← Chapters

ကောင်းကင်ထက်မှ သတ်ဖြတ်မူ

Vol. 48 Ch. 718

ကောင်းကင်ထက်မှ သတ်ဖြတ်မူ

Vol. 48 Ch. 718

ဆန်နီ ခန္တာကိုယ်ကို လှိမ့်လိုက်တယ်..။သူ ဒီလိုလုပ်လိုက်တဲ့ အချိန်မှာပဲ အစောက သူရှိနေခဲ့တဲ့ နေရာမှာ..မရေမတွက်နိုင်တဲ့ မြားတွေ ကျရောက်လာခဲ့ပါတယ်..။နိုးထတော်သူ လေးသည်တော်တွေ ကိုင်ဆောင်ကြတဲ့ အားကောင်းတဲ့ လေးတွေကနေ ထွက်ပေါ်လာခဲ့တာကြောင့် မြားတစ်ချောင်းချင်းစီတိုင်းက အကာအကွယ်တွေကို ထိုးဖောက်နိုင်စွမ်းရှိကြပါတယ်..။ဒါပေါ့..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က သာမန်အကာအကွယ်မျိုးတော့ မဟုတ်ပါဘူး..။

ဒါတောင်မှ..ဆန်နီအနေနဲ့ လေးသည်တော်တွေဆီကနေ ကြီးမားတဲ့ ခြိမ်းခြောက်မူကို ခံစားနေခဲ့ရပါတယ်..။ဒီလိုမျိုး မြားမိုး ရွာသွန်းမူကိုသာ ခံစားရမယ်ဆိုရင်..မြားတွေက သူ့ရဲ့ ခန္တာကိုယ်အနှံ့ကို ဝင်ရောက်လာကြမှာဖြစ်ပြီး…သူ့ရဲ့ မျက်လုံးနေရာလွတ်နားကို မြားတစ်ချောင်းလောက်ပဲဝင်ရောက်လာဖို့ လိုအပ်ပါတယ်..။သူ့ရဲ့ ရန်သူတွေမှာ ဂဏ္ဍစွမ်းရည်ပေါင်းစုံ ပိုင်ဆိုင်ထားကြတယ် ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး..။သူတို့က မြား နဲ့ လေးတွေကို တွဲဖက်အသုံးပြုနိုင်တဲ့ တိုးမြှင့်မူ ရူးစ် ပေါင်းစုံကိုလည်း ပိုင်ဆိုင်ထားကြနိုင်ပါသေးတယ်..။

အဲ့နောက်မှာတော့..ပစ်ခတ်ရေးလက်နက်တွေကနေ ပစ်ခတ်လိုက်တဲ့ လေးလံတဲ့ လှံရှည်တွေက ထပ်မံရောက်လာခဲ့တယ်..။

ဒီလှံရှည်တွေက..လေထဲမှာ ကြောက်မက်ဖွယ် အမြန်နှုန်းနဲ့..ပျံသန်းလာကြပြီး သဘော်ဆီကို လာရောက်ထိမှန်ခဲ့ကြပါတယ်..။တစ်ချောင်းချင်းစီတိုင်းက သဘော်ကို အပေါက်ကြီးတွေ ဖြစ်သွားလောက်တဲ့ အထိ ပြင်းအားတွေ ပါဝင်နေခဲ့ကြတယ်..။ပြီးတာနဲ့ လေထဲကို အပိုင်းအစတွေ ပျံ့ကြဲသွားစေခဲ့ပါတယ်..။ဒီလို အရာမျိုးသာ လာရောက်ထိမှန်လာခဲ့ရင် တောင့်ခံနိုင်ပါ့မလား ဆိုတာကိုတော့ ဆန်နီ ကိုယ်တိုင်လည်း မသေချာခဲ့ပေ..။ဒါကြောင့် သူက စွန့်စားမနေပဲ..အရိပ်တွေထဲကို တိုးဝင်သွားကာ..အရိပ်အဖြစ် အသွင်ပြောင်းလဲထားလိုက်ပါတယ်..။

အခုချိန်မှာ ဉာဏ်အကောင်းဆုံး ရွေးချယ်မူက..နောက်ထပ် သဘော်တစ်စီးရဲ့ ကုန်းပတ်ပေါ်ကို ပြောင်းရွေ့သွားဖို့ ပါပဲ..။သို့ပေမယ့်..အရိပ်အဆီအနှစ်တွေ မကုန်စေပဲ ခုန်ကူးနိုင်တဲ့ သဘော်က လက်ရှိတိုက်ခိုက်နေတဲ့ သဘော်နှစ်စီးပဲ ရှိပါတယ်..။ပြီးတော့ သူတို့ရဲ့ အပေါ်မှာရှိနေတဲ့ စစ်သည်တွေဟာ သံသယဖြစ်စရာ မလိုလောက်အောင်ပဲ..တိုက်ခိုက်မူ မှန်သမျှကို ခုခံဖို့ အဆင်သင့်ဖြစ်နေကြပါပြီ..။

ထပ်ပြောရရင် ဆန်နီ အနေနဲ့..ဒီနေရာမှာ ကျန်ရှိနေတဲ့ စစ်သည်တွေကို မသတ်ပဲ ထွက်သွားရမယ့် အပေါ်မှာ တွန်ဆုတ်နေခဲ့တယ်..။သူက ဒီသဘော်ကိုလည်း ဖျက်ဆီးပစ်ခဲ့ချင်ပါသေးတယ်..။သူ့အနေနဲ့ ဒီအတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်တွေ ရှိပြီးသားပါ..။

ကျောက်တုံးသားရဲတွေ နဲ့ အဖွဲ့သားတွေဟာ..ရန်သူရဲ့ သဘော်တပ်တွေကို အနှောက်အယှက်ပေးပြီး အရေအတွက်ကို လျော့ချနေတဲ့ အချိန်မှာ..သဘော်တပ်ကြီးရဲ့ မူလ ပစ်မှတ်ကတော့ ပုံမှန်အတိုင်း ရှိနေဆဲပါပဲ..။

သူတို့အားလုံးက ထည်ဝါလှပပြီး..မြင့်မြတ်တဲ့ သစ်ပင်နဲ့ သဘော်ကို တိုက်ခိုက်ဖို့သာ ဦးတည်ထားခဲ့ကြတယ်..။သူတို့က ဆာလောင်ပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်နေတဲ့ သားရဲအုပ်ကြီး တစ်အုပ်လို ဝန်းရံဖို့ကြိုးစားနေခဲ့ပါတယ်..။

ကတ်စီက တိုက်ခိုက်ရေးအင်အားစုရဲ့ ငါးခုမြောက်အစိတ်အပိုင်းဖြစ်ပြီး အန္တရာယ်ထဲမှာ ကျရောက်နေတဲ့ တစ်ယောက်တည်းသော သူပါပဲ..။ဆန်နီ နဲ့ ကျန်တဲ့ လူတွေက ရေတပ်သဘော်တွေပေါ်က စစ်သည်တွေနဲ့ တိုက်ခိုက်နေရတဲ့ အချိန်မှာ သူမကတော့..ရေတပ် တစ်တပ်လုံးနဲ့ တိုက်ပွဲဝင်နေခဲ့ရတာပါ..။

သူမရဲ့ ထိန်းချုပ်မူကြောင့် မှော်ဆရာရဲ့ သဘော်ဟာ ရန်သူများကြားမှာ လှည့်ပတ်သွားလာရင်း..လက်နက်မျိုးစုံနဲ့ တိုက်ခိုက်လာသမျှကို မကြာခန ရှောင်တိမ်းနေခဲ့ရတယ်..။နိုတစ် က ရူးစ်တွေ ပေါင်းစပ်ထားခဲ့တာကြောင့် သူတို့ သဘော်ကနေ ထွက်ပေါ်လာတဲ့ ပစ်ခတ်မူတွေက တစ်ခြားသဘော်တွေထက်စာရင် ပိုပြီး ဖျက်ဆီးအားပြင်းထန်ပါတယ်..။ဒါက ရန်သူရဲ့ သဘော်တွေကို တစ်ခါတည်း ပျက်စီးသွားစေနိုင်စွမ်းတွေရှိနေခဲ့တယ်..။ဒီသဘော်က ပိုကြီး ၊ ပိုမြန်ဆန် ပြီး..ခံနိုင်ရည်ပိုရှိပါတယ်..။

သို့ပေမယ့်…သူက မရေမတွက်နိုင်လောက်တဲ့ ရန်သူတွေကို တစ်ယောက်တည်း ရင်ဆိုင်နေခဲ့ရတာပါ..။

ဆန်နီဟာ အရိပ်တွေထဲကနေတဆင့် သဘော်ရဲ့ အမြီးပိုင်းကို ရွေ့လျားလာစဉ်မှာပဲ လှပတဲံ သဘော်ကြီးတစ်စင်းက အောက်ကို ထိုးဆင်းလာတာကို တွေ့မြင်လိုက်ရတယ်..။သဘော်သား အရုပ်တွေဟာ ဟန်ချက်တွေကို ထိန်းထားကြရင်း..လေးကြိုးတွေကို လွှတ်နေခဲ့ကြတယ်..။သဘော်မှာတော့ နက်ရှိုင်းတဲ့ ခြစ်ရာတွေ ၊ အပေါက်တွေ ရှိနေခဲ့ပြီး..မြားတွေ အများကြီးက..အပ်တွေလိုမျိုး စိုက်ဝင်နေခဲ့ကြပါတယ်..။သို့ပေမယ့် သဘော်ကြီးကတော့ မပျက်မဆီးပဲ တည်ရှိနေတုန်ုးပါပဲ..။

ကတ်စီရဲ့ အလိုလိုသိစိတ်နဲ့ ထူးခြားဆန်းကျယ်တဲ့ ဂဏ္ဍစွမ်းရည်တို့ကြောင့်..သူမက ရန်သူရဲ့ တိုက်ခိုက်မူတွေကို ရှောင်းရှားနိုင်စွမ်းရှိနေခဲ့တယ်..။အနည်းဆုံးတော့ ပမာဏ အနည်းငယ်အထိ ရှောင်ရှားထားနိုင်ခဲ့ပါတယ်..။သို့ပေမယ့် တစ်းစီးတည်းရှိနေတဲ့ သဘော်ရဲ့ အပေါ်မှာ ဖိအားက ပိုပို တိုးဝင်လာနေခဲ့တယ်..။ပြီးတော့…သူမက ရန်သူရဲ့ သဘော်တွေကို ဘယ်လောက်ပဲ ဖျက်ဆီးပစ်နေနိုင်ပါစေ…ဒီလိုလုပ်ဆောင်နိုင်မူတွေက အချိန်အကြာကြီး ဆက်လက်တည်ရှိနေမှာမဟုတ်ပါဘူး..။

ဒါကို သိနေခဲ့တာကြောင့် မိန်မငယ်လေးဟာ..အောက်ဘက်ကောင်းကင်ထဲကို ကြယ်တစ်စင်းလို ထိုးဆင်းသွားခဲ့တာပါ..။သူမက သဘော်တပ်ကြီးကို အောက်ဘက် ဦးဆောင်ခေါ်သွားခဲ့တယ်..။သူမက ပျံသန်းနေတဲ့ ကျွန်းတွေကို အကာအကွယ်အဖြစ် အသုံးချနိုင်အောင် ကြိုးစားနေခဲ့တာပါ..။

ဘယ်သဘော်ပဲဖြစ်ဖြစ်…အောက်ကို ဒီလောက်အထိ နိမ့်ဆင်းပြီး ပျံသန်းမယ်ဆိုရင်..ကျွန်းတွေ၊ ကောင်းကင်ချိန်းကြိုးတွေနဲ့ တိုက်မိသွားနိုင်တာကြောင့် အတော်လေးကို အန္တရာယ်များပါတယ်..။သို့ပေမယ့် ကတ်စီ အတွက်တော့ ရွေးချယ်စရာ မရှိပေ..။သူမက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမယ့် သဘော်အရေအတွက် ပမာဏကို ကန့်သတ်ပစ်လိုက်ဖို့ လိုအပ်ပါတယ်..။ဒီလိုမှသာ ရန်သူရဲ့ ခြိမ်းခြောက်မူကို မကျော်လွှားနိုင်လောက်တဲ့ အခြေအနေကနေ…သာမန် သေနိုင်လောက်တဲ့ အခြေအနေကို ပြောင်းလဲနိုင်မှာပါ..။

သူမရဲ့ အခြေအနေက အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေခဲ့တယ်..။

ဒါကြောင့်ပဲ..ဆန်နီ အနေနဲ့ ဒီသဘော်ကို လုံးဝ မဖျက်ဆီးပစ်ရသေးပဲ နေရာကနေ မစွန့်ခွာနိုင်ဖြစ်နေခဲ့တာပါ..။သေချာတာကတော့..ဒီအရာက လုံးဝကို ထိခိုက်ဒဏ်ရာ ရပြီးနေပြီးဖြစ်တာကြောင့် အသက်ရှင်ကျန်ရစ်နေတဲ့ စစ်သည်တွေက ဒီသေဘာ်ကို ထိန်းချုပ်တာ ၊ လက်နက်ကိရိယာတွေနဲ့ ပစ်ခတ်တာတွေကို လုပ်နိုင်ကြမှာမဟုတ်ပေ..။သို့ပေမယ့် သူတို့က သူရဲကောင်းဆန်စွာပဲ ကတ်စီ မောင်းနှင်နေတဲ့ သဘော်ကို ဝင်တိုက် တာမျိုးတွေ လုပ်လို့ရပါတယ်..။

ဆန်နီဟာ အရိပ်ထဲကနေ ထွတ်လာခဲ့ပြီး လေးသည်တော်တွေ သူ့ကို ထပ်မံမမြင်တွေ့ခင်မှာပဲ..ပဲ့ကိုင်နေရာ ဆီကို ဦးတည်ပြေးသွားလိုက်တယ်..။ပြီးတာနဲ့ သုံးမြှောင်းဆူးချွန်ကို သစ်သားထဲကို ထိုးသွင်းထားလိုက်ပြီး..ပဲ့ထိန်းတဲ့ ဘီးကို မမြင်ရတဲ့ ကြိုးတွေနဲ့ ချည်နှောင်လိုက်ပါတယ်..။

သဘော်က ရုတ်တရက် တုန်လှုပ်သွားခဲ့ပြီး သူ့ရဲ့ ဦးပိုင်းက..အောက်ဘက်ကို ထိုးစိုက်သွားခဲ့တယ်..။ဆန်နီ သူ့ရဲ့ အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်သေးခင်မှာပဲ..လေးလံတဲ့ မြားတစ်စင်းက သူ့ရဲ့ နောက်ကျောကို လာရောက်ထိမှန်လာခဲ့ပါတယ်..။ပြင်းထန်တဲ့ နာကျင်မူတစ်ခုက သူ့ရဲ့ ခန္တာကိုယ်တစ်လျောက်လုံးကို ပျံ့နှံ့သွားခဲ့တယ်..။

သူက ရှေ့ဘက်ကို လဲကျသွားခဲ့ပြီး သဘော်ရဲ့ ကြမ်းပြင်ပေါ်မှာ မှောက်လျက်သားဖြစ်သွားခဲ့ပါတယ်..။ပြီးတာနဲ့ သူက ဒေါင်လိုက်အနေအထား အဖြစ် ပြောင်းလဲနေခဲ့တယ်..။ဆန်နီ ဟာ..အောက်ကို ဆက်တိုက် လျောကျသွားခဲ့ပြီး..မြားအနည်းငယ်ကနေ လွတ်မြောက်သွားခဲ့တယ်..။ယင်းနောက် …စစ်သည်တွေဟာ ကြောက်လန့်တကြား အော်သံတွေနဲ့ အတူပဲ အောက်ကို ပြုတ်ကျသွားကြတာကို သူ မြင်တွေ့လိုက်ရပါတယ်..။

သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်..။

‘ပြီးသွားပြီ…’

အခုတော့ သူ့အနေနဲ့ ဒီသဘော်ကို စွန့်ခွာရတော့မယ့် အချိန်ပါပဲ..။

အမှန်တကယ် တိုက်ဆိုင်လောက်အောင်ပဲ..လက်ရှိသဘော်ရောက်နေတဲ့ အမြင့်က ကတ်စီရဲ့ သဘော်ကျဆင်းနေတဲ့ အမြင့်နဲ့ တူညီစွာ ရှိနေခဲ့တယ်..။ဆန်နီဟာ သဘော်ပေါ်ကနေ အရိပ်တွေထဲကို ခုန်ထွက်ဖို့ ကြိုးစားနေတုန်းမှာပဲ..မှော်ဆရာရဲ့ သဘော်ပေါ်က ကြီးမားတဲ့ ပစ်ခတ်ရေး လက်နက်ကြီးက ရန်သူသဘော်တစ်စီးကို ချိန်ရွယ်နေတာ တွေ့လိုက်ရပါတယ်..။ကြည့်ရတာတော့ နောက်ထပ် ရန်သူသဘော် တစ်စီးက မကြာခင်မှာ ဖျက်ဆီးခံရတော့မယ့် ပုံပါပဲ..။

သို့ပေမယ့်လည်း..ကတ်စီ ဟာ..ရုတ်တရက် ပစ်ခတ်မူကို ရပ်တန့်လိုက်ပြီး..သဘော်ကို တစ်ပတ်ပြန်လှည့်လိုက်တယ်..။သူမက လုံးဝ ထင်မှတ်မထားတဲ့ အခြေအနေကနေ ပြန်လှည့်လိုက်တာကြောင့်..သဘော်သား အရုပ်တစ်ရုပ်တောင် ကုန်းပတ်ပေါ်ကို လဲကျသွားခဲ့ပါတယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

‘ဘာလဲ…’

သူ့ရဲ့ အတွေးတွေ အဆုံးမသတ်နိုင်ခင်မှာပဲ…

သူရပ်နေဆဲဖြစ်တဲ့ သဘော်ကြီးဟာ ရုတ်တရက် အပိုင်းပိုင်း အစစတွေအဖြစ် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားခဲ့တယ်..။အဲ့အချိန်မှာပဲ ကြီးမားတဲ့ အရာကြီးတစ်ခုက အလင်းမရှိတဲ့ ကောင်းကင်ယံမှာ ဖြတ်သန်းသွားခဲ့ပါတယ်.။ကတ်စီရဲ့ သဘော်က ဒီအရာကြီးကနေ ကပ်သီလေး လွတ်မြောက်သွားခဲ့တာပါ..။ဒီအရာကြီးက မှော်ဆရာရဲ့ ကျောက်တုံးသားရဲကြီးကို သာ ထိမှန်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာတင် ကျောက်တုံးအပိုင်းအစတွေ အဖြစ် ပြောင်းလဲသွားစေခဲ့တယ်..။

နောက်ထပ်တစ်စက္ကန့်အကြာမှာတော့..ဆန်နီဟာ သူ့ကိုယ်သူ ဘာမှမရှိတဲ့အောက်ဘက်ကို ဆက်တိုက် ဆင်းနေတာ ခံစားလိုက်ရတယ်..။ သူ့ရဲ့ အလေးချိန်ကို ခုခံပေးထားဖို့အတွက် အောက်ဘက်မှာ ဘာမှရှိမနေတော့ပါဘူး..။အဲ့အချိန်မှာပဲ..သူက ဒီအရာကြီးက ဘာလဲဆိုတာကို..မှတ်မိသွားခဲ့တယ်..။

ဒါက တောက်ပြောင်နေတဲ့ သံမဏိနဲ့ ပြုလုပ်ထားတဲ့ ကျောက်တိုင်ကြီးတစ်ခုဖြစ်ပြီး အနည်းဆုံး မီတာငါးဆယ်လောက် ရှည်လျားကာ..သူ့ရဲ့ အစွန်းမှာ ချွန်ထက်တဲ့ အစိတ်အပိုင်းတွေ ရှိနေခဲ့ပါတယ်..။ဒီတိုင်ကြီးက…..

ကြီးမားတဲ့ လူသန်ကြီးတစ်ကောင် သုံးဖို့ထိုက်တန်တဲ့..လှံရှည်ကြီးတစ်ချောင်းလိုပါပဲ..။

ဆန်နီ အံ့ဩသင့်သွားခဲ့ပြီး..အောက်ကိုကျဆင်းနေစဉ်မှာပဲ ဆင်စွယ်ရောင် မြို့တော်ရှိနေတဲ့ဘက်ကို လှမ်းကြည့်လိုက်ပါတယ်..။

သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။

သူ မြင်ခဲ့တာကို သူတကယ် သဘောမကျခဲ့ပါဘူး..။

…သူ လုံးဝကို သဘောမကျခဲ့ပေ..။

အပိုင်း ( ၇၁၈ ) ပြီး၏။

All Chapters