မြွေရဲ့ ဦးခေါင်း
Vol. 48 Ch. 716
လျင်မြန်တဲ့ ပုံရိပ်တစ်ခုက..ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့တယ်..။ယင်းနောက်မှာတော့ အနက်ရောင်မြင်းက ပျံသန်းနေတဲ့သဘော်ရဲ့ ကုန်းပတ်ပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက ကြက်သွေးရောင် အလင်းရောင်တွေ တောက်ပနေခဲ့တယ်..။စစ်မြင်းရဲ့ အမွှေးအမျှင်တွေက နက်မှောင်နေခဲ့ပြီး..ဦချိုနှစ်ချောင်းက ချွန်ထက်နေခဲ့ကာ..အစွယ်တွေကလည်း ဝံပုလွေတစ်ကောင်နဲ့ ဆင်တူနေခဲ့တယ်..။
သူ့ရဲ့ ကျောကုန်းပေါ်မှာတော့..မဟူရာချပ်ဝတ်အက်ျီကို ဝတ်ဆင်ထားတဲ့ ထည်ဝါတဲ့ စစ်သည်တစ်ဦး ရှိနေခဲ့ပါတယ်..။သူမရဲ့ အိုဒါချီ ဓားက တောက်ပနေခဲ့ပြီး..ခေါင်းစွပ်ရဲ့ မျက်လုံးနေရာနောက်မှာတော့..ပတ္တမြားရောင် အလင်းနှစ်ခုကို မြင်တွေ့နေခဲ့ရတဘ်..။အနက်ရောင် စီးနင်းသူက..အနည်းငယ်တောင် တုံ့ဆိုင်းခြင်းမရှိပဲ..သူမရဲ့ မြင်းကို ရှေ့ကို အပြင်းနှင်ကာ..အနီးဆုံးမှာရှိနေတဲ့ စစ်သည်တစ်ဦးရဲ့ ဦးခေါင်းကို ဖြတ်တောက်လိုက်ပါတယ်..။
တစ်ခြားနိးထသူတွေက တစ်ခနလောက် အေးခဲသွားခဲ့ကြတယ်..။ရုတ်တရက် ဆိုသလိုပဲ..သူတို့က အေးစက်တဲ့ ကြောက်ရွံ့မူကို ခံစားလိုက်ကြရပါတယ်..။
ပြီးတော့..ဒီအကြောက်တရားက သူတို့ရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းသွားတဲ့ အချိန်မှာပဲ..စစ်မြင်းရဲ့ မျက်လုံးအိမ်ထဲက..ကြောက်မက်ဖွယ် ကြက်သွေးရောင် အလင်းရောင်တွေက ပိုမိုတောက်ပလာခဲ့ပါတယ်..။သူက ခေါင်းကို လှုပ်လာခဲ့ပြီး..အနီးနားမှာရှိနေတဲ့ စစ်သည်ရဲ့ လည်ပင်းကို လှမ်းကိုက်လိုက်တယ်..။လည်ပင်းက ချက်ချင်းပေါက်ထွက်သွားပြီး..သဘော်ကုန်းပတ်ပေါ်ကို သွေးတွေ အများကြီး စီးကျလာခဲ့ပါတယ်..။
နောက်ထပ် သဘော်တစ်စီးပေါ်မှာတော့..စစ်သည်တွေဟာ..ရုတ်တရက် အော်ဟစ်ပြီး..သူတို့ရဲ့ လေးတွေကို ချိန်ရွယ်နေခဲ့ကြတယ်..။သူတို့ရဲ့ ကုန်းပတ်ပေါ်မှာတော့ ကြီးမားတဲ့ အရိပ်ကြီးတစ်ခုက ရုတ်တရက် ဖုံးလွှမ်းထားခဲ့တာပါ..။
သို့ပေမယ့် သူတို့ရဲ့ ချိန်ရွယ်မူတွေက နောက်ကျသွားခဲ့ကြတယ်..။
ကြီးမားတဲ့ တောင်ပတ်ခတ်သံတွေကနေ ဖြစ်ပေါ်လာတဲ့ လေပြင်းတွေကြောင့် စစ်သည်တော်တစ်ချို့ လဲကျသွားတဲ့ အချိန်မှာပဲ..နှလုံးအော့ဖွယ် သတ္တဝါတစ်ကောင်က..သဘော်ရဲ့ ကုန်းပတ်ပေါ်ကို ရောက်နေခဲ့တယ်..။ဒီ သတ္တဝါက..ကျီးကန်း ဦးခေါင်း ၊ ခြသေ့်ကိုယ်ထည် ရှိကာ..သန်မာတဲ့ နောက်ခြေထောက် နှစ်ချောင်းလည်း ရှိနေခဲ့တယ်..။သူ့ရဲ့ ရင်ဘတ်ကနေ ထွက်ပေါ်လာတဲ့ လက်လေးချောင်း ရှိနေခဲ့ပြီး..တစ်ချောင်းချင်းစီမှာလည်း ချွန်ထက်တဲ့ လက်သည်းတွေ ရှိနေခဲ့တယ်..။
သူ့ရဲ့ အရည်ပြားအောက်မှာတော့ ကြွက်သားတွေက ပိုးကောင်တွေလို အမြှောင်းလိုက် လှုပ်ရှားနေခဲ့ကြတယ်..။သူ့ရဲ့ ကြောက်မက်ဖွယ် နှုတ်သီးက ပွင့်ဟနေခဲ့ကာ..ထက်ရှတဲ့သွားတွေ ၊ ချွန်ထက်တဲ့ အစွယ်တွေ နဲ့ ရှည်လျားတဲ့ လျာကိုပါ မြင်နေခဲ့ရတယ်..။အစွယ် နဲ့ လျာကလည်း ကျန်တဲ့ ခန္တာကိုယ် အစိတ်အပိုင်းတွေလိုပဲ အနက်ရောင် ရှိနေခဲ့ပါတယ်..။
စစ်သည်တော်တွေရဲ့ တုန်လှုပ်နေမူကို အသုံးချရင်း..ဝိဉာဉ်မြွေက..သူ့ရဲ့ လက်ခြောက်ချောင်းကို ရှေ့ကိုထုတ်ကာ..ခန္တာကိုယ် ခြောက်ခုကို ပိုင်းဖြတ်လိုက်တယ်..။သူက ဆူးချွန်ဆတ်သားတစ်ကောင် ရဲ့ ပုံစံကို အသွင်ကို ယူထားခဲ့တာပါ..။လေထဲမှာ သွေးတွေပျံ့နှံ့သွားတဲ့ အချိန်မှာတော့..သူ့ရဲ့ ပါးစပ်ကနေ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။
..ပြီးတော့ နောက်ဆုံးအနေနဲ့ နောက်ထပ်သဘော်တစ်စင်းပေါ်မှာ အနက်ရောင် အကာအကွယ်ဝတ် အရိပ်တစ်ခု ရှိနေခဲ့တယ်..။သူက ဘယ်သူမှ သတိမထားမိခင် စက္ကန့်အပိုင်းအခြားလေးမှာပဲ ပေါ်ထွက်လာခဲ့တာပါ..။
ပြီးတော့ အဲဒီတစ်စက္ကန့်ဆိုတဲ့ အချိန်ကလေးက..သူ့ရဲ့ လေးကနေ ပစ်ခတ်မူတစ်ခု ထွက်ပေါ်လာဖို့ အတွက် လုံလောက်နေခဲ့တယ်..။ဒါက သဘော်ရဲ့ ပဲ့ကိုင် ဂီယာကို ဆွဲဖို့ လုပ်နေတဲ့ စစ်သည်တော်ရဲ့ ဦးခေါင်းကို ထိမှန်သွားခဲ့ပါတယ်..။ချက်ချင်းဆိုသလိုပဲ.ဒေါသတကြီးလောင်ကျွမ်းနေတဲ့ မီးတောက်တွေက ဘေးနားက စစ်သည်တော်တွေကို ကူးစက်သွားခဲ့တယ်..။ဒီအရာက အတော်များများကို သေဆုံးသွားစေပြီး..တစ်ချို့ကိုလောင်ကျွမ်းစေကာ..၊ တစ်ချို့ကို အံ့ဩသင့်စေခဲ့ပါတယ်..။
ဆန်နီဟာ မော်ဂန်ရဲ့ လေးကို ရုတ်သိမ်းလိုက်ပြီး..ရက်စက်သော မြင်ကွင်းကို ထုတ်ယူလိုက်တယ်..။တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကျန်တဲ့ လက်နှစ်ချောင်းမှာ ကိုင်ထားတဲ့ ဓားတွေကို ဝေ့ယမ်းလိုက်ပါတယ်..။ဒါပေါ့ အချိန်က အရမ်းကို တိုတောင်းတယ်ဆိုတာကို သူ သိထားပြီးသားပါ..။ဆန်နီ နဲ့ သူ့ရဲ့ အရိပ်တွေ အားကောင်းကြတယ် ဆိုတာက အမှန်ပါပဲ..။သို့ပေမယ့်..ဆင်စွယ်ရောင်မြို့ကို ကာကွယ်နေတဲ့ လူတွသာ အံ့ဩသင့်နေတာကနေ ပြန်ကောင်းလာတဲ့ အချိန်ကြရင် သူတို့ကလည်း နိူးထသူတွေ ဖြစ်ကြတယ် ဆိုတာကို ကောင်းကောင်းကြီး သက်သေပြပါလိမ့်မယ်..။
ပြီးတဲ့နောက်မှာတော့ သူက ဘယ်လောက်အထိများ အသက်ရှင်နိုင်မှာလဲ..။
သူတို့ ပထမဆုံးလုပ်ရမယ့် အရာကတော့ မြွေရဲ့ ဦးခေါင်းကို အရင်ဖြတ်ဖို့ပါပဲ..။
ဆန်နီဟာ..အရပ်ရှည်တဲ့ စစ်သည်တစ်ယောက်ကို သူ့ရဲ့ ပုခုံးနဲ့ ဝင်တိုက်လိုက်ပြီး..သန်းခေါင်ယံအမြုတေ မြှောက်ကာ..ဓားနဲ့ ခုတ်လိုက်တယ်..။သဘော်ရဲ့ ကပ္ပတိန်ဖြစ်သူဟာ..မြန်ဆန်တဲ့ တုန့်ပြန်မူနဲ့ အတူပဲ..သူ့ရဲ့ ဓားနဲ့ တိုက်ခိုက်လာမူကို တားဆီးလိုက်ပါတယ်..။
သို့ပေမယ့် ဓားကတော့ ဘယ်တုန်းကမှ အောက်ကို ကျဆင်းလာဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး..။တကယ်လို့ ဆန်နီသာ ဓားနဲ့ တိုက်ခိုက်ချင်မယ်ဆိုရင် ဒီလောက်အထိ သိသာအောင် ဖော်ပြနေဖို့ မလိုအပ်ပေ..။အဲဒိအစား သူ့ရဲ့ အောက်ဘက်လက်တွေမှာ ကိုင်ထားတဲ့ ရက်စက်သော မြင်ကွင်းက..ကပ္ပတိန်ဖြစ်သူ ရဲ့ ရင်ဘတ်ကို ထိုးဖောက်လိုက်ပါတယ်..။နတ်ဘူရားမီးတောက်တွေနဲ့ အားဖြည့်ထားတာကြောင့် လှံ့ရှည်က..ရန်သူရဲ့ အသွေးအသားတွေထဲအထိ ဝင်ရောက်သွားကာ အလွယ်တကူ သတိနိုင်ခဲ့တယ်..။
စစ်ဘီလူးက..ဆန်နီကို နာကျင်မူတွေ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ်..။ပြီးတာနဲ့ ပြုံးရွှင်စွာ ပြုံးပြလာခဲ့တယ်.။အဲ့နောက်မှာတော့..ပုဆိန်နဲ့ ခုတ်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်လို လဲကျသွားခဲ့ပါတယ်..။
‘ချီးတဲ့မှပဲ..သောက်ရူးတွေ…’
ကပ္ပတိန်ဖြစ်သူက သေဆုံးသွားခဲ့ပြီဆိုတော့..ဆန်နီ အတွက်ပိုပြီး လွယ်ကူသွားခဲ့ပါပြီ..။သို့ပေမယ့် သဘော်ပေါ်မှာ ဒါဇင်နဲ့ ချီတဲ့ စစ်သည်တော်တွေ ရှိနေတုန်းပါပဲ..။ဆန်နီက အနီရောင်အဆောက်အဦးမှာ ဆိုဗန်ရဲ့ နောက်လိုက်တွေနဲ့ တိုက်ခိုက်ခဲ့ရတာကြောင့် သူတို့က ဘယ်လောက် အားကောင်းပြီး ကျွမ်းကျင်မူ ရှိကြလဲဆိုတာကို သိထားပြီးသားပါ..။
အထူးသဖြင့် အခုချိန်မှာ သူ့ရဲ့ ခန္တာကိုယ်ကို အားဖြည့်ထားတဲ့ အရိပ်တွေ မရှိတာကြောင့် သူ့အနေနဲ့ ဒီလောက်များပြားတဲ့ အရေအတွက်နဲ့ တိုက်ပွဲမှာ ရှင်သန်နိုင်ဖို့ ဆိုတာ မလွယ်ကူပေ..။
ကျန်တဲ့ အရိပ်သုံးခုက..သူတော်စင် ၊ ဝိဉာဉ်မြွေ နဲ့ အိပ်မက်ဆိုး တွေဆီမှာ ရှိနေခဲ့ကြပြီး..လေးခုမြှောက်ကတော့ သူ့ရဲံနောက်ဘက်က သဘော်ကုန်းပတ်ပေါ်မှာ..သူ့ရဲ့ မျက်လုံးတွေအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပါတယ်..။ရန်သူအရေအတွက်က အရမ်းကိုများပြားလွန်းနေခဲ့တာကြောင့် …သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အရုပ်နဲ့ မြှင့်တင်လိုက်တာထက်..မျက်လုံးတွေအဖြစ် အသုံးချတာက ပိုပြီး အသုံးဝင်လိမ်မ့ယ်လို့ ဆုံးဖြတ်ခဲ့တယ်..။
ဘာပဲဖြစ်ဖြစ်..ဆန်နီကတော့ မလိုအပ်ပဲ ဒီလူတွေအားလုံးနဲ့ တိုက်ခိုက်နေမှာ မဟုတ်ပါဘူး..။
ဆန်နီဟာ..ကပ္ပတိန်ရဲ့ အလောင်းကို အားပြင်းပြင်းနဲ့ ကန်ထုတ်လိုက်ပြီး နောက်မှာတော့ ရှေ့ကို တက်သွားခဲ့တယ်..။ပြီးတာနဲ့..ကပ္ပတိန်ကိုင်နေခဲ့တဲ့ ပဲ့ထိန်းတွေထဲက တစ်ခုကို ကိုင်တွယ်လိုက်ပါတယ်..။
သူက သဘော်ကို ဘယ်လိုပျံသန်းအောင် လုပ်ရမလဲ ဆိုတာကို မသိဘူး ဆိုပေမယ့်..ကတ်စီလုပ်တာကို ကြည့်ဖူးတာကြောင့် အနည်းဆုံးတော့ ဘယ်လို တိုက်မိအောင် လုပ်ရမလဲ ဆိုတာ သိသာပါတယ်..။
ဆန်နီရဲ့ ခါးမှာရှိတဲ့ ခါးပတ်မှာ မီးအိမိလေးတစ်ခု ပေါ်ထွက်လာတဲ့ အချိန်မှာတော့..အနီးအနားမှာ ရှိနေတဲ့ အလင်းရောင်တွေ အားလုံးကို ဝါးမြိုသွားခဲ့တယ်..။ဒီနည်းလမ်းနဲံအတူပဲ..သူက အမှောင်ထုထဲကို ရောက်သွားခဲ့တာကြောင့် လေးသည်တော်တွေအနေနဲ့ သူ့ကို ချိန်ရွယ်ဖို့ အတော်လေးကို ခက်ခဲသွားခဲ့တယ်..။ဆန်နီကတော့ ပဲ့ကိုင် အဝိုင်းကို ညာဘက်ကို တောက်လျောက်လှည့်လိုက်ပါတယ်..။
ဖြည်းညှင်းစွာပဲ သဘော်ပျံက ဘယ်ဘက်ကို စတင် ရွေ့လျားသွားခဲ့တယ်..။
မြားအနည်းငယ်က ဆန်နီကို ဖြတ်ကျော်သွားခဲ့တယ်..။မြားတွေထဲက တစ်စင်းက သူ့ရဲ့ ဦးထုတ်ကို ထိမှန်ပြီး ခေါင်းကို နောက်လန်သွားစေခဲ့ပါတယ်..။သူ့အနားကို ဆယ်နဲ့ချီတဲ့ စစ်ဘီလူးတွေ နီးကပ်လာနေကြတာကို မြင်နေခဲ့ရပါပြီ..။ပြီးတော့ နောက်ထပ်အများကြီဂကလည်း ထပ်မံနီးကပ်လာနေခဲ့ကြတယ်..။
‘ချီး…’
သူက ပဲ့ကိုင် စက်ဝိုင်းကို တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ်ရင်း..အံကိုကြိတ်ကာ ရက်စက်သော မြင်ကွင်းနဲ့ ရန်သူဆီကို လှမ်းပစ်လိုက်ပါတယ်..။ဒါက အနီးဆုံးက ရန်သူကို သတ်နိုင်ဖို့ အတွက် ရည်ရွယ်ထားခဲ့တာပါ..။သို့ပေမယ့် သူ့ရဲ့ လှံရှည်က လေထဲမှာတင် ရပ်တန့်သွားခဲ့တယ်..။ဒါက တိုက်ခိုက်လာသူတွေကို မမြင်ရတဲ့ အကာအကွယ်တစ်ခုက တားဆီးပေးထားသလိုပါပဲ..။
နောက်ထပ်ခနအကြာမှာတော့..ဒေါသထွက်နေတဲ့ အလင်းတန်းတစ်ုးတစ်ခုက..သူ့ကို ကာကွယ်နေတဲ အမှောင်ထုထဲကို ကျူးကျော်ဝင်ရောက်လာခဲ့တယ်..။ပြီးတော့ ဒါက ချက်ချင်း မပျောက်ကွယ်သွားခဲ့ပါဘူး..။
ဒါက နိုးထသူတွေနဲ့ တိုက်ခိုက်ရင်ကြုံတွေရလေ့ ရှိတဲ့ ပြသနာပါ..။နိုးထသူတိုင်းမှာ ဂဏ္ဍ စွမ်းရည်တွေ ရှိကြတာကြောင့်..သူတို့နဲ့ ရင်ဆိုင်ရဖို့ အတွက်က အတော်လေးကို ခန့်မှန်းလို့မရပဲ..ခက်ခဲစေပါတယ်..။
သူ့ရဲ့ ဦးခေါင်းကို မြားတွေ အများကြီးနဲ့ ချိန်ရွယ်ထားတဲ့ အချိန်မှာတော့..ဆန်နီဟာ..လက်ကိုင်းကို လွှတ်လိုက်ပြီး..အရိပ်ထဲ တိုးဝင်သွားခဲ့တယ်…
ဒီနေရာမှာ ဘယ်သူမှ ထိန်ချုပ်ထားခြင်း မရှိတာကြောင့်..ပဲ့ကိုင်က မူလနေရာ ပြန်ရောက်သွားခဲ့တယ်..။
သို့ပေမယ့် ထိခိုက်မူကတော့ ဖြစ်ပေါ်ပြီးသွားခဲ့ပါပြီ..။
ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပဲ..သဘော်က တိမ်းစောင်းသွားပြီး တစ်ခြားသဘော်တစ်စီးနဲ့ တိုက်မိသွားခဲ့တာပါ..။သူတို့သဘော်ရဲ့ ဦချွန်ပိုင်းနဲ့..တစ်ခြားသဘော်တစ်စီးကို ဝင်တိုက်မိသွားခဲ့တဘ်..။
တိုက်ခိုက်မူကြောင့် သဘော်နှစ်စီးစလုံး ပြင်းပြင်းထန်ထန် ထိခိုက်သွားပေမယ့် အခြေအနေက ထိန်းချုပ်လို့ မရတော့လောက်အောင် မဟုတ်ပါဘူး..။တကယ်လို့ ကျွမ်းကျင်တဲ့ ကပ္ပတိန်တစ်ယောက်ကသာ ပြန်ထိန်းချုပ်မယ်ဆိုရင် အနည်းဆုံး သဘော်တစ်စီး ဒါမှမဟုတ် နှစ်စီးအထိ.ပြန်လည်ကယ်တင်နိုင်ပါလိမ့်မယ်..။
သို့ပေမယ့် ဒီလို ဖြစ်မလာခင်မှာပဲ…လက်လေးချောင်း နတ်ဆိုးက..တိုက်ခံလိုက်ရတဲ့ သဘော်ပေါ်မှာ ရုတ်တရက် ပေါ်လာခဲ့တယ်..။
ပြီးတော့ တစ်ခနအကြာမှာပဲ..အဲဒီသဘော်ပေါ်မှာ ရှိနေတဲ့ ကပ္ပတိန်က သေဆုံးသွားခဲ့ပါတယ်..။
ဒီလိုနဲ့ပဲ ဆန်နီက တိုက်ခိုက်မူ နှစ်ခုနဲ့တင် သဘော်နှစ်စီး နဲ့ ရာနဲ့ချီတဲ့ ဝိဉာဉ်တွေကို..အဆုံးသတ်ပစ်နိုင်ခဲ့တယ်..။.
ယင်းနောက် သူက ညဘက်ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီး ညဉ်းတွားလိုက်ပါတယ်..။
‘ဒါက ကိုးဆယ် ဝန်းကျင်လောက်ပဲ ကျန်တော့တာပဲ..။တကယ်ကောင်းတယ်…”
သူ့ရဲ့ နှုတ်ခမ်းကနေ ရူးသွပ်တဲ့ ရယ်သံတစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်..။
အပိုင်း ( ၇၁၆ ) ပြီး၏။