← Chapters

ရှေးဟောင်း စစ်မြေပြင်မှရရှိသော သတ္ထုရိုင်းတုံး

Vol. 1-5 Ch. 60

ရှေးဟောင်း စစ်မြေပြင်မှရရှိသော သတ္ထုရိုင်းတုံး

Vol. 1-5 Ch. 60

အခန်း (၆၀) : ရှေးဟောင်း စစ်မြေပြင်မှရရှိသော သတ္ထုရိုင်းတုံး

“ဆရာနတ်မင်း… ကျုပ်တို့ အရမ်းလွမ်းနေခဲ့တာဗျ”

“ဆရာနတ်မင်း… လာမယ်ဆိုတာကို ဘာလို့ ကြိုပြီး မပြောခဲ့ရတာလဲဗျာ”

ရှန်ထျန်းကို မြင်လိုက်သည်နှင့် သူတို့လေးယောက် ချက်ချင်း အပြေးအလွှား ရောက်လာကြသည်။

ရှန်ထျန်းက ခပ်မြန်မြန် ပြောလိုက်သည် “ကျွန်တော့်ရဲ့ ခြေထောက်ကို ထပ်ပြီးတော့ ဖက်ခွင့်မပြုတော့ဘူးနော်”

သူတို့လေးယောက် အချင်းချင်းကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

အကုန်လုံးရဲ့ လေ့လာမှု ရလဒ်တွေက မှန်ကန်တာပဲ… အာရုံစိုက်မှုကို ရဖို့အတွက် တူညီသော နည်းလမ်းကို ဒုတိယအကြိမ် ထပ်သုံးလို့ မရဘူးပဲ…

ရှုန်းမုန့်က ပွင့်လင်းသူဖြစ်တာကြောင့် ချက်ချင်းမေးလိုက်သည် “ဆရာနတ်မင်းက အနာဂတ်ကို တကယ်ပဲ ကြိုတင်ခန့်မှန်းနိုင်တာလားဟင်။ ကျုပ်တို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဒီနေရာကို လာခဲ့တာလား”

“ပြဿနာ… ဘာပြဿနာတွေလဲ” ရှန်ထျန်း နားမလည်ဖြစ်သွားရသည်။

လျှိုထိုက်ယီက ပြန်ဖြေလိုက်သည် “ဆရာနတ်မင်းခင်ဗျ… ကျုပ်တို့က အဖွဲ့ရဲ့ အကြီးအကဲအဖြစ် သူဌေးစုန့်ကို ရာထူးပေးအပ်ဖို့ လျာထားပါတယ်”

သူဌေးစုန့်က ခေါင်းယမ်းပြကာ ပြောလိုက်သည် “ကျုပ်က ဘယ်လိုလုပ်ပြီးတော့ ဒီရာထူးကို ယူရဲပါ့မလဲ။ မသင့်… မသင့်တော်ပါဘူးဗျာ”

သူတို့၏ အငြင်းပွားပုံကို ကြည့်ပြီး သူတို့ကို ငတုံးတွေဟု ရှန်ထျန်း တွေးလိုက်မိသည်။

‘နတ်မင်းအသင်းဝင်များ’ အဖွဲ့ဟုတ်လား… အဲဒါက ငါ့ရဲ့တရားမဝင် ဖန်ကလပ်တစ်ခုပဲ မဟုတ်လား…

အဲလိုမျိုး ဖန်ကလပ်ရဲ့ ခေါင်းဆောင်နေရာက လုဖို့ ထိုက်တန်လို့လား…

ရှန်ထျန်းက ပြောလိုက်သည် “အခုလောလောဆယ် အကြီးအကဲက ဘယ်သူလဲ”

လျှိုထိုက်ယီက လက်ထောင်ပြကာ ပြောလိုက်သည် “ကျုပ်ပါဗျာ”

ရှန်ထျန်းက ထပ်မေးလိုက်သည် “ဒါဆို ဘာလို့ ဒီရာထူးကို သူဌေးစုန့်ဆီ လွှဲပြောင်းပေးချင်ရတာလဲ”

လျှိုထိုက်ယီက လေးနက်စွာ ပြန်ဖြေလိုက်သည်

“ကျုပ်က ဒီရာထူးကိုယူဖို့အတွက် အရည်အချင်း မပြည့်မှီတော့ပါဘူး။ ကျုပ်က အသုံးဝင်တဲ့ အလုပ်ကိုလည်း မလုပ်နိုင်ခဲ့ဘူး။ သူဌေးစုန့်ကတော့ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဆိုင်ရှင်ဆိုပြီးတော့ နာမည်ကြီးတယ်လေ…

သူသာ အကြီးအကဲတစ်ယောက် ဖြစ်လာရင် ကျုပ်တို့ရဲ့ ‘နတ်မင်းအသင်းဝင်များ’အဖွဲ့မှာလည်း အလှူငွေတွေ ရလာနိုင်တယ်။

ကျုပ်တို့ရဲ့ အဖွဲ့ဝင်တွေကလည်း သတ္ထုရိုင်းတုံးတွေကို ဝယ်တဲ့အခါ လျှော့ဈေး ရနိုင်တယ်လေ။ ကျုပ်တို့ရဲ့ အဖွဲ့ထဲကို ဝင်လာဖို့အတွက် အဖွဲ့ဝင်သစ်တွေကို ဆွဲဆောင်ရာမှာလည်း ပိုပြီးတော့ အထောက်အကူပြုသွားမယ်”

လျှိုထိုက်ယီ၏ စကားတွေကို ကြားပြီးနောက်မှာတော့ သူဌေးစုန့်၏ မျက်နှာ အတော်လေး မကောင်းတော့ပေ။

မင်း လုပ်နေတာတွေက တစ်ခုမှ မကောင်းဘူးဆိုတာ ငါ သိပြီးသား…

ငါ့ကို အဲဒီရာထူးပေးပြီးတော့ ငါ့ဆီကနေ အကျိုးအမြတ်လိုချင်နေတာပေါ့…

‘နတ်မင်းအသင်းဝင်’တွေအတွက် အလှူငွေကို ထောက်ပံ့ပေးရမယ်ဟုတ်လား…

ဤအရာတွေကို အလိုရှိသူက ရှန်ထျန်းသာဖြစ်ပါက သူဌေးစုန့် ဘာမဆို လုပ်ပေးမည် ဖြစ်သည်။ သူ ရလာမည့်အရာက အရေးမကြီးဘဲ အဓိကက ရှန်ထျန်းနှင့် ကံစပ်ဖို့ပင် ဖြစ်သည်။

ပြဿနာက နတ်မင်းအသင်းဝင်တွေကသာ ဆရာနတ်မင်းနှင့် ကံစပ်နေကြသည်။

သူတို့က သူဌေးစုန့်နဲ့မှမဆိုင်တာ အဲဒါကိုဘာလို့ သူတို့ကို လျှော့ဈေး ပေးရမှာလဲ…

ဤသုံးယောက်က သူဌေးစုန့်အပေါ် အခွင့်ကောင်း ယူချင်နေတာဖြစ်မှန်း သိသာလှသည်။

ရှန်ထျန်းက ခေါင်းအသာညိတ်ကာ ပြောလိုက်သည် “သူ ပြောတာက အတော်လေး နည်းလမ်းကျသားပဲ။ သူဌေးစုန့်ရော ဘယ်လိုထင်လဲ”

ရှန်ထျန်းသာ မရှိပါက သူဌေးစုန့် တွေဝေခြင်းမရှိ ချက်ချင်း ငြင်းလိုက်သည်။

ဆရာနတ်မင်းက အနာဂတ်ကို ကြိုမြင်ပြီးတော့ သူ့ကို ကိုယ်တိုင် တောင်းဆိုမလို့ လာတာဆိုရင် ဘယ်လိုလုပ်မလဲ…

ထိုအရာက သူဌေးစုန့်ကို အတွေးလွန်စေသည်။

ငါက သစ္စာရှိလားဆိုပြီးတော့ ဆရာနတ်မင်းက စမ်းသပ်နေတာများလား…

ငါက နတ်မင်းအသင်းဝင်တွေကို သစ္စာရှိနိုင်ရဲ့လား…

သူဌေးစုန့်က ထိုအကြောင်းကို တွေးရင်း အံကြိတ်လိုက်မိသည်။

ငါနဲ့ ဆရာနတ်မင်းရဲ့ ကံစပ်မှုကိုသာ တည်မြဲအောင် လုပ်နိုင်မယ်ဆိုရင်တော့ ငါ သေချာပေါက်လုပ်မယ်…

သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျုပ်တို့ရဲ့အဖွဲ့အတွက် ပါဝင် ကူညီပေးချင်ပါတယ်။ ကျုပ်သာ အဖွဲ့ရဲ့ အကြီးအကဲဖြစ်ခဲ့ရင် အလှူငွေ ထောက်ပံ့သွားဖို့လည်း ဆန္ဒရှိပါတယ်။

အဖွဲ့ဝင်တွေ ကျုပ်ဆိုင်မှာ သတ္ထုရိုင်းတုံးတွေ ဝယ်မယ်ဆိုရင်တော့ ၁၂ ရာခိုင်နှုန်း လျှော့ဈေး ပေးပါ့မယ်။ အဖွဲ့ဝင်တွေက အကျိုးအမြတ် အများကြီး ရအောင် လုပ်ပေးတာနဲ့ သတ္ထုရိုင်းတုံးဖြတ်တာကိုလည်း ဈေးတစ်ဝက် လျှော့ပေးပါမယ်”

သူဌေးစုန့်၏ ကတိပေးမှုက ရှန်ထျန်းကို ကြောင်အသွားစေသည်။

အမလေး…သူ့ အကျိုးအမြတ်တွေကို လက်လွှတ်ခံမလို့တဲ့…

ဝိညာဉ်သတ္ထုရိုင်းတုံးဆိုင်၏ ဝင်ငွေက အထင်ကြီးလောက်စရာ ကောင်းသော်လည်း သူဌေးစုန့်သာ လျှော့ဈေးပေးလိုက်ပါက ဝင်ငွေ ထိခိုက်လာနိုင်သည်။

နတ်မင်းအသင်းဝင်တွေ များလာရင်တော့ ကောင်းကင်ဝိညာဉ်ပြခန်းမှာ ဖောက်သည်တွေ များလာမှာတော့ အမှန်ပဲ...

ဆိုင်က အကျိုးအမြတ်ရမလား ဆုံးရှုံးမှု များမလားဆိုတာကတော့ ရှေ့လျှောက် နတ်မင်းအသင်းဝင် အရေအတွက်ပေါ် မူတည်နေသည်။

သူဌေးစုန့်အတွက်တော့ စွန့်စားမှုများသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

ပုံမှန်ဆိုရင် သူဌေးစုန့်မှာ ဒီလိုသတ္တိမျိုး မရှိပါလေ။

“ဒါဆိုရင်လည်း သူဌေးစုန့်ကပဲ အကြီးအကဲနေရာကို ယူလိုက်ပေါ့ဗျာ”

ရှန်ထျန်းက သူဌေးစုန့်၏ တောင်းဆိုချက်ကို စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်သည်။

ထိုအချိန် သူဌေးစုန့်ကတော့ ဆုံးရှုံးမှုအတွက် နာကျင်နေရသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဆရာနတ်မင်းသာပျော်နေရင် ဘာမဆိုပေးဆပ်ဖို့ ထိုက်တန်ပါတယ်လေ…

ကျန်းယွင်ရှီးက သူဌေးစုန့်နှင့် တခြားသူတွေ၏ အပြုအမူကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်မိသည်။

သူမက ဤနှစ်တွေထဲမှာ အရှေ့ပိုင်းလွင်ပြင်က မိစ္ဆာအမျိုးမျိုးကို ရှင်းလင်းခဲ့တာကြောင့် သူတို့လေးယောက်လုံးကို မိစ္ဆာဂိုဏ်းဝင်တွေဟုသာ ခံစားနေရသည်။

သူတို့က အယူသည်းစွာနှင့် တူညီတဲ့ လူတစ်ယောက်တည်းကိုပဲ ကိုးကွယ်နေကြပါလား…

အဓိကက အဖွဲ့အစည်းရဲ့ အကျိုးအတွက် စတေးခံတယ်ဆိုတဲ့အချက်ပဲ…အဲဒါတွေက မိစ္ဆာဝိညာဉ်တွေရဲ့ နည်းလမ်းတွေ၊ စည်းမျဉ်းတွေပဲ…

သို့သော် ရှန်ထျန်းက မိစ္ဆာဂိုဏ်းတွေနှင့် ပတ်သက်မည့်သူ မဟုတ်တာကိုတော့ ကျန်းယွင်ရှီး ယုံကြည်ထားသည်။

ထူးဆန်းလိုက်တာ… ရှန်ထျန်းက မိစ္ဆာဝိညာဉ်တွေနဲ့ ပူးပေါင်းနေတာ ဟုတ်လား မဟုတ်ဘူးလား…

သူက တကယ်ပဲ သတ္ထုရိုင်းတုံးတွေ သေချာအကဲဖြတ်တတ်လားဆိုတာကို နည်းနည်းလောက် ပိုပြီးတော့ စောင့်ကြည့်ကြတာပေါ့...

ကျန်းယွင်ရှီး၏ စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

“ရှန်ထျန်း… ကျွန်မတို့ သတ္ထုရိုင်းတုံးတွေ စပြီးတော့ ရှာလို့ ရပြီမလား”

“ဟုတ်ကဲ့ ရပါပြီဗျာ… နတ်မိမယ်ကျန်း ခဏလေး စောင့်ပေးပါဦးနော်” ရှန်ထျန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ဤနေရာသို့ လာသည့် လမ်းတစ်လျှောက်လုံး ရှန်ထျန်း အံကြိတ်ပြီး လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးမှာတော့ ကျန်းယွင်ရှီး၏ ခေါင်းပေါ်ရှိ ကံအပြောင်းအလဲကို သေချာမြင်နိုင်သွားပြီ ဖြစ်သည်။

သူက ဘေးမှာရှိသော သတ္ထုရိုင်းတုံးထားရာ စင်ဆီသို့ သွားကာ စတင် ရှာဖွေလိုက်တော့သည်။

သိပ်မကြာခင်မှာပဲ တစ်မီတာအမြင့်ရှိသည့် ဝိညာဉ်သတ္ထုရိုင်းတုံးကြီးရှေ့မှာ မတ်တပ်ရပ်လိုက်သည်။

သတ္ထုရိုင်းတုံးက ခရမ်းရောင်ဖြစ်ပြီး အလင်းပုံစံခွက်လေးကို မြင်နေရသည်။

အာရုံကို ဆွဲဆောင်လိုက်သည့်အရာက မျက်နှာပြင်ပေါ်က အက်ကွဲကြောင်းများပင် ဖြစ်သည်။ အက်ကွဲကြောင်းတွေက ပင့်ကူအိမ်ကဲ့သို့ ပုံစံရှိပြီး အချိန်မရွေး ကွဲအက်သွားနိုင်ပုံ ပေါ်နေသည်။

ရှန်ထျန်းက ထိုဝိညာဉ်သတ္ထုရိုင်းတုံးကို သဘောကျနေတာကို တွေ့သည့်အတွက် သူဌေးစုန့်က သူ့အနားကပ်လာကာ ရှင်းပြလိုက်သည်။

“ဆရာနတ်မင်းက ကြည့်တတ်တဲ့ အမြင်ရှိတာပဲ။ ဒီဝိညာဉ်သတ္ထုရိုင်းတုံးက… ရှေးဟောင်းစစ်မြေပြင်ကနေ တူးဖော်ရရှိထားတာ။ ဒီဆိုင်ထဲမှာ တန်ဖိုးအထားရဆုံး သတ္ထုရိုင်းတုံးတစ်ခုပဲ”

ဒီသတ္ထုရိုင်းတုံးက ရှေးဟောင်းစစ်မြေပြင်ကနေ ရတာလား...

သူဌေးစုန့်၏ ရှင်းပြချက်က အကုန်လုံးကို ထိတ်လန့်သွားစေသည်။

ရှေးဟောင်းစစ်မြေပြင်ဆိုတာက မီးတိုင်းပြည်၏ အရှေ့အရပ်မှာ ဖြစ်ပွားခဲ့သော စစ်ပွဲကို ဆိုလိုခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်သောင်းလောက်တုန်းက အရှေ့ပိုင်းလွင်ပြင်နှင့် အပြင်ဘက်မှ မိစ္ဆာတို့၏ စစ်ပွဲ ရှိခဲ့ဖူးသည်။

မရေတွက်နိုင်သော အားကောင်းသည့် ကျင့်ကြံသူတွေလည်း ထိုနေရာမှာ သေဆုံးသွားခဲ့ပြီး အဖိုးတန်သော ရတနာအမွေအနှစ်တွေကို ချန်ထားခဲ့သည်။

မြင့်မြတ်သော ကျင့်ကြံသူတွေ သေသွားတာ အရမ်းများသလို ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတွေလည်း ထိုနေရာမှာ မွေးဖွားခဲ့တာကြောင့် စစ်မြေပြင်က အန္တရာယ်ဖြင့် ပြည့်နှက်နေသည်။

နှစ်တိုင်း ပင်မဂိုဏ်းမှ ကျင့်ကြံသူတွေက လေ့ကျင့်သည့်အနေဖြင့် စစ်မြေပြင်သို့ ထွက်ကာ တိုက်ခိုက်ရသည်။ ကံကောင်းသူတွေကတော့ ကံအပြောင်းအလဲအခွင့်အရေးနှင့် ကြုံပြီး ကံကောင်းတတ်ကြကာ ကံမကောင်းသူတွေကတော့ ထိုနေရာ၌ သေသွားတတ်ကြသည်။

ထိုစစ်မြေပြင်မှ သတ္ထုရိုင်းတုံးတွေအများကြီးကို အပြင်သို့ ထုတ်ယူလာပြီးပြီ ဖြစ်သည်။

နှစ်တစ်သောင်းသက်တမ်းရှိနေသော သတ္ထုရိုင်းတုံးများဆီမှ ဘာတွေကို ရလာမလဲဆိုတာ ဘယ်သူမှမသိကြပေ။

ဝိညာဉ်ဆေးလုံးနှင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းလိုမျိုး အရာတွေကို ရရှိရန် ခက်ခဲလှသော်လည်း သက်တမ်း အများကြီးရှိသော ရတနာတွေကို ရှာရန်တော့ လွယ်ကူလှသည်။

ဥပမာအားဖြင့်… အဆင့်အားဖြင့် ဝိညာဉ်ဆေးလုံးနှင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတွေ၏ အထက်မှာရှိသော အထွတ်အထိပ် ဆေးလုံးနှင့် အထွတ်အထိပ် အသုံးအဆောင်ပစ္စည်းတွေက တွေ့ရတတ်သလို… ပျောက်ဆုံးနေပြီ ဖြစ်သည့် ရှေးဟောင်း တော်ဝင်သိုင်းကျမ်းလိုမျိုးလည်း တွေ့ရတတ်သည်။

ကောလဟလတွေအရ ခရမ်းစံအိမ် အထွတ်အမြတ်မြေမှ ဒဏ္ဍာရီလာ သူတော်စင်က နိဗာနတော်ဝင်ကျမ်းကို ရခဲ့ဖူး၏။ ယခု ထိုကျမ်းကို ခရမ်းစံအိမ် အထွတ်အမြတ်မြေနားမှာ ရှိသော ရှေးဟောင်း စစ်မြေပြင်ထဲမှ တူးဖော်ရရှိထားသည်ဟု သတင်းထွက်နေသည်။

ထိုတွေ့ရှိမှုကြောင့် အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ခရမ်းစံအိမ် အထွတ်အမြတ်မြေက သူတော်စင်ကို လူတိုင်းက အဆင့်မြင့်မြင့် သတ်မှတ်ထားကြသည်။

လူတိုင်းရဲ့ စိတ်ထဲမှာ သူကသာ အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံးမှာ တစ်ဦးတည်းသော ကောင်းချီးပေးခံရသူဟု ခံယူထားကြသည်။

ပြီးပြည့်စုံသော တော်ဝင်ကျမ်းတစ်ခုက အထွတ်အမြတ်မြေ တစ်ခုလုံးကိုပင် အောင်မြင်လာအောင် လုပ်ပေးနိုင်သည်။

အကယ်၍ ခရမ်းစံအိမ် အထွတ်အမြတ်မြေ၏ သူတော်စင်က နိဗာနကျမ်းကို အပေါ်ပိုင်း တစ်ဝက်လောက်သာ ရခဲ့မည်ဆိုလျှင်တောင် ခရမ်းစံအိမ် အထွတ်အမြတ်မြေအတွက် ခိုင်မာသော အုတ်မြစ်ကို ဆောက်တည်လို့ ရနေပြီ ဖြစ်သည်။

ထိုကဲ့သို့ ကံအပြောင်းအလဲ အခွင့်အရေးက ဝိညာဉ်ကျောက်တုံး ဒါမှမဟုတ် ဝိညာဉ်သလင်းကျောက်တွေ ဘယ်လောက်ပေးပေး နှိုင်းယှဉ်လို့ မရနိုင်ပေ။

မီးတိုင်းပြည်အနီးရှိ ရှေးဟောင်းစစ်မြေပြင်မှ ရရှိခဲ့သော ဤခရမ်းရောင်သတ္ထုရိုင်းတုံး၏ ရောင်းဈေးမှာကား… ဝိညာဉ်ကျောက်တုံး တစ်သိန်း ဖြစ်နေ၏။

All Chapters