ကြက်သွေးရောင် ကောင်းကင်
Vol. 48 Ch. 720
နက္ခတ္တဗေဒ နဲ့ ပတ်သက်ပြီး ဆန်နီကိုယ်တိုင်လည်း အများကြီး မသိထားပါဘူး..။သို့ပေမယ့်..နေကြတ်တဲ့ အချိန်မှာ မွေးဖွားလာခဲ့ရတဲ့ အတွက် သူ့အနေနဲ့ နေကြတ်ခြင်းအကြောင်းကို အနည်းငယ်တော့ သိထားပါသေးတယ်..။ဒီလိုအသုံးမဝင်ခဲ့တဲ့ အသိပညာမျိုးက တစ်နေ့မှာ သေရေး ရှင်ရေးအတွက် အရေးပါလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
အရိပ်တွေရဲ့ ဝါးမြိုခြင်းကို ခံရပြီးတဲ့နောက်မှာတော့..လရောင်က အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့တာက..သူ့အနေနဲ့ ပြန်လည်ထွက်ပေါ်လာခဲ့ပြီလို့ ဆိုလိုတာပါ..။သို့ပေမယ့် အမှန်တကယ်တော့..လရောင်က အရိပ်တွေရဲ့ အနက်ရှိုင်းဆုံး အပိုင်းကို ဝင်ရောက်သွားခဲ့တာပါပဲ..။
ဒီတော့..နိုတစ်က သူ့ရဲ့ စွမ်းအားတွေကို ပြန်ရသွားပြီလား..။သူက ခါတိုင်းထက် ပိုပြီး သန်မာလာခဲ့ပြီလား..။ဒါမှမဟုတ် သူက လတ်တလောမှာ အားအနည်းဆုံးအပိုင်းကို ရောက်နေပြီလား..။
ဒီ သောက်ကျိုးနဲ အိပ်မက်ကမ္ဘာကရော..ဂြိုလ်တစ်ခုတောင် ဟုတ်ရဲ့လား..။
ဆန်နီ ဒီကိစ္စကို မသိသလို..သိချင်စိတ်ဖြစ်ဖို့အတွက်လည်း အချိန်မရှိခဲ့ပေ..။လတ်တလောမှာ သူက ကျိုးပျက်ကျိန်စာ ရဲ့ ထိခိုက်မူကို ခံနေရသလို..တစ်ချိန်တည်းမှာပဲ..ဆင်စွယ်ရောင်မြို့က စစ်သည်တော်တွေရဲ့ တိုက်ခိုက်မူကို ခံနေခဲ့ရပါတယ်..။သူ ဘယ်လောက်ပဲ သတ်ဖြတ်နေပါစေ..ရန်သူတွေရဲ့ လှိုင်းလုံးဟာ လျော့ကျသွားတဲ့ပုံစံ ရှိမနေခဲ့ပေ..။
ကောင်းပြီလေ..ဒီလိုဆိုရင်တော့ သူလည်း ထပ်ပြီး သတ်ဖြတ်ဖို့ပဲ လိုအပ်တာပါ..။
ဆန်နီ နောက်ကို ခုန်ဆုတ်လိုက်ပြီး သူ့ရဲ့ ခန္တာကိုယ်ကို..စိတ်ရှည်သော လက်စားချေသူရဲ့နောက်မှာ ကာကွယ်ထားလိုက်တယ်..။နောက်ထပ်တစ်ခနမှာတော့..သဘော်ပေါ်မှာ ပေါက်ကွဲထွက်မူတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။
…ဆင်စွယ်ရောင်မြို့တော်ရဲ့ အစပ်နား အတော်ဝေးဝေးတစ်နေရာမှာတော့…နေမင်းသားဟာ သူ့ရဲ လက်တွေကို မြှောက်လိုက်တယ်..။ပြီးတာနဲ့..ကြီးမားတဲ့ လှံချောင်းတွေကို ချိန်ရွယ်ထားခဲ့ပါတယ်..။သူ့ရဲ့ အကြည့်တွေကတော့..ဘယ်သူမှ မြင်တွေ့နိုင်ဖို့အတွက် မဖြစ်နိုင်လောက်တဲ့ နိုတစ် နဲ့ ဆိုဗန်တို့ရဲ့ တိုက်ပွဲနေရာမှာ ရှိနေခဲ့တာပါ..။သူ့ရဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာမှာတော့..သွေးနီရောင် လမင်းကြီးကို အလင်းပြန်နေခဲ့တယ်..။
‘ချီးတဲ့မှပဲ….’
စွန်ပုံသဏ္ဍာန် ဒိုင်းကာကနေ အနီရောင် မီးတောက်တွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာကြောင့်..နောက်ကို ယိမ်းယိုင်သွားတဲ့ ဆန်နီဟာ တုန်ရီစွာ ထလာခဲ့ပြီး..သံမဏိ ရုပ်ထုကြီးကို ကြည့်လိုက်တယ်..။သူ့ရဲ့ နှလုံးသားကတော့ ဖြည်းဖြည်းချင်း အေးစက်လာနေခဲ့ပါတယ်..။နိုတစ်..ဒီခွေးသားက..နိုတစ်ကို ပစ်ဖို့ ချိန်နေတာပဲ…
တကယ်လို့ မှော်ဆရာသာ သေဆုံးသွားခဲ့မယ်ဆိုရင်..သူတို့တွေလည်း သူနဲ့အတူ သေဆုံးကြရမှာ အမှန်ပါပဲ..။
ဘယ်အရာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိတဲ့ ဆန်နီဟာ..အံကိုသာ ကြိတ်ထားရင်း စောင့်ကြည့်နေခဲ့ရတယ်..။
အဲ့အချိန်မှာပဲ..ထည်ဝါတဲ့ သဘော်တစ်စီးက..ရုတ်တရက် အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကနေ ထွက်လာတာကို မြင်တွေ့လိုက်ရပါတယ်..။သူ့ရဲ့ ဦးပိုင်းက နေမင်းသားကို ချိန်ရွယ်ထားခဲ့တယ်..။ရွေးချယ်စရာ မရှိတော့တဲ့ ကတ်စီက..သူမရဲ့ လုံခြုံမူကို စွန့်ပစ်လိုက်ပြီး…မွန်းစတား လူသန်ကြီးကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ..။သူမက လုံခြုံတဲ့ အောက်ဘက်ကျွန်းတွေ ကြားထဲကနေ အပေါ်ကို ထွက်လာခဲ့တာပါ..။
သဘော်ဦးပိုင်းက ကြီးမားတဲ့ ပစ်ခတ်ရေး လက်နက်ကြီးတွေဟာ..တုန်လှုပ်သွားခဲ့ပြီး..အနီရောင်ကောင်းကင်ပေါ်ကို လေးလံတဲ့ ဒုံးကျည်တစ်ခု ထိုးတက်သွားခဲ့ပါတယ်..။ပြီးတာနဲ့ ရုပ်ထုကြီးရဲ့ ညာဘက် ရင်ဘတ်ကို ထိမှန်သွားခဲ့တယ်..။ယင်းနောက် ဒါက..ပေါက်ကွဲထွက်သွားခဲ့ပြီး..အပြာရောင်အလင်းတန်းတွေနဲ့လွှမ်းခြုံသွားစေခဲ့တယ်..။
ဆန်နီ မျက်လုံးတွေ ပြူးကျယ်သွားပြီး အေးခဲသွားခဲ့တယ်..။
‘ရူးသွပ်နေတဲ့ ကလေးမလေး..သူမ တကယ်ပဲ လုပ်နိုင်ခဲ့တယ်..’
ပေါက်ကွဲမူရဲ့ အလင်းရောင်ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..သူက နေမင်းသား နောက်ကို လှုပ်ယမ်းကာ နောက်တစ်လှမ်းဆုတ် သွားတာကို တွေ့လိုက်ရတယ်..။ယင်းနောက် နေမင်းသားဟာ ဂရုမစိုက်စွာ အောက်ကို ငုံကြည့်လိုက်ပါတယ်..။သူ့ရဲ တောက်ပြောင်နေတဲ့ ချပ်ဝတ်အက်ျီက ခြစ်ရာတစ်ခုတောင် အရာမထင်ခဲ့ပါဘူး..။သူက ဒီလိုဖျက်ဆီးအားပြင်းတဲ့..ပစ်ခတ်မူကြောင့် လုံးဝ ထိခိုက်ခြင်း မရှိခဲ့ပေ..။
သို့ပေမယ့် အနည်းဆုံးတော့ အခုချိန်မှာ သူက နိုတစ်အကြောင်း မေ့သွားခဲ့ပါပြီ..။
ဒီလို အခြေအနေမျိုးက ပေးဆပ်မူမရှိပဲ ရလာခဲ့တာ မဟုတ်ပေ..။
ကတ်စီ ရဲ့ မျှော်လင့်ချက်ကင်းမဲ့ တဲ့ လှည့်ကွက်က..ရုပ်ထုကြီးကို အနှောက်အယှက်ဖြစ်စေခဲ့တယ် ဆိုပေမယ့်လည်း..ဒါက သူမကို အန္တရာယ်ကြားထဲ ရောက်သွားစေခဲ့တယ်..။နောက်ကနေ လိုက်လာနေတဲ့ ရန်သူသဘော်လေးစီးက..သူမနဲ့ အကွားအဝေတစ်ခုအထိ ရောက်လာခဲ့ကြပြီး …လေးတွေနဲ့ ဝန်းရံ ပစ်ခတ်လာခဲ့ကြပါတယ်..။သဘော်သား အရုပ်တစ်ချို့က အောက်ကို လဲကျသွားခဲ့ကြပြီး..သူတို့ရဲ့ သစ်သား ခန္တာကိုယ်ေတွ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတာ သို့မဟုတ် ဖျက်ဆီးခံရတာတွေဖြစ်ကုန်ကြတယ်..။ကျန်တာတွေကတော့..သူတို့ရဲ့ မြားတွေနဲ့ ပြန်လည်ပစ်ခတ်နေခဲ့ကြပါတယ်..။
မျက်မမြင် မိန်းမပျိုလေးရဲ့ ဘေးနားမှာတော့..အရုပ်နှစ်ခု ရှိနေခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းက လေးလံတဲ့ ဒိုင်းကာကို ကိုင်ထားခဲ့ကြပါတယ်..။အခုချိန်မှာတော့..ဒိုင်းကာ နှစ်ခုစလုံးက..မြားတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အပြည့်အဝကာကွယ်ပေးဖို့ အတွက် လိုအပ်ချက်တွေရှိနေခဲ့တယ်..။
မြားနှစ်ချောင်းက ကတ်စီ ရဲ့ ကာကွယ်သူတွေကို ကျော်ဖြတ်နိုင်သွားခဲ့တယ်..။သူမက တစ်ချောင်းကို တိတ်တဆိတတ်ကခုန်သူနဲ့ ရှောင်လွှဲနိုင်လိုက်ပေမယ့် တစ်ချောင်းကတော့..သူမရဲ့ ပုခုံးကို ထိမှန်သွားခဲ့တာပါ..။ဒါက မိန်းကလေးကို နောက်ကို ယိုင်လဲသွားစေခဲ့တယ်..။
တစ်ချိန်တည်းမှာပဲ ရန်သူ သဘော်လေးစီးဟာ..သူတို့ရဲ့ သဘော်ဦးပိုင်းကနေ လေးလံတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာခဲ့ကြတယ်..။ပြီးတာနဲ့ ဒုံးကျည်လေးခုက သဘော်ရဲ့ ကိုယ်ထည်ကို ထိမှန်သွားခဲ့ပါတယ်..။နှစ်ခုက ပေါက်ကွဲထွက်သွားပေမယ့် ကျန်တဲ့ နှစ်ခုကတော့..အားကောင်းတဲ့ စွမ်းအားတိုးမြှင့်မူတွေ ပါဝင်နေခဲ့တဲ့ ပုံပါပဲ..။သူတို့က ရှေးဟောင်းသဘော်ရဲ့ သစ်သားထဲအထိ နစ်ဝင်သွားခဲ့ပြီး..ထိခိုက်စေခြင်းတော့ မရှိခဲ့ပေ..။
သို့ပေမယ့်..မြားဒုံးကျည် တစ်ခုချင်းစီတိုင်းက..လေးလံတဲ့ ချိန်းကြိုးတွေနဲ့ အတူပဲ သဘော်ကို ချိတ်ဆက်သွားခဲ့တယ်..။သူတို့ရဲ့ ဆွဲငင်ထားမူကြောင့် ကတ်စီရဲ့ သဘော်က အတော်လေးကို နှေးကွေးသွားခဲ့ပြီး..မတူညီတဲ့ ဦးတည်ချက် နှစ်ဖက်ဆီကို ဆွဲခြင်းခံနေခဲ့ရတယ်..။သူ့ရဲ့ ကိုယ်ထည်က အသံတွေထွက်ပေါ်လာခဲ့ပြီး..အက်ကွဲစပြုနေသလိုပါပဲ..။
ချည်နှောင်မူကို သေချာပြုလုပ်ဖို့ ကျရှုံးခဲ့တဲ့ ရန်သူသဘော်နှစ်စီးကတော့..သူတို့ရဲ့ လူတွေကို သဘော်ပေါ်စေလွှတ်တိုက်ခိုက်စေမလား..။ဒါမှမဟုတ် အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်မလား ဆိုတာကိုတော့ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်..။
ပြီးတော့ သိပ်မဝေးတဲ့နေရာတစ်ခုမှာ..နေမင်းသားက သူ့ရဲ့ လှံရှည်ကို ထပ်မံပစ်ခတ်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
သို့ပေမယ့် ဆန်နီကတော့ ဒီအရာတွေကို မမြင်နိုင်ခဲ့ပေ..။
အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့.စိတ်ရှည်သော လက်စားချေသူကနေ ထုတ်လွှတ်လိုက်တဲ့ .မီးလောင်ကျွမ်းမူကနေ အသက်ရှင်ကျန်ရစ်နိုင်ခဲ့တဲ့ စစ်သည်တွေက..နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာခဲ့ကြတယ်..။သူတို့က သူတို့ရဲ့ အပေါင်းအပါတွေ သေဆုံးသွားခဲ့တဲ့ အတွက် ပိုပြီးတောင် အရူးအမူး ဖြစ်သွားခဲ့ကြတာပါ..။
ဒီတိုက်ပွဲအတွင်းမှာတော့..အဖွဲဝင်တစ်ယောက်ချင်းစီ တိုင်းမှာ သူတို့ လုပ်ရမယ့် အခန်းဂဏ္ဍဆိုတာ ရှိနေခဲ့ပြီးသားပါ..။တကယ်လို့ သူက ကူညီချင်တယ်ဆိုရင်တောင် ကတ်စီကို ကူညီပေးဖို့အတွက် သူ့မှာ အင်အား မရှိပါဘူး..။ဆန်နီ ကိုယ်တိုင်လည်း သူ့ကိုယ်သူ ရှင်သန်အောင် ကြိုးစားနေရမှာဖြစ်ပြီး..မျက်မမြင်မိန်းကလေးကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို ရှင်သန်ရမှာပါ..။
အင်းအားမရှိခြင်းရဲ့ ခါးသက်တဲ့ ခံစားမူမျိုး…။သူက ဒီအရသာမျိုးကို မခံစားရတာ အချိန်အတော်ကြာခဲ့ပါပြီ..။
ရန်သူ ရဲ့ သေစေနိုင်လောက်တဲ့ ဓားခုတ်ချက်ကို ရှောင်တိမ်းလိုက်ပြီး..လအမြုတေရဲ့ လျင်မြန်လွန်းတဲ့ ခုတ်ချက်နဲ့အတူပဲ အဆုံးသတ်ပေးလိုက်တယ်..။ဆန်နီဟာ ကြမ်းတမ်းပြီး ခံစားချက်မကောင်းစွာ အော်ဟစ်လိုက်ပါတယ်..။
‘မုန်းတယ်…ငါ ဒီလိုခံစားချက်မျိုးကို မုန်းတယ်..’
အဝေးတစ်နေရာမှာတော့ သဘော်သားအရုပ်တွေဟာ ချိတ်မိနေတဲ့ ချိန်းကြိုး နှစ်ချောင်းထဲက တစ်ချောင်းကို တစ်နည်းနည်းနဲ့ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်..။သူတို့ထဲက တစ်ချို့ကတော့..ကြက်သွေးရောင် အမှောင်ထုထဲကို တိတ်ဆိတ်စွာ ပြုတ်ကျနေခဲ့ကြတယ်..။ကတ်စီဟာ သူမရဲ့ ပုခုံးမှာ စိုက်ဝင်နေတဲ့ မြားကို ချိုးလိုက်ပြီး..အံကိုကြိတ်ထားကာ..ပဲ့ကိုင်ဘီးတွေကို နောက်တစ်ကြိမ်ပြန်ထိန်းချုပ်လိုက်တယ်..။အခုချိန်မှာတော့..သဘော်တစ်စီးနဲ့သာ ချိတ်မိနေခဲ့တာကြောင့် သူမက ဒီချိန်းကြိုးကနေ လွတ်မြောက်အောင် ကြိုးစားမနေတော့ပါဘူး..။အဲဒီအစား သူမက ရုတ်တရက် သဘော်ရဲ့ ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး ရန်သူသဘော်ရှိရာကိုသာ ဦးတည်ပျံသန်းလိုက်ပါတယ်..။
ဒီအရာကို ထင်မှတ်မထားခဲ့တဲ့ ရန်သူသဘော်ကပ္ပတိန်ဟာ..အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ပေ..။ရလာဒ်အနေနဲ့ ကတော့..မှော်ဆရာ သဘော်ရဲ့ သံမဏီ ထိပ်ပိုင်းက..ရန်သူသဘော်ရဲ့ ကိုယ်ထည်ကို အရှိန်ပြည့်နဲ့ ဝင်တိုက်ကာ နှစ်ပိုင်းဖြစ်သွားစေခဲ့ပါတယ်..။
ခနအကြာမှာတော့..သဘော်သားအရုပ်တွေဟာ ပစ်ခတ်ရေးလက်နက်တွေနဲ့ လူသန်ကြီးရဲ့ မထိုးဖောက်နိုင်လောက်တဲ့ သံမဏိခန္တာကိုယ်ကို ပစ်ခတ်လိုက်ကြတယ်..။ဒီ ပစ်ခတ်မူက ..ရုပ်ထုကြီးကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခြင်းမရှိပေမယ့်..သူ့ရဲ့ အာရုံကို လွဲပြောင်းအောင်တော့ လုပ်နိုင်ခဲ့ပါတယ်..။အဲ့အချိန်မှာပဲ နောက်ထပ် လှ့ရှည်တစ်ချောင်းက..ထည်ဝါတဲ့ သဘော်ဆီကို ပျံသန်းလာခဲ့ပြီး..မီတာ အနည်းငယ် အကွာလောက်ကနေသာ လွဲချော်သွားခဲ့တယ်..။
ကတ်စီ မသေဆုံးခဲ့ပါဘူး..။
ပြီးတော့ ဆန်နီလည်း မသေဆုံးခဲ့ပေ..။
သူက သဘော်ရဲ့ နောက်ဆုံးခုခံသူတွေကို သတ်ဖြတ်ပြီးတာနဲ့ အသက်ကို အမောတကော ရူနေခဲ့ရတယ်..။ယင်းနောက် သူ့ရဲ့ ခြေထောက်အောက်မှာရှိနေတဲ့ ကုန်းပတ်က ရုတ်တရက် တုန်လှုပ်သွားတဲ့ အချိန်မှာ သူက သေချာပြင်ဆင်ထားလိုက်ပါတယ်..။
‘ဘာလဲ…’
အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူရပ်နေတဲ့ သဘော်ဆီကို နောက်ထပ် သဘော်တစ်စီးကနေ သစ်သားပြားတွေ လှမ်းပစ်ပြီး လမ်းခင်းနေတာကို တွေ့လိုက်ရပါတယ်..။
အနီရောင် ချပ်ဝတ်အက်ျီဝတ်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ စစ်သည်တော်တွေဟာ..ခုန်ဝင်လာခဲ့ကြတယ်..။သူတို့ရဲ့ မျက်လုံးတွေက သွေးဆာလောင်မူတွေနဲ့ပြည့်နှက်နေကြပြီး..ခမ်းနားကြီးကျယ်မူကို အိပ်မက်မက်နေကြတဲ့ သူတွေလိုပါပဲ..။
သူက တစ်စက္ကန့်လောက် ငြိမ်သက်နေပြီးကာမှ..ပင်ပန်းနွမ်းနယ်စွာ ပြုံးလိုက်တယ်..။
‘အိုး..သူတို့က ကိုယ့်ဟာကိုယ် လာကြတာပေါ့..။ကောင်းပြီလေ..။ဘယ်လောက် အဆင်ပြေလိုက်လဲ..။ငါက အရိပ်ခြေလှမ်းကို သုံးပြီး..အဆီအနှစ်တွေ အကုန်ခံနေစရာ မလိုတော့ဘူးပေါ့..’
ဆန်နီဟာ သူ့ရဲ့ လက်နက်တွေကို ကိုင်စွဲပြီး..သဘော်ရဲ့ ဘေးဘက်ကို ကြည့်လိုက်တယ်..။
ကျောက်တုံးသားရဲ့ ကိုးကောင်သာ ကျန်တော့ပေမယ့် အဖွဲ့သားတွေအားလုံးကတော့ အသက်ရှင်လျက်ရှိနေကြသေးတဲ့ ပုံပါပဲ..။ရန်သူရဲ့ သဘော်တပ်ကြီးကတော့..သဘော် နှစ်ဒါဇင်ကျော်ကျော်လောက် ဆုံးရှုံးထားခဲ့တယ်..။
သို့ပေမယ့် အခြေအနေတွေက အတော်လေးကို ခက်ခဲလာတော့မှာပါ..။
အခုချိန်မှာ သူတို့က နေမင်းသားရဲ့ အာရုံစူးစိုက်မူကို အပြည့်အဝ ခံနေကြရပါပြီ..။
အခုချိန်မှာ..သူတို့ရဲ့ အဆီအနှစ်တွေကလည်း စတင်ပြီး..ခမ်းခြောက်လာခဲ့ပါပြီ…။
စစ်မှန်တဲ့ စမ်းသပ်မူက စတင်ပါတော့မယ်..။
ကြက်သွေးရောင် အလင်းတန်းတွေရဲ့ လွှမ်းမိုးမူ အောက်မှာပဲ..ဆန်နီဟာ. အစွယ်တွေပေါ်လာတဲ့ အထိ ပြုံးလိုက်ပြီး..ပြေးဝင်လာတဲ့ ရန်သူတွေဆီကို ဦးတည်သွားလိုက်ပါတယ်..။
အပိုင်း ( ၇၂၀ ) ပြီး၏။