← Chapters

အခန်း (၁၇၅၀)

Vol. 125 Ch. 1750

အခန်း (၁၇၅၀)

Vol. 125 Ch. 1750

အခန်း(၁၇၅၀)

လူအများအရှေ့တွင် အစစ်အမှန်တာအိုဂိုဏ်းကို အမြင်ကျဉ်းမြောင်းသည်ဟု စော်ကားပြောဆိုဝံ့သည်။

အကယ်၍ တခြားတစ်ယောက်သာဆိုလျှင် အကြီးအကဲကွမ်ချင်းက ထိုလူကို နေရာမှာတင် ချက်ချင်း သတ်ပစ်လိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ အကြီးအကဲကွမ်ချင်းသည် မျက်နှာရှုံ့မဲ့သွားရုံသာ တတ်စွမ်းသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ အကြီးအကဲချီပြောတာ မှန်ပါတယ်… ကျုပ်တို့ရဲ့ အစစ်အမှန်တာအိုဂိုဏ်းက ဒီတစ်ခေါက် အမြင်ကျဉ်းမြောင်းသွားပါတယ် ”

သူက လက်မြှောက်လိုက်ပြီး ပြန့်ကျဲနေသော ရွှေရောင်အလင်းတန်းများကို ပြန်စုစည်းလိုက်သည်။

ရွှေချပ်ဝတ်စစ်သည်တော်များနှင့် အစစ်အမှန်တာအိုဂိုဏ်းမှ တပည့်များက သူ့ဆီသို့ အမြန်ပြေးလာကြသည်။

“ မိစ္ဆာကျင့်ကြံသူကို ဖမ်းဆီးပေးတဲ့အတွက် ကျောက်စိမ်းမှော်အဆောင်စံအိမ်က တာအိုရောင်းရင်းတို့ကို ကျုပ်ကျေးဇူးတင်ပါတယ် ”

အကြီးအကဲကွမ်ချင်းက လက်နှစ်ဖက်ဆုပ်၍ ကျောက်စိမ်းမှော်အဆောင်စံအိမ်မှ ကျင့်ကြံသူများကို ဂါရဝပြုလိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ထွက်သွားရန် ပြင်လိုက်သည်။

“ အကြီးအကဲကွမ်ချင်း… ခင်ဗျား အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၊ ကောင်းကင်စံအိမ်တာအိုဂိတ်နဲ့ ဒီနေ့ ရောက်လာကြတဲ့ ကျင့်ကြံသူတွေကို ဖြေရှင်းချက်တစ်ခု ပေးသင့်တယ်လို့ မထင်ဘူးလား ”

ကျောက်စိမ်းမှော်အဆောင်စံအိမ်မှ အကြီးအကဲချီက ထပ်မံ ပြောသည်။

သူ့စကားက အကြီးအကဲကွမ်ချင်း၏ ခြေလှမ်းကို ရပ်တန့်သွားစေပြီး သူ၏ မျက်နှာကို သုန်မှုန်သွားစေသည်။

ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် အချင်းမိုင်တစ်သန်းဧရိယာထဲမှာ အကြီးမားဆုံး မှော်အဆောင်အဖွဲ့အစည်း ဖြစ်သည်။

သူတို့၏ အစစ်အမှန်တာအိုဂိုဏ်းက မှော်အဆောင်များကို ဖန်တီးသန့်စင်နိုင်သော်လည်း သူတို့၏ စီးပွားရေးက ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို မယှဉ်နိုင်ပေ။

ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲတွင် ဝိညာဉ်ရွှမ်အဆင့် မှော်အဆောင်သခင်များ ရာနှင့်ချီတည်ရှိကြသည်။ ထို့ပြင် သူတို့ဆီမှာ လျှို့ဝှက်အတတ်ပညာများကို အသုံးပြု၍ မှော်အဆောင်သခင်များ ဖြစ်လာကြသော အစွမ်းထက်ပုဂ္ဂိုလ်များလည်း ရှိကြသည်။

၎င်းက အစစ်အမှန်တာအိုဂိုဏ်း ရန်မပြုနိုင်သော အင်အားစုကြီးတစ်ခု ဖြစ်သည်။

အရေးကြီးသည့်အချက်မှာ အစစ်အမှန်တာအိုဂိုဏ်းက မှော်အဆောင်များကို ဖန်တီးသော စီးပွားရေးကို လုပ်ဆောင်သည်။ သို့ဖြစ်၍ ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် အစစ်အမှန်တာအိုဂိုဏ်းနှင့် ရင်းနှီးရန် ဆန္ဒမရှိပေ။ သို့တိုင် အစစ်အမှန်တာအိုဂိုဏ်းနှင့် ကျောက်စိမ်းမှော်အဆောင်စံအိမ်ကြားမှ ဆက်ဆံရေးက မကောင်းမွန်သော်လည်း သူတို့က အစစ်အမှန်တာအိုဂိုဏ်း၏ မှော်အဆောင်နည်းစနစ်များအပေါ် အထင်သေးရှုံ့ချရုံသာ ဖြစ်သည်။ သူတို့ကြားမှာ ကြီးမားသော ရန်ပွဲများ မရှိပေ။

ယနေ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်က အစစ်အမှန်တာအိုဂိုဏ်းကို ရန်ပြုရန် ဆန္ဒရှိသည်လော။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက အကြီးအကဲကွမ်ချင်းကို တိတ်တဆိတ် လှည့်ကြည့်လိုက်ကြသည်။

အစစ်အမှန်တာအိုဂိုဏ်းသည် အံ့ဖွယ်ကိုးပါးတောင်တန်းဒေသတွင် အလွန်မောက်မာထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်သည်။ သူတို့က အင်အားစုအများအပြားကို ရန်ပြုခဲ့ကြသည်။

သို့သော် အစစ်အမှန်တာအိုဂိုဏ်းက အလွန်သန်မာသောကြောင့် မည်သူမှ သူတို့ကို ပြန်မပြောဝံ့ကြချေ။

ယခု ကျောက်စိမ်းမှော်အဆောင်စံအိမ်က အစစ်အမှန်တာအိုဂိုဏ်းကို လုံးဝမျက်နှာသာမပေးကြောင်း သူတို့မြင်သောအခါ ကျင့်ကြံသူအများစုက စိတ်ကျေနပ်သွားကြသည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနဲ့ ကောင်းကင်စံအိမ်တာအိုဂိတ်ကြားက မင်္ဂလာပွဲအတွက် ကျုပ်တို့ရဲ့ အစစ်အမှန်တာအိုဂိုဏ်းက လက်ဖွဲ့ကြီးကြီးတစ်ခု ပြင်ဆင်ပေးပါမယ် ”

အကြီးအကဲကွမ်ချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ ဟန်မူယဲ့ကို ဂါရဝပြုလိုက်သည်။

ထို့နောက် သူက ဘေးဘီသို့ ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ဒီနေ့ ကျုပ်က လူတိုင်းကို စိုးရိမ်ထိတ်လန့်စေခဲ့တယ်… အဲ့ဒီအတွက် ကျုပ်က အစစ်အမှန်တာအိုဂိုဏ်းရဲ့ ကိုယ်စား ကတိပေးတယ်… ဒီနေ့ ကြွရောက်လာကြတဲ့ ကျင့်ကြံသူတွေက အစစ်အမှန်တာအိုဂိုဏ်းဆီ အလည်ရောက်လာမယ်ဆိုရင် ဂိုဏ်းရဲ့ မှော်အဆောင်တွေကို ထက်ဝက်ဈေးနဲ့ ဝယ်ယူနိုင်ပါလိမ့်မယ် ”

မင်္ဂလာလက်ဖွဲ့လား… ။

အဲ့ဒါ ဘယ်လောက်ကြီးမြတ်မှာမို့လို့လဲ… ။

ပြီးတော့ မှော်အဆောင်တွေကို ထက်ဝက်ဈေးနဲ့ ဝယ်ယူဖို့ အစစ်အမှန်တာအိုဂိုဏ်းဆီ သွားရမယ်တဲ့လား… ။

ဘယ်သူ့ဆီမှာ အစစ်အမှန်တာအိုဂိုဏ်းဆီ သွားရဲတဲ့ သတ္တိရှိလို့လဲ… ။

ကျောက်စိမ်းမှော်အဆောင်စံအိမ်မှ အကြီးအကဲချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက စကားပြောရန် ဟန်ပြင်လိုက်စဉ် ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။

“ အစစ်အမှန်တာအိုဂိုဏ်းက ကတိပေးမှတော့ ကျုပ်တို့က စောင့်ကြည့်ကြတာပေါ့ ”

ဟန်မူယဲ့၏ စကားကို ကြားသောအခါ အကြီးအကဲချီက ခေါင်းညိတ်လိုက်သည်။

အကြီးအကဲကွမ်ချင်းသည် နောက်ထပ် ဆက်မနေဝံ့ဘဲ အစစ်အမှန်တာအိုဂိုဏ်းမှ တပည့်များကို ခေါ်ဆောင်၍ အမြန်ထွက်သွားသည်။

ကျောက်စိမ်းမှော်အဆောင်စံအိမ်မှ ကျင့်ကြံသူများသည်လည်း ကြာကြာ မနေကြချေ။ သူတို့က မိစ္ဆာကျင့်ကြံသူကို ဖမ်းဆီး၍ ထွက်သွားကြသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးအရှေ့မှ လေထုက ပြောင်းလဲသွားသည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် နောက်ထပ် မနေဝံ့ကြတော့ဘဲ မြန်မြန် ထွက်သွားကြသည်။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ မင်္ဂလာဝေါယာဉ်ထွက်သွားကြောင်း မြင်သောအခါ ပေါင်ယွင်ကျန်းနှင့် တခြားလူများက နူးညံ့စွာ သက်ပြင်းချလိုက်ကြသည်။

သူတို့က မိစ္ဆာကျင့်ကြံသူ၏ အန္တရာယ်ကို ဖယ်ရှားနိုင်ခဲ့သော်လည်း သူတို့၏ ကောင်းကင်စံအိမ်တာအိုဂိတ်က အစစ်အမှန်တာအိုဂိုဏ်း၏ ဆန့်ကျင်ဘက်မှာ ရပ်တည်လိုက်ပြီ ဖြစ်၏။ ထို့ပြင် သူတို့က ဂိုဏ်း၏ အသန်မာဆုံးပုဂ္ဂိုလ်ကို ဆုံးရှုံးသွားသည်။

ထို့ကြောင့် အနာဂတ်တွင် ကောင်းကင်စံအိမ်တာအိုဂိတ်၏ အခြေအနေက မသေချာမရေရာတော့ပေ။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း မြင့်တတ်လာပြီး ကောင်းကင်စံအိမ်တာအိုဂိတ်ကို အင်အားတချို့ မျှဝေပေးဖို့ မျှော်လင့်ရတာပဲ… ”

ပေါင်ယွင်ကျန်းက နူးညံ့စွာ ရေရွတ်လိုက်သည်။

…..

မင်္ဂလာဝေါယာဉ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ ပြန်သွားသည်။ အသွားတုန်းကနှင့် မတူညီသည်မှာ အပြန်တွင် ကျင့်ကြံသူအနည်းစုသာ သူတို့အနောက်သို့ လိုက်လာကြသည်။

ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးအရှေ့မှ အဖြစ်အပျက်က ကျင့်ကြံသူအများအပြားကို မလိုအပ်ဘဲ မစူးစမ်းသင့်ကြောင့် သင်ခန်းစာတစ်ခု ပေးခဲ့သည်။

မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာကြောင်း လူတိုင်း နားလည်သွားကြသည်။

မိုင်နှစ်ရာအဝေးသို့ ခရီးဆက်ပြီးနောက် ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်သည်။

သူက အရှေ့မှ တောအုပ်ကို လှမ်းကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ အကြီးအကဲကွမ်ချင်း… ခင်ဗျားက မင်္ဂလာသေရည်သောက်ချင်လို့ ကျုပ်တို့နဲ့အတူ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီ လိုက်မလို့လား ”

အကြီးအကဲကွမ်ချင်း… ။

သူက ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးအရှေ့မှ ထွက်သွားခဲ့သော အကြီးအကဲ မဟုတ်ပေဘူးလော။

သူ့စကားက မင်္ဂလာဝေါယာဉ်အား လိုက်ပို့ဆောင်ကြသော လူအားလုံးကို အံ့ဩမှင်သက်သွားစေသည်။

“ အစစ်အမှန်တာအိုဂိုဏ်းက လူတွေ ထွက်သွားကြပြီ မဟုတ်ဘူးလား… ဘာလို့ သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ မင်္ဂလာဝေါယာဉ်နောက်ကို လိုက်လာတာလဲ ”

“ ဟား ဟား… ရှေးခေတ်ဘိုးဘေးလို့ မပြောရဘူး… ဒါကိုတောင် မင်းက အာရုံခံနိုင်တယ် ”

အော်သံက တောအုပ်ထဲမှ ထွက်ပေါ်လာသည်။

ပုံရိပ်တစ်ခုပြီးတစ်ခုက အရှေ့သို့ ခုန်ထွက်လာကြသည်။

သူတို့၏ ခေါင်းဆောင်သည် အစစ်အမှန်တာအိုဂိုဏ်းမှ အကြီးအကဲကွမ်ချင်းမှလွဲ၍ တခြားမဟုတ်ပေ။

“ မင်္ဂလာပွဲအတွက် လာတာက တခြားကိစ္စပါ ”

“ ဒါပေမဲ့ အခုလို ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲက ဈာပနပွဲဖြစ်သွားရင် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်မလဲ ”

အကြီးအကဲကွမ်ချင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ မင်းက ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို တစ်ကြိမ် ခေါ်ဆောင်နိုင်ခဲ့တယ်… ဒါပေမဲ့ အခုတစ်ကြိမ်ရော မင်းသူတို့ကို ခေါ်ဆောင်နိုင်ပါဦးမလား ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ မင်းရှိနေတာက ငါတို့ရဲ့ အစစ်အမှန်တာအိုဂိုဏ်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ ”

အေးစက်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အကြီးအကဲကွမ်ချင်း၏ လေသံထဲမှာ ကိန်းအောင်းနေသည်။ ထို့နောက် သူ၏ အနောက်မှ ပုံရိပ်များက သူတို့၏ သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

အနီရောင်အလင်းတိုင်များက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။

“ သတ် ”

အကြီးအကဲကွမ်ချင်းက လက်မြှောက်လိုက်ပြီး အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

အမွေအနှစ်ရွှမ်အဆင့် ကျင့်ကြံသူက အလွန်လျှင်မြန်သည်။ သူက လှုပ်ရှားမှုက အလွန်မြန်ဆန်လေရာ လေထဲ၌ မည်သည့်ကြွင်းကျန်ပုံရိပ်မှ ကျန်မနေခဲ့ပေ။

သူက အံ့ဖွယ်အလျင်ကို ထုတ်ဖော်၍ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

သူ၏ လှုပ်ရှားမှုက ရန်သူကို တစ်ခါတည်း သတ်ဖြတ်ရန် ရည်ရွယ်သည်။

ဟန်မူယဲ့က နေရာမှာ အေးဆေးတည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။

“ ဝီး ”

ဓားမြည်သံက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

ဓားမြည်သံနှင့်အတူ လေခွင်းသံက ပဲ့တင်ထပ်သွားသည်။

အရောင်မတူညီသော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်များက နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။ သူတို့တစ်ယောက်စီက အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။

သူတို့ကို ဦးဆောင်လာသူက ဓားရှည်တစ်လက် ကိုင်ဆောင်ထားသော တာအိုပညာရှင်တစ်ယောက် ဖြစ်သည်။ သူ၏ ဓားသွားပေါ်တွင် ထွန်းလင်းတောက်ပသော အလင်းစီးကြောင်းက ထွက်ပေါ်နေသည်။

ထိုအုပ်စုတွင် တချို့က ဓားကိုင်ထားကြပြီး တချို့က လက်ဗလာဖြင့် ရှိကြသည်။ သို့သော်လည်း သူတို့အားလုံး၏ အရှိန်အဝါက အဖွဲ့ခေါင်းဆောင်နှင့် တူညီလုနီးပါး အလွန်အားကောင်းသည်။

“ ဘိုးဘေးယွင်လန် ”

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များက တီးတိုးရေရွတ်လိုက်ကြသည်။

ထိုအဖွဲ့ခေါင်းဆောင်သည် ယွင်လန်တာအိုပညာရှင်မှလွဲ၍ တခြားမဟုတ်ပေ။

သူ့အနောက်မှ ကျင့်ကြံသူများသည် ဤအတောအတွင်း သူရှာတွေ့ခဲ့သော ရှေးဟောင်းကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့အားလုံးက တာအိုပေါ်ထွက်ခြင်းအဆင့်မှာ ဖြစ်ကြပြီး ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားနှင့် သဟဇာတမဖြစ်သောကြောင့် သူတို့က ပုန်းအောင်းနေရုံသာ တတ်စွမ်းကြသည်။

သို့သော် သူတို့သည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးကို ကျင့်ကြံပြီးနောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသွားကြသည်။

လေပြေအသွင်(၃၆)မျိုးထဲမှ နောက်ဆုံး(၁၂)မျိုးသည် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသော တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများအတွက် အထူးရည်ရွယ်သည်။ ယင်းက မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားနှင့် မလိုက်ဖက်သော သူတို့၏ အားနည်းချက်ကို ပြင်ဆင်ပေးနိုင်သည်။

“ တာအိုပေါ်ထွက်ခြင်းအဆင့် ”

ဟန်မူယဲ့ထံသို့ ရောက်တော့မည့် အကြီးအကဲကွမ်ချင်းက စိတ်လှုပ်ရှားသွားပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ထို့နောက် သူက ဦးတည်ရာပြောင်းရွှေ့လိုက်ပြီး ယွင်လန်တာအိုပညာရှင်နှင့် တခြားလူများဆီသို့ ပျံသန်းသွားသည်။

“ ငါ့ရဲ့ အစစ်အမှန်တာအိုဂိုဏ်းက တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတွေကို လိုက်ဖမ်းနေတယ်ဆိုတာ မင်းမသိဘူးလား… သူတို့ကို ဖမ်းဆီးဖို့ ငါတို့မှာ နည်းလမ်းအများကြီး ရှိတယ် ”

သူ၏ အော်သံထွက်ပေါ်လာသည်နှင့် အစစ်အမှန်တာအိုဂိုဏ်းမှ တပည့်များက နီညိုရောင်အလင်းကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။

သွေးနီရောင်အလင်းတန်းများက အချင်းချင်း ချိတ်ဆက်သွားကြပြီး ဧရာမပိုက်ကွန်အဖြစ် ပြောင်းလဲသွားကာ တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများကို ဖုံးအုပ်လိုက်သည်။

သွေးနီရောင်ပိုက်ကွန်က လေထဲမှာ ထွက်ပေါ်လာစဉ် အစွမ်းထက်သွေးချီစွမ်းအားက အလွန်အားကောင်းစွာ ပေါ်လျှိုးလာသည်။ ထူးခြားချက်တစ်ခုမှာ ထိုသွေးချီစွမ်းအားထဲတွင် ဝိညာဉ်စွမ်းအား ဖိနှိပ်မှုအရှိန်အဝါက ကိန်းအောင်းနေသည်။

အစစ်အမှန်တာအိုဂိုဏ်းက တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများကို မကြောက်မရွံ့ လိုက်ဖမ်းနိုင်ခြင်းမှာ မထူးဆန်းတော့ပေ။ သူတို့က တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားအား ဖိနှိပ်နိုင်သော လျှို့ဝှက်အတတ်ပညာများကို တတ်ကျွမ်းထားကြသည်။

တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများဆီမှာ ဝိညာဉ်စွမ်းအားမရှိတော့လျှင် သူတို့က သာမန်လူတစ်ယောက်နှင့် မည်သို့ခြားနားမည်နည်း။

“ ဝီး ”

ယွင်လန်တာအိုပညာရှင်၏ ဓားက အရှေ့သို့ ပျံသန်းသွားသည်။

ဝိညာဉ်စွမ်းအားက ဓားသွားပေါ်မှာ ဖြတ်သန်းသွားစဉ် ဓားကိုယ်ထည်ပေါ်မှ မှော်သင်္ကေတများက ထွန်းလင်းတောက်ပလာသည်။ နောက်အခိုက်အတန့်မှာ ထွန်းလင်းတောက်ပသော ဓားက သွေးနီရောင်ပိုက်ကွန်ကို တိုက်ရိုက် ထိုးစိုက်သွားသည်။

“ ဘန်း ”

ထွန်းလင်းတောက်ပသော ဓားရှည်က သွေးနီရောင်ပိုက်ကွန်ကို တိုက်ရိုက် ဖြတ်တောက်သွားပြီး အကြီးအကဲကွမ်ချင်းထံသို့ တန်မတ်စွာ ပျံသန်းသွားသည်။

“ ဘယ်… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ”

အကြီးအကဲကွမ်ချင်းက အလန့်တကြား အော်လိုက်သည်။ ယခု သူ၏ မျက်နှာက ဖြူဖျော့သွားသည်။

All Chapters