← Chapters

လမင်းရဲ့ အမှောင်ဘက်ခြမ်း..

Vol. 48 Ch. 719

လမင်းရဲ့ အမှောင်ဘက်ခြမ်း..

Vol. 48 Ch. 719

ဆင်စွယ်ရောင် မြို့တော်ရဲ့ အပြင်ဘက် အဝေးတစ်နေရာမှာတော့..သံမဏိရုပ်ထုကြီးက..ပျက်ဆီးနေတဲ့ ကျွန်းရဲ့ အပေါ်မှာ ရှိနေခဲ့တယ်..။သူ့ရဲ့ကြီးမားတဲ့ ခန္တာကိုယ်ကြီးကတော့ အမှောင်ထုထဲမှာ လှုပ်ရှားနေခဲ့ပါတယ်..။နိုတစ်ကြောင့် ရရှိထားတဲ့ သူ့ရဲ့ ဒဏ်ရာက အတော်လေး ပြန်ကောင်းမွန်နေခဲ့ပြီး..သူ့ခန္တာကိုယ်ကနေ သံကြိုးတွေ တွဲလောင်းကျနေခဲ့တယ်..။ရုပ်ထုကြီးက တိုက်ပွဲထဲမှာ ပြန်လည်ထွက်ပေါ်လာခဲ့တယ် ဆိုပေမယ့်လည်း..သူ့ရဲ့ လက်တစ်ဖက်ကတော့ ပြတ်တောက်နေခဲ့ပါတယ်..။

သံမဏိရုပ်ထုကြီးရဲ့ မျက်နှာက ခံစားချက်ကင်းမဲ့စွာ ရှိနေခဲ့တယ်..။ပြီးတော့ သူ့ရဲ့ မျက်လုံးတွေကလည်း နက်ရှိုင်းတဲ့ အရိပ်တွေထဲမှာ..နစ်မြုပ်နေခဲ့ပါတယ်..။သူ့ရဲ ရှေ့မှာတော့ ဒါဇင်နဲ့ချီတဲ့လှံရှည်တွေက မြေကြီးပေါ်ကို ထိုးစိုက်ထားခဲ့ကြတယ်..။ဆန်နီကြည့်နေစဉ်မှာပဲ..နေမင်းသားက လှံရှည်တစ်ချောင်းကို တည်ငြိမ်စွာ ဆွဲနုတ်လိုက်ပြီး သူ့ရဲ့လက်ကို မြှောက်ကာ..နောက်ထပ်ပစ်ခတ်မူတစ်ခု အတွက် ပြင်ဆင်နေခဲ့ပါပြီ..။

‘ချီးတဲ့မှပဲ…’

ဆန်နီဟာ အောက်ကို ပြုတ်ကျနေရင်းပဲ..လေထဲမှာ ဟန်ချက်ကိုထိန်းလိုက်ပြီး..ဦးတည်ချက်တစ်ခုကို ထိုးဆင်းသွားလိုက်တယ်..။ခနအကြာမှာတော့..သူက သဘော်ရဲ့ အပိုင်းအစတစ်ခုပေါ်ကို ရောက်သွားခဲ့ပြီး သူ့ရဲ့ အရိပ်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။

မျက်စိတစ်မှိတ်အတွင်းမှာပဲ..ဆန်နီဟာ တိုက်ခိုက်နေခဲ့တဲ့ သဘော်နှစ်စီးထဲက တစ်စီးပေါ်ကို ရောက်ရှိသွားခဲ့ပြီး..နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ဖို့ အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သူက သံမဏိရုပ်ထုကြီးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး..။သူလုပ်နိုင်တာ ဆိုလို့..သူ့ရဲ့ အခန်းဂဏ္ဍကို ဆက်လက်လုပ်ဆောင်ပြီး..ကတ်စီ အသက်ရှင်နိုင်ဖို့အတွက် ဆုတောင်းနေဖို့ပါပဲ..။တကယ်လို့ သူမသာ ရုပ်ထုကြီးကို အာရုံလွှဲထားဖို့ ကျရှုံးသွားခဲ့မယ်ဆိုရင်..သူတို့အားလုံး သေဆုံးရပါလိမ့်မယ်..။သို့ပေမယ့် ဒီအတွက်လည်း သူ့အနေနဲ့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ..။

သို့ပေမယ့်..သူမ နောက်ကို ရန်သူ သဘော်တွေအများကြီး လိုက်မနေအောင်တော့ ဆန်နီ လုပ်ပေးနိုင်ပါတယ်..။ဒါက သူ အခုလုပ်တော့မယ့် အရာပါပဲ..။

ဘာပဲဖြစ်ဖြစ်..သတ်ဖြတ်တာက..သူ့ရဲ့ အကျွမ်းကျင်ဆုံး အလုပ်တစ်ခုပါ..။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး..တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းထားကြတဲ့ နိုးထသူ စစ်သည်တွေဆီကို တိုးဝင်သွားခဲ့တယ်..။သူဖျက်ဆီးခဲ့တဲ့ တစ်ခြားသဘော်တွေနဲ့ မတူတဲ့ အချက်က..ဒီစစ်သည်တွေက တိုက်ခိုက်ဖို့အတွက်ကို အဆင်သင့် စောင့်ဆိုင်းနေခဲ့ကြတာပါ..။သို့ပေမယ့် ဒါက သူတို့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ပေ..။

သူတို့က သေကြရဦးမှာပါပဲ..။

လက်လေးချောင်း နတ်မိစ္ဆာက ရန်သူတွေရဲ့ ပထမတန်းနဲ့ မထိတွေ့ခင် အချိန်လေးမှာပဲ..သူတို့ရဲ့ ခန္တာကိုယ်ထဲကို ကြောက်မက်ဖွယ်ခံစားချက်တစ်ချို့ ဝင်ရောက်လာခဲ့တယ်..။ဒါက သူတို့ရဲ့ ဝိဉာဉ်တွေကို နာကျင်စေပြီး..အားအင်ချိနဲ့သွားစေခဲ့တာပါ..။မဟူရာအကာအကွယ်ရဲ့ ( မြေအောက်ကမ္ဘာ လက်နက် ) အားဖြည့်မူဖြစ်တဲ့ ကျိုးပျက်ကျိန်စာက..အရာအားလုံးကို လွှမ်းမိုးတိုက်စားသွားခဲ့ပြီး..ဆန်နီ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဝိဉာဉ်တိုင်းကို ဖျက်ဆီးပစ်နေခဲ့တယ်..။

..ဒါပေါ့ ဒီအရာက သူ့ရဲ့ ဝိဉာဉ်ကိုလည်း ထိခိုက်စေပါတယ်..။သို့ပေမယ့်..သူက သာမန် သားရဲတွေထက် အများကြီး ပိုသန်မာတဲ့ အပြင် မြေအောက်ကမ္ဘာဝတ်ရုံတော်ကလည်း ကာကွယ်ပေးထားခဲ့ပါသေးတယ်..။သူက ဒီအဆောင်ရဲ့ သက်ရောက်မူကို အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး ဆိုပေမယ့် ပြသနာသိပ်မရှိပါဘူး..။သူ့အနေနဲ့ ရန်သူတွေထက် ပိုကြာအောင် တောင့်ခံနိုင်ဖို့ပဲ လိုအပ်တာပါ..။

ရက်စက်သောမြင်ကွင်းကို ဓားအဖြစ်ပြောင်းလဲလိုက်ပြီးတဲ့ နောက်မှာတော့ ..ဆန်နီဟာ စိတ်ရှည်သော လက်စားချေသူကိုပါ ထုတ်ယူလိုက်ပြီး..အားနည်းနေတဲ့ ရန်သူတွေကို ဝင်ရောက်တိုက်ခိုက်လိုက်တယ်..။သူ့ရဲ့ ဓားနှစ်လက်က အသက်ဝင်နေသလို ရွေ့လျားနေခဲ့ကြပြီး..စွန်ပုံသဏ္ဍာန် ဒိုင်းကာဟာ..သူ့အပေါ်တိုက်ခိုက်မူတွေ ကျရောက်လာတာနဲ့ လိမ္မော်ရောင် အလင်းရောင်တွေကို ဒေါသတကြီး ထုတ်လွှတ်ပါတော့တယ်..။

အဲ့အချိန်မှာပဲ..ရက်စက်သောမြင်ကွင်းကလည်း တောက်ပတဲ့ အဖြူရောင် အလင်းတန်းတွေကို ဒေါသတကြီး ထုတ်လွှတ်လာခဲ့တယ်..။အဇူရာ ဓားသွားက..လိမ္မော်ရောင် အလင်းရောင်တွေကိုတောင် မှိန်ဖျော့သွားစေခဲ့ပါတယ်..။နတ်ဘုရားမီးတောက် နဲ့ သာမန်မီးတောက်တွေရဲ့ အလင်းရောင်တွေ အောက်မှာပဲ..ဓားနှစ်ချောင်းစလုံးက သံမဏိ အကာအကွယ်တွေကို စက္ကူတစ်ရွက်လို ဖြတ်တောက်ပစ်နေခဲ့တယ်..။ပျံသန်းနေတဲ့ သဘော်ရဲ့ အပေါ်မှာတော့ ကြောက်လန့်တကြားအော်ဟစ်သံတွေ ၊ ဒေါသတကြီး တိုက်ခိုက်သံတွေ လွှမ်းမိုးသွားခဲ့ပါတယ်..။

…နောက်ထပ်သဘော်တစ်စီးပေါ်မှာလည်း အလားတူ သတ်ဖြတ်မူမျိုး ဖြစ်ပေါ်နေခဲ့တယ်..။

အယ်ဖီက သွေးတွေစွန်းပေပြီး ချောမွတ်နေတဲ့ သဘော်ကြမ်းပြင်ပေါ်မှာ ဘောလုံးတစ်လုံးလို အဆက်အပြတ် ရွေ့လျားနေခဲ့ပါတယ်..။တစ်စုံတစ်ယောက်က သူမရဲ့နောက်ကျောဘက်ကနေ တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အချိန်မှာတော့..သူတို့က ထက်ရှတဲ့ မြားတွေအောက်မှာပဲ သေဆုံးခဲ့ကြရပါတယ်..။ကိုင်က သဘော်ရဲ့ အထက်မှာ လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး..ရန်သူ လေးသည်တော်တွေကို ရှောင်ရှားကာ..ပစ်မလွှဲတဲ့ မြားချက်တွေကို ထုတ်ဖော်နေခဲ့တယ်..။သူမက ကြမ်းတမ်းတဲ့ ကလေးမလေးလိုပဲ..တူညီတဲ့ သတ်ဖြတ်မူတွေကို လုပ်ဆောင်နေခဲ့တာပါ..။

ဆန်နီ ဖြစ်ပျက်နေသလိုပဲ..တစ်ခြားသဘော်တွေက တိုက်ပွဲဖြစ်နေတဲ့ သဘော်နှစ်စီးကို ကူညီဖို့အတွက် ချည်းကပ်လာခဲ့ကြတယ်..။သို့ပေမယ့် သူတို့ အနားကို မရောက်နိုင်ခင်မှာပဲ..အနက်ရောင် မြင်းတစ်ကောင်က ကုန်းပတ်ပေါ်ကို ရောက်လာခဲ့ပါတယ်..။မိနစ်အနည်းငယ် ကြာမြင့်ပြီးတဲ့အချိန်မှာတော့ သဘော်ပေါ်က စစ်သည်တွေ အားလုံး ဟာ ဖရိုဖရဲ ဖြစ်ကုန်ကြပါတော့တယ်..။ယင်းနောက် တစ်ခြားသဘော်တွေဟာ..မှော်ဆရာရဲ့ လှပတဲ့ သဘော်နောက်ကို ဆက်ပြီး မလိုက်ကြတော့ပဲ..သူတို့ကို ကယ်တင်ဖို့အတွက် သာ ဦးတည်ရောက်လာခဲ့ကြတယ်..။

သို့ပေမယ့် သူတို့ ဒီလို ရောက်လာတဲ့ အချိန်မှာပဲ..ကျောက်တုံးသားရဲတွေက သူတို့ကို ထပ်မံတိုက်ခိုက်ကာ ပျက်ဆီးမူတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်..။

အဝေးတစ်နေရာမှာတော့..ကတ်စီက အောက်ဘက်ကောင်းကင်ကို ရောက်အောင်သွားနိုင်ခဲ့ပြီး..ပျံသန်းနိုင်တဲ့ သဘော်တွေကြားထဲမှာ ပျံသန်းရှောင်တိမ်းမူတွေကို ပြုလုပ်နေခဲ့ရတယ်..။ရန်သူသဘော်အများစုကတော့..ဒီပြိုင်ပွဲအတွင်းမှာပဲ..ကောင်းကင်ချိန်းကြိုးတွေနဲ့ တိုက်မိတာ..သဘော်သားအရုပ်တွေရဲ့ ပစ်ခတ်မူတွေကို ခံရတာတွေနဲ့ ကြုံတွေခဲ့ရပါတယ်..။

အောက်ဘက်ကို ရောက်နေတာကြောင့် သူမက သဘော်တပ်ကြီးရဲ့ ဝန်းရံတိုက်ခိုက်မူ ကိုရော ၊ သံမဏိ လူကြီးရဲ့ လှံရှည်တွေကိုရော ရင်ဆိုင်ရခြင်း မရှိတော့ပါဘူး..။

တစ်ခနလောက်ဖြစ်ဖြစ် အခြေအနေတွေက ကောင်းမွန်သွားခဲ့တယ်..။

..သို့ပေမယ့် အဲတာကပဲ တကယ့် ပြသနာတစ်ခုပါပဲ..။

သံမဏိ လူကြီးဟာ..ပစ်မှတ်ထားစရာ တားဂတ် မရှိတော့တာကြောင့်..နောက်ထပ်လှံရှည်နှစ်ချောင်းနဲ့ ကျောက်တုံးသားရဲတွေကိုသာ လှမ်းပြီး ပစ်ခတ်လိုက်ပါတယ်..။ယင်းနောက် သူ့ရဲ့ အကြည့်ကို အလင်းရောင် ကင်းမဲ့နေတဲ့ ကျွန်းပေါ်မှာ ဝေ့ကြည့်လိုက်တယ်..။

ဒီလိုကြည့်နေစဉ်အတွင်းမှာပဲ..ကျွန်းတွေထဲက တစ်ခုဟာ ရုတ်တရက် တုန်ခါသွားခဲ့ပြီး..အောက်ဘက်ကောင်းကင်ကို ကျောက်တုံးအပိုင်းအစတွေ အဖြစ် ပြုတ်ကျသွားခဲ့ပါတယ်..။သူ့ကို ချိတ်ဆွဲထားတဲ့ ကောင်းကင်ချိန်းကြိုးက..လွတ်ထွက်သွားခဲ့ပြီး..ကောင်းကင်ထက်မှာ ဝေ့ယမ်းသွားခဲ့ကာ..သူ့ရဲ့ လမ်းကြောင်းမှာ ရှိနေတဲ့ ကံဆိုးတဲ့ သဘော်နှစ်စီးကို..ထိခိုက်ပျက်ဆီးသွားစေခဲ့ပါတယ်..။

ယင်းနောက် တစ်ခုခု ဖြစ်ပျက်သွားခဲ့တယ်..။

လရောင်ကို ဝါးမြိုထားခဲ့တဲ့ အရိပ်က..နောက်ဆုံးမှာ လမင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး..ညဘက်ကောင်းကင်အောက်မှာ အမှောင်ထု တစ်ခုတည်းသာ ရှိနေစေခဲ့တော့တယ်..။သို့ပေမယ့် အဲ့အချိန်မှာပဲ ရုတ်တရက် အနီရောင် အလင်းတန်းတစ်ခုက ပေါ်ထွက်လာခဲ့ပြီး လကို နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာစေခဲ့ပါတယ်..။ဒီတစ်ကြိမ်မှာတော့ လမင်းက ငွေရောင် မဟုတ်တော့ပါဘူး..။

အဲဒီအစား လမင်းကြီးက သွေးနီရောင် အဖြစ်ပြောင်းလဲနေခဲ့တယ်..။ပြီးတာနဲ့ ကမ္ဘာကြီး တစ်ခုလုံးကို..ကြက်သွေးရောင် အလင်းရောင်တွေနဲ့ ဝါးမြိုသွားခဲ့ပါတယ်..။

..ကျိုးပျက်ကျိန်စာရဲ့ ဝိဉာဉ်ထိခိုက်မူတွေကို ခံနေရတဲ့ ဆန်နီဟာ သဘော်ပေါ်မှာတိုက်ခိုက်နေရင်းနဲ့ ကောင်းကင်ပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်..။ယင်းနောက် တိုက်ပွဲထဲမှာ ပြန်အာရုံစိုက်ထားလိုက်ပါတယ်..။မှိန်ပြပြ ကြက်သွေးရောင် အလင်းတွေ အောက်မှာပဲ..သူက နောက်ထပ် လူသားတစ်ယောက်ကို သတ်ဖြတ်လိုက်ပြီး..အံကိုကြိတ်ထားခဲ့တယ်..။

‘ဒါက..ငါတို့အတွက် သတင်းကောင်းလား…သတင်းဆိုးလား ဆိုတာကို တကယ်သိချင်မိတယ်..’

အဝေးတစ်နေရာမှာတော့ နေမင်းသားကလည်း..ကြက်သွေးရောင် လမင်းကြီးကို တစ်ခနလောက် ကြည့်နေခဲ့တယ်..။ယင်းနောက် သူ့ရဲ့ အကြည့်တွေကို ပျက်ဆီးနေတဲ့ ကျွန်းဆီကို လှမ်းကြည့်လိုက်ပါတယ်..။

ပြီးတာနဲ့ သူ့ရဲ့ လက်ကို မြှောက်လိုက်ပြီး လှံရှည်ကို..သူတစ်ယောက်တည်းမြင်နေရတဲ့ အမှောင်ထု မျက်နှာပြင်ထဲက အရာတစ်ခုခု ဆီ လှမ်းပြီး ချိန်ရွယ်လိုက်ပါတယ်..။

အပိုင်း ( ၇၁၉ ) ပြီး၏။

All Chapters