← Chapters

အခန်း (၁၇၄၄)

Vol. 125 Ch. 1744

အခန်း (၁၇၄၄)

Vol. 125 Ch. 1744

အခန်း(၁၇၄၄)

ယွင်လန်တာအိုပညာရှင်သည် သူ၏ ကျင့်ကြံခြင်းစွမ်းအားက တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြောင်း ရှာတွေ့သွားသည်။ သူ့မှာ ဝိညာဉ်စွမ်းအားသာ ကျန်ရှိတော့ပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကို နောက်ထပ် မထိန်းချုပ်နိုင်တော့ပေ။

ထိုအကြောင်းကြောင့် သူက ရွေးချယ်စရာမရှိသည့်အဆုံး ကျောက်တုံးခေါင်းတလားထဲမှာ သူ၏ ခန္ဓာကိုယ်ကို ချိပ်ပိတ်ခဲ့ခြင်းပင်။

သူ့အရှေ့မှာ ရပ်နေသော ပုဂ္ဂိုလ်က အကြည့်တစ်ချက်ဖြင့် သူ၏ အခြေအနေကို ခန့်မှန်းနိုင်ကြောင်း သိသွားသည့်အခါ အကြောက်တရားက ယွင်လန်တာအိုပညာရှင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယွင်လန်တာအိုပညာရှင်၏ နားလည်ထားမှုအရ သူ့ကဲ့သို့ ရှေးခေတ်ကျင့်ကြံသူတစ်ယောက်သည် အစစ်အမှန်တာအိုဂိုဏ်း၏ လိုက်ဖမ်းခြင်းခံရလိမ့်မည်။

ရှေးခေတ်ကျင့်ကြံသူတစ်ယောက်၏ သတင်းကို ဖော်ပြပေးရုံဖြင့် မည်သူမဆို မူလကျောက်တုံးတစ်သောင်း ဆုလာဘ်ရရှိလိမ့်မည်။

ထို့ကြောင့် ကျင့်ကြံသူအများအပြားသည် ရှေးခေတ်ကျင့်ကြံသူများကို လိုက်ဖမ်းနေကြသည်။ ရှေးခေတ်ကျင့်ကြံသူများကို ဖမ်းပေးနိုင်လျှင် သူတို့က အံ့ဖွယ်ကိုးပါးတောင်တန်းဒေသ၏ အသန်မာဆုံးဂိုဏ်းဖြစ်သော အစစ်အမှန်တာအိုဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။

ယင်းက သူတို့ကို ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တတ်လှမ်းနိုင်စေမည့် မဟာအခွင့်အလမ်း ဖြစ်သည်။

…..

ဟန်မူယဲ့က ယွင်လန်တာအိုပညာရှင်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး မြေပုံစာလိပ်ကို ကမ်းပေးလိုက်သည်။

“ ဒီဟာကို ယန်ချီက မင်းကို ပေးခဲ့တာလား ”

ယွင်လန်တာအိုပညာရှင်က စာလိပ်ကို လက်ခံယူလိုက်စဉ် အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက ဟန်မူယဲ့ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။

“ တာအိုရောင်းရင်း… မင်းလည်းပဲ ရှေးခေတ်ကနေ ပြန်နိုးလာသူလား ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

ယန်ချီသည် ရှေးခေတ်မှ ပြန်နိုးလာသော ကျင့်ကြံသူဖြစ်ကြောင်း ဟန်မူယဲ့ သတိထားမိသည်။ ထို့အတူ ယန်ချီသည်လည်း ဟန်မူယဲ့က မျက်မှောက်ခေတ်မှ ကျင့်ကြံသူမဟုတ်ကြောင်း အာရုံခံမိခဲ့သည်။

ထို့ကြောင့် သူက ရန်သူ၏ လိုက်ဖမ်းခံနေရသည့်အချိန် ဟန်မူယဲ့ကို မြေပုံစာလိပ်ပေး၍ ယွင်လန်တာအိုပညာရှင်အား သွားတွေ့စေခြင်းပင်။

“ မဟုတ်မှ တာအိုရောင်းရင်း… မင်းလည်းပဲ ရုပ်ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ ချီလင်ကျောက်စိမ်းကို လိုချင်နေတာလား ”

ယွင်လန်တာအိုပညာရှင်က ပြောသည်။

ချီလင်ကျောက်စိမ်း… ။

လူအများပြောကြသည်မှာ ချင်လင်းကျောက်စိမ်းက ဝတ်ဆင်သူကို ချီလင်စွမ်းအား အပ်နှင်းပေးလိမ့်မည်။ ချီလင်စွမ်းအားသည် ရုပ်ခန္ဓာကိုယ်ကို အကောင်းတိုင်း ဆက်ပြီး ထိန်းသိမ်းပေးနိုင်သည်။

သို့ဖြစ်၍ ရှေးခေတ်မှ ပြန်နိုးလာကြသော ကျင့်ကြံသူများသည် သူတို့၏ ရုပ်ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်နှင့် တိုက်ပွဲစွမ်းအားတချို့ ထိန်ချန်ရန် ချီလင်ကျောက်စိမ်းကို လိုက်လံရှာဖွေကြသည်။ ထို့နောက် သူတို့က ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေကြလိမ့်မည်။

သို့သော် ဟန်မူယဲ့သည် ရှေးခေတ်မှ ပြန်နိုးလာသော တခြားကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်။ သူက ရုပ်ခန္ဓာကိုယ်နှင့် တိုက်ပွဲစွမ်းအားကို ထိန်းသိမ်းရန် ချီလင်ကျောက်စိမ်း၏ စွမ်းအားကို မလိုအပ်ပေ။

သို့သော် ချီလင်ကျောက်စိမ်းမှာ ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်သော အကျိုးအာနိသင်များ ရှိသည်။ ထို့ပြင် ချီလင်ကျောက်စိမ်းရှိသောနေရာမှာ မူလကျောက်စိမ်းရှိလိမ့်မည်။

ချီလင်ကျောက်စိမ်းကို မူလကျောက်စိမ်းသတ္ထုတွင်းများထဲ၌ များသောအားဖြင့် မြင်တွေ့ရလေ့ရှိသည်။

“ အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှာ ချီလင်ကျောက်စိမ်းကို ရှာတွေ့နိုင်တဲ့ တစ်ခုတည်းသောနေရာက ဝမ်ဝိညာဉ်ချိုင့်ဝှမ်းထဲက သတ္ထုတွင်းတွေပဲ ”

“ အဲ့ဒီဧရိယာကို အစစ်အမှန်တာအိုဂိုဏ်းက ထိန်းချုပ်ထားတယ်… ဝမ်ဝိညာဉ်ချိုင့်ဝှမ်းက အစစ်အမှန်တာအိုဂိုဏ်းရဲ့ ဂိတ်တံခါးနဲ့ သိပ်မဝေးဘူး ”

“ ဒါ့အပြင်… ”

ယွင်လန်တာအိုပညာရှင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အစစ်အမှန်တာအိုဂိုဏ်းက အကျဉ်းချခံထားရတဲ့ ရှေးခေတ်ကျင့်ကြံသူတွေကို ကန့်သတ်ဖိနှိပ်ဖို့ အဲ့ဒီသတ္ထုတွင်းတွေရဲ့ စွမ်းအားကို အသုံးပြုနေတယ် ”

ရှေးခေတ်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအားက မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားနှင့် လိုက်ဖက်မညီသောကြောင့် သူတို့၏ တိုက်ပွဲစွမ်းအားက အလွန်အားနည်းသည်။ သို့သော် သူတို့၏ ဝိညာဉ်စွမ်းအားက အကောင်းတိုင်း ကျန်ရှိနေလိမ့်မည်။

တာအိုပေါ်ထွက်ခြင်းအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူအများစုသည် သူတို့ကိုယ်ပိုင် ထူးခြားချက်များကို ပိုင်ဆိုင်ထားကြသည်။

အစစ်အမှန်တာအိုဂိုဏ်းဆီမှာ ရှိန်လောက်ဖွယ်ကောင်းသော နည်းစနစ်များမရှိလျှင် သူတို့က ထိုအစွမ်းထက်ပုဂ္ဂိုလ်များကို ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ ကျုပ်က မူလကျောက်စိမ်းကိုပဲ စိတ်ဝင်စားတယ် ”

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က လှိုဏ်ဂူထဲမှာ ပြန့်ကျဲနေသော မူလကျောက်စိမ်းများပေါ်သို့ ကျရောက်သွားသည်။

ထိုမူလကျောက်စိမ်းအပိုင်းအစများက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။

“ ဟား ဟား… တာအိုရောင်းရင်း… ဒီနေရာက ဘယ်မူလကျောက်စိမ်းကိုမဆို မင်းယူနိုင်တယ် ”

ယွင်လန်တာအိုပညာရှင်က ပေါ့ပါးစွာ ရယ်လိုက်သည်။ သူက ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

ဟန်မူယဲ့က နောက်ထပ် ဘာမှမပြောဘဲ လက်မြှောက်လိုက်သည်။ ဝိညာဉ်စွမ်းအင်အမျှင်တန်းတစ်ခုက သူ့ထံမှ ထွက်ပေါ်လာပြီး လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်မှ မူလကျောက်စိမ်းအပိုင်းအစများကို အက်ကွဲစေသည်။

မူလစွမ်းအားက တစ်ပြိုင်နက်တည်း ပေါ်လျှိုးလာပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

ထိုမြင်ကွင်းက ယွင်လန်တာအိုပညာရှင်ကို တုန်ယင်သွားစေပြီး မျက်လုံးပြူးသွားစေသည်။

ဟန်မူယဲ့က မျက်မှောက်ခေတ်၏ မူလစွမ်းအားကို ကျင့်ကြံနိုင်သည်လော။

“ မင်း… မင်း မူလစွမ်းအားကို ကျင့်ကြံနိုင်တယ်လား ”

ယွင်လန်တာအိုပညာရှင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများ၏ မဟာတာအိုစွမ်းအားက အလွန်အမင်း သန်မာသည်။ သို့သော်လည်း သူတို့က မျက်မှောက်ခေတ်၏ မိုးမြေမူလစွမ်းအားနှင့် သဟဇာတမဖြစ်ကြပေ။

အကယ်၍ သူတို့က အစမှ ပြန်ကျင့်ကြံမည်ဆိုလျှင် သူတို့၏ မဟာတာအိုကို စွန့်လွှတ်ရလိမ့်မည်။

ယင်းက သေရသည်ထက် ပိုပြီးနာကျင်ရသည်။ မည်သို့ဖြစ်ပါစေ သူတို့က ကိုယ်ပိုင်မဟာတာအိုကို ရှာဖွေရန် နှစ်ပေါင်းမြောက်များစွာကြာအောင် ကျင့်ကြံခဲ့ရခြင်းမဟုတ်ပါလော။

မည်သူက ကိုယ်ပိုင်မဟာတာအိုကို စွန့်လွှတ်ပြီး အစမှ ပြန်ကျင့်ကြံချင်မည်နည်း။

အထူးသဖြင့် ရှေးခေတ်မှ ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစပ်ထားပြီးသော အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့က ကိုယ်ပိုင်မဟာတာအိုကို စွန့်လွှတ်မည်ဆိုလျှင်ပင် အထွတ်အမြတ်နယ်မြေ၏ လက်ရှိ မူလစွမ်းအားက သူတို့အတွက် မသင့်လျော်ပေ။

ထို့ကြောင့် သူတို့မှာ မြင့်မားသော ကျင့်ကြံခြင်းအဆင့်သို့ နောက်တစ်ကြိမ် ပြန်တတ်လှမ်းနိုင်ရန် တစ်ခါမှ အခွင့်အရေးမရှိပေ။

ယင်းက ရှေးခေတ်ကာလမှ ထိပ်တန်းကျင့်ကြံသူများအတွက် စိတ်မကောင်းစရာကိစ္စ ဖြစ်သည်။

သို့တိုင် သူ့အရှေ့မှ ရှေးခေတ်ကျင့်ကြံသူက မူလစွမ်းအားကို ကျင့်ကြံနိုင်ကြောင်း ထင်ရှားသည်။

ဟန်မူယဲ့က သူ၏ ဘယ်လက်ဖြင့် လှိုဏ်ဂူထဲမှ မူလစွမ်းအားကို စုစည်းနေစဉ် သူ၏ ညာလက်ဖြင့် ကျောက်စိမ်းတုံကင်တစ်ခုကို ထုတ်လိုက်သည်။

ထိုကျောက်စိမ်းတုံကင်ထဲမှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးကို မှတ်တမ်းတင်ထားသည်။

“ တကယ်လို့ တာအိုရောင်းရင်းက ကျုပ်တို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အမွေအနှစ်ကို ကျင့်ကြံချင်တယ်ဆိုရင် အရင်ဆုံး ကျုပ်တို့ဂိုဏ်းထဲကို ဝင်ရလိမ့်မယ် ”

ဟန်မူယဲ့က ပြောသည်။

ဂိုဏ်း၏ ကျင့်ကြံခြင်းအမွေအနှစ်ကို အလွယ်တကူ မလွှဲပြောင်းပေးသင့်ပေ။

အကယ်၍ ယွင်လန်တာအိုပညာရှင်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အမွေအနှစ်ကို ကျင့်ကြံရန် ဆန္ဒရှိသည်ဆိုလျှင် သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲသို့ သေချာပေါက် ဝင်ရောက်ရလိမ့်မည်။

ယွင်လန်တာအိုပညာရှင်က ကျောက်စိမ်းတုံကင်ကို ယူလိုက်ပြီး သူ၏ ဝိညာဉ်ကို အထဲသို့ ပို့လွှတ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

“ ပထမအသွင်(၁၂)မျိုးက သိပ်မထူးဆန်းဘူး… သူတို့က သာမန်သွေးကြောအမှတ်သန့်စင်တာနဲ့ တိုက်ခိုက်ရေးပညာရပ်တချို့ပဲ ”

“ ဒုတိယအသွင်(၁၂)မျိုးက သွေးချီရွှမ်အဆင့်နဲ့ အမွေအနှစ်ရွှမ်အဆင့်အတွက် သင့်တော်တယ်… သူတို့က လက်ရှိခေတ်ရဲ့ မိုးမြေစွမ်းအားနဲ့ လိုက်ဖက်တဲ့ တိုက်ခိုက်ရေးပညာရပ်တွေ ဖြစ်ကြတယ်… အဲ့ဒါက တခြားအမွေအနှစ်တွေထက် အများကြီး ပိုသန်မာတယ်… အရေးကြီးဆုံးကတော့ အဲ့ဒါကို တခြားအမွေအနှစ်တွေနဲ့ ပေါင်းစပ်နိုင်တယ် ”

ယွင်လန်တာအိုပညာရှင်က သူ့လက်ထဲမှ ကျောက်စိမ်းတုံကင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားစဉ် မျက်လုံးဝင်းလက်သွားသည်။

“ နောက်ဆုံးအသွင်(၁၂)မျိုးက ဝိညာဉ်ရွှမ်အဆင့်နဲ့ တာအိုပေါ်ထွက်ခြင်းအဆင့်အတွက် အထူးသင့်တော်တယ်… ”

အရာဝတ္ထုများ ထိန်းချုပ်ခြင်း၊ မှော်အဆောင်များ ဖန်တီးခြင်းနှင့် ဓားပျံစေလွှတ်ခြင်း အစရှိသော အတတ်ပညာရပ်များအတွက် ဝိညာဉ်စွမ်းအားကို မဖြစ်မနေ လိုအပ်သည်။

အကယ်၍ လေပြေအသွင်(၃၆)မျိုးထဲမှ နောက်ဆုံး(၁၂)မျိုးက အစစ်အမှန်ဖြစ်သည်ဆိုလျှင် ယင်းတို့က ပြန်လည်နိုးထလာသော ရှေးခေတ်ကျင့်ကြံသူများကို စိတ်ကူးမယဉ်နိုင်သော အံ့ဖွယ်အရာများ ဖော်ဆောင်ပေးလိမ့်မည်။

“ တာအိုရောင်းရင်းဟန်… ခင်ဗျားက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကလား ”

ယွင်လန်တာအိုပညာရှင်က ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ ကျုပ်ရဲ့ တိမ်မြစ်တာအိုဂိုဏ်းက အတိတ်တုန်းက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခုပါ… ဂိုဏ်းခွဲတစ်ခုလို့ သတ်မှတ်မယ်ဆိုလည်း ရပါတယ် ”

ယွင်လန်တာအိုပညာရှင်က ပေါ့ပါးစွာ ရယ်လိုက်ပြီး ကျောက်စိမ်းတုံကင်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ ယွင်လန်က ဘိုးဘေးကို ဂါရဝပြုပါတယ် ”

…..

သုံးရက်ကြာပြီးနောက် ဟန်မူယဲ့သည် လှိုဏ်ဂူအတွင်းမှ မူလကျောက်စိမ်းအားလုံးကို အပြည့်အဝ စုပ်ယူနိုင်သွားသည်။ စုစုပေါင်း မူလကျောက်စိမ်း(၃၀၀၀)ခန့် ရှိသည်။

နောက်ဆုံးမှာ သူ၏ မရီဒျန်အားလုံးနှင့် သွေးကြောအမှတ်အားလုံးထဲမှာ မူလစွမ်းအားဖြင့် ပြည့်လျှံသွားသည်။

ယခု သူ၏ သွေးကြောအမှတ်များထဲမှာ မူလစွမ်းအားက ကြယ်တာရာကောင်းကင်သဖွယ် ထွန်းလင်းနေသည်။

ကြမ်းတမ်းရိုင်းစိုင်းသော စွမ်းအားက သူ၏ မရီဒျန်များထဲမှာ မြစ်တစ်စင်းသဖွယ် ဖြတ်သန်းစီးဆင်းနေသည်။

ယခု သူက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားသည်။ ယေဘုယျအားဖြင့် သူက ရွှမ်အဆင့်မှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ဟန်မူယဲ့အတွက်တော့ ယင်းက သူ၏ သွေးကြောအမှတ်များ ယာယီပြည့်လျှံနေရုံသာ ဖြစ်၏။ သူ၏ သွေးကြောအမှတ်အားလုံး အပြည့်အဝ အားပြည့်နေရန် အဝေးကြီး လိုနေသေးသည်။

သူ၏ သွေးကြောအမှတ်အားလုံးနှင့် မရီဒျန်အားလုံး အပြည့်အဝ အားပြည့်သွားပြီး ရွှမ်အဆင့်၏ အထွတ်အထိပ်သို့ သူရောက်ရှိသွားရန် အနည်းဆုံး မူလကျောက်စိမ်းတစ်သန်းကျော် လိုအပ်လိမ့်မည်။

“ ဝီး ”

သုံးပေရှည်လျားသော ဓားက ဟန်မူယဲ့၏ အရှေ့၌ ရွေ့လျားသွားသည်။ ဓားရောင်က ဝင်းခနဲ လင်းလက်သွားစဉ် ဓားသွားက သူ့အရှေ့မှ ကျောက်တုံးကို အလွယ်တကူ ပိုင်းဖြတ်သွားသည်။

ထိုဓားချက်က ပြန်လည်မွေးဖွားခြင်းအဆင့်ထက် ကျော်လွန်သွားသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။ အကယ်၍ ထိုဓားချက်သာ အနည်းငယ် ပိုမြန်ဆန်မည်ဆိုလျှင် သွေးချီရွှမ်အဆင့် ကျင့်ကြံသူများသည်ပင် ယင်းကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ထိုဓားချက်ကို ယွင်လန်တာအိုပညာရှင်က ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ သူက လေပြေအသွင်(၃၆)မျိုးထဲမှ အမှတ်(၂၅)ကို အသုံးပြု၍ ဓားကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

လေပြေအသွင်(၃၆)မျိုးထဲမှ နောက်ဆုံး(၁၂)မျိုးသည် ဝိညာဉ်အတတ်ပညာများကို ရည်ရွယ်သည်။

ထိုသို့အတတ်ပညာဖြင့်ဆိုလျှင် ယွင်လန်တာအိုပညာရှင်က သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိလိမ့်မည်။

မျက်မှောက်ခေတ်၏ ကျင့်ကြံခြင်းလောကတွင် ရွှမ်အဆင့် ကျင့်ကြံသူများက အလွန်နည်းပါးသည်။ တစ်စုံတစ်ယောက်က ရွှမ်အဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားလျှင် လောကအနှံ့သို့ ခရီးထွက်နိုင်လိမ့်မည်။

“ ဘိုးဘေး ”

ဟန်မူယဲ့၏ တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသွားကြောင်း မြင်သောအခါ ယွင်လန်တာအိုပညာရှင်က ချဉ်းကပ်လာပြီး အရိုအသေပေးလိုက်သည်။

ယခု သူက ဟန်မူယဲ့ကို သူ၏ ဘိုးဘေးအဖြစ် သတ်မှတ်လိုက်ပြီး အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ကျင့်ကြံခြင်းအမွေအနှစ်ကို စတင်ကျင့်ကြံလိုက်သည်။

ကျင့်ကြံခြင်းလောကတွင် အမွေအနှစ်က အခြေခံအုတ်မြစ် ဖြစ်သည်။

“ သွားကြစို့… ချီလင်ကျောက်စိမ်းကို ငါတို့သွားရှာကြမယ် ”

ဟန်မူယဲ့က ယွင်လန်တာအိုပညာရှင်ကို ကြည့်လိုက်ပြီး ပြောသည်။

ချီလင်ကျောက်စိမ်းဖြင့်ဆိုလျှင် ယွင်လန်တာအိုပညာရှင်၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးတည်မြဲသွားလိမ့်မည်။ ထိုအခါကျလျှင် သူက လေပြေအသွင်(၃၆)မျိုးကို ထုတ်ဖော်လိုက်သည့်အခါ သူ၏ တိုက်ပွဲစွမ်းအားက ရွှမ်အဆင့် အဌမအလွှာနှင့် နှိုင်းယှဉ်နိုင်သွားလိမ့်မည်။

ယင်းက ဝိညာဉ်ရွှမ်အဆင့် ဖြစ်သည်။

ရှေးခေတ်ကာလမှ တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ထိုသို့တိုက်ပွဲစွမ်းအားက လုံလောက်ပေသည်။

အရေးကြီးဆုံးမှာ ယွင်လန်တာအိုပညာရှင်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်ဟူသော အချက်ဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်မှာ ရှေးခေတ်မှ ပြန်နိုးလာသော တခြားကျင့်ကြံသူများသည်လည်း အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးကို ကျင့်ကြံနိုင်ကြလိမ့်မည်။

ထို့ကြောင့် အကယ်၍ သူတို့သာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိမည်ဆိုလျှင် လေပြေအသွင်(၃၆)မျိုးကို ကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်းက သူတို့ကို မျက်မှောက်ခေတ်၏ ကျင့်ကြံခြင်းလောကတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိစေလိမ့်မည်။

ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း ပြန်နာလန်ထူလာနိုင်မည့် နေ့ရက်က သိပ်မဝေးတော့ပေ။

ယွင်လန်တာအိုပညာရှင်နှင့် ဟန်မူယဲ့တို့ လှိုဏ်ဂူထဲမှ ထွက်လာကြစဉ် တိုးညင်းသော အော်မြည်သံက အရှေ့မှ ထွက်ပေါ်လာသည်။

အနက်ရောင်အကြေးခွံများရှိသော ဝံပုလွေတစ်ကောင်သည် အနက်ရောင်ဝတ်စုံဝတ် တာအိုပညာရှင်တစ်ယောက်၏ ဆောင့်ကန်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းက မြေပြင်ပေါ်မှာ ရုန်းကန်နေရင်း နာကျင်စွာ အော်မြည်လိုက်သည်။

ယွင်လန်တာအိုပညာရှင်က လက်မြှောက်လိုက်လေရာ ဓားအလင်းက အရှေ့သို့ ပျံသန်းထွက်သွားသည်။

All Chapters