်ချင်းစီ ရဲ့ အထဲမှာ ပျက်ပြားခြင်းအဆင့် သတ္တဝါရဲ့ ဝိဉာဉ်တွေ ပါဝင်နေခဲ့တာကြောင့်..သူတို့ရဲ့ ခွန်အားနဲ့ ရက်စက်ကြမ်းတမ်းမူက ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်..။ဒါက နိုတစ် သတ်ခဲ့တဲ့ မူလ သားရဲတွေလောက် အားကောင်းချင်းမရှိကြတော့ ပေမယ့် အတော်လေးကို နီးစပ်ပါတယ်..။

ပြီးတော့ ဒီလိုဆိုရင်တောင်မှ..သူတို့တွေနဲ့တင် လုံလောက်ခြင်းမရှိပေ..။အမှန်တော့ ဒီ ကျောက်တုံးသားရဲ လေးကောင်က အာရုံလွဲပြောင်းဖို့ အတွက်ပါပဲ..။

အဓိက တိုက်ခိုက်မူတွေက အခုချိန်အထိ ရောက်မလာသေးပေ..။

ထည်ဝါလှပတဲ့ သဘော်ဟာ..သဘော်တပ်မကြီးရဲ့ လက်နက်တွေနဲ့ အရမ်းကို နီးကပ်တဲ့နေရာကို ရောက်လာတဲ့ အချိန်မှာတော့..အောက်ကို ထိုးဆင်းသွားခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..ပုံရိပ်တစ်ချို့က လေပေါ်ကို ခုန်ပျံလာခဲ့ကြပါတယ်..။

ခနအကြာမှာတော့..လေထုတစ်ခုလုံးက သွေးရနံံတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်..။

သဘော်တွေထဲက တစ်စင်းရဲ့ ကပ္ပတိန်က အပေါ်ဘက်ကို လက်ညိုးထိုးပြီး အော်ဟစ်နေခဲ့တယ်..။သို့ပေမယ့် သူ့ရဲ့ လည်ပင်းကို မြားတစ်စင်းက ထိုးဖောက်ဝင်ရောက်ပြီး လဲကျသွားခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..အပေါ်ကနေ တစ်ခုခုက ပြုတ်ကျလာခဲ့ပါပြီ..။ဒါကတော့..လေးလံတဲ့ ဒိုင်းကာတစ်ခုကို ကိုင်ဆောင်ထားတဲ့ ကလေးမလေးတစ်ယောက်ပါ..။သူမရဲ့ အထက်မှာတော့..သစ်သားမျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်က လေထဲမှာ ရှိနေခဲ့တယ်..။သူက လေးကြိုးကို နောက်တစ်ကြိမ် ဆွဲတင်ပြီးနေပြီးပါပြီ..။

အယ်ဖီကတော့..ကိုင်က သူ့ကို ပစ်ချပေးပြီးတဲ့နောက်မှာပဲ သဘော်ကုန်းပတ်ပေါ်ကို ရောက်သွားခဲ့တယ်..။ပြီးတာနဲ့ သူက ခန္တာကိုယ်ကို တပတ်လှိမ့်ကာ မတ်တတ်ထရပ်လိုက်ပါတယ်..။သူမရဲ့ လက်ထဲမှာ ရှိနေတဲ့ လှံရှည်ကတော့ ..ဒေါသတကြီး အနီရောင် အလင်းရောင်တွေနဲ့တောက်ပနေခဲ့ပါပြီ..။လှံရှည်က ရန်သူတစ်ယောက်ရဲ့ ရင်ဘတ်ကို ထိုးဖောက်သွားတဲ့ အချိန်မှာတော့…ကြက်သွေးရောင် သွေးတွေနဲ့ ပိုလို့တောင် တောက်ပလာခဲ့တယ်..။

အဲ့အချိန်မှာပဲ နောက်ထပ် နိုးထသူ တစ်ယောက်က မြားတစ်ချောင်း ထိမှန်ပြီး ဒယိမ်းဒယိုင်ဖြစ်နေခဲ့တယ်..။အယ်ဖီကတော့ လှံရှည်ကို ဝေ့ယမ်းလိုက်ပြီး.ရန်သူရဲ့ အလောင်းကို သူမဆီ ပြေးဝင်လာနေတဲ့ စစ်သည်တွေ ဆီကို လှမ်းပစ်လိုက်ပါတယ်..။ယင်းနောက် ရန်သူတစ်ယောက်ရဲ့ ဓားက အပေါ်ကနေ သူမရဲ့ ပုခုံးပေါ်ကို ထိမှန်လာခဲ့တယ်..။သို့ပေမယ့် ဓားက ပြန်ကန်ထွက်သွားခဲ့ပြီး..သူမကို ခြစ်ရာတစ်ခုတောင် မထင်စေခဲ့ပါဘူး..။

တစ်စက္ကန့်အကြာမှာတော့ တိုက်ခိုက်လာသူဟာ သေဆုံးနေပြီဖြစ်ပြီး..ကလေးမလေးက..ဆက်လက် သတ်ဖြတ်နေခဲ့တယ်..။သူမရဲ့ ပုံစံက ငရဲကနေ လွတ်မြောက်လာတဲ့ နတ်မိစ္ဆာတစ်ကောင်အလား တောင် ထင်မှတ်ရပါတယ်..။ဒါက စစ်ပွဲအတွက် ပြီးပြည့်စုံတဲ့…လူတစ်ယောက် လိုပါပဲ..။

ဘာပဲဖြစ်ဖြစ်..ဒီကမ္ဘာကြီးထဲမှာ..အနီရောင် ဂိုဏ်းက တပည့်ဆိုလို့ လူနှစ်ယောက် တည်းသာ ကျန်ရစ်နေတော့တာပါ..။တစ်ယောက်ကတော့…ဆိုဗန် ဖြစ်ပြီး….

ကျန်တဲ့ တစ်ယောက်ကတော့ ဒီသေဘာ်ပေါ်မှာ ဆိုဗန်ရဲ့ နောက်လိုက်တွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေတဲ့..ကလေးမလေး တစ်ယောက်ပါပဲ..။

တကယ်လို့ တစ်ခြားသဘော်ပေါ်က စစ်သည်တွေသာ ဒီမြင်ကွင်းကို မြင်တွေ့ရမယ် ဆိုရင်..ဒီကလေးမလေး နဲ့..သူမရဲ့ ကာကွယ်သူ ဆီက ထွက်ပေါ်လာတဲ့ မြားတွေကို ရင်မဆိုင်ရသေးတာက ကံကောင်းမူတစ်ခု ဖြစ်တယ်လို့ ခံစားကြရမှာပါ..။

သို့ပေမယ့်..သူတို့ရဲ့ စိတ်သက်သာရာရမူတွေက မှန်ကန်မူရှိမှာ မဟုတ်ပေ..။ဘာလို့လဲဆိုတော့..ငယ်ရွယ်တဲ့ စစ်သည်တော် နဲ့ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေးသည်တော်ကပဲ..ပျံသန်းနေတဲ့ သဘော်တွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး..။

သူတို့ထက် ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အရာက ရှိနေပါသေးတယ်..။

အဲတာကတော့..နောက်ထပ် ရောက်လာနေတဲ့ အရိပ်တွေပါပဲ..။

အပိုင်း ( ၇၁၅ ) ပြီး၏။

All Chapters