← Chapters

အခန်း (၁၇၄၂)

Vol. 125 Ch. 1742

အခန်း (၁၇၄၂)

Vol. 125 Ch. 1742

အခန်း(၁၇၄၂)

မူလကျောက်စိမ်း… ။

မူလကျောက်တုံးများ မဟုတ်ပေ။

ထိုအပိုင်းအစနှစ်ခုသည် မူလကျောက်တုံးနှစ်ရာ တန်ဖိုးရှိသော မူလကျောက်စိမ်းများ ဖြစ်ကြသည်။

“ ငါတို့ မင်းကို ဖီးနစ်ငိုသံမြို့တော်ရဲ့ ဈေးဆီ ခေါ်သွားပေးမယ်… ဈေးကို ရောက်တဲ့အခါ မင်းဘာသာ ထွက်သွားရမယ်… အဲ့ဒါဆို အဆင်ပြေမလား ”

ဟန်မူယဲ့က တာအိုပညာရှင်ကို စူးစိုက်ကြည့်လိုက်ပြီး မေးသည်။

တာအိုပညာရှင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။ သူက မြင်းလှည်းပေါ်သို့ တတ်သွားပြီး ဟန်မူယဲ့၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ အချိန်တွေ ပြောင်းလဲသွားပြီ… ”

အချိန်တွေ ပြောင်းလဲသွားပြီလား… ။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက ညင်သာစွာ လက်မြှောက်လိုက်လေရာ သူ၏ လက်ဖဝါးပေါ်မှ အစိမ်းရောင်မှော်အဆောင်က ထွန်းလင်းတောက်ပသွားသည်။

ထို့နောက် မှော်အဆောင်၏ အစွမ်းက မြင်းလှည်းပေါ်သို့ ဖုံးလွှမ်းသွားသည်။ အစိမ်းရောင်လေစီးကြောင်းများ၏ ပံ့ပိုးမှုအောက်မှာ မြင်းလှည်း၏ အရှိန်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ မကြာမီ မြင်းလှည်းက နေရာမှ ပျောက်ကွယ်သွားသည်။

မြင်းလှည်းထွက်သွားပြီး သိပ်မကြာမီ ပုံရိပ်အများအပြားက ထိုနေရာသို့ ရောက်လာကြသည်။

“ ယွင်ချင်းတာအိုဂိုဏ်းက ပြန်နိုးထလာတဲ့ အဲ့ဒီကျင့်ကြံသူက ဒီနေရာမှာ ပျောက်သွားတယ် ”

“ ဒီနေရာမှာ မှော်အဆောင်အားလှိုင်းတချို့ ကြွင်းကျန်နေတယ်… တစ်ယောက်ယောက်က သူ့ကို ကယ်တင်သွားတာ ဖြစ်ရမယ် ”

ခေါင်းဆောင်အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ထဲမှ ဓားရှည်ဖြင့် အရှေ့သို့ ညွှန်လိုက်သည်။

“ မြင်းလှည်းရဲ့ ခြေရာအရ သူတို့က ဖီးနစ်ငိုသံမြို့တော်ဆီ သွားတာ ဖြစ်ရမယ် ”

“ သူတို့နောက်ကို လိုက်ကြမယ် ”

…..

ထိုအချိန်တွင် ဟန်မူယဲ့နှင့် တခြားလူများ၏ မြင်းလှည်းက ဖီးနစ်ငိုသံမြို့တော်ဆီသို့ ရောက်သွားပြီ ဖြစ်၏။ မြို့တော်သို့ ရောက်သွားသည့်အခါ ယွင်ချင်းတာအိုဂိုဏ်းမှ ယန်ချီအမည်ရသော တပည့်က ထွက်သွားသည်။

ဖီးနစ်ငိုသံမြို့တော်သည် လူဦးရေတစ်သိန်းကျော် နေထိုင်ကြသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ သူတို့ထဲမှ အများစုက ကျင့်ကြံသူများ ဖြစ်ကြသည်။

ခရီးစဉ်တစ်လျှောက်တွင် ဟန်မူယဲ့သည် ပြန်လည်မွေးဖွားခြင်း ပဉ္စမအလွှာထက်မြင့်သော ကျင့်ကြံသူအများအပြားကို အာရုံခံမိခဲ့သည်။

ဝူချွမ်းက အလွန်ဉာဏ်ကောင်းသည်။ တစ်ခဏကြာ စုံစမ်းမေးမြန်းပြီးနောက် သူက ဟန်မူယဲ့ကို အထပ်သုံးထပ်ပါသော ဈေးဆိုင်တစ်ခု၏ အရှေ့သို့ ခေါ်ဆောင်သွားသည်။

ထိုဈေးဆိုင်ကို “ ကျောက်စိမ်းမှော်အဆောင်စံအိမ် ”ဟု ခေါ်သည်။ ယင်းက မှော်အဆောင်နှင့်ပတ်သက်သော စီးပွားရေးကို အဓိက လုပ်ကိုင်သည်။

“ ဧည့်သည်က မှော်အဆောင်တွေကို စစ်ဆေးကြည့်မှာလား… ဒါမှမဟုတ် တိုက်ရိုက် ဝယ်မှာလား ”

“ ကျုပ်တို့ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်မှာ အချင်းမိုင်တစ်ထောင်အတွင်း အစွမ်းထက်ဆုံး မှော်အဆောင်သခင်တွေ ရှိပါတယ်… ခင်ဗျား စိတ်ကျေနပ်စေရမယ်လို့ ကျုပ်အာမခံပါတယ် ”

ဈေးဆိုင်၏ အရောင်းသမားများက ဟန်မူယဲ့ထံသို့ အပြုံးဖြင့် ချဉ်းကပ်လာကြသည်။

ဟန်မူယဲ့က ဈေးဆိုင်ထဲသို့ ကြည့်လိုက်လေရာ နေရာတိုင်းတွင် ကျောက်စိမ်းမှော်အဆောင်များဖြင့် ပြည့်နှက်နေကြောင်း မြင်တွေ့သွားသည်။

“ ကျုပ်လက်ထဲက ဒီမှော်အဆောင်ကို ခင်ဗျားဘယ်လိုမြင်လဲ ”

ဟန်မူယဲ့က ကျောက်စိမ်းမှော်အဆောင်နှစ်ခုကို ထုတ်ပြလိုက်ပြီး ပြောသည်။

အရောင်းသမားသည် ကျောက်စိမ်းမှော်အဆောင်ရောင်းရန် စံအိမ်ဆီသို့ ရောက်လာကြသော ကျင့်ကြံသူများကို ယခင်က မကြာမကြာ မြင်တွေ့ဖူးသည်။ သို့ဖြစ်၍ ဟန်မူယဲ့၏ လုပ်ရပ်ကို သူမအံ့ဩပေ။

သူက မှော်အဆောင်များကို လှမ်းယူလိုက်ပြီး အာရုံခံလိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး ပြောသည်။

“ ဆရာ… ဒီကျောက်စိမ်းမှော်အဆောင်ကို ရေးထွင်းထားတဲ့ နည်းလမ်းက အတော်လေး သေသပ်တယ်… ဝိညာဉ်စွမ်းအား ပါဝင်မှုနှုန်းကလည်း အချိုးအစားသင့်တယ်… ဝိညာဉ်စွမ်းအားကလည်း တည်ငြိမ်တယ်… ဒီဟာက တကယ်ပဲ မှော်အဆောင်ကောင်းပါ ”

အရောင်းသမားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျောက်စိမ်းမှော်အဆောင်ကို ပြန်ပေးလိုက်သည်။

“ တကယ်လို့ ခင်ဗျားက ဒီကျောက်စိမ်းမှော်အဆောင်ကို ကျုပ်တို့စံအိမ်ဆီ ရောင်းချချင်တယ်ဆိုရင် ကျုပ်တို့စံအိမ်က ခင်ဗျားကို မူလကျောက်တုံးတစ်ထောင့်နှစ်ရာ ပေးပါမယ် ”

ကျောက်စိမ်းမှော်အဆောင်တစ်ခုကို မူလကျောက်တုံးတစ်ထောင့်နှစ်ရာလား… ။

မှော်အဆောင်တစ်ခုကို ရေးထွင်းရန်သည် လွယ်ကူသော အလုပ်မဟုတ်ပေ။ ထိုအတွက် တစ်စုံတစ်ယောက်သည် မှော်အဆောင်ကို ရေးထွင်းရန် အကြိမ်ပေါင်းများစွာ လေ့ကျင့်ရလိမ့်မည်။

ထို့ပြင် သူက မှော်သင်္ကေတများ၏ စွမ်းအားကို အာရုံခံနိုင်ရမည်။ ယင်းက သာမန်ကျင့်ကြံသူများ စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။

ပိုပြီးအရေးကြီးသည်မှာ ဝိညာဉ်စွမ်းအား ပေါင်းစည်းမှု ဖြစ်သည်။

မှော်အဆောင်တစ်ခု ဖန်တီးရန် ဝိညာဉ်ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို လိုအပ်သည်။

သို့ဖြစ်၍ မှော်အဆောင်သခင်အားလုံးက ဝိညာဉ်ရွှမ်အဆင့်မှာ ဖြစ်သည်ဟု ဆိုနိုင်သည်။

“ ကျုပ်ဆီမှာ ဒီလိုမှော်အဆောင်တွေ ငါးခုရှိတယ် ”

ဟန်မူယဲ့က ကျောက်စိမ်းမှော်အဆောင်ငါးခုကို ထုတ်ပြလိုက်သည်။

အရောင်းသမားက အံ့ဩသွားသည်။ ထို့နောက် သူက ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပြောသည်။

“ ခဏစောင့်ပေးပါ ဆရာ ”

သူက စံအိမ်၏ အနောက်ခန်းဆောင်ထဲသို့ ဝင်သွားသည်။ မကြာမီ သူက အသက်ငါးဆယ်ခန့်ရှိသော မီးခိုးရောင်ဝတ်စုံဝတ် တာအိုပညာရှင်တစ်ယောက်ကို ခေါ်ဆောင်လျက် ပြန်ရောက်လာသည်။

“ တာအိုရောင်းရင်း… ခင်ဗျားက မှော်အဆောင်သခင်လား ”

“ ဟား ဟား… ကျုပ်က ကောင်းဟွေ့သဲပါ… ကျုပ်က ကျောက်စိမ်းမှော်အဆောင်စံအိမ်ရဲ့ မှော်အဆောင်သခင်ပါ ”

တာအိုပညာရှင်က ပြုံးလိုက်ပြီး ဟန်မူယဲ့ဆီသို့ လျှောက်သွားသည်။ သူက ဟန်မူယဲ့ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။

“ ခင်ဗျားရဲ့ မှော်အဆောင်ရေးထွင်းနည်းက အရမ်းပဲ ပညာသားပါတယ်… အဲ့ဒါက ခင်ဗျားက ထူးချွန်တဲ့ မှော်အဆောင်သခင်တစ်ယောက်ဆိုတာ ဖော်ပြနေတယ်… လက်တလောမှာ ကျုပ်က မှော်အဆောင်နဲ့ပတ်သက်ပြီး အခက်အခဲတချို့ ကြုံတွေ့နေတယ်… တာအိုရောင်းရင်းက ကျုပ်ကို ကူညီပေးနိုင်မလား သိချင်ပါတယ် ”

ဟန်မူယဲ့၏ တင်းမာသော မျက်နှာကို သတိထားမိသောအခါ တာအိုပညာရှင်က လက်ဝှေ့ယမ်းလိုက်ပြီး ပြုံးလိုက်သည်။

“ ဘာမှမစိုးရိမ်ပါနဲ့… ကျုပ်က ခင်ဗျားကို အလကား အကူအညီမတောင်းပါဘူး… တကယ်လို့ တာအိုရောင်းရင်းက ကျုပ်ရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်တယ်ဆိုရင် မေးခွန်းတစ်ခုအတွက် မူလကျောက်တုံးတစ်ထောင် ပေးပါမယ်… ခင်ဗျားဘယ်လိုသဘောရလဲ ”

မေးခွန်းတစ်ခုအတွက် မူလကျောက်တုံးတစ်ထောင်လား… ။

ယင်းက အလုပ်ဖြစ်သည်။

ကျင့်ကြံရန် မူလကျောက်တုံးများ အရေးတကြီး လိုအပ်နေသော ဟန်မူယဲ့က ထိုသို့အခွင့်အရေးကို မည်သို့ငြင်းဆန်မည်နည်း။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ကြောင်း မြင်သောအခါ ကောင်းဟွေ့သဲက ပြုံးလိုက်ပြီး ဟန်မူယဲ့ကို အနောက်ခန်းဆောင်သို့ ဦးဆောင်ခေါ်သွားသည်။

အနောက်ခန်းဆောင်သို့ ရောက်သွားသည့်အခါ အခန်းထဲတွင် အစိမ်းရောင်ကျောက်စိမ်းပြားများက တောင်ပုံရာပုံရှိနေကြောင်း သူမြင်သွားသည်။ ထို့ပြင် အရွယ်အစားစုံလင်သော ဓားမြှောင်များနှင့် စာအုပ်အမျိုးမျိုးက ကြမ်းပြင်၏ နေရာအနှံ့မှာ ပြန့်ကျဲနေသည်။

ကောင်းဟွေ့သဲက သူ့ကို မိတ်ဆက်ပေးသည်။ သူ၏ ပြောစကားအရ ဤအခန်းက ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ မှော်အဆောင်သခင်များ နေထိုင်ကြသောနေရာ ဖြစ်သည်။

ကျောက်စိမ်းမှော်အဆောင်ဌာနသည် အချင်းမိုင်တစ်သောင်းအတွင်း၌ အကြီးမားဆုံး မှော်အဆောင်အဖွဲ့အစည်း ဖြစ်သည်။ များသောအားဖြင့် မှော်အဆောင်သခင်ဒါဇင်ခန့်က နေရာဒေသအသီးသီးမှာ နေထိုင်ကြလေ့ရှိသည်။

အံ့ဖွယ်ကိုးပါးတောင်ခြေမှ ဖီးနစ်ငိုသံမြို့တော်၏ ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် ကျောက်စိမ်းမှော်အဆောင်ဌာန၏ လက်အောက်မှာ တည်ရှိသည်။ ကောင်းဟွေ့သဲသည် ကျောက်စိမ်းမှော်အဆောင်ဌာန၏ မှော်အဆောင်သခင်များအနက် တစ်ယောက်ဖြစ်ပြီး သူ့မှာ သာမန်ကျင့်ကြံခြင်းစွမ်းအားသာ ရှိသည်။

“ အစစ်အမှန်တာအိုဂိုဏ်းကြောင့် အံ့ဖွယ်ကိုးပါးတောင်တန်းဒေသရဲ့ အနီးနားမှာ မှော်အဆောင်ဈေးကွက်က အခြေအနေမကောင်းဘူး… အဲ့ဒါကြောင့် ကျောက်စိမ်းမှော်အဆောင်ဌာနက ဒီနေရာမှာ စီးပွားရေးလုပ်ဖို့ တုံ့ဆိုင်းနေတယ် ”

ကောင်းဟွေ့သဲက ရှင်းပြနေရင်း မှော်အဆောင်နှစ်ခုကို ထုတ်လိုက်ပြီး ဟန်မူယဲ့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ တာအိုရောင်းရင်းဟန်… အစစ်အမှန်တာအိုဂိုဏ်းရဲ့ ဒီမှော်အဆောင်တွေကို ခင်ဗျားဘယ်လိုမြင်လဲ ”

“ မှော်အဆောင်ရေးထွင်းနည်းက ကြမ်းတမ်းပြီး ဝိညာဉ်စွမ်းအား ပေါင်းစည်းမှုက မညီမျှဘူး ”

ကောင်းဟွေ့သဲက အထင်သေးရှုံ့ချသော လေသံဖြင့် ပြောသည်။

ဟန်မူယဲ့က မှော်အဆောင်များကို ယူလိုက်ပြီး အာရုံခံကြည့်လိုက်သည်။ ယင်းတို့က အစစ်အမှန်တာအိုဂိုဏ်းမှ မှော်အဆောင်များ တကယ်ဟုတ်သည်။ ယင်းတို့ကို အဆင့်နိမ့်ကျင့်ကြံသူများက ရေးထွင်းထားခြင်းဖြစ်ပြီး တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစည်းထားသည်။

အရည်အချင်းရှိသော မှော်အဆောင်သခင်များ၏ အမြင်တွင် ထိုသို့မှော်အဆောင်များက ရွက်ကြမ်းရေကျို ဖြစ်သည်။

ကောင်းဟွေ့သဲက ဟန်မူယဲ့ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ ဟန်မူယဲ့၏ မှော်အဆောင်ရေးထွင်းနည်းက အစစ်အမှန်တာအိုဂိုဏ်းထက် အများကြီး ပိုသာလွန်ကြောင်း သူရှာတွေ့သွားသောကြောင့် ဖြစ်၏။

“ တာအိုရောင်းရင်းဟန်… ဒီဟာက ကျုပ်သန့်စင်နေတဲ့ မှော်အဆောင်ပါ… ဒီရွှေချပ်ဝတ်မှော်အဆောင်က နောက်ဆုံးအဆင့်မှာ အသက်ဝင်လာဖို့ အမြဲတမ်း ကျရှုံးခဲ့ပါတယ်… ဘယ်နေရာမှာ ပြဿနာဖြစ်နေတာလဲဆိုတာ ခင်ဗျားကြည့်ပေးနိုင်မလား ”

ကောင်းဟွေ့သဲက တခြားမှော်အဆောင်တစ်ခုကို ထုတ်လိုက်ပြီး ဟန်မူယဲ့ကို ပေးလိုက်သည်။

ဟန်မူယဲ့က ကောင်းဟွေ့သဲ သန့်စင်ထားသော မှော်အဆောင်ကို ယူလိုက်သည်။ သူက ဝိညာဉ်စွမ်းအားအမျှင်တန်းတစ်ခုကို ထိုမှော်အဆောင်ထဲသို့ ထည့်သွင်းလိုက်သည့်အခါ ယင်း၏ လျှို့ဝှက်ချက်အားလုံးက ထွက်ပေါ်လာသည်။

ရွှေချပ်ဝတ်မှော်အဆောင်… ။

တစ်စုံတစ်ယောက်က ထိုမှော်အဆောင်ကို အောင်မြင်စွာ သန့်စင်နိုင်မည်ဆိုလျှင် ယင်းက ရွှေချပ်ဝတ်အလွှာအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။ ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာအောက်မှ မည်သူမှ ထိုရွှေချပ်ဝတ်အလွှာကို ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုမျှသာ မဟုတ်ပေ။ ရွှေချပ်ဝတ်အလွှာက ကျင့်ကြံသူ၏ ခွန်အားနှင့် အလျင်ကိုလည်း သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။

သို့သော်လည်း ကောင်းဟွေ့သဲ ပြောခဲ့သည့်အတိုင်း ထိုမှော်အဆောင်က နောက်ဆုံးအဆင့်မှာ အမြဲကျရှုံးသွားခဲ့သည်။ ရလဒ်အနေဖြင့် ရွှေချပ်ဝတ်က မထွက်ပေါ်လာပေ။

ပုံရိပ်ယောင်လောကထဲမှ သူ၏ အတွေ့အကြုံများကို ပြန်သုံးသပ်လိုက်သည့်အခါ ဟန်မူယဲ့က ရွှေချပ်ဝတ်မှော်အဆောင်အကြောင်း နားလည်သဘောပေါက်သွားသည်။

“ တာအိုရောင်းရင်းကောင်း… ဒီရွှေချပ်ဝတ်မှော်အဆောင်ကို သန့်စင်တဲ့နည်းလမ်းမှာ ဘာအမှားမှ မရှိဘူး… အဓိကပြစ်ချက်က ခင်ဗျားရဲ့ ကျင့်ကြံခြင်းစွမ်းအား မလုံလောက်တာပဲ… ခင်ဗျားက ခြေလှမ်းဝက် သွေးချီရွှမ်အဆင့်မှာပဲ ရှိသေးတာကြောင့် ရုပ်ခွန်အားအပေါ် ခင်ဗျားရဲ့ နားလည်သဘောပေါက်မှုက အကန့်အသတ်ရှိတယ် ”

ဟန်မူယဲ့က ကောင်းဟွေ့သဲကို ကြည့်လိုက်ပြီး မှော်အဆောင်ကို ပြန်ပေးလိုက်သည်။

“ တကယ်တော့ တာအိုရောင်းရင်းကောင်း ခင်ဗျား တခြားနည်းလမ်းကို အသုံးပြုနိုင်တယ်… ဒီရွှေချပ်ဝတ်မှော်အဆောင်ကို ရွှေအကာအကွယ်မှော်အဆောင်အဖြစ် ခင်ဗျားပြောင်းလဲနိုင်တယ်… အဲ့ဒီလိုလုပ်ရင် မှော်အဆောင်ရဲ့ စွမ်းရည်က နိမ့်ကျသွားမယ်ဆိုပေမဲ့ ခင်ဗျား မှော်အဆောင်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်လိမ့်မယ် ”

ကောင်းဟွေ့သဲ၏ ကျင့်ကြံခြင်းက ဝိညာဉ်ရွှမ်အဆင့်မှာ မဟုတ်ပေ။ ယင်းအစား သူက လျှို့ဝှက်အတတ်ပညာများကို အသုံးပြု၍ သူ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ထားခြင်း ဖြစ်သည်။

ထိုသို့အတတ်ပညာများသည် မှော်အဆောင်သခင်များကြားမှာ ပုံမှန်မြင်နေကျအရာ ဖြစ်သည်။ သို့သော် ထိုအတတ်ပညာများ၏ ချို့ယွင်းချက်က ကျင့်ကြံသူ၏ အခြေခံအုတ်မြစ်ကို ဖရိုဖရဲဖြစ်စေသည်။

မျက်မှောက်ခေတ်၏ အထွတ်အမြတ်နယ်မြေထဲတွင် လူအများအပြားသည် ဝိညာဉ်ရွှမ်အဆင့် ဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်ထားကြပေ။ သူတို့က လျှို့ဝှက်အတတ်ပညာများကို အသုံးပြု၍သာ သူတို့၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်နိုင်ကြသည်။ သို့မဟုတ်လျှင် သူတို့က မှော်အဆောင်များ သန့်စင်ရန် ရှေးခေတ်ကျင့်ကြံသူများထံမှ ဝိညာဉ်စွမ်းအားကို ဆွဲထုတ်နိုင်ကြသည်။

“ ခင်ဗျားရဲ့ အကြံဉာဏ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းဟန် ”

ကောင်းဟွေ့သဲက ဝမ်းသာပျော်ရွှင်စွာ ပြောသည်။ ထို့နောက် သူက မူလကျောက်တုံးများပါသော အိတ်တစ်လုံးနှင့် ကျောက်စိမ်းတုံကင်တစ်ခုကို ထုတ်လိုက်ပြီး ဟန်မူယဲ့ထံသို့ ကမ်းပေးလိုက်သည်။

“ တာအိုရောင်းရင်းဟန်… တကယ်လို့ အနာဂတ်မှာ ခင်ဗျား မှော်အဆောင်တွေ ရောင်းချချင်တယ်ဆိုရင် ဒီတုံကင်နဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီ လာခဲ့ပါ ”

“ ကျောက်စိမ်းမှော်အဆောင်စံအိမ်က အမြတ်မစားဘူးလို့ ကျုပ်ကတိပေးတယ်… ဒါ့အပြင် ဒီတုံကင်နဲ့ဆိုရင် ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီကနေ အကျိုးအမြတ်အများကြီး ခင်ဗျားရရှိလိမ့်မယ် ”

သူ့မှာ ထိုတုံကင်ရှိလျှင် ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ ပစ္စည်းများကို တိုက်ရိုက် ရောင်းဝယ်နိုင်လိမ့်မည်။

ဟန်မူယဲ့က တစ်ခဏ တွေးတောပြီးနောက် တုံကင်ကို လက်ခံလိုက်သည်။ ထို့နောက် သူက ထွက်သွားသည်။

“ ကြည့်ရတာ သူက ရှေးခေတ်ကနေ ပြန်နိုးလာတဲ့ ကျင့်ကြံသူဖြစ်မယ် ”

ကောင်းဟွေ့သဲက ပြုံးလိုက်သည်။ သူက ဟန်မူယဲ့၏ နောက်ကျောကို ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။

“ သူ့ရဲ့ စွမ်းရည်ကို အရင်ကြည့်ရအောင်… အစစ်အမှန်တာအိုဂိုဏ်း လှုပ်ရှားတဲ့အခါကျရင် ငါ့ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်က အရှေ့ထွက်လာပြီး သူ့ကို ခေါ်ယူသိမ်းသွင်းမယ် ”

ကောင်းဟွေ့သဲက ပေါ့ပါးစွာ ရယ်လိုက်ပြီး သူ၏ လက်ထဲမှ မှော်အဆောင်ကို ကြည့်လိုက်သည်။

“ ရွှေချပ်ဝတ်မှော်အဆောင်ကို ရွှေအကာအကွယ်မှော်အဆောင်အဖြစ် ပြောင်းလဲတာက မဆိုးတဲ့ ရွေးချယ်မှုပဲ ”

…..

ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှ ဟန်မူယဲ့ ပြန်ထွက်လာသည့်အခါ ဝူချွမ်းက စိုးရိမ်ကြောင့်ကြသော မျက်နှာဖြင့် ချဉ်းကပ်လာသည်။

“ ဘိုးဘေး… ယွင်ချင်းဂိုဏ်းက အဲ့ဒီယန်ချီ အဖမ်းခံလိုက်ရပြီ ”

ဝူချွမ်းက စာလိပ်တစ်လိပ်ကို ဟန်မူယဲ့ထံ ကမ်းပေးလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ယန်ချီ လိုက်ဖမ်းခံနေရတဲ့အချိန် အဲ့ဒီစာလိပ်ကို ကျုပ်ကို ပေးသွားခဲ့တယ်… သူက အဲ့ဒါကို ဘိုးဘေးဆီ ပေးပေးဖို့ မှာသွားခဲ့တယ် ”

All Chapters