← Chapters

သွေးရဲ့ စေးကပ်မူ

Vol. 48 Ch. 717

သွေးရဲ့ စေးကပ်မူ

Vol. 48 Ch. 717

သစ်သား အပျက်အစီးတွေရဲ့ အောက်မှာ ရာနဲ့ချီတဲ့ ဝိဉာဉ်တွေ ပြုတ်ကျသေဆုံးနေတဲ့ အချိန်မှာတော့..လက်လေးချောင်း နတ်ဆိုးဟာ ရူးသွပ်စွာ ရယ်မောလိုက်တယ်..။

ဒါပေါ့..သူလည်း ကျန်တဲ့သူတွေနဲ့ အတူအောက်ကို ပြုတ်ကျနေခဲ့တာပါ..။သို့ပေမယ့် တစ်ခြားစစ်သည်တော်တွေနဲ့ မတူတဲ့ အချက်က..နတ်ဆိုးက..အမြင့်ကနေ ပြုတ်ကျတာတွေကနေ အသားကျနေခဲ့ပါပြီ..။ဘာပဲဖြစ်ဖြစ် သူက အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကို တစ်လနီးပါးတောင် ပြုတ်ကျခဲ့ဖူးသေးတာပါ..။

ဆန်နီဟာ..အရိပ်တွေထဲကို တိုးဝင်သွားပြီး အနီးဆုံးမှာရှိနေတဲ့ နောက်ထပ် သဘော်တစ်စီးပေါ်မှာ ပြန်လည်ပေါ်ထွက်လာခဲ့တယ်..။သူ့ရဲ့ ဓားက အရောင်လက်သွားခဲ့ပြီး..သူ့ရဲ့ လမ်းကြောင်းမှာ ရှိနေတဲ့ စစ်သည်တော်တစ်ယောက်ကို သတ်ဖြတ်လိုက်ကာ..သွေးနံ့တွေလွှမ်းခြုံသွားစေခဲ့တယ်.။ရန်သူတွေက သူရုတ်တရက် ရောက်ရှိလာမူအပေါ် အံ့ဩသင့်နေကြတာက အချိန် ခနတာပဲ ရှိပါတယ်..။ဒါကြောင့် သူ အချိန်ဖြုန်းနေလို့ မဖြစ်ပေ..။

ဆန်နီ ရှေ့ကို တက်သွားခဲ့ပြီး နောက်ထပ်စစ်သည်တော်တစ်ယောက်ရဲ့ နောက်ကျောကို ရက်စက်သော် မြင်ကွင်းနဲ့ ထိုးလိုက်တယ်..။သန်ခေါင်းယံ အမြုတေနဲ့ လေးသည်တော်တစ်ယောက်ရဲ့ လည်ပင်းကို ဖော်ကလိုက်ပြီး..အမြီးတဲ့ တတိယမြောက် စစ်သည်တော်ကို ရစ်ပတ်လိုက်ပါတယ်..။နောက်ဆုံးတစ်ယောက်ကို အောက်ဘက််ဆီ ကန်ချလိုက်ပြီးနောက်မှာတော့ သူက အံကိုကြိတ်ပြီး ညဘက်ကောင်းကင်ကို လှမ်းကြည့်လိုက်တယ်..။

အလင်းမရှိတဲ့လေဟာနယ်ထဲမှာတော့..အယ်ဖီ နဲ့ ကိုင်တို့က..သဘော်တွေထဲက တစ်စီးကို ဖျက်ဆီးပြီဂကပြီ ဖြစ်ပြီး..သဘော်ကို ကျန်တဲ့ သဘော်တွေဆီ သွားတိုက်စေခဲ့ပါတယ်..။ကလေးမလေးက..နောက်ဆုံး အခိုက်အတန့်မှာပဲ..သဘော်ပေါ်ကနေ ခုန်ချလိုက်ကာ..လျှင်မြန်တဲ့ လေးသည်တော်က ဖမ်းယူထားလိုက်တယ်..။ပြီးတာနဲ့ သူမကို နောက်ထပ် ပစ်မှတ်တစ်ခုစီကို ပို့ဆောင်ပေးခဲ့ပါတယ်..။

သူတော်စင် နဲ့ အိပ်မက်ဆိုး တို့ရှိနေတဲ့ သဘော်ကတော့ ငြိမ်သက်နေခဲ့ပြီး ဝိဉာဉ်တစ်ခုတောင် လှုပ်ရှားမနေခဲ့ပေ..။လူတိုင်းက သေဆုံးနေပြီဖြစ်ပြီး..သဘော်ကလည်း အောက်ကို ပြုတ်ကျနေခဲ့တယ်..။အနက်ရောင် ကျိန်စာသင့်သူဟာ..သွေးစွန်းနေတဲ့ သဘော်ကုန်းပတ်ပေါ်ကနေ ကောင်းကင်ပေါ်ကို ခုန်တက်သွားတဲ့ အချိန်မှာတော့..မီတာ တစ်ရာလောက်အထိကို ရောက်ရှိသွားခဲ့ပြီး..နောက်ထပ် သဘော်တစ်စီးဆီကို ရောက်ရှိသွားခဲ့တယ်..။သူတော်စင်ရဲ့ တောက်ပတဲ့ အိုဒါချီ ဓားက အရောင်လက်သွားခဲ့ပါပြီ..။

ဝိဉာဉ်မြွေက နောက်ထပ် ပျံသန်းနေတဲ့ သေဘာ်တစ်စီး ပေါ်ကို ရောက်ရှိနေခဲ့တယ်..။အစောတုန်းက တစ်စီးကတော့..အောက်ဘက် အမှောင်ထုထဲကို ကျရောက်ပျက်ဆီးသွားခဲ့ပါပြီ..။စစ်သည်တော်တွေက ကြောက်မက်ဖွယ်သားရဲ ရုတ်တရက် ရောက်ရှိလာမူကိုမ တုန့်ပြန်နိုင်သေးတဲ့ အချိန်မှာပဲ..သူ့ရဲ့ ပုံသဏ္ဍာန်က ရုတ်တရက် ပြောင်းလဲသွားခဲ့ကာ..ကြီးမားတဲ့ အမှောင်ထုကြီး ဖြစ်သွားခဲ့တယ်..။ပြီးတာနဲ့..သူက ကြောက်မက်ဖွယ် စစ်သူရဲ တစ်ယောက်ရဲ့ ပုံစံအသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင် အကာအကွယ်တွေက..အရောင်မရှိတဲ့ သံမဏိနဲ့ ထုလုပ်ထားခဲ့ပြီး..ပန်းပုလက်ရာတွေနဲ့ အလှဆင်ထားခဲ့တယ်..။သူ့ရဲ့ ဓားကြီးက အပေါ်ကို မြောက်တက်သွားလိုက် ၊ ပြန်ကျလာလိုက်နဲ့..အရိုးအသား တွေကို ပိုင်းဖြတ်နေခဲ့ပါတယ်..။

ဆန်နီ ပြုံးလိုက်တယ်..။

‘မဆိုးပါဘူး..’

အယ်ဖီ နဲ့ ကိုင်တို့က သဘော်နှစ်စီးကို ဖျက်ဆီးနေကြတဲ့ အချိန်မှာ.သူ နဲ့ သူ့ရဲ့ အရိပ်တွေက သဘော်လေးစီးကို ဖျက်ဆီးပြီးသွားခဲ့ကြပါပြီ..။ရုပ်ထုကြီးတွေကတော့ ဒီထက်တောင် ဖျက်ဆီးနေခဲ့ကြတယ်..။ဒီ နှုန်းအတိုင်းသာ ဆိုရင် သဘော်တပ်တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်တော့ပါဘူး..။

သို့ပေမယ့် ဒါပေါ့..ဒါက ဒီတိုင်း စိတ်ကူးယဉ်မူ သက်သက်ပါ..။

အဓိက အကြောင်းအရင်းကတော့..ရိုးရှင်းပြီး မလွတ်မြောက်နိုင်တဲ့ အမှန်တရားတစ်ခုကြောင့်ပါပဲ..။အဲတာကတော့ သူတို့ရဲ့ အဆီအနှစ်တွေက အဲလောက်ကြာအောင် တောင့်ခံနိုင်ကြမှာ မဟုတ်ပေ..။ဆန်နီ က သဘော်တွေကြားထဲမှာ သွားလာဖို့ အရိပ်ခြေလှမ်းကို သုံးလိုက်တဲ့ အချိန်တိုင်း အဆီအနှစ်တွေ အများကြီးကို အသုံးပြုရပါတယ်..။စွမ်းရည်တိုးမြှင့်မူတွေ အများကြီးကို တစ်ချိန်တည်း အသုံးပြုနေရတာကို တော့ ပြောနေစရာတောင် မလိုတော့ပေ..။အထူးသဖြင့် အရိပ်မီးအိမ်ကလည်း အဆီအနှစ်တွေကို ကုန်ဆုံးစေပါတယ်..။

ဝိဉာဉ်မြွေက ရန်သူတစ်ယောက်ကို သတ်လိုက်တဲ့ အချိန်တိုင်း သူက အဆီအနှစ် ပမာဏ တစ်ချို့ကို ရရှိတယ် ဆိုပေမယ့်လည်း..ပုံသဏ္ဍာန် ကင်းမဲ့တဲ့ အရိပ်ကိုယ်တိုင်ကလည်း..အဆီအနှစ်တွေ အများကြီးကို ကုန်ဆုံးစေပါတယ်..။သူက တစ်ခြားသတ္တဝါတစ်ကောင်ရဲ့ ပုံစံတွေကို ခိုးယူအသုံးပြုနေရုံတင်မကပဲ..သူတို့ရဲ့ စွမ်းရည်တွေကိုပါ ယူပြီး အသုံးပြုနေခဲ့တာပါ..။ဝိဉာဉ်မြွေက သူ့ရဲ့ ပုံစံကို အချိန်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ပေ..။

ဒုတိယ အကြောင်းအရင်းကတော့ အခုချိန်မှာ အဖွဲ့သားတွေက သူတို့ဘက်မှာ အံ့ဩသင့်မူဆိုတဲ့ အရာ ရှိနေခဲ့တာပါပဲ..။သဘော်တပ်ကြီးက ဘာတွေဖြစ်နေတာလဲ ဆိုတာကို နားလည်သွားပြီဆိုတာနဲ့ သူတို့ကို တိုက်ခိုက်ဖို့က ပိုပြီး ခက်ခဲသွားပါလိမ့်မယ်..။

ဒီတော့ ဆန်နီ လုပ်နိုင်တာဆိုလို့.. သူတတ်နိုင်သမျှ သတ်ဖြတ်မူတွေ လုပ်ပြီး..တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဖို့ပါပဲ..။ပြီးတော့..အံ့ဩသင့်ဖွယ်ရာ တစ်ခုခု ဖြစ်လာဖို့ကို မျှော်လင့်နေရမှာပါ..။

ဒါပေါ့..သူ့ရဲ့ ကံတရားနဲ့ဆိုရင် ဒီလို အံ့ဩဖွယ်ရာက သူကိုယ်တိုင် ဖန်တီးမှပဲ ဖြစ်လာနိုင်ပါလိမ့်မယ်..။

…ဆန်နီဟာ နောက်ထပ် ရန်သူတစ်ယောက်ကို သတ်ဖြတ်လိုက်ပြီး အလောင်းကို ကန်ထုတ်ကာ သဘော်ရဲ့ ကပ္ပတိန်ဆီကို ဦးတည်သွားလိုက်တယ်..။သူက ကပ္ပတိန်ကို သတ်ဖြတ်ပြီး သဘော်ရဲ့ ဦးတည်ချက်တွေကို ကစဉ့်ကလျားဖြစ်စေချင်ခဲ့တာပါ..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..သူက နေတပ်ဖွဲ့ ရဲ့ အရာရှိကို တစ်ချက်တည်း နဲ့ ခေါင်းဖြတ်ဖို့ ကျရှုံးခဲ့ပါတယ်..။ကပ္ပတိန်ဖြစ်သူဟာ ဆန်နီရဲ့ တိုက်ခိုက်မူကို လျှင်မြန်စွာ တားဆီးလိုက်ပြီး..နောက်ကို ပြန်ကန်ထုတ်လိုက်ပါတယ်..။

သူ့နှုတ်ခမ်းကနေ ဒေါသတကြီး အော်ဟစ်သံတစ်ချို့ ထွက်လာခဲ့တယ်..။

‘ချီးတဲ့မှပဲ..’

ကပ္ပတိန်ဖြစ်သူက တက်ရောက်သူတစ်ယောက်ဖြစ်ပြီး..အသန်မာဆုံးတွေထဲက တစ်ယောက်လို့လည်း ပြောလို့ရပါတယ်..။

ဆန်နီဟာ သူ့ကို ဝန်းရံထားတဲ့ ဒါဇင်နဲ့ ချီတဲ့ စစ်သည်တွေကို ကြည့်ပြီး အံကိုကြိတ်ထားခဲ့တယ်..။

ပြီးတာနဲ့ သူတိုက်ခိုက်ပါတော့တယ်..။

သူက …နိုးထခြင်းကမ္ဘာကို ထွက်တဲ့ ဂိတ်ပေါက်ရှေ့ကို ရောက်နေတဲ့ အလား အသေအကြေတိုက်ခိုက်နေခဲ့တယ်..။ဆန်နီဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ သူ ကျွမ်းကျင်ခဲ့တဲ့ လှည့်စားမူ ၊ လှည့်ဖျားမူတွေ ၊ ပြီးတော့ သူ ရရှိခဲ့တဲ့ ကျွမ်းကျင်မူတွေ ၊ အတွေ့အကြုံတွေအားလုံးကို အသုံးပြုနေခဲ့ပါတယ်..။

မကြာခင်မှာပဲ..သဘော် ကုန်းပတ်က သွေးတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါပြီ..။အများစုက လူသားတွေရဲ့ သွေးတွေ ဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး..။

ဒီပေါ်မှာ သူ့ရဲ့ သွေးတွေလည်း ရှိနေခဲ့ပြီး..မမြင်ရတဲ့ နတ်ဘုရားအလင်းရောင်လေးတွေနဲ့ တောက်ပနေခဲ့ပါတယ်..။

ဆန်နီဟာ တတ်နိုင်သမျှ ရန်သူအများကြီးကို သတ်ဖြတ်နေခဲ့တယ်..။ယင်းနောက် ထပ်မံသတ်ဖြတ်နေခဲ့ပါတယ်..။မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က ထိခိုက်မူတွေ အများကြီးကို ခံနေရတာကြောင့် အက်ကွဲရာတစ်ချို့တောင် ပေါ်ထွက်လာခဲ့ပါပြီ..။သူက တစ်ပတ်လှည့်လိုက်ပြီး အရိပ်တွေထဲကို ခုန်လိုက်ကာ လုံးဝ ဝန်းရံခံရမယ့် အရေးကနေ ရှောင်လွှဲလိုက်တယ်..။နိုးထမူအဆင့် စစ်သည်တော်တွေနဲ့တောင် အတော်လေး ဆိုးဝါးနေခဲ့ပါပြီ..။

သို့ပေမယ့် သူတို့ရဲ့ တက်ရောက်မူအဆင့် ကပ္ပတိန်က တကယ်ကို အိပ်မက်ဆိုးပါပဲ..။ဆန်နီ ဘာပဲလုပ်လုပ် သူက တိုက်ခိုက်မူအားလုံးကို ရိုးရှင်းစွာ တားဆီးရင်း သူ့နောက်ကို လိုက်နေခဲ့တယ်..။ဆန်နီက သူနဲ့ ဝေးတဲ့နေရာကို ဘယ်လောက်ပဲ ခုန်ပြီးသွားနေပါစေ..သူက လိုက်လာစမြဲပါပဲ..။ဒီအတိုင်း အချိန်အကြာကြီး ဆက်သွားနေလို့ မရတော့ပေ..။

‘…ငါ…ငါ ဒီခွေးသားကို အခုသတ်မှ ရတော့မယ်…’

နောက်တစ်ကြိမ် ဆိုသလိုပဲ..တက်ရောက်သူရဲ့ ဓားနဲ့ ရင်ဆိုင်ထိတွေ့သွားခဲ့တာကြောင့် ခက်ခက်ခဲခဲ တောင့်ခံလိုက်ရတယ်..။ဆန်နီဟာ..( အရိပ်ထွက်ပေါက် ) စွမ်းရည်ကို အသက်သွင်းလိုက်ပြီး..အမှောင်ထုထဲကို ဝင်ရောက်လိုက်ပါတယ်..။စစ်သည်တွေဟာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကို မတုန့်ပြန်နိုင်ကြပေ..။သို့ပေမယ့် တက်ရောက်သူကတော့..သူ့ရဲ့ စွမ်းရည်တွေကို ခန့်မှန်းမိနေတဲ့ အလား ဆက်လက်တိုက်ခိုက်နေခဲ့တယ်..။ဒါက သူ့အနေနဲ့ အမှောင်ထုထဲမှာလည်း အမြင်အာရုံကို အသုံးပြုနိုင်နေသလိုပါပဲ..။

ဒါက ဆန်နီအတွက်တော့ အတော်လေး ဆိုးဝါးသွားပါပြီ..။သူက ဒီအချက်ကို ထည့်မတွက်လိုက်မိပါဘူး..။

သူက တိုးမြှင့်မူစွမ်းရည်ကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး..သူ့ရဲ့ အဆီအနှစ်တွေကို ရက်စက်သော မြင်ကွင်းဆီ ပို့လွှတ်လိုက်တယ်..။ချက်ချင်းဆိုသလိုပဲ အမှောင်ထုထဲမှာ တောက်ပတဲ့ နေအလင်းရောင် တွေ ထွက်ပေါလာခဲ့ပါတယ်..။ကပ္ပတိန်ဖြစ်သူက အမှောင်ထုထဲမှာ မြင်နိုင်စွမ်းရှိတယ်ဆိုပေမယ့်…ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အလင်းအမှောင် ပြောင်းလဲမူကို အသားကျနိုင်ပါ့မလား..။

ရုတ်တရက် ထွက်ပေါ်လာတဲ့ စူးရှတဲ့ အလင်းရောင်တွေကြောင့် တက်ရောက်သူဟာ တစ်စက္ကန့်လောက် အမြင်အာရုံ ကင်းမဲ့သွားခဲ့တယ်..။ပြီးတော့ ဒီတစ်စက္ကန့်ဆိုတာက ဆန်နီ လိုအပ်နေတဲ့ အရာပါပဲ..။

အရိပ် အာရုံခံမူ ရဲ့ လမ်းပြမူနဲ့ အတူပဲ..သူ့ရဲ့လှံရှည်က စစ်သည်တော်ရဲ့ နှလုံးသားတည့်တည့်ကိုထိုးဖောက်သွားခဲ့ပါတယ်..။နတ်ဘုရား မီးတောက်တွေက သူ့အတွက် သေစေနိုင်လောက်တဲ့ ဒဏ်ရာတစ်ခုကို ဖန်တီးပေးလိုက်တယ်..။

ကျန်တဲ့အပိုင်းကတော့ မလွယ်ကူပေမယ့် ရိုးရှင်းသွားခဲ့ပါပြီ..။ဆန်နီဟာ ကျန်တဲ့ စစ်သည်တော်တွေနဲ့ ရင်ဆိုင်ရင်း တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေခဲ့တယ်..။သူက အောင်မြင်ဖို့ နီးကပ်နေတဲ့ အချိန်မှာပဲ..သူ့ရဲ့ အရိပ်က..သူ့နောက်ကျောကို တစ်ခုခုက ချိန်ရွယ်ထားတယ်ဆိုတာကို မြင်လိုက်ရပါတယ်..။

ဆန်နီ တုန်လှုပ်သွားပြီး ဘေးကို လှိမ့်ချလိုက်တယ်..။တစ်ခနအကြာမှာတော့..ဧရာမ ပစ်ချမူကြီးတစ်ခုက စစ်သည်တော်တစ်ယောက်ရဲ့ ဝမ်းဗိုက်ကို ဖောက်ဝင်သွားပြီး..ကြွက်စုတ်တစ်ကောင်လို လဲကျသွားခဲ့ပါတယ်..။

ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

ကြည့်ရတာတော့ ဆင်စွယ်ရောင်မြို့က ကာကွယ်သူတွေဟာ နောက်ဆုံးတော့ သူတို့ ကြုံတွေ့နေရတဲ့ အရာကို နားလည်သဘောပေါက်သွားကြတဲ့ ပုံပါပဲ..။

နောက်ထပ်သဘော်နှစ်စီးက..အဝေးတစ်နေရာကနေ ရစ်ဝဲလာနေကြပြီး..သဘော်နှစ်စီးလုံးက..သူတို့ရဲ့ မြားတွေကို တစ်နေရာတည်းမှာ ချိန်ရွယ်ထားခဲ့ကြတယ်..။

သူ့ဆီကို…။

ဆန်နီ အံကိုကြိတ်ထားပြီး..အရှေ့ကို မြန်နိုင်သမျှ မြန်မြန် ပြေးဝင်သွားခဲ့ပါတယ်..။

‘ချီး…’

အပိုင်း ( ၇၁၇ ) ပြီး၏။

All Chapters